← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း ၅၁၁ ။ တပည့်စုဆောင်းခြင်း

ကူယွဲ့ မသေမျိုးချီတချို့ကို ထိန်းညှိပြီး ရှဉ့်မိစ္ဆာနဖူးကို ထိလိုက်တယ်။ တစ်ခဏရှာဖွေပြီးတဲ့နောက် သူ့မျက်လုံးတွေ ထိတ်လန့်တကြား ပြူးသွားခဲ့တယ်။

"ဝိညာဉ်ချီ" ရှဉ့်မိစ္ဆာရဲ့သွေးကြောတွေထဲ အရွက်ဝိညာဉ်ချီရှိနေတယ်။ ပြီးတော့ မိစ္ဆာချီ တစ်စက်လေးတောင် မရှိဘူး။ အစက ကူယွဲ့ ရှဉ့်မိစ္ဆာက အသိစိတ်စဖွံ့ဖြိုးကာစမို့ မိစ္ဆာချီ အရမ်းနည်းတယ်ထင်ခဲ့ဝာ။ အခု သူ့သွေးကြောတွေထဲ မိစ္ဆာချီနည်းနည်းလေးတောင် ရှိမနေတာ သိလိုက်ရပြီ။

ပြီးတော့ အရွက်ဝိညာဉ်ချီကို နည်းနည်းရင်းနှီးနေတယ်။ အဲဒါက... မုန်လာဥဖြူလိုမျိုးပဲ။

"မင်းက အပင်ဝိညာဉ်လား" ကူယွဲ့ အံ့ဩတကြီး ပြောလိုက်တယ်။ အပင်ဝိညာဉ်တွေပဲ တခြားအပင်တွေနဲ့ အဆက်အသွယ်ပြုနိုင်တာ။ သူက မသေမျိုးချီကို ဝိညာဉ်ချီအဖြစ် ပြောင်းလဲနိုင်တဲ့မှိုတွေ ထုတ်လုပ်နိုင်တာ မဆန်းတော့ဘူး။ ဒါပေမဲ့ သူက ခန့်မှန်းချက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်တယ်။

"မဖြစ်နိုင်တာ မင်းကရှဉ့်နဲ့တူတယ်"

"သူက စောနက ထင်းရှူးစေ့ကြီးတစ်ခုကို စားလိုက်တယ်မဟုတ်လား" ရှန်းရင်က ရုတ်တရက် မေးလာတယ်။

အဲတော့မှ ကူယွဲ့က အမှန်တရားဆီ အသိပြန်ဝင်လာတယ်။

"မင်းက အပင်ဝိညာဉ်လား" အပင်ဝိညာဉ်တွေက တကယ်တော့ သဘာဝအသွင်မရှိကြဘူး။ သူတို့အသိစိတ်ဖွံ့ဖြိုးလာပြီးရင် သူတို့သဘောကျ ကြိုက်တဲ့အချိန် ပြောင်းလဲသွားကြတယ်။ အဲဒါက မုန်လာဥဖြူလည်း အဲလိုဖြစ်ခဲ့တာပဲ။ ရှန်းရင်က မုန်လာဥဖြူလို့ ဆက်တိုက်ခေါ်နေခဲ့တာမို့သာ ပိုပိုပြီး မုန်လာဥဖြူနဲ့ ပိုတူလာခဲ့တာ။

ရှဉ့်အရင်က ပြောတာ ပန်းလေးက သူ့ကို ထင်းရှူးစေ့ ပေးခဲ့တယ်တဲ့။ ဖြစ်နိုင်တာ အသိစိတ် မဖွံ့ဖြိုးသေးတဲ့ အပင်ဝိညာဉ်ပဲ။ အဲဒါကြောင့် သူက ကိုယ်ထဲအပင်ဝိညာဉ်နဲ့ မိစ္ဆာဖြစ်လာခဲ့တဲ့ပုံ။ အခု သူက အဆင့်နိမ့်သေးတာဆိုတော့ မှိုအမျိုးမျိုးကိုပဲ ‌ပေါက်နိုင်တယ်။ ဒါပေမဲ့ ကျင့်ကြံဆင့် မြှင့်တင်လိုက်တာနဲ့ သူက လိုချင်သမျှ ဘယ်အမတဆေးပင်ကိုမဆို စိုက်ပျိုးနေပြီ။ ကူယွဲ့ ကျင့်ကြံသူ ဘယ်လောက်တောင် အဲအတွက် တိုက်ခိုက်ကြမလဲဆိုတာ ခန့်မှန်းရုံပဲတတ်နိုင်မယ်။

"ဆရာ..." ဖက်တီး မပြောဘဲ မနေနိုင်တော့ဘူး။

"ဒီမိစ္ဆာလေးက အခုသွားစရာနေရာမရှိဘူး၊ သူက အပြင်မှာဆို တခြားမိစ္ဆာတွေအတွက် နေ့လယ်စာပဲ ဖြစ်လာမှာ၊ သူ့ကို ဒီမှာပဲ နေခွင့်ပေးလို့ရမလား၊ ကျွန်တော် သူ့ကိုစောင့်ရှောက်ပါ့မယ်"

ကူယွဲ့ ဖက်တီးကို လှမ်းကြည့်လိုက်တယ်။ သူ့အတွက် အကျိုးရှိလို့ ရှဉ့်အပေါ်သနားနေတာလား။ ရုတ်တရက် ဖက်တီး အဲဒီငတုံးယုန်အကြောင်း သတိရသေးရဲ့လား ကူယွဲ့ မေးချင်သွားတယ်။

"ခေါ်ထားချင်လည်း ခေါ်ထား" အဲဒါက ကူယွဲ့အတွက် မသေမျိုးချီကို အသွင်ပြောင်းဖို့ အင်းကွက်အသစ် ချရမဲ့ကိစ္စကို သက်သာစေတယ်။

ဖက်တီး အပျော်လွန်သွားတယ်။ သူ တစ်ခု ပြောမို့ရှိသေး ကူယွဲ့က ထပ်ပြောလာတယ်။

"မင်းစာရင်းထဲ သူ့နေထိုင်စားသောက်စရိတ်ကို ထည့်ပေါင်းမယ်"

"..." ဖက်တီး ခြေထောက်တွေပျော့ခွေသွားကာ လဲကျလုနီးပါးဖြစ်သွားခဲ့တယ်။ ရုတ်တရက် သူ့ပခုံးပေါ် တစ်ယောက်ယောက်က အလေးချိန်တစ်တန်လောက် လာတင်သွားသလိုပဲ။

ကူယွဲ့ ပြန်ထိုင်ချလိုက်တယ်။ ဟမ့် မင်း ငါ့ကို 'ဆရာ' လို့ခေါ်ရုံနဲ့ ဒီကြေးတွေအားလုံး ပေးစရာ မလိုတော့ဘူးလို့မထင်နဲ့။ ကူယွဲ့ လူတိုင်းကို ထောက်ပံ့ချင်စိတ် မရှိဘူး။

ရှန်းရင်နဲ့ ယိချင်း ။ ။ "..."

