← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း ၅၁၇ ။ ဂိုဏ်းတွင် ဝေဖန်အပြစ်တင်မှုများ

ဖက်တီး ဆူတာခံရပြီးတဲ့နောက် လူတိုင်းက ခေါင်းငုံ့သွားပေမဲ့ သူတို့မျက်လုံးထဲ မကျေနပ်မှုတွေကတော့ ရှိနေသေးတယ်။ ဖက်တီးက ယုန်လိုမျိုး ခေါင်းဆေးနိုင်တဲ့ စကားပြောစွမ်းရည် ပါမလာတာသိသာတယ်။ ကျစ်ယွီက မနေနိုင်ဘဲ ခပ်တိုးတိုးနဲ့ ဆက်ရေရွတ်တယ်။

"ဒါပေမဲ့ ညီမကျီလင်းကိုအဲလိုဆက်ဆံဖို့ လိုမှမလိုတာ..."

"ကျစ်ယွီ"

သူမက ခေါင်းကိုတန်းမော့ကာ အတော်လေး မကျေမနပ်ဖြစ်နေသေးတဲ့ပုံ။

"ဆရာဟွေ့ကျယ် ကျွန်မတို့ကို ဦးဆောင်ရုံနဲ့တင် အဆင်ပြေမှာကို၊ သူ လိုက်လာဖို့လိုတောင်မလိုဘူး"

ဝန်ထုတ်ဝန်ပိုး ဖြစ်လာဖို့ပေါ့။

"မင်း..." ဟွေ့ကျယ်က ရှေ့တက်ဖို့လုပ်တယ်။

"ဖက်တီး" ဒါပေမဲ့ ရှန်းရင်က ရုတ်တရက် စကားထပြောကာ လှည့်ကြည့်တယ်။ စကားနဲ့ တိုက်ခိုက်ခံရတာကနေ ဒေါသထွက်တာ တစ်စက်မှမရှိ။ အဲအစား သူမကခေါင်းကိုစောင်းကာ တည်ကြည်တဲ့အကြည့်နဲ့ ပြောတယ်။

"နင့်ရဲ့သင်ကြားရေးစံနှုန်းတွေက ဖေဖေနျို့ရဲ့ဟာနဲ့ဆိုရင် ဆိုးဆိုးဝါးဝါး ပျော့လိုက်တာ၊ ငါ့ဂုဏ်သတင်းတောင် ကျဆင်းကုန်ပြီ" ဝူတိဂိုဏ်းက ရောင်စုံမိန်းကလေးတွေကမှ ပိုပြီး ချစ်ဖို့ကောင်းသေးတယ်။ အနည်းဆုံးတော့ သူတို့အားလုံးက သူမအသီးတွေကိုလုတဲ့အစား သူမဆီ အသီးတွေအားလုံးကို လာပြီးပို့ပေးကြတာ။

"ဟမ်" ဖက်တီးက တုံ့ဆိုင်းသွားပြီး သူမ ဘာဆိုလိုလဲဆိုတာ နားမလည်ဘူး။

ဒါပေမဲ့ ရှန်းရင်က ခြေတစ်လှမ်းတိုးလာကာ ဆောင့်ကြောင့်ထိုင်ချပြီး ကျစ်ယွီဆိုတဲ့တစ်ယောက်ကို ကြည့်ကာ သူမရဲ့စောင်းနေတဲ့ခေါင်းကို လက်တစ်ဖက်နဲ့ ထောက်လိုက်တယ်။

"မိန်းကလေးပြောစမ်းပါ၊ ငါသာအနားမှာမရှိရင် နင်တို့လေ့ကျင့်ရေးက ပိုပြီးချောမွေ့မယ်လို့ တကယ်ထင်လား"

လေးလေးနက်နက် မေးခွန်းထုတ်ခံလိုက်ရတော့ ကျစ်ယွီက ခဏတုံ့ဆိုင်းသွားပြီး အပြစ်ရှိတဲ့ အရိပ်အယောင်က သူမမျက်လုံးတွေထဲ ဘာကြောင့်မှန်းမသိ ဖြတ်ခနဲလက်သွားပေမဲ့ သူမက ခေါင်းကြောမာစွာ ခေါင်းညိတ်လိုက်သေးတယ်။

"အမှန်ပဲ"

"နင်တို့အားလုံးရော အဲလိုထင်လား" သူမက နောက်‌တော့ကျန်တဲ့၈ယောက်ဘက် လှည့်လိုက်တယ်။

သူတို့အားလုံးက သူမကိုလှမ်းကြည့်ပြီး တချို့က ခါးခါးသက်သက် ခေါင်းညိတ်ကြကာ တချို့ကတော့ တိတ်တဆိတ်သာ နေနေတယ်။ အသက်ပိုကြီးတဲ့၃ယောက်ကပဲ တစ်ခုခုပြောချင်သလိုမျိုး ပါးစပ်ကို ဟလိုက်ပေမဲ့ အဆုံးမှာတော့ ဘာမှမပြောတော့ဘူး။

"ကောင်းပြီလေ" ရှန်းရင်က ခေါင်းညိတ်ကာ သူမက စိတ်အရမ်းရှည်သလိုမျိုး ပြုံးတောင် ပြုံးပြလေတယ်။

"ငါနင်တို့ကိုနားထောင်ပါ့မယ်၊ ဒီကိစ္စကနေ ငါလက်ရှောင်လိုက်တော့မယ်"

"အာ" ကျစ်ယွီ ကြောင်သွားတယ်။ သူမ လက်ရှောင်မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖက်တီးလည်း သွေးပျက်သွားပြီး မကောင်းတဲ့ခံစားချက် ရနေတယ်။ "မိန်း... မိန်းကလေးရှန်း"

ဒါပေမဲ့ ရှန်းရင်က ထရပ်ပြီးနေကာ လှည့်ခါနီးဆဲဆဲ သူမက တစ်စုံတစ်ခုကို တွေးမိသွားတယ်။

"အော်ဟုတ်သား၊ နင့်အတွက် အကြံပေးချက်တစ်ခွန်း" ပြန်လှည့်ကြည့်ကာ သူမက ကျစ်ယွီကို စိုက်ကြည့်ရင်း ထပ်ပြောတယ်။ "တုံးအမှုက လူတစ်ယောက်ကို သေစေလိမ့်မယ်"

ဟမ်။

ဘာဆိုလိုတာလဲ။ သူမကိုဆူနေတာလား။

သူမ ထပ်မစဉ်းစားနိုင်ခင် နောက်အခိုက်အတန့်မှာ ဖက်တီးအပါအဝင် ရှိနေသူအားလုံး သူတို့ပတ်ပတ်လည်က မမြင်ရတဲ့တစ်ခုခုကို ဆွဲခံလိုက်ရသလို သိသိသာသာ ခံစားလိုက်ရတယ်။ ပိုက်ကွန်ကြီးတစ်ခုကို ရုတ်တရက် ပြန်ရုတ်သွားသလိုပဲ။

နောက်တော့။

ဝေါ ဝေါ ဝေါ...

