← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

(418)သားရဲအုပ်ကြီးရောက်လာခြင်း

ထန်ဟောက်၏ရှင်းပြမှုကြောင့် ဂျိတ်လည်း လက်ရှိဖြစ်ပျက်နေသော အကြောင်းရာကို သိရှိနားလည်လိုက်လေသည်။ ထန်ဟောက်၏ပြောကြားမှုအရဆိုလျှင် လက်ရှိအချိန်၌ စွေ့နိုင်ငံသည် ကြယ်လသစ်တောရှိ သားရဲများနှင့် အပြင်းထန်တိုက်ခိုက်နေကြသည်ဖြစ်၏။ ထိုသို့လူသားနှင့် သားရဲများအပြင်းထန်တိုက်ခိုက်ခဲ့ သည့် ဖြစ်ရပ်သည် နှစ်ပေါင်းတစ်ထောင်ခန့်ကဖြစ်ပြီး လက်ရှိအချိန်၌ ပြန်လည်ဖြစ်ပျက်ခဲ့သည်ဖြစ်သည်။ ထိုသို့ဖြစ်ပျက်စေခဲ့သည့်အကြောင်းရင်းလည်း ရှိ၏။ ထိုအကြောင်းရင်းမှာ ကြယ်လသစ်တောဘုရင်ဖြစ်သော မဟူရာငွေလရောင်ကျားသားရဲ၏ သားဖြစ်သူ ပျောက်ဆုံးနေခြင်းနှင့် သူ၏မိန်းမ အသတ်ခံရသော ​ဖြစ်စဥ်မှ စတင်သည်ဟု ဆိုရပေမည်။ သူ၏သားဖြစ်သူပျောက်ကွယ်နေခြင်းနှင့် သူ၏မိန်းမဖြစ်သူ အသတ်ခံရ ခြင်း အဖြစ်ပျက်ကြောင့် မဟူရာငွေလရောင် ကျားသားရဲသည် ဒေါသထွက်ပြီး ထိုသို့လုပ်သွားသောသူအား အသည်းသန်ရှာဖွေစေ၏။ ထိုသို့ရှာဖွေသောအခါ နောက်ဆုံး၌ ထိုဖြစ်ရပ်ကိုလုပ်ဆောင်သွားသော လူတစ်စုသည် စွေ့နိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြောင်း မဟူရာငွေလရောင်ကျားသားရဲ သတင်းရရှိလိုက်၏။ ထိုသို့သတင်းရလိုက်သည်နှင့် သူ၏အမျက်ဒေါသအား စွေ့နိုင်ငံအပေါ်သို့ ပြစ်တင်ပုံချလိုက်ပြီး သူ၏လက်အောက်၌ရှိနေသော သားရဲများအား စွေ့နိုင်ငံသို့ တိုက်ခိုက်စေ၏။ ကျားသားရဲ ၏အမိန့်ဖြင့် သိန်းနဲ့ချီသော အမျိုးစားစုံလင်လှသော သားရဲများသည် စွေ့နိုင်ငံအား တိုက်ခိုက်ကြလေတော့၏။ ထိုသို့တိုက်ခိုက်မှုကြောင့် စွေ့နိုင်ငံမှ ပြည်သူတစ်သိန်းလေးသောင်း သေကြေခဲ့ရ၏။ထိုအခါ စွေ့ဘုရင်လည်း အမျက်ဒေါသထွက်ပြီး ပြန်လည်တိုက်ခိုက်စေရာမှ လူသားနှင့် သားရဲတို့၏စစ်ပွဲသည် ပြန်လည်စတင်လာသည်လည်းဖြစ်ပေသည်။ တိုက်ပွဲသည် လွန်စွာပြင်းထန်သည်ဖြစ်ရာ စွေ့နိုင်ငံမှ စစ်သည်အများပြားကျဆုံးသလို အထိခိုက်လည်း များ​ပြား၏။ထို့ကြောင့် စွေ့နိုင်ငံ၌ ရှိရှိသမျှသော မိသားစုကြီးများမှလည်း တိုက်ပွဲသို့ တိုက်ခိုက်ရန် စေလွတ်ကြရလေ၏။ ထို့​ကြောင့် ထန်ဟောက်သည် ထန်မိသားစုမှ တိုက်ခိုက်ရန် စေလွတ်ခြင်းခံရသော မိသားစုဝင်များထဲမှ တစ်ယောက်ဖြစ်၏။ ထန်ဟောက်ပြန်သွားသည်နှင့် ထိုကိစ္စကြီးဖြစ်ချိန်နှင့် ကြုံကြိုက်သွားသည်ဟုလည်း ဆိုနိုင်သည်။ အစောပိုင်း၌ ထန်ဟောက်တစ်ယောက်တည်း မြွေကြီးနှင့် တိုက်ခိုက်နေရခြင်းသည် ကင်းထောက်တပ်သားများ မသေစေရန် အချိန်ဆွဲနေခြင်းဖြစ်ကြောင်း ဂျိတ်သိလိုက်ရလေသည်။ "အံမယ် သူတော်ကောင်းကြီးလုပ်နေတယ်ပေါ့ ဟုတ်လား " အဖြစ်ပျက်အား နားထောင်ပြီးဖြစ်သောကြောင့် ဂျိတ်သည် ထန်ဟောက်အား ​ထစ်ငေ့ါကာပြောလိုက်၏။ "ဟီးဟီး..." ထန်ဟောက်ကလည်း ခေါင်းကုတ်ပြီး ရယ်မောလိုက်၏။ "ဒီကိစ္စတော့ ဆရာကူညီပေးပါနော် ဆရာကူညီရင် အဆင်ပြေမယ်ဆိုတာ ကျနော်သိတယ်" ထန်ဟောက်၏စကားကြောင့် ဂျိတ်လည်း "ဒါမျိုးက ငါ့ကြောင့်ဖြစ်လာတာမှမဟုတ်တာ အဲ့ဒီငွေလရောင်ကျားသားရဲကို သွားစိန်ခေါ်သလိုလုပ်တဲ့ လူတစ်စုကြောင့် ဖြစ်တာလေ ငါလုပ်ပေးနိုင်တာက ငါ့တပည့်ဖြစ်တဲ့မင်းမသေဖို့ပဲ" ဂျိတ်စကားလည်း ဟုတ်မှန်ကြောင်း ထန်ဟောက်နားလည်သဘောပေါက်လိုက်၏။ "လောဆယ် ငါ့ကို မင်းရောက်နေတဲ့နေရာကို ပြကွာ" ဂျိတ်၏စကားဆုံးသည်နှင့် ထန်ဟောက်လည်း မြေပုံထုတ်ပြလိုက်ပြီး ပြောပြလိုက်လေ၏။ ထိုအခါ ဂျိတ်လည်း မျက်မှောင်ကြုံလိုက်ပြီး "မင်းစခန်းချတဲ့နေရာနဲ့ လက်ရှိဒီ​နေရာက ဆယ်မိုင်လောက်ဝေးတာပဲ လမ်းလျှောက်ရင် ကြာနေတော့မှာပဲ လာအခုပဲ ရောက်အောင်သွားကြစို့" ဂျိတ်သည် ပြောပြောဆိုဆိုဖြင့် ထန်ဟောက်၏လက်အား ဖမ်းဆုပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ခုန်လိုက်၏။ ထို့နောက် လေထဲ၌ပင် အနီရောင်တူအား ဝှေ့ယမ်းလိုက်ပြီး မိုးကြိုးနတ်ဘုရားသော်သည် တူကိုင်ကာ ပျံသန်းသကဲ့သို့ ဂျိတ်လည်း ထိုသို့ ပျံသန်းလိုက်၏။ ထိုသို့ ပျံသန်းရာ၌ အနီရောင်တူအား ထန်ဟောက်ပြောရာ နေရာသို့ ဦးတည် ပျံသန်းစေ၏။ ထန်ဟောက်လည်း လေထဲ၌ ဂျိတ်ခေါ်ဆောင်ရာ နောက်သို့ တွဲလောင်းပါသွားလေသည်။ .......................

