← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း ၅၃၂ ။ မျက်နှာပြင်လွှဲပြောင်းမှု

"တောင်အောက် သူ့ကိုလိုက်ပို့လိုက်" ကူယွဲ့ တခြားတပည့်သုံး‌ယောက်ကို လှည့်ညွှန်ကြားလိုက်တယ်။

"ဟုတ်ကဲ့ဆရာ" သုံးယောက်က ထရပ်ပြီး မြေကြီးပေါ်ကလူကို သယ်ကာ ‌ပြန်ဆုတ်သွားခဲ့တယ်။

ဖက်တီးက မှိုကိုသယ်လိုက်တယ်။ "ဆရာ ကျွန်တော် မှိုကိုခေါ်သွားလိုက်မယ်"

"အင်း" ကူယွဲ့ တုံ့ပြန်လိုက်တယ်။ သူ့မျက်လုံးတွေက နေရာအလွတ်ဆီ ကျန်ရစ်နေကာ မှုန်သုန်နေတယ်။ သူ ဘာစဉ်းစားနေလဲ သူတို့မပြောနိုင်ဘဲ သူတို့ပတ်လည်က လေထုက ပိုလေးလံလာတာကိုပဲ ခံစားရတယ်။

ရှန်းရင်နဲ့ စားဖိုမှူး အကြည့်ချင်းဖလှယ်ကာ ရှေ့နှစ်လှမ်းတက်ပြီး သူ့ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်လိုက်တယ်။

ရှန်းရင် အစာသွတ်မုန့်ကို ထုတ်ကာ ကမ်းပေးတယ်။ "ဖေဖေနျို၊ နင် လိုချင်သေးလား"

"... ဟင့်အင်း"

"အိုး" ရှန်းရင်က အစာသွတ်မုန့်ကို သူမပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။

ရုတ်တရက် တိတ်ဆိတ်မှုက ကြီးစိုးသွားတယ်။ တစ်ခုတည်းသောအသံက ရှန်းရင်ရဲ့ အစာသွတ်မုန့်ကို ဝါးနေသံ။

အတော်ကြာသော်...။

ကူယွဲ့ သူ့ရှေ့က အစာသွတ်မုန့်တွေ တစ်ခုပြီးတစ်ခု ပျောက်သွားတာကို ကြည့်နေရင်း သူ့နှုတ်ခမ်းတွေကို စေ့လိုက်တယ်။ နောက်ဆုံးတော့ သူ မနေနိုင်ဘဲ မေးတော့တယ်။

"မင်းတို့နှစ်ယောက် ငါ့ကို နှစ်သိမ့်ပေးမဲ့တစ်ခုခု ပြောပေးလို့မရဘူးလား"

"ဖေဖေနျို နင်ဘာကြားချင်လဲ" ရှန်းရင်ကမေးတယ်။

"ငါဘယ်လိုလုပ်သိမလဲ" ငါစိတ်အခြေအနေကောင်းတာ မပြောနိုင်ဘူးလား။

"ကောင်းပြီလေ" ရှန်းရင်က သက်ပြင်းချတယ်။ "ဖေဖေနျို၊ နင့်မှာ တပည့် အများကြီးရှိတာပဲဟာ၊ တစ်ယောက်နှစ်ယောက် ထွက်တာက ပုံမှန်ပါပဲ စိတ်အေးအေးထား"

"ဆရာပြောတာမှန်တယ်" စားဖိုမှူးက ထပ်ပြောတယ်။ "လူတွေအများကြီးကို သင်ပေးပြီးပြီပဲဟာ၊ ဓားကျင့်ကြံသူ... ဖြစ်မလာတဲ့ တချို့တော့ ရှိမှာပေါ့"

"ဒါ မင်းတို့ ငါ့ကိုနှစ်သိမ့်တဲ့ပုံလား"

ဒါက ငါ့ဒဏ်ရာကို ဆားထည့်သိပ်နေသလိုပဲ

"ဖေ‌ဖေနျို တကယ်လို့ သူ့ကိုလက်မလွှတ်နိုင်ရင် ပြန်လာခိုင်းလိုက်လေ၊ ကြီးကြီးမားမား ကိစ္စမရှိပါဘူး"