နားကွဲမတတ် ဟိန်းဟောက်သံတွေ သူတို့ပတ်ဝန်းကျင်ကနေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာတယ်။‌ တောအုပ်တစ်ခုလုံး နိုးထလာတဲ့အတိုင်းပဲ။ မိစ္ဆာသားရဲတွေရဲ့ မရေမတွက်နိုင်တဲ့ အရှိန်အဝါတွေက ဘက်ပေါင်းစုံကနေ တလိမ့်လိမ့်ထွက်လာတယ်။

အဲဒီဟိန်းဟောက်သံတွေက ဖိနှိပ်မှုပါဝိုးတဝါး ပါဝင်နေကာ ကိုးယောက်လုံး သွေးအန်ကုန်ပြီး သူတို့မျက်နှာတွေက သွေးပျက်သလိုဖြူဖျော့သွားကာ မျက်လုံးတွေက ထိတ်လန့်မှုအတိ ပြူးကျယ်ကုန်တယ်။

ဒါတွေက... ဘာတွေလဲ

ဖက်တီး ရင်ထိတ်သွားကာ သူ့နှလုံးသားတစ်ခုလုံး စိတ်ထင့်ကုန်တယ်။ ဒါ အဆင့်မြင့်သားရဲမိစ္ဆာတစ်ကောင်ရဲ့ အသံပဲ။ ဟင့်အင်း အမတအဆင့်၊ ကောင်းကင်အဆင့်တွေတောင် သူတို့ဆီ တစ်ဟုန်ထိုး ပြေးလာနေတဲ့ထဲ ပါတယ်။ သူ နောက်ဆုံးတော့ သဘောပေါက်သွားပြီ။ စောနက သူတို့လာတဲ့လမ်းမှာ သူ အဆင့်မြင့်သားရဲတွရဲ့ အရှိန်အဝါကို အာရုံခံမိပေမဲ့ သူတို့ရှေ့ ခုန်ထွက်လာသူတွေက အမြဲအဆင့်နိမ့်တွေပဲ။

ဒါတွေအားလုံးက မိန်းကလေးရှန်းကြောင့်လား။ သူမက သူတို့ပတ်ပတ်လည်မှာ သူတောင် အာရုံခံမရတဲ့တစ်ခုခုကို ခင်းကျင်းထားတာပေါ့။ အဲဒါကြောင့် အဲမိစ္ဆာသားရဲတွေက သူတို့ကို ရှာမတွေ့ခဲ့ပေမဲ့ ခုတော့... အကုန်ပျောက်သွားပြီ။

အဲဒါကြောင့် အဲမိစ္ဆာသားရဲတွေက သူတို့တည်ရှိမှုကို ရှာတွေ့သွားတာပဲ။

ငါတို့သေပြီ ငါတို့သေပြီ ငါတို့သေပြီ ငါတို့သေပြီ။

ဖက်တီးက ငိုတော့မယ်။ အုတ်မြစ်အခြေတည်အဆင့် ဒီလူအသစ်တွေနဲ့ လာတဲ့ဘယ်အဆင့်မြင့် မိစ္ဆာသားရဲမဆို တစ်ချက်တည်းနဲ့ သူတို့ကိုအပြီးသတ်နိုင်မှာ။ သူ မကြောက်သလို သူ့ဘာသာခုခံနိုင်ပေမဲ့ နောက်ထပ် ဝန်ထုတ်ဝန်ပိုး၉ခုအတွက်ပါ ခုခံရဦးမှာ။

"မြန်မြန်" ဖက်တီးက ချက်ချင်း အင်းကွက်အစီအရင်တစ်ခု ဖန်တီးကာ သူတို့ပေါ်က ဖိနှိပ်မှုကို သက်သာစေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ "ပြေး မြန်မြန် ငါတို့လာခဲ့တဲ့ဘက်ကိုပြေး ပင်လယ်ဆီ"

အဲဒါကိုကြားတော့ သူတို့အားလုံးက ဘာတွေဖြစ်နေလဲ တွေးဖို့အချိန်မရှိတော့ဘဲ သွေးပျက်နေတဲ့ အမူအရာတွေနဲ့ ထရပ်ပြီး တစ်ဖက်လှည့်ကာ ဝင်ပေါက်ဆီ အသည်းအသန် ပြေးသွားတယ်။ တချို့ဆို ဓားပျံစီးဖို့တောင် မေ့နေတယ်။

"တူတူရွှေ့၊ လူစုမကွဲစေနဲ့" ဖက်တီး မနေနိုင်ဘဲ အရမ်းမြန်မြန်ပြေးနေသူတွေကို အကျယ်ကြီး သတိပေးလိုက်ရသေးတယ်။ သနားစရာ၊ ကြီးမားလှတဲ့အကြောက်တရားက သူတို့ကို စိုးမိုးသွားကာ အရှေ့ကိုပြေးဖို့ပဲ အာရုံစိုက်နေတယ်။ ဖက်တီး သူတို့ကို ပြန်သွားသယ်ရကာ ပင်လယ်ဆီ ပြန်ဆုတ်ဖို့ ကာကွယ်ပေးရင်း အနောက်မှာတော့ အဆင့်မြင့်မိစ္ဆာသားရဲကွင်းပြင်လိုက်ကြီး လိုက်လာလေတယ်။

ဒါကဘာလဲ...။

——————

သုံးရက်အကြာ၊ ပင်မခန်းမဆောင်။

ကူယွဲ့ နှုတ်ခမ်းတွန့်သွားကာ အပြင်းအထန် ဒဏ်ရာရထားတဲ့တပည့်တစ်သုတ်ကို ကြည့်လိုက်တယ်။ တချို့က သွေးကြောတွေလုံးဝကျိုးပဲ့နေပြီး တချို့ကတော့ အတွင်းဒဏ်ရာတွေရထားပြီး တချို့ဆို ချီမွမ်းမံမှုအဆင့်ထိ ပြန်ရောက်ကုန်တယ်။ လူတိုင်းက စုတ်ပြတ်နေပြီး ထိတ်လန့်နေဆဲ။ ကျန့်ရှင်းတောင် ဒဏ်ရာတွေနဲ့ ကြမ်းပြင်ပေါ် မတ်တတ်မရပ်နိုင်တော့လို့ ဒူးတစ်ဖက်ထောက်ထားတယ်။

"ဘာတွေဖြစ်ခဲ့တာလဲ" ဒါက သာမန်လေ့ကျင့်ရေးကို၊ ဘယ်လိုလုပ် ဒီလိုကိစ္စတွေ မျက်စိတစ်မှိတ်အတွင်း ဖြစ်ကုန်တာလဲ။ သူတို့တွေ တစ်ဂိုဏ်းလုံးကို အမြစ်ဖြုတ်ဖို့သွားကြတာလား။

ဖက်တီးက စကားပြောမို့ရှိသေး ကျန့်ရှင်းက အရင်စကားစပြောလာတယ်။ "ဆရာ၊ ဒါတွေအားလုံးက ကျွန်တော်တို့ အရည်အချင်းမပြည့်ဝသေးဘဲ ဒီမိစ္ဆာသားရဲတွေကို မရင်ဆိုင်နိုင်ခဲ့တာကြောင့်ပါ၊ အဲဒါကြောင့် ကျွန်တော်တို့ အတော်လေးဒဏ်ရာရသွားခဲ့တာ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်ပေးပါ"

"မင်းတို့အားလုံး မိစ္ဆာသားရဲတွေကြောင့် ဒဏ်ရာရတာလား" ကူယွဲ့ မျက်မှောင်ကြုတ်ကာ စုတ်ပြတ်နေတဲ့ဖက်တီးကိုပါ လှည့်ကြည့်လိုက်တယ်။ "ဖက်တီး မင်း သူတို့နောက် တစ်လျှောက်လုံး လိုက်သွားတယ် မဟုတ်လား" ဒီကိစ္စတွေက ဘာလို့ ဒီလိုပုံစံဖြစ်သွားသေးတာလဲ။

"ဆရာ" ဖက်တီးက အတော်လေး အပြစ်ရှိသလိုအကြည့်နဲ့။ "မိစ္ဆာသားရဲက တကယ်ကိုများလွန်းတာ၊ ပြီးတော့ သူတို့ကြား သားရဲအမတတွေရော ကောင်းကင်သားရဲတွေပါ ရှိနေတာ၊ ကျွန်တော် အဲလောက် အများကြီး တကယ်မကိုင်တွယ်နိုင်..."

