အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အခန်း ၅၁၄ ။ ကောင်းကောင်းသင်ယူ
ကူယွဲ့က ကောင်လေးကို သူ့တပည့်အဖြစ် ချက်ချင်း လက်ခံလိုက်တယ်။ သူ ကောင်လေးကိုလည်း ရှန်းရင်ရဲ့ မကောင်းတဲ့လွှမ်းမိုးမှုကနေ လုံးဝဖြတ်ချဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ သူကိုယ်တိုင် ဒီကောင်လေးကို သင်မှာ။ စားဖိုမှူးတောင် ဒီကောင်လေးနား ကပ်လို့မရဘူး။ သူက ဓားကျင့်ကြံသူသီးသန့် လေ့ကျင့်နိုင်မှာ မဟုတ်ဘူးဆိုတာကို လက်ခံဖို့ငြင်းဆန်တယ်
ကူယွဲ့က တမင်သက်သက် သူ့ကို ကျန့်ရှင်းလို့ ခေါ်ခဲ့တယ်။ ဆိုလိုတာက သူက ဓားကျင့်ကြံခြင်းမှာ အောင်မြင်ပြီး ကောင်းကောင်းလုပ်မယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေက တစ်နေ့ကျ ဂိုဏ်းကနေ ထွက်သွားပြီး ကိုယ်ပိုင်ဂိုဏ်းထူထောင်ကြမှာလေ။ အဲအချိန်ရောက်လာရင် ကျန့်ရှင်းက ဓားကျင့်ကြံခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာနိုင်တယ်။ ဒါကိုစဉ်းစားကြည့်ရုံနဲ့တင် ကူယွဲ့ ပျော်ရတယ်။
ဒါကြောင့် ကူယွဲ့ ကောင်လေးကို ကြိုးစားလေ့ကျင့်ပေးတော့တယ်။ ဓားကျင့်ကြံမှုရဲ့ အုတ်မြစ်တွေကစလို့ သူ့ကိုယ်ထဲ အရှိန်အဝါတွေ ဆွဲသွင်းတာကအထိ ကူယွဲ့က ကျန့်ရှင်းကို သေချာ လေးနက်စွာ သင်ပေးခဲ့တယ်။ ကျန့်ရှင်းက တစ်ဖက်မှာ ဉာဏ်ကောင်းပြီး သင်ကြားတာမြန်တယ်။ တပည့်ကိုးယောက်ထဲ သူက သူ့ကိုယ်ထဲ အရှိန်အဝါကို ဘယ်လိုဆွဲသွင်းရမလဲ ပထမဆုံးသင်ယူခဲ့သူပဲ။
တခြားသူတွေအတွက်တော့ ဖက်တီးကို အခြေခံသင်ကြားဖို့ တာဝန်ပေးထားတယ်။ ကူယွဲ့က ရံဖန်ရံခါမှ အကြံပေးတာ ဘာညာ ပြုလုပ်တယ်။ ပြီးတော့ ဖက်တီးက ဓားကျင့်ကြံမှုမှာ ပျက်ချော်ချော်ဆိုပေမဲ့ သူက တခြားအရာအားလုံးမှာတော့ အတော်လေး တော်တယ်။ သေချာပေါက် ကူယွဲ့ သူ့ကို တခြားတပည့်တွေပေးထားတော့ စိုးရိမ်စရာနည်းတာပေါ့။ တခြားတပည့်တွေကြား တစ်ယောက်မှ မွေးရာပါ ဓားသရုပ်သကန်မပါဘူး။ အဲအစား သူတို့ကိုယ်ခန္ဓာအမျိုးအစားတွေက အတော်လေးကို သာမန်ဆန်တယ်။ သူတို့အားလုံး ကျန့်ရှင်းရဲ့ညီမ ကျီလင်းအပါအဝင် အားလုံးမှာ ဝိညာဉ်ကြောလေးခု ရှိကြတယ်။
သူတို့အားလုံးမှာ ကောင်းတာတစ်ခုကတော့ သူတို့စရိုက်ပဲ။ ဘယ်တစ်ခုမှာမှ သူတို့အထူးပြုနိုင်မှာ မဟုတ်ပေမဲ့ သေချာပေါက် သူတို့ကိုယ်ပိုင်ဂိုဏ်းကို ထူထောင်ပြီး သူတို့ကိုယ်ပိုင်တပည့်တွေကို သေချာပေါက် သင်ကြားပေးနိုင်လိမ့်မယ်။ အကောင်းဆုံးအပိုင်းကတော့ မျက်နှာပြင်က အသစ် ဖြစ်နေသေးတာ။ ဒါ လူတွေ ကျင့်ကြံမှုကို စတင်လေ့လာဖို့ အကောင်းဆုံးအချိန်ပဲ။ သူတို့ မပျင်းရိသရွေ့ မသေမျိုးဆီ တက်လှမ်းသွားဖို့က သူတို့အတွက်ခက်ခဲမှာမဟုတ်ဘူး။
ဖက်တီးက ဓားကျင့်ကြံမှုကို ရူးသွပ်နေတဲ့ ကူယွဲ့ထက် ပိုအားကိုးရတာ အသိသာကြီး။ တပည့်၈ယောက်ကို လတချို့ လေ့လာပြီးတဲ့နောက်မှာ သူက ပိုပြီး ဦးတည်တဲ့ လေ့ကျင့်မှုတွေကို စီစဉ်ဖို့စတင်တယ်။ သူက ဓားကျင့်ကြံမှုသင်ကြားချိန် အခက်တွေ့မှ ယိချင်းအကူအညီကို တောင်းတယ်။ အဲကျ ယိချင်းက အကြံဉာဏ်တချို့နဲ့ လမ်းညွှန်မှုကို ကမ်းလှမ်းတယ်။
ဒါကြောင့် တစ်ဂိုဏ်းလုံးက သင်ကြားရေးနဲ့ ကျင့်ကြံရေးမှာ အားသွန်ခွန်စိုက်နေကြတယ်... ရှန်းရင်ကလွဲလို့ပေါ့။
နှစ်တစ်သိန်း ကံကောင်းစေတဲ့အဆောင်အနေနဲ့ ရှန်းရင်ရဲ့ ဂိုဏ်းအတွက် ပါဝင်မှုက တစ်ခုတည်းပဲ - အပင်တွေကို ရေလောင်းတာ။
မုန်လာဥဖြူရှိတုန်းက သူမက သူစိုက်ထားတဲ့ အပင်တွေကိုစိုက်ဖို့ နေ့တိုင်း အနောက်ဥယျာဉ်ဆီ သွားရတယ်။ အခု မုန်လာဥဖြူက မှိုဖြစ်လာပြီဆိုပေမဲ့ ရှန်းရင်ကတော့ ရှဉ့်မိစ္ဆာဆီ မှိုရေလောင်းဖို့ တာဝန်ချန်ထားခဲ့လိုက်တယ်။
ဖြစ်နိုင်တာ သူတို့သူငယ်ချင်းဆက်ဆံရေးက သစ်သီးတစ်လုံးပေါ် တည်ဆောက်ခဲ့တာကြောင့်ထင် ရှဉ့်မိစ္ဆာက ရှန်းရင်ကို သဘောကျတယ်။ ပြီးတော့ အမတသွေးကြောက အနောက်ဥယျာဉ်ထဲ စိုက်ထားတာ။ ရှဉ့်မိစ္ဆာက နေ့တိုင်း သွေးကြောက မသေမျိုးချီကို ဝိညာဉ်ချီအဖြစ် ပြောင်းနိုင်တဲ့ မှိုတွေစိုက်ဖို့ အမတသွေးကြောနားကပ်ဖို့လိုတယ်။
