← Chapters

အခန်း (၁၅၇၃-၁၅၇၅)

Vol. 105 Ch. 1573-1575

အခန်း (၁၅၇၃-၁၅၇၅)

Vol. 105 Ch. 1573-1575

အခန်း (၁၅၇၃)

အမွေးဖြူမြို့သို့ ရောက်ရှိလာသော ဧည့်သည်

ထိုအခိုက်အတန့်သည် သူ၏ အမြင်အာရုံကို နတ်ဘုရား၏ အမြင်အာရုံကဲ့သို့ အထက်၊ အောက်၊ ဝဲ၊ ယာ ရွှေ့နိုင်ကြောင်း လုချန်း သိလိုက်ရသည်။

ထျန်းရန် နတ်ဘုရား နယ်မြေကို လုချန်း ချဲ့ကြည့်လိုက်ပြီးနောက် အမွေးဖြူမြို့တော် တည်ရှိရာ အရပ်မျက်နှာကို ရွေးချယ်လိုက်သည်။

အမွေးဖြူမြို့တော်သည် သူ၏ ရဲဘော်ဟောင်းများနှင့် လမ်းခွဲခဲ့သည့် နေရာ ဖြစ်၏။

၎င်းတို့ အသက်ရှင်နေသေးသလား မသိသော်လည်း သွားကြည့်ရန် လုချန်း ပြင်ဆင်လိုက်သည်။

ထို့နောက် ချက်ချင်းပင် သူ၏ စွမ်းအားအားလုံးကို နယ်စပ်ဖြတ်ကျော် ကျောက်တုံးအတွင်းသို့ လုချန်း ထည့်သွင်းလိုက်ရာ နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်လည်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

လုချန်း ပျောက်ကွယ်သွားသည်ကို မြင်လျှင် သူ၏ ဇနီးများထဲမှ အချို့လည်း ကျယ်လောင်စွာ ငိုကြွေးကြပြန်၏။

ထိုအခိုက်အတန့်သည် ယွမ်ချင်းရှု၏ အသံ ခန်းမအတွင်း ဟိန်းထွက်လာသည်။

“သူ မသေသေးဘူး။ ဘာလို့ ငိုနေကြတာလဲ”

ယွမ်ချင်းရှု၏ စကားကို ကြားလျှင် ဇနီးများ စဉ်းစားကြည့်ပြီး အကျိုးအကြောင်းဆီလျော်သည်ဟု ယူဆလိုက်ကြသည်။

ယခုကဲ့သို့ ခံစားနေရခြင်းက တစ်စုံတစ်ဦး နာရေးဖြစ်နေသကဲ့သို့ ဖြစ်နေပြီး အလွန် နိမိတ်မကောင်းပေ။

ယခု သူတို့အားလုံးသည် ဧကရာဇ် အဆင့်များ ဖြစ်နေကြပြီ ဖြစ်ရာ တံခါးပိတ် ကျင့်စဉ် ဝင်ပြီးနောက် မျက်စိပြန်ဖွင့်သည့် အချိန်၌ လုချန်း ပြန်ရောက်လာနိုင်ပေသည်။

ဧကရာဇ် အဆင့် တစ်ဦးအတွက် တံခါးပိတ် ကျင့်စဉ်ဝင်ခြင်းက နှစ်ပေါင်း သောင်းနှင့်ချီ ကြာမြင့်တတ်သဖြင့် ထိုအချိန်သည် သူတို့အတွက် အလွန်မကြာလှပေ။

ထိုသို့ တွေးလိုက်မိသဖြင့် အမျိုးသမီးများ၏ စိတ်ထဲသည် များစွာ သက်သာရာ ရသွားကြ၏။

……

ထိုအချိန်၌။

အမွေးဖြူမြို့တော်။

နတ်အငွေ့အသက်များ ထွက်ပေါ်နေပြီး အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး အမွေးဖြူမြို့တော်၏ မြို့ရိုးပေါ်၌ ပေါ်လာ၏။

မြို့ရိုးပေါ်တွင် ရပ်နေသည့် ထိုအမျိုးသမီးကို အမွေးဖြူမြို့တော်၏ ကင်းစောင့်တပ်မှူးက အလျင်အမြန် လာတွေ့ပြီး

“စီနီယာအနေနှင့် အမွေးဖြူမြို့တော်ကို ဘာကိစ္စနှင့် ကြွလာတာလဲဆိုတာ သိပါရစေ။”

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးထံမှ ထွက်ပေါ်နေသော ဖိအားသည် အလွန် ပြင်းထန်လှပြီး အမွေးဖြူမြို့တော်ရှိ နတ်များအားလုံး သူမ၏ တည်ရှိမှုကို ခံစားနေရသည်။

ဤအမျိုးသမီးသည် အမွေးဖြူမြို့တော်မှ နတ်များ ရန်စနိုင်သည့် သူမျိုး မဟုတ်ကြောင်း ထင်ရှား၏။

ထိုတပ်မှူး၏ မေးခွန်းကို အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက မတုံ့ပြန်ပေ။ တစ်စုံတစ်ခုကို လွမ်းဆွတ်နေသည့်အလား အဝေးက ကစဉ့်ကလျား ပင်လယ်ကိုသာ ကြည့်နေ၏။

အမျိုးသမီးက သူ့ကို လျစ်လျူရှုထားသည်ကို မြင်လျှင် တပ်မှူးလည်း ဘာဆက်ပြောရမှန်း မသိတော့သဖြင့် မြို့တော်ဝန်ကို အကြောင်းကြားရန် ဘေးနားရှိ စစ်သည်ကို မျက်ရိပ်ပြလိုက်၏။

အမွေးဖြူမြို့တော်၏ မြို့တော်ဝန် နန်းတော်အတွင်းမှ အဝေးရှိ မြို့ရိုးကို လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။

စစ်သည်များ လာရောက် အစီရင်ခံရန် မလိုပေ။ သူမ ရှိနေခြင်းကို သူတို့ သိပြီး ဖြစ်၏။

အမျိုးသမီး၏ ဖိအားသည် အလွန်တရာ ကြီးမားလှသည်။

သူမ စွမ်းအားကို ထိန်းချုပ်ထားသော်လည်း အငွေ့အသက်က အလွန် ထင်ရှားနေသေး၏။

သူမ ရောက်ရှိလာသည်နှင့် တစ်မြို့လုံး၏ အပူချိန်သည် ဒီဂရီ အမြောက်အမြား ကျဆင်းသွားပြီး အိမ်တိုင်းရှိ ရေစည်များ ခဲသွားကြသည်။

လုကျန့်ကျီက

“ဒီအမျိုးသမီးက နတ်ဘုရင် အဆင့် ပညာရှင် ဖြစ်နိုင်တယ်။”

မြို့ရိုးပေါ်က အမျိုးသမီး၏ အငွေ့အသက်မျိုးကို သူတို့၏ မင်းကြီးထံမှသာ ယခင်က ခံစားခဲ့ဖူးသည်။ နတ်ဘုရင် တစ်ပါး ဖြစ်မှသာ ဤကဲ့သို့သော ဖိအားကို ထုတ်လွှတ်နိုင်ကြောင်း ထင်ရှား၏။

