← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

(415)အဆင့်မြင့်တင်ခြင်း

မနက်ခင်းကား ကျန်းရွှမ်အဖို့ ယခင်နေ့များထက်ပင်အင်မတန်မှပင် သာယာလှပေနေသည်ဖြစ်ကြောင်း ဂျိတ်ခံစားမိသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ကျန်းရွှမ်သည် ပညာတက္ကသိုလ်ဝင်ခွင့်ရသွားသောကြောင့် ရှိသမျှ သွားများ အအေးပတ်လောက်နိုင်သည်အထိ ပြုံးဖြီးနေသောကြောင့်ဖြစ်သည်။ ထိုသို့ပြုံးဖြီးနေရသည်မှာလည်း ဝင်ခွင့်ဖြေဆိုရာ၌ ပထမအမှတ်အများဆုံးအနေဖြင့် ဝင်ခွင့်ရရှိသောကြောင့်ဖြစ်၏။ ပထမအမှတ်အများဆုံးအနေဖြင့် ရရှိသောကြောင့် ပညာတက္ကသိုလ်မှ ကျန်းရွှမ်အား ရမှတ်တစ်သိန်းတိတိချီးမြင့်ခြင်းခံရသည်ဖြစ်၏။ ထို့ကြောင့်လည်း ပြုံးသည်ထက် ပိုနေသည်ဖြစ်သည်။ ထိုသို့ပြုံးဖြီးနေသောကြောင့် အယ်မလီလေးပင် စောစောစီးစီး တခွီးခွီးရယ်နေလေတော့၏။ သမီးလေး၏အပြစ်ကင်းစင်သောရယ်သံလေးကြောင့် မိမိအတွက်လည်း ယနေ့မနက်ခင်းသည် သာယာလှပလာသည်ဟုခံစားမိလာသည်။ "ဂုဏ်ယူပါတယ်ဗျာ ရော့" ကျန်းရွှမ်အား ဂျိတ်သည် စာအုပ်နှစ်အုပ်ပေးလိုက်လေ၏။ "ဒါက...မဟာပညာရှိ ပီမိုးနင်းရေးထားတဲ့ ရှားပါးကျမ်းနှစ်ကျမ်းပဲ" ကျန်းရွှမ်၏မျက်လုံးများအရောင်တောက်ပလာလေ၏။ ထိုမဟာပညာရှိ၏စာအုပ်ကျမ်းများသည် အင်မတန်မှ ရှားပါးလှပေ၏။ ပြိုင်ပွဲပြိုင်စဥ်၌ ဂျိတ်သည် မိမိအား တစ်အုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း နှစ်အုပ်ရလာသည်ဖြစ်သောကြောင့် ကျန်းရွှမ်အနေဖြင့် အတိုင်းထက်လွန် ဝမ်းသာပီတိဖြစ်သွားလေတော့၏။ "ကျေးဇူးပဲ ဂျိတ်ရေ သွားဖတ်ဦးမယ်" ကျန်းရွှမ်မှ ကျေးဇူးတင်ကြောင်း ပြောဆိုပြီးသည်နှင့် သူ၏နားနေခန်းသို့ ပြေးထွက်သွားလေတော့၏။ "ဘာလို့သူ အသည်းသန်ပျော်နေရတာလဲ" ထိုစာအုပ်နှစ်အုပ်ရသောအခါ ကျန်းရွှမ်၏အပျော်သည် ဝင်ခွင့်ရသည်ထက်ပင် ပိုနေကြောင်း ဂျိတ်တွေ့လိုက်ရသောကြောင့် ခေါင်းခါယမ်းမိ၏။ "ဝုန်း" ကျန်းရွှမ်တစ်ယောက် သူ၏အခန်းသို့ရောက်သောအခါ တံခါးအား အသေချာပိတ်ချလိုက်၏။ ထို့နောက် လက်ဟန်များစွာပြုလုပ်ရင်း ဂါထာမန္တန်များရွတ်ဆိုပြီး စည်းချလိုက်၏။ ထိုအခါ များစွာလှသော အတားအဆီးများသည် ကျန်းရွှမ်ရှိရာအခန်းအား လွှမ်းခြုံလိုက်လေသည်။ ထိုသို့လွှမ်းခြုံလိုက်သောအခါ ကျန်းရွှမ်၏အခန်းထဲသို့ မည်သည့်နည်းမျိုးစုံအသုံးပြုပြီးမည်သူမျှ ချောင်းကြည့်၍ရနိုင်မည်မဟုတ်လို ဝင်ရောက်ရန်လည်း ခက်ခဲသွားမည်ဖြစ်သည်။ "မထင်ထားမိတာအမှန်ပဲ ဂျိတ် ခင်ဗျားကဘယ်လိုလူစားမျိုးလဲ" ကျန်းရွှမ်သည် သက်ပြင်းချပြီးရေရွတ်လိုက်၏။ သူ၏လက်ထဲ၌ရှိသော စာအုပ်နှစ်အုပ်ကို ကြည့်ကာ ဂျိတ်အကြောင်းကို တွေးမိ၏။ ကျန်းရွှမ်အတွက် ထိုစာအုပ်နှစ်အုပ်သည် အလွန်တရာပင် အရေးကြီးလှ၏။ အကြောင်းမှာ သူ၏ကောင်းကင်ဘုံစာကြည်တိုက်အား အဆင့်မြင့်တင်ရာ၌ လိုအပ်နေသောအရာသည် ထိုစာအုပ်ဖြစ်နေသောကြောင့် ဖြစ်၏။ ချက်ချင်းပင် ထိုစာအုပ်နှစ်အုပ်အား ဖတ်ရှုလိုက်၏။ ငါးမိနစ်ကြာသောအခါ နှစ်အုပ်လုံးအား ဖတ်ပြီးသွား၏။ "စနစ်အဆင့်မြင့်တင်မယ်" ကျန်းရွှမ် ထိုသို့ဆိုလိုက်သည်နှင့် ("စနစ်မှ စတင်စစ်ဆေးနေပါသည် လိုအပ်သော အရာ မဟာပညာရှိတစ်ယောက်၏ စာအုပ်တစ်အုပ် မိတ္တူ /မူရင်း ဆိုပါက ပိုကောင်းနိုင်ပါသည်....