ရှဉ့်မိစ္ဆာက နေ့နေ့ညည မှိုတွေကိုစိုက်ချိန် ရှန်းရင်က ရေလောင်းတယ်။ နောက်တော့ သူမက အသီးတွေ ကိုက်ဝါးပြီး ရှဉ့်မိစ္ဆာကတော့ သူ့ထင်းရှူးစေ့ကို စားတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့ မိတ်ဆွေဆက်ဆံရေးက ခိုင်မာလာခဲ့တယ်။
"နှုတ်ဆက်ပါတယ် လေးစားရတဲ့အမတတို့" နှစ်ယောက်သားက သူတို့ရဲ့စားစရာအသီးသီးကို ဝါးနေတုန်း သူတို့ မိန်းကလေးတစ်ယောက်ရဲ့ နူးညံ့တဲ့အသံကို ကြားလိုက်ရတယ်။ သူတို့ လှည့်ကြည့်လိုက်တော့ အဖြူရောင်ဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက်။ သူမက သူတို့ကို ဂါရ၀ပြုနေတယ်။ အသက်၁၀နှစ်အရွယ်ပုံစံ ပေါက်ပြီး အတော်လေး တောက်ပကာ အတော်လေး ပုတယ်။ သူတို့ သူမ အနာဂတ်မှာဖြစ်လာမဲ့ ကျက်သရေရှိတဲ့အမျိုးသမီးပုံရိပ်ကို ပုံဖော်နေနိုင်ပြီ။
မှိုက ဖက်တီးနဲ့လည်း အတော်ရင်းနှီးတယ်။ သူ့ဇာတ်လမ်းတွေအရတော့ ဒီကလေးမကို ကူယွဲ့ရဲ့တပည့် ကျန့်ရှင်းရဲ့ညီမအဖြစ် မှတ်မိတယ်။ သူမနာမည်က ကျီလင်း။ ချက်ချင်း ရှဉ့်မိစ္ဆာက ကျောက်တုံးပေါ် ခုန်တက်ကာ လက်ကိုယမ်းပြီး အသည်းအသန် ခေါင်းကိုယမ်းရင်း အနည်းငယ် သွေးပျက်နေတဲ့လေသံနဲ့ ပြောတယ်။
"ငါက အမတဘာညာမဟုတ်ပါဘူး၊ ငါ့ကို မှိုလို့သာခေါ်ပါ" သူက အသိစိတ် ဖွံ့ဖြိုးသေးခါးစဖြစ်ပြီး နာမည် မရှိသေးဘူး။ ရှန်းရင်က သူ့ကိုမှိုလို့ခေါ်နေတော့ သူ့နာမည်ဖြစ်ရမယ်ဆိုပြီးပဲ ဆုံးဖြတ်လိုက်တာ။
"အစ်မကြီးမှို" ကျီလင်းက ချောချောမွတ်မွတ် ချိုမြစွာ နှုတ်ဆက်တယ်။ သူမက ရှဉ့်မိစ္ဆာဘေးက လူကို မျက်နှာချင်းဆိုင်လိုက်တယ်။
"ပြီးတော့ ဒီက အစ်မကြီးကိုရော ဘယ်လိုခေါ်သင့်လဲဟင်"
ရှန်းရင်က တုံ့ဆိုင်းသွားပြီး နောက်တော့ပြောတယ်။ "ရှန်းရင်"
"အစ်မကြီးရှန်းရင်" ကျီလင်းက နှုတ်ဆက်တယ်။ သူမက ရှန်းရင်ကို စပ်စုသလိုကြည့်ကာမေးတယ်။
"အဆင့်မြင့်အမတဟွေ့က ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာသုံးဖို့ ဝိညာဉ်ဆေးပင်တချို့ ခူးဖို့အတွက် အနောက်တောင်ဆီ လာခိုင်းလို့ပါ၊ အစ်မနှစ်ယောက်-"
"သွားပါ သွားပါ" မှိုက လက်ယမ်းပြတယ်။ "ဟွေ့ကျယ်လုပ်ခိုင်းမှတော့ ရှေ့သွားပြီး ခူးပါ"
"ကျေးဇူးတင်ပါတယ် အစ်မကြီးတို့" ကျီလင်းက ပိုပြီးချိုမြစွာပြုံးကာ နှစ်ယောက်လုံးကို ခေါင်းညိတ်ပြတယ်။ နောက်တော့ သူမက ဝိညာဉ်ဆေးပင်အပြည့် ကွင်းဆီ လှည့်ပြီး သူမ ခူးဖို့လိုတဲ့ ဆေးပင်အမျိုးအစားတွေတချို့ကို စတင်ခွဲခြားနေတယ်။
မှိုက မနေနိုင်ဘဲ သူမကိုနည်းနည်းကြာကြာ စိုက်ကြည့်နေမိတယ်။ သူက မိစ္ဆာဖြစ်ပြီး လူတွေက အလိုလို မိစ္ဆာတွေကို ကြောက်တတ်တယ်။ ဒါကြောင့် ဖက်တီးက တပည့်တွေ သူ့ကိုမိစ္ဆာငယ်လေးဖြစ်တာတောင် ရှောင်နိုင်တယ်လို့ ပြောလာပြီးတည်းက အနောက်ဥယျာဉ်မှာ မှိုတွေစိုက်ဖို့ ရှန်းရင်နောက်လိုက်မယ် ဆုံးဖြတ်လိုက်တာပဲ။ ကျီလင်းက တပည့်အသစ်၉ယောက်ထဲ သူ့ကို စကားစပြောဖို့ လုပ်တဲ့ ပထမဆုံးသူပဲ။ သေချာပေါက် ဒါက ကျီလင်းကို အတော်လေး ပျော်စေတာပေါ့။ ဒါကြောင့် ကျီလင်းကနေ သေချာပေါက် အကြည့်ခွာလို့မရဘူး။
ကျီလင်းကို လေ့လာရင်း ကျီလင်းက တဖြည်းဖြည်း အမတသွေးကြောနား ကပ်လာတာကို မြင်လိုက်ရတယ်။ သွေးပျက်ပြီး မှိုက လှမ်းအော်လိုက်တယ်။
"ခဏ မင်း အဲမှိုတွေကိုခူးလို့မရဘူးပေါ့"
ကျီလင်းက တန့်သွားပြီး လက်ပြန်ရုတ်လိုက်လေတယ်။ သူမက တစ်ဖက်လှည့်ကာ အားတုံ့အားနာ ပြုံးတယ်။ "တောင်းပန်ပါတယ် အစ်မကြီးမှို၊ သူတို့က ဝိညာဉ်ဆေးပင်တွေလို့ ထင်နေတာပါ"
"ဘာမှမဖြစ်ပါဘူး" မှိုက လက်ကို ယမ်းပြတယ်။
ရှန်းရင်ကတော့ ကျောက်တုံးပေါ်က ခုန်ချကာ ဖုန်ခါလိုက်တယ်။ "ငါရေလောင်းပြီးပြီ၊ မှို ငါ စားသောက်ဖို့ ပြန်ဝင်သွားလိုက်ဦးမယ်"
"အော် ကောင်းပါပြီ" မှိုက ခေါင်းကိုယမ်းကာ ကျီလင်းကို နောက်တစ်ကြိမ် ပြုံးပြပြီးမှ ရှန်းရင်နောက် လိုက်ဝင်ဖို့ပြင်တယ်။ "ငါလည်း ဟွေ့ကျယ်ကို သွားရှာလိုက်ဦးမယ်"
"နှုတ်ဆက်ပါတယ် အစ်မကြီးတို့" ကျီလင်းက ယဉ်ကျေးစွာ လက်ယမ်းပြကာ သူမအကြည့်က ရှန်းရင်ပေါ် ဆင်းသက်သွားတယ်။