လုကျန့်ကျီ၏ စကားကို ကြားလျှင် လျောင်ရှောင်ရွှမ် ပို၍ စိုးရိမ်သွား၏။

အမွေးဖြူမြို့တော်ကဲ့သို့ ဝေးလံသည့် နေရာမျိုးကို နတ်ဘုရင် တစ်ပါးက ဘာကြောင့် လာရသနည်း။

သူတို့အကြောင်း ဖော်ထုတ်ခံလိုက်ရပြီလား။

“ကျွန်မတို့ကို သုတ်သင်ဖို့ အဲဒီလူတွေက တစ်ယောက်ယောက် လွှတ်လိုက်တာလား” ဟု လျောင်ရှောင်ရွှမ်က စိုးရိမ်တကြီး မေးလိုက်၏။

လုကျန့်ကျီက လျောင်ရှောင်ရွှမ်ကို ဖက်ထားလိုက်ပြီး သူမ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

“မင်း အများကြီး တွေးနေပြီ ချစ်သူ။ အခုဆိုရင် နှစ်သန်းထောင်ပေါင်းများစွာတောင် ရှိနေပြီပဲ။ အဲဒီတုန်းက လူတွေလည်း တံခါးပိတ် ကျင့်စဉ် ဝင်နေကြမှာပါ။ တချို့ဆို ဒီကိစ္စကို မေ့တောင် မေ့သွားလောက်ပြီ။ ကိုယ် တို့ကို သုတ်သင်ဖို့ လူသက်သက် လွှတ်ပါ့မလား။”

လျောင်ရှောင်ရွှမ် ခဏစဉ်းစားကြည့်ပြီး သူ၏ စကား အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားရသော်လည်း သူမ၏ မျက်လုံးများထဲ၌တော့ စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်၏။

ထိုအခိုက်တွင် လုကျန့်ကျီက

“မင်း အိမ်မှာပဲ စောင့်နေပါ။ အဲ့ဒီ စီနီယာရဲ့ ရည်ရွယ်ချက်ကို ကိုယ် သွားမေးကြည့်လိုက်ဦးမယ်။”

ထိုစကားကို ကြားလျှင် လုကျန့်ကျီ၏ လက်ကို လျောင်ရှောင်ရွှမ် ချက်ချင်း ဆွဲထားလိုက်သည်။ သူမ သူ့ကို အပြင်မထွက် စေလိုပေ။

ထိုသူသည် နတ်ဘုရင်ဟု သံသယရှိရသည့် ပုဂ္ဂိုလ်ဖြစ်၏။ သူမသာ သူတို့ကို သတ်ရန် လာခြင်းဖြစ်ပါက လုကျန့်ကျီ ထွက်သွားခြင်းက သေမင်းထံ ကိုယ်တိုင် သွားသကဲ့သို့ ဖြစ်မည် မဟုတ်ပါလား။

လုကျန့်ကျီက လျောင်ရှောင်ရွှမ်၏ လက်ကို ဖယ်လိုက်ပြီး

“စိတ်မပူပါနဲ့...အဆင်ပြေမှာပါ။ သူက ကိုယ် တို့ကို သတ်ချင်တာဆိုရင် တစ်ချက်တည်းနှင့်တင် တစ်မြို့လုံး ပျောက်သွားနိုင်တယ်။ ကိုယ်တို့လည်း ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး။”

“သူ ဘာမှ မလုပ်သေးဘူးဆိုကတည်းက ကိုယ်တို့အတွက် လာတာ မဟုတ်ဘူးလို့ သက်သေပြနေတာပဲ။ မြို့တော်ဝန်ဖြစ်တဲ့ ကိုယ်က သွားမတွေ့ရင် သူ့ကို ပိုပြီး စိတ်ဆိုးအောင် လုပ်သလို ဖြစ်နေလိမ့်မယ်။”

လျောင်ရှောင်ရွှမ် ခဏခန့် ဝေခွဲမရ ဖြစ်နေသော်လည်း နောက်ဆုံးတွင် လုကျန့်ကျီ၏ လက်ကို လွှတ်ပေးလိုက်သည်။

ထို့နောက် လုကျန့်ကျီလည်း မြို့ရိုးပေါ် သွားရောက်ကာ ထိုအမျိုးသမီးကို ရိုသေစွာ ဂါရဝပြုလိုက်၏။

“အမွေးဖြူမြို့တော်ဝန် လုကျန့်ကျီက စီနီယာကို နှုတ်ခွန်းဆက်ပါတယ်။ စီနီယာအတွက် ကျုပ်တို့ ကူညီပေးရမယ့် ကိစ္စများ ရှိပါသလား။”

အဖြူရောင် ဝတ်ဆင်ထားသည့် အမျိုးသမီးက ဘာမှ မပြောသေးပေ။

သူမ၏ အကြည့်သည် အဆုံးမဲ့သည့် ကစဉ့်ကလျား ပင်လယ်ထံ၌သာ ရှိနေသည်။

အမျိုးသမီးက ဘာမှ တုံ့ပြန်သဖြင့်

“စီနီယာ တစ်ခုခု လိုအပ်တာ ရှိရင် အချိန်မရွေး ခိုင်းစေနိုင်ပါတယ်”

ဟု လုကျန့်ကျီ ထပ်ပြောလိုက်၏။

ထိုသို့ ပြောပြီးနောက် လှည့်ထွက်ရန် လုကျန့်ကျီ ပြင်ဆင်လိုက်သည်။

သို့သော် ထိုအခိုက်တွင်

“ရှင်က အဲ့ဒီလူရဲ့ လက်အောက်ငယ်သားဟောင်း တစ်ယောက်လား”

ဟု အဖြူရောင် ဝတ်ဆင်ထားသည့် အမျိုးသမီးက အေးစက်စွာ မေးလိုက်၏။

ထိုမေးခွန်းကို ကြားလျှင် ရေခဲဂူထဲ ကျသွားသကဲ့သို့ လုကျန့်ကျီ ရုတ်တရက် ခံစားလိုက်ရသည်။

နှစ်သန်းတစ်သောင်းကျော် ကြာသွားပြီ ဖြစ်၍ ပြင်ပလောက၌ ထိုကိစ္စကို သိမည့်သူ မရှိတော့ဟု သူ ထင်ထားခဲ့၏။

သူတို့၏ လူနတ်ဦးရေပင် နှစ်ရာကျော်သာ ကျန်ရှိတော့သည့် အခြေအနေဖြစ်သည်။ အပြင်လူတစ်ဦးက မင်းကြီးကို မည်သို့ မှတ်မိနေနိုင်မည်နည်း။

ထိုလူများ၏ အမြင်၌ ကစဉ့်ကလျား ပင်လယ်ထဲ၌ မင်းကြီး သေဆုံးသွားတာ ကြာပြီ ဖြစ်နိုင်သည်။

ထိုအခိုက်၌ လုကျန့်ကျီ ချွေးစေးများ ထွက်လာခဲ့သည်။

သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း

“စီနီယာ ဘာကို ဆိုလိုတာလဲ။ ကျုပ် နားမလည်ဘူး။”

လုကျန့်ကျီ စကားပြောပြီးသည်နှင့် အမျိုးသမီးထံမှ ဖိအားများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ နတ်ဘုရင် တစ်ပါး၏ ဖိအားကြောင့် လုကျန့်ကျီ ချက်ချင်းပင် ဒူးထောက်သွားခဲ့သည်။