အထူးဖော်ပြချက် အဆင့်မြင့်တင်နိုင်အတွက်လိုအပ်သော မဟာပညာရှိတစ်ယောက်၏မူရင်းစာအုပ်နှစ်အုပ်ကို တွေ့ရှိပါသည်...အဆင့်မြင့်တင်ပါမည်လော..") ထိုဖော်ပြချက်ကြောင့် ကျန်းရွှမ်ပိုမိုအံအားသင့်ရလေ၏။ ဂျိတ်သည် အဘယ်နည်းဖြင့် ထိုစာအုပ်နှစ်အုပ်အား မူရင်းရအောင်ရှာနိုင်သနည်းဟု သူမပြောပြတတ်အောင် ဖြစ်သွားရလေ၏။ "မြင့်တင်မယ်" ကျန်းရွှမ်သည် ထိုသို့ပြောလိုက်သည်နှင့် သူ၏လက်ထဲ၌ရှိနေသော စာအုပ်နှစ်အုပ်သည် ချက်ချင်းပျောက်ကွယ်သွား၏။ ("လိုအပ်သော မဟာပညာရှိ၏စာအုပ်လက်ခံရရှိပါသည် ချက်ချင်းအဆင့်မြင့်တင်ပါသည် ကြာချိန် နှစ်ငါးဆယ် ....မှတ်ချက် မူရင်းစာအုပ်နှစ်အုပ်ကို အသုံးပြုထားသောကြောင့် ဆယ့်ငါးမိနစ်သာ ကြာမြင့်ပါမည်") "ဟ" ကျန်းရွှမ် တုန်လှုပ်သွား၏။ ဒီတစ်ခေါက်စနစ်အဆင့်မြင့်တင်မှုသည် သူထင်သည်ထက် ကြာနေသောကြောင့် ဖြစ်၏။ နောက်ဆုံးတစ်ခေါက် တင်သောအခါ တစ်နှစ်သည် အများဆုံးဖြစ်ပြီး လက်ရှိအဆင့်မြင့်တင်သောအခါ နှစ်ငါးဆယ်ဆိုသောကြောင့် ဖြစ်သည်။ ကံကောင်းသွားသည်က သူရရှိလာသော စာအုပ်သည် မူရင်းဖြစ်နေသောကြောင့် ဆယ့်ငါးမိနစ်သာ ကြာမြင့်တော့မည်ဖြစ်ပြီး များစွာသောအချိန်များကို လျော့ချပေးနိုင်လိုက်ပြီ ဖြစ်၏။ ကောင်းကင်ဘုံစာကြည့်တိုက်စနစ်မှ စနစ်အဆင့်မြင့်တင်နေကြောင်း သတိပေးချက်နှင့်အတူ အဆင့်မြှင့်တင်နေကြောင်း ရာခိုင်နှုန်းဘားတန်းလေး ဖော်ပြလာကြောင်း ကျန်းရွှမ်မြင်လိုက်ရ၏။ 1%...2%...3%.......50%......80%...99%..... စသည်ဖြင့် အဆင့်မြင့်တင်သွားလေ၏။ ဆယ့်ငါးမိနစ်ကြာသောအခါ ("100%.....အဆင့်မြင့်တင်ပြီး") ထိုစာတန်းနှင့်အတူ အလင်းတန်းပေါ်ထွက်လာလေသည်။ ထိုအလင်းတန်းပေါ်လာမှုကြောင့် စနစ်အဆင့်မြှင့်တင်မှုပြီးဆုံးသွားကြောင်း ကျန်းရွှမ်သိလိုက်ရလေ၏။ စနစ်အဆင့်မြှင့်တင်ပြီးသည်နှင့် သူ၏တစ်ကိုယ်လုံးမှ အေးမြသော ခံစားချက်ကို ခံစားလိုက်ရ၏။ "ဘာတွေပြောင်းလဲသွားလဲ မှန်းစမ်း" အဆင့်မြင့်တင်ပြီး ဖြစ်သောကြောင့် ကောင်းကင်ဘုံစာကြည့်တိုက်ပုံစံအသစ်အား ကြည့်ရှုလိုက်၏။ "ငါပဲ ကြည့်မှားတာလားဟ " ကျန်းရွှမ်မျက်စိလည်သွား၏။ သူ၏အလွန်တရာခမ်းနားလှသော စာကြည့်တိုက်ကြီးသည် လက်ရှိအချိန်၌ မီးရောင်စုံများထွက်ပေါ်နေသော ဂိမ်းဆိုင်ကဲ့သို့ ဖြစ်သွားသောကြောင့် ဖြစ်၏။ သေချာကြည့်မှ ဂိမ်းဆိုင်မဟုတ်ပဲ စာကြည့်တိုက်သာ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စိတ်အေးသွား၏။ အဆင့်မြင့်တင်ပြီးသောအခါ ကောင်းကင်ဘုံစာကြည့်တိုက်၏ စာအုပ်စင်များသည် မှော်အစီရင်များဖြင့် ရေးဆွဲဖန်တီးထားကြောင်း တွေ့ရလေ၏။ စာအုပ်စင်သည် လက်ရှိ၌ စုစုပေါင်းဆယ့်နှစ်ခုမျှသာရှိပြီး စာအုပ်များမှာလည်း ထိုစာအုပ်စင်အပြည့်ရှိ၏။ ထိုစာအုပ်များအနက် နှစ်အုပ်သည်သာ ထူးခြားပြီး တောက်ပြောင်နေကြောင်း ကျန်းရွှမ်တွေ့ရသဖြင့် ကြည့်ရှုရာ ထိုနှစ်အုပ်သည် အဆင့်မြင့်တင်ရန် အသုံးပြုထားသော စာအုပ်နှစ်အုပ်ဖြစ်ကြောင်း တွေ့လိုက်ရလေတော့၏။ နောက်ထပ် စာအုပ်များကူးယူမှသာလျှင် ထိုအသစ်စာအုပ်များထားရှိရန် စာအုပ်စင်အသစ်ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်လေ၏။ ကျန်းရွှမ်လည်း စနစ်အဆင့်မြင့်တင်မှုနှင့် အသစ်ဖြသ်ပေါ်လာသော စာကြည့်တိုက်အကြောင်း လေ့လာနေသည်မှာ ညနေတိုင်အထိပင် ဖြစ်လေ၏။ ညနေငါးနာရီထိုးသောအခါမှ ကောင်းကင်ဘုံစာကြည့်တိုက်အား စစ်ဆေးမှုပြီးမြောက်ပြီး သူ၏မျက်လုံးများ ပွင့်လာလေတော့၏။ "တကယ်မိုက်တယ် မိုက်တယ်ဟ" ကျန်းရွှမ်မျက်လုံးများ တောက်ပြောင်နေပြီး ပြုံးရွှင်နေ၏။ ကောင်းကင်ဘုံစာကြည့်တိုက်အား အဆင့်မြင့်တင်လိုက်သောကြောင့် သူသည် စွမ်းရည်သုံးမျိုး ရရှိလာသည်ဖြစ်သည်။ ပထမစွမ်းရည်သည် သူ၏ကိုယ်ခန္ဓာသန်မာမှုသည် နောက်ထပ်အဆင့်တစ်ခုထိ ရောက်ရှိသွားသည်ဖြစ်သည်။ ထိုသို့သန်မာလာသည်နှင့် အမျှ သူ၏စာအုပ်ကူးယူသော နည်းလည်း အဆင့်မြင့်လာပြီဖြစ်သည်။ ယခင်က မိမိရှေ့၌ရှိသော စာအုပ်များကို ဖတ်ရုံဖြင့် ကူးယူနိုင်သည်ဖြစ်ပြီး ယခုအခါ မိမိအား မူတည်ပြီး မိုင်တစ်ရာပတ်လည်၌ မိမိမသိသေးသော အသစ်သစ်သော စာအုပ်များကို အလိုလျောက်ကူးယူသွားတော့မည်ဖြစ်သည်။ ဒုတိယစွမ်းရည်သည် အဆင့်မြင့်တင်ရန် ကူးယူသော စာအုပ်နှစ်အုပ်ဖြစ်ပြီး ထိုစာအုပ်သည် တိုက်ခိုက်ခြင်း ခုခံခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ ယခင်က ရွှေစာရွက်၏စွမ်းရည်များထက် ပိုစွမ်းပြီး မမျှော်လင့်သောလုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်သေးသည်ဖြစ်သည်။ တတိယစွမ်းရည်ကတော့ အသစ်ဆန်းဖြစ်ပေသည်။ ထိုစွမ်းရည်ကတော့ ရသစာပေအမျိုးစားများဖြစ်သော ဂန္တဝင်ဝတ္ထုများ၊ပုံပြင်အစရှိသည်ထဲမှ ဇာတ်ကောင်များကို ဆင့်ခေါ်နိုင်မည်ဖြစ်၏။ ကျန်းရွှမ်အနေဖြင့်လည်း တတိယစွမ်းရည်အကြောင်း သိလိုက်ရသောအခါ အလွန့်လွန်ပင် ထိတ်လန့်သွားခဲ့ရသေးသည်ဖြစ်၏။ ထိုသို့ဆင့်ခေါ်သော စွမ်းရည်သည် အချိန်တစ်ခုအထိသာ ဆင့်ခေါ်နိုင်သည်ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ကြောင်း ကျန်းရွှမ်အသိဆုံးဖြစ်၏။ "ဟူး........ ဒါဆိုရင် ငါရဲ့အစီစဥ်အောင်မြင်လာတော့မယ်ထင်တယ်" ကျန်းရွှမ်သည် သန်မာလာသော သူ၏ကိုယ်ခန္ဓာအား အသားကျအောင် ကျင့်ကြံရင်း တစ်ကိုယ်တည်းရေရွတ်သက်ပြင်းချလိုက်လေတော့၏။

(416)ပြဿနာ

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး" ကျန်းရွှမ်တစ်ယောက် မယုံကြည်နိုင်ဖြစ်ကာ ရေရွတ်မိ၏။ ထိုသို့ဖြစ်ရခြင်းသည် ဂျိတ်နှင့် ပတ်သက်လေ၏။ ဖြစ်ပုံကိုပြောပြရလျှင်....... မနေ့က ကျန်းရွှမ်အနေဖြင့် ကောင်းကင်ဘုံစာကြည့်တိုက်စနစ်အား အဆင့်မြင့်တင်နိုင်ခဲ့သောကြောင့် ယခင်ကထက် ထူးသော အကျိုးကျေးဇူးသုံးခုရရှိသည့်အပြင် သူ၏ကိုယ်ခန္ဓာအစွမ်းလည်း တိုးပွားလာခဲ့လေသည်။ အာရုံငါးပါးသည် ယခင်ကထက် သုံးဆထက်မြက်လာသည့်အပြင် သူသုံးနိုင်သော