ချင်းယွဲ့ဂိုဏ်းသို့ ပြန်လာခြင်း
Vol. 51 Ch. 537
ချင်းယွဲ့ဂိုဏ်း
ဂိုဏ်းချုပ်အသစ် ယွင်ခုံး ရာထူးတက်လာပြီးနောက် ဒုဂိုဏ်းချုပ် ချီယွမ်နှင့် မဟာအကြီးအကဲ လီထျန်းဟွာတို့၏ ဖေးမကူညီမှုအောက်တွင် ချင်းယွဲ့ဂိုဏ်းက ဒုတိယအကြိမ်မြောက် အထွတ်အထိပ်သို့ ရောက်ရှိလာသည့် ဖွံ့ဖြိုးတိုးတက်ရေးကာလကို စတင်ခဲ့သည်။
တိုတောင်းလှသော နှစ်နှစ်တာကာလအတွင်း နယ်မြေချဲ့ထွင်မှုမှာ ဆပွားမက တိုးတက်လာခဲ့သလို ဂိုဏ်းအတွင်း၌လည်း ထူးချွန်ထက်မြက်သည့် ပါရမီရှင်များမှာ မိုးအေးအေးတွင် မှိုတက်သကဲ့သို့ တဖွဲဖွဲ ထွက်ပေါ်လာကြသည်။
နောက်တစ်ကြိမ် ကျင်းပမည့် ဂိုဏ်းပေါင်းစုံတိုက်ပွဲ တွင် ချင်းယွဲ့ဂိုဏ်းက အဆင့် (၁၀) အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ထိပ်တန်းလက်အောက်ခံဂိုဏ်းတစ်ခုအဖြစ် ရပ်တည်နိုင်မည်မှာ သေချာသလောက် ရှိနေသည်။
ဤကိစ္စ တွင် အထူးခြားဆုံးအချက်မှာ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းပင် ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်း၏ ယခုကဲ့သို့ စည်ပင်ဝပြောမှုမှာ ထျန်းရှထုန်၏ ထောက်ပံ့မှုကြောင့်ဟုပင် ဆိုနိုင်သည်။
ကျင့်ကြံခြင်း အရင်းအမြစ်များ၊ ဝိညာဉ်ကျောက်စိမ်းများနှင့် တာအိုကျောက်စိမ်းများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
ဤမျှ ပေါကြွယ်ဝလှသော အရင်းအမြစ်များကြောင့် ချင်းယွဲ့ဂိုဏ်းတပည့်များ၏ ပါရမီမှာ အခြားဂိုဏ်းများထက် အနည်းငယ်နိမ့်ပါးနေစေကာမူ တိုက်ပွဲဝင်ရာတွင် ရင်ဘောင်တန်းနိုင်ကြသည်။
ဤအရာက ငွေကြေး၏ စွမ်းအားပင် ဖြစ်သည်။ အခြားဂိုဏ်းများက မနာလိုဖြစ်နေကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။
မည်သူကမှ ထျန်းရှထုန်ကဲ့သို့သော အရှိန်အဝါကြီးမားသည့် နောက်ခံကို မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်း၏ တောင်ထိပ်ကြီး ခြောက်ခုမှာ ယခုအခါ မိုင်ပေါင်းသောင်းချီ၍ ကျော်ကြားသော ကျင့်ကြံခြင်းနယ်မြေများ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင်၊ ဗဟိုတောင်ထိပ်၏ အထက်၌...