သူမ စတင်မကျင့်ကြံခင်ထိ သတိမထားမိခဲ့ဘူး။ ဒီ အမျိုးသမီးကို တခြားအဆင့်မြင့်အမတနှစ်ယောက်နဲ့ တူတယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူမ အရှိန်အဝါတွေကို ခန္ဓာကိုယ်ထဲ ဘယ်လိုမျိုးဆွဲသွင်းရမလဲ သင်ယူပြီးတဲ့နောက် သူတို့ ရှန်းရင်လို့ခေါ်တဲ့ ဒီအမျိုးသမီးက သူမကိုယ်တစ်ဝိုက်မှာ မသေမျိုးချီတစ်စက်မှ မရှိတာ တွေ့ခဲ့ရတယ်။ တခြားအဆင့်မြင့်အမတတတွေကတော့ သူမကို အတော်လေး ခြားနားစွာ ဆက်ဆံကြတယ်။ ပိုပြီးအံ့ဩစရာက ရံဖန်ရံခါ ဒီရှန်းရင်က အဆင့်မြင့်အမတ ယိချင်းကိုပါ လမ်းပြမှုတချို့ လုပ်ပေးတာ။ အဆင့်မြင့်အမတယိချင်းကတော့ သူမနဲ့ အမြဲ နီးကပ်ချင်နေတဲ့ပုံ။ ဒါက တပည့်အားလုံးကို သူမရဲ့ အကြောင်းအချက်အလက်တွေအပေါ် အတော်လေး သိချင်စိတ် ဖြစ်စေခဲ့တယ်။
ဒါပေမဲ့ ရှန်းရင်က စကားပြောရတာ သိပ်မကြိုက်မှန်း ကျီလင်းသတိပြုမိတယ်။ ရှန်းရင်ကို ခဏစိုက်ကြည့်ပြီးတဲ့နောက် သူမမျက်နှာပေါ် ထူးဆန်းတဲ့အမူအရာ ဖြတ်ပြေးသွားကာ ပြန်လှည့်ပြီး ဆေးမြစ်တွေဆက်ခူးနေလေတယ်။
——————
ဖြစ်နိုင်တာ ကူယွဲ့က တပည့်တွေကို သင်ကြားပေးရတဲ့ခံစားချက်ကို သဘောကျတယ်ထင်။ ဒီရက်ပိုင်း ရှန်းရင်စားစရာကို ခိုးဖို့ အနောက်ဆောင်ဆီ လာတာရှားတယ်။ သူမအဖေက သူမပခုံးပေါ် တစ်ချိန်လုံး စောင့်ကြည့်မနေတော့ ရှန်းရင်လုံးဝကို အားယားနေတာ။ သူမ နောက်ဆုံးတော့ တစ်နေကုန် အိပ်လိုက်စားလိုက်ကလွဲ ဘာမှမလုပ်ရတဲ့ သက်သောင့်သက်သာဘဝမှာ နှစ်တချို့နေခဲ့ရပြီ။
ဒီမျက်နှာပြင်က လက်သစ်ကျင့်ကြံသူ၉ယောက်က မြန်ဆန်စွာ တိုးတက်နေတယ်။ ဒီနှစ်တွေမှာ သူတို့က အုတ်မြစ်တည်ဆောက်မှုအဆင့်ကို ပြီးမြောက်လုနီးပါးဖြစ်နေပြီ။ ကျန့်ရှင်းကိုယ်တိုင်က အုတ်မြစ်အခြေတည် နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဖြစ်ကာ သူ့အမြုတေဖွဲ့စည်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။
ကူယွဲ့ သူတို့ လက်တွေ့အတွေ့အကြုံရအောင် ကွင်းဆင်းခိုင်းဖို့ အချိန်တန်ပြီတွေးခဲ့တယ်။ ဒါပေမဲ့...။
"ငါလား" ရှန်းရင် ရပ်သွားတယ်။
"အင်း၊ မင်းနဲ့ ဖက်တီး သူတို့ကို ခေါ်ထုတ်သင့်တယ်" ကူယွဲ့က အင်မတန်လေးနက်စွာ ပြောလာပြန်တယ်။
"ဘာလို့လဲ" ဘာလို့သူမလဲ။
"ကောင်းကင်မျိုးနွယ်နှစ်ခုက တိုက်ပွဲဖြစ်နေတယ်၊ သူတို့က ခရမ်းရောင်ညနန်းတော်နဲ့ အရမ်းနီးနေတာ"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"အသိစိတ် ပြန်ဝင်မလာသေးတဲ့ အုပ်စုရှိသေးတယ်၊ ဟုန်မုန့်က ငါတို့ကိုအဲလာပြီး သင်ခန်းစာပေးဖို့ သူတို့ကိုဒီနေရာဆီ ဆွဲခေါ်လာဖို့ အကူအညီတောင်းနေတယ်" စားဖိုမှူးက ဒီကိုသူတို့ကိုဆွဲခေါ်လာဖို့ တာဝန်ရှိပြီး ကူယွဲ့ကတော့ သင်ခန်းစာပေးဖို့ တာဝန်ပေါ့။
"အိုး"
"ငါ လက်တွေ့လေ့ကျင့်ရေးအတွက် နေရာကိုရွေးပြီးပြီ၊ မင်း သူတို့ကို ပင်လယ်နားက မြို့အပြင် ခေါ်သွားချေ၊ ဖက်တီးရဲ့ကျင့်ကြံဆင့်နဲ့ဆို အန္တရာယ်မများပေမဲ့ ဒီမျက်နှာပြင်က စည်းမျဉ်းတွေ မဖွံ့ဖြိုးသေးဘူးလေ၊ ပြီးတော့ ဒီတပည့်တွေကပထမဆုံးအကြိမ် အပြင်ထွက်မှာ၊ လိုလိုမယ်မယ် မင်းတို့အဲမှာရှိနေဖို့လိုတယ်"
...
အခန်း ၅၁၅ ။ လေ့ကျင့်ပြီး အတွေ့အကြုံအတွက် အပြင်ထွက်
ကူယွဲ့က ဆက်ပြောတယ်။ "မစိုးရိမ်နဲ့၊ ငါတို့က မကြာခင်ပြန်လာမှာ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီတိုင်းလိုက်သွားပြီး အရေအတွက်ဖြည့်ပေးရုံပဲ၊ မင်း နောက်ဆုံး မပါမဖြစ်ဆိုမှ ဝင်ပါရမှာ၊ တခြားအရာအားလုံးအတွက် ဖက်တီးရှိတယ်"
"ဟူး ဒုက္ခများလိုက်တာ"
"ငါ့ဖင်ကို ဒုက္ခများ မင်းက ဘယ်လိုပဲဖြစ်ဖြစ် စီမံထိန်းသိမ်းသူ၊ မင်းနေရာကို မင်းအသိလေး ရှိပေးလို့ရမလား" ကူယွဲ့ သူမလက်ထဲ အိတ်တစ်အိတ်ထိုးထည့်ပေးလာတယ်။
"ရော- ဒါ စားဖိုမှူး မင်းအတွက် ပြင်ပေးထားတဲ့ စားစရာပဲ၊ စားဖိုမှူးက မင်းအတွက် ပြင်ပေးခဲ့တာ၊ မြန်မြန် ထွက်တော့"
အဲလိုနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောဖို့ သွားတဲ့ စားဖိုမှူးက ပြန်လာမှာကိုမစောင့်ဘဲ သူက ရှန်းရင်ကို ထွက်ခွာမဲ့ မှောင်ခိုလှေဆီ တွန်းပို့ပေးလိုက်တယ်... အော်မဟုတ်ဘူး၊ ဒါက ဝိညာဉ်လှေ။
ရှန်းရင် ။ ။ "..."