"မင်းကရော ရှန်းရင်" သူက တစ်ဦးတည်းသော ခြစ်ရာတောင်မရှိဘဲ တစ်ကိုက်ကိုက်ထားဆဲ အသီးတစ်လုံးကို ထုတ်ကာလူဆီ ကြည့်လိုက်တယ်။ သူက အရင်က စစ်ဆေးထားတာ ကျွန်းရဲ့အပြင်ပိုင်းက မိစ္ဆာသားရဲတွေအားလုံးက အဆင့်နိမ့်တွေပါ။ သူတို့အားလုံး ကိုယ့်သေတွင်း ကိုယ်တူးပြီး ပိုပြီးနက်ရှိုင်းတဲ့နေရာတွေဆီ သွားခဲ့တာလား။ ပြီးတော့ ဖက်တီးမကိုင်တွယ်နိုင်ရင်တောင် cheatကတော့ သေချာပေါက်လုပ်နိုင်မှာပဲ။

"ငါက အလုပ်ဆင်းပြီးပြီလေ" ရှန်းရင်က လေးနက်မှုအပြည့်နဲ့ ပြန်ဖြေတယ်။

ဘာအလုပ်ဆင်းတာလဲ။ ကူယွဲ့က မေးဖို့လုပ်ချိန် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ တပည့်တစ်ယောက်က ရုန်းကန်ပြီး အရင်ဆုံး ပြန်ဖြေဖို့ တိုက်ခိုက်တော့တယ်။

"ဆရာ ကျွန်တော်တို့ဒဏ်ရာတွေအားလုံးက သူ့ကျေးဇူးကြောင့်ပဲ" စကားပြောနေတဲ့ ချန်းတုန်းက အစတည်းက ဆဋ္ဌမအဆင့်သားရဲကြောင့် ဒဏ်ရာရထားတဲ့တပည့်။ သူက ဒဏ်ရာအချို့ရပြီးသားမို့ ဖက်တီးက ပြန်ဆုတ်ချိန် သူ့ကိုအာရုံပိုစိုက်ပေးမိတော့ ကိုးယောက်ကြား ဒဏ်ရာအနည်းဆုံး ဖြစ်သွားတယ်။

ကူယွဲ့အမူအရာက တစ်ခါတည်းမည်းမှောင်သွားကာ မျက်လုံးတွေက အနည်းငယ် မှေးသွားပြီး မုန်တိုင်းတစ်ခု ဖြစ်စပြုလာတဲ့ အရိပ်အယောင်ရနေတယ်။

"ဘယ်သူ့ကျေးဇူးကြောင့်လို့ပြောလိုက်တာလဲ" မင်း ထပ်ပြောစမ်းပါဦး။

"သူပဲ" ချန်းတုန်းက သူ့အမူအရာကို သတိမထားမိဘဲ ရှန်းရင်ကို မျက်နှာမှာ မုန်းတီးမှုအပြည့်နဲ့ လက်ညှိုးထိုးပြတယ်။

"ကနဦးက တောအုပ်ထဲမှာ အရမ်းကိုဘေးကင်းပြီး အဆင့်မြင့်မိ‌စ္ဆာသားရဲတွေအများကြီး သိပ်မရှိခဲ့ဘူး၊ သူဘာလုပ်ခဲ့လဲ ကျွန်တော်မသိပေမဲ့ ရုတ်တရက် မိစ္ဆာအုပ်လိုက်တွေ အများကြီး ရောက်ချလာတယ်၊ ဒါ သူပဲ သူက ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့ မိစ္ဆာသားရဲတွေကိုခေါ်လာတာ"

"ဟာ့..." ကူယွဲ့ အပြုံးက ပိုအေးစက်လာတယ်။ "မင်း ဆိုလိုတဲ့ပုံအရ သူက မိစ္ဆာသားရဲကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လား"

"သူပဲဖြစ်ရမယ်" ချန်းတုန်းက အင်မတန်သေချာတဲ့အကြည့်နဲ့ ပြောတယ်။ "မဟုတ်ရင် အဲလောက် မိစ္ဆာသားရဲတွေအများကြီးက ရုတ်တရက် ပေါ်လာမှာလဲ၊ ပြီးတော့ ကျွန်တော်တို့ အများကြီး ရှိနေပြီး သူက တစ်ဦးတည်းသော ဒဏ်ရာမရခဲ့သူ၊ အဲဒီမိစ္ဆာသားရဲတွေက သူမကို တိုက်တောင်မတိုက်ခိုက်ဘူး... သူက အဲဒီမိစ္ဆာသားရဲတွေနဲ့ ပူးပေါင်းထားတာပဲ ဖြစ်ရမယ်"

"ရယ်ချင်စရာ ဆရာ..." ဖက်တီးက စိတ်ပူပန်စွာ တစ်ခုခုပြောမို့ရှိသေး ကူယွဲ့က သူ့ကိုတားဖို့ လက်တစ်ဖက် မြှောက်ပေးလိုက်တယ်။ "သူ့ကို ဆက်ပြောပါစေ"

...

အခန်း ၅၁၈ ။ ဂိုဏ်းထဲမှ နှင်ထုတ်ခံရခြင်း

"ဆရာ" ချန်းတုန်းက ပြောလေ ပိုပြီးဒေါသကြီးလာလေဖြစ်လာတယ်။

"အဲအချိန် ကျွန်တော်က ဒဏ်ရာရနေပြီမို့ ဆရာတူညီမကျီလင်းက သူ့ကိုအကူအညီတောင်းပေမဲ့ သူက ငြင်းပြီး စကားနဲ့တောင် ရန်စသေးတယ်၊ သူက ကျွန်တော်တို့ကို ခြိမ်းခြောက်တာပါလုပ်ပြီး အဲနောက်တော့ မိစ္ဆာသားရဲတွေ အများကြီး ရုတ်တရက် တောထဲပေါ်လာတယ်၊ ပြီးတော့..." သူက တစ်ဖက်ကိုလှည့်ကာ ဖက်တီးကိုကြည့်ပြီး အားလုံးထုတ်ပြောတော့မဲ့ပုံပဲ။

"ပြီးတော့ ဆရာဟွေ့ကျယ်က တစ်ချိန်လုံး အဲလူဆိုးဘက် ဘက်လိုက်ပြီး မသိကျိုးကျွံပြုထားတယ်၊ ကျွန်တော်တို့ရှင်းပြချက်တွေကို လုံးဝနားမထောင်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာပါ"

"အော်" ကူယွဲ့အမူအရာက ပိုပြီးတောင် ငြိမ်းချမ်းလာတယ်။ "ဒါဆို... မင်းထင်တာ မင်းတို့အားလုံး ဆိုးဆိုးရွားရွား ဒဏ်ရာရတဲ့အကြောင်းရင်းက ရှန်းရင်ကြောင့်ပေါ့"