သူတို့ တိတ်တဆိတ် ဆက်လက်စားသောက်နေကြတယ်။ ကူယွဲ့ရဲ့ မိသားစုဝင်တွေအနေနဲ့ သူတို့ မကြောက်ပါ

——————

လအနည်းငယ်အကြာ။

တိုက်ကြီးရဲ့ အရှေ့အခြမ်းမှာ လူအုပ်ကြီးတစ်စု စုဝေးနေတယ်။ အများစုက အသက်၁၀နှစ်လောက်ရှိတဲ့ ကလေးတွေ။ တချို့ကတော့ အသက်၂၀ ၃၀တွေ။ ကလေးမျိုးစုံ ရှိကြတယ်။ တချို့က ဝတ်ကောင်းစားကောင်းနဲ့၊ တချို့က စုတ်တီးစုတ်ပြတ်နဲ့။ သူတို့က နောက်ခံအမျိုးမျိုးက လာကြတဲ့ပုံ။ တစ်ယောက်ချင်းစီကတော့ စိတ်လှုပ်ရှားစွာနဲ့ သူတို့ပတ်ဝန်းကျင်ကို လေ့လာနေတယ်။

ဒါက သူတို့ ကောလာဟလတွေ အားလုံးကိုကြားပြီး ပထမဆုံးရောက်လာတဲ့အုပ်စုပဲ။ ဒီနေ့တွေမှာ လူသားတိုက်ကြီးထဲ တိုင်းပြည်တစ်ခုစီက အဲဒီကောလာဟလတွေကို ဂရုစိုက်တဲ့ပုံပဲ။ သူတို့တွေ အဲအမတတွေက တိုက်ကြီးရဲ့အရှေ့ဘက်က ကျွန်းမှာ နေ့လယ်ဘက် ကျောင်းသားတွေ လက်ခံမယ် ကြားခဲ့ကြတယ်။ ‌အောင်မြင်သူတွေက စတင်ကျင့်ကြံခွင့်ရမယ်။ သူတို့ကိုယ်တိုင် အမတလည်း ဖြစ်လာနိုင်တယ်။

ဒီကောလာဟလတွေက ထူးဆန်းပေမဲ့ တော်တော်များများက ဒါတွေမှန်လား ဆုံးဖြတ်ဖို့ အဝေးကြီးကနေပါ ရောက်လာကြတယ်။ အားလုံးက ဒီအမတတောင်တန်းဆိုတာကို အနည်း‌ဆုံးတော့ ကိုယ်တိုင် မြင်ဖူးချင်ကြတာ။ ဒါပေမဲ့ သူတို့တွေ့လိုက်ရတာက "အမတဖြစ်လာပါ" လို့ရေးထားတဲ့ စာလုံးတွေနဲ့ ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးပဲ။ ‌စာလုံးတွေက ရွှေရောင် တောက်ပနေပြီး သူတို့က ကျောက်တုံးတွေပေါ် သာမန်ထွင်းထားတာမျိုးမဟုတ်ဘူး။

"အမတတောင်ပေါ် ပြန်လည်နိုးထခြင်းရော၊ ဒါက ကျောက်တုံးတစ်တုံးပဲကို"

ထူးခြားဆန်းကြယ်တွေ ဖြစ်လာမှာကို ကြည့်ဖို့ ရောက်လာတဲ့လူတစ်စုက စိတ်ပျက်လက်ပျက် ပြောတယ်။

"ဟုတ်တယ် - အမတတွေ ဘယ်မှာလဲ၊ ငါတို့ ဒီထိလာခဲ့ရတာ ဒါကိုကြည့်ဖို့အတွက်ပဲလား"

"ကျင့်ကြံပြီး အမတ ဖြစ်လာမယ်ဆိုတဲ့ဇာတ်လမ်းတွေအားလုံးက အလိမ်တွေပဲထင်ပါတယ်"

လူတွေ များပေမဲ့ အများစုက အမတဖြစ်လာဖို့ မျှော်လင့်ချက်အစစ်တွေနဲ့ ရောက်နေတာ မဟုတ်ဘူး။ အများစုက ပြဇာတ်ကောင်းတစ်ပုဒ်ကြည့်ဖို့ သက်သက်ပဲ။ ဘာပြပွဲမှမရှိတဲ့အပြင် အဲမှာရှိနေတာက ကျောက်တုံးတစ်ခုတဲ့လေ။ သူတို့စိတ်ရှည်နိုင်စွမ်းက လျော့ပါးလာတာ နားလည်နိုင်ပါတယ်။ တစ်ယောက်ချင်းစီ ထွက်သွားဖို့အကြောင်းပြောကြတယ်။

ဒါပေမဲ့ အမတအစစ်တွေကိုကိုယ်တိုင်မြင်ဖူးသူတချို့အပါအဝင် နေခဲ့သူတွေလည်းရှိတယ်။

"မင်းတို့ အဲလို ပြောလို့မရဘူးလေ၊ နေ့ခင်းကျ ဖြစ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ငါတို့က စောနေတယ်လေ"

"ဟုတ်တယ်၊ ငါကိုယ်တိုင် အမတတွေကိုမြင်ဖူးတာ၊ အမတတောင်က ဒီမှာရှိတာသေချာတယ်"

"ငါလည်း အဲလိုထင်တယ်၊ ငါတို့မမြင်ရတာ တောင်က သေမျိုးမျက်စိထဲ မမြင်ရတာကြောင့်ထင်တယ်"

လူအုပ်ကြီးက ဒီလိုဖြစ်မယ်တွေးကြတယ်။ သူတို့က ဒီထိလာပြီးမှတော့ အများစုက နေရစ်ပြီး ဘာဖြစ်မလဲကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နေက‌မြင့်သထက်မြင့်လာပြီး ကျွန်းပေါ်က အပူချိန်ကပါ မြင့်လာတယ်။ လူအုပ်အရွယ်အစားက နည်းနည်းလျော့လာတယ်။ မကြာခင် နေ့လယ်ရောက်တော့မယ် အဲကျောက်တုံးကလွဲ ဘယ်သူမှ အမတမပြောနဲ့ အမတတောင်ပေါ်လာတာကိုမတွေ့ရ။

လူအုပ်ကြီးက ပိုပိုပြီးစိတ်ပျက်လာကြတယ်။

"တကယ် အလိမ်ကြီးပဲ"

တစ်ယောက်က ထပြောလာတယ်။"

"အစတည်းက အဲကောလဂာလကို ဘယ်သူဖြန့်တာ ဘယ်သူသိမှာလဲ၊ ငါတို့ အဲလူကိုဆွဲခေါ်ပြီး ကျောက်တုံးနဲ့ ပစ်ပေါက်ရမှာ" သူက စကားပြောပြီးတာနဲ့ ဘေးကကျောက်တုံးကို ကန်လိုက်တယ်။

ဝုန်းခနဲ အသံကြီးပေါ်လာပြီး ကျောက်တုံးကနေ ‌မျက်စိကျိန်းစရာအလင်းထွက်လာကာ ကောင်းကင်ဆီ တန်းတန်းမတ်မတ် ရောက်သွားတယ်။ အဲလူက ထိတ်လန့်လွန်းလို့ နောက်ပြန်လဲကျသွားတဲ့အထိပဲ။ လူအုပ်ကြီးတစ်ခုလုံး တိတ်ကုန်တယ်။

သူတို့‌မျက်လုံးတွေ ပြူးကုန်ပြီး ရှေ့ကမြင်ကွင်းပြောင်းလဲသွားတာကိုကြည့်နေတယ်။ ကျောက်တုံးက ထွက်လာတဲ့ ရွှေရောင်အလင်းက ‌အလင်းတန်းနှစ်ခုအဖြစ် ခွဲထွက်သွားတယ်။ သူတို့ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သလိုမျိုးပဲ အနောက်က စင်မြင့်ကို ပြသနေတယ်။ ကောင်းကင်က တဒေါက်ဒေါက် မြည်နေတဲ့ပုံ။ ကမ်းခြေက ပြောင်းလဲသွားပြီး မကြာခင် မြင့်မားတဲ့တောင်တစ်ခု ပေါ်လာတယ်။ မြင့်လွန်းလို့ တောင်ထွတ်က ကောင်းကင်ထဲက တိမ်တိုက်‌တွေနောက်ကနေ ပြူထွက်နေတယ်။