"မိန်းကလေးရှန်း" ဖက်တီးက ချက်ချင်း သူမကို လက်ယမ်းပြတယ်။
ဖြစ်နိုင်တာ သူမက အိမ်ကပ်လွန်းတာကြောင့်ထင် ဂိုဏ်းထဲကတပည့်ကိုးယောက်က သူမကို တစ်ကြိမ်သာ မြင်ဖူးရှာတယ်။ သူတို့ ဂိုဏ်းကို ဝင်လာချိန် ဒါကြောင့် သူတို့ သူမကို စူးစူးစမ်းစမ်း လှည့်ကြည့်လာတယ်။ ကလေးတစ်စုက လူငယ်တွေ မိန်းကလေးငယ်တွေအဖြစ် ကြီးပြင်းကုန်ပြီ။
ရှန်းရင်က သူမလက်တွေထဲက အိတ်ကို မြှောက်ပင့်ပြီး အတော်လေး လေးတဲ့ပုံပေါ်ကာ ဖက်တီးဆီ လျှောက်လာတယ်။
***
ကူယွဲ့ ရွေးထားတဲ့နေရာက တိတိကျကျပြောရရင်တော့ လူသားမျိုးနွယ်ရဲ့ သီးသန့်ခြားထားတဲ့ ပိုင်နက်အပြင် ကျွန်းကြီးတစ်ကျွန်းပေါ်မှာပဲ။
ဖက်တီးက ဝိညာဉ်လှေကို ထိန်းချုပ်ပြီး ညီညာတဲ့ မြေပြင်ပေါ် ဆင်းသက်လိုက်တယ်။ ဒါက ကျွန်းရဲ့အစွန်းမို့ နည်းနည်း ပိုဘေးကင်းတယ်။ ဒါပေမဲ့ ဝိညာဉ်ဆေးပင်တွေလည်း ဖုံးကွယ်နေတော့ ဆေးလုံးတွေသန့်စင်ရာမှာ အထူးပြုထားတဲ့ တပည့်နှစ်ယောက်ရဲ့မျက်လုံးတွေက တောက်ပလာတယ်။ ဖက်တီးက ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်ပြီး တပည့်တွေကိုအပြင်ထွက်ခွင့်မပြုခင် နေရာကို စစ်ဆေးပေးလိုက်တယ်။
ဒါက သူတို့လေ့ကျင့်ရေးမို့ ဖက်တီးက အများကြီး ဝင်မပါဘဲ သူတို့ကိုယ်သူတို့ ဘယ်နေရာဆီ ဦးတည်သွားရမလဲ ဆုံးဖြတ်ခွင့်ပေးလိုက်တယ်။ ကိုးယောက်ကြား အမြင့်ဆုံးကျင့်ကြံဆင့်နဲ့လူက ကျန့်ရှင်းဖြစ်ပြီး သူလည်း ကူယွဲ့ရဲ့ ကိုယ်ပိုင် တပည့်ဖြစ်တာမို့ လူတိုင်းက သူ့အလိုလို သူ့ကို ဦးဆောင်ခွင့်ပေးဖို့ အရိပ်အယောင်ပြတယ်။
ဆေးပင်တချို့ ကောက်ယူပြီးတဲ့နောက် သူတို့က ကျွန်းအလယ်ခေါင်ဆီ သွားဖို့ နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဖက်တီးနဲ့ရှန်းရင်က သူတို့နောက် အဝေးကြီးကလိုက်ခဲ့ရုံပဲ။ ကျွန်းက ဝိညာဉ်ဆေးပင်အမျိုးမျိုးနဲ့ ကျင့်ကြံခြင်းပါဝင်ပစ္စည်းအမျိုးမျိုး ပြည့်နေတယ်။ သူတို့ဂိုဏ်းထဲ ရှိနေတာထက် အများကြီး ပိုစုံပြီး အပြင်ကို ရှားရှားပါးပါးထွက်ရတဲ့တပည့်တွေက ဒီအခွင့်အရေးကို လက်မလွှတ်ပေးဘူးပေါ့။
ဒါကြောင့် သူတို့အချိန်အများစုက ဒီပါဝင်ပစ္စည်းတွေကို ကောက်ရင်း အချိန်ဖြုန်းခဲ့ကြတယ်။ လမ်းတစ်ဝက်မှာတော့ သူတို့လည်း မိစ္ဆာသားရဲတွေဆီက အံ့ဩတကြီးတိုက်ခိုက်မှုတွေနဲ့ ကြုံရပေမဲ့ သူတို့က ကြောက်ခမန်းလိလိ အမျိုးအစား မဟုတ်ဘဲ တချို့က ပူးပေါင်းပြီး ဖြေရှင်းနိုင်တယ်။ ဒဏ်ရာတွေရပေမဲ့ သူတို့အားလုံး ကပ်သီးလေး လွတ်မြောက်ခဲ့ကြတယ်။ သူတို့ ဆက်ပြီး ပိုနက်ရှိုင်းတဲ့နေရာဆီ ဆက်သွားခဲ့တယ်။ ဖြစ်နိုင်တာ သူတို့ပထမဆုံးအပြင်ဘက် လေ့ကျင့်မှုရဲ့ လန်းဆန်းမှု ခံစားချက်ကြောင့် ဒီတပည့်တွေက အတော်လေးတက်ကြွနေတယ်။ ရက်ပိုင်းအတွင်း သူတို့က အတော်လေး ဝေးတဲ့နေရာဆီ ရောက်လာခဲ့ပြီ။
မနက်ပိုင်း၊ နေ့လယ်နဲ့ ညမှာသာ သူတို့ သတ်မှတ်ထားတဲ့အချိန်မှာ ရပ်ရတယ်။ ပြီးတော့ အတင်းရပ်ခိုင်းရတာ ဖက်တီး၊ တခြားကြောင့်တော့ မဟုတ်... ရှန်းရင်ရဲ့ စားသောက်ချိန်ကြောင့်မို့ပေါ့။
ဖက်တီးက ရှန်းရင်ရဲ့စားသောက်ချိန်က ဘယ်လောက်တောင် တိကျလဲသိတာမို့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူး။ ဒီတပည့်တွေက ဆန်ကင်းလွတ်ခြင်းကို လေ့ကျင့်ပြီးတာကြာပြီးပြီမို့ သူတို့က မစားသလို နဂိုတည်းက လူနည်းစုဖြစ်တဲ့အတွက် လူစုခွဲလို့ မရတာမို့ လူတိုင်း ရပ်စောင့်ရုံပဲ တတ်နိုင်တယ်။
ပထမတော့ တပည့်အားလုံးက ဝိညာဉ်ဆေးပင်မျိုးစုံ ကောက်ပြီး ပါဝင်ပစ္စည်းအမျိုးမျိုး စုဆောင်းရင်းကနေ အလုပ်များနေတာမို့ အများကြီး သိပ်မစဉ်းစားကြ။ ဒါပေမဲ့ တဖြည်းဖြည်း ကောက်စရာစုစရာ အရာအားလုံးက အနည်းနဲ့အများတော့ ပြီးကုန်ပြီ။ ဒါပေမဲ့ လူတိုင်း နေ့တိုင်း သူမ စားသောက်ပြီးစီးမှာကို ရပ်စောင့်ရသေးတာမို့ သူတို့က ကန့်ကွက်ချက်တချို့ရှိတာပေါ့။ သူတို့ မျက်နှာပေါ်က မရွှင်မပျမှုတွေ စတင်ပြသလာပြီး အထူးသဖြင့် ပိုငယ်သူတွေပဲ။ သူတို့ရဲ့ ရှန်းရင်ဆီ အကြည့်က ဒေါသပါလာတယ်။
ဒါပေမဲ့ ရှန်းရင်ကတော့ လုံးဝတုံ့ပြန်မှု မရှိတာများ သူတို့ရဲ့ မကျေနပ်မှုကို မခံစားမိသလိုမျိုး စားစရာတွေကို ရေဝဲတစ်ခုလို အကုန်ဆက်စားသောက်နေတယ်။ သူမက ဖက်တီးကိုတောင် လှမ်းကြည့်ကာ ကြင်နာစွာ ထမင်းဖြူတစ်ပန်းကန် ကမ်းပေးလာတယ်။ "ရော့"
ဖက်တီးရဲ့ပါးစပ်က တွန့်သွားပြီး ချက်ချင်း ထမင်းဖြူပေါ် စားသောက်တဲ့နေ့ရက်တွေကို ချက်ချင်း ပြန်စဉ်းစားလိုက်တယ်။ "အင်း ဒါအဆင်ပြေပါတယ် မိန်းကလေးရှန်း၊ ကျွန်တော်က ဆန်ကင်းလွတ်ခြင်းကို လေ့ကျင့်ပြီးပြီ" ငါ့ကို မဆွဲဆောင်နဲ့ နော်
"အိုး" ရှန်းရင် ခူးထားကာစ ထမင်းကိုပြန်ယူပြီး တစ်လုတ်အပြည့်စားလိုက်တယ်။
"ငါက မေးရုံသက်သက်ပါ"
"..." ဟေး၊ မင်း ငါ့ကိုပေးဖို့ တစ်ခါမှမတွေးခဲ့ဘူးလို့တော့ မပြောနဲ့နော်
ဖက်တီးက မျက်မှောင်ကြုတ်ကာ ဘေးမှာစောင့်နေတဲ့ တပည့်ကိုးယောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ သူ ဒီလူတွေကို နှစ်ပေါင်းများစွာ သင်လာပေးတာမို့ ကျိန်းသေပေါက် သူတို့ ဘာစဉ်းစားနေလဲ ခန့်မှန်းနိုင်တယ်။ ဒါကြောင့် သူရှင်းပြလိုက်တယ်။
"ဆရာ ညွှန်ကြားလိုက်တယ်၊ ဒီလေ့ကျင့်ရေးမှာ ငါတို့ မိန်းကလေးရှန်း စားသောက်အိပ်စက်တာကို မနှောင့်ယှက်ရဘူး" အထူးသဖြင့် အိပ်တာပဲ သူ ဆရာက ဘာလို့အိပ်တာကို အလေးပေးဖိပြောရလဲ အနည်းငယ် ဇဝေဇဝါ ဖြစ်ပေမဲ့ စိတ်ရှည်စွာ အကြံပေးလိုက်သေးတယ်။
"ကျင့်ကြံမှုက တစ်နေ့တာအလုပ် မဟုတ်ဘူး၊ လေ့ကျင့်ရေးရဲ့ အဓိက ဦးတည်ချက်က မင်းတို့ရဲ့စိတ်အခြေအနေကို ခိုင်မာအောင်လုပ်ဖို့ပဲ၊ စိတ်ထဲဒါကို မှတ်ထားကြ"
သူတို့ခဏ တုံ့ဆိုင်းသွားပြီး အမူအရာပြောင်းလဲသွားတယ်။ အထူးသဖြင့် အသက်ကြီးပိုင်းတွေက ချက်ချင်း တုံ့ပြန်ကာ စိတ်တိုနေတော့ပုံမပေါ်။ ဒါပေမဲ့ မကျေမချမ်းဖြစ်နေဆဲ တချို့တော့ရှိသေးတယ်။ သူတို့က ငယ်ရွယ်ချိန် ဂိုဏ်းထဲဝင်ပြီး အများကြီး မကြုံခဲ့ရသေးဘူး။ ဒီနှစ်ပိုင်းတွေမှာ ကျင့်ကြံမှုကို လေ့ကျင့်ပြီးတဲ့နောက် သူတို့က လူငယ်အရွယ်တွေပဲ ရှိသေတယ်။ လူသားတွေထက် တစ်ဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာတော့ သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာက မော်ကြွားလာတာပေါ့။
ကူယွဲ့ရဲ့ အမိန့်ကိုကြောက်တာမို့ ဘာမှမပြောရဲပေမဲ့ စိတ်ထဲမှာတော့ ရှန်းရင်ကို သူတို့အချိန်ဖြုန်းလို့ မုန်းတီးနေဆဲ။
သူတို့ ဒီလိုရက်ပိုင်းလောက် ဆက်ဖြစ်နေပြီး နောက်တစ်ကြိမ် စားဖို့ရပ်တန့်ချိန်မှာတော့ အမျိုးသမီးတပည့်တစ်ယောက်က နောက်ဆုံး မထိန်းနိုင်တော့ဘဲ သက်စောင့်ဆေးလုံးတစ်ဘူးနဲ့အတူ လျှောက်လာကာ ဒေါသတချို့နဲ့ပြောတယ်။
"ရော့၊ ဒါတွေက ဆန်ကင်းလွတ်ခြင်းဆေးလုံးတွေ"
ရှန်းရင်က တန့်သွားကာ လှည့်ကြည့်ပြီး သူ့ပါးစပ်ထဲ ထမင်းတစ်ဝက် ရှိနေဆဲဖြစ်ကာ ဝါးစားရင်း ပါးက ဖောင်းနေတယ်။
"ကျစ်ယွီ" ဖက်တီးက ထရပ်ကာ အနည်းငယ် မာကြောနေတယ်။ သူ အရင်က သူတို့ကိုညွှန်ကြားပြီးသား၊ ဒါတွေက ဆရာ့အမိန့်တွေလို့။
"ဆရာဟွေ့ကျယ်..." ကျစ်ယွီက ဖက်တီးကို အနည်းငယ် မကျေမချမ်းကြည့်တယ်။ "ဒါနဲ့ဆို သူမက စားသောက်ဖို့ ရပ်စရာမလိုတော့ဘူးပေါ့" ဆန်ကင်းလွတ်ရေးဆေးလုံးတစ်လုံးက လူတစ်ယောက်ကို တစ်လလောက်နီးပါး ဆာလောင်မှုကိုမခံစားမိဘူး။
ဖက်တီးက သူမကို ဆုံးမမို့ရှိသေး ရှန်းရင်က သူမလက်ထဲက ပုလင်းကို တစ်ချက်ကြည့်ကာ ဖြေတယ်။
"ငါ ပုံတူတွေ မစားဘူး"
"..." ဘာကြီး။
တစ်ဖက်လူက ခဏမှင်တက်သွားပေမဲ့ သူမ ဒါကိုစားဖို့ငြင်းလိုက်တာကို ချက်ချင်း နားလည်သွားတယ်။
"ရှင့်အတွက် ကောင်းစေချင်လို့ပါ၊ ဒါကိုစားပြီးရင် ရပ်ပြီးစားသောက်ဖို့ အလုပ်များနေရတော့မှာ မဟုတ်ဘူး" ကျစ်ယွီက ပိုတောင် ဒေါသထွက်လာတယ်။ "ဘာလို့မစားရတာလဲ"
"ဘာကြောင့်လဲဆိုတော့ မကောင်းလို့လေ" ရှန်းရင်က မှန်ကန်ပြီး သဘာဝပဲလေဆိုတဲ့ အမူအရာနဲ့ဖြေတယ်။
"ရှင်..." ကျစ်ယွီက ဒေါသထွက်နေတာ မျက်နှာတောင်ရဲတွတ်နေပြီး သူမကို တမင်တကာ အပြစ်ရှာနေတယ်လို့ တွေးနေတယ်။ "ရှင် လွန်နေပြီ၊ ဒါကျွန်မတို့အချိန်ကိုဖြုန်းနေတာပဲ၊ ရှင်..."
