အခန်း (၁၅၆၁-၁၅၆၃)
Vol. 105 Ch. 1561-1563
အခန်း (၁၅၆၁ )
ဘဝသံသရာကျောက်တုံးမှ မှတ်ဉာဏ်များကို ပြန်လည်ရယူခြင်း
သတိပြန်ဝင်လာပြီးနောက် လုချန်းကို ယွမ်ချင်းရှု လှည့်ကြည့်ကာ
“ရှင် ပြောတာ တကယ်ပဲလား”
လုချန်းက
“မင်းကို လိမ်ပြောဖို့ ကိုယ့်မှာ အကြောင်းပြချက်မရှိပါဘူး။ ပြီးတော့ ဒီတစ်ခါ ခေတ်ကူးကပ်ဘေးက အရင်တစ်ခေါက်ထက် ပိုပြီး ကြောက်စရာကောင်းတယ်။”
“ရှန်ဝူဧကရာဇ်ဟာ ကောင်းကင်ဧကရာဇ် တစ်ယောက် ဖြစ်ပေမဲ့ အဲ့ဒီ အစိမ်းရောင်အရည်ကြောင့် ခဏချင်းအတွင်းမှာပဲ အရည်ပျော်သွားတာကို ကိုယ်ကိုယ်တိုင် မြင်ခဲ့ရတာ။”
“အစတုန်းက အဲဒီ အနီရောင် ကြိုးမျှင်တွေတောင် ရှန်ဝူဧကရာဇ်ကို မသတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီ အစိမ်းရောင်အရည်ကတော့ သူ့ကို အလွယ်တကူပဲ သတ်ပစ်နိုင်ခဲ့တယ်။”
“အခု အဲဒီ အစိမ်းရောင်အရည်တွေက စကြဝဠာ တစ်ခုလုံးမှာ လှိုင်းလုံးတွေလို လျှံတက်နေပြီ။ မကြာခင် ရှနိုင်ငံကို ရောက်လာတော့မယ်။ နတ်ဝိညာဉ်ထီးရဲ့ အကာအကွယ် က အဲ့ဒါကို တောင့်ခံနိုင်ဖို့ မလွယ်ဘူး။”
လုချန်း၏ စကားများကြောင့် ယွမ်ချင်းရှု တိတ်ဆိတ်သွား၏။ လုချန်း ပြောပြသော အစိမ်းရောင်အရည်ကို သူမ မမြင်ဖူးသော်လည်း သူ၏ ဖော်ပြချက်အရ ၎င်း မည်မျှ ကြောက်စရာကောင်းကြောင်း သူမ ခန့်မှန်းနိုင်သည်။
ကောင်းကင်ဧကရာဇ်ပင် ထိုအစိမ်းရောင်အရည်နှင့် ထိတွေ့ရုံဖြင့် အသက်မရှင်နိုင်လျှင် သူတို့ကဲ့သို့ အဆင့်နိမ့်သော ဧကရာဇ်များကတော့ ဆိုဖွယ်ရာ မရှိပေ။
ထိုသို့ဆိုလျှင်တော့ သူတို့ ဤခေတ်ကူးကပ်ဘေးမှ လွတ်မြောက်နိုင်ရန် အလားအလာ ရှိပုံမရတော့ပေ။
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ယွမ်ချင်းရှုက
“ဒါဆို ရှင်က မသေခင်မှာ ကျွန်မကို ရှင့်မိန်းမ ဖြစ်စေချင်တာလား”
ဟု အေးစက်စွာ ပြောလိုက်၏။
လုချန်းက ငြင်းဆိုခြင်း မပြုပဲ ပြုံးလျက် “ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့အားလုံး သေရမှာပဲလေ။ ကိုယ့်မှာ ဒီလိုအတွေးမျိုး ရှိလို့ မရဘူးလား။”
လုချန်း၏ အဖြေကို ယွမ်ချင်းရှု ကြားလျှင် သူမ၏ ပတ်ဝန်းကျင်ရှိ ရေခဲစွမ်းအားများ ထိုကြယ်နယ်မြေ တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွား၏။
ယွမ်ချင်းရှုက
“အဲ့ဒီတုန်းက ရှင် ကျွန်မကို ဘာပြောခဲ့လဲ”
လုချန်းက
“အဲဒါက အရင်တုန်းကလေ။ အခုက အခုပဲ”
“မင်း ရှန်ရှန်ရဲ့ မှတ်ဉာဏ်တွေကို စိတ်အာရုံနဲ့ ဖတ်ဖူးတယ်ဆိုတော့ ကိုယ်က ဘယ်လိုလူလဲဆိုတာ မင်း သိမှာပါ။ ဒါတွေနဲ့ ပတ်သက်လာရင် ကိုယ်က ဘယ်တုန်းကမှ ကတိမတည်ခဲ့ဘူး။”
လုချန်း၏ အရှက်မရှိသော အမူအရာကို မြင်လျှင် ယွမ်ချင်းရှု နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်မ သေရင်တောင် ရှင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမှာ မဟုတ်ဘူး။”
သူမ၏ စိတ်အာရုံကို ဖောက်ခွဲဖျက်ဆီးရန် ယွမ်ချင်းရှု ပြင်ဆင်လိုက်စဉ်နှင့် သူမကို နှိမ်နင်းရန် လုချန်းက စွမ်းအားကို အသုံးပြုတော့မည့် အချိန်၌ ဝေးလံသော နေရာမှ လှိုင်းကြက်ခွပ်များကဲ့သို့ ဖျော့တော့သော အနီရောင် စွမ်းအားတစ်ခု ပျံ့နှံ့လာသည်။
ထိုစွမ်းအားကို ခံစားမိသည်နှင့် လုချန်း၏ ခန္ဓာကိုယ် ချက်ချင်း ပူနွေးလာသည်။ ယွမ်ချင်းရှု၏ ခန္ဓာကိုယ်သည်လည်း ထိုနည်းတူပင် ဖြစ်သွား၏။ ထို့နောက် သူမအတွင်းရှိ အေးစက်မှုများ နှိမ်နင်းခြင်း ခံလိုက်ရပြီး သူမ၏ စွမ်းအားများသည်လည်း ချိပ်ပိတ်ခံလိုက်ရကာ သူမကိုယ်သူမ ဖျက်ဆီးနိုင်ခြင်းလည်း မရှိတော့ပေ။
ယွမ်ချင်းရှု ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ပန်းနီရထားတစ်စီး နတ်ဝိညာဉ်ထီး၏ အကာအကွယ် အတားအဆီးကို ဖြတ်ကျော်ကာ သူတို့၏ ဘေးနားတွင် ပေါ်ပေါက်လာ၏။
ပန်းနီရထားကို မြင်လျှင် ယွမ်ချင်းရှု၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ယွမ်ရှန်ရှန်၏ မှတ်ဉာဏ်များကို သိထားသဖြင့် ၎င်း၏ အရေးပါမှုကို သူမ ကောင်းကောင်းသိ၏။
ပန်းနီရထားမှ ထွက်ပေါ်လာသော စွမ်းအားက သူမကို ချက်ချင်း တောင့်တင်းသွားစေပြီး စိတ်ဝိညာဉ် စွမ်းအားများကို အသုံးမပြုနိုင်အောင် တားဆီးထား၏။ အရေးကြီးဆုံးက သူမ၏ စိတ်အာရုံသည်ပင် ထိုစွမ်းအားဖြင့် သော့ခတ်ခံထားရသကဲ့သို့ ဖြစ်နေသဖြင့် လွတ်မြောက်နိုင်ရန်အတွက် စိတ်အာရုံကို လောင်မြိုက်ဖို့ပင် မဖြစ်နိုင်တော့ချေ။