ချန်းတုန်းက ပြန်မဖြေပေမဲ့ ဒေါသကသူ့မျက်နှာမှာ အရောင်ဆိုးထားတာက အဲလိုတွေးနေမှန်း သိသာတယ်။

ကူယွဲ့က နောက်တော့ တခြားတပည့်တွေဘက် လှည့်တယ်။ "မင်းတို့အားလုံးရော" ကျန်တဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေကြတယ်။ သူက ထပ်ပြောလိုက်တယ်။

"ဘာမှမဖြစ်ဘူး၊ အမှန်ကိုပြော၊ တကယ်လို့ ချန်းတုန်းနဲ့ အတွေးတူရင် ရှေ့ကိုထွက်လာခဲ့"

"ဆဂာတူအစ်ကိုပြောတာ အမှန်ဆိုတာ ကျွန်မသက်သေပြနိုင်ပါတယ်" ကျစ်ယွီက သူမထောက်ခံမှုကို ပထမဆုံး အသံထွက်သူ။ သူမဒဏ်ရာတွေကိုအောင့်အီးရင်း ချန်းတုန်းဘက် ခြေနှစ်လှမ်းတောင် လှမ်းလိုက်သေးတယ်။ ရှန်းရင်ကို သူမက ဒေါသတကြီး စိုက်ကြည့်တယ်။

"ကျွန်မတို့ကိုဒီအကျဉ်းအကျပ်ထဲ ရောက်အောင်လုပ်သူက သူမပဲ"

ခံစားချက်တချို့ ချန်းတုန်း မျက်လုံးထဲ ဖြတ်ပြေးသွားကာ သူ့အကြည့်က ပိုယုံကြည်ချက်ရှိလာတယ်။ ဖြစ်နိုင်တာ တစ်ယောက်ယောက် ဦးဆောင်နေလို့ထင် ကျန်တဲ့တပည့်တွေကလည်း သူတို့လက်တွေကို စမြှောက်လာတယ်။

အဆုံးမှာတော့ ချန်းတုန်းနဲ့ သဘောတူသူက တစ်ဝက်ဖြစ်ပြီး အကြီးဆုံးသုံးယောက်၊ တစ်ချိန်လုံး ဒူးထောက်နေသူ ကျန့်ရှင်းနဲ့ သူ့ကိုတွဲကူပေးနေတဲ့ ကျီလင်းက လက်‌မမြှောက်။

ကူယွဲ့ရဲ့လက်ထဲက ယပ်တောင်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာကနေ ဂျွတ်ခနဲ အသံထွက်လာတယ်။ အနားမရမှုကို မျိုသိပ်ဖို့ အသက်ဝဝရှူရင်း သူ့မျက်လုံးတွေက ပိုအေးစက်လာတယ်။ တစ်ခဏကြာတော့ သူက ကျန်တဲ့ငါးယောက်ကို ကြည့်ကာ မေးခွန်းထုတ်တယ်။

"ဘာလို့ မင်းတို့က လက်မမြှောက်တာလဲ၊ သူတို့လိမ်နေတာလို့မင်းတို့ထင်တာလား"

အားလုံးက ခဏကြောင်နေပြီး ဘယ်လိုပြန်ဖြေရမလဲမသိ။ ခဏနေတော့ ကျီလင်းက စကားစပြောလာတယ်။

"ဆရာ့ကို ပြန်ဖြေပါတယ်၊ ကျွန်မ... အစ်မရှန်းက ဒီလိုလူဆိုးလို့ မထင်ပါဘူး၊ အရင်ကတော့... ဒါပေမဲ့ သူက ဂိုဏ်းတူတဲ့လူတွေကို ဒီလိုအရာတွေလုပ်ပြီး သေတွင်းပို့မှာမဟုတ်ဘူးလို့ ယုံကြည်တယ်"

အဲလိုပြောပြီး သူမက လုံးဝအခြေအနေထဲက ဘေးထွက်နေတဲ့ ရှန်းရင်ကို မျှော်လင့်တကြီး ကြည့်လိုက်သေးတယ်။ "တခြားအကြောင်းရင်း ရှိမှာပါ"

"ဆရာတူညီမကျီလင်း" ချန်းတုန်းက သက်ပြင်းချကာ သူ့မျက်ဝန်းထဲ သူမအတွက် ရင်နာမှုတွေ ပြည့်နေတယ်။ "သူက မင်းကို ဒီလိုဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာကို၊ မင်းက ဘာလို့သူ့အတွက် ပြောပေးနေသေးတာလဲ"

သူတို့လက်တွေကိုမြှောက်လာတဲ့ တခြားသူတွေကလည်း တူညီတဲ့အမူအရာတွေနဲ့ ရှန်းရင်အပေါ် မုန်းတီးမှုက ပိုတိုးလာတယ်။

ကူယွဲ့က ဒီလူတွေကို ကြည့်ကာ ရုတ်တရက် နှုတ်ခမ်းတွေကို အပြုံးတစ်ခုအဖြစ် မြှောက်လိုက်ပြီး သူ တစ်လုံးချင်းစီ ပြောလိုက်တယ်။ "ဒါဆို... ဒီလိုကြီးမားတဲ့ အမှားအတွက် ဘာအပြစ်ပေးသင့်တယ်ထင်လဲ"

လူတိုင်းက အချင်းချင်း စိုက်ကြည့်နေကာ အဆုံးမှာတော့ ဒေါသတကြီးပြောလာသူက ချန်းတုန်း။

"သူ့လိုလူအတွက် ကျင့်ကြံမှုကို ဖျက်ပြီးဂိုဏ်းထဲကနှင်ထုတ်တာ သိပ်မများဘူးထင်တာပဲ"

တခြားသူတွေလည်း ခေါင်းညိတ်တယ်။

"ကောင်းပြီလေ" ကူယွဲ့ မျက်လုံးမှိတ်လိုက်တယ်။ သူတကယ် မေးခွန်းဆက်မထုတ်နိုင်တော့ဘူး။ မတ်တတ်ရပ်ပြီး သူ ဟွေ့ကျယ်ကိုကြည့်ကာ ညွှန်ကြားလိုက်တယ်။ "ဖက်တီး သူတို့ဒဏ်ရာတွေကို အရင်ကုသပေးလိုက်"

"ဟုတ်ကဲ့ဆရာ" ဖက်တီးက သူတို့ကိုကြည့်ကာ သက်ပြင်းချရင်း ခေါင်းယမ်းလိုက်တယ်။ နောက်တော့ ဂါထာတစ်ခု ဖန်တီးကာ အားသစ်လောင်း ဂါထာတစ်ခုက သူ့ခြေထောက်အောက် ချက်ချင်း ပေါ်လာတယ်။ နဂိုက ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ လူတိုင်း ပြေလျော့သွားပြီး သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေက သိသိသာသာ မြင်ရတဲ့အမြန်နှုန်းနဲ့ မြန်ဆန်စွာ ပျောက်ကင်းကုန်တယ်။ ခဏအတွင်း သူတို့က အသစ်တွေလို ကောင်းသွားတယ်။

ဖက်တီးက နောက်တော့ သက်စောင့်ဆေးဘူး ထုတ်ကာ အနီးဆုံးတပည့်ဆီကမ်းပေးပြီး ဖြန့်‌ခိုင်းလိုက်တယ်။ "စား၊ သုံးရက်အတွင်း မင်းတို့သွေးကြောတွေ ပြန်သက်သာသွားလိမ့်မယ်"