ပညာရပ်များလည်း ယခင်ကထက် သုံးဆပိုမိုကျွမ်းကျင်လာသလို တိုက်ခိုက်လာတွင်လည်း သုံးဆပြင်းထန်လာပြီဖြစ်သည်။ ထို့ကြောင့် တိုးတက်လာသောသူ၏အာရုံငါးပါးအား မည်မျှတိုးတက်ကြောင်း စမ်းသပ်ရာမှ လက်ရှိအခြေနေဖြစ်ရခြင်းဖြစ်သည်။ ကျန်သောပညာရပ်များနှင့်သိုင်းပညာများတွင် အဆင်ပြေခဲ့ပြီး သူ၏မျက်စိပညာရပ်နှင့် ပတ်သတ်သော နတ်မျက်စိကို စမ်းသပ်သောအခါတွင် ဖြစ်လာသည်ဟုလည်း ဆိုနိုင်၏။ ပါမောက္ခများသည် သူများထက်ထူးသော အမြင်ပညာရပ်များရှိ၏။ဤသည်ကို ကျန်းရွှမ်သည် သူ၏နတ်မျက်စိဖြင့် ပေါင်းစပ်ပြီး မည်မျှတိုးတက်ကြောင်း စမ်းသပ်သည်ဖြစ်သည်။ "မဆိုးဘူး...မဆိုးဘူး...." ကျန်းရွှမ်ကျေနပ်သွား​၏။ ယခင်က သူ၏နတ်မျက်စိသည် မိုင်တစ်ထောင် ပတ်လည်ရှိ အရာဝတ္ထုများကို မြင်နိုင်စွမ်းရှိ၏။ ယခုအခါ မိုင်တစ်သိန်းပတ်လည်ရှိ အရာများအား မြင်နိုင်ရုံတင်မက ထိုအရာဝတ္ထုများ၏အတွင်းပိုင်းကိုပါ ဖောက်မြင်နိုင်စွမ်းရှိလာ၏။ နောက်ပြီး ထိုအရာဝတ္ထု၏ဖွဲ့စည်းတည်ဆောက်ပုံကိုပါ ကြည်လင်ပြတ်သားစွာ မြင်ရခြင်းဖြစ်သည်။ သစ်သားဆိုပါက သစ်သား၏ဖွဲ့စည်းပုံကို မြင်ရမည်ဖြစ်ပြီး လူဆိုပါက လူတစ်ယောက်၏ဖုံးကွယ်ထားသော ကျင့်ကြံမှု အသက်နှင့် ခန္ဓာတွင်းအင်္ဂါများကိုပါ မြင်နိုင်မည်ဖြစ်သည်။ သူလေ့ကျင့်သော သိုင်း အားနည်းချက်နှင့် ကျန်သောအရာများလည်း ထိုအတူပင်ဖြစ်၏။ ယခင်ကဆိုလျှင် ထိုသို့မြင်နိုင်ရန် သိုင်းကစားစေခိုင်းပြီး ကောင်းကင်ဘုံစာကြည့်တိုက်စနစ်အကူညီယူရသေးသည်ဖြစ်၏။ ယခုမှာ စနစ်အကူညီမသုံးပဲ မြင်နိုင်မည်ဖြစ်သည်။ ထိုသို့မြင်နိုင်သည်ကို ကောင်းကင်ဘုံစာကြည့်တိုက်ဖြင့် တွဲသုံးပါက ဖုံးကွယ်ထားသည်ပင် ပေါ်လာရသည်အထိ ကြောက်မက်ဖွယ်ကောင်းသွားသည်ဖြစ်သည်။ "နေဦး ဂျိတ်က ငါနဲ့ခွန်အားဘယ်လောက်ကွာတာလဲ" ထိုသို့ မြင်နေရရာမှာ ဂျိတ်အား စမ်းသပ်လိုစိတ်ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဂျိတ်အားရှာဖွေပြီး ဂျိတ်၏ခန္ဓာတည်ဆောက်ပုံကို ချက်ချင်းကြည့်လိုက်တော့၏။ "အမည် ဂျိတ် မသိရ..." ထိုစာသားသာ မြင်ရသောကြောင့် ကျန်းရွှမ် ဆွံအသွားရလေ၏။ ထို့ကြောင့် မကျေနပ်နိုင်သေးပဲ ကောင်းကင်ဘုံစာကြည့်တိုက်ပါ တွဲသုံးလိုက်လေတော့၏။ "အမည် ဂျိတ် အသက် သင်နှင့်တူပါသည် ခွန်အား.... မသိရ ကျင့်ကြံမှုအဆင့်.....မသိရ လေ့ကျင့်သောသိုင်းပညာ.....မသိရ သူ၏အားနည်းချက် ....မသိရ..." စနစ်ဖြင့်ပေါင်းစပ်ပြီး ကြည့်သောအခါ ယခင်ကထက် မြင်လာရသည်ဆိုသော်လည်း မသိရ ဟူသော စာတန်းကလွှဲရင် မပေါ်နေပေ။ "ဂျိတ်မှ ထိုသို့ကြည့်ရှုခြင်းကို အာရုံခံမိနိုင်ပါသည် သုံးစက္ကန့်အတွင်း ဖျက်သိမ်းပေးပါ" မကြုံဖူးသော စနစ်၏သတိပေးချက်ကြောင့် ကျန်းရွမ်လည်း အမြန်ပင် ပိတ်လိုက်ရတော့၏။ မကြုံဖူးသော အဖြစ်ပျက်ဖြစ်သောကြောင့် ဇောချွေးများပြန်လာပြီး နေထိုင်ရခက်သွား၏။ "သူကဘယ်သူမို့လို့လဲ ဘယ်လိုအစွမ်းထက်လို့ ငါဆီက စနစ်ကတောင် ဒီလို သတိပေးချက်မျိုးပေးရတာလဲ" များစွာသော