တိတ်တိုက်တွေက တောင်ပတ်လည်မှာ ရစ်ဝဲနေပြီး တောင်ရဲ့အလင်းက ကျွန်းမြေပြင်ပေါ် ထိလာတယ်။ သူတို့တွေ တောင်ထွတ်ပေါ် ကျောင်းဆောင်တစ်ခု ရပ်တည်နေတာ ဝိုးတဝါးမြင်လိုက်ရတယ်။ ခမ်းနားပြီး ရှိန်စရာကောင်းတာပဲ။

"အမတ... အမတတောင် တကယ်ပဲ အမတတောင်" တစ်ယောက်က အော်လာတယ်။

လူအုပ်ကြီးက တောင်နဲ့ ထိပ်ပေါ်က ကျောင်းဆောင်ကို မော့ကြည့်ကြတယ်။ သူတို့ရင်ထဲက သံသယတွေအားလုံး နောက်ဆုံးတော့ လွင့်ပါးသွားပြီ။ အမတတောင်တွေက တကယ်တည်ရှိတာပဲ။

အဲအချိန် ပင်မခန်းဆောင်ထဲ။

"ဘယ်သူက ဒီတောင်အောက်ခြေမှာ အဲဝိညာဉ်စမ်းကျောက်တုံးကို ထားထားတာတုံး" ကူယွဲ့ မေးလိုက်တယ်။ သူ့ကြော်ငြာထားတဲ့အားထုတ်မှုတွေ သဲထဲရေသွန်ဖြစ်တော့မလို့။

"ကျွန်... ကျွန်တော်ပါ..." ဖက်တီးက ပျော့တီးပျော့ဖတ်နဲ့ လက်မြှောက်လာတယ်။

"ဘာလို့ အဲဝိညာဉ်စမ်းကျောက်တုံးကို တံခါးရှေ့ထားထားတာလဲ" ကူယွဲ့ တောင်ကိုကာကွယ်ဖို့ ချထားတဲ့ မဟာအင်းကွက်ကို ဖြည်မရဖြစ်စေခဲ့တာ။ အင်းကွက်ကို ပြန်ဖြည်ဖို့ ဝိညာဉ်ကျောက်တုံး တစ်ခါကို ဘယ်လောက်လိုလဲဆိုတာ ဖက်တီးသိရဲ့လား။

"ဆရာ ဝိညာဉ်ကြောတွေနဲ့ တပည့်တွေပဲ တောင်ပေါ်တက်ခွင့်ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား"

ဝိညာဉ်ကြောမရှိသူတွေက မကျင့်ကြံနိုင်ဘူးလေ။ ဖက်တီးက မရဲတရဲ ခေါင်းငုံ့သွားတယ်။ အဲဒါက သူ အမတ‌ဘုံတံခါးတွေမှာလည်း အဲလိုလုပ်နေကျပဲကို။

"အာ..." ကူယွဲ့တုံ့ဆိုင်းသွားတယ်။ "ထားလိုက်တော့၊ သူတို့တောင်ပေါ်တက်ဖို့ လှေကားပြင်ပေးလိုက်"

ကူယွဲ့ ဒီအရှုပ်အထွေးကို ဖက်တီးစာရင်းထဲ တိတ်တိတ်လေးထည့်ပေါင်းလိုက်တယ်။

"ဟုတ်ကဲ့ဆရာ" ဖက်တီးက ထရပ်ပြီး သူ့ဝတ်ရုံထဲက ဓမ္မကျောက်တုံးတစ်ခုကိုထုတ်ကာ နောက်တော့ ပစ်ထုတ်လိုက်တယ်။

"ခဏ" ကူယွဲ့ သူ့ကိုတားလိုက်တယ်။

"နောက်ထပ် ဝိညာဉ်စမ်းအင်းကွက် ထပ်ထည့်လိုက်" ဒါက ဝိညာဉ်ကြောမပါတဲ့ လူတွေ ‌တောင်ပေါ်တက်ခွင့်မရအောင်ပဲ။ ဒီလိုဆို သူတို့တွေ ဒီဝိညာဉ်စမ်းကျောက်တုံးကို မလိုတော့ဘူး။

ဖက်တီးကခေါင်းညိတ်ကာ ကျောက်တုံးပေါ်နောက်ထပ်အင်းကွက်တစ်ခု ထပ်ပေါင်းလိုက်တယ်။ သူက သူ့ဝိညာဉ်ချီကို အသက်သွင်းကာ ကျောက်တုံးကိုပစ်ထုတ်လိုက်တယ်။

အောက်မှာတော့ ပင်လယ်နား လူအုပ်ကြီးရှေ့ အဖြူရောင်လမ်းတစ်ခု ပေါ်လာတယ်။ သူတို့ကို အမတတောင်ထွတ်ဆီ တန်းတန်းမတ်မတ် ဦးတည်ခေါ်ဆောင်သွားတဲ့ပုံပဲ။

"အမတတောင်ဆီ ဦးတည်နေတာ" လူအုပ်ထဲကတစ်ယောက်က ထအော်တယ်။

လူတိုင်း အတွေးနယ်ချဲ့နေရာက သတိပြန်ဝင်လာတယ်။ သူတို့က တောင်ပေါ် အရင်ရောက်သူဖြစ်အောင် တွန်းထိုးကြတော့တယ်။ လူအုပ်ကြီးက သူတို့ခြေထောက် လမ်းကို ထိတာနဲ့ကွဲထွက်သွားတယ်။ တချို့က လမ်းတစ်လျှောက် ဆက်ပြေးခွင့်ရပြီး တချို့ကတော့ ဘယ်လောက်ကြိုးစားကြိုးစား အစနေရာကိုပဲ ပြန်တွန်းထုတ်ခံရပြီး ဆက်တက်လို့မရဖြစ်နေခဲ့တယ်။

...

အခန်း ၅၁၂ ။ လူခေါ်မှုစမ်းသပ်ချက်

အနောက်ကို တွန်းထုတ်ခံရသူတွေက ဆက်တိုက်ကြိုးစားပေမဲ့ ဒီလိုပဲဆက်တိုက် ဖြစ်နေတယ်။ ကောလာဟလတွေက ကျင့်ကြံသူတွေပဲ အမတတောင်ကိုတက်နိုင်မယ်လို့ ဆိုထားတာ သတိရသွားတယ်။ တစ်ယောက်ပြီးတစ်ယောက် စိတ်ပျက်လက်ပျက် အမူအရာတွေနဲ့‌ နောက်ဆုတ်ကုန်တယ်။ အငြင်းခံရသူက သိပ်တော့မများဘူး။ လူတော်တော်များများမှာ ဝိညာဉ်ကြောတွေ ရှိကြတယ်။

တက်လှမ်းမှုလှေကားဆိုတာက ဖက်တီးရဲ့ ဘုံငယ်လေးထဲ တပည့်တွေရွေးချယ်ဖို့ အသုံးပြုခဲ့တဲ့အရာပဲ။ ထျန်းလန်လောကသုံးခွင်နဲ့ ကွဲပြားတယ်။ ဖက်တီးရှိနေခဲ့တဲ့ အထွတ်အမြတ်ဆိုက်ရောက်ဘုံက အမတလမ်းစဥ်ကျင့်ကြံနေသူတွေပဲ ပါဝင်တာကြောင့် လူအနည်းစုပဲ ဝိညာဉ်ကြောမပါကြတာ။ ဒါပေမဲ့ အမတဂိုဏ်းတွေမှာတော့ စံနှုန်းတချို့ရှိတာမို့ သူတို့လက်ခံတဲ့တပည့်တွေနဲ့ပတ်သက်ပြီး တင်းကြပ်ကြတယ်။ သူတို့က ဝိညာဉ်ကြော ရှိဖို့လိုရုံတင်မက အရည်အသွေး၊ စရိုက်တစ်မျိုးမျိုးရှိရမယ် စသဖြင့်ပေါ့။