သန်မာထွားကြိုင်းသော ပုံရိပ်တစ်ခုက ကောင်းကင်မှ အရှိန်အဟုန်ဖြင့် ဖြတ်သန်းလာပြီး ချင်းယွဲ့ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ များ နေထိုင်ရာသို့ ရောက်ရှိလာသည်။
အေးချမ်းလှသော ဥယျာဉ်တစ်ခုအတွင်းသို့ သူက ဘုန်းခနဲ ဆင်းသက်လိုက်ရာ သူ၏ ပြောင်လက်နေသော ဦးခေါင်းမှာ နေရောင်အောက်တွင် တောက်ပနေတော့သည်။
သူက အိမ်လေးတစ်လုံး၏ တံခါးရှေ့သို့ ရောက်သည်နှင့် ခြေထောက်ဖြင့် တစ်ချက်တည်း ကန်ထည့်လိုက်ရာ ထိုတံခါးမှာ သူ၏ ပြင်းထန်သော ခွန်အားကြောင့် ဝုန်းခနဲ ပြိုကျသွားသည်။
"အဘိုးကြီး လီ"
"မြန်မြန်ထွက်ခဲ့စမ်း၊ အထက်က အလုပ်ပေးလိုက်ပြီဟေ့"
ဤလူမှာ ယခုအခါ ချင်းယွဲ့ဂိုဏ်း၏ ဒုတိယအာဏာအရှိဆုံးဖြစ်ပြီး ဂိုဏ်းချုပ်ယွင်ခုံးနှင့် ရာထူးချင်း အဆင့်အတန်းတူညီသော ချီယွမ် ပင် ဖြစ်သည်။
သို့သော် သူက အခန်းထဲသို့ အားပါပါဖြင့် လှမ်းဝင်လိုက်ချိန်တွင် အနည်းငယ် ကြောင်သွားသည်။
ထို့နောက် ရယ်မောကာ ပြောလိုက်သည် "ဟေး... ကုံးဇီလေး လည်း ရှိနေတာကိုး"
သူ့ရှေ့တွင် ယွင်ခုံးနှင့် လီထျန်းဟွာတို့မှာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ဂိုဏ်းချုပ်ဖြစ်လာသော ယွင်ခုံးက အရင်ကထက် ပို၍ တည်ငြိမ်လာပြီး ခေါင်းဆောင်တစ်ဦး၏ အော်ရာ များလည်း ထွက်ပေါ်နေသည်။
သို့သော် ချီယွမ်နှင့် ရင်ဆိုင်ရချိန်တွင်မူ ဂိုဏ်းချုပ်ဆိုသည့် ဂုဏ်ပုဒ်မှာ ပျောက်ဆုံးသွားရစမြဲပင်။
အကန်ခံလိုက်ရသည့် တံခါးကိုကြည့်ကာ မျက်မှောင်အသာကြုတ်လိုက်သော်လည်း ဘာမှမမြင်သကဲ့သို့သာ နေလိုက်သည်။
လီထျန်းဟွာကမူ မျက်နှာပျက်ပျက်ဖြင့် အော်လိုက်သည်။ "ချီယွမ်... မင်းသာ ငါ့တံခါးကို ထပ်ဖျက်ဦးမယ်ဆိုရင်တော့ ငါ မင်းနဲ့ အသေအလဲ တိုက်တော့မယ်"
ချီယွမ်က ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြကာ "အရင် အကြိမ် ၅၀ တုန်းကလည်း မင်း ဒီလိုပဲ ပြောတာပဲလေ"
"စိတ်မတိုစမ်းပါနဲ့... တစ်ခု ပြန်လဲလိုက်ရုံပေါ့"
" အလွန်ဆုံးရှိရင် ငါ မင်းကို လျော်ပေးမှာပေါ့၊ မနေ့ကတင် ထျန်းရှထုန်က စီမံသူ ကျန်းနဲ့ တွေ့ခဲ့သေးတယ်၊ ဘာမှ မစိုးရိမ်နဲ့"
သူက ရှေ့သို့တိုးကာ သူတို့နှစ်ယောက်ကြားတွင် ဝင်ထိုင်လိုက်သည်။
လီထျန်းဟွန့်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အကယ်၍ အရင်ကဆိုလျှင် သူက ချီယွမ်ကို သေချာပေါက် ပညာပေးပေလိမ့်မည်။
သို့သော် ယခုမူ...
ချီယွမ်က ရာထူးအရ သူ့ထက် အဆင့်တစ်ဝက် မြင့်သလို ချင်းယွဲ့ဂိုဏ်း၏ အဓိက အလှူရှင်ဖြစ်သည့် ထျန်းရှထုန်နှင့်လည်း တိုက်ရိုက်အဆက်အသွယ် ရှိနေသဖြင့် မည်သို့မျှ မပြောသာပေ။
'ထားလိုက်ပါတော့လေ...'