အမျိုးသမီးက

“ကျွန်မက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ပဲ။ အဲ့ဒီလူက ကျွန်မညီမကို ခိုးပြေးသွားတာ ကျွန်မ မသိဘူးလို့ ရှင် ထင်နေတာလား။”

ထိုအရာကို ကြားလျှင် လုကျန့်ကျီ တစ်ကိုယ်လုံး အေးစိမ့်သွား၏။

မင်းကြီး၏ လက်အောက်ငယ်သားဟောင်းများကို မှတ်မိနေသူ ရှိနေတာ မထူးဆန်းတော့ဟု သူ တွေးလိုက်မိသည်။

လျှို့ဝှက်လဝန်းနန်းတော်အကြောင်း သူ မကြားဖူးသော်လည်း လျှို့ဝှက်လဝန်းကျောင်းတော်ကိုတော့ သူသိသည်။ ၎င်းသည် ထျန်းရန် နတ်ဘုရား နယ်မြေရှိ မဟာအင်အားစု တစ်ခု ဖြစ်နိုင်သည်။

လျှို့ဝှက်လဝန်းနန်းတော်နှင့် လျှို့ဝှက်လဝန်းကျောင်းတော်သည် နာမည်ဆင်နေသဖြင့် ဆက်စပ်မှု ရှိကြောင်း ထင်ရှား၏။ မင်းကြီး၏ ဇနီးများထဲမှ တစ်ဦးသည်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ လာခြင်း ဖြစ်နိုင်သည်။

လုချန်း၏ အနီးတွင် နေခဲ့သူဖြစ်သလို သူ၏ ဆွေမျိုးတစ်ဦးလည်း ဖြစ်သဖြင့် လုချန်း မည်သို့သော လူစားမျိုး ဖြစ်သည်ကို လုကျန့်ကျီ သဘာဝကျကျ သိထား၏။

လုချန်းသည် ဆွဲဆောင်မှု ရှိသူဖြစ်သဖြင့် အမျိုးသမီး အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအမျိုးသမီးများသည်လည်း နောက်ဆုံးသည် သူ့အပေါ် အလွန် သစ္စာရှိသွားကြသည်။

သို့သော် ထိုအမျိုးသမီးများက လုချန်းနောက် လိုက်လိုကြသော်လည်း ၎င်းတို့ နောက်ကွယ်မှ အင်အားစုများကတော့ လိုလားကြမည် မဟုတ်ပေ။

လုကျန့်ကျီ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး

“ကျုပ်က မင်းကြီးရဲ့ လက်အောက်ငယ်သားဟောင်း တစ်ယောက် ဖြစ်ခဲ့တာ မှန်ပါတယ်။ စီနီယာ ကြိုက်သလို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ဇနီးနှင့် အမွေးဖြူမြို့တော်က လူတွေကိုတော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်။”

“အမွေးဖြူမြို့တော်က လူအများစုဟာ မင်းကြီးနှင့် ဘာမှ မပတ်သက်ကြပါဘူး”

လုကျန့်ကျီ ဝန်ခံလိုက်သည်ကို မြင်လျှင် အဖြူရောင် ဝတ်ဆင်ထားသည့် အမျိုးသမီးက သူမ၏ ဖိအားကို ပြန်လည် ထိန်းချုပ်လိုက်၏။

အမျိုးသမီးက

“ရှင့်ကို ကျွန်မ မသတ်ဘူး။ အခု ထွက်သွားတော့”

လုကျန့်ကျီ ခဏခန့် မှင်တက်သွားပြီးနောက် မြေပြင်မှ အလျင်အမြန် ထကာ

“ကျေးဇူးတင်ပါတယ် စီနီယာ”

ထို့နောက် မြို့ရိုးပေါ်မှ အလျင်အမြန် ဆင်းသွားပြီး မြို့တော်ဝန် နန်းတော်သို့ ချက်ချင်း ပြန်သွား၏။

မြို့တော်ဝန် နန်းတော် ပြန်ရောက်သည်နှင့် လုကျန့်ကျီကို လျောင်ရှောင်ရွှမ်က ချက်ချင်း ပြေးဖက်လိုက်ပြီး

“နောက်တစ်ခါ ပြန်မဆုံတော့ဘူးလို့ ကျွန်မ ထင်နေတာ။”

မြို့ရိုးပေါ်သည် ဖြစ်ပျက်ခဲ့သည့် အရာကို လျောင်ရှောင်ရွှမ်လည်း မြင်တွေ့ခဲ့၏။

ကောင်းကင်နတ် အဆင့် ဖြစ်သဖြင့် အမွေးဖြူမြို့တော်အတွင်း ဖြစ်ပျက်နေသမျှကို သူမ အာရုံခံနိုင်သည်။

အဖြူရောင် ဝတ်ဆင်ထားသည့် အမျိုးသမီး လုကျန့်ကျီကို သတ်တော့မည်ဟု သူမ ထင်ခဲ့သဖြင့် လုကျန့်ကျီနှင့်အတူ အသက်ပေးရန် အသင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။

…………….

အခန်း (၁၅၇၄)

ပြည်တော်ပြန် လုချန်း

လုကျန့်ကျီက လျောင်ရှောင်ရွှမ်၏ ကျောကို ပုတ်ပေးလိုက်ကာ

“အဆင်ပြေပါတယ်... အဆင်ပြေပါတယ်။ အဲဒီအမျိုးသမီးက လျှို့ဝှက်လဝန်းနန်းတော်က ဖြစ်ရမယ်။ သူက မင်းကြီးရဲ့ ဇနီးတွေထဲက တစ်ယောက်ရဲ့ ညီအစ်မပဲ”

ဟု နှစ်သိမ့်လိုက်၏။

ထိုအရာကို ကြားလျှင် လျောင်ရှောင်ရွှမ်က ဇဝေဇဝါ ဖြစ်လျက်

“မင်းကြီးရဲ့ ဇနီးတွေထဲက တစ်ယောက်ရဲ့ ညီအစ်မ ဟုတ်လား။”

လုကျန့်ကျီက

“ဟုတ်တယ်။ သူရဲ့ ညီမကို ရှာဖို့ ဒီကို လာတာ ဖြစ်နိုင်တယ်”

လုကျန့်ကျီ၏ စကားကို ကြားပြီးနောက် ပြဿနာရှာရန် လာခြင်း မဟုတ်ပါက အဆင်ပြေသည်ဟုတွေးမိရင်း လျောင်ရှောင်ရွှမ် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် နှစ်သန်းတစ်သောင်းကျော် ကြာမြင့်သွားပြီးမှ သူမ၏ ညီမကို မည်သို့ ရှာတွေ့နိုင်မည်နည်း။

သူမ၏ ညီမသည် ကစဉ့်ကလျား ပင်လယ်ထဲ၌ သေဆုံးသွားပြီဟု ထိုအမျိုးသမီး ယူဆပြီး အမှတ်တရအဖြစ် လာကြည့်ခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် မည်သည့်အကြောင်းကြောင့် လာသည်ဖြစ်စေ သူတို့ကို ရန်မပြုပါက အဆင်ပြေ၏။