လှေကားပေါ် လူ့စိတ်ကို ရှုပ်ထွေးစေတဲ့ မတူညီတဲ့မှော်အတတ်အမျိုးမျိုးရှိတယ်။ လူတစ်ယောက်က သန့်စင်ပြီး စိတ်ပိုင်းဖြတ်ထားလေ သူတို့တက်လှမ်းရမှာက ပိုပြီးတိုတောင်းလေပဲ။

အမှန်ပဲ လူတွေ အများကြီး တစ်ပြိုင်နက် လှေကားဆီရောက်ချိန် အကွာအဝေးတစ်ခုက သူတို့ကြား စတင်ကြီးထွားလာတယ်။ အစက အရှေ့မှာ ရောက်နေတဲ့လူငယ်တွေအားလုံး တစ်မိနစ်အတွင်းမှာတင် နောက်ကောက်ကျနေတာကို မြင်လိုက်ရတယ်။ ပြီးတော့ သူတို့ မောဟိုက်ပြီး နှာချေနေတယ်။ အစက နောက်ကောက်ကျနေခဲ့တဲ့ မိန်းမတွေနဲ့ ကလေးတွေကတော့ အုပ်စုရှေ့ရောက်နေပြီ။ အထူးသဖြင့် အသက်၁၀နှစ်အောက် ကလေးတွေပဲ။ သူတို့က အမျိုးသားတွေရဲ့ တစ်ဝက်လောက်တောင် ပင်ပန်းတဲ့ပုံမပေါ်။ အဲအစား သူတို့က မောဟိုက်နေတဲ့လူကြီးတွေကို သိချင်စိတ်နဲ့ အဆက်မပြတ် ဆက်တိုက်လှည့်ကြည့်နေကြတယ်။

တစ်မိနစ်အကြာမှာတော့ အရှေ့မှာ လူကြီး၅ယောက် ၆ယောက်ကလွဲ တခြားသူအားလုံးက ကလေးတွေ။

"သူတို့ ဒီကိုရောက်ဖို့ ဘယ်လောက်ကြာမှာလဲ" ကူယွဲ့ကမေးတယ်။

ဖက်တီးက သူ့ကိုကြည့်လာတယ်။

"တစ်နာရီလောက်ပါ"

အဲဒါသိပ်မကြာပါဘူး။ မကြာခင် ပြီးတော့မှာပေါ့။

"အာ ခွေးကောင်လေးနှစ်ယောက်ရော" ကူယွဲ့ နောက်လှည့်ကြည့်လိုက်တော့ ရှန်းရင်နဲ့ ယိချင်းကို ပင်မခန်းမဆောင်မှာ မတွေ့ရ။

"ဆရာ မေ့သွားပြီလား" ဖက်တီးက သတိပေးတယ်။

"အခုက နေ့လယ်လေ၊ သူတို့ နေ့လယ်စာသွားစားပြီ"

ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ မေ-ိုးတွေ ဒီဟာလေးတွေကတော့...။

"ဖေဖေနျို၊ နေ့လယ်စာစားချိန်လေ" သူ ခေါင်းထဲ သူတို့ကို ဆဲနေတုန်းရှိသေး၊ စားဖိုမှူးအသံကြားလိုက်ရတယ်။

"အိုး ဖက်တီး မင်း ငါတို့ထဲ ဝင်ပါစရာမလိုဘူး၊ ငါ မင်းဝေစု မချက်ပေးထားဘူး"

ကောင်းပြီလေ သူတို့ သူ့ကိုပါခေါ်ဖို့ သတိရမှတော့ ဒီတစ်ခေါက် လစဉ်ကြေး မဖြတ်တော့ပါဘူးလေ။

ဖက်တီး ။ ။ "..."

ယိချင်းက ဘာလို့ သူတို့နှစ်ယောက်လုံးကို ပြောဖို့လိုတာလဲ။ ဖက်တီး မသိချင်တော့ဘူး။

***

လှေကားကို တက်နေတဲ့ လူအုပ်ရဲ့ ရှေ့ပိုင်းနဲ့ နောက်ပိုင်းအုပ်စုကြားက အကွာအဝေးက ပိုကြီးထွားလာတယ်။ နောက်မှာ ကျန်ရစ်နေသူတွေက ခုဆိုပိုလို့တောင် မောဟိုက်နေပုံ။ တချို့က မတ်မတ်တောင် မရပ်နိုင်တော့ဘဲ တခြားသူတွေက လက်လျှော့သွားပြီဖြစ်ကာ နောက်ပြန်လှည့်သွားပြီ။ သူတို့လှည့်သွားတာနဲ့ လှေကားက လျှောအဖြစ် ပြောင်းသွားကာ စက္ကန့်ပိုင်းအတွင်း ပင်လယ်ကမ်းစပ်ဆီ ပြန်ပို့ပေးလိုက်လေတယ်။ အဲလိုနဲ့တင် လှေကားမှာကျန်ရစ်သူတွေဟာ ပိုနည်းနည်းလာခဲ့တယ်။

ဒါ ကူယွဲ့ အစတည်းက တွေးထားတာပဲ။ ဒီလေ့ကျင့်ခန်းရည်ရွယ်ချက်က သူတို့ဂိုဏ်းထဲ တပည့်တွေ စုဆောင်းပြီး ကျင့်ကြံခိုင်းဖို့ အတိအကျတော့မဟုတ်ဘူး။ သူ့အဓိကရည်ရွယ်ချက်က လူသားကမ္ဘာဆီ ကျင့်ကြံမှုအကြောင်း အသိပညာဖြန့်ဝေဖို့ပဲ။ ဒါကြောင့် သူတို့ရွေးချယ်မဲ့လူတွေက ဘယ်လိုကျင့်ကြံရမလဲအပြင် သူတို့အသိပညာနဲ့ အရည်အချင်းတွေကို နောက်မျိုးဆက်တွေဆီ ဆင့်ကမ်းနိုင်စွမ်းလည်း ရှိရမယ်။ ဒါက လူသားတွေ ကောင်းကင်တာအို တည်ငြိမ်အောင်လုပ်တုန်း သူတို့မျိုးနွယ်ကို သူတို့ ထိန်းနိုင်စေလိမ့်မယ်။

ခေတ်သစ်ပိုင်းဘာသာစကားအရတော့ ဒါက နောက်ပိုင်း မျိုးနွယ်တစ်ခုလုံး ကြွယ်ဝအောင် လူတချို့ကို ချမ်းသာအောင်လုပ်ပေးတယ် ခေါ်တယ်။

ဒီအကြောင်းရင်းကြောင့် ကူယွဲ့ လူအများကြီး ဂိုဏ်းထဲ ဝင်လာမှာမလိုဘူး။ တကယ်တော့ တချို့တလေဆို ရပြီ။ အနာဂတ်မှာ ဒီတပည့်တချို့က သင်ကြားရေးအခန်းကဏ္ဍကို ယူရမှာ။ သူတို့တွေ စည်းကမ်းတင်းကြပ်ဖို့လိုတာပေါ့။