"တော်လောက်ပြီ" သူမအဆုံးမသတ်နိုင်ခင် ဖက်တီးက ချက်ချင်း ကြားဖြတ်ပြောလိုက်တယ်။ တစ်လျှောက်လုံး နူးညံ့ညင်သာနေသူက တစ်ကြိမ်တစ်ခါ စိတ်တိုတဲ့မျက်နှာပေါ်လာပြီး မသိလိုက်ပါဘဲ ကျစ်ယွီကို သွေးပူပူကြည့်ရင်း ဖိနှိပ်မှုတချို့ လွှတ်လိုက်တယ်။
"ငါအရင်တည်းကပြောခဲ့တယ်၊ မိန်းကလေးရှန်းရဲ့ ထမင်း၃နပ်က ဆရာကိုယ်တိုင် ညွှန်ကြားပြီး သဘောတူခဲ့တဲ့အရာပဲ မင်းတို့ ကန့်ကွက်စရာလုံးဝ မဟုတ်ဘူး"
ကျစ်ယွီက ချက်ချင်း ရုတ်တရက် ရန်လိုတဲ့ဖက်တီးကြောင့် ကြောက်လန့်သွားသလိုမျိုး ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားတယ်။
ဖက်တီးက တခြားသူတွေဘက် လှည့်လာတယ်။ "ပြီးတော့လည်း မိန်းကလေးရှန်းရဲ့ကျင့်ကြံမှုက အဆင့်မြင့်နေတာ၊ သူမရဲ့အဆင့်အတန်းက ပိုထူးခြားတယ်၊ မင်းတို့အားလုံး ဂိုဏ်းထဲ ကျင့်ကြံခြင်းကို လေ့ကျင့်နေမှတော့ သူ့ကိုနည်းနည်းလေးတောင် မလေးမစား မပြောရဘူး၊ မဟုတ်ရင် အကျိုးဆက်က မင်းတို့ခံနိုင်ရည်ရှိမဲ့အရာ မဟုတ်ဘူး"
သူ ဘယ်လိုလုပ် ကျစ်ယွီက မျက်နှာတည့်တည့် သူမဆီ ဆန်ကင်းလွတ်ခြင်းဆေးလုံးကို ထုတ်ယူလာရဲတဲ့အကြောင်းရင်းက တကယ်တော့ ရှန်းရင်ပတ်လည်မှာ မသေမျိုးချီ နည်းနည်းလေးတောင် မရှိဘဲ စားသောက်တာကို မရှောင်တာမို့ ကျင့်ကြံခြင်းအဆင့်က မမြင့်တာ ဒါမှမဟုတ် သာမန်သေမျိုးတစ်ယောက်သာလို့ တွေးနေတဲ့အတွက်ဆိုတာ မသိဘဲနေမှာလဲ။ ရယ်စရာကောင်းလိုက်တာ ရှေးဟောင်း ခက်ထန်တဲ့သားရဲတစ်ကောင်ကို တစ်ချက်ရိုက်ပြီး ငိုအောင်လုပ်နိုင်တဲ့ သေမျိုးတစ်ယောက်ကို ဘယ်သူက အပြစ်ပြုနို င်မှာလဲ။ ဒါကြောင့် သူတို့ နောက်ပိုင်း ရူးရူးမိုက်မိုက်တွေ မလုပ်မိအောင်တားဖို့ ရှင်းရှင်းလင်းလင်း ပြောထားရမယ်။
…
အခန်း ၅၁၆ ။ အများအမျက်ဒေါသ ဖော်ထုတ်ခြင်း
လူတိုင်းက လက်သီးဆုပ်ကာ ခေါင်းညိတ်ပြီး ပြန်ဖြေကြတယ်။ "ဟုတ်ကဲ့ဆရာ" ကျစ်ယွီလည်း နောက်ပြန်ဆုတ်သွားပေမဲ့ သူမမျက်လုံးတွေထဲတော့ မုန်းတီးမှုတွေ ရှိနေဆဲ။
ရှန်းရင်ကလည်း သူတို့ကို အာရုံမစိုက်ဘဲ သူမစားစရာကိုသာ ဆက်စားနေကာ နောက်တော့... တိတ်တိတ်လေး သူမရဲ့ စားသောက်ချိန်ကို ပုံမှန် ၁နာရီကနေ ၂နာရီအထိ တိုးမြှင့်လိုက်တယ်။
သူမက ရံဖန်ရံခါ အစာသွတ်မုန့်ပန်းကန်တွေပါ ထုတ်လာကာ စားသောက်ရင်း လမ်းလျှောက်နေတယ်။ အထူးသဖြင့် မွှေးကြိုင်ပြီး ကြွပ်ရွတဲ့ဟာတွေကို ရွေးတော့တယ်။ ပါးစပ်ထဲ တစ်ဂျွတ်ဂျွတ်နဲ့ မွှေးကြိုင်နေတယ်။ နောက်တစ်ချက် ကိုက်တော့ နောက်ထပ် ရနံ့တစ်ဝှေ့။ ဆွဲဆောင်နေတာများ ဆန်ကင်းလွတ်ခြင်းကို အောင်မြင်ပြီးသား အရှေ့ကတပည့်တွေ မနေနိုင်ဘဲ နောက်ကို ထပ်တလဲလဲ ပြန်လှည့်ကြည့်မိကာ မိစ္ဆာသားရဲတွေ ပေါ်လာတဲ့အရေအတွက်ပါ များလာတယ်။
အနီးဆုံးဖက်တီး ။ ။ "..."
ဖက်တီးက ခါးသက်နေပေမဲ့ စားလို့မဖြစ်ဘူး၊ ဒါကြောင့်... သူ တိတ်တိတ်လေး တစ်လျှောက်လုံး ငြိမ်းချမ်းမှုဂါထာကို ရွတ်ဆိုနေခဲ့တယ်။
ဒီလိုအခြေအနေက ရက်ပိုင်းလောက် ကြာသွားခဲ့တာ သူမအိတ်ထဲက အဆာသွတ်မုန့်တွေအကုန် ကုန်သွားပြီး အသီးတွေဆီ ပြန်မပြောင်းခင်ထိပဲ။
ဒီအခိုက်အတန့်မှာ အုပ်စုက တောအုပ်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေဆီ လုံးဝဝင်ရောက်လာပြီ။ သူတို့က ပဉ္စမအဆင့်မိစ္ဆာသားရဲတွေနဲ့ပါ ကြုံနေရတယ်။ ဒါက ရွှေအမြုတေအဆင့်က မိစ္ဆာသားရဲတွေနဲ့တူတယ်။ ကိုးယောက်လုံး ဒဏ်ရာအသီးသီးရကုန်တယ်။ ဖက်တီးက သူတို့ ရှန်းရင်ကို စားသောက်ချိန်အကြောင်း ရန်သွားစတာတွေနဲ့ ပတ်သက်ပြီး တကယ်စိတ်ဆိုးသွားလို့ထင် သူက ဝင်မပါဘူး။ သူတို့ထဲ ကျင့်ကြံဆင့်အမြင့်ဆုံး ကျန့်ရှင်း မိစ္ဆာသားရဲကို ထိန်းတော့မှပဲ လွတ်မြောက်သွားခဲ့တယ်။
ဒါက သူတို့ပထမဆုံးအကြိမ် ဒီလိုအန္တရာယ်များတဲ့အခြေအနေကို ရင်ဆိုင်ရတာဖြစ်ပြီး ရောက်ကာစတုန်းက မော်ကြွားကြွား အမူအရာတွေကို မမြင်ရတော့ဘူး။ အဲအစား သူတို့ ကြောက်လန့်မှု အရိပ်အယောင်သာ ရှိနေပြီး မျက်နှာတွေ မကောင်းကြ။ အန္တရာယ်က လွတ်လာပြီးတဲ့နောက် သူတို့ အနားယူ၊ ပြန်လည်စီမံဖို့ ပုန်းကွယ်တဲ့နေရာတစ်ခုကို ရွေးကာ ဒဏ်ရာရသူတွေကို စကုတော့တယ်။ ဒီတစ်ခေါက် သူတို့ ဒဏ်ရာတွေက အရင်တစ်ခေါက်ကထက် အဆတချို့ပိုဆိုးတယ်။ ခုနှစ်ယောက်က ဒဏ်ရာအပြည့်နဲ့ ဖြစ်ပြီး အုတ်မြစ်အခြေတည်နှောင်းပိုင်းအဆင့် ဓားကျွမ်းကျင်သူ ကျင့်ရှင်းတောင် လက်မှာ အရိုးပေါ်ခါနီးအထိ ခြစ်ရာကြီးတစ်ခု ရသွားခဲ့တယ်။