ပန်းနီရထား ပေါ်လာသည်နှင့် လုချန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွား၏။ ယခုတော့ သူကိုယ်တိုင် အင်အားသုံးရန် မလိုတော့ပေ။
လုချန်း ခန့်မှန်းထားသည့်အတိုင်းပင် နောက်တစ်ခဏ၌ ပန်းနီရထားမှ ပြင်းထန်သော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး သူတို့ နှစ်ဦးစလုံးကို ၎င်း၏ အတွင်းပိုင်း အာကသ ဟင်းလင်းပြင်သို့ ဆွဲခေါ်သွားသည်။
ပန်းနီရထား၏ အတွင်းပိုင်း၌ မင်္ဂလာအခန်းတစ်ခန်း ရှိနေ၏။ ထိုအခန်းတွင်းရှိ အနီရောင် ကန့်လန့်ကာများ၊ အနီရောင် အိပ်ရာခင်းများ၊ အနီရောင် စောင်များနှင့် အနီရောင် ခေါင်းအုံးများသည် အလွန်ပင် ခမ်းနားထည်ဝါနေ၏။
ယွမ်ချင်းရှု ဝင်ရောက်သွားသည်နှင့် သူမ၏ ဝတ်စုံသည် အနီရောင် မင်္ဂလာဝတ်စုံအဖြစ်သို့ ပြောင်းလဲသွားပြီး သူမသည်လည်း လှုပ်ရှားနိုင်ခြင်း မရှိပဲ ခုတင်ပေါ်တွင် တောင့်တောင့်ကြီး လဲလျောင်းနေရ၏။
မျက်စောင်းထိုး၍ လုချန်းကို ယွမ်ချင်းရှု ကြည့်ကာ
“ရှင် ကျွန်မအပေါ် ဒီလိုမျိုး လုပ်ရဲရင် ကျွန်မက...”
ဟု သတိပေးလိုက်သည်။
သို့သော် ယွမ်ချင်းရှု၏ စကားသံသည် တစ်ဝက်နှင့်ပင် ရပ်တန့်သွား၏။ လုချန်း ပြောသကဲ့သို့ ကပ်ဘေးကြီး ဆိုက်ရောက်လာပါက သူတို့ ဤခေတ်၏ ကပ်ဘေးမှ အသက်ရှင်နိုင် လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်က သူတို့ ပေါင်းစည်းပြီးနောက်တွင် သေဆုံးခြင်းနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
ဤအခြေအနေ၌ မည်သို့သော ပြင်းထန်သည့် စကားလုံးမျိုးကမှ လုချန်းကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
ထိုသို့ တွေးမိလျှင် ယွမ်ချင်းရှု အကြီးအကျယ် ဝမ်းနည်းသွား၏။ ဤလူ၏ လက်ထဲသို့ ရောက်ရှိသွားရခြင်းက သူမ၏ ကံတရားလား။
ပန်းနီရထား၏ စွမ်းအား ဖိနှိပ်မှုအောက်တွင် သူမ လုံးဝ ကူကယ်ရာမဲ့နေသဖြင့် မျက်လုံးများကို မှိတ်ထားလိုက်တော့၏။
နောက်တစ်ခဏတွင် လုချန်း၏ ခန္ဓာကိုယ် ထိကပ်လာသည်ကို ခံစားလိုက်ရပြီးနောက် အဝတ်စုတ်ပြဲသွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လုချန်း၏ အသံသည် သူမ၏ နားနားတွင်ကပ်၍ ထွက်ပေါ်လာ၏။
“တကယ်တော့ ကပ်ဘေးကနေ လွတ်မြောက်နိုင်မယ့် အခြားနည်းလမ်းတစ်ခု ရှိသေးတယ်။”
လုချန်းက ယခုမှ ဤအကြောင်းကို ပြောလာသဖြင့် ယွမ်ချင်းရှု ဇဝေဇဝါဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်ရာ လုချန်း၏ ကောက်ကျစ်သော မျက်နှာကို မြင်လိုက်ရ၏။
ယွမ်ချင်းရှုက အေးစက်စွာဖြင့်
“ရှင် လုပ်ချင်တာကိုသာ လုပ်စမ်းပါ”
လုချန်းက သူမကို လှောင်ပြောင်နေသည်ဟု ထင်မှတ်သဖြင့် ယွမ်ချင်းရှု အကြီးအကျယ် ဒေါသထွက်သွားသည်။
ယွမ်ချင်းရှု စကားပြောပြီးသည်နှင့် လုချန်းက ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။
ယွမ်ချင်းရှုလည်း သွားများကို တင်းတင်းစေ့ထားလိုက်မိသည်။
လုချန်းက တစ်ခုခု ဆက်ပြောလိမ့်မည်ဟု သူမ ထင်မှတ်ထားသော်လည်း ထိုလူယုတ်မာက တိုက်ရိုက်ပင် ဆောင်ရွက်ခဲ့သည်။
လုချန်းက ဆက်လက်၍
“ကိုယ့်ရဲ့ အရင်ဘဝ မှတ်ဉာဏ်အချို့ကို ပြန်ရနေပြီ။ ကိုယ်နဲ့ ကိုယ့်ရဲ့ ဇနီးတွေ ဝိညာဉ်ချင်း ထပ်တူကျနိုင်မည်ဆိုရင် ကိုယ့်ရဲ့ အရင်ဘဝ မှတ်ဉာဏ်တွေအားလုံးကို ပြန်ရနိုင်လိမ့်မယ်။ဒါကြောင့်လည်း မင်းကို ကိုယ် ရှာခဲ့တာ။”
“မှတ်ဉာဏ်တွေအားလုံးကို ပြန်ရပြီဆိုရင် ဒီကမ္ဘာကနေ ထွက်ခွာနိုင်မယ့် နည်းလမ်းကို ရှာနိုင်လိမ့်မယ်လို့ ကိုယ် ယုံကြည်တယ်။ ဟုတ်ပါတယ်။ မင်း ကိုယ့်ကို ယုံချင်မှ ယုံမှာပါ။ ဒါပေမဲ့ အခုတော့ မင်း ကိုယ့်လက်ကနေ မလွတ်နိုင်တော့ဘူး။”
ယွမ်ချင်းရှု၏ စိတ်ထဲ အနည်းငယ် တုန်လှုပ်သွား၏။
ယခု သူမသည် လုချန်း၏ မိန်းမ ဖြစ်သွားပြီ ဖြစ်သဖြင့် သူမကို သူ လိမ်ညာရန် မလိုအပ်တော့ပေ။ ထိုသို့ ပြုလုပ်ခံရခြင်းကြောင့် ယွမ်ချင်းရှု အလွန် စိတ်မသက်မသာ ဖြစ်နေသည်။
ထို့နောက် လုချန်း၏ ဆန္ဒအတိုင်းသာ လိုက်လျောရန် ယွမ်ချင်းရှု ဆုံးဖြတ်လိုက်ဟန်ဖြင့် သူမ၏ အကြည့်ကို လွှဲလိုက်၏။ လုချန်းကလည်း တွန့်ဆုတ်နေခြင်း မရှိပဲ သူ၏ ကိုယ်ပွားများအားလုံးကို ထိန်းချုပ်ကာ လုပ်ငန်းကို ဆောင်ရွက်တော့သည်။
ထိုအခိုက်အတန့်၌ လုချန်း၏ စိတ်အာရုံသည် တစ်ခါမှ မခံစားဖူးသော ခံစားချက်ကို ရရှိလိုက်၏။ ယခင်ဘဝက ဤသို့သော နည်းလမ်းကို ဘာ့ကြောင့် စဉ်းစားမိခဲ့သနည်းဟု တွေးရင်း သူ့ကိုယ်သူ အံ့ဩနေမိသည်။