"မင်းတို့ဘာဖြစ်လာကြတာလဲ" နယ်စပ်မြို့တစ်မြို့၏ဂိတ်တံခါးဝ၌ ရှိနေသော စစ်သူကြီးသည် ထွက်သွားစဥ်ကပုံစံနှင့် မတူညီ စုတ်ပျက်သတ်နေသော မိမိ၏ကင်းထောက်တပ်များ ပြန်လာသည်ကိုတွေ့သောအခါ မေးမြန်းလိုက်၏။ "ဒါနဲ့ ထန်ဟောက်ကော" စစ်သူကြီးသည် အသွားတုန်းက လိုက်ပါသွားသော ထန်ဟောက်အား မတွေ့ကြောင်း ရိပ်မိသည်နှင့် ချက်ချင်းမေးမြန်းလေ၏။ "စစ်သူကြီး...ကျနော်တို့" ကင်းထောက်စစ်သည်တစ်ယောက်မှ မိမိတို့၏ကြုံသမျှကို ပြောပြလေ၏။ ကင်းထောက်နေရင်း မမျှော်လင့်ပဲ သားရဲတစ်စု၏တိုက်ခိုက်မှုကို ခံရကြောင်း ၊ ထိုသားရဲတစ်စုအား ပြန်လည်တိုက်ခိုက်နေချိန်၌ နှစ်တစ်သောင်းကျော်ခန့် ရှိသော အဆင့်ငါးဆယ်ရှိ ရေမြွေကြီးနှင့် ကြုံလိုက်ရကြောင်း ၊ ထိုသို့ကြုံသောအခါ ထန်ဟောက်မှ ပစ်မှတ်အဖြစ် မိမ်ိကိုယ် မိမိအသုံးပြုပြီး မိမိတို့ကင်းထောက်တပ်များ လွတ်မြောက်ချိန်ရရှိရန် အချိန်ဆွဲသွားပေးပြီး ကျန်ရစ်ခဲ့ကြောင်း ပြောပြလိုက်၏။ "သောက်ဂွပဲဟေ့" ထန်ဟောက်၏စွန့်လွတ်အနစ်နာခံမှုအကြောင်း ကြားသိသောအခါ စစ်သူကြီးသည် ဆဲရေးမိ၏။ ထိုလူငယ်လေးသည် ထန်မိသားစုမှ အရေးပေးခြင်းခံရသော သူဖြစ်ကြောင်း သူအသိဆုံးဖြစ်သည်။ ထိုလူငယ်သည် လက်ရှိ၌ ယခုလိုဖြစ်ပျက်သွားသောအခါ ထန်မိသားစုမှ သူ့အား ကြီးစွာသောပြစ်တင်ပြောဆိုတော့မည်ဖြစ်ကြောင်း ခံစားမိသောကြောင့်ဖြစ်သည်။ "စစ်သူကြီး ဟိုမှာ ကောင်းကင်မှာ တူနီကြီးပျံနေတယ်ဗျ" ပြန်လာသော ကင်းထောက်သမားများထဲမှ တစ်ယောက်က စစ်သူကြီးအားပြော၏။ "ယီးမို့ မင်းလျှောက်မြင်နေတာလား သေဘေးနဲ့နီးလာခဲ့လို အခုလို ဂယောင်ချောက်ချားတွေ မင်းမြင်မြင်...." စစ်သူကြီးသည် သူ၏စကားအား ဆုံးအောင် ပြောနိုင်ခြင်းမရှိပဲ ကောင်းကင်ပေါ်သို့ အံသြမင်သက်စွာ ငေးကြည့်နေမိ၏။ ကင်းထောက်သမားများသာမဟုတ် မိမိသည်လည်း ကောင်းကင်၌ ပျံနေသော တူနီကြီးအား မြင်နေရသောကြောင့်ဖြစ်သည်။ တူနီကြီးသာမက လူနှစ်ယောက်လည်း ပါကြောင်း ထူးဆန်းစွာ တွေ့လိုက်ရလေ၏။ အချိန်အနည်းငယ်ကြာသောအခါ တူနီနှင့်လူနှစ်ယောက်သည် မိမိတို့အနား၌ ဆင်းလာကြောင်း စစ်သူကြီးနှင့်ကင်းထောက်တပ်သားများ သတိထားမိ၏။ "ဟာ သူက ထန်ဟောက်ပဲ" ထန်ဟောက်အား မြင်သည်နှင့် ကင်းထောက်တပ်သားများ ပျော်ရွှင်သွားကြ၏။ မိမိတို့အတွက် စွန့်စားခဲ့သော ထန်ဟောက်အား ရှင်လျက်တွေ့လိုက်ရသောအခါ အလွန်ပင် ဝမ်းသာသွားကြလေ၏။ "ဟူး တော်သေးတယ် " ထန်ဟောက်အား အရှင်လတ်လတ်မြင်တွေ့လိုက်ရပြီဖြစ်သောကြောင့် စစ်သူကြီးလည်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားလေ၏။ "ဒါနဲ့ သူကဘယ်သူလဲ ထန်ဟောက် " စစ်သူကြီးသည် တူနီအား ကိုင်ဆွဲထားသော ဂျိတ်အား မြင်သည်နှင့် မေးမြန်းလိုက်သည်။ "သူလား သူက ကျနော်ရဲ့ဆရာလေ ဂျိတ်တဲ့" ထန်ဟောက်သည် စစ်သူကြီးအား မိတ်ဆက်ပေးလိုက်၏။ "ဟုတ်ကဲ့ သခင်ဂျိတ် အခုလိုတွေ့ရတာဝမ်းသာပါတယ်" စစ်သူကြီးသည် ဂျိတ်အား အရိုပြုဦးညွတ်ကာ နှုတ်ခွန်းဆက်သလိုက်၏။ တူနီအား စွဲကိုင်ကာ လေထဲ၌ ပျံသန်းနိုင်သော ဂျိတ်အား အထင်ကြီးလေးစားသောကြောင့် ထိုသို့လုပ်ဆောင်လိုက်သည်ဖြစ်သည်။ လေထဲ၌ ပျံသန်းနိုင်သူများသည် စွေ့နိုင်ငံ၌ပင် အလွန်ရှားကြောင်း စစ်သူကြီးကောင်းစွာ သဘောပေါက်နားလည်သောကြောင့်ဖြစ်သည်။ ကင်းထောက်တပ်သားများကလည်း ထန်ဟောက်၏ဆရာဆိုသည်နှင့် သူတို့သည်လည်း