'ဒီကောင်ကြီးလည်း နှစ်ပေါင်းရာချီ ဒုက္ခခံခဲ့ရတာပဲ၊ အခုမှ ဂုဏ်ဖော်နေတာကို ခွင့်လွှတ်ပေးလိုက်ရုံပေါ့'
သူ့ကိုယ်သူ ဖြေသိမ့်လိုက်ရသည်။
လီထျန်းဟွာ ဘာမှမပြောတော့သည်ကို မြင်သောအခါ ချီယွမ်က ကလေးတစ်ဦးကဲ့သို့ ပုခုံးကို လှုပ်ခါကာ ဝမ်းသာအားရ ဖြစ်နေသည်။
ထို့နောက် မေးလိုက်သည် "မင်းတို့ ဘာတွေ ဆွေးနွေးနေကြတာလဲ"
ယွင်ခုံးက ချောင်းတစ်ချက်ဟန့်ကာ ပြောသည်။ "အထက်က အမိန့်ကျလာလို့ပါ၊ ဦးလေးချီဆီ ရောက်လာတဲ့ အမိန့်နဲ့ အတူတူပဲ ဖြစ်မှာပါ"
ချီယွမ်က "အော်... လုချန်းကျီ အကြောင်းလား" ဟု မေးသည်။
ယွင်ခုံးက ခေါင်းညိတ်ပြရာ သူက သက်ပြင်းချကာ ပြော သည်။ "ဟင်း... အဲဒီကောင်က တကယ့်ကို ပြဿနာကောင်ပဲ"
" တစ်ကမ္ဘာလုံးက ထျန်းဖူနန်းတော်ရဲ့ အလိုရှိစာရင်းထဲ ပါသွားတယ်ဆိုတော့ သူ ဘာတွေများ လုပ်ခဲ့လို့လဲ"
ယွင်ခုံးက ခေါင်းခါလျက် "ကျွန်တော်လည်း မသိဘူး"
"ဒါပေမဲ့ အထက်က အမိန့်က အရမ်းကို အရေးကြီးနေပုံရတယ်"
"လွန်ခဲ့တဲ့ ရက်ပိုင်းက နတ်သမီး လင်းလျို့ ပြောပြတာတော့ ထျန်းဖူနန်းတော် မှာ အဆင့်မြင့်အကြီးအကဲ တွေကို သတ်ဖြတ်တဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်"
"အဲဒါ သူနဲ့ ပတ်သက်နေတယ်ထင်တယ်"
ချီယွမ်က နှာခေါင်းရှုံ့ကာ "ဒီထျန်းဖူနန်းတော်ကလည်း အသုံးမကျလိုက်တာ၊ လုချန်းကျီ တစ်ယောက်တည်းကို ဒီလောက်အထိ အဖြစ်ဆိုးနေကြတာလား"
" အရင်က ငါတို့ ချင်းယွဲ့ဂိုဏ်းမှာ ရှိတုန်းကတော့ ဘာမှမဟုတ်ပါဘူး"
"ငါ့ညီလေး ချင် က လက်တစ်ချက်နဲ့တင် အနိုင်ယူ လိုက်တာပဲ"
ပြောရင်းနှင့် သူက ယွင်ခုံးကို ကြည့်ကာ ပြုံးစိစိဖြင့် "ဒါနဲ့... ငါ့ညီလေး ရဲ့ သတင်းရော ကြားမိသေးလား "
"သူ အခု ဘယ်လိုနေလဲ"
ယွင်ခုံးက စိတ်ပျက်လက်ပျက်ဖြင့် "ဦးလေးချီ... ကျွန်တော်လည်း အဲဒီဘက်နဲ့ ရံဖန်ရံခါပဲ အဆက်အသွယ် ရှိတာပါ ဦးလေးချီက ကျွန်တော့်ကို တွေ့တိုင်း မေးနေတာပဲ"