ဖက်တီးကခဏ တုံ့ဆိုင်းသွားပေမဲ့ မကူညီသေးဘူး။ ကျင့်ကြံသူတွေအတွက် ဒီလိုဒဏ်ရာတွေက တကယ်တော့ ဘာမှမဟုတ်ဘူး။ သွေးကြောတွေမှာ ဒဏ်ရာရသွားတဲ့တစ်ယောက် ရှိပေမဲ့ သူ့အခြေအနေက အရေးမကြီးဘူး။ ပြန်ရောက်ရင် ဖြည်းဖြည်းချင်း ပြန်လည်ကုသသွားရင် အဆင်ပြေသွားလိမ့်မယ်။ ပြီးတော့ သူတို့လေ့ကျင့်မှုက မပြီးသေး။
ဒါကြောင့် သူက အဝေးမှာသာရပ်နေကာ ဘေးမှာတော့ ရှန်းရင်ကလည်း တည်ငြိမ်စွာနဲ့ အသီးတွေကို တဂျွတ်ဂျွတ်ဝါးနေတယ်။
"အစ်မရှန်း၊ ရှင်စားနေတာ ဝိညာဉ်နီအသီးလား" ရုတ်တရက် ခပ်သွက်သွက်အသံတစ်သံက ထွက်လာပြီး ကိုးယောက်ထဲက ဝတ်ရုံစိမ်း ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က သူမကို... သူမလက်ထဲက အသီးကို တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။
ရှန်းရင်က ခေါင်းကိုတစ်ဖက်စောင်းကာ ပေါ့ပေါ့ဖြေတယ်။ "ဟုတ်မှာပေါ့" ဘယ်လိုပဲဖြစ်ဖြစ် ဒါက စားဖိုမှူး စိုက်တာလေ၊ သူမက စားဖို့ပဲဂရုစိုက်တာ။
"တကယ် ဝိညာဉ်နီအသီးပဲ" ဖက်တီးက တစ်ချက်ကြည့်ကာ အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။
မိန်းကလေး အမူအရာက ပိုတောင် အံ့ဩသွားတယ်။ "ပြောကြတာတော့ ဝိညာဉ်နီအသီးက ရှားပါးဝိညာဉ်အသီးဆို၊ ရာစုနှစ်တစ်ခုမှ တစ်ကြိမ် အပွင့်ပွင့်ပြီး အသီးသီးတာတဲ့၊ အဆိပ်ရာနဲ့ချီအတွက်လည်း ဖြေဆေးဖြစ်ပြီး သွေးကြောတွေကို ဆန့်ထုတ်၊ ကောင်းကင်စိတ်အာရုံကို ခိုင်မာစေတယ်တဲ့"
ရှန်းရင်က နောက်တစ်ကိုက် ဂျွတ်ခနဲ ကိုက်ကာ တုံ့ပြန်လိုက်တယ်။ "အိုး"
မိန်းကလေးက ခဏတောင့်သွားကာ သူမ ဘာဆိုလိုလဲဆိုတာကို နားမလည်တာလို့တွေးပြီး တလေးတစား ဂါရ၀ပြုလိုက်တယ်။ "အစ်မရှန်း၊ ကျွန်မကို မှတ်မိလားတော့ မသိပါဘူး၊ ကျွန်မက ကျီလင်းပါ၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက အနောက်တောင်မှာ တစ်ကြိမ်တွေ့ဖူးပါတယ်"
"မမှတ်မိဘူး" ရှန်းရင်က ပွင့်ပွင့်လင်းလင်း ပြောတယ်။
ကျီလင်းအမူအရာက ပိုတောင် တောင့်တင်းလာပြီး သူမ ပါးရိုက်ခံရသလို ခံစားချက် ဝိုးတဝါး ခံစားနေရပေမဲ့ ချိုမြတဲ့အပြုံး ထိန်းထားဆဲပဲ။ "အစ်မရှန်း... ဆရာတူအစ်ကိုချန်းတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သွေးကြောတွေကိုတောင် ထိခိုက်ထားတယ်၊ ကျွန်မတို့ ကျင့်ကြံဆင့်တွေအားလုံးက သူ့ကို ကုသဖို့နိမ့်ပါတယ်၊ ရှင့်မှာ ဒီဝိညာဉ်နီအသီးရှိနေတာနဲ့ကြုံတော့ ရှင်... ရှင်..." သူမက ဆက်မပြောဘဲ လက်ထဲကအသီးကိုသာ စိုက်ကြည့်နေတယ်။
ဒါပေမဲ့ ရှန်းရင်က ပြန်မဖြေဘဲ နောက်တစ်ကြိမ် ထပ်ကိုက်လိုက်တယ်။ "ငါက ဘာလဲ" သူမက မပြီးဆုံးတဲ့စကားတွေကိုလုံးဝ သဘောမပေါက်သလိုမျိုးပဲ။
ကျီလင်းအမူအရာက မာတောင့်သွားတယ်။ သူမ အံသာကြိတ်ကာ ဆက်ပြောရတော့တယ်။
"ရှင့်လက်ထဲက ဒီအသီးကိုပေးလို့ရမလား... ဆရာတူအစ်ကိုချန်းတုန်းကို ကုသဖို့အတွက်"
"အိုး..." ရှန်းရင်မျက်လုံးတွေ မှေးသွားတယ်။ "နင်က ငါ့အသီးတွေကို လိုချင်တယ်လား"
"လိုအပ်တာ ဆရာတူအစ်ကိုချန်းတုန်းပါ၊ သူ့ဒဏ်ရာကပြင်းပြီး ကုသမှုကို နှောင့်နှေးလို့ မဖြစ်ဘူး၊ အစ်မရှန်းက ကျွန်မတို့အားလုံးက ဂိုဏ်းအတူတူဆိုတဲ့အချက်ကို ထောက်ထားပြီး သူ့ကိုဝိညာဉ်နီအသီးတစ်လုံး ပေးဖို့ တောင်းဆိုပါတယ်" ကျီလင်းက စိုးရိမ်နေတဲ့အကြည့်နဲ့ ပြောပြီး တစ်ဖက်မှာဒဏ်ရာတွေကို ကုသနေသူတွေပါ လှမ်းကြည့်လာတယ်။ အထူးသဖြင့် ဒဏ်ရာထားတဲ့အဲတပည့်က အတော်လေး ရင်ထဲထိသွားတဲ့ဟန်။
ရှန်းရင်က ခေါင်းကိုဘေးတစ်ဖက်စောင်းပြီး သူမအိတ်ထဲက အနီရောင်သစ်သီး ၇လုံး ၈လုံးကို ဆွဲထုတ်လိုက်တယ်။
"ဒီလိုမျိုးလား"
ကျီလင်းရဲ့ မျက်လုံးတွေက တောက်ပသွားပြီး အသည်းအသန်ခေါင်းညိတ်တယ်။ "ဟုတ်ဟုတ်ဟုတ် ဒီလိုမျိုးပါ" အဲလိုနဲ့ သူမကလက်လှမ်းကာ သူတို့ကိုယူဖို့လုပ်တယ်။
"ကျေး..."