မွေးရာပါဓားသရုပ်သကန်နဲ့လူတွေက အရမ်းကိုနည်းလွန်းတာ အမှန်ပဲလေ...။ ပြီးတော့ သူ့ညီမအတွက် အရှုပ်ထုတ် လုပ်တာကလွဲရင် ကျန့်ရှင်းက တခြားနေရာတွေမှာ အတော်လေးတော့ ကောင်းတယ်။ သူက လုံးဝ မျှော်လင့်ချက်မဲ့စရာတော့မဟုတ်ပါဘူး။

"လုံးဝပဲ" ကူယွဲ့က ချက်ချင်း အဲအကြံပေးချက်ကို ငြင်းပယ်ကာ မျက်မှောင်ကြုတ်လိုက်တယ်။

"တကယ်လို့ လောကကြီးထဲ ဓားကျင့်ကြံသူမရှိတော့ရင်တောင် ငါက သူ့လိုဆိုးတဲ့သူကို တာအိုကို လက်ဆင့်ကမ်းတဲ့နေရာမှာ တာဝန်ယူမှာ လက်မခံဘူး"

"ဒါပေမဲ့... လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတယ်လေ"

"ငါသိတယ်" ကူယွဲ့က ရှန်းရင်ဘက် လှည့်သွားတယ်။ "သူ့ညီမကိုကာကွယ်ဖို့ အမှားတွေလုပ်တာကို ငါခွင့်လွှတ်ပေးနိုင်တယ်၊ ဒါပေမဲ့ အပြစ်ကင်းတဲ့သူတွေအပေါ် ဒီလိုဆိုးယုတ်တဲ့အကြံတွေ ဖုံးကွယ်နေတာ လက်မခံနိုင်ဘူး၊ မှိုက သူ့ကို ထိခိုက်အောင် ဘာမှမလုပ်ခဲ့ဘူး၊ ကျီလင်းအသက်ရှင်ဖို့ သူမက ဘာလို့ တန်ကြေးပေးခဲ့ရတာလဲ၊ ကျန့်ရှင်းက မှိုအပြစ်ကင်းတယ်ဆိုတာသိပေမဲ့ ကျီလင်းကို သူမကိုယ်ရအောင် ကူညီပေးခဲ့ပြီး လွတ်မြောက်ဖို့ အစီအစဉ်ပါတွေးခဲ့တယ်၊ တကယ်လို့ သူသိတဲ့ လူတစ်ယောက်ယောက်ကို ဒီလိုလုပ်နိုင်တယ်ဆိုရင် သူ့ဂိုဏ်းသူ‌ ထူထောင်ပြီး သူ့ကို ထိန်းချုပ်မဲ့လူ မရှိတော့ချိန် ဘာလုပ်နိုင်လဲဆိုတာ ဘယ်သူပြောလို့ရမလဲ"

ကူယွဲ့ သက်ပြင်းချလိုက်တယ်။ ‌"သေချာပေါက် ပြီးပြည့်စုံသူ မရှိဘူးဆိုတာတော့ ငါသိတာပေါ့၊ လူတိုင်းက အမှားလုပ်ကြတယ်၊ ငါသူ့ကို နှစ်တွေအကြာကြီး သင်ကြားပေးလာတာ၊ ငါ သူ ကိုယ်တိုင်ဆရာ ဖြစ်လာဖို့ကို စောင့်နေခဲ့တာ၊ ဒါပေမဲ့ ငါ့အားထုတ်မှုတွေအားလုံး အဲအတိုင်းကြီး ရေစုန်မျောသွားခဲ့ရတယ်၊ ဒါက သေမျိုး မျိုးနွယ်တစ်ခုလုံးနဲ့ ပတ်သက်နေတော့ သေချာပေါက် ငါနှမြောမိတာပေါ့၊ ဒါပေမဲ့ သေမျိုး မျိုးနွယ်ရဲ့ အရေးပါမှုအတွက်ကြောင့်နဲ့ ငါ အမှန်တရားကို လျစ်လျူရှုမှာ မဟုတ်ဘူး၊ ငါ သူ့ကို ဒီတစ်ကြိမ် လွှတ်ပေးရင် ဘယ်သူက မှိုကို အလွတ်ပေးမှာလဲ၊ ဘယ်သူက သူမအတွက် တရားမျှတမှုရှာပေးမှာလဲ၊ တကယ်လို့ လူတိုင်းက ပိုပြီးကောင်းဖို့ဆိုပြီး အမှန်တရားကို လက်လျှော့ရင် ဒီလောကက ကြောက်စရာနေရာဖြစ်လာမှာပေါ့"