"လက်ရှိ သတင်းအရတော့ ထန်ထျန်းက အရာအားလုံး အဆင်ပြေနေပါတယ်၊ ဖြစ်နိုင်ရင် ထျန်းဖူနန်းတော် ရဲ့ မြင့်မြတ် သားတော် နေရာအတွက်တောင် ပြိုင်နေလောက်ပြီ"
ချီယွမ်က ထိုစကားကို ကြားသည်နှင့် ဟားတိုက်ရယ်မောလိုက်သည်။
"ငါ ပြောသားပဲ ငါ့ညီလေး က ဘယ်နေရာရောက်ရောက် ပါရမီရှင် ပဲဟေ့"
"ထျန်းဖူနန်းတော် ရဲ့ မြင့်မြတ် သားတော်တဲ့လား"
" ဟားဟား... ငါ ပြန်သွားရင်တော့ ငါ့ရဲ့ အသုံးမကျတဲ့ တပည့်တွေကို သေချာဆုံးမရဦးမယ်"
ယွင်ခုံးကတော့ ခေါင်းခါလိုက်မိသည်။ ဆဋ္ဌမတောင်ထိပ်မှ အဓိကတပည့်များမှာတော့ ဒုက္ခရောက်ကြဦးမည်။
ထန်ထျန်း၏ စံနှုန်းဖြင့် သူတို့ကို တောင်းဆိုနေခြင်းမှာ မဖြစ်နိုင်သော အံ့ဖွယ်ကိစ္စ ကို လုပ်ခိုင်းနေသကဲ့သို့ပင်...
"ကျွန်တော်တို့ လုချန်းကျီ ကိစ္စကိုပဲ ဆက်ပြောရအောင်"
ယွင်ခုံးက စကားလမ်းကြောင်းကို ပြန်လှည့်လိုက်သည်။ "ဒီကိစ္စကို အထက်က အရမ်းအလေးထားတယ်၊ ချက်ချင်း လုပ်ရမယ်"
"ကျွန်တော့် အစီအစဉ်ကတော့..."
သူတို့ လုချန်းကျီကို ရှာဖွေရန် ဆွေးနွေးနေကြစဉ် အဓိကတောင်ထိပ်ထက်၌ ကြီးမားလှသော အစီအရင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဟင် တည်နေရာကူးပြောင်းခြင်း အစီအရင်ပါလား"
"အထက်ကလူတွေ ရောက်လာတာလား"
ချီယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
ထျန်းဖူနန်းတော် မှ လူများရောက်လာခြင်း ဖြစ်သဖြင့် သူတို့ သုံးဦးစလုံး ကြိုဆိုရန် အမြန်ထွက်လာခဲ့ကြသည်။
အစီအရင်၏ လှိုင်းလုံးများ ငြိမ်သက်သွားချိန်တွင် သူတို့ရှေ့၌ ပုံရိပ်နှစ်ခု ပေါ်လာသည်။
"သောက်"
" လောင်ချင် "
ချီယွမ်က အံ့အားသင့်စွာ အော်လိုက်သည်။
ထန်ထျန်းသည်လည်း ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသဖြင့် ပြုံးပြလိုက်သည်။
"အားလုံးပဲ... မတွေ့တာ ကြာပြီနော်"
.....