တစ်မိနစ်အကြာမှာ တချို့ပဲ လှေကားပေါ်ကျန်ရစ်တော့တယ်။ အသက်၁၀လောက်ဝန်းကျင် ကလေးအယောက်၂၀ ၃၀လောက်ပေါ့။ ဆယ်ကျောက်သက်မိန်းကလေး ဆယ်ယောက်ကျော်လည်း ရှိတယ်။ အနည်းဆုံးကတော့ အစက ပြိုင်ပွဲမှာ ရှေ့ဆုံးရောက်ခဲ့တဲ့ သန်မာငယ်ရွယ်တဲ့လူငယ်တွေ။ ပိုပြီး အံ့ဩကောင်းစရာတာက သက်လတ်ပိုင်းလူကြီးတချို့လည်း ရှိနေတယ်။ သူတို့တွေက သိပ်နောက်ကောက်မကျ။ တကယ်ဆို ကလေး၂ယောက်တည့်တည့် နောက်မှာတင်ရှိနေတာ။

အဲဒီကလေးနှစ်ယောက်က ကလေးတစ်အုပ်လုံးရဲ့ နောက်ဘက်မှာရှိနေပြီး သူတို့အရွယ် တခြားလူတွေထက်ကို ပိုပင်ပန်းနေတဲ့ပုံ။ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက်ပဲ။ ကောင်လေးက မောဟိုက်ပြီး ချွေးပြိုက်ပြိုက်ကျနေတယ်။ ဒါက လှေကားတွေပေါ်က အင်းကွက်တွေကြောင့် မဟုတ်ဘဲ မိန်းကလေးကို လှေကားတစ်လျှောက် ချီလာခဲ့တာမို့ပဲ။ သူတို့က အရွယ်တူလောက်မို့ သေချာပေါက် ကလေးမကို လှေကားပေါ်ချီတာ အတော်လေး အားထုတ်ရတာပေါ့။

ဖက်တီးပဲ ပင်မခန်းမဆောင်ထဲ ကျန်ရစ်တယ်။ သူက ဒီကလေးနှစ်ယောက်ကို သိချင်စိတ်နဲ့ ကြည့်နေမိတယ်။ ကလေးမက အင်မတန် ဖြူဖျော့နေပြီး နေမကောင်းဖြစ်နေပုံ။ သူမကိုယ်မှာ ပြဿနာတစ်ခုခုရှိနေတာ သိသာတယ်။ အချိန်နဲ့အမျှသူမက ကောင်လေးမျက်နှာပေါ်က ချွေးစေးတွေကို လက်ကိုင်ပဝါထုတ်ကာ သုတ်ပေးနေတယ်။ ဖက်တီး ဒီ ကောင်လေးနဲ့ ကောင်မလေးကြားထဲက သွေးစပ်မှုကို ဝိုးတဝါး ခံစားရတယ်။ ကြည့်ရတာ မောင်နှမတွေဖြစ်ပုံပဲ။

ဖြစ်နိုင်တာ ဒီကလေးတွေရဲ့ အခြေအနေက ထူးခြားပုံပဲ။ ဖက်တီး အကြည့်မလွှဲနိုင်တော့ဘူး။ သူတို့တွေ ‌တောင်ထွတ်နဲ့ ဝေးသေးတယ်။ သူက လှေကားကို ၂နာရီပဲ ရှိနေအောင် လုပ်ထားတာ။ ကံကောင်းရင်တော့ သူတို့ရောက်နိုင်မယ်။

အဲအချိန် လူအုပ်တစ်ခုလုံးကို ဦးဆောင်နေသူက တောင်ထိပ်ရောက်လုနီးပါး။ ဖက်တီး ဝင်ပေါက်မှာ မှိုတွေစိုက်နေဆဲ ရှဉ့်မိစ္ဆာအကြောင်း တွေးမိပြီး သူ့ကိုသွားခေါ်ဖို့လုပ်လိုက်တယ်။

တကယ်ပဲ ၁၀နှစ်တောင် ရှိသေးပုံမပေါ်တဲ့ ပါးဖောင်းဖောင်းနဲ့ ကလေးတစ်ယောက်က တောင်ဝကို ရောက်လာပြီ။ သူ့ဘေးမှာ မှိုစိုက်ဖို့ အပတ်တကုတ် ကြိုးစားနေတဲ့ ရှဉ့်မိစ္ဆာက။ အလန့်တကြား ထခုန်တယ်။ သူက ကိုယ်ထဲကဝိညာဉ်ချီကို အချိန်မီမထိန်းလိုက်နိုင်ဘူး။ သူ့ကိုယ်ထဲကဝိညာဉ်ချီက ထကြွလာပြီး သူတို့မျက်စိရှေ့ မှိုကွင်းပြင်ကြီးတစ်ခု ဖြစ်သွားတယ်။

"မကောင်းဆိုးဝါး" ကလေးက အော်တယ်။ သူက ငယ်သေးလို့ထင် ရှဉ့်မိစ္ဆာကို ကြောက်တောင်မကြောက်။ အဲအစား သူက လက်ညှိုးထိုးပြီး ဆက်အော်ရင်း အမြီးကိုဆွဲဖို့လုပ်တယ်။

"မှို" ဖက်တီးက လှမ်းခေါ်ပြီး လျှောက်လာတယ်။

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့အမတ" ရှဉ့်မိစ္ဆာက သူ့မှိုတွေကို ဘေးပစ်ထုတ်ပြီး ဖက်တီးနောက် ပြေးဝင်ပုန်းတယ်။ အမြီးကို ခြေထောက်တွေကြား ညှပ်ပြီး ဝင်ပေါက်ဘေးရပ်နေတဲ့ ကလေးကို ထိတ်လန့်တကြား စိုက်ကြည့်နေတော့တယ်။

ကလေးက တုံ့ဆိုင်းသွားတယ်။ သူက ဖက်တီးဘယ်သူဘယ်ဝါလဲ ရိပ်စားမိပုံပဲ။ တလေးတစား ဂါရ၀ပြုလာတယ်။ "ချီရွှီတိုင်းပြည်မှ လုကျန့် အကြီးအကဲအမတကို နှုတ်ခွန်းဆက်သပါတယ်"

ကလေးက ဖက်တီးဘေးက ရှဉ့်ကို သိချင်စိတ်နဲ့ကြည့်နေတယ်။

"အင်း" ဖက်တီး ခေါင်းညိတ်ကာ ကွင်းအလွတ်ကို လက်ညှိုးထိုးပြလိုက်တယ်။

"မင်းက ဒီတောင်ပေါ် အရင်ဆုံးရောက်သူပဲ၊ တခြားသူတွေတက်လာမှာကို ဘေးမှာစောင့်နေပါ၊ ပြီးရင် မင်းတို့အားလုံးကို ငါ့ဆရာနဲ့တွေ့ဖို့ခေါ်သွားပေးမယ်"

"ဟုတ်ကဲ့ပါ အကြီးအကဲအမတ" လုကျန့်က စကားနားထောင်ကာ ဘေးမှာရပ်နေတယ်။ သူ့ဝတ်ရုံအရ လူကုံထံမိသားစုကနေ လာတယ်ဆိုတာသိသာတယ်။ သူ့အပြုအမူတွေက ဒါကြောင့် ငယ်ကယ်တည်းကတောင် အရမ်းကောင်းနေတာကိုး။ ဒါပေမဲ့ သူက ဘယ်လိုပဲဖြစ်ဖြစ် ကလေးပဲလေ။ ဟိုဟိုဒီဒီ စပ်စပ်စုစုကြည့်တာကိုတော့ မရပ်နိုင်ဘူး။