"ဒီလောကမှာ မှန်တာ မှားတာမျိုး မရှိချိန် တစ်ခါတလေ ကောင်းတာနဲ့ ဆိုးယုတ်တာကို ပြောဖို့ခက်ချိန် အနည်းဆုံးတော့ တရားမျှတမှုပုံစံအချို့တော့ ရှိမှဖြစ်မှာပေါ့၊ မှန်တယ်မလား"

သူက စကားပြောရင်း အင်မတန် လေးနက်လာတယ်။ ယိချင်းကတောင် သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေတယ်။ ယိချင်းတောင် ခုမှ သူ့ကို ပထမဆုံးအကြိမ် သေချာကြည့်လာသလောက်နီးပါးပဲ။ ဒါက သူ အစတုန်းက တွေ့ခဲ့တဲ့ တစ်ပတ်ရိုက်စီးပွားရေးသမား တကယ်ပဲဟုတ်ရဲ့လား။

ရှန်းရင်က ရုတ်တရက် ရယ်လာတယ်။ သူမက ကူယွဲ့ပခုံးကို တင်းတင်းပုတ်ကာ စိတ်ရင်းနဲ့ ပြောလိုက်တယ်။ "ဖေဖေနျို နင်တော်တယ်"

အာ။

သူမက ရုတ်တရက်ကြီး သူ့ကို အဲလောက်တည်တည်ကြည်ကြည် ချီးကျူးလာရတာလဲ။

"နင်လုပ်ခဲ့ပြီ"

"ဘာ"

ကူယွဲ့ တန့်သွားတယ်။ သူသိလိုက်တဲ့ နောက်တစ်ခုက ကောင်းကင်မည်းမှောင်လာပြီး မိုးကြိးသံ‌တွေ ဆက်တိုက်ကြားလိုက်ရတော့တယ်။ သူ မော့ကြည့်ကာ မိုးကြိုးတိမ်တိုက်တွေ အထဲကိုလိမ့်ဝင်လာပြီး သူ့ပေါ်က ကောင်းကင်ကို ဖုံးလွှမ်းသွားတာ မြင်လိုက်ရတယ်။ ဒါက အနီးနားတင် မဟုတ်ဘူး။ သူကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တော့ သေမျိုးတိုက်ကြီးတစ်ခုလုံး - မျက်နှာပြင်တစ်ခုလုံး - ဒီလိုမျိုးဆိုတာ သိလိုက်ရတယ်။ မီးခိုးရောင်တိမ်တိုက်တွေက မျက်နှာပြင်တစ်လျှောက်က ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့တယ်။

စောနကတင် နေ့ခင်းလိုကြည်လင်နေခဲ့ပေမဲ့ အခု အရာအားလုံးက ပိန်းပိတ်အောင် မည်းမှောင်နေပြီ။ မိုးကြိုးတွေက တိမ်တိုက်တွေကြား အရောင်လက်လာတယ်။ ဒီတိမ်တိုက်တွေက ဝဋ်ကြွေးချေခြင်း လုပ်ချိန် လိမ့်ဝင်လာတာတွေနဲ့ကွဲတယ်။ တိမ်လွှာတွေကြား ကူယွဲ့ တစ်စုံတစ်ခု အကြီးကြီး ဖြစ်ပေါ်လာတာကို ခပ်ရေးရေးမြင်ရတယ်။ ပုံပန်းမရှိတဲ့ ပိုက်ကွန်တစ်ခုက မျက်နှာပြင်တစ်ခုလုံးကို လွှမ်းခြုံနေသလိုပဲ။

အဲအရာကို ရင်းနှီးနေပေမဲ့ တစ်ချိန်တည်းမှာတင် အစိမ်းသက်ဆန်တယ်။ ပုံပန်းကင်းမဲ့ပြီး နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲ။ ဒါက... သဘာဝတရားဥပဒေပဲ။

(⊙_⊙)

သူ မတုံ့ပြန်နိုင် သူ့ဘေးက အသံဆက်သွယ်ရေးအဆောင်က လင်းလာပြီး ဟုန်မုန့်ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံထွက်လာတယ်။

"လူကြီးမင်း၊ လူကြီးမင်း၊ မြင်လိုက်လား၊ ကောင်းကင်တာအိုတည်ဆောက်ပြီးပြီ မြန်မြန်လာကြည့်ပါ၊ ကောင်းကင်တာအိုပဲ အား... နောက်ဆုံးတော့ ဖြစ်ပေါ်လာပြီ ကောင်းလိုက်တာ ဝါး... ဒီကမ္ဘာမှာ နောက်ဆုံးတော့ ကောင်းကင်တာအိုရှိတော့မယ် ဟားဟားဟား... ဝါးဝါး..."

ဟုန်မုန့်က ရယ်မောရင်း ငိုယိုနေတာကြောင့် ငိုကြွေးနေတဲ့ ထူးထူးဆန်းဆန်း တစ္ဆေတစ်ကောင်အသံမျိုး ဖြစ်နေတယ်။ သူက စိတ်လှုပ်ရှားလွန်းနေတာများ ကူယွဲ့တို့တွေ သူ့ခေါင်းကို အသံအဆောင်ထဲကနေ ပြူထွက်လာတာ အချိန်မရွေးမြင်ရမဲ့ပုံစံနဲ့။ သူက အကျယ်ကြီး အော်ဟစ်နေတာများ သူတို့ခေါင်းတွေပါ နာကုန်ပြီ။

ဇဝေဇဝါဖြစ်ကာ ကူယွဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ နောက်တစ်ကြိမ် သူ တိမ်လွှာတွေအပေါ်မှာ သဘာဝဥပဒေအသစ်ကို ခံစားလိုက်ရတယ်။ သဘာဝဥပဒေက သူပြောသမျှအရာအားလုံးကို တုံ့ပြန်နေသလိုပဲ။ သူ့ရဲ့ လေ့လာစူးစမ်းမှုတွေနဲ့ အတွေးတွေကို ပျော်ရွှင်နေပုံရတဲ့ သဘာဝဥပဒေက အင်မတန်ကြိုဆိုနေသလို ခံစားရတယ်။

ဒါက တကယ့်ကို ကောင်းကင်တာအိုပဲ။

ဒါကဘယ်လိုလုပ် ရုတ်တရက် ဖြစ်ပေါ်လာတာလဲ။ သူဘာမှမှ မလုပ်ခဲ့တာ။ ကောင်းကင်တာအိုလိုအရာတွေက ပိုပြီး လုပ်ငန်းဆန်တဲ့အပြုအမူနဲ့ ပေါ်လာတာမျိုး မဟုတ်ဘူးလား။ သူတို့တွေ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေကို တစ်ခုချင်းစီ ဆွေးနွေးဖို့ အစည်းအဝေး ကျင်းပစရာ မလိုဘူးလား။ သူတို့တွေ အဲစည်းမျဉ်းတွေကို အတည်မပြုခင် စမ်းသပ်ကြည့်ရမယ် မဟုတ်လား။ စီမံထိန်းသိမ်းသူရှန်းရင်က တစ်ခုတောင် မလုပ်ရသေးဘူး။

သူ တစ်ခုခုကို ကျန်ခဲ့တာများလား။ သူ စောနကဖြစ်ခဲ့သမျှကို ပြန်စဉ်းစားကြည့်လိုက်တယ်။ သူပြောခဲ့တာက...။

တရားမျှတမှု

သူ့ရင်ထိတ်သွားပြီး လက်သီးတင်းတင်းဆုပ်ကာ လက်ထဲက အသံဆက်သွယ်ရေးအဆောင်ကို ခြေမွှလိုက်တယ်။ ဟုန်မုန့်ရဲ့ အော်ဟစ်ငိုယိုသံတွေက နောက်ဆုံးတော့ ရပ်သွားပြီ။ သူ ဆရာတပည့်နှစ်ယောက်ဘက် လှည့်ကာ မျက်နှာက ဆူပုတ်ရင်း ဒေါသတွေသူ့ကိုယ်ထဲ ပြည့်လာတယ်။

"မင်းတို့နှစ်ယောက်လုံး ငါ့ကို ရှင်းပြစမ်း ဘာတွေဖြစ်နေတာလဲ"

နှစ်ယောက်သား တောင့်တင်းသွားကာ သူတို့အကြည့်လွှဲကုန်တယ်။ တစ်ယောက်က ဘယ်ဘက် တစ်ယောက်က ညာဘက်။

"ဟမ်၊ ဖေဖေနျို ဘာတွေပြောနေတာလဲ၊ ငါလုံးဝနားမလည်ဘူး"

"ဟုတ်တယ် ဖေဖေနျို၊ ကျွန်တော်တို့ဘာရှင်းပြရမှာလဲ"

"ထွက်သွား သရုပ်ဆက်ဆောင်နေစမ်း" ကူယွဲ့က ကောင်းကင်ကို လက်ညှိုးထိုးပြတယ်။

"ဒီကောင်းကင်တာအိုက ငါ့ကြောင့် ပေါ်လာတာမဟုတ်လား၊ ငါက သောက်ကျိုးနည်း လက်ထောက်ဖြစ်ပြီး ဒီမျက်နှာပြင်ကလူတောင် မဟုတ်ဘူး၊ ဒီလုပ်ပိုင်ခွင့်က ဘယ်ကလာတာလဲ"

"ဂုဏ်ယူပါတယ် ဖေဖေနျို' ရှန်းရင်က ကူယွဲ့လက်ထဲ စာရွက်တစ်ပိုင်း ထိုးထည့်ပေးတယ်။ သူ့ကြည့်ရတာ ဒါလုပ်ဖို့ ပြင်ထားတာ အတော်ကြာနေပြီဖြစ်တဲ့ပုံ။

"ဒီနေ့က စပြီး နင်က ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူပဲ၊ ဂုဏ်ပြုပါတယ်"

သူမစကား ဆုံးတာနဲ့ ဆရာတပည့်နှစ်ယောက်က အနေရခက်စွာ လက်ခုပ်တီးကြတော့တယ်။

ကူယွဲ့ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့လက်ထဲ A4 စာရွက်တစ်ပိုင်း ရှိနေတာ မြင်လိုက်ရတယ်။ အပေါ်မှာ ရေးထားတာကတော့ စာလုံးအကြီးကြီးနဲ့ - မျက်နှာပြင်လွှဲပြောင်းပုံစံ။

ကူယွဲ့ ။ ။ "..." ခွေး*သား

...

အခန်း ၅၃၃ ။ ပထမဆုံးဝဋ်ကြွေးချေမိုးကြိုး

ဆယ်နာရီအကြာ။

"ဒါဆို ကောင်းကင်တာအိုက ငါ့ကြောင့်ဖြစ်လာတာလား" ကူယွဲ့ အံကြိတ်ရင်း ပြောလိုက်တယ်။ သူ ခံစားနေရတဲ့ ဒေါသကို မျိုသိပ်ဖို့မနည်းကြိုးစားနေရတယ်။

"ခင်ဗျားက စီမံထိန်းသိမ်းသူပဲ၊ ခင်ဗျားဆန္ဒရှိတာဘာမဆို သဘာဝဥပဒေကြောင့် ဖြစ်လာလိမ့်မယ်"

ယိချင်းက ခေါင်းညိတ်ပြတယ်...။

"မင်းလည်း ဒါကိုသိတာလား" ကူယွဲ့ စားဖိုမှူးဘက်လှည့်ကာ အကြည့်နဲ့ ဓားမြှောင်တွေ ပစ်သွင်းတော့တယ်။

"အာ..." စားဖိုမှူးကအမှန် ဝန်ခံရမလား၊ မသိဘူးလို့လိမ်ရမလားဖြစ်နေတယ်။

"တခြားနည်းနဲ့ပြောရရင်..." ကူယွဲ့ လက်သီးတွေကို ဆုပ်ထားတာများ သူ့ယပ်တောင် အပိုင်းပိုင်း ကျိုးလုနီးပါးပဲ။

"မင်းတို့ ဒီရက်ပိုင်း အရမ်းကို စကားနားထောင်နေတာက ငါ့ကို ဒီမြုပ်နေတဲ့သင်္ဘောပေါ် အောင်အောင်မြင်မြင်လှည့်စားလို့ရအောင်ပေါ့"

"အိုက်ယား ဖေဖေနျို၊ အသေးအဖွဲလေးတွေကို စိတ်ထဲမထားပါနဲ့၊ ရာထူးတိုးတာကောင်းတာပဲဟာ"

"ငါ့ဖင်ကိုအသေးအဖွဲ" ဒါကဘယ်လိုလုပ် အသေးအဖွဲဖြစ်ရမှာလဲ။

"ငါဒီအလုပ်ကို လုပ်လို့ လစာလည်း မရသလို အာမခံလည်းမရှိဘူး၊ အနားလည်းမရဘူး၊ ငါ့အချိန်ကို ၂၄နာရီ၇ရက် ယူမဲ့အလုပ်ဟ၊ ဒါဘယ်လိုလုပ်ကောင်းမှာလဲ"

"အာ..." အဲဒါအမှန်ပဲ။ သူမမှာ ပြန်ဖြေဖို့ ဘာစကားမှမရှိတော့ဘူး။

"မျက်နှာပြင်တစ်ခုကတင် ငါ့စိတ်ကို ဖိစီးအောင်လုပ်ဖို့ လုံလောက်နေပြီ၊ အခုမင်းတို့ကငါ့ဆီ နောက်တစ်ခု ပစ်ပေးတယ်၊ ဒါကို ကစားစရာများ ထင်နေလား" သူ ရှန်းရင်ဘက် ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။

"ပြီးတော့ မင်း ရှန်းရင် မင်း သောက်ကျိုးနည်း ပျင်းနေရုံ မဟုတ်လား၊ မင်းတို့တစ်ယောက်စီက ငါ့ကို ဂုတ်သွေးစုပ်နေကြတာပဲ- အစုတ်ပလုတ်တွေ မင်းတို့တွေ ဘယ်လိုတောင် ငါ့အလုပ်ပမာဏပေါ် ထပ်ပေါင်းထည့်ရဲသေးတာလဲ"

သူ တကယ်ပဲ ပေါက်ကွဲထွက်သွားတာ။ ဖေဖေနျိုက ထိန်းချုပ်မှု ကင်းမဲ့သွားချိန် ကြောက်စရာ ကောင်းတယ်ဟ။ ဆရာတပည့် အချင်းချင်း ဖက်ကာ ထိန်းချုပ်မရစွာ တုန်ယင်နေတော့တယ်။

"မင်းတို့တွေ ငါ့ရှေ့ ကဲပြနေသေးတယ်ပေါ့"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့တွေ ချက်ချင်း ခွခုန်ကာ လက်တွေနဲ့ သူတို့ဘာသာ ဖက်ထားလိုက်ကြတယ်။ ခေါင်းကိုငုံ့ပြီး သူ့မြင်ကွင်းထဲကနေ ပျောက်သွားအောင် ပုန်းဖို့ကြိုးစားနေလေရဲ့။

"ငါဂရုမစိုက်ဘူး - ငါ ဒီမျက်နှာပြင်ကို လက်လွှဲမယူဘူး၊ လိုချင်တဲ့သူဆီ ပစ်ပေးလိုက်" ကူယွဲ့ ဒေါသနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ "မဟုတ်ရင် ဟုန်မုန့်ကိုပေး၊ ငါ အရင်မျက်နှာပြင်နဲ့တင် လုံလောက်နေပြီ၊ ငါ ဒီအရှုပ်ထုတ်ကိုပါ လွှဲပြောင်းမယူချင်ဘူး"

"နင် အရင်တစ်ခုကို စီမံစရာမလိုတော့ဘူးဆိုရင်ရော" ရှန်းရင်က အောက်ကျို့စွာနဲ့မေးလိုက်တယ်။

ကူယွဲ့ တန့်သွားတယ်။ "ဘာဆိုလိုတာလဲ"

"ငါဆိုလိုတာ..." ရှန်းရင် ရှင်းပြမို့ရှိသေး ကောင်းကင်ကနေ မိုးကြိုးသံတွေ ဆက်တိုက် ထွက်လာတာကို ကြားလိုက်ရတယ်။

သုံးယောက်သား တန့်ကုန်တယ်။ စောနကတင် လွင့်ပျောက်ကုန်တဲ့ မီးခိုးရောင်တိမ်တိုက်တွေက ပြန်လာနေပြီ။ ဒီတစ်ကြိမ်မှာတော့ သူတို့က တောင