သိသာထင်ရှားသည့်အချက်က ဤစကြဝဠာအတွင်းသို့ မဝင်ရောက်မီက သူသည် လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ မဟုတ်ပါက သူ၏ မှတ်ဉာဏ်များကို ပြန်လည် ရရှိရန် ထိုသို့သော နည်းလမ်းကို စဉ်းစားမိမည် မဟုတ်ချေ။
သို့သော် ဤအရာသည် သူ တီထွင်ခဲ့ခြင်းပဲ မဟုတ်ပဲ စနစ်၏ လျှို့ဝှက်ဆန်းကြယ်သော ဖန်တီးရှင်က ဖန်တီးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ယခုအချိန်တွင် စနစ်နှင့် ပတ်သက်၍ သူဘာမှ မသိသေးပေ။ သို့သော် ၎င်းစနစ်သည် ထင်ထားသည်ထက် ပို၍ လျှို့ဝှက်ဆန်းကြယ်နိုင်ကြောင်း ပြသနေ၏။
သို့သော် ယခုအချိန်သည် စနစ်၏ အရင်းအမြစ်ကို စဉ်းစားနေရမည့် အချိန် မဟုတ်ပေ။ ဤစကြဝဠာမှ ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာဖွေရန်ကသာ အရေးကြီးဆုံး ဖြစ်သည်။
လုချန်း၏ စိတ်အာရုံဖြင့် တစ်ပြိုင်နက် ထိန်းချုပ်မှုအောက်၌ ကိုယ်ပွားအားလုံး၏ လှုပ်ရှားမှုများအားလုံး တစ်ထပ်တည်း ကျသွား၏။ ရုတ်တရက် လုချန်း၏ စိတ်အာရုံသည် လန်းဆန်းသွားပြီး ထိုအခိုက်အတန့်၌ပင် များပြားလှသော မှတ်ဉာဏ်များ သူ၏ ဦးနှောက်အတွင်းသို့ စီးဝင်လာခဲ့သည်။
သို့သော် ထိုအရာက ပထမခြေလှမ်းမျှသာ ဖြစ်၏။ မှတ်ဉာဏ်များ ပြန်လည် ရရှိရုံနှင့် အဆုံးသတ်သွားခြင်း မရှိပေ။
နောက်တစ်ခဏ၌ ဘဝသံသရာ ကျောက်တုံး စနစ်အတွင်းမှ လွင့်ထွက်လာခဲ့ပြီး ယင်းမှ အဖြူရောင် စွမ်းအားတစ်ခု လုချန်း၏ စိတ်အတွင်းသို့ စုစည်းသွားပြီး သူ၏ ခန္ဓာကိုယ်မှတစ်ဆင့် သူ၏ ဇနီးများ၏ ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားလေတော့သည်။
…………..
အခန်း (၁၅၆၂ )
ထျန်းရန် နတ်ဘုရား နယ်မြေမှ မှတ်ဉာဏ်များ
ဘဝသံသရာ ကျောက်တုံး အတွင်းမှ မှတ်ဉာဏ်များကို လုချန်း၏ ဇနီးများ လက်ခံရရှိသွားလျှင် လုချန်းကို ကြည့်သည့် သူတို့၏ အကြည့်များလည်း နူးညံ့ကာ ရှုပ်ထွေးသွား၏။
သူတို့သည် အမြဲတမ်း လုချန်း၏ အမျိုးသမီးများ ဖြစ်ခဲ့ကြကြောင်း ထင်ရှားလာ၏။
တချိန်က လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ ကိုးယောက်မြောက် မင်းသား ဖြစ်၏။ သူသည် နှစ်ပေါင်း တစ်သိန်း မပြည့်မီမှာပင် ထျန်းရန် နတ်ဘုရား နယ်မြေ၌ အသက်အငယ်ဆုံး နတ်ဘုရင် ဖြစ်လာခဲ့သည်။ ထိုအချိန်၌ သူနှင့် ခေတ်ပြိုင်ပါရမီရှင်များသည် မြေနတ်နှင့် ကောင်းကင် နတ် အဆင့်များ၌သာ ရှိနေကြသေး၏။
ထို့ကြောင့် အခြားသော မင်းသားများနှင့် အခြား နတ်ဘုရား နိုင်ငံတော်များပင် လုချန်းကို အကြောက်ဆုံး ပုဂ္ဂိုလ်တစ်ဦး အဖြစ် သတ်မှတ်လာခဲ့ကြသည်။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်တွင် နောက်ထပ် ကောင်းကင် ဧကရာဇ် တစ်ပါး ပေါ်ထွက်လာမည်ကို ထျန်းရန် နတ်ဘုရား နယ်မြေနှင့် အခြား နတ်ဘုရား နိုင်ငံတော်များမှ ထိပ်တန်း အင်အားစု အချို့ မလိုလားကြပေ။ ထို့ကြောင့် လုချန်းကို ပုန်ကန်မှုဖြင့် မဟုတ်မမှန် စွပ်စွဲရန် ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ မင်းသားများနှင့် ထိုအင်အားစုများ ပူးပေါင်း ကြံစည်ခဲ့ကြ၏။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည် နတ်သခင် တစ်ပါးပင် မရှိသည့် အားနည်းသော နတ်ဘုရား နိုင်ငံတော် တစ်ခုသာ ဖြစ်၏။ ထို့ပြင် နတ်ဘုရင် တစ်ပါးသာ ဖြစ်သော လုချန်း၏ ဖခင်သည် လုချန်း အပေါ် အမြဲတမ်း သံသယ ရှိခဲ့သည်။
အင်အားစု အသီးသီးက ကြံစည်ကြပြီး မင်းသားများကလည်း မဟုတ်မမှန် လုပ်ကြံခဲ့သဖြင့် လုချန်း ပုန်ကန်သည် ဟူသော စွပ်စွဲချက်ကို ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အုပ်စိုးသူ ဖြစ်သူ လုချန်း၏ ဖခင် ယုံကြည်သွားခဲ့၏။
ထို့ကြောင့် ပုန်ကန်မှုကို နှိမ်နင်းရန် လုချန်း၏ နယ်မြေသို့ စစ်တပ်များကို ဆွမ် ဧကရာဇ် စေလွှတ်ခဲ့၏။ ဖခင်ဖြစ်သူက သူကို သုတ်သင်ရန် ဆုံးဖြတ်ထားသဖြင်ု ဒဏ္ဍာရီလာ တားမြစ်နယ်မြေ ဖြစ်သော ကစဉ့်ကလျား ပင်လယ်သို့ ဇနီးများကို ခေါ်ဆောင်သွားရန်မှတစ်ပါး အခြား ရွေးချယ်စရာ လုချန်း၌ မရှိတော့ပေ။
ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံးသည် ကစဉ့်ကလျား ပင်လယ်ပေါ်တွင် မျောပါနေသော ကျွန်းကလေး တစ်ကျွန်းကဲ့သို့ ဖြစ်၏။ ထိုပင်လယ်ထဲသို့ ဝင်သွားသော ကျင့်ကြံသူများအနက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ အလွန် ရှားပါးသဖြင့် ကစဉ့်ကလျား ပင်လယ် မည်မျှ ကျယ်ပြောမှန်း မည်သူမှ မသိကြပေ။
ကစဉ့်ကလျား ပင်လယ် အတွင်း၌ နတ်ဧကရာဇ်များကိုပင် ဝါးမြိုနိုင်သော ကြောက်မက်ဖွယ် သတ္တဝါများ နေထိုင်ကြသည်ဟုလည်း ကောလာဟလများ ရှိ၏။ တစ်ခါက ကစဉ့်ကလျား ပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော နတ်ဧကရာဇ် တစ်ပါးသည် ဘယ်သောအခါမှ ပြန်မလာနိုင်ခဲ့ပေ။
သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပါရမီရှင် ဖြစ်သူ သူ့ကို ထျန်းရန် နတ်ဘုရား နယ်မြေမှ အင်အားကြီး အဖွဲ့အစည်းများက အလွှတ် ပေးမည် မဟုတ်ကြောင်း လုချန်း သိထားခဲ့သည်။ ထို့ကြောင့် အသက်ရှင်သန်ရန် နည်းလမ်း ရှာဖွေရင်း ကစဉ့်ကလျား ပင်လယ်ထဲသို့ သူ စွန့်စား ဝင်ရောက်ခဲ့ရတော့သည်။
ကံမကောင်းစွာဖြင့် ကစဉ့်ကလျား ပင်လယ်သည် အဆုံးအစ မရှိ ကျယ်ပြောလှ၏။ မကြာမီသည်ပင် ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကြောင့် သူတို့၏ ရုပ်ခန္ဓာများ စတင် ပျက်စီးလာပြီး သူတို့၏ နတ်အာရုံများပင် ပျော်ဝင် ပျက်စီးမည့် လက္ခဏာများ ပြလာခဲ့၏။
ဇနီးများ သေဆုံးတော့မည့် အခြေအနေကို မြင်လျှင် လုချန်းလည်း မတတ်သာတော့ပဲ သူတို့၏ ရုပ်ခန္ဓာများကို စွန့်လွှတ်စေပြီး သူတို့၏ နတ်အာရုံများကို ခုနစ်ရောင်ခြယ် ကျောက်တုံး တစ်တုံး အတွင်း ချိပ်ပိတ် ထည့်သွင်းလိုက်သည်။
ဤခုနစ်ရောင်ခြယ် ကျောက်တုံးကို လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရား နယ်မြေအတွင်းရှိ လျှို့ဝှက် နယ်မြေ တစ်ခုမှ လုချန်း ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက လူတစ်ယောက်၏ နတ်အာရုံနှင့် မှတ်ဉာဏ်ကို အကောင်းဆုံး အကာအကွယ် ပေးနိုင်၏။
သူတို့၏ နတ်အာရုံများကို ဘဝသံသရာ ကျောက်တုံး အတွင်း ချိပ်ပိတ်ပြီးနောက် ကစဉ့်ကလျား ပင်လယ်ထဲသို့ လုချန်း တစ်ယောက်တည်း ဆက်လက် ဝင်ရောက်ခဲ့ တော့သည်။ ထိုသို့ သွားနေစဉ် အမှောင်စွမ်းအားများ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် နတ်လှေ တစ်စင်းနှင့် သူ တွေ့ဆုံခဲ့၏။
ကစဉ့်ကလျား စွမ်းအားများ၏ သက်ရောက်မှုကို နတ်လှေပေါ်ရှိ အမျိုးသမီး မခံရသည်ကို မြင်လျှင် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မည်သို့ ခုခံရမည်နည်းဟု သူမကို မေးမြန်းရန် လုချန်း ကြံရွယ်ခဲ့သည်။ သို့သော် စကားတစ်ခွန်းမှ မပြောပဲ သူမက လုချန်းကို တိုက်ခိုက်ခဲ့၏။
ထိုအမျိုးသမီးကို လုချန်း နှစ်ပေါင်း တစ်ထောင်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး နှစ်ဦးလုံး အင်အား ကုန်ခမ်းသွားခဲ့၏။ ထိုအခိုက်အတန့်တွင် သူတို့၏ အောက်ဘက်၌ ကြီးမားသော အမှောင်ရိပ်ကြီး တစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့ သတိမထားမိခင်မှာပင် နှစ်ယောက်စလုံးကို ဝါးမြိုလိုက်သည်။
ထိုအရိပ်ကြီး၏ ဝမ်းဗိုက် အတွင်း၌ အမျိုးသမီး တဖြည်းဖြည်း စိတ်ကြည်လာခဲ့၏။ ထို့နောက် စကားပြောကြည့်ရာ သူမသည် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ စွန့်စား ဝင်ရောက်ခဲ့သည့် နတ်ဧကရာဇ်များထဲမှ တစ်ဦး ဖြစ်ကြောင်း လုချန်း သိခဲ့ရသည်။
ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် သူမ လမ်းပျောက်ကာ နှစ်ပေါင်း များစွာ ပိတ်မိနေခဲ့၏။
သူမ၏ စိတ်ကျန်းမာရေး အခြေအနေသည်လည်း ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကြောင့် ထိခိုက်ခဲ့ရသည်။ ကစဉ့်ကလျား ပင်လယ်အတွင်းရှိ ဧရာမ သားရဲကြီးက သူတို့ကို ဝါးမြိုလိုက်သည့် အချိန်အထိ သူမ စိတ်ကြည်လင် မနေခဲ့ခြင်းဖြစ်သည်။
သူတို့ကို ဝါးမြိုလိုက်သော သားရဲကြီးကို သတ်ရန် ထိုအမျိုးသမီးနှင့် ပူးပေါင်းဖို့ လုချန်း ကြံရွယ်ခဲ့သော်လည်း ထိုသားရဲ၏ အင်အား အလွန် ကြီးမားကြောင်း သိလိုက်ရ၏။ ၎င်း၏ အတွင်း၌လည်း ရေတွက်၍ မရနိုင်သော သားရဲ အစောင့်အရှောက်များလည်း ရှိနေ၏။
တစ်နေ့တွင် သားရဲကြီးထံမှ ထွက်ပေါ်လာသော အသိစိတ်နှင့် တိုက်ခိုက်နေစဉ် ထိုအမျိုးသမီးနှင့် လုချန်း လူချင်းကွဲသွားခဲ့၏။ ထို့ကြောင့် သားရဲကြီးကို သူ တစ်ယောက်တည်း ဆက်လက် တိုက်ခိုက်ခဲ့ရ၏။
ထိုသို့ဖြင့် ရေတွက်၍ မရသော နှစ်ပေါင်း များစွာ ကုန်ဆုံးသွားခဲ့သော်လည်း သားရဲကြီးကို လုချန်း မအောင်နိုင်သလို သားရဲကြီးကလည်း သူ့ကို မချေဖျက်နိုင်ခဲ့ပေ။
သားရဲကြီး၏ ဝမ်းဗိုက်အတွင်း ခေတ္တ နေထိုင်ခြင်းက မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ဟု လုချန်း တွေးခဲ့သော်လည်း အချက်တစ်ခုကို သူ သတိထားမိခဲ့၏။ ဇနီးများ၏ နတ်အာရုံများကို ဘဝသံသရာ ကျောက်တုံး အတွင်း အချိန်အတော်ကြာ ချိပ်ပိတ်ထားခဲ့သဖြင့် သူတို့၏ နတ်အာရုံ စွမ်းအားများကို ကျောက်တုံးက စုပ်ယူနေခြင်း ဖြစ်၏။ ဤအတိုင်းသာ ဆက်သွားပါက သူတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။
အခြား နည်းလမ်း မရှိတော့သဖြင့် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ပင် ဇနီးများကို လုချန်း လူဝင်စား စေခဲ့၏။ အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် လုချန်း၏ နတ်အာရုံနှင့် ခန္ဓာကိုယ်သည်လည်း ဖိနှိပ်မှုများကို မတောင့်ခံနိုင်တော့ပေ။ ထို့ကြောင့် သူကိုယ်တိုင်လည်း ချေဖျက်ခံရခြင်းမှ ကင်းဝေးရန် ဇနီးများ နည်းတူ လူဝင်စားခဲ့ရ၏။
သို့သော် သူ လူမဝင်စားမီ အတိတ် မှတ်ဉာဏ်များနှင့် ဇနီးများကို မေ့လျော့မသွားစေရန် နတ်အာရုံ အစအန တစ်ခုကို ဘဝသံသရာ ကျောက်တုံး အတွင်းသို့ ခွဲထုတ် ထည့်သွင်းခဲ့၏။ လူဝင်စားပြီးနောက် သူ့ကိုယ်ကို သူတို့ကို ပြန်လည် ရှာဖွေနိုင်ရန် လမ်းညွှန်ချက်ရရှိဖို့ သူ ရည်ရွယ်ခဲ့ခြင်းဖြစ်၏။
မထင်မှတ်ပဲ ဘဝသံသရာ ကျောက်တုံး အတွင်းရှိ သူ၏ နတ်အာရုံသည် အစပိုင်းတွင် အလုပ်မလုပ်ခဲ့ပေ။ ထို့ကြောင့် သူ သေဆုံးခါနီးတိုင်း မှတ်ဉာဏ်များကို ကျောက်တုံး အတွင်း၌ ထပ်ခါတလဲလဲ ချိပ်ပိတ်ခဲ့ရပြီး အဆုံးမရှိ လူဝင်စားခဲ့ရ၏။
ထိုသို့ဖြင့် သူ၏ နတ်အာရုံသည်လည်း တဖြည်းဖြည်း အားနည်းလာပြီး ကစဉ့်ကလျား သားရဲ၏ ချေဖျက်ခြင်းကို ခံရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
မှတ်ဉာဏ်များကို ပြန်လည် ရယူရင်း လုချန်း ခဏခန့် ရပ်တန့်သွား၏။ သူ၏ အနားရှိအမျိုးသမီး၏ ချောမွေ့သော ပါးပြင်ကို လုချန်း ညင်သာစွာ ပွတ်သပ်လိုက်သည်။
ဇနီးများကို ပြန်လည် စုစည်းနိုင်ရန် အကြိမ်ပေါင်း တစ်ထောင်ကျော် လုချန်း လူဝင်စားခဲ့ရပြီး လူ့လောကတွင်လည်း ရေတွက်၍ မရသော နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ထို့နောက် စနစ်ကို သူ၏ စိတ်ထဲမှနေ၍ ခေါ်လိုက်၏။
“မင်းက ငါ့ရဲ့ နတ်အာရုံ အစအနကနေ ဖြစ်လာတဲ့ ကိုယ်ပွားလား။”
နှစ်ပေါင်း များစွာ တိုင်အောင် သူအင်အားကြီးမားလာစေရန် စနစ်က လမ်းညွှန်ပေးခဲ့၏။ ထျန်းရန် နတ်ဘုရား နယ်မြေမှ ထွက်ခွာလာပြီးနောက် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်သည် မျိုးဆက်ပြန့်ပွားခြင်း ဖြစ်ကြောင်း လုချန်း သိခဲ့၏။ ထို့ကြောင့် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်သို့ သူ ဝင်ရောက်ခဲ့ပြီး ရင်သွေးများ ရရှိခြင်းဖြင့် ကျင့်စဉ် အဆင့်ကို မြှင့်တင်ခဲ့၏။
ကံမကောင်းစွာဖြင့် အင်အားကြီး အဖွဲ့အစည်းများနှင့် သူ၏ ဖခင်၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရသဖြင့် ဇနီးများနှင့် အတူ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို လေ့လာရန် လုချန်း၌ အချိန် မရရှိခဲ့ပေ။
ဖြစ်နိုင်သည်က ဘဝသံသရာ ကျောက်တုံး အတွင်းရှိ နတ်အာရုံ နိုးထလာပြီးနောက် သူ့ကို ဤလမ်းစဉ်သို့ လမ်းညွှန်ပေးခဲ့သဖြင့် သူ၏ အင်အားတိုးတက်နှုန်းကို မြန်ဆန်စေခဲ့ခြင်း ဖြစ်နိုင်၏။
သို့သော် လုချန်း ထိုသို့ တွေးလိုက်လျှင် စနစ်က တုံ့ပြန်နေကြောင်း သူ သတိထားမိလိုက်သည်။
ဒါက...
လုချန်း ခဏခန့် မှင်တက်သွား၏။
မှတ်ဉာဏ် အားလုံးကို ပြန်လည် ရရှိပြီးနောက် သူ၏ နတ်အာရုံသည် လမ်းညွှန်မှု အဆုံးသို့ ရောက်ရှိရမည် ဖြစ်ပြီး စနစ်သည်လည်း ပျောက်ကွယ်သွားရမည် မဟုတ်ပါလား။
သို့သော် စနစ်က အဘယ်ကြောင့် တုံ့ပြန်ရသနည်း။
နေပါဦး...
တစ်ခုခုတော့ မှားနေ၏...
အရေးကြီးသော ကိစ္စ တစ်ခုကို လုချန်း ရုတ်တရက် သတိပြုမိသွား၏။ သူ၏ မြေကမ္ဘာ မှတ်ဉာဏ်များသည် ထျန်းရန် နတ်ဘုရား နယ်မြေမှ မဟုတ်သလို ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းရှိ မည်သည့် ခေတ်ကာလမှလည်း မဟုတ်ပေ။
ထိုမှတ်ဉာဏ်သည် မည်သည့်နေရာမှမှန်းမသိပဲ ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်နေ၏။
ထို့ပြင် ထျန်းရန် နတ်ဘုရား နယ်မြေနှင့် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းရှိ စကြဝဠာ နိယာမများသည် မြေကမ္ဘာ စကြဝဠာနှင့် မတူညီကြပေ။ နှစ်ခုလုံးသည် နည်းပညာကို မဟုတ်ပဲ ကျင့်စဉ်ကိုသာ အဓိက ထားကြ၏။
ဒါက...