နောက်ဆုံးတွင် မြို့ရိုးပေါ်၌ ခဏခန့် ရပ်နေပြီးနောက် မြို့ရိုးပေါ်မှ အဖြူရောင် ဆံပင်နှင့် အမျိုးသမီး ဆင်းလာကာ တည်းခိုရန် တည်းခိုခန်း တစ်ခုကို ရှာလိုက်သည်။ အဖြူရောင် ဆံပင်နှင့် အမျိုးသမီး၏ အသုံးစရိတ် အားလုံးကို မြို့တော်ဝန် နန်းတော်က ကျခံမည်ဖြစ်ကြောင်း တည်းခိုခန်း ပိုင်ရှင်ကို အကြောင်းကြားရန် လူတစ်ဦးကို လုကျန့်ကျီ အလျင်အမြန် စေလွှတ်လိုက်၏။

တည်းခိုခန်း ပိုင်ရှင်သည်လည်း လူအ မဟုတ်သဖြင့် ထိုအမျိုးသမီး၏ ပြင်းထန်သော အငွေ့အသက်ကို ခံစားမိပြီး အကောင်းဆုံး အစားအသောက်နှင့် တည်းခိုခန်းကို စီစဉ်ပေးလိုက်၏။

အဖြူရောင် ဆံပင်နှင့် အမျိုးသမီးသည် နေ့စဉ် အစားအသောက်များကို စားသောက်ရင်း နတ် တစ်ပါး သို့မဟုတ် နတ်ဘုရင် တစ်ပါးနှင့်ပင် မတူသော အပြုအမူများနှင့် ထိုတည်းခိုခန်းတွင် လအတော်ကြာ နေထိုင်ခဲ့သည်။

အဖြူရောင် ဆံပင်နှင့် အမျိုးသမီးသည် ကစဉ့်ကလျား ပင်လယ်ကို ကြည့်ရန် မြို့ရိုးပေါ်သို့ ရံဖန်ရံခါ သွားတတ်၏။ သူမ၏ ညီမ ပြန်အလာကို စောင့်ဆိုင်းနေသည့်အလားပင်။

…….

ညတစ်ည၌။

တောက်ပသည့် ဥက္ကာခဲ တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွား၏။

ထျန်းရန် နတ်ဘုရား နယ်မြေရှိ လူများအတွက် ဤအရာသည် ရိုးအိီနေသည့် မြင်ကွင်းတစ်ခုသာဖြစ်၏။ ဥက္ကာခဲ ဖြတ်သွားခြင်းသည် နတ် တစ်ပါး သေဆုံးခြင်း သို့မဟုတ် စစ်ရှုံး၍ ထွက်ပြေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ထိုဥက္ကာခဲကတော့ မြို့တော်ဝန် နန်းတော်အတွင်းသို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။

ဇနီးဖြစ်သူနှင့်အတူ ရင်သွေးရယူရန် ပြင်ဆင်နေသည့် လုကျန့်ကျီလည်း အပြင်ဘက်မှ ဆူညံသံကို ကြားလျှင် ထိုအဖြူရောင် ဆံပင်နှင့် အမျိုးသမီးကို တစ်စုံတစ်ဦးက စိတ်ဆိုးအောင် လုပ်လိုက်ပြီဟု ထင်ကာ ကုတင်ပေါ်မှ အလျင်အမြန် ထလိုက်၏။

လုကျန့်ကျီ ထလိုက်သဖြင့် လျောင်ရှောင်ရွှမ်လည်း အလျင်အမြန် ထလိုက်ပြီး ချက်ချင်းပင် ၎င်းတို့ နှစ်ဦးလုံး မြို့တော်ဝန် နန်းတော်၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြသည်။ ထိုအချိန်၌ လေ့ကျင့်ရေးကွင်းအတွင်း၌ ဓားများကို ကိုင်ဆောင်ထားသည့် ကင်းသမားများဖြင့် ပြည့်နှက်နေပြီး ရှေ့ရှိ ကျင်းကြီးကို သတိကြီးစွာ စောင့်ကြည့်နေကြသည်။

အဖြူရောင် မြူများ ထွက်ပေါ်နေသည့် မလှမ်းမကမ်းမှ ကျင်းကြီးကို မြင်လျှင် အဖြူရောင် ဆံပင်နှင့် အမျိုးသမီး၏ ဒေါသ မဟုတ်ဟု သိသွားပြီး လုကျန့်ကျီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

သူ၏ လက်ကို မြှောက်လိုက်ရာ ကျင်းအတွင်းရှိ အဖြူရောင် မြူများ ချက်ချင်းပင် ကွယ်ပျောက်သွားပြီး မြူများ လွင့်ပါးသွားသည်နှင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ နှစ်ဦးစလုံး ကြက်သေ သေသွားကြတော့သည်။

ထိုအခိုက်အတန့်၌ ကျင်းအတွင်း၌ လူတစ်ဦးကို မြင်လိုက်ရသဖြင့် မြို့တော်ဝန်ကို လုပ်ကြံရန် လာသူဟု ယူဆကာ မြို့တော်ဝန် နန်းတော်မှ စစ်သည်များ ပို၍ သတိထားလိုက်ကြသည်။

“ဘယ်သူလဲ”

အသံကို ကြားလျှင် ပတ်ဝန်းကျင်ကို ကြည့်ရင်း လုချန်း မျက်လုံး ဖွင့်လိုက်၏။

သူ၏ အကြည့်သည် လူလတ်ပိုင်း အရွယ်များ ဖြစ်နေကြသည့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့အပေါ်သို့ ကျရောက်သွား၏။ လုကျန့်ကျီ၏ မျက်နှာ၌ မုတ်ဆိတ်ရှည်များဖြင့် ဖုံးလွှမ်းနေသည်။

သို့သော် ၎င်းတို့ကို မြင်လိုက်ရသည့် အချိန်၌ ရှက်တတ်သည့် လူငယ်လေး တစ်ဦးနှင့် အမြဲတမ်း ဂျီကျနေတတ်သည့် ဆံပင်နှစ်ဖက်စည်း မိန်းကလေးငယ်လေးကို မြင်လိုက်ရသည့်အလား လုချန်း ခံစားလိုက်ရသည်။

လုချန်း တွေဝေစွာ ခေါ်လိုက်၏။

“ရှောင်ကျီ... ရှောင်ရွှမ်...”

လုချန်း၏ စကားကို ကြားလျှင် မြို့တော်ဝန် နန်းတော်မှ စစ်သည်များ အော်ဟစ်ရန် ပြင်လိုက်သော်လည်း

“အားလုံး နောက်ဆုတ်ကြ။ အခုချက်ချင်း လေ့ကျင့်ရေးကွင်းထဲက ထွက်သွားကြ”

ဟု လုကျန့်ကျီက အော်ပြောလိုက်သည်။

လုချန်း၏ စကားကို ကြားလျှင် စစ်သည်များ အလျင်အမြန် နောက်ဆုတ်သွားကြပြီး လေ့ကျင့်ရေးကွင်းအတွင်းမှ ထွက်သွားကြသည်။

မြို့တော်ဝန် နန်းတော်မှ စစ်သည်များ အားလုံး ထွက်သွားပြီးနောက် မြင်နေရသည့်အရာကို အစစ်အမှန်ဟု မယုံကြည်နိုင်သေးပဲ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ လုချန်း အနီးသို့ သတိကြီးစွာ ချဉ်းကပ်လာကြသည်။

လုချန်း၏ ကျင့်စဉ်အဆင့်သည် သူတို့ထက် နိမ့်ပါးနေကြောင်း ထင်ရှားသော်လည်း လုချန်း၏ ရုပ်ရည်နှင့် အသံက လုံးဝ ပြောင်းလဲခြင်း မရှိသဖြင့် သူတို့ စောင့်မျှော်နေသည့် မင်းကြီး ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားကြ၏။

တုန်ရီနေသည့် အသံဖြင့် လုကျန့်ကျီက

“မ.. မင်းကြီး...”