လူတိုင်းက ဝမ်းမြောက်သွားကာ မြန်မြန် ဆေးလုံးတွေကို ဖြန့်ကာ မျိုချလိုက်တယ်။ တကယ်ပဲ သူတို့ရဲ့လက်ကျန် အတွင်းဒဏ်ရာတွေက အတော်လေး သက်သာကုန်တယ်။ သူတို့ မတ်တတ်ရပ်နေနိုင်ပြီဖြစ်ကာ ကူယွဲ့ကိုဂါရ၀ပြုကြတယ်။ "ကျေးဇူးတင်ပါတယ်၊ ဆရာကူယွဲ့"

"မလိုပါဘူး" ကူယွဲ့သူတို့ကိုပြုံးပြပေမဲ့ သူ့မျက်လုံးထဲတော့အသက်မပါ။

"အခုမင်းတို့ဒဏ်ရာတွေ သက်သာပြီဆိုတော့ အပြစ်ပေးမှုအကြောင်း ပြောရအောင်"

အဲလူတွေက ခဏကြောင်အမ်းနေတယ်။ ရှန်းရင်ကို ထောက်ပြတဲ့လေးယောက်ကတော့ သူတို့မျက်လုံးတွေက တောက်ပကုန်တယ်။

"မင်းတို့ဆန္ဒရှိသလိုပေါ့" ကူယွဲ့က နှေးကွေးစွာ ပြောကာ တစ်လုံးချင်းစီဖိပြောလိုက်တယ်။

"မင်းတို့ကို ငါဂိုဏ်းက ထုတ်ပယ်မယ်၊ ဒီနေ့ကစပြီး မင်းတို့လေးယောက်က ဒီဂိုဏ်းရဲ့တပည့်တွေ မဟုတ်တော့ဘူး"

"ဘာ" လေးယောက်သား ကြောင်အမ်းနေကာ သူတို့နားကြားမှားတယ် စဉ်းစားနေတယ်။

"ဖက်တီး" ကူယွဲ့က တန်းအမိန့်ပေးလိုက်တယ်။ "သူတို့ကျင့်ကြံမှုကို ဖယ်ရှားပြီး တောင်အောက်ပို့လိုက်"

"ဟုတ်ကဲ့ဆရာ"

"ခဏ" ချန်းတုန်းက အံ့ဩတကြီးရေရွတ်ကာ မျက်လုံးတွေထဲ အကြောက်တရား၊ မယုံကြည်နိုင်မှုတွေနဲ့။

"ဘာလို့ ကျွန်တော်တို့လဲ၊ အမှားလုပ်တဲ့သူက..."

သူ စကားမဆုံးနိုင်ခင် ကူယွဲ့ မထိန်းနိုင်တော့ဘဲ လက်တစ်ဖက်ယမ်းကာ ဓားချီတစ်ဝှေ့က သူ့ကိုထိမှန်ပြီး ဝိညာဉ်ကြောကို မှန်သွားခဲ့တယ်။ ချန်းတုန်း ကြီးမားတဲ့နာကျင်မှုကိုခံစားရကာ သူ့ကိုယ်ထဲက ဝိညာဥ်ချီက လုံးဝပျောက်ကွယ်သွားပြီး ကျယ်လောင်စွာ စူးခနဲအော်တော့တယ်။

"အား" သူက မြေကြီးပေါ် နောက်တစ်ကြိမ် လဲကျသွားကာ လူးလှိမ့်တော့တယ်။

"ကျင့်ကြံခြင်းကို နှစ်ပေါင်းများစွာ လေ့ကျင့်လာတာတောင် မင်းတို့ ဘယ်လိုလုပ် ဒီလိုအရူးတစ်သိုက်အဖြစ် ကျင့်ကြံခဲ့ကြတာလဲ" ကူယွဲ့ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ စားပွဲကို ရိုက်ချပြီး ထရပ်လိုက်တယ်။ သူ့ဒေါသက သူ့ကိုလွှမ်းမိုးသွားတဲ့ပုံနဲ့ တစ်ကိုယ်လုံးက ချစ်ချစ်တောက် ပူနေတယ်။ သူ့ဘေးက စားပွဲတောင် ချက်ချင်း ပြာကျသွားလေရဲ့။

ရှန်းရင်က နောက်ဆုံးတော့ ခေါင်းမော့လာတယ်။ "ဖေဖေနျို၊ စားပွဲက ဝိညာဉ်ကျောက်တုံးတစ်ရာနော်"

"ပါးစပ်ပိတ်ထား"

"... ကောင်းပါပြီ"

ကူယွဲ့က နောက်တော့ ပြန်လှည့်သွားကာ ဆက်ပေါက်ကွဲနေတယ်။ "မင်းတို့တုံးအတာထား၊ မင်းတို့ကိုယ်မင်းတို့ သူများထက်သာတယ် စဉ်းစားနေသေးပြီး ကျေးဇူးမသိတတ်ဘူး၊ မင်းတို့လိုအမှိုက်တစ်သိုက်ကို စုဆောင်းဖို့ ဘယ်သူကများ အဲတုန်းက အဲလောက်ကန်းခဲ့တာလဲ"

ကန်း‌ခဲ့တဲ့ဖက်တီးက အသံတိုးတိုးနဲ့ ဖြေလာတယ်။ "အမ်... ကျွန်တော်ပါ" ဖက်တီးက ဒူးထောက်ချလိုက်တယ်။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆရာ" သူ့နှလုံးသား နာကျင်နေတယ်။

တခြားတပည့်တွေကလည်း ဒူးထောက်ချကာ ကူယွဲ့ကို ကြည့်တဲ့မျက်ဝန်းတွေက ရုတ်တရက် အကြောက်တရားတွေ ပြင်းထန်လာသလို နားမလည်မှုတချို့လည်းပါနေတယ်။

"မင်းတို့တွေ ခုထိ ဘယ်မှာမှားနေလဲမသိသေးဘူးလား" ကူယွဲ့က သူတို့ကိုလှမ်းကြည့်တယ်။

"အဲကျွန်းက ဘယ်လိုနေရာမျိုးလဲ၊ မင်းတို့ရဲ့ အုတ်မြစ်အခြေတည် စုတ်တီးစုတ်ပဲ့ကျင့်ကြံမှုနဲ့ တောအုပ်အနက်ပိုင်းထဲ သွားနိုင်မယ်ထင်လား၊ ဒါမှမဟုတ် ဒီလို ကျွန်းကြီးပေါ် အဆင့်နိမ့်သားရဲတွေပဲ ရှိမယ်လို့ထင်နေလား" သူက အသက်ပြင်းပြင်းရှူပြီးမှ စကားလုံးတွေ ထွေးထုတ်တော့တယ်။

"မင်းတို့အားလုံး ဖက်တီး ကာကွယ်ပေးပြီး ခေါ်ထုတ်လာတာတောင် ‌ဒီလောက်ဆိုးဆိုးဝါဝါး ဒဏ်ရာရခဲ့တာ၊ ဘယ်လိုလုပ် နဂိုတည်းက အထဲဝင်လို့ရခဲ့လဲ သောက်ကျိုးနည်း လုံးဝမတွေးမိကြဘူးလား"