စနစ်က ပိုမိုမြင့်မားသော နေရာ တစ်ခုမှ လာခြင်း ဖြစ်နိုင်သလား။
လုချန်း ထိုသို့ တွေးနေစဉ် စနစ်၏ အသိပေးချက် အသံ ထွက်ပေါ်လာ၏။
“ထျန်းရန် နတ်ဘုရား နယ်မြေက မှတ်ဉာဏ် အားလုံးကို ပြန်လည် ရရှိပြီး ပထမ အဆင့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် အတွက် သခင့်ကို ဂုဏ်ပြုပါသည်။”
“ကစဉ့်ကလျား ပင်လယ်မှ အမြန်ဆုံး ထွက်ခွာပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်သွားပါ။ ထို့နောက် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ဆက်လက် ကျင့်ကြံပါ။”
စနစ်၏ အသိပေးချက်ကို ကြားလျှင် ဘာတွေ ဖြစ်ပျက်နေသည်ကို လုချန်း ချက်ချင်း နားလည်သွားခဲ့၏။
အမှန်စင်စစ် စနစ်သည် သူ၏ နတ်အာရုံမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ သူ၏ နတ်အာရုံ အစအနကို စနစ်က လွှမ်းမိုး ထိန်းချုပ်ထားခြင်းသာ ဖြစ်၏။ ကစဉ့်ကလျား သားရဲအတွင်း ပထမဆုံး အကြိမ် လူဝင်စားစဉ် သူ၏ နတ်အာရုံက သူ့ကို အဘယ်ကြောင့် လမ်းမညွှန်ခဲ့သနည်း ဆိုသည့် အချက်ကိုလည်း ဤအရာက ရှင်းပြနေ၏။
…………..
အခန်း( ၁၅၆၃ )
ရင်သွေးကမ္ဘာ၏ တကယ့်ရည်ရွယ်ချက်
ထိုအခိုက်အတန့်တွင် လုချန်း၏ မျက်နှာအမူအရာ အနည်းငယ် တင်းမာနေ၏။ အဆုံးစွန်သော အဖြေကို သူ ရှာတွေ့ပြီဟု ထင်မှတ်ခဲ့သော်လည်း စနစ်၏ တည်ရှိမှုသည် လျှို့ဝှက်ချက် တစ်ခုအဖြစ် ရှိနေဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
စနစ်၏ နောက်ကွယ်တွင် သူ့ကို ရှေ့သို့ တွန်းပို့နေသည့် ပို၍ကြီးမားသော လက်တစ်စုံ ရှိနေသည်ဟု သူ ခံစားလိုက်ရ၏။
“စနစ်... ငါ့ရဲ့ နတ်အာရုံထဲကို မင်း ဘယ်တုန်းက ဝင်ရောက် စွက်ဖက်ခဲ့တာလဲ” ဟု လုချန်း သူ၏စိတ်ထဲမှနေ၍ အေးစက်စွာ မေးလိုက်သည်။
စနစ်က တိတ်ဆိတ်နေဆဲ ဖြစ်၏...
တစ်စုံတစ်ခုကို လုချန်း ရုတ်တရက် သတိရသွားပြီး ချက်ချင်း ပြောလိုက်သည်။
“မင်း ပထမဆုံး အဆင့်မြှင့်တုန်းကနဲ့ ငါ့ဇနီးတွေ ကိုယ်တွင်းကမ္ဘာငယ်တွေကို ပြုစုပျိုးထောင်ပြီး ဆုလာဘ်တွေ ရခဲ့တုန်းကလား။”
ထိုအချိန်က စနစ် ရုတ်တရက် အဆင့်မြင့်သွားခြင်းကို ထူးဆန်းသည်ဟု လုချန်း ခံစားခဲ့ရ၏။
ယခု ပြန်စဉ်းစားကြည့်လျှင် အဖြေတစ်ခု ရှိနေပုံရသည်။ ဤဘဝရှိ သူ၏ သွေးမျိုးဆက်သည် ရှန်ဝူဧကရာဇ် သွေးမျိုးဆက်၏ လွှမ်းမိုးမှုကို ခံထားရကြောင်းကို သူ့ကို ပို၍ အင်အားကြီးမားလာစေရန် လမ်းညွှန်ပေးနေသော သူ၏ နတ်အာရုံက သတိမပြုမိခဲ့ခြင်းဖြစ်နိုင်သည်။ ထိုအရာက စနစ် အဆင့်မြှင့်တင်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်၏။
သူ၏ အင်အားသည် အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း မူလ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်အတိုင်းသာ ဆက်သွားပါက ကောင်းကင် ဧကရာဇ် အဆင့်သို့ သူ ဘယ်သောအခါမှ တက်လှမ်းနိုင်မည် မဟုတ်သလို သူ၏ မှတ်ဉာဏ်များကိုလည်း ပြန်လည် ရရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုအခိုက်အတန့်တွင် ပို မြင့်မားသော အတိုင်းအတာ တစ်ခုမှ စနစ်က ဝင်ရောက် စွက်ဖက်ခဲ့ပြီး သူ ဆုလာဘ်များ ရရှိသည့် ပုံစံကို အတင်းအကျပ် ပြောင်းလဲခဲ့၏။ သူ ပို၍အင်အားကြီးလာပြီး ဧကရာဇ် သွေးမျိုးဆက်၏ လွှမ်းမိုးမှုမှ လွတ်မြောက်လာပြီးမှ နောက်တစ်ကြိမ် စနစ်၏အဆင့် ထပ်မြှင်ခဲ့၏။
ဟုတ်ပါသည်။ သူ၏ မြေကမ္ဘာ မှတ်ဉာဏ်များ မည်သည့်နေရာမှ ရောက်လာသည်ကိုတော့ ဤအချက်က ရှင်းမပြနိုင်သေးပေ။
အကယ်၍ အစပိုင်းကတည်းက သူ့ကို နတ်အာရုံက လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါက ယုတ္တိဗေဒအရဆိုလျှင် သူ၏ နတ်အာရုံသည် စနစ် ဆိုသည့် သဘောတရားကို သိစရာ အကြောင်း မရှိသလို သူ ကြီးထွားလာရန် ပြည့်စုံသော စနစ်တစ်ခုကိုလည်း တည်ဆောက်နိုင်မည် မဟုတ်ပေ။
ပိုတွေးလေလေ သူ နားမလည်နိုင်သော မေးခွန်းများ ပိုများလာလေလေ ဖြစ်လာ၏။
စနစ်၏ မူလအစကို သူ ယခုအချိန်တွင် မရှင်းပြနိုင်ကြောင်း ထင်ရှားနေသောကြောင့် ထိုအကြောင်းကို ဆက်မတွေးရန် လုချန်း ဆုံးဖြတ်လိုက်တော့၏။
ယခု အရေးကြီးဆုံး အရာက ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ မဟုတ်ပါက သူ၏ နတ်အာရုံသည် ကစဉ့်ကလျား သားရဲ၏ ချေဖျက်ခြင်းကို တကယ် ခံရပေလိမ့်မည်။
သူ တစ်စုံတစ်ခု ဖြစ်သွားပါက သူ၏ ဇနီးများလည်း နောက်ဆုံးတွင် သေဆုံးသွားကြပေလိမ့်မည်။
ဤဇနီးများအပေါ် အပြစ်ရှိသလို ခံစားချက်လုချန်း စိတ်ထဲရှိလာ၏။
ထျန်းရန် နတ်ဘုရား နယ်မြေတွင် သူ ရှိနေစဉ်က သူ၏ အလွန် မြင့်မားသော ပါရမီနှင့် ချောမော ခန့်ညားသော ရုပ်ရည်ကြောင့် အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ သူတော်စင်မများ၊ မင်းသမီးများနှင့် ဂိုဏ်းအကြီးအကဲ အချို့ပင်လျှင် သူ့ကို စွဲလမ်းခဲ့ကြ၏။
သူ၏ ဇနီးများသည် ထိုအင်အားကြီး အဖွဲ့အစည်းများမှ ရောက်လာကြခြင်း ဖြစ်၏။ အစကတည်းက သူနှင့်အတူ ဒုက္ခခံရန် မလိုအပ်ခဲ့ပေ။
အကယ်၍ ထိုစဉ်က သူတို့သာ ရှေ့ထွက်လာပြီး အရာအားလုံးသည် လုချန်း၏ အတင်းအကျပ် ခိုင်းစေမှုကြောင့်ဟု အကြောင်းကာ သူတို့၏ အဖွဲ့အစည်းများဆီသို့ ပြန်သွားခဲ့ပါက သူတို့ သက်တောင့်သက်သာ နေထိုင်နိုင်မည် ဖြစ်သော်လည်း သူတို့ ထိုသို့ မလုပ်ခဲ့ကြပေ။
ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲမှ တကယ် လွတ်မြောက်သွားလျှင်ပင် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်မည့် လမ်းကြောင်းကို သူတို့ ရှာတွေ့နိုင်ပါ့မလား ဆိုတာကိုလည်း လုချန်းကို စိုးရိမ်လာ၏။
ကစဉ့်ကလျား ပင်လယ်သည် အဆုံးမဲ့ မှောင်မိုက်နေပြီး ကစဉ့်ကလျား စွမ်းအားများက သူတို့၏ နတ်အာရုံ ခံစားမှုကို စဉ်ဆက်မပြတ် ဖိနှိပ်ထားသောကြောင့် ထျန်းရန် နတ်ဘုရား နယ်မြေ မည်သည့်နေရာတွင် ရှိသည်ကို သူတို့ မသိနိုင်ကြပေ။ အကယ်၍ မမှန်သည့် လမ်းကြောင်းတစ်ခုကို ကျပန်း ရွေးချယ် သွားမိပါက ထျန်းရန် နတ်ဘုရား နယ်မြေနှင့် ပိုမိုဝေးကွာသွားပေလိမ့်မည်။
ဟုတ်ပါသည်။ ထိုအရာက အဓိက ပြဿနာ မဟုတ်သေးပေ။
ယေဘုယျအားဖြင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက် အလွန် ရှည်လျားသော သက်တမ်းကို သူတို့ ရရှိကြထားကြ၏။
သူတို့၏ သက်တမ်း လုံလောက်အောင် ရှည်လျားပါက ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်မည့်လမ်းကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။
ကစဉ့်ကလျား ပင်လယ်အတွင်းရှိ ကစဉ့်ကလျား စွမ်းအားက သူတို့၏ ခန္ဓာကိုယ်များနှင့် နတ်အာရုံများကို စဉ်ဆက်မပြတ် တိုက်စားနေမည့် အချက်ကသာ အဓိက အချက် ဖြစ်၏။
လုချန်း တွေ့ဆုံခဲ့သော နတ်ဧကရာဇ်ပင်လျှင် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မခုခံနိုင်ပဲ နောက်ဆုံးတွင် သူ၏ စိတ်လွတ်ပြီး ကစဉ့်ကလျား ပင်လယ်အတွင်း ရည်ရွယ်ချက်မရှိ မျောပါနေခဲ့၏။
ကစဉ့်ကလျား ပင်လယ်အတွင်း၌ အချိန်အတော်ကြာ နေမိပါက သူတို့၏ ခန္ဓာကိုယ်များနှင့် နတ်အာရုံများ နောက်ဆုံးတွင် ပျော်ဝင် ပျက်စီးသွားပေလိမ့်မည်။
သူတို့၏ နတ်အာရုံများ ပျက်စီးမသွားလျှင်ပင် လုချန်း တွေ့ဆုံခဲ့သော နတ်ဧကရာဇ် ကဲ့သို့ သူတို့ စိတ်အခြေအနေ ပျက်ပြားသွားပြီး ကစဉ့်ကလျား ပင်လယ်ထဲတွင် ဝိညာဉ်မဲ့ သတ္တဝါများ ဖြစ်သွားကြပေလိမ့်မည်။
ထို့ကြောင့် ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်ထဲမှ လွတ်မြောက်လျှင်ပင် သူတို့ တကယ် ဘေးကင်းမည် မဟုတ်ပေ။
လုချန်း ဤသို့ တွေးနေစဉ် စနစ်၏ အသိပေးချက် အသံ ရုတ်တရက် ထပ်မံ ထွက်ပေါ်လာ၏။
“သခင်၏ ဇနီးများ၏ ရင်သွေးကမ္ဘာများသည် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခုခံနိုင်ပါသည်”
ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် ရပ်တန့်သွား၏။
ကမ္ဘာငယ်များက ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခုခံနိုင်တယ်လား။
အမှန်ပဲလား။
သူတို့၏ ရင်သွေးကမ္ဘာများကို ဆင့်ခေါ်လိုက်ပါက သူတို့ ထိုအတွင်း နေထိုင်နိုင်ကြမည် မဟုတ်ပါလား။
စနစ်၌ သူ့ကို အသုံးချရန် တန်ဖိုးတစ်ခုခု ရှိနေနိုင်သောကြောင့် ဤကဲ့သို့သော ကိစ္စများတွင် သူ့ကို လှည့်စားမည် မဟုတ်ကြောင်း၊ ထို့ကြောင့် သူ၏ အသုံးဝင်မှုများ လုံးဝ မကုန်ဆုံးမီ စနစ်က သူ့ကို အန္တရာယ် ပေးမည် မဟုတ်ကြောင်း လုချန်း ဆင်ခြင်လိုက်၏။
စနစ် ပြောသကဲ့သို့ ရင်သွေးကမ္ဘာများက ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခုခံနိုင်သည် ဆိုပါက စနစ်၌ အခြားရည်ရွယ် တစ်ခုရှိနေခဲ့ခြင်းဖြစ်နိုင်သည်။ သူတို့ ကစဉ့်ကလျား ပင်လယ်ထဲတွင် ရှင်သန်နိုင် စေရန် ရည်ရွယ်ပြီး ရင်သွေးကမ္ဘာများကို ပြုစုပျိုးထောင်ရန် သူနှင့် သူ၏ ဇနီးများကို စနစ်က ခိုင်းစေခဲ့ခြင်းလား။
ထိုအရာ စနစ်တစ်ခု ဖြစ်နေတာ မထူးဆန်းပေ။ အနာဂတ်အတွက် ၎င်းက ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။
ဇနီးများ၏ ကမ္ဘာငယ်များက ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခံနိုင်ရည် ရှိသောကြောင့် သူ သိပ်များများစားစား စိုးရိမ်စရာ မလိုတော့ပဲ အဆင့်တက်လှမ်းမှုကို ယုံကြည်ချက်ရှိရှိ လုပ်ဆောင်နိုင်ပြီ ဖြစ်၏။