“ဟုတ်တယ် ငါပဲ”

ဟု လုချန်းက တုံ့ပြန်၏။

လုချန်း၏ အတည်ပြုချက်ကို ရရှိသည်နှင့် နှာခေါင်းနှင့် ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလျက် လျောင်ရှောင်ရွှမ် ချက်ချင်း လဲကျသွားသည်။

သူတို့ နှစ်သန်းတစ်‌သောင်းကျော် စောင့်ဆိုင်းခဲ့ရပြီးဖြစ်၏။ အစပိုင်း၌ လူပေါင်း သောင်းနှင့်ချီ ရှိခဲ့သော်လည်း ယခုအခါ နှစ်ရာခန့်သာ ကျန်ရှိတော့သည့် အခြေအ‌နေသို့ပင် ရောက်နေပြီဖြစ်သည်။

နတ်ဧကရာဇ် တစ်ပါးပင် ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားပြီး ပြန်မလာနိုင်သဖြင့်မင်းကြီးနှင့် သူ၏ ဇနီးများလည်း ထိုနေရာ၌ပင် သေဆုံးသွားပြီဟု သူတို့ ထင်ထားခဲ့ကြ၏။

သို့သော် ယခု လုချန်း အသက်ရှင်လျက် တကယ် ပြန်ရောက်လာပြီ ဖြစ်သည်။

သူ၏ ကျင့်စဉ်အဆင့်သည် နတ်ဝိညာဉ် အဆင့်သို့ ကျဆင်းသွားသော်လည်း သူ တကယ် အသက်ရှင်လျက် ပြန်ရောက်လာခဲ့သည်။

ထို့နောက် လုကျန့်ကျီက ငိုကြွေးရင်း ဒူးထောက်လိုက်ပြီး

“မင်းကြီး... အသက်ရှင်လျက် ပြန်ရောက်လာပြီပဲ။ ဟီး... ဟီး...”

နှစ်သန်းတစ်‌သောင်းကျော် နေထိုင်ခဲ့သည့် ကောင်းကင်နတ် တစ်ဦး ဖြစ်သည့် လုကျန့်ကျီပင်လျှင် ထိုအခိုက်အတန့်၌ ငိုကြွေးခြင်းကို မထိန်းနိုင်တော့ပေ။

ရေတွက်မရနိုင်သည့် နှစ်များစွာ စောင့်ဆိုင်းခဲ့ရပြီးနောက် ယနေ့တွင်တော့ ရလဒ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ နှစ်သန်းတစ်‌သောင်းကျော် ကြာမြင့်လာသဖြင့် သူတို့၏ ကောင်းကင်နတ် သက်တမ်းသည်လည်း ကုန်ဆုံးရန် နီးကပ်နေပြီ ဖြစ်၏။

သူတို့ နှစ်ဦးလုံး ငိုနေသည်ကို မြင်လျှင် လုချန်း ရှက်သွားသည်။

ရွေးချယ်စရာ မရှိသဖြင့် လူပေါင်းထောင်နှင့်ချီကို ကစဉ့်ကလျား ပင်လယ်ထဲသို့ သူ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်၏။ သို့သော် ကစဉ့်ကလျား ပင်လယ်ထဲသို့ သူ စွန့်စားဝင်ရောက်ရင်း ကစဉ့်ကလျား ပင်လယ်အတွင်း၌ ထျန်းရန် နတ်ဘုရား နယ်မြေကဲ့သို့ အခြား နယ်မြေတစ်ခုကို တွေ့ရှိပါက ၎င်းတို့ကို ပြန်ခေါ်ရန် သူ စဉ်းစားခဲ့ဖူးသည်။

သို့သော် ကစဉ့်ကလျား ပင်လယ်သည် ပင်လယ်သက်သက်သာ ဖြစ်ပြီ နေထိုင်နိုင်သည့် အခြား နယ်မြေ မရှိပေ။

ရှုပ်ထွေးနေသည့် အမူအရာဖြင့်

“နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားပြီလဲ”

ဟု လုချန်း မေးလိုက်သည်။

သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာလုကျန့်ကျီက

“နှစ်ပေါင်းသန်းတစ်သိန်း ကိုးသောင်း နီးပါး ရှိပါပြီ။ “

လုကျန့်ကျီ၏ အဖြေကို ကြားလျှင် လုချန်း အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ နှစ်ပေါင်းသန်းတစ်သိန်း ကိုးသောင်းဆိုသည်မှာ ကောင်းကင်နတ် တစ်ဦး၏ သက်တမ်းပင် ကုန်ဆုံးရန် နီးကပ်နေသော အချိန်အတိုင်းအတာဖြစ်သည်။

ထို့နောက် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ကို စစ်ဆေးရန် စနစ်ကို လုချန်း အသုံးပြုလိုက်သည်။

[အမည် : လုကျန့်ကျီ]၊

[အချက်အလက် : အမွေးဖြူမြို့တော်ဝန်]၊

[စွမ်းအား : ကောင်းကင်နတ် အဆင့်]

[သစ္စာရှိမှု : ၁၀၀]

[အမည် : လျောင်ရှောင်ရွှမ်]

[အချက်အလက် : အမွေးဖြူမြို့တော်ဝန်၏ ဇနီး]

[စွမ်းအား : ကောင်းကင်နတ် အဆင့်]

[သစ္စာရှိမှု : ၁၀၀]

၎င်းတို့သည် ယခု ကောင်းကင်နတ် အဆင့်သာ ဖြစ်နေသဖြင့် သက်တမ်း ကုန်ဆုံးရန် နီးကပ်နေပြီ ဖြစ်သည်။

ကောင်းကင်နတ်များပင် သက်တမ်း ကုန်ဆုံးတော့မည် ဆိုပါက သူ ခေါ်ဆောင်လာသည့် လူပေါင်း သောင်းနှင့်ချီထဲမှ များစွာ ကျန်ရှိတော့မည် မဟုတ်ပေ။

လုချန်းက

“ခင်ဗျား တို့ နှစ်ယောက်အပြင် ကျုပ်တို့နဲ့ အတူ ပါလာတဲ့သူတွေထဲက တခြား ဘယ်သူတွေ ကျန်သေးလဲ။”

“မင်းကြီး... ကျုပ် တို့နှင့်အတူ အမွေးဖြူမြို့တော်ကို လာတဲ့သူတွေထဲက ကျုပ် တို့ နှစ်ယောက်ပဲ ကျန်ပါတော့တယ်”

ဟု လုကျန့်ကျီက တုံ့ပြန်သည်။

“တချို့ကတော့ အမွေးဖြူမြို့တော်ကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့ အသက်ရှင်နေသေးလား ဆိုတာကိုတော့ ကျုပ် တို့ အတည်မပြုနိုင်ပါဘူး”