အတွေးများသည် ကျန်းရွှမ်အား ခေါင်းစားစေလေတော့၏။ "ဒီကောင်ကတော့ကွာ" နန်းတော်၌ သမီးလေးနှင့်အတူ ဆော့ကစားနေသော ဂျိတ်သည် ကျန်းရွှမ်အနားယူနေသော နန်းတော်၏အခန်းထဲသို့ တစ်ချက်မှ လှမ်းကြည့်လိုက်၏။ သူ့အား ကျန်းရွှမ်သည် တိုက်ခိုက်လို၍မဟုတ်ပဲ စိတ်သဘောရိုးဖြင့် စစ်ဆေးမိကြောင်းလည်း သူသတိထားမိ၏။ ထို့ကြောင့် ကျန်းရွှမ်အား ဘာမှ မလုပ်ပဲ ခေါင်းသာ ခါယမ်းလိုက်၏။ ဤသည်မှာ ကျန်းရွှမ်ကြုံရသော အဖြစ်ပျက်ပင်ဖြစ်လေသည်။ ................... "ဒီလိုဖြစ်ဖို့ မကြာတော့ဘူးပဲ" ဂျိတ်သည် မိမိရှေ့ရှိ မြေပုံအား ကြည့်ကာရေရွတ်လိုက်၏။ သူ၏ ဂရိတ်တိုင်းပြည်မှ လွှဲလျှင် ကျန်သောနေရာများသည် တိုက်ပွဲများဖြင့် ပြည့်နှက်နေလေသည်ဖြစ်သည်။ ဂိုဏ်းများကလည်း ဂျိတ်၏တိုင်းပြည်အား အနည်းငယ်ရှိန်သွားသောကြောင့် ကျန်သောနေရာများ၌သာ သောင်းကျန်နေကြသည်ဖြစ်၏။ စွန်ရဲအင်ပါယာနှင့် မြွေဟောက်အင်ပါယာကလည်း တစ်ဖက်သား၏အားနည်းချက်ကို စောင့်ဆိုင်းနေကြပြီး သတိလက်လွတ်ဖြစ်သည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြန်၏။ တာနာရှာ၏ဆာဗေ့မျိုးနွယ်သည်လည်း စစ်ပွဲအတွက် အသင့်ပြင်ဆင်နေကြရ၏။ ဘယ်ကရောက်လာနိုင်မှန်းမသိရသော ငရဲမှ နတ်ဆိုးများအပြင် အလွန်တရာ ဆိုးသွမ်းလှသော မိမိတို့မျိုးနွယ်တူသော အထက်တမ်းစား ဆာဗေ့များအတွက် ပြင်ဆင်နေကြရသည်ဖြစ်သည်။ ဂျိတ်အနေဖြင့် မိမိထံပညာသင်ကြားနေသော အမည်ခံ တပည့် တာနာရှာ၏ဆာဗေ့နှင့် မိမိ၏စီးပွားဖက်ဖြစ်သော စွန်ရဲအင်ပါယာမှ လွှဲလျှင် ကျန်သော သူများ ဘယ်လိုပင်ဖြစ်ပါစေ ဂရုစိုက်နေမည်မဟုတ်ပေ။ ဂျိတ်တွေးနေခိုက် လူတစ်ယောက်သည် သူ၏တွေးနေရာ စာကြည့်ခန်းထဲသို့ ဝင်လာ၏။ ထိုသူသည် တစ်ခြားမဟုတ် ထန်ဟောက်ဖြစ်လေသည်။ ဂျိတ်၏တပည့်ရင်းဆိုလည်း မမှားပေ။ "ဆရာ ကျနော်တစ်ခုလောက်တောင်းဆိုချင်ပါတယ်" "ပြောထန်ဟောက် ဘာလဲ" ထန်ဟောက်သည် ဂျိတ်အား "ကျနော်ရဲ့အိမ်ခဏလောက်ပြန်ချင်လို့ပါ မပြန်ဖြစ်တာကြာပြီမို့" ဂျိတ်လည်း သူပြောသည်မှာ မှန်ကြောင်း ယခုမှသတိရမိလေသည်။ သူအနေဖြင့် များစွာသောအချိန်ကို တိုက်ခိုက်လေ့ကျင့်ခြင်းဖြင့် ကုန်ဆုံးနေခဲ့သည်ဖြစ်ရာ အိမ်ပြန်သင့်သည်ဖြစ်၏။ ဂျိတ်လည်း ထန်ဟောက်၏ပြောစကားကို လက်ခံလိုက်ပြီး "ကောင်းပြီ ​ပြန်ပါ လိုအပ်တာရှိရင် ဆရာ့ကိုအကြောင်းကြားပါ" ပြောဆိုနေရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ လေဟာနယ် တံခါးပေါက်တစ်ခုသည် ထန်ဟောက်၏ရှေ့၌ ပွင့်လာလေ၏။ "ကျေးဇူးပါ ဆရာ...." ထန်ဟောက်သည် ဂျိတ်ဖွင့်ပေးသော တံခါးပေါက်မှနေ၍ သူ၏အိမ်ဖြစ်သော သိုင်းဝိညာဥ် ကမ္ဘာသို့ ပြန်သွားလိုက်လေတော့သည်။ ထန်ဟောက်ပြန်ပြီး တစ်ပတ်မျှကြာသောအခါ ဂျိတ်လည်း မိမိတိုင်းပြည်၏တိုးတက်ပုံအခြေ​နေကို ဝန်ကြီး မှူးမတ်များဖြင့် ဆွေးနွေးတိုင်ပင်၏။ ဂျိတ်၏ သိုင်းပညာအစွမ်းနှင့် ပြင်းထန်လှသော အာဏာသက်ရောက်မှု၊ တိုင်းပြည်အပေါ် အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ပေးမှုကြောင့် ဘယ်သူကမျှ မုန်းတီးခြင်းမရှိ ဂျိတ်၏အလိုအတိုင်း လိုက်နာဆောင်ရွက်ကြလေ၏။ တိုင်းပြည်အား အချိန်တိုတွင်း စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးခဲ့သောကြောင့် ဂျိတ်အား လေးစားကြည်ညိုကြသည်လည်း ပါ၏။ "ဆရာရေ ကယ်ပါဦး ဒီမှာ ပြသနာတက်နေပါတယ်" ထိုသတိပေးစကားရသောကြောင့် စစ်ဆေးကြည့်ရာ အိမ်ပြန်သွားသော တပည့်ဖြစ်သူ ထန်ဟောက်၏ စကားဖြစ်ကြောင်းသိလိုက်ရလေ၏။ "ဝုန်း" ဂျိတ်သည် အချိန်တုံ့ဆိုင်းနေခြင်းမရှိပဲ သူ၏လက်ဖြင့် လေဟာနယ်အား ဆွဲဖြဲလိုက်ကာ ချက်ချင်းပင် သိုင်းဝိညာဥ်ကမ္ဘာသို့ ဝင်ရောက်သွားလေတော့၏။

(417)ဖြစ်စဥ်

လေယာနယ်တံခါးမှ ထွက်ခွာလိုက်သည်နှင့် မိမိသည် စစ်သည်တော်ကုန်းမြေမှ သိုင်းဝိညာဥ်ကမ္ဘာသို့ ရောက်ရှိသွားကြောင်း ပတ်ဝန်းကျင်အား ကြည့်ကာ သိရှိလိုက်သည်။ "ဘာလို့ ဒီကိုရောက်​နေရတာလဲ" ဂျိတ်သည် မိမိသည် ထူထဲသော သစ်ပင်များစွာ ပေါက်ရောက်နေသော တောအုပ်ထဲရောက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။ "ထားလိုက်တော့ အရင်ဆုံး ထန်ဟောက်ကို ရှာရမယ်" ဂျိတ်သည် မိမိရောက်ရှိနေသော တောအုပ်အား ဆက်လက်စူးစမ်းမနေတော့ပဲ ထန်ဟောက်အား ရှာဖွေလိုက်လေသည်။ "သူ့တည်နေရာ ပေါ်စမ်း" ဂျိတ်သည်နတ်မျက်စိစွမ်းအင်အား သုံးလိုက်သည်နှင့် မည်မျှပင် ထူထည်းနေသော သစ်ပင်ချုံပင်များဖြစ်နေပါစေ ​ဖောက်ထွင်းမြင်နိုင်သွားပြီဖြစ်သည်။ "ဟော တွေ့ပြီ" ဂျိတ်လက်ရှိရောက်နေသော နေရာနှင့် မိုင်သုံးဆယ်မျှကွာဝေးသော နေရာ၌ ထန်ဟောက်သည် အသက်ဘေးနှင့် ရင်ဆိုင်နေကြောင်း ဂျိတ်တွေ့ရှိလိုက်ရလေသည်။ "ကဲ ရောက်နေမှတော့ ငါ့တပည့်ဘယ်လောက် တော်ပြီလဲဆိုတာ ကြည့်ရသေးတာပေါ့" ဂျိတ်သည် ထန်ဟောက်၏အသက်အန္တရာယ်ရှိသည်အထိ မပြင်းထန်သေးသောကြောင့် ထန်ဟောက်၏တိုက်ပွဲကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ "ဝုန်း.....ဝုန်း....ဝုန်း...." ယခင်က အလွန်ပင် တိတ်ဆိတ်လှပါသည်ဆိုသော တောအုပ်တွင်း၌ ယခုအခါ ဆူညံပွက်လောရိုက်ခတ်နေလေသည်။ "လခွမ်း ငါကိုက ကံဆိုးနေတာပဲ " ထန်ဟောက်သည် တစ်ကိုယ်တည်းရေရွတ်ပြီး ရှောင်တိမ်းနေလေသည်။ "ဂီး"" ထန်ဟောက်၏ရှေ့၌ အလွန်တရာကြီးမားလှသော နဂါးအနွယ် ရေမြွေကြီးတစ်ကောင်သည် ထန်ဟောက်အား သတ်ဖြတ်လိုသော အကြည့်ဖြင့်ရှိ၏။ ဆူညံပွက်လောရိုက်ခတ်ရခြင်း၏အကြောင်းရင်းသည်လည်း ထိုရေမြွေ​ကြီးကြောင့်ပင် ဖြစ်သည်။ ထိုရေမြွေကြီးသည် ထန်ဟောက်အား အဆက်မပြတ်ဆိုသလို တိုက်ခိုက်နေသောကြောင့် တောအုပ်ထဲ၌ ဆူညံမှု ဖြစ်ပျက်စေခဲ့သည်ဖြစ်သည်။ ထိုရေမြွေကြီးသည် အနက်ရောင်သံမဏိကြေးခွံများ ဖုံးလွှမ်းထားပြီး အဝါရောင်မျက်လုံး​ခြောက်လုံးပါရှိသည်ဖြစ်သည်။ သူသည် ထန်ဟောက်အား အသေ သတ်ရန် စိတ်ပိုင်းဖြတ်ထားပုံရ၏။ "ဂီး" ရေမြွေကြီးသည် သူ၏ပါးစပ်ဖြင့် ထန်ဟောက်အား လှမ်းဟပ်ခြင်း၊အမြှီးဖြင့် ရိုက်ခြင်းတို့ကိုပြုလုပ်၏။ထို့သို့ပြုလုပ်တိုင်း ထန်ဟောက်သည် သူ၏ခြေလှမ်းသိုင်းကို အသုံးပြုပြီး မြန်ဆန်စွာရှောင်တိမ်း၏။ ထို့သို့ရှောင်တိမ်းသောကြောင့် မြွေကြီးသည် ထန်ဟောက်အား