လူတိုင်း သူတို့ ဒီလိုမျိုးတစ်ခါမှ မတွေးဖူးသလို ရင်ထိတ်ကုန်ကာ ရှန်းရင်ကို မယုံကြည်နိုင်စွာ မော့ကြည့်ကြတယ်။ သူမလား။ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူမမှာ ကျင့်ကြံမှု နည်းနည်းလေးတောင် ရှိတဲ့ပုံမပေါ်ပဲကို။ ဒါပေမဲ့ သူတို့ဝင်သွားချိန် တကယ်ကို ပြဿနာမရှိတာ။ ဆက်တိုက် သူတို့ထွက်လာချိန် မိစ္ဆာသားရဲတွေ အများကြီးရှိခဲ့တာက... သူတို့ သူ့ကို စိတ်တိုအောင် လုပ်မိလို့များလား။

"ဝူတိဂိုဏ်းမှာ မင်းတို့လိုအရူးတွေအတွက် နေရာမရှိဘူး"

"ဆရာ" အားလုံး ခုတော့ အကြောက်တရားကို သိကုန်ပြီး အသည်းအသန်အသနားခံတော့တယ်။

"ခွင့်လွှတ်ပေးပါ ဆရာ၊ ကျွန်တော်တို့မှားမှန်းသိပါပြီ" သူတို့တွေ ကျင့်ကြံသူတွေရဲ့ ခွန်အားကို မြင်ပြီးပြီလေ။ ဘယ်လိုလုပ် လူသာမန်ဘဝဆီ ပြန်ချင်ကြမှာလဲ။

"ဖက်တီး သူတို့ကို တောင်အောက်ခေါ်သွား" ကူယွဲ့ သူ့ဆုံးဖြတ်ချက်ကို ပြောင်းဖို့ ရည်ရွယ်ချက်မရှိ။ ဝူတိဂိုဏ်းတစ်ခုလုံးက ရှန်းရင်ကို မကျေမချမ်းဖြစ်မှု နည်းနည်းလေးတောင် ခံစားစေခဲ့တာမဟုတ်။ ဒီမရင့်ကျက်တဲ့လူတွေမှာ ဘာအခွင့်ရှိလဲ။

ဖက်တီးက တကယ်တော့ မလုပ်ရက်သေးဘူး။ သူက သူတို့ကိုနှစ်တွေအကြာကြီး သင်ပေးခဲ့တာကိုး။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်ဆိုတာကိုလည်း သူနားလည်တယ်။ "ဟုတ်ကဲ့ဆရာ"

သူက မသေမျိုးချီ သုံးကြောင်းကိုဆင့်ခေါ်ကာ သူတို့ဝိညာဥ်ကြောထဲက ဝိညာဉ်ချီတွေကို လွင့်ပျောက်စေပြီး နောက်တော့ သူတို့ကိုဆွဲခေါ်သွားတော့ အပြင်မှာငိုနေကြသေးတယ်။

"ခဏ" ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။

...

အခန်း ၅၁၉ ။ လေးယောက်ကျန်ရှိ

"ရှန်းရင်" ကူယွဲ့ သူမကို ဒေါသတကြီးကြည့်လိုက်တယ်။ မင်း အဆင်အခြင်မဲ့ ကြင်နာပြလို့မဖြစ်ဘူးနော်။

"အာ... နင်တစ်ယောက် ကျန်ခဲ့တယ်လို့ ငါ ထောက်ပြချင်ရုံပါ" ရှန်းရင်က သူမအသီးကို တစ်ကိုက် ကိုက်ကာ နောက်တော့ ဘေးကကျီလင်းကို လက်ညှိုးထိုးပြလိုက်တယ်။

ကျီလင်းမျက်နှာက ချက်ချင်း ‌ဖြူဖျော့သွားပြီး လုံးဝမယုံကြည်နိုင်ဟန်။ "အစ်မရှန်း..." သူမက မျက်ရည်တွေ ဝဲလာကာ အချိန်မရွေးစငိုတော့မလို့ နစ်နာချက်အပြည့်ပုံဖြစ်နေတယ်။

"တကယ်တော့..." ရှန်းရင်က ခေါင်းကိုတစ်ဖက်စောင်းကာ ပျင်းတိပျင်းရွဲ အမူအရာနဲ့ မျက်လုံးတွေ မှေးသွားတယ်။ "ငါက ကြာပန်းဖြူလေးတွေကို အတော်သဘောကျပေမဲ့ နှလုံးသား မည်းနက်နေတာတွေ မကြိုက်ရုံပါ"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ဖက်တီး၊ သူ့ကိုပါ ခေါ်သွား"

"ဟုတ်ကဲ့ဆရာ" ဖက်တီးက သူမကိုဆွဲခေါ်ဖို့ ပြန်လာရုံပဲရှိတော့တယ်။

"ဟင့်အင်း ကျွန်မ တောင်ကနေ မထွက်သွားချင်ဘူး" ကျီလင်းက ဒီတစ်ကြိမ်တော့ တကယ် သွေးပျက်နေပြီး မျက်ရည်တွေစီးကျနေကာ သူမက တောင်းပန်တော့တယ်။

"ဆရာ... အစ်ကို အစ်ကို ညီမကိုကယ်ပါဦး" သူမက ဘေးက ကျန့်ရှင်းကို အတင်းဆွဲတော့တယ်။

ကျန့်ရှင်းလည်း စိတ်ပူပန်နေပြီး ဒူး‌ထောက်ချကာ စုံစမ်းတော့တယ်။ "ဆရာ ရှောင်လင်းက ဘာအမှားမှ မလုပ်ခဲ့တာ၊ ဘာလို့သူပါ ထုတ်ပယ်ခံရတာလဲ" ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့ညီမလေ။

ကူယွဲ့ စကားမပြောရသေးခင် ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။ ရင်းနှီးနေတဲ့ ဘူးကိုထုတ်ကာ သူမက ကျီလင်းဆီ ကမ်းပေးလိုက်တယ်။

"ရော့ ငါဒါကို ကောက်လာတာ၊ နင့်ကိုပြန်ပေးမယ်" အဲဒါ ဆန်ကင်းလွတ်ခြင်း ဆေးလုံးတွေပဲ။ ကျစ်ယွီ အဲတုန်းက ရှန်းရင်ကို ပေးခဲ့တဲ့ဟာတွေဖြစ်နေတယ်။

ကျီလင်းမျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတာများ ကျန့်ရှင်းကို ဆုပ်ကိုင်ထားတဲ့လက်ပါ ပြေလျော့သွားကာ ဘေးကိုကျသွားပြီး မယုံကြည်နိုင်စွာ ဘူးကို စိုက်ကြည့်နေတယ်။ သူမ... အားလုံးကို သိနေတယ်။

ဖက်တီးကလည်း အဲဘူးကို မြင်ချိန် မှင်တက်သွားတယ်။ သူမက ကျစ်ယွီကိုရှေ့ထွက်ပြီး ရှန်းရင် စားသောက်တာကို တားမြစ်ခိုင်းခဲ့သူပေါ့။ သေချာတွေးကြည့်ရင် ကျစ်ယွီက အမြုတေကျင့်ကြံသူ မဟုတ်ဘဲ ကျီလင်းလေ။ သူ့မျက်နှာက ချက်ချင်းမည်းနက်သွားကာ သူမကျင့်ကြံခြင်းကို တန်းဖယ်ရှားကာ သူမကိုဆွဲခေါ်ထုတ်ဖို့လုပ်တော့တယ်။