သက်ပြင်းချလိုက်ပြီး

“ထွက်သွားတာလည်း ကောင်းပါတယ်”

ဟု လုချန်း ပြောလိုက်၏။

အမှန်အတိုင်း ပြောရလျှင် နှစ်သန်း‌ပေါင်း သိန်းနှင့်ချီ ကြာမြင့်သည်အထိ ထိုလူများ မထွက်သွားကြပါက သူတို့အပေါ် သူ တာဝန်မကျေသကဲ့သို့ လုချန်း ခံစားရမည် ဖြစ်သည်။

ထိုစဉ် လုချန်း တစ်ယောက်တည်း ဖြစ်နေသည်ကို သတိထားမိသွားပြီး သူ၏ ဇနီးများ ဘယ်မှာလဲဟု မေးရန် လုကျန့်ကျီ ပြင်လိုက်၏။

သို့သော် လုချန်း၏ စွမ်းအား ကျဆင်းနေခြင်းနှင့် သူနှင့်အတူ ဇနီးများ တစ်ဦးမှ မရှိခြင်းကို ထောက်ဆပြီး သူတို့ ဆိုးရွားစွာ သေဆုံးသွား လောက်ပြီဟု လုကျန့်ကျီ တွေးလိုက်မိသည်။

ကစဉ့်ကလျား ပင်လယ်သည် တားမြစ်နယ်မြေ ဖြစ်၏။ နတ်ဧကရာဇ် တစ်ပါးပင် မလွတ်မြောက်နိုင်သည့် နေရာဖြစ်သည်။

လုချန်း၏ ဇနီးများသည် သူ့ထက် အဆင့်နိမ့်သူများ ဖြစ်ပြီး လုချန်း၏ ကျင့်စဉ်အဆင့်လည်း အကြီးအကျယ် ကျဆင်းသွားခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့ ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များကို ခန့်မှန်းကြည့်နိုင်သည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုကို လုကျန့်ကျီ ရုတ်တရက် သတိရသွားပြီး

“မင်းကြီး... ဒီနေရာက စကားပြောဖို့ မသင့်တော်ပါဘူး။ ကျုပ် နောက်ကို လိုက်ခဲ့ပါ”

ဟု အလျင်အမြန် ပြောလိုက်၏။

စကားပြောပြီးသည်နှင့် လျောင်ရှောင်ရွှမ်ကို လုကျန့်ကျီ အလျင်အမြန် ဆွဲလိုက်ပြီး

“ရှောင်ရွှမ်... အမြန်ထ။ အဲဒီအမျိုးသမီး ဒီမှာ ရှိနေသေးတာကို မမေ့နဲ့ဦး။”

…………….

အခန်း (၁၅၇၅)

အမွေးဖြူမြို့မှ ထွက်ခွာရမည့် အခြေအနေ

လုကျန့်ကျီ၏ စကားများကို လျောင်ရှောင်ရွှမ် ကြားလျှင် အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွား၏။ ထို‌နောက် မြေပြင်မှ သူမ အလျင်အမြန် ထလိုက်ပြီး လုချန်းကိုလည်း အရေးတကြီး ပြောလိုက်သည်။

“မင်းကြီး... အခု အမွေးဖြူမြို့က မလုံခြုံတော့ဘူး”

လျောင်ရှောင်ရွှမ်၏ သတိပေးမှုကြားလျှင် လုချန်း အံ့အားသင့်သွားသည်။

မလုံခြုံဘူး ဟုတ်လား။

လုကျန့်ကျီတို့ အဖွဲ့က တစ်စုံတစ်ယောက်ကို သွား ရန်စလိုက်မိလို့များလား။

သို့သော် ကစဉ့်ကလျား ပင်လယ်နှင့် နီးသော အမွေးဖြူမြို့ကဲ့သို့ နေရာမျိုးသို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်များ လာစရာ အကြောင်းမရှိပေ။ အကျပ်အတည်း အများစုကို ဖြေရှင်းရန် ကောင်းကင်နတ် အဆင့်များဖြင့် လုံလောက်သင့်သည်။

အမွေးဖြူမြို့တွင် ကောင်းကင်နတ်ထက်ပင် အစွမ်းထက်သူများ ရှိနေနိုင်သလား။

ထိုဖြစ်နိုင်ခြေကို စဉ်းစားရင်း လုချန်းလည်း လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့နောက်သို့ လိုက်ပါသွား၏။ သူတို့သည် နည်းဗျူဟာ ပုံစံတစ်ခု ရှိရာ မြို့စား စံအိမ်၏ မြေအောက်ခန်းသို့ ရောက်ရှိသွားကြသည်။

သူတို့ နည်းဗျူဟာ ပုံစံအတွင်းသို့ ဝင်သည်နှင့် လုကျန့်ကျီက ၎င်းကို စတင်အသက်သွင်းလိုက်ရာ အတွင်းမှ အသံများ အပြင်သို့ မပေါက်ကြားနိုင်အောင် လုံးဝ ပိတ်ဆို့သွား၏။

နည်းဗျူဟာ ပုံစံကို စတင်ပြီးနောက် လုကျန့်ကျီက

“မင်းကြီး... မကြာသေးခင်က ဆံပင်ဖြူနဲ့ အမျိုးသမီးတစ်ယောက် အမွေးဖြူမြို့ကို ရောက်လာခဲ့ပါတယ်။”

“အဲဒီ အမျိုးသမီးက အနည်းဆုံးတော့ နတ်ဘုရင် အဆင့် အစွမ်းရှိပါတယ်။ သူက လျှို့ဝှက်လဝန်းနန်းတော်ကလို့ ပြောပြီး လွန်ခဲ့တဲ့ နှစ်တွေက မင်းကြီးက သူရဲ့ ညီမကို ပြန်ပေးဆွဲသွားတယ်လို့ ပြောနေပါတယ်။”

“သူက ကျုပ်တို့ကို မသတ်ခဲ့ပေမဲ့ သူရဲ့ အသံနေအသံထားအရ မင်းကြီးအပေါ် အငြိုးအတေး ရှိနေတာ ထင်ရှားပါတယ်။ မင်းကြီး ပြန်ရောက်နေတာကို သူ သိသွားရင် တိုက်ခိုက်လာနိုင်ပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်း မှင်တက်သွား၏။

တကယ်ပဲလား...