ထိခိုက်အောင်မလှုပ်နိုင်သေးပဲ ရှိနေ၏။ ရှောင်တိမ်းရုံနှင့် မပြီးသေးပေ။ ထန်ဟောက်သည် သူ၏တူဖြင့် မြွေကြီးအား အခွင့်ရေး ရလျှင် ရသလို ထုရိုက်သေး၏။ "ငါ့တပည့်လိုမပြောရဘူး တော်လာပြီ" အတော်တန်ဝေးသောနေရာ၌ ဂျိတ်သည် သစ်ပင်ပေါ်၌ ထိုင်နေပြီး ထန်ဟောက်နှင့် ရေမြွေကြီး၏တိုက်ပွဲအား အကဲခတ်နေ၏။ ထန်ဟောက်သည် လက်ရှိ၌ အဆင့်25ကို ရောက်ရှိနေပြီး ရေမြွေကြီးသည် အဆင့်50၌ရှိ၏။ ရေမြွေကြီးသည် ထန်ဟောက်အား သဲကြီးမဲကြီး လိုက်လံတိုက်ခိုက်လေသည်။ ထန်ဟောက်လည်း ရေမြွေကြီးအား သူ၏သိုင်းဝိညာဥ်ဖြစ်သော တူဖြင့် ပြန်လည်တိုက်ခိုက်၏။ သူ၏တူသည် အလွန်ပင်အစွမ်းကြီးသော်လည်း ထန်ဟောက်၏အဆင့်နိမ့်ပါးမှုကြောင့် တူ၏အစွမ်းကို ထုတ်သုံးခွင့်မရနေကြောင်း ဂျိတ်တွေ့လိုက်ရလေ၏။ ထန်ဟောက်၏တူရိုက်ချက်များသည် အဆင့်များစွာကွာခြားနေမှုကြောင့် မြွေကြီးအား ထိခိုက်နာကျင်စေခြင်းမရှိပဲ သွေးတိုးစမ်းနေသလိုသာ ဖြစ်စေခဲ့သည်။ ထိုသို့ သွေးတိုးစမ်းမှုများကြောင့် ရေမြွေကြီးသည် ထန်ဟောက်အပေါ်ထားသော ဒေါသမှာ ကြီးသည်ထက် ပိုမိုကြီးမားလာလေသည်။ ရေမြွေကြီးသည် ထန်ဟောက်ထက် များစွာအဆင့်မြင့်သော်လည်း ဒေါသအဟုန်ကြောင့် တွေးတောနိုင်ခြင်းမရှိပဲ ကြုံရာကျပန်းတိုက်ခိုက်​သည်ဖြစ်သည်။ ထိုသို့တိုက်ခိုက်သောကြောင့် ထန်ဟောက်သည် လက်ရှိအချိန်ထိ အခြေနေကောင်းနေသည်ဖြစ်၏။ ထန်ဟောက်နေရာ၌ တခြားသောသူဆိုပါက လက်ရှိအချိန်ထိ အခြေနေကောင်းမည်မဟုတ်သလို သေဆုံးရန် ဖြစ်နိုင်ချေများပြား၏။ "ဆရာ မလာသေးဘူးလားဟ ငါတော့ ရှောတော့မယ်" ထန်ဟောက်သည် သူ၏ဝိညာဥ်အစွမ်းကို ခြေလှမ်းသိုင်း၌ထည့်ကာ ပေါင်းစပ်အသုံးပြုပြီး မြွေကြီး၏တိုက်ခိုက်မှုမထိစေရန် ရှောင်တိမ်းနေရ၏။ သူသည် ရေမြွေကြီးထက် များစွာအဆင့်နိမ့်ကြောင်း သူကိုယ်တိုင်လည်း သိ၏။ ရေမြွေကြီးသည် သူ့ထက် များစွာအဆင့်မြင့်သောကြောင့် နောက်ထပ်သော ရာနဲ့ချီသော တိုက်ခိုက်မှုများကို မောပန်းခြင်းမရှိ ဆက်လက်လုပ်နိုင်သည်ဖြစ်၏။ မြွေကြီး၏တိုက်ခိုက်မှုများကြောင့် ထန်ဟောက်သည် မောပန်းလာသည်အပြင့် ခြေလှမ်းသိုင်းအား အဆက်မပြတ်သုံးစွဲနေရသောကြောင့် ဝိညာဥ်စွမ်းအားလည်း နည်းသည်ထက်နည်းပါးလှ၏။ ဝိညာဥ်စွမ်းအင်ကုန်သည်နှင့် သေပွဲဝင်ရမည်ဖြစ်သောကြောင့် အစောကတည်းကပင် ဂျိတ်အား အကူညီလှမ်းတောင်းလိုက်သည်ဖြစ်သည်။ "ငါကူမှရတော့မယ် မဟုတ်ရင် ငါ့တပည့်လေးသေတော့မယ်" ဂျိတ်သည် ထန်ဟောက်၏ဝိညာဥ်စွမ်းအင် ကုန်လုနီးဖြစ်လာကြောင်း ရိပ်မိသည်နှင့် ချက်ချင်းပင် လှုပ်ရှားလိုက်လေတော့၏။ ထန်ဟောက်၏ဝိညာဥ်စွမ်းအင် ကုန်လာနီးဖြစ်နေသည်ကို ရေမြွေကြီးကလည်း ရိပ်မိသောကြောင့် ထန်ဟောက်အား သူ၏မွေးရာပါအစွမ်းဖြစ်သော ချုပ်နှောင်ခြင်းအား သုံးပြီး ထန်ဟောက်အား ချုပ်နှောင်ကာ သူ၏တိုက်ကွက်ဖြစ်သော မရဏကိုက်ချက်ဖြင့် ထန်ဟောက်အား တစ်ချက်တည်းဖြင့် သေစေရန် တိုက်ခိုက်လိုက်လေသည်။ မရဏကိုက်ချက်သုံးလိုက်သောအခါ ရေမြွေကြီး၏အစွယ်သည် အဝါရောင်အဆိပ်များဖြင့် ပြည့်နှက်သွားကာ အစွယ်သည်လည်း ပိုမိုရှည်လျားထက်မြက်လာလေတော့၏။ "လခွမ်း" ထန်ဟောက်သည် မိမိမှာ မောပန်းလာသလို ဝိညာဥ်စွမ်းအားကုန်လုနီး၌ မြွေကြီး၏ချုပ်နှောင်ခြင်းအား ခံလိုက်ရကြောင်း သိရှ်ိသော်လည်း ရုန်းထွက်နိုင်ခြင်းမရှိတော့ပဲ သေရန်သာ စောင့်ဆိုင်းနေရတော့၏။ ထိုသို့သော အခိုက်တန့် အချိန်တို​အတွင်း၌ ကောင်းကင်၌ အနီရောင်တူကြီးသည် ကြီးမားသလောက် မြန်ဆန်သောအရှိန်ဟုန်ဖြင့် ထန်ဟောက်အား ကိုက်ရန် နီးကပ်လာပြီဖြစ်သော မြွေကြီး၏ခေါင်းတည့်တည့်သို့ ကျဆင်းသွားလေတော့၏။ "ဝရော......ဝုန်း" တူရိုက်ချက်ကြောင့် ပြင်းထန်သော သက်ရောက်မှုဖြစ်စေခဲ့သည်ဖြစ်ရာ မြေကြီးများ မွစွာကျဲပြီး ဖုန့်များထောင်းထသွားလေတော့၏။ "ဟ ငါမသေသေးဘူးဟ" ထန်ဟောက်သည် မိမိမသေသေကြောင်း တွေ့ရသောကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားလေ၏။ထို့နောက်မိမိရှေ့၌ရှိနေသော ရေမြွေကြီးအား လှမ်း၍ ကြည့်လိုက်သည်။ ရေမြွေကြီးသည် အနီရောင်တူကြီးတစ်လက်ကြောင့် ဦးခေါင်းကြေမွပြီး သေနေကြောင်း တွေ့လိုက်ရ၏။ ကြေမွနေသော မြွေခေါင်းပေါ်၌ရှိနေသော အနီရောင် တူကြီးအား လူတစ်ယောက်သည် သူ၏ပုခုံးပေါ်သို့ အသာယာတင်လိုက်ပြီး မိမိအား ပြုံးပြနေကြောင်း ထန်ဟောက်တွေ့သောအခါ လုံးဝစိတ်သက်သာရာ ရသွားလေသည်။ "တော်သေးတာပေါ့ ဆရာလာတာဒီထက်နောက်ကျရင် တပည့်အလောင်းပဲ ရတော့မှာနော်" ထန်ဟောက်သည် စိတ်အား လုံးဝလွတ်ချလိုက်ပြီး မြက်ခင်းပေါ်သို့ သူ၏တစ်ကိုယ်လုံးအား ပစ်လဲချလိုက်ပြီး အနားယူလိုက်တော့၏။ အနီရောင်တူကြီးထမ်းထားသော ဂျိတ်ကလည်း မိမိတပည့်သည် အစောပိုင်းအချိန်များ၌ မသေစေရန် ရှိရှိသမျှအားကုန်သုံးတိုက်ခိုက်ထားကြောင်း ပြန်စဥ်းစားမိပြီး ပြုံးကာ "အလောင်းတော့မဖြစ်စေရပါဘူးကွာ အစောကတည်းက ဆရာကရောက်နေပြီးသား ငါ့တပည့်ဘယ်လောက်တော်လဲ သိချင်လို့ တမင်ကြည့်နေတာ.လူတစ်ယောက်က သေခြင်းတရားနှင့်ရင်ဆိုင်ဖူးမှ အရင်ကထက် ပိုမိုအစွမ်းထက်လာတာလေ" ထိုစကားကြောင့် မြက်ခင်းပေါ် အနားယူနေသော ထန်ဟောက်မှာ ချောင်းများတဟွတ်ဟွတ်ဆိုးလေတော့၏။ ထို့နောက် ထန်ဟောက်သည် သေနေသောမြွေကြီးအား တစ်ချက်ရှိုးလိုက်၏။ မိမိ၏ရိုက်ချက်များစွာခံရသောမြွေကြီး၏သံမဏိအရေပြားသည် ပွန်းရာပင် မထင်သော်လည်း ဂျိတ်၏တစ်ချက်တည်းသော ရိုက်ချက်ကြောင့် အရေပြားထက် အဆများစွာ အလွန်မာကျောသော မြွေကြီး၏ခေါင်းသည် ကြေမွနေကြောင်း တွေ့လိုက်ရ၏။ ထို့​ကြောင့် မိမိသည် ဂျိတ်၏အဆင့်နှင့် များစွာကံာဝေးနေသေးကြောင်း သဘောပေါက်နားလည်လာ၏။ယခင်ကထက်လည်း ပိုမိုသန်မာချင်စိတ်ကလည်း တိုးပွားလာလေတော့၏။ "ကဲ နားလို့ပြီးရင် ဆရာ့ကိုပြောဥိီး မင်းအနေနဲ့ ဒိီမြွေကြောင့် ငါ့ကို ခေါ်စရာမလိုဘူးဆိုတာ ငါသိတယ်" ဂျိတ်၏အမေး​ကြောင့် ထန်ဟောက်လည်း "ဆရာကတော့ ဆရာပါပဲ သိနေတယ်" ဆိုကာ ဖြစ်စဥ်အဖြစ်ပျက်အား ပြောပြလိုက်လေတော့၏။ "အော် လက်စသတ်တော့ စွေ့နိုင်ငံနှင့် ကြယ်လသစ်တောက သားရဲတွေ တိုက်ပွဲ ဖြစ်နေကြတာကိုး"

All Chapters