"အော်ဟုတ်သား" ဖက်တီးက ငါးယောက်အတန်းလိုက်နဲ့အတူ ထွက်ဖို့ရှိသေး ကူယွဲ့က ရုတ်တရက် ထပ်ပြောတယ်။ "မင်းတို့အားလုံးကို ငါပြောဖို့ မေ့နေတဲ့ပုံပဲ၊ ရှန်းရင်... သူက ငါတို့ရဲ့တကယ့်ဂိုဏ်းချုပ်ပဲ"

ဒီတစ်ကြိမ်တော့ ထုတ်ပယ်ခံရတဲ့ တပည့်ငါးယောက်တင်မက ကျန်တဲ့လေးယောက်ပါ မျက်လုံးတွေ ပြူးကုန်ကာ ရှန်းရင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။ သူမက... ဂိုဏ်းချုပ်တဲ့။

ရှန်းရင် ။ ။ "..." ဖေဖေနျိုက တာဝန်တွေအားလုံးကို အလိုက်သင့်လေး ပြန်တွန်းထုတ်နေတာလား

ခွေး*သား

"ဆရာ..." ကျန့်ရှင်းက ကူယွဲ့ကို နောက်တစ်ကြိမ် အလောတကြီး ကြည့်ပြန်တယ်။

"မင်းဘာပြောချင်လဲ သိတယ်" ကူယွဲ့က သူ့ပါးစပ်ထဲ ရောက်နေပြီဖြစ်တဲ့စကားတွေ ထုတ်ပြောမှာကို တားမြစ်ကာ ကျန်တဲ့တပည့်တွေဘက်လှည့်ပြီး ခပ်တိုးတိုးပြောလာတယ်။

"မင်းတို့အားလုံးကို ငါ ကျင့်ကြံမှုလေ့ကျင့်ဖို့ သင်ကြားပေးခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ မင်းတို့ အနာဂတ်မှာ တစ်စုံတစ်ခုကို အောင်မြင်ပြီး ကျင့်ကြံမှုသိုင်းတွေကို လူအများဆီ လက်ဆင့်ကမ်းပေးဖို့၊ သာမန်လူတွေကို ကာကွယ်ပြီး လောကကြီးထဲက ဝေဒနာတွေကို နည်းပါးအောင်လုပ်ပေးဖို့ မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ ငါ မင်းတို့အားလုံး မှတ်မိဖို့ မျှော်လင့်တယ်၊ ငါ မင်းတို့ကို ရွေးချယ်ခဲ့တာက မင်းတို့ ပေါ်လာတာမို့ပဲ၊ မင်းတို့က အစားထိုးမရတာမဟုတ်ဘူး"

သူတို့အားလုံး ထိတ်လန့်ကုန်ပြီး သူတို့အမူအရာက ပြောင်းလဲသွားကာ ခေါင်းငုံ့ကုန်ရင်း ကျန့်ရှင်းတောင် သူ့လက်သီး ဆုပ်ထားတာကို ပြန်ချထားလိုက်တယ်။

ကူယွဲ့ တောင်အောက်ကို ခေါ်သွားတဲ့ လူအုပ်ဆီ လှမ်းကြည့်ကာ မျက်လုံးတွေမှေးသွားပြီး မှတ်ချက်ပြုလိုက်တယ်။ "မင်းတို့အားလုံး စား... ယိချင်းက ဒီနေ့ ဒီမှာ မရှိတာ ဝမ်းသာသင့်တယ်၊ မဟုတ်ရင် အဲလူတွေတင် မကဘူး မင်းတို့အားလုံး တောင်ကနေ အသက်ရှင်လျက် ထွက်သွားဖို့ အိပ်မက်တောင် မက်လို့ရမှာ မဟုတ်ဘူး"

"..."

cheat ကို သွားရန်စရဲတာ မင်းတို့ကိုယ်မင်းတို့ ရှန်းကျင်းလို့များ ထင်နေလား။

—————

နောက်ထပ် ရေလောင်းတဲ့တစ်နေ့။

"ရှန်းရင် ဒီနေ့ အပင်တွေကို ရေ‌မလောင်းဖို့ တကယ်အဆင်ပြေရဲ့လား" မှိုက အမတသွေးကြောနားက မှိုတန်းတွေကို လှမ်းကြည့်ကာ စိုးရိမ်မှုတချို့နဲ့ မေးလိုက်တယ်။

"ငါမစားခဲ့ရဘူး၊ ရေလောင်းဖို့ အားမရှိဘူးဟာ" ရှန်းရင်က အသီးကိုတကိုက်ကိုက် ဝါးရင်း ကျောက်တုံးပေါ် ရွှံ့တုံးလိုပစ်ကျသွားတယ်။

"စားဖိုမှူး ဘယ်ချိန်လာမလဲလည်းမသိဘူး" ဖေဖေနျိုက စားဖိုမှူး ယုန်ကို ခရမ်းရောင်ညနန်းတော် ပြည်သူနှင့်တပ်ကျောင်းဂိုဏ်းခွဲရဲ့ ဒုတိယအသုတ် ကျောင်းသားတွေကို ကြီးကြပ်ရာမှာ ကူညီပေးဖို့ သွားတယ်လို့ပြောတယ်။ သု အဲမှာ အချိန်တချို့ယူပြီး ယုန်က တစ်အုပ်လုံးကို ခေါင်းဆေးပြီးမှ ပြန်ရောက်လာမယ်တဲ့။

"ဟမ်၊ ကြီးမြတ်တဲ့အမတကူယွဲ့က မင်းအတွက် စားစရာ လုပ်ပေးဖို့သွားတယ်မဟုတ်ဘူးလား"

ရှန်းရင်နှုတ်ခမ်းထောင့်တွေတွန့်သွားပြီး မှိုကို သူမကိုယ်သူမ စကားလုံးမဲ့ မဖော်ပြနိုင်တဲ့ပုံနဲ့ ကြည့်တယ်။

"ဟူး နင်နားမလည်ပါဘူးလေ စားသောက်စရာတွေအတွက် ဝက်စာကိုသာ ရမယ်ဆိုရင် နေ့တိုင်း အဆာပြေတွေပဲ စားတော့မှာပေါ့

"အသီးစားချင်လား"

သူမ တစ်လုံး ကမ်းပေးလိုက်တယ်။

မှိုရဲ့မျက်လုံးတွေက တောက်ပသွားပြီးတော့ အသည်းအသန် ခေါင်းညိတ်တယ်။ "ရှန်းရင် နင်ကအကောင်းဆုံးပဲ၊ တလောကလုံးမှာ အကောင်းဆုံးပဲ" မှိုကအပြစ်ကင်းစင်စွာကြည့်ပြီး သူမကို လူကောင်းလို့ သတ်မှတ်လိုက်တယ်။

"နင်က ငါ့ကိုပန်းလေးကလွဲရင် အစားအစာပေးတဲ့ နောက်ထပ်တစ်ယောက်ပဲ"

"ဖတ်တီးက မပေးဘူးလား" ရှန်းရင်က မနေနိုင်ဘဲ မေးလိုက်တယ်။ နင်တို့၂ယောက်အတူတူ အချိန်ဖြုန်းကြတယ်မဟုတ်လား။

မှိုခေါင်းယမ်းကာ အနည်းငယ် ဒေါသထွက်စွာ နှုတ်ခမ်းဆူလိုက်တယ်။

"သူက ငါ့ကို မုန်လာဥ‌တွေပဲ ပေးပြီးတော့ စားသောက်တာကို ရှောင်ကြဉ်ဖို့ပါ ပြောသေးတယ်"