လေးစားသမှုပြုကြလေ၏။ လေထဲ၌ ပျံနိုင်သော ထန်ဟောက်ဆရာသည် အလွန်တရာစွမ်းသောကြောင့်နှင့် သူ၏တပည့်သည် မိမိတို့အတွက်စတေးသည် ကို မိမိတို့အပေါ်အပြစ်တင်မည်စိုးရိမ်သောကြောင့် သူတို့၏စိတ်ထဲ ကြောက်လန့်နေကြ၏။ "ငါ့ကို ကြောက်လန့်မနေနဲ့ ငါက မင်းတို့ကို အပြစ်မတင်ဘူး" ဂျိတ်၏စကားသံထွက်ပေါ်လာသောအခါမှသာ ကင်းထောက်တပ်သားများ အသက်ဝဝ ရှုနိုင်ကြတော့၏။ "စိတ်မရှိပါနဲ့ သခင်ဂျိတ်က သိုင်းဝိညာဥ်အဆင့်ဘယ်လောက်ရှ်ိပြီလဲဗျ" စစ်သူကြီးသည် ဂျိတ်အား ကြောက်လန့်ပါသော်လည်း ဒဲ့တိုးမေးလိုက်၏။ "ကျုပ်အဆင့်က ခင်ဗျားခန့်မှန်းထားတာထင်မြင့်တယ်" ဂျိတ်၏စကားကြောင့် စစ်သူကြီးသည် ဂျိတ်အားရှိန်သွားလေ၏။ လေထဲပျံနိုင်ခြင်း မမြင်နိုင်သော အော်ရာဖိအားများ ကြောင့် ဂျိတ်သည် သိုင်းဝိညာဥ်သူတော်စင်အဆင့်(အဆင့်ရှစ်ဆယ်ကျော်)သို့ ရောက်နေနိုင်ကြောင်း ထင်မှတ်သွားလေ၏။ ထိုအချိန်၌ နယ်စပ်မြို့ရိုး၌ တပ်ဆင်ထားသော ဧရာမအော်လံကြီးမှ အသံဟိန်းထွက်လာလေ၏။ ထိုအခါ စစ်သူကြီး၏မျက်နှာ ပျက်သွားပြီး "စစ်သည်တော်တို့ ချက်ချင်းအသင့်ပြင်ကြစမ်း သားရဲအုပ်ကြီးလာတော့မယ်" ချက်ချင်းပင် အမိန့်ထုတ်ပြီး တိုက်ခိုက်ပြင်ဆင်လိုက်၏။ "ငါတော့ ကံဆိုးတာထင်တယ်" ဂျိတ်သည် မိမိမှာ မြို့သို့ရောက်သည်မှာ မကြာသေး သားရဲအုပ်နှင့် ကြုံရပြီဖြစ်သည်။ "မှန်းစမ်း" မြေများတုန်ဟီးနေသောဖက်သို့ နတ်မျက်စိသုံးပြီး ကြည့်လိုက်ရာ အမျ်ိုးစားစုံလင်သော အကောင်ရေ လေးသိန်းရှိသော သားရဲအုပ်ကြီးသည် မိမိရောက်နေသော မြို့အား တိုက်ခိုက်ရန်ပြေးလာနေကြောင်း တွေ့လိုက်ရလေတော့၏။

(419)သွေးဓားမြေခွေး

"မြန်မြန်အသင့်ပြင်ကြစမ်း" ထိုစစ်သူကြီး၏အမိန့်ပေးမှုအောက်၌ တပ်သားများသည် စည်းစနစ်ကျကျ မြန်ဆန်စွာ လှုပ်ရှားလိုက်ကြကြောင်း ဂျိတ် တွေ့လိုက်ရလေ၏။ မြို့တံခါးအား အခိုင်မာပိတ်ချလိုက်ပြီး တပ်သားများသည်လည်း တိုက်ခိုက်ရန် အသင့်ပြင်ဆင်ဝတ်ဆင်ပြီးဖြစ်သည်။ ထန်ဟောက်၏ ပြောကြားချက်အရ ထိုစစ်သူကြီးသည် ကျန့်လန်ဟုခေါ်ပြီး ဝိညာဥ်အဆင့်60ကျော်နိုင်သော သူ (သိုင်းဘုရင်) ဖြစ်ကြောင်း သိလိုက်ရသည်။ လက်ရှိနယ်စပ်မြို့၌ စစ်သည်အင်အားစုစုပေါင်း ငါးသောင်းရှိပြီး ထိုငါးသောင်းအား ကျန့်လန်မှတိုက်ရိုက်အုပ်ချုပ်၏။ ကျန့်လန်၏ သိုင်းဝိညာဥ်အဆင့်သည် အမြင့်ဆုံးဖြစ်ပြီး သူ၏လက်အောက်၌ အဆင့်လေးဆယ်မှစ၍ အဆင့်တစ်ဆယ့်ငါး အနိမ့်ဆုံးအထိ ရှိသည်။ ထိုမြို့ထဲတွင်လည်း တခြားသော စစ်ကူများရှ်ိသေးကြောင်း တွေ့လိုက်ရသည်။ ထိုစစ်ကူများသည် စွေ့နိုင်ငံ၌ အင်အားကြီးမားသော မိသားစုများမှ စေလွတ်သော သူများနှင့် ကျောင်းတော်များမှ များပြားသော ဆုလာဒ်အနေဖြင့်ပေးသောကြောင့် တာဝန်(မစ်ရှင်)ပြီးမြောက်စေရန် လာရောက်တိုက်ပွဲဝင်ကြသော ကျောင်းသားကျောင်းသူများဖြစ်ကြောင်း တွေ့ရ၏။ ထိုသို့လာကူသော သူများသည် ကျန့်လန်အုပ်ချုပ်သော တပ်ကဲ့သို့ ကျစ်လစ်သိမ်းသည်းမှုမရှိကြောင်း ဂျိတ် တွေ့ရ၏။ ဂျိတ်လည်း သားရဲများ လာတိုက်မည်ဖြစ်သောကြောင့် ကြည့်ရှု့ရန် နယ်စပ်မြို့ရိုးပေါ်သို့ တက်ကာ ကြည့်ရှုနေလိုက်၏။ "တကယ်လို့ တိုက်ပွဲမှာ အရေးနိမ့်ရင် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ် ကူညီပေးတဲ့အနေနဲ့လဲ ကျနော်ဘက်က တတ်နိုင်တဲ့တောင်းဆိုချက်မှန်သမျှ လိုက်လျောပေးပါမယ်ဗျ" မြို့ရိုးပေါ်၌ ဂျိတ်အား တွေ့သောကြောင့် ကျန့်လန်သည် ကြိုတင်အကူညီတောင်းခံလိုက်သည်။ ကျန့်လန်၏ ပြတ်သားသော အပြုမှု ၊ရိုးသားသော စိတ်ဓာတ်တို့ကြောင့် ဂျိတ်လည်း သူ၏တောင်းဆိုမှုအား လက်ခံလိုက်ပြီး ကူညီမည်ဖြစ်ကြောင်း ပြောလိုက်၏။ "ဆရာသာကူညီရင် ကျနော်တို့နိုင်ပြီဗျ" ထန်ဟောက်လည်း ကျန့်လန်အား ဂူဏ်ယူသောဟန်ဖြင့် ပြောဆိုလိုက်၏။ "ဝေါ....