ခဏအကြာတွင် အ ဆောင် အောက်၌ လူငါးဦး ထိုင်နေကြသည်။
ထန်ထျန်း ရောက်လာခြင်းကြောင့် ချီယွမ်က အလွန်စိတ်လှုပ်ရှားနေပြီး ချင်းယွဲ့ဂိုဏ်း၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို မရပ်မနား ပြောပြနေတော့သည်။ လီထျန်းဟွာနှင့် ယွင်ခုံးတို့ကမူ ပို၍ တည်ငြိမ်ကြပြီး ထန်ထျန်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။
စကားစမြည် ပြောပြီးနောက် ချီယွမ်က မေးလိုက်သည်။ "လောင်ချင် ... မင်းက လုချန်းကျီကို လိုက်ဖမ်းဖို့ လာတာလား"
ထန်ထျန်းက ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းခါလျက် ပြုံးလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်တော် ခဏ ပြန်လာကြည့်တာပါ"
" ပြီးတော့... အရင်က ဒီမှာ ထားခဲ့တဲ့ ပစ္စည်းအချို့ကို ပြန်ယူမလို့ပါ"
"ဒါက ကျွန်တော့် သူငယ်ချင်းပါ"
သူက ချီယွမ်တို့အား ဤပြဿနာများထဲတွင် မပါဝင်စေချင်ပေ။
ရှင်းဟယ် အင်မော်တယ် ဧကရာဇ်ကလည်း သူ၏ မည်သူဖြစ်ကြောင်းကို ထုတ်ဖော်မပြဘဲ ထန်ထျန်း၏ သူငယ်ချင်းအဖြစ်သာ လိုက်ပါလာခဲ့သည်။
ချီယွမ်က "အော်... ဒါဆို ငါ မင်းနဲ့အတူ လိုက်ခဲ့ရမလား"
" အခု ချင်းယွဲ့ဂိုဏ်းမှာ ငါ 'တစ်' ဆိုရင် ဘယ်သူမှ 'နှစ်' မပြောရဲဘူး၊ အကြီးအကဲ တစ်ယောက်တောင် ငါ့ရှေ့မှာ စကားမပြော ရဲဘူး ဟားဟား"
လီထျန်းဟွာ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ဤကောင်ကြီးမှာ သူ့ကို နှိမ်ရန် အမြဲ ကြံစည်နေတော့သည်။
ထန်ထျန်းက ပြုံး ကာ "မလိုပါဘူး၊ ကျွန်တော် ခဏနေရင် ထွက်သွားမှာပါ"
" ခရမ်းဝါးခြံဝင်း မှာ ကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကို ယူပြီး အဲဒီနေရာကို ပြန်သတိရချင်လို့ပါ"
" အဲဒီမှာ အခု ဘယ်သူမှ မရှိဘူးမလား"
ချီယွမ်က လက်ကာပြလျက် "သေချာပေါက် မရှိဘူးပေါ့"
"မင်း စိတ်ချပါ၊ မင်း ထွက်သွားပေမဲ့ ခရမ်းဝါးခြံက မင်းအပိုင်ပဲ"
"မင်း ထွက်သွားတုန်းက ဘယ်လိုရှိလဲ၊ အခုလည်း အဲဒီအတိုင်းပဲ"
ထန်ထျန်းက လက်သီးဆုပ်ပြလျက် "ဒါဆို ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချီ"
ထို့နောက် သူက ရှင်းဟယ် အင်မော်တယ် ဧကရာဇ်နှင့်အတူ ခရမ်းဝါးခြံဝင်းသို့ သွားရန် ပြင်လိုက်သည်။
မထွက်ခွာမီ သူက နောက်လှည့်ကာ တစ်ခု မေးလိုက်သည်။ "ဝမ်ကျိယွီ အကြောင်း သတင်းတစ်ခုခု ကြားမိသေးလား"
ချီယွမ်၊ ယွင်ခုံးနှင့် လီထျန်းဟွာတို့ သုံးဦးစလုံး ကြောင်သွားကာ မေးကြသည်။ "ဘယ် ဝမ်ကျိယွီ လဲ"
ထန်ထျန်းက ခေါင်းခါလိုက်မိသည်။ သူ ဘာကို မျှော်လင့်နေမိသနည်း။
"ထားလိုက်ပါတော့... ဘာမှ မဟုတ်တော့ပါဘူး"
" ကျွန်တော် ခရမ်းဝါးခြံဝင်းကို အရင်သွားလိုက်ဦးမယ်၊ နောက်မှ ပြန်ဆုံကြတာပေါ့"
သူက ချီယွမ်တို့ သုံးဦးကို နှုတ်ဆက်ကာ ရှင်းဟယ် အင်မော်တယ် ဧကရာဇ်နှင့်အတူ ခရမ်းဝါးခြံဝင်းရှိရာသို့ ပျံသန်းထွက်ခွာသွားတော့သည်။