နောက်တစ်ခဏတွင် နဂါးဖီးနစ် ယင်ယန် ကျင့်စဉ်ကို ကျင့်ကြံရန် သူ၏ ခန္ဓာကိုယ် အားလုံးနှင့် ဇနီးများကို လုချန်း၏ နတ်အာရုံက ထိန်းချုပ်လိုက်သည်။
မကြာမီ သူတို့ အားလုံးကြားတွင် မူလအစ စွမ်းအား လှည့်ပတ်မှု တစ်ခု ဖြစ်ပေါ်လာပြီး လုချန်း၏ ခန္ဓာကိုယ် တစ်ခုချင်းစီသည် လျှပ်စစ် ပလပ်ပေါက်များကဲ့သို့ ဖြစ်နေကာ လျှစ်စီးကြောင်း တစ်ခုတည်းပေါ်တွင် သူ၏ နတ်အာရုံက ချိတ်ဆက်ထားသလို ဖြစ်သွား၏။
သူ၏ ကိုယ်ပွားနှင့် ဇနီးများ ချိတ်ဆက်မိလျှင် လုချန်း၏ နတ်အာရုံမှ မူလအစ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်မှတစ်ဆင့် ဇနီးများ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ဇနီးများ၏ ကမ္ဘာငယ်များမှတစ်ဆင့် သူ၏ နတ်အာရုံထံသို့ ပြန်လည် ရောက်ရှိလာသည်။
မူလအစ စွမ်းအားလည်ပတ်မှု တစ်ပတ် ပြည့်သွားသည်နှင့် လုချန်း၏ အင်အားသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့၏။
မကြာမီ သူ၏ ကျင့်စဉ် အဆင့်သည် ကောင်းကင် ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားသည်။ လုချန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားရလျှင် ယွမ်ချင်းရှုက သူ့ကို အထင်အမြင်သေးသော အေးစက်သော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။
လုချန်းက သူ၏ ပင်မခန္ဓာကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ယွမ်ချန်းရှုကို ပြုံးပြကာ
“ယွမ်ယွမ်... မင်း မှတ်ဉာဏ်တွေ ပြန်ရပြီပဲ။ ဘာလို့ ကိုယ့်အပေါ် အေးစက်နေရသေးတာလဲ။”
“ရှင်ကတော့ အရင်ကအတိုင်း လူယုတ်မာတစ်ယောက်ပဲ။ နည်းနည်းလေးမှ မပြောင်းလဲဘူး”
ဟု ယွမ်ချင်းရှုက အေးစက်စွာ တုံ့ပြန်လိုက်၏။
မှတ်ဉာဏ်များ ပြန်လည် ရရှိပြီး သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်ကြောင်း သိသွားသော်လည်း ယွမ်ချင်းရှုစိတ်ထဲ လုချန်းအပေါ် မကျေနပ်မှု အချို့ ရှိနေဆဲ ဖြစ်သည်။
ထိုစဉ်က သူမသည် ထျန်းရန် နတ်ဘုရား နယ်မြေရှိ လျှို့ဝှက်လဝန်း နန်းတော်၏ သူတော်စင်မ တစ်ဦး ဖြစ်ပြီး လျှို့ဝှက် နယ်မြေတစ်ခုသို့ စွန့်စား ခရီးထွက်စဉ် လုချန်းနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် သူတို့သည် ရန်သူများ ဖြစ်ခဲ့ကြသော်လည်း မတော်တဆမှု တစ်ခုကြောင့် နှစ်ဦးလုံး အချစ်အဆိပ်မိခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကို လုချန်းက ရယူခဲ့ခြင်း ဖြစ်၏။
ဒေါသတကြီးဖြင့် လုချန်းကို သူမ မနားတမ်း လိုက်လံ ဖမ်းဆီးခဲ့သော်လည်း သူ့ကို မသတ်နိုင်ခဲ့သည့်အပြင် သူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။
ဖြစ်ပြီးတာတွေ ဖြစ်ခဲ့ပြီမို့ သူမကို သူ၏ အမျိုးသမီး ဖြစ်စေရန် လုချန်း ဆုံးဖြတ်လိုက်၏။
သူက သူမ၏ ဂုဏ်သိက္ခာကို လုံးဝ ထည့်မတွက်ပဲ ထိုကိစ္စကို ဗြောင်ကျကျ လူသိရှင်ကြား ကြေညာခဲ့၏။
ဤအကြောင်းကို သိပြီးနောက် လျှို့ဝှက်လဝန်း နန်းတော်က သူမကို နှင်ထုတ်ခဲ့သောကြောင့် လုချန်းကို လက်စားချေရန် သူမ ကြိုးစားခဲ့သော်လည်း သူ နတ်ဘုရင် တစ်ပါး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ အဆင့်များကို လူနတ်၊ ဝိညာဉ်နတ်၊ မြေနတ်၊ ကောင်းကင်နတ်၊ စစ်မှန်သောနတ်၊ ရွှေနတ်၊ နတ်ဘုရင်ခံ၊ နတ်ဘုရင်၊ နတ်သခင်၊ နတ်ဧကရာဇ် ဟူ၍ ခွဲခြားထား၏။
ထိုအချိန်က သူမသည် ကောင်းကင်နတ် အဆင့်၌သာ ရှိနေသေးပြီး လုချန်းက သူမထက် အဆင့် လေးဆင့် ပိုမြင့်နေသည်။
ထို့ကြောင့် ရလဒ်က ခန့်မှန်းရ လွယ်ကူလှ၏။
လုချန်းကို သူမ မသတ်နိုင်ခဲ့သည့်အပြင် အဖမ်းခံခဲ့ရကာ သူ၏ လှောင်ပြောင်မှုများကို နေ့စဉ် ရင်ဆိုင်ခဲ့ရသည်။
သို့သော် နှစ်ပေါင်း ထောင်ချီကြာ အတူရှိနေပြီးနောက် လုချန်းသည် အနည်းငယ် ကာမဂုဏ် လိုက်စားသည်မှလွဲ၍ သူ၏ အမျိုးသမီး အားလုံးကို အလွန် ကောင်းမွန်စွာ ဆက်ဆံကြောင်း၊ သူမ၏ ကျင့်စဉ် အဆင့်ကိုလည်း လျင်မြန်စွာ မြှင့်တင်ပေးတတ်သည့် အလွန် တာဝန်ယူမှု ရှိသော အမျိုးသား တစ်ဦး ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့ပြီး သူ့အပေါ် သံယောဇဉ်များ ဖြစ်ပေါ်လာခဲ့၏။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စစ်သည် တစ်သိန်းနှင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ အင်အားကြီး အဖွဲ့အစည်းများ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရပြီး လုချန်း ရှုံးနိမ့်ခဲ့စဉ်မှာပင် လုချန်း၏ အနားတွင် ရှိနေရန် သူမ ရွေးချယ်ခဲ့ပြီး တွေဝေခြင်း မရှိပဲကစဉ့်ကလျား ပင်လယ်ဆီသို့ သူနှင့်အတူ လိုက်ပါလာခဲ့၏။