ဝေါ....." ထိုအချိန်မှာပင် ကျန့်လန်၏တပ်သားများက အသင့်အနေထားရှ်ိဖြစ်သလို သားရဲအုပ်ကြီးကလည်း လူမြင်ကွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ များပြားလှသော သားရဲအရေတွက်ကြောင့် တပ်သားစစ်သည်များမှလွှဲ၍ ကျောင်းတော်သားများနှင့် မိသားစုကြီးမှ လူများသည် ကြောက်လန့်တုန်လှုပ်သွားကြလေတော့၏။ လေးသိန်းဟူသော မနည်းသည့်အင်အားဖြင့် ပြေးလာသော သားရဲအစုံလင်ကြောင့် မြို့ရိုးပင် တုန်ခါလာသလို ခံစားလိုက်ရကြ၏။ "အစီစဥ်အတိုင်း သွားမယ် တိုက်ကြ" ကျန်လန့်အမိန့်ပေးလိုက်သည်နှင့် မြို့ရိုးပေါ်၌ တပ်ဆင်ထားသော အမြောက်ကြီးမှ ကြီးစွာသော ဟိန်းသံထွက်ပေါ်လာလေတော့၏။ "ဝုန်း" ထိုအသံနှင့်အတူ နယ်စပ်မြို့အား ဖျက်စီးရန် ပြေးဝင်လာကြသော သားရဲအုပ်ကြီး၌ ထိခိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာလေ၏။ ထိုပစ်လိုက်သော အမြောက်များသည် အလွန်တရာပင် ကြမ်းတမ်းကြောင်း ဂျိတ်တွေ့လိုက်ရလေ၏။ ထိုအမြောက်တစ်ချက်ပစ်ခတ်ပါက သိုင်းဝိညာဥ်အဆင့်လေးဆယ်ရှိသော သိုင်းပညာရှင်ပင် ကာကွယ်၍မရပဲ ချက်ချင်းသေဆုံးရမည်ဖြစ်သည်။ ထိုသို့အစွမ်းထက်သော အမြောက်အလက်ငါးဆယ်ကို တစ်ပြိုင်တည်းတစ်ချိန်တည်း ပစ်ခတ်သောအခါ ထွက်ပေါ်လာသော ပြင်းအားသည် လုံးဝ သေးငယ်ခြင်းမရှိပေ။ "ဝုန်း....ဝုန်း....ဝုန်း" ထိုပစ်ချက်များကြောင့် အမြောက်ပစ်ခတ်မှုကျရာ သားရဲအုပ်များသည် အသက်ရှင်ခြင်းမရှိပဲ တစ်ကိုယ်လုံး ပေါက်ကွဲ မွစာကျဲကာ သေဆုံးကြရလေတော့၏။ သို့သော်လည်း သားရဲအုပ်ကြီးသည် အင်အားများပြားသည်ဖြစ်ရာ ထိုမျှသေဆုံးမှုအား မှုခြင်းမရှိပဲ ဖျက်စီးရန်အတွက်သာ ရှေ့သို့ ဆက်လက်ချီတက်လာခဲ့ကြ၏။ "ဒီအခြေနေအတိုင်းဆိုမဟန်ဘူးပဲ" ဂျိတ်သည် တိုက်ပွဲအခြေနေကား အကဲခတ်လိုက်သည်။ ကျန့်လန်သည် အစွမ်းထက်အမြောက်များအသုံးပြုပြီး သားရဲအုပ်အား နိမ့်နှင်းနေသည်ဆိုသော်လည်း သူပေးဆပ်မှုက အလွန်တရာများပြားလှသည်။ အမြောက်တစ်ချက်ပစ်ခတ်နိုင်ရန်အတွက် နှစ်နှစ်ရာအောက်မနည်းသော သက်တမ်းရှိသည့် သားရဲအမြုတေများအား အသုံးပြုကာ ပစ်ခတ်နေရသောကြောင့်ဖြစ်သည်။ အမြောက်အလက်ငါးဆယ်၏ဆက်တိုက်ပစ်ခတ်နှုန်းအတိုင်း ဆက်သွားပါက အ​ကြိမ်ရေအနည်းငယ်ပစ်ခတ်ပြီးသည်နှင့် သားရဲအမြုတေ ကုန်ဆုံးမှုကြောင့် အမြောက်ပစ်ခတ်ခြင်း ရပ်တန့်ရတော့မည်ဖြစ်သည်။ ဂျိတ် ခန့်မှန်းသည့်အတိုင်းပင် အမြောက်များ အ​ကြမ်ရေ အနည်းငယ် ပစ်ခတ်ပြီးသောအခါ ရပ်တန့်သွားလေတော့၏။ "စစ်သူကြီး သားရဲအမြုတေ ကုန်သွားပါပြီဗျ" စစ်သည်တစ်ယောက်မှ ကျန့်လန်အား သတင်းပေးလိုက်သည်။ ထိုအခါ ကျန့်လန်မှ "ကဲ ဒုတိယဗျူဟာစတော့" အမိန့်ပေးခြင်းဆုံးသည်နှင့် ထိန်းချုပ်သူ သိုင်းဝိညာဥ်တပ်သားများမှ အစီရင်ကြီးတစ်ခုအား ဖန်တီးလိုက်ကြလေသည်။ ထိုအစီရင်ဖန်တီးရာ၌ အချိန်တစ်ခုယူရသည်ဖြစ်သောကြောင့် ကျန်ရှိနေသောတပ်သားများမှ မိမိတို့၏အဝေးပစ်လက်နက်သိုင်းဝိညာဥ်များအသုံးပြုပြီး နယ်စပ်မြို့ရိုးမှနေ၍ သားရဲများအား ပစ်ခတ်၏။ အမြောက်များ၏လက်ချက်ကြောင့် သားရဲလေးသောင်းမျှ သေဆုံးခဲ့ကြပြီးဖြစ်သော်လည်း သားရဲများသည် မျက်ကန်း တစ္ဆေမကြောက်သကဲ့သို့ ရှေ့သို့သာ ဆက်လက်ချီတက်နေကြဆဲ ဖြစ်သည်။ အမြောက်ပစ်သည်ကိုပင် မကြောက်သော သားရဲများက အဝေးပစ်သိုင်းဝိညာဥ်များ၏တိုက်ခိုက်မှုကို ခံရသည့်အခါ ရူးသွားစွာဖြင့် ပိုမိုမြန်ဆန်စွာပြေးဝင်လာကြ၏။ "ဒီကောင်တွေကကွာ" အစီရင်မပြီးမြောက်သေးသော်လည်း တစ်ချိုု့သာ သားရဲအုပ်စုသည် မြို့ရိုးအနီးသို့ ရောက်ရှိလာနေပြီဖြစ်သည်။ ထို့သားရဲများသည် တပ်သားများ၏ပစ်ခတ်မှုကို ကြောက်လန့်ခြင်းမရှိကြပေ။ ခို့ကြောင့် ကျန့်လန်ကိုယ်တိုင် ပါဝင်လှုပ်ရှားလိုက်သည်။ "ပထမစွမ်းရည်" ကျန့်လန်သည် ထိုသို့ဆိုလိုက်သည်နှင့် သူ၏ကျောနောက်၌ ကြီးမားလှသော အစိမ်းရောင်ရှိသည့် ဓားခုတ်ကောင်ကြီးတစ်ကောင်ထွက်ပေါ်လာ၏။ ပထမဝိညာဥ်ကွင်းဖြစ်သော အဝါရောင်ကလည်း စစ်သူကြီးအား ဖုံးလွှမ်းသွားသည် ။ ထိုအခါ စစ်သူကြီး၏လက်များသည် ဓားခုတ်ကောင်၏ ဓားအသွင်လက်ကို ပြောင်းလဲသွား၏။ "ဟင် မြန်လိုက်တာ." ထန်ဟောက် အံအားသင့်စွာကြည့်နေ၏။ ကျန့်လန်သည် လက်အသွင်ပြောင်းပြီးသည်နှင့် မြန်ဆန်သော အရှိန်ဖြင့် မြို့ရိုးနားကပ်လာသော သားရဲများအနီးသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားပြီး သတ်ဖြတ်လိုက်သည်။ ဓားခုတ်ကောင်လက်များဖြင့် ပိုင်းဖြတ်ခံရသော သားရဲများသည် ချက်ချင်းပင် နှစ်ပိုင်းပြတ်ကာ သေဆုံးကြတော့၏။ ပထမဝိညာဥ်ကွင်းမှ အစွမ်းသည် ကျန့်လန်အား ဓားကဲ့သို့ ထက်မြက်သော လက်ကို ပေးပြီး သက်လုံနှင့် အမြန်နှုန်းကို တိုးပေးသည်ဖြစ်သည်။ "မင်း သူ့ဆီက ပညာယူထားကြားလား" "ဟုတ် ဆရာ" ထန်ဟောက်သည် ဂျိတ်ပြောသည်အား နားထောင်လိုက်သည်။ ကျန့်လန်သည် သိုင်းအဆင့်အမြင့်ကြီးမဟုတ်သော်လည်း နှစ်ပေါင်းများစွာ တိုက်ခိုက်လာသောကြောင့် များပြားသောအတွေ့ကြုံများရှိနေသူဖြစ်ပြီး ရန်သူအား သတ်ဖြတ်ရာ၌ အားအင် အလဟသမဖြစ်စေရန် စဥ်းစွာတွက်ချက်ပြီး သေချာတိကျကျ တိုက်ခိုက်ကြောင်း ဂျိတ်မှ မြင်လိုက်သောကြောင့်ဖြစ်သည်။ ထိုသို့သော သူများသည် စစ်မြေပြင်၌ အကြမ်းဆုံးဖြစ်ပြီး အန္တရာယ်အများဆုံးသော သူလည်းဖြစ်ပေသည်။ "ဂရား" နောက်ထပ်သော သားရဲများမှ ဆက်တိုက်ဆိုသလ်ို လာနေသောကြောင့် ကျန့်လန့်မှ တစ်ယောက်တည်းသတ်ဖြတ်ပွဲကို ဆက်လက်ဆင်နွှဲလိုက်လေသည်။ အစီရင်မပြီးသေးသောကြောင့် ကျန့်လန်မှ အချိန်ဆွဲပေးနေခြင်းလည်း ဖြစ်သည်။ သားရဲများသည် သူ့ထက် အဆင့်နိမ့်သောကြောင့် အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း အင်အားများပြားသည်ဖြစ်ရာ တတိယဝိညာဥ်ကွင်းစွမ်းရည်ပါ အသုံးပြုရတော့၏။ "တတိယစွမ်းရည် မိုးခွဲ ဖြတ်တောက်ခြင်း" ထိုစွမ်းရည်အသုံးပြုသည်နှင် မြို့ရိုးကို ဖျက်စီးရန်နှင့် ကျန့်လန်အား သတ်ဖြတ်ရန်ပြေးဝင်လာသော သားရဲထောင်ချီသည် တစ်ချက်တည်းသော ဓားခုတ်ကောင်လက်ဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရကာ သေဆုံးသွားကြလေသည်။ "အို ငစဥ်းကော တစ်ကောင်ပါတယ်ဟ" ဂျိတ်သည် စိတ်ဝင်စားစရာကောင်းသော ဖြစ်ရပ်ကို တွေ့လိုက်သည့်ပမာ ပြုံးလိုက်သည်။ "ဝူး" ထိုအသံနှင့် မိမိအား သွေးဓားဖြင့် သားရဲတစ်ကောင်မှ တိုက်ခိုက်လိုက်ကြောင်း ကျန့်လန် သိသည်နှင့် ချက်ချင်းပင်ရှောင်တိမ်းလိုက်၏။ ရှောင်တိမ်းပြီး မိမိအား တိုက်ခိုက်သော သားရဲအားမြင်သည်နှင့် သတိအသင့်ရှိလိုက်ပြီး မျက်ချေ မပြတ်စောင့်ကြည့်လိုက်တော့၏။ သူ၏ရှေ့၌ နာမည်ကြီး သင်းကွဲသားရဲ တစ်ကောင်ဖြစ်သော သွေးဓားမြေခွေး ရှိနေသောကြောင့်ဖြစ်သည်။ သွေးဓားမြေခွေးကလည်း ကျန့်လန်အား စားကောင်းသော သားကောင်ကြည့်သောအကြည့်ဖြင့် ကြည့်ကာ ချက်ချင်းပင် တိုက်ခိုက်လိုက်လေတော့သည်။

(420)တိုက်ပွဲအစစ်စတင်ပြီ

သွေးဓားမြေခွေးသည် သူ၏နာမည်အတိုင်းပင် သူ၏ပါးစပ်မှ သွေးရောင်သန်းနေသော အနီရောင်ဓားသွားအား ကျန့်လန်ထံသို့ ထွေးထုတ်လိုက်၏။ "လခွမ်းနာတယ်ဟ" ထိုအနီရောင် ဓားသွားသည် အလွန်မြန်ဆန်သောကြောင့်ကျန့်လန်သည် သူ၏ဓားခုတ်ကောင်လက်ဖြင့် ကာကွယ်လိုက်ရာ အလွန်ပင် နာကျင်ကြောင်း ခံစားလိုက်ရလေသည်။ "သေစမ်း" ကျန့်လန်သည်လည်း သွေးဓားမြေခွေးအား မြန်ဆန်သောအရှိန်ဖြင့် ခုတ်ပိုင်းလိုက်လေသည်။ ထိုသို့ တိုက်ခိုက်မှုက အရာမထင်ခဲ့ပေ။ သွေးဓားမြေခွေးအား ထိခါနီး၌ သွေးရောင်အကာကွယ်က ပေါ်လာသောကြောင့်ဖြစ်သည်။ "လခွမ်း ငါမေ့သွားတယ်ဟ" ထိုအခါမှ ကျန့်လန်သည် မိမိအမှားအလုပ်မိသည်ဖြစ်ကြောင်း သဘောပေါက်သည်နှင့် ချက်ချင်းပင် သွေးဓားမြေခွေးနှင့် အကွာအဝေးတစ်ခုထိ နေယက်ပြန်ဆုတ်သွားကာ အခြေနေကို အကဲခတ်လိုက်လေသည်။ သွေးဓားမြေခွေးသည် တခြားသော သားရဲများထက်ကြောက်စရာကောင်းရခြင်းမှာ ၎င်းသည် သူ၏ပါးစပ်မှ သွေးဓားများအား မြန်ဆန်စွာ ပစ်ခတ်နိုင်သလို သူ၏ထက်မြက်သော လက်သည်းများ အစွယ်များနှင့် အလစ်ငိုက်တိုက်ခိုက်တတ်သော မုဆိုးဗီဇနှင်ံ့ ပြည့်နေခြင်း တို့ကြောင့်ဖြစ်၏။ မာကျောပေ့ဟူသော အရေပြားကိုလည်း ပိုင်ဆိုင်ထားသည်။ ကြောက်မက်ဖွယ်ကောင်းရခြင်း၏အဓိကအချက်သည် ထိုမြေခွေးသည် သွေးအား ထိန်းချုပ်နိုင်စွမ်းရှိသည်ဖြစ်သည်။ မိမိအနီးနား၌ ရှိသော သွေးများအား အလိုရှိသလို ထိန်းချုပ်စေနိုင်ခြင်းဖြစ်သည်။ ထိုအစွမ်းဖြင့် ကျန့်လန်ခုတ်ချက်အား သွေးကိုအသုံးပြုပြီး အကာကွယ်လုပ်ယူဖန်တီးလိုက်သည်ဖြစ်သည်။ လက်ရှိ ကျန့်လန်ရှေ့၌ ရှိနေသောသွေးဓားမြေခွေး သည် သက်တမ်း ခြောက်သောင်းကျော်နေသော သက်တမ်းရင့် သင်းကွဲမြေခွေးအိုတစ်ကောင်ကြီးဖြစ်ပြီး အလွန်ကောက်ကျစ်သည်ဖြစ်သည်။ နောက်ပြီး ကျန့်လန်သတ်ဖြတ်ခဲ့သော သားရဲပေါင်းများစွာမှ မြေပြင်ပေါ်သို့ ကျဆင်းနေသော သွေးတို့သည် သွေးဓားမြေခွေးအတွက် ကြီးစားသော အကူညီကြီးကို ဖြစ်စေခဲ့သည်။ "ဝူး" မြေခွေး အူလိုက်သည်နှင့် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော သွေးများသည် လေပေါ်သို့ စုပြုံမြောက်တက်လာလေသည်။ ထို့နောက် သွေးများသည် သွေးရောင်သန်းသော ဓားမြှောင်များအသွင်ပြောင်းလဲသွားကာ ကျန့်လန်ထံပြေးဝင်သွားကြ၏။ "ဘယ်လိုတောင် သိနေတာလဲဟ" ထိုသို့သော တိုက်ခိုက်မှုကြောင့် ကျန်လန့်လည်း ထိုဓားမြှောင်များစွာအား တိုက်ခိုက်ရလေတော့၏။ "တတိယစွမ်းရည် မိုးခွဲ ဖြတ်ပိုင်းခြင်း" ကျန့်လန်၏ခုတ်ချက်က များစွာသော သွေးဓားမြှောင်များကို သွေးစက်များအဖြစ်သို့ ပြန်လည်ဖန်တီးပေးလိုက်လေ၏။ "ကျန့်လန် ကံကောင်းသွားတယ် သွေးဓားမြေခွေးသာ နှစ်ခုနှစ်သောင်းသက်တမ်းရှိသွားရင် ဘယ်လိုချချခုခံခုခံ မရဘူး သေနိုင်တယ်" ဂျိတ်သည် ထိုတိုက်ပွဲအား ကြည့်ရှုကာ ရေရွတ်လိုက်သည်။ သွေးဓား​မြေခွေးသည် တိရစ္ဆာန်ဖြစ်သောကြောင့် ထိုမျှထိသာ သွေးအား ထိန်းချုပ်နိုင်သည်ဖြစ်၏။ သွေးထိန်းချုပ်နည်းအား ထိုထက်တစ်ဆင့်မြင့်ကာ သုံးတတ်ပါက ကျန့်လန်သည် ခုခံချိန်ပင်ရမည်မဟုတ်ပဲ သေပွဲဝင်ရမည်ဖြစ်သည်။ "အစီရင်ကလဲ မပြီးနိုင်သေးဘူး " ကျန့်လန်သည် သွေးဓားမြေခွေးအား အချိန်တိုတွင်း၌ သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်လိုက်ရလေ၏။ သူ၏အစောပိုင်း၌ တတိယစွမ်းရည်သုံးပြီး တိုက်ခိုက်ထားမှုကြောင့် ရှေ့ပြေးသားရဲအုပ်စုသည် သေဆုံးသွားပြီး သူ့အတွက် အသက်ရှုချောင်နေပြီး သွေးဓားမြေခွေးအား အာရုံစိုက်နိုင်ခဲ့သည်ဖြစ်သည်။ သို့သော်လည်း နောက်၌ရှိသော သားရဲအုပ်ကြီးသည်လည်း မြို့ရိုးနားသို့ ရောက်လာရန် နှစ်မိနစ်မျှသာ လိုတော့သည်ဖြစ်ရာ သွေးဓားမြေခွေးအား သတ်ဖြတ်ရန် သူ့အတွက် အချိန်နှစ်မိနစ်သာ ကျန်ရှိတော့သည်ဖြစ်၏။ "ဝူး" သွေးဓားမြေခွေးကလည်း နောက်ထပ်တစ်ကြိမ် သွေးများအား ဓားများအသွင်ပြောင်းလဲပြီး ကျန့်လန်အား ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ "ပဥ္စမ ဝိညာဥ်ကွင်း ဓားခုတ်ကောင်ဘုရင်... စတုတ္ထဝိညာဥ်ကွင်း ဓားခုတ်ကောင်ဒေါသ....." ကျန့်လန်သည် သူ့အား သွေးဓားများ ပျံသန်းလာသည်နှင့် ချက်ချင်းပင် ဝိညာဥ်ကွင်းနှစ်ခုသုံးချလိုက်သည်။ ငါးခုမြောက်သိုင်းဝိညာဥ်ကွင်းအစွမ်းကြောင့် သူ၏အော်ရာသည် နဂိုရှိသည်ထက် ပိုမိုမြှင့်တက်လာပြီး သွေးဓားမြေခွေးအား ကြောက်လန့်စေ၏။ထိုအချိန်မှာပင် သူ၏တိုက်ခိုက်ရေးစွမ်းရည်အားလုံးသည် နောက်တစ်ဆင့်ထိသို့ တစ်မိနစ်စာမျှ မြင့်တက်သွားသည်လည်းဖြစ်သည်။ လေးခုမြောက် သိုင်းဝိညာဥ်ကွင်း၏အစွမ်းသည် သွေးဓားမြေခွေးကဲ့သို့ သွေးနှင့် ပတ်သက်၏။ သွေးများမြင်ရလေ သွေးနံရလေလေ သို့မဟုတ် မိမိသတ်ဖြတ်ခဲ့သော ရန်သူအရေတွက်အလိုက်ပေါ်မှုတည်ပြီး အသွင်ပြောင်းထားသော ဓားခုတ်ကောင်ဓားလက်အသွင်သည် အလွန်တရာ ထက်မြက်လာပြီး ဝိညာဥ်လက်နက်အဆင့်ထိ သန်မာမာကျောသွားသည်ဖြစ်သည်။ "ဝုန်း" ကျန့်လန်သည် ဝိညာဥ်ကွင်းနှစ်ခုသုံးပြီး မိမိထံလာနေသော ဓားများအား အသာပင် ဖျက်စီးလိုက်ပြီး သွေးဓားမြေခွေးထံပြေးဝင်သွား၏။ သွေးဓားမြေခွေးကလည်း လည်၏။ မိမိပစ်လိုက်သော ဓားများသည် အလုပ်မဖြစ်သည့်အပြင် ကျန့်လန်မှ မိမိထံပြေးလာနေကြောင်း မြင်သောအခါ သူ၏အနားရှိသွေးများကို အသုံးပြုပြီး သွေးဘောလုံးအကာကွယ်ဖန်တီးပြီး သူ့ကိုယ်သူဖုံးအုပ်လိုက်၏။ "မြေခွေးစုတ်" သွေးဓားမြေခွေးမှ ထိုသို့ပြုလုပ်ကြောင်းမြင်သောအခါ ကျန့်လန်အနေဖြင့် ထိုမြေခွေးသည် အလွန်ပင် ညဏ်များကြောင်း လက်ခံရပေသည်။ လက်ရှိ၌ သူသည် ဝိညာဥ်ကွင်းနှစ်လုအစွမ်းကြောင့် မာကျောပေ့ဟူသော သွေးဓားမြေခွေး၏အကာကွယ်အား ဖြိုခွဲနိုင်သော်လည်း အချိန်ပေးရမည်ဖြစ်သည်။ ဖြိုခွဲနိုင်သောအခါ၌ သူသုံးထသော ဝိညာဥ်ကွင်းသက်ရောက်မှုသည် ကုန်ဆုံးသွားမည်ဖြစ်သည်။ထိုအခါ၌ သူသည် မုဆိုးမှ သားကောင်ဘဝပြန်လည်ရောက်ရှိသွားနိုင်၏။ "ဒီလိုဖြစ်မယ်ထင်ရင် မှားသွားမှာပေါ့ ငါကမင်းထက် ပိုလည်တယ်ကွ" ကျန့်လန်သည် မထီမဲ့မြင်သော အပြုံးဖြင့် ပြုံးပြီး အထူးသွေးမျိုးဆက်အား အသက်သွင်းလိုက်သည်။ "ဒုတိယစွမ်းရည် အရိပ်လျှောက်လမ်းခြင်း" ထိုဝိညာဥ်ကွင်းစွမ်းရည်သည် ရန်သူ၏အရိပ်ထဲသို့ ဝင်ပုန်းနိုင်စွမ်းရှိပြီး ကျန့်လန်အတွက် အလွန်တရာအားထားရသော စွမ်းရည်ဖြစ်သည်။ ထိုအစွမ်းကြောင့် ကျန့်လန်သည် သွေးဓားမြေခွေး၏အကာကွယ်အား ဖျက်စီးစရာမလိုပဲ အသာလေး အထဲသို့ ဝင်ရောက်သွားလေ၏။ သေမင်းနှင့်နီးကြောင်း ချက်ချင်းပင် သွေးဓားမြေခွေးသည် အာရုံရသည်နှင့်ပြေးရန်ကြံ၏။ "မင်းသေနေစေ့ပြီကွ...