သူ ပျောက်ကွယ်နေတာ နှစ်သန်းပေါင်း‌သောင်းနှင့်ချီ ကြာပြီးမှ ကလဲ့စားလာချေတာလား။

လျှို့ဝှက်လဝန်းနန်းတော်တဲ့လား။

ဤအင်အားစုအကြောင်း သူ တစ်ခါမှ မကြားဖူးပေ။ လျှို့ဝှက်လဝန်းကျောင်းတော် အကြောင်းသာ ကြားဖူးသည်။

လျှို့ဝှက်လဝန်း ကျောင်း‌တော်သာ ဆိုလျှင် သူ ပြန်ပေးဆွဲခဲ့သူက ယွမ်ချင်းရှု ဖြစ်ပေလိမ့်မည်။

ယွမ်ချင်းရှုမှာ ဘယ်တုန်းက ညီမ ရှိသွားတာလဲ။

သူမ အဲဒီအကြောင်း တစ်ခါမှ မပြောဖူးပေ။

မထင်မှတ်ပဲ ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်ရောက်လာသည်နှင့် ဤကဲ့သို့ ပြဿနာကြီးနှင့် ကြုံတွေ့ရတော့သည်။

လက်ရှိ၌ ဝိညာဉ်နတ် အဆင့်တွင်သာ လုချန်း ရှိနေသေးသည်။ နတ်ဘုရင် အဆင့် ရောက်ရန် မြေနတ်၊ ကောင်းကင်နတ်၊ စစ်မှန်သောနတ်၊ ရွှေနတ်နှင့် နတ်သခင် အစရှိသည့် အဆင့်များစွာ ခြားနားနေသေး၏။

အဆင့်နယ်ပယ် ခြောက်ခု ကွာခြားနေသဖြင့် သူ၏ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေလျှင်ပင် ထိုအမျိုးသမီးကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်ပေ။

မဖြစ်ပေ...

အမွေးဖြူမြို့ကနေ သူ ချက်ချင်း ထွက်သွားမှဖြစ်မည်။

ရောက်ပြီးပြီးချင်း အန္တရာယ်နဲ့ သူ မကြုံချင်ပေ။

ထိုအခိုက်အတန့်သည် လုကျန့်ကျီကို လုချန်း ကြည့်လိုက်ပြီး

“ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အခြေအနေအကြောင်း ကျုပ်ကို အသေးစိတ် ပြောပြပါ။”

သူ နတ်ဘုရင် အဆင့် ရှိစဉ်ကနှင့် နှိုင်းယှဉ်ပါက ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံး မည်သည့် အပြောင်းအလဲများ ရှိနေသည်ကို အမွေးဖြူမြို့မှ မထွက်ခွာမီ လုချန်း သိလိုခြင်း ဖြစ်သည်။

လုကျန့်ကျီက

“ဟုတ်ကဲ့ပါ မင်းကြီး”

ထို့နောက် နှစ်သန်းပေါင်း တစ်ထောင်ကျော်အတွင်း ထျန်းရန် နတ်ဘုရား နယ်မြေရှိ အင်အားစုများ အပြောင်းအလဲဖြစ်ပုံနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အရေးကြီးသော အဖြစ်အပျက်များကို လုချန်းအား လုကျန့်ကျီ အစီရင်ခံလိုက်သည်။

ထျန်းရန် နတ်ဘုရား နယ်မြေ၏ အခြေအနေများကို ကြားပြီးနောက် လုချန်း မျက်မှောင်ကြုတ်သွား၏။ အခြေအနေများက စနစ်က ဖော်ပြထားသည့်အတိုင်းပင် ဖြစ်နေသည်။

လုချန်းက

“အဲဒီ နတ်ဘုရား နိုင်ငံတော်တွေက မျိုးဆက်ပြန့်ပွားဖို့ ဘာလို့ ခက်ခဲနေရတာလဲဆိုတာကို မစုံစမ်းကြဘူးလား။”

လုကျန့်ကျီက

“အင်အားကြီး အဖွဲ့အစည်းအားလုံး ဒီကိစ္စကို လေ့လာခဲ့ကြပေမဲ့ ဘယ်သူမှ တိကျတဲ့ အဖြေ မရရှိခဲ့ကြပါဘူး”

ဟု တုံ့ပြန်၏။

“လက်ရှိမှာတော့ နတ်ဘုရား နိုင်ငံတော်တွေရဲ့ ဖြေရှင်းနည်းက လူသားတွေကို ကလေးမွေးခိုင်းပြီး သူတို့ရဲ့ ကလေးတွေကို ကျင့်စဉ် အရင်းအမြစ်တွေ ထောက်ပံ့ပေးပြီး နတ်တွေ ဖြစ်လာအောင် ပျိုးထောင်ပေးတာပါပဲ။ အဲဒီနည်းနဲ့ နိုင်ငံတော်ရဲ့ နတ်အရေအတွက်ကို တိုးပွားအောင် လုပ်နေကြတာပါ။”

ထိုနေရာ၌ လုကျန့်ကျီ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြောလိုက်သည်။

“လူသားတွေကို မျိုးပွားခွင့် ပေးထားပေမဲ့ လူသားအများစုကလည်း ကလေးမရနိုင်ကြပါဘူး။ လူဦးရေ လျော့နည်းလာတာကြောင့် လူသားမြို့တော် အမြောက်အမြားလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါပြီ။”

လုကျန့်ကျီ၏ စကားကို ကြားလျှင် လုချန်း တွေးမိလိုက်သည်က

“လူသားတွေတောင် မျိုးပွားဖို့ ခက်ခဲနေရင် သူအတွက်လည်း ကလေးရဖို့ ခက်ခဲမှာ မဟုတ်ဘူးလား”

ဟူ၍ ဖြစ်သည်။

သူ၏ စနစ်သည် ‘သားများစွာ ဆုလာဘ်များစွာ’ စနစ် ဖြစ်သဖြင့် ဆုလာဘ်များ ရရှိရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

ထားလိုက်ပါတော့...

တစ်လှမ်းချင်းစီပဲ သွားရတော့ပေမည်။

ကံကောင်းသည်က သူ မထွက်ခွာခဲ့ခင် ယွမ်ချင်းရှုကို ရင်သွေး လွယ်ထားနိုင်အောင် လုပ်ပေးနိုင်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်သာ ကောင်းကင်အဆင့် နတ်ကျင့်စဉ်ဖြစ်သော ‘နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ’

ကို ရရှိခဲ့ခြင်းဖြစ်သည်။

အရင်က သူ့၌ ကောင်းကင်အဆင့် နတ်ကျင့်စဉ် မရှိခဲ့သော်လည်း ပါရမီကြောင့် နတ်ဘုရင် ဖြစ်လာနိုင်ခဲ့သည်။ ယခု နတ်ဘုရင် တစ်ယောက်၏ မှတ်ဉာဏ်အားလုံး ပြန်ရရှိထားပြီ ဖြစ်ရာ အစွမ်းများကို ပြန်လည် ရရှိပြီး နတ်ဘုရင် အဆင့်သို့ ပြန်ရောက်ရန် အလွန် မခက်ခဲနိုင်ပေ။

သို့သော် လောလောဆယ်တော့ ဤနေရာမှ ချက်ချင်း ထွက်ခွာရန် လိုအပ်သည်။ အကယ်၍ ထိုဆံပင်ဖြူနှင့် အမျိုးသမီး သိသွားလျှင် သူ နတ်ဘုရင် မဖြစ်ခင်မှာပင် အသတ်ခံရနိုင်သည်။

ထိုအချက်ကို တွေးတောပြီး လုချန်းက လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ကို

“ပြင်ဆင်ထားကြ... နောက်ရက်အနည်းငယ်အတွင်း ကျုပ်တို့ အတူတူ အမွေးဖြူမြို့ကနေ ထွက်ခွာကြမယ်။”

လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့သည် သူ့၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်သည်။ သူ ထွက်ခွာသွားလျှင် သူတို့ကို ဒီအတိုင်း ထားခဲ့၍ မဖြစ်ပေ။ သူတို့သည် ဤနေရာ၌ နှစ်သန်းပေါင်း တစ်သိန်းကျော် စောင့်ဆိုင်းခဲ့ကြပြီး ဖြစ်ရာ ထပ်ပြီးစောင့်မခိုင်းသင့်တော့ပေ။

လုချန်း၏ စကားကို ကြားလျှင် လုကျန့်ကျီ ခဏခန့် တွန့်ဆုတ်သွားပြီးမှ

“မင်းကြီး... ကျုပ်တို့ အားလုံး အတူတူ ထွက်သွားရင် အဲ့ဒီ အမျိုးသမီးရဲ့ အာရုံစိုက်မှုကို ခံရနိုင်ပါတယ်။”

“မင်းကြီး အရင် ထွက်သွားပါဦး။ နေစရာနေရာ တစ်ခုခု ရပြီဆိုမှ ကျုပ်တို့ဆီ စာပို့လိုက်ပါ။ အဲဒီအခါကျမှ ကျုပ်တို့ လိုက်လာခဲ့ပါ့မယ်။”

သူတို့သည် ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြောင်း ထိုဆံပင်ဖြူနှင့် အမျိုးသမီး သိထားသည်။

ချန်ဘုရင်နှင့် သူ၏ ဇနီးမယားများ ကစဉ့်ကလျား ပင်လယ်အတွင်း သေဆုံးသွားပြီဟု အများစုက ယုံကြည်ထားကြသော်လည်း ထိုဆံပင်ဖြူနှင့် အမျိုးသမီးက ချန်ဘုရင် အသက်ရှင်နေသေးသည်ဟု ယုံကြည်ပါက သူ၏ လက်အောက်ငယ်သားဟောင်းများ၏ လှုပ်ရှားမှုကို အထူး စောင့်ကြည့်နေမှာ သေချာသည်။

အကယ်၍ သူတို့ ထွက်ခွာမည့် အရိပ်အယောင်ကို သူမ မြင်ပါက သံသယဝင်သွားပေလိမ့်မည်။ ထိုအရာက အဆိုးရွားဆုံး ဖြစ်နိုင်ခြေပင်ဖြစ်သည်။

သို့သော် လုချန်း၏ ဘေးကင်းလုံခြုံရေးအတွက် အနည်းငယ်မျှသော ဖြစ်နိုင်ခြေကိုပင် ထည့်သွင်းစဉ်းစားပြီး ကြိုတင်ကာကွယ်ရမည် ဖြစ်သည်။

လုချန်း ခဏခန့် စဉ်းစားပြီးမှ

“ကောင်းပြီလေ... ကျုပ် ဒီညပဲ အမွေးဖြူမြို့ကနေ ထွက်သွားမယ်”

ထိုအရာကို ကြားလျှင် လုကျန့်ကျီက သူ၏ အာကာသ လက်စွပ်ထဲမှ မြေပုံတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး

“မင်းကြီး... ဒါက ထျန်းရန် နတ်ဘုရား နယ်မြေမှာ နှစ်တွေတစ်လျှောက် အင်အားစုတွေ ပြောင်းလဲသွားပုံကို ဖော်ပြထားတဲ့ မြေပုံပါ။”

လုကျန့်ကျီပေးသော မြေပုံကို လုချန်း ယူလိုက်ပြီး အင်အားစုများ ဖြန့်ကျက်ထားပုံကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် အမွေးဖြူမြို့နှင့် အနီးဆုံးဖြစ်သော ချင်ယွမ်မြို့သို့ အရင်သွားရန် ဆုံးဖြတ်လိုက်၏။

ထိုဆံပင်ဖြူနှင့် အမျိုးသမီးကို အရင် ရှောင်တိမ်းပြီးမှ နောက်ထပ် ကိစ္စရပ်များကို စဉ်းစားရန် သူ ရည်ရွယ်ထားသည်။

ထို့နောက် လုချန်းက မြေပုံကို သိမ်းလိုက်ပြီး

“ကျုပ် ချင်ယွမ်မြို့ကို အရင် သွားမယ်။ မင်းတို့ နှစ်ယောက်ကတော့ အဲဒီ အမျိုးသမီးကို ဆက်ပြီး စောင့်ကြည့်ပေးပါ။ သူ တစ်ခုခု လှုပ်ရှားတာနဲ့ ကျုပ်ကို ချက်ချင်း အသိပေး” ဟု မှာကြားလိုက်သည်။

လုကျန့်ကျီက

“ဟုတ်ကဲ့ပါ မင်းကြီး။”

ထိုအချိန်သည် လုကျန့်ကျီက နောက်ထပ် ဟင်းလင်းပြင် လက်စွပ်တစ်ခုကို ထုတ်ပေးလိုက်ပြန်၏။

“မင်းကြီး... ဒီထဲမှာ နှစ်သန်းပေါင်း တစ်ထောင်ကျော်အတွင်း ကျုပ်တို့ စုဆောင်းထားတဲ့ ကျင့်စဉ် အရင်းအမြစ်တွေနဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိပါတယ်။”

လုကျန့်ကျီ၏ လက်ထဲမှ အာကာသ လက်စွပ်ကို မြင်လျှင် လုချန်း တွန့်ဆုတ်သွား၏။

သူ၏ လက်အောက်ငယ်သားများကို နှစ်သန်းပေါင်း များစွာ စောင့်ခိုင်းထားခဲ့ပြီး ယခုလည်း သူတို့ထံမှ အရင်းအမြစ်များကို ယူရန်က အနည်းငယ် အားနာစရာ ဖြစ်နေသည်။

သို့သော် နောက်ဆုံးတွင် လုကျန့်ကျီထံမှ ဟင်းလင်းပြင် လက်စွပ်ကို လုချန်း ယူလိုက်သည်။ လက်ရှိ သူ့ထံ၌ ကျင့်စဉ် အရင်းအမြစ်များ မရှိသဖြင့် နတ်ဘုရင် အဆင့်သို့ အမြန်ဆုံး ပြန်ရောက်ရန် လိုအပ်နေသည်။

သူ နတ်ဘုရင် အဆင့်သို့ ပြန်ရောက်မှသာ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ အဆင့်တက်ရန်နှင့် သူတို့၏ အကန့်အသတ်များကို ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်သည်။

ယခုအချိန်သည် အားနာနေရမည့် အချိန် မဟုတ်ပေ။ လုကျန့်ကျီထံမှ အာကာသ လက်စွပ်ကို ယူပြီးနောက် လုကျန့်ကျီက နည်းဗျူဟာ ပုံစံကို ပိတ်လိုက်သည်။

ထို့နောက် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့က လုချန်းကို မြို့တော်ဝန် စံအိမ်အတွင်းရှိ လေ့ကျင့်ရေးကွင်းသို့ လိုက်ပါပို့ဆောင်ကြ၏။ လုချန်းက

“ကောင်းပြီ... ကျုပ် ချင်ယွမ်မြို့ကို ရောက်တာနဲ့ မင်းတို့ကို ချက်ချင်း ဆက်သွယ်လိုက်မယ်။”

သို့သော်လည်း သူ ထွက်ခွာတော့မည့် ဆဲဆဲသည်ပင် ရုတ်တရက် ထိတ်လန့်ဖွယ် ကောင်းသော ဖိအားတစ်ခု သက်ရောက်လာ၏။

All Chapters