ဖက်တီး တောင်ဝင်ပေါက်မှာ အကြာကြီး စောင့်စရာမလိုခဲ့ဘူး။ လူတွေက စတင်‌ ဝင်ရောက်လာကြတယ်။ အစက ကလေးတွေချည်းပဲ။ ကလေးငါးယောက်အပြီး မိန်းကလေးတစ်ယောက်၊ နောက်တော့လူငယ်တစ်ယောက်၊ ပြီးတော့ လူကြီးတစ်ယောက်။ အချိန်ပြည့်တော့မယ်။ လှေကားက စတင်ပျောက်နေပြီ။ လှေကားကို တက်ဖို့ ကြိုးစားနေဆဲလူတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ပို့ခံလိုက်ရတယ်။

လှေကားက လုံးဝမပျောက်သွားခင်မှာတင် မိန်းကလေးချီထားတဲ့ ကောင်လေးက တောင်ဝင်ပေါက်ကို မြင်လိုက်ရတယ်။ သူတို့ခွန်အားကိုမြှင့်ပြီး ကောင်လေးက လှေကားနောက်ဆုံးအထစ်တွေကို ပြေးတက်တော့တယ်။

ရုတ်တရက် အရပ်ရှည်ရှည်လူတစ်ယောက် သူ့နောက်ကထွက်လာတယ်။ သူက လှေကား ပျောက်နေတာကို အာရုံခံမိတယ်။ အရှိန်မြှင့်ပြီး သူက ရှေ့ကကလေးတွေကို သူ့ရှေ့က တွန်းထုတ်ကာ အော်လိုက်တယ်။

"ဖယ်စမ်း"

နောက်ဆုံးစက္ကန့်မှာ သူက တောင်ပေါ် ခြေကျပြီး ဝင်ပေါက်ထဲ ‌ရောက်လာခဲ့တယ်။ သူက သက်မချကာ မသေမျိုးချီ ထွက်နေတဲ့ ဖက်တီးကို မော့ကြည့်တယ်။ အဲလူ မပျော်နိုင်ခင် သူ့ကိုယ်က ပင်လယ်ကမ်းခြေဆီ ပြန်ပို့ခံလိုက်ရလေတော့တယ်။

...

အခန်း ၅၁၃ ။ မွေးရာပါဓားသရုပ်သကန်

ဖက်တီး မျက်မှောင်ကြုတ်လိုက်တယ်။ သူက ကလေးတွေနဲ့အတူ တက်လှမ်းနိုင်ရက်သားနဲ့ သူတို့ကို ဘေးတွန်းထုတ်ပစ်တယ်ပေါ့။ တကယ်လို့သေမျိုးတွေသာ ဒီလှေကားကနေ ပြုတ်ကျရင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်တယ်။ ပြီးတော့ လှေကားကိုယ်တိုင်က လူတွေကို ထိခိုက်အောင် လုပ်ခွင့်‌ မပေးထားဘူး။ မဟုတ်ရင် အလိုလို ကျူးလွန်သူကို ပြန်ပို့မှာ။ ကောက်ကွေ့တဲ့နှလုံးသားတွေနဲ့ လူတွေကို ဂိုဏ်းထဲဝင်ခွင့်မပြုနိုင်ဘူး။ ဖက်တီးကချက်ချင်း ဂါထာတစ်ခုဖန်တီးကာ လှေကားက ပြုတ်ကျသွားတဲ့ ကလေးနှစ်ယောက်ကို တောင်ပေါ်ပြန်ခေါ်လိုက်တယ်။

သူ ခြေလှမ်းအနည်းငယ်ဆုတ်ကာ မသေမျိုးချီနည်းနည်းကိုအသက်သွင်းပြီး လှေကားပေါ် ပြန်တင်ပို့ကာ နောက်တော့ လှေကားပျောက်တဲ့အချိန်ကို နှောင့်နှေးလိုက်တယ်။ သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးပေးဖို့ အကြောင်းရင်းကောင်း ရှိတာပဲ။ လှေကားက သူတို့ကို အခွင့်အရေးပေးမလား မြင်ရမယ်။ ကောင်လေးက တုံ့ဆိုင်းနေပြီး အံ့အားသင့်ရင်း ကလေးမကို ထပ်ချီကာ မျက်နှာပေါ် ပိုပြီးတောင် စိတ်ပိုင်းဖြတ်ထားတဲ့ပုံ။ သူက တောင်ပေါ် သူမကို ချီသွားဖို့လက်မလျှော့။ အံ့ဩသင့်စရာ သူက လှေကားမပျောက်ခင် တောင်ပေါ် အချိန်မီရောက်ခဲ့တယ်။

ဖက်တီးက တက်လှမ်းမှုလှေကားကိုသိမ်းကာ ဂိုဏ်းကိုကာထားတဲ့ အင်းကွက်ကို ပိတ်လိုက်တယ်။ ဘေးက လူအုပ်ကြီးက သူတို့မျက်စိရှေ့မှာတင် အမတတောင်ကြီး ပျောက်ကွယ်သွားတာကို မြင်လိုက်ရတယ်။

ဖက်တီးက တောင်ပေါ် ရောက်လာတဲ့ လူကိုးယောက်ဘက် လှည့်ပြောလိုက်တယ်။ "မင်းတို့က အမတတောင်ပေါ် တက်လှမ်းနိုင်ခဲ့ပြီ - ဒါက မင်းတို့တွေ အမတဖြစ်လာဖို့ ရေစက်ရှိတယ်ဆိုတာ ပြနေတာပဲ၊ ကျေးဇူးပြုပြီး ‌ငါ့နောက်လိုက်ခဲ့ပါ၊ ငါ မင်းတို့ကို ဒီနေ့ကစပြီး လေ့ကျင့်သင့်ကြားပေးမဲ့ အမတအကြီးအကဲနဲ့ပေးတွေ့မယ်"

"ကျွန်တော်တို့ကို အမတသိုင်းတွေ သင်ပေးမယ်ပေါ့၊ ဒါဆို သူက ကျွန်တော်တို့ အနာဂတ်ဆရာ ဖြစ်လာမှာလား" လူတစ်ယောက်က စိတ်လှုပ်ရှားစွာမေးတယ်။

ဖက်တီးက တန့်သွားပြီး အနောက်ဆောင်က လူသုံးယောက်အကြောင်း တွေးမိသွားတယ်။ ဒီနှစ်တွေအတွင်း ကူယွဲ့က ဖက်တီးကို သူ့တပည့်လို့ တစ်ခါမှတောင် အသိအမှတ်မပြုဘူး။ ယိချင်းက လူမစု‌ဆောင်း။ မိန်းကလေးရှန်းကတော့... မေ့လိုက်။ ဖက်တီးက သူတို့ကို နောက်တစ်ကြိမ် လှည့်ကြည့်ပြီး ပြောလိုက်တယ်။

"မင်း သူတို့ကိုဆရာအဖြစ် သတ်မှတ်လို့မရခင် နည်းနည်းစောင့်ရမယ်ထင်တာပဲ၊ သူတို့က မင်းတို့ကို ကျင့်ကြံနည်းသင်ပေးပေမဲ့ တပည့်တွေအဖြစ်တော့ လက်ခံမှာမဟုတ်ဘူး"