ဆဌမမြောက်စွမ်းရည် သတ်ဖြတ်ခြင်း" ကျန့်လန်ကလဲ ချက်ချင်းပင် သွေးဓားမြေခွေး၏အရိပ်ထဲမှ ထွက်လာကာ နောက်ဆုံးဝိညာဥ်ကွင်းကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။ ထိုဝိညာဥ်ကွင်းသည် ကျန့်လန်၏နောက်ဆုံး ဝိညာဥ်ကွင်းဖြစ်သလို အကြမ်းဆုံးစွမ်းရည်လည်းဖြစ်၏။ တစ်ဦးတစ်ယောက်ကိုသာ တိုက်ခိုက်နိုင်သော စွမ်းရည်ဖြစ်သော်ငြားလည်း အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ထိုစွမ်းရည်သည် ရန်သူအား ပစ်မှတ်ထားသည်နှင့် လွတ်မြောက်ရန်မဖြစ်နိုင်တော့သလို ထောင်ပေါင်းများစွာသော များပြားလှသော ဓားထိခိုက်ချက်အား တစ်ချက်တည်းဖြင့် ထိခိုက်မှုပေးစေသည်ဖြစ်သည်။ ထိုဝိညာဥ်ကွင်း၏စွမ်းရည်နှင့်တကွ ရှေ့၌သုံးထားသော ဝိညာကွင်းစွမ်းရည်နှစ်ခုကို ပေါင်းစပ်အသုံးပြုပြီး ဓားခုတ်ကောင်ဓားသွားဖြင့် ခုတ်ချလိုက်သောအခါ နှစ်သောင်းချီရှင်သန်လာသော မာကျောပေ့ဟူသော သွေးဓားမြေခွေး၏အရေပြားကို အသာယာပင် ဖောက်ထွင်းပြီး အသက်အား ယူဆောင်သွားလေတော့၏။ "ဘုတ်" သွေးဓားမြေခွေးခမြာ အူသံတစ်ချက်ပင် မပေးနိုင်ပဲ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားရတော့၏။ သတ်ဖြတ်ပြီးသည်နှင့် ကျန့်လန်လည်း ထိုသွေးဓား​မြေခွေးအား ပခုံးပေါ်တင်လာပြီး မြို့ရိုးပေါ်သို့ အမြန်တက်လာလိုက်သည်။ ထိုအချိန်မှာပင် အစီရင်သည်ပြီးဆုံးထားပြီးဖြစ်သောကြောင့် တပ်သားများမှ အသုံးပြုလိုက်ကြ၏။ "မီးမှော်အစီရင်" ထိုအစီရင်အသက်ဝင်လာမှုကြောင့် မြို့ရိုးပေါ်၌ ကြီးမားသော မှော်ပုံစံဖြစ်တည်လာပြီး ထိုမှနေ၍ ကြီးမားများပြားပြင်းထန်လှသော မီးလုံးများထွက်ပေါ်လာကာ သားရဲအုပ်ကြီးအား သတ်ဖြတ်လေတော့၏။ "ဝုန်း...ဝုန်း...ဝုန်း" များပြားလှသော မီးလုံးကြီးများ တိုက်ခိုက်မှုအောက်၌ များပြားလှသော သားရဲများသည် တဖြုတ်ဖြုတ်ပင် ထပ်မံသေဆုံးကြရလေ၏။ ထိုအခါမှ ကျန့်လန်သည်လည်း စိတ်သက်သာရပြီး အမောဖြေရန်ကြံ​နေစဥ် "အား..အ....အား" ကြီးမားကျယ်လောင်လှသော ကျီးကန်းသံကြောင့် မီးမှော်အစီရင်ကြီးမှ ရုတ်ခြည်းဆိုသလို ရပ်တန့်သွားရလေ၏။ "ဟင်မဖြစ်နိုင်တာ" ထိုအော်သံကြောင့် ကျန့်လန်တစ်ယောက် တုန်လှုပ်ခြောက်ခြားသွားရလေ၏။ "အိမ်မက်ဆိုး မရဏကျီးကန်းဧကရာဇ်က ဒီသားရဲအုပ်ကို ဦးဆောင်တာလားဟ" ကျန့်လန်တစ်ယောက် မယုံနိုင်ဖွယ်ကောင်းသော ဟန်ဖြင့် တီးတိုးရေရွတ်လိုက်၏။ဆက်လက်ပြီး "သူပါလာရင် အဆိပ်နက် မြွေနဂါးလည်း ပါလာမှာပဲ" "ရွှီး" မြို့ရိုးထံပြေးလာသော သားရဲအုပ်ကြီး၏နောက်၌ အမဲရောင်ငွေ့များ ထောင်းထနေကြောင်း မြို့ရိုးရှိလူတိုင်း တွေ့လိုက်ကြရ၏။ ထိုအငွေ့များသည် အဆိပ်များဖြစ်ပြီး ထိုအဆိပ်ငွေ့များကြား၌ မျက်လုံးနီရဲနေသော မြွေကြီးတစ်ကောင်ရှိကြောင်း တွေ့လိုက်ရလေသည်။ ထိုအခါမှ ကျန်လန့်သည် ယခုအချိန်မှသာ တိုက်ပွဲအစစ်မှန်စတင်ကြောင်း နားလည်သဘောပေါက်လိုက်ပြီဖြစ်သည်။

All Chapters