ဒါပေမဲ့ သူမစကား မဆုံးနိုင်ခင် ရှန်းရင်က လက်ပြန်ရုတ်ပြီး လေကိုသာ ဖမ်းဆုပ်မိစေကာ ရုတ်တရက် နေမင်းလို တောက်ပတဲ့အပြုံး ပေါ်လာတယ်။
"ဟီးဟီး ငါပေးဖို့ကို ငြင်းတယ်"
အဲလိုပြောပြီး သူမက မျက်စိရှေ့မှာတင် တစ်ချင်ကိုက်ကာ အောက်ကိုချ နောက်တော့ နောက်တစ်လုံးကို ကောက်၊ တစ်ချက်ကိုက် ပြန်ချလိုက်တာ... တစ်ခုချင်းစီ ကိုက်ပြီးတဲ့အထိပဲ။ တစ်ခါတည်း သူမရဲ့ တဂျွတ်ဂျွတ်ဝါးသံတွေသာ ကျန်ခဲ့လေတယ်။
ကျီလင်း ။ ။ "..."
ဖက်တီး ။ ။ "..."
အားလုံး ။ ။ "..."
လူတိုင်း မျက်နှာ မှောင်မည်းကုန်တယ်။
"ရှင်က သိပ်လွန်နေပြီ" ကျစ်ယွီက သူမကိုယ်သူမ မထိန်းနိုင်တော့သလိုမျိုး ဒေါသတကြီး လျှောက်လာတယ်။ ရှန်းရင်ကို လက်ညှိုးထိုးရင်း ကျယ်လောင်စွာ အော်ဟစ်တော့တယ်။
"တစ်လျှောက်လုံး ရှင်က ကျွန်မတို့ကို လေးဖင့်အောင် လုပ်ခဲ့တာထားဦး၊ ချန်းတုန်းက ဒီလောက် အပြင်းအထန်ဒဏ်ရာရနေဝာာတောင် ရှင်က အသီးလေးတစ်လုံးကိုမပေးဘူး၊ ပြီးတော့... ပြီးတော့... ရှင်က လုံးဝကို ကောက်ကျစ်တာပဲ"
"ကျစ်ယွီ" ရှန်းရင်ရဲ့ ရန်စတဲ့အပြုအမူတွေကြောင့် မှင်တက်နေတဲ့ဖက်တီးက နောက်ဆုံးတော့ အသိစိတ် ပြန်ဝင်လာတယ်။
"မရိုင်းပျနဲ့စမ်း"
"ကျွန်မ ဘာမှားတာမှ မပြောဘူး" သူမက ဒေါသကြောင့် အမြင်ကန်းသွားသလိုမျိုး ဘာမှဂရုမစိုက်ဘဲ စတင်ဝေဖန်တော့တယ်။ "သူမက တစ်ချိန်လုံး ကျွန်မတို့ လမ်းကြောင်းကို နှောင့်နှေးအောင်လုပ်နေပြီး စောနက အစ်မကျီလင်းကိုတောင် ရန်စတယ်လေ၊ သူ ကျင့်ကြံဆင့် ဘယ်လောက်မြင့်မြင့် ဒီလို အနိုင်ကျင့်သူတော့ လုပ်လို့မရဘူး"
"အမှန်ပဲ" တစ်ယောက်ယောက်က စကားထပြောလို့ထင် ဒဏ်ရာကုသနေတဲ့ တခြားတပည့်တွေကလည်း ပါးစပ်ဟလာတယ်။
"ဒါက အသီးလေးပဲဟာ၊ သူ့မှာ အများကြီးရှိပေမဲ့ တစ်ခုလေးတောင် မပေးဘူး"
"ဟုတ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဂိုဏ်းတူတူပဲကို၊ ဘာလို့ကိုယ်ချင်းစာစိတ် မရှိရတာလဲ"
"ဒီတစ်လျှောက်လုံး ဘာမှမလုပ်တာထား၊ သူက စားသောက်နေပြီး ကျွန်တော်တို့ကိုသက်ရောက်အောင် အသံတွေလုပ်နေတာလေ"
"အတိအကျပဲ၊ ဘယ်သူသိမလဲ၊ အဲအဆင့်မြင့်မိစ္ဆာသားရဲက သူ့စားသောက်နေသံတွေကြောင့် ထွက်လာတာနေမှာပေါ့"
လူတိုင်းက ပြောလေ ဒေါသထွက်လာလေပဲ။ အသံမထွက်ဘဲ အခက်တွေ့နေပုံရတဲ့ အကြီးပိုင်းတချို့ကလွဲ ကျန့်ရှင်းလည်း တိတ်နေသေးတယ်။ မျက်ခုံးတွေသာ တင်းတင်းကျုံ့နေတာ။ ကျီလင်းက သူတို့ကိုစိုးရိမ်နေတဲ့အကြည့်နဲ့ နားချနေတုန်း သူမစကားလုံးတွေကတော့ တခြားဆိုလိုရင်း မသိမသာပါဝင်နေတယ်။ "နင်တို့အားလုံး အထင်လွဲနေပြီ၊ အစ်မရှန်းက အဲလိုမဆိုလိုပါဘူး၊ သူက ငါ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး"
ဒါကြောင့် သူမပြောလေ လူတိုင်းက ပိုစိတ်တိုလာလေဖြစ်ကာ ရက်ပေါင်းများစွာ စုပေါင်းထားတဲ့ ခံစားချက်တွေ လုံးဝပေါက်ကွဲထွက်သွားသလိုပဲ။
"မိုက်ရိုင်းလိုက်တာ" ဖက်တီးက မနေနိုင်တော့ဘဲ သူ့ဖိနှိပ်မှုကိုလွှတ်လိုက်ကာ လူတိုင်း တိတ်သွားပြီး ဒူးထောက်ချရတော့တယ်။ ဖက်တီးက တကယ်ကိုဒေါသထွက်နေတာ။ ဒီလူတွေ ဘယ်နေရာကနေ သူတို့ရဲ့ ဖြောင့်မတ်ပါတယ်ဆိုတဲ့ဒေါသမျိုး ဘယ်ကနေရှာလာတာလဲ။
"အသီးတွေက နဂိုတည်းက မိန်းကလေးရှန်းဟာ၊ ဒါတွေအားလုံးက သူ ပေးချင်လား မပေးချင်လားပေါ်ပဲမူတည်တယ်၊ ပေးရင်ကြင်နာမှုဖြစ်ပြီး မပေးရင် သူမရဲ့ လုပ်ပိုင်ခွင့်ပဲ၊ မင်းတို့အားလုံးက သူ ဒါကို မင်းတို့ကို ပေးရမယ်လို့ တွေးရတဲ့အထိ ဒီလောက် အရှက်ကင်းမဲ့နေရတာလဲ"
သူက လူတိုင်းကို တစ်ချက်ဝေ့ကြည့်ရင်း ပိုဒေါသထွက်လာတယ်။
"ပြီးတော့ ဒါက မင်းတို့လေ့ကျင့်မှု၊ မိန်းကလေးရှန်းနဲ့ ငါက လမ်းပြပြီး အထိန်းတော်အဖြစ် လုပ်ဖို့ ဒီရောက်နေရုံပဲ၊ အနှေးနဲ့အမြန် မင်းတို့ အန္တရာယ်အစစ် ကြုံတွေ့ရတဲ့ နေ့ရောက်လာဦးမှာ၊ အခု မင်းတို့ ဒီလိုဒဏ်ရာအသေးလေးတောင် မကိုင်တွယ်နိုင်တာ၊ အဲလိုသာဆို... မင်းတို့ကို သစ်သီးပေးဖို့ နောက်ထပ်မိန်းကလေးရှန်းကို ဘယ်မှာထပ်သွားရှာမှာလဲ"