"..." ဟူး ထင်ခဲ့တဲ့အတိုင်းပဲ။ ယုန်က ဖက်တီးရဲ့အချစ်စစ်ကို

"နင်ကအကောင်းဆုံးပဲ" မှိုကတောက်ပနေတဲ့မျက်ဝန်းနဲ့ကြည့်တယ်။

"တစ်ခုပဲ... ဘာလို့ နင်ဒီရက်ပိုင်းပေးတဲ့ အသီးတွေအားလုံးက တစ်ကိုက်စီ ကိုက်ထားပြီးသား ဖြစ်နေရတာလဲ"

"... အာ"

ရှန်းရင် ခဏတောင့်တင်းသွားတယ်။ ဒီလိုအသေးအဖွဲ့တွေကိုဂရုမစိုက်ပါနဲ့...။

"ကောင်းပြီလေ" မှိုက နှလုံးသားကြီးစွာနဲ့ မေးခွန်းထုတ်တာကိုရပ်ပြီး တစ်အောင့်နေမှ ဆက်ပြောတယ်။

"ဟွေ့ကျယ်က ခုတလော စိတ်ဓာတ်ကျနေတယ်၊ ငါနဲ့မှိုတောင် မစိုက်တော့ဘူး၊ ငါတစ်ယောက်ထဲ ပျင်းနေတယ်"

"သူကဘာဖြစ်တာလဲ" ရှန်းရင်ကစကားဆက်လိုက်တယ်။

"သူပြောတာတော့ သူတပည့်တွေကို ဘယ်လိုသင်ရမယ်ဆိုတာမသိ‌တော့လို့ အနာဂတ်မှာ ဘာလုပ်ရမလဲ တွေးပြီး စိတ်ဓာတ်ကျနေတာ"

"အိုး..."

"ခုတလော ဒီမှာအရမ်းကိုတိတ်ဆိတ်နေတယ်၊ လူတွေအများကြီး ပျောက်သွားပြီ၊ အရင်တစ်‌ခေါက်က ဆေးပင်တွေလာခူးတဲ့ ညီမလေးလည်း ထွက်သွားပြီ"

မှိုကအသီးကိုကိုက်စားရင်းပြောတယ်။

"နင်က သူ့ကို အတော်‌လေး သဘောကျတယ်ပေါ့" ရှန်းရင်ပြန်ကြည့်လိုက်တယ်။

"အင်း" သူမပြန်စဉ်းစားပြီးတော့

ခေါင်းညိတ်တယ်။

"သူက ငါ့ကို တစ်အုပ်စုလုံးမှာ စကားပြန်ပြောတဲ့သူပဲ၊ ကြိုက်တယ်ထင်တာပဲ" သူက မျက်မှောင်ကြုတ်ကာ အနည်းငယ် ဇဝေဇဝါဖြစ်နေပုံ။

"ဒါမဲ့ ဟွေ့ကျယ်ပြောတာ သူနဲ့ဝေးဝေးနေလို့ ငါ့ကိုပြောတယ်၊ ဘာကြောင့်လဲမသိဘူး၊ သူမက ထွက်သွားပြီပဲကို၊ ငါဘယ်လိုဝေးဝေးနေရမှာလဲမသိဘူး"

"အော်" ရှန်းရင် အသီးကိုဆက်ကိုက်စားနေတယ်။

"စကားမစပ် ရှန်းရင်" မှိုကကိုယ်ကိုကိုင်းကာ အရှေ့ကလူကိုညွှန်ပြတယ်။

"နင်အဲ့ဒီလူကို အသီးအကြွေး‌ အများကြီးတင်နေတာာလား"

"ဟမ်" ရှန်းရင်က တစ်ချက်ကြည့်ကာ သစ်ပင်အောက်မှာ သူတို့ရှိရာကို ကြည့်နေတာ မြင်လိုက်ရတယ်။ သူ့ကိုရင်းနှီးနေတယ်။

အာ ဖေဖေနျို နေ့ရောညပါ ပြောတဲ့ မွေးရာပါဓားသရုပ်သကန်နဲ့တပည့် ဖြစ်တဲ့ပုံပဲ။ သူမသူ့နာမည်တော့ မေ့သွားပြီ။ အရင်က စားဖိုမှူးရှေ့မှာ မကြာခဏ ကြွားဝါနေခဲ့တာလေ။

"ငါက အကြွေးတင်မဲ့သူလား" အဖေတစ်ယောက်က သူသမီးအတွက် အကြွေးပေးမှာပေါ့။ တကယ် အကြွေးတင်ရင်တောင် ဖေဖေနျိုအပေါ်ပဲဖြစ်လိမ့်မယ်။

"ဒါပေမဲ့ သူကငါတို့ကိုအဲ့နေရာကနေစိုက်ကြည့်နေတာ ၄နာရီလောက်ရှိပြီ"

"အဲ့လိုဆိုရင်" ရှန်းရင်မျက်လုံးတွေက မှေးသွားတယ်။

"ဒါဆိုငါတို့ပြန်ကြည့်မှာပေါ့ ရှုံးလို့မဖြစ်ဘူး"

မှိုကအသည်းအသန် ခေါင်းညိတ်တယ်။ အကြည့်၂စုံကသစ်ပင်အောက်က လူဆီကို ရောက်သွားပြီးတော့ စိုက်ကြည့်နေရင်း အသီးတွေ ဝါးစားဖို့လည်းမမေ့ဘူး။ တစ်ပြိုင်နက် အနောက်တောင်တစ်ခုလုံးမှာ တကျွတ်ကျွတ် ဝါးနေသံတွေ ပြည့်သွားတယ်။

ကျန့်ရှင်း ခဏတာ တောင့်တင်းသွားပြီးတော့ ၁၀စက္ကန့်မှာ ခပ်ရှက်ရှက်နဲ့ အကြည့်လွှဲလိုက်တယ်။ သူ့အမူအရာက ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားလိုက်ရပေမဲ့ ရှုံးနိမ့်သွားတယ်လို့လည်း ခံစားလိုက်ရတယ်။

သူချောင်းဆိုးကာ မျက်မှောင်ကြုတ်ရင်း အရှေ့ကို လျှောက်လာကာ လူ၂ယောက်ရှေ့ မျက်နှာသေနဲ့ ရပ်လိုက်တယ်။ လက်သီးကိုဆုတ်ပြီး သူက ရှန်းရင်ဘက် လှည့်ကာ တလေးတစား ဂါရဝပြုတယ်။

"ဂါရ၀ပြုပါတယ်ဂိုဏ်းချုပ်" သူအကြည့်တွေက ဘေးက မှိုဆီကိုလည်း ရောက်သွားတယ်။

"အင်း" ရှန်းရင်က ပျင်းတိပျင်းရွဲ တုံ့ပြန်တယ်။

သူ အသက်ကို ဝဝရှူကာ တလေးတစား ပြောလိုက်တယ်။

"ကျန့်ရှင်းက ညီမလေးကိုယ်စား ဂိုဏ်းချုပ်ကိုတောင်းပန်ဖို့ ရောက်လာတာပါ၊ ဂိုဏ်းချုပ်က သူမငယ်သေးတယ်ဆိုတာကို ထောက်ထားပြီး အရင်က ရိုင်းပျပြီးတော့ ကျူးလွန်ခဲ့တဲ့အပြုအမူကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

All Chapters