အုပ်စုက သိသိသာသာ စိတ်ဓာတ်ကျသွားပေမဲ့ သူတို့ကို သင်ကြားမဲ့သူကို တွေ့ဖို့တော့ မျှော်လင့်နေကြတယ်။ ဒါကြောင့် သူတို့ အနောက်ဆောင်ဆီ ဖက်တီးနောက်ကလိုက်ခဲ့တယ်။ ဖက်တီး ဂိုဏ်းဂုဏ်သတင်းကို ထောက်ထားပြီး အချိန်ကိုတွက်လိုက်တယ်။ သူ တမင်သက်သက် လူအုပ်ကို တစ်ပတ် ခေါ်သွားပြီးမှ နောက်ဆုံးတော့ အနောက်ဆောင်ဆီ ရောက်ခဲ့တယ်။ တကယ်ပဲ သုံးယောက်သား ခုနေ့လယ်စာ စားပြီးသွားပြီ။

အဝေးကနေ သူတို့ ခြံဝန်းထဲထိုင်နေတဲ့ သုံးယောက်ကိုမြင်လိုက်ရတယ်။ နှစ်ယောက်က ယောက်ျား၊ တစ်ယောက်က မိန်းမ။ ဘယ်ဘက်က ယောက်ျားက လက်ဖက်ရည် သောက်နေတယ်။ အမျိုးသမီးက စားပွဲပေါ် ‌မှောက်နေပြီး အသီးကို တဂျွတ်ဂျွတ် ဝါးနေလေရဲ့။ တခြားလူကကျ သူမအတွက် လက်ဖက်ရည် ငှဲ့ပေးနေတယ်။ အလယ်က အမျိုးသမီးကလွဲရင် တခြားနှစ်ယောက်ရဲ့ မသေမျိုးချီက သူတို့ကိုယ်ကနေ တလိမ့်လိမ့် ထွက်နေတဲ့ပုံ။

"ဆရာ" ဖက်တီးက ကူယွဲ့ဆီ လှည့်ပြောတယ်။ "ကျွန်တော်တို့ ဒီတစ်ခေါက် ရွေးချယ်ထားတဲ့ တပည့်တွေက ဒီမှာပါ၊ စုစုပေါင်း ၉ယောက်ဖြစ်ပါတယ်"

"ကိုးယောက်လား" ကူယွဲ့ ရပ်သွားတယ်။ တိုက်ဆိုင်ချက် ဝူတိဂိုဏ်းက ပထမဆုံးတပည့်တွေကို စုဆောင်းခဲ့ချိန် သူတို့လည်း ၉ယောက်ပဲ။ ကူယွဲ့က အုပ်စုကို စစ်ဆေးလိုက်တယ်။ လူကြီး၃ယောက်ကလွဲ ကျန်တာ ကလေးငယ်တွေ။

"နှုတ်ခွန်းဆက်သပါတယ် အမတအကြီးအကဲ" လူကြီးသုံးယောက်က အရင်ဆုံး တလေးတစား ဂါရ၀ပြုလာတယ်။ ဒါကိုမြင်တော့ ကလေးတွေက လိုက်လုပ်ကာ သူတို့ကိုဂါရ၀ပြုတယ်။

"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ သူက လက်ဖက်ရည်ခွက်ကိုချပြီး ထရပ်လိုက်တယ်။

"မင်းတို့အားလုံးက စမ်းသပ်မှုလှေကားကို အောင်မြင်လာပြီဆိုတော့ မင်းတို့အားလုံးကို အောင်အောင်မြင်မြင် ဂိုဏ်းထဲသွင်းလိုက်ပြီ"

အုပ်စုရဲ့မျက်လုံးတွေက တောက်ပသွားတယ်။ သူတို့တွေ သိသိသာသာ ပိုစိတ်လှုပ်ရှားလာကြတယ်။

"မိစ္ဆာတွေနဲ့ ပြဿနာက ပိုပိုပြီးပြင်းထန်လာပြီ၊ ငါတို့အပြင်ဘက်က ကမ္ဘာမှာ မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေနဲ့၊ ငါမင်းတို့ကို ဘယ်လိုကျင့်ကြံလဲ သင်ပေးမယ်၊ မင်းတို့ စွမ်းရည်တွေ တည်ငြိမ်အောင် လုပ်ပြီးတာနဲ့ မင်းတို့ ကိုယ်ပိုင်ဂိုဏ်းကို ထောင်နိုင်ပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ဖို့ မင်းတို့ကျင့်ကြံသူတွေကို လေ့ကျင့်ပေးလို့ရတယ်" ကူယွဲ့ သူ့အမြင်အာရုံကို ရှင်းပြလိုက်တယ်။

"ဒါကြောင့် ဒီနေ့ကစပြီး မင်းတို့ စွမ်းရည်တွေကို အနာဂတ်မျိုးဆက်ဆီ လက်ဆင့်ကမ်းမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အကောင်းဆုံးကြိုးစားရမယ်"

"ဟုတ်ကဲ့ပါ အမတအကြီးအကဲ" သူတို့ကပြိုင်တူ ဖြေတယ်။

"အင်း" ကူယွဲ့ ခေါင်းညိတ်ပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။ "ငါက ကူယွဲ့၊ အဲဒါယိချင်း၊ သူ့ဘေးက မိန်းမကတော့... အရေးမကြီးဘူး" သူမက သူတို့ကို ဘယ်လိုဖြစ်ဖြစ် မှတ်မိမှာမှ မဟုတ်တာ။

ရှန်းရင် ။ ။ "..." ခွေး*သား

"မနက်ဖြန်ကစပြီး ငါတို့ မင်းတို့ကို ကျင့်ကြံရေးနည်းလမ်းတွေ စတင်သင်ကြားပေးမယ်၊ ဒီနေ့ကစပြီး မင်းတို့..." သူက သူတို့ နေထိုင်ဖို့အတွက် ပြင်ဆင်တော့ပေးမလို့။

"အမတအကြီးအကဲ" ညာဘက်က ကလေးက ရုတ်တရက် ခေါ်လာတယ်။ သူက ဒူးထောက်ချကာ ပြောတယ်။ "အမတအကြီးအကဲ၊ ကျွန်တော့်ညီ‌မလေးကို သင်ကြားပေးဖို့ တောင်းပန်ပါတယ် တကယ်လို့ သူမကိုသင်ကြားပေးဖို့ ဆန္ဒရှိရင် ကျွန်တော် ဘာမဆိုပြန်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"

သူ စကားပြောပြီးတဲ့နောက် ကောင်လေးက ဦးတိုက်တယ်။ သူ့ဘေးက မိန်းကလေးက ဇဝေဇဝါဖြစ်ကာ အားနည်းနေပုံ။ သူမက ကိုယ့်ဘာသာလည်း ရပ်နိုင်တဲ့ပုံ မပေါ်ဘူး။ အဲအခိုက်အတန့်မှာ အထောက်အပံ့အတွက် တခြား အသက်ပိုကြီးတဲ့မိန်းကလေးကို မှီနေတယ်။

ကူယွဲ့ စူးစမ်းစွာနဲ့ ဖက်တီးကို ကြည့်လိုက်တယ်။

ဖက်တီးကတန့်သွားတယ်။ သူလည်း အခြေအနေနဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေတာ သိသာတယ်။

"ဒီကလေးရဲ့ ညီမက နေမကောင်းဖြစ်နေတာ၊ သူက လှေကားတစ်လျှောက်လုံး သူမကိုချီလာခဲ့တာလေ"

"အိုး" ကူယွဲ့က ဒူးထောက်နေတဲ့ကလေးဘက် မျက်နှာလှည့်လိုက်တယ်။

"ပြော - ဘာပြဿနာလဲ"

"အမတအကြီးအကဲကို ပြန်ဖြေပါတယ်" ကောင်လေးက ပြန်ဖြေတယ်။ "လွန်ခဲ့တဲ့နှစ်ပိုင်းက ကျွန်တော့်ညီမက သားရဲတစ်ကောင်ကိုက်တာ ခံခဲ့ရပါတယ်၊ နောက်ကျ ကျွန်တော်တို့ သူ လမ်းမလျှောက်နိုင်တော့တာ သိခဲ့ရတယ်၊ ရွာကလူတိုင်း ပြောကြတာ သူမက ဂြိုဟ်ဆိုးမို့ ဒီလိုကံမကောင်းတဲ့ မတော်တဆမှုနဲ့ ကြုံခဲ့ရတာတဲ့၊ သူတို့က ကျွန်တော်တို့ကို ရွာပြင် နှင်ထုတ်ခဲ့ကြတယ်၊ အကြီးအကဲအမတ... ခင်ဗျားက အမတပါ၊ ကျွန်တော့်ညီမကို ကုသဖို့နည်းလမ်း ရှိမယ်မဟုတ်လား၊ သူ့ကိုသင်ကြားပေးဖို့ တောင်းပန်ပါတယ်""

"မင်းက သူ့ကို ကုသပေးချင်တာကြောင့် အမတတက်လှမ်းမှုလှေကားပေါ် ချီခဲ့တာလား" ကူယွဲ့ ကလေးမကို ခေါင်းစခြေ‌ဆုံး စစ်ဆေးလိုက်ပြီး သူမခြေထောက်တွေကို သေချာကြည့်လိုက်တယ်။ တစ်ချက်ကြည့်ရုံနဲ့ သူမခြေထောက်တွေက သားရဲတစ်ကောင် ကိုက်တာကနေ ပိုးဝင်သွားတယ်ဆိုတာ ပြောနိုင်တယ်။ ကျေးဇူးတင်စရာက သိပ်တော့မပြင်းထန်လှဘူး...။

"ဟုတ်" ကောင်လေးက ခေါင်းညိတ်တယ်။

"ဒါဆို မင်းကို ကျင့်ကြံဖို့သင်ကြားပေးတာနဲ့ မင်းညီမကို ကုသပေးတာထဲက ရွေးခိုင်းရင်ရော"

ကောင်လေးက သူ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ ကူယွဲ့က သူ့ကို ရွေးခိုင်းမယ်လို့ မထင်ထားဘူး။ သူက တစ်ဖက်လှည့်ကာ သူ့ညီမကိုကြည့်လိုက်တယ်။ နောက်တော့ သူကအံကြိတ်တယ်။

"ကျွန်တော့်ညီမကို ရွေးပါတယ်၊ ကျေးဇူးပြုပြီး အမတအကြီးအကဲ ကျွန်တော့်ဆန္ဒကို ဖြည့်‌ဆည်းပေးပါ"

ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ ဒါ ကလေးကောင်းပဲ။ သူက ကလေးမဆီ လျှောက်သွားကာ သူမခြေထောက်နားက မိစ္ဆာချီတွေကို ဖယ်ရှားပေးလိုက်တယ်။ သူမက တုံ့ဆိုင်းနေပြီး ခြေထောက်တွေမှာ ခွန်အားပြန်ရလာတာကို ခံစားမိသွားတယ်။ အလိုလို သူမကထရပ်တယ်။ မယုံကြည်နိုင်စွာ မျက်လုံးတွေ ပြူးကျယ်နေလေရဲ့။

"ကိုကို၊ ငါ... ငါလမ်းလျှောက်နိုင်ပြီ"

ကောင်လေးက အပျော်လွန်သွားတယ်။ သူက ချက်ချင်း သူ့ညီမကို ဒူးထောက်ခိုင်းလိုက်တယ်။

"ကျေးဇူးတင်ပါတယ် အမတအကြီးအကဲ ကျေးဇူးတင်ပါတယ် အမတအကြီးအကဲ"

"ဂါရ၀ မပြုပါနဲ့တော့" ကူယွဲ့က သူတို့ကိုထူပေးလိုက်တယ်။ "ဒီလိုငယ်ငယ်ရွယ်ရွယ်မှာ မင်းမိသားစုကို ကူညီဖို့ ဒီအတိုင်းအတာထိလုပ်ချင်စိတ်ရှိတယ်၊ အဲဒါ... အာ" ကူယွဲ့ သူ့ကိုချီးကျူးနေပေမဲ့ လက်ထဲတစ်ခုခုကို ခံစားလိုက်ရတယ်။ သူရင်တုန်သွားပြီး ကောင်လေးကိုဆွဲထူကာ သေချာကြည့်လိုက်တယ်။ သူ ကောင်လေးကိုယ်ကို စစ်ဆေးဖို့ မသေမျိုးချီတစ်မျှင်ကို အသက်သွင်းလိုက်တယ်။

တကယ်ပဲ တစ်အောင့်နေတော့ ကူယွဲ့ ကောင်လေးကိုယ်ထဲကနေ ဓားချီရဲ့ လျစ်လျူရှုရခက်တဲ့ တုံ့ပြန်မှုကို ခံစားလိုက်ရတယ်။

"ဟိုလီရှစ်၊ မွေးရာပါ ဓားသရုပ်သကန်ပဲ" သူက စားဖိုမှူးနဲ့ ကိုယ်ခန္ဓာ အမျိုးအစားတူတယ်။ ဆိုလိုတာ မွေးရာပါ ဓားကျင့်ကြံသူပဲ - ဘယ်တော့မှ လမ်းမလွဲသွားမဲ့သူမျိုး သူက ကောင်လေးကို ဆွဲကာ ‌အင်မတန်တည်တံ့စွာ ပြောလိုက်လေရဲ့။

"မင်းကို ငါ့တပည့်အဖြစ် ခေါ်ထားဖို့ ဆုံးဖြတ်လိုက်ပြီ၊ လာ ငါ့ကိုဆရာလို့ခေါ်" သူက နောက်မှာ တစ်ခုခု ပြောချင်ပုံပေါ်တဲ့ ဆရာတပည့်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။

"ငါ့ဆီကနေ သူ့ကိုခိုးဖို့ တွေးတောင်မတွေးနဲ့"

ရှန်းရင် ။ ။ "..."

ဖက်တီး ။ ။ "..."

ယိချင်း ။ ။ "..."

သူတပည့်လက်မခံဘူးလို့ မပြောထားခဲ့ဘူးလား။

ဖက်တီး ရင်ထဲအောင့်သွားတယ်။

ကူယွဲ့ ရိုးရှင်းတဲ့ကြော်ငြာလေးက သူ့ကို မွေးရာပါဓားသရုပ်သကန်နဲ့ လူတစ်ယောက် ရစေလိမ့်မယ် မထင်ခဲ့ဘူး။ သူ အရင်ကသင်ခဲ့ဖူးတဲ့ မရေမတွက်နိုင်တဲ့လူတွေကို ပြန်စဉ်းစားကြည့်ရင် သူ့ရင်ထဲ ကြေမွကုန်တယ်။ သူ့ဂိုဏ်းထဲက ခန္ဓာကျင့်ကြံသူတွေ အများကြီးကလွဲရင် တစ်ဦးတည်းသော ကြိုးစားတဲ့ဖက်တီးက ဓားသိုင်းနဲ့ ကံမပါဘူး။ အခု မွေးရာပါဓားသရုပ်သကန်နဲ့ ဒီကောင်လေးက သူ့ရဲ့ကယ်တင်ရှင် ကျက်သရေပဲ။ ကူယွဲ့ နောက်ဆုံးတော့ ဓားကျင့်ကြံမှုအတွက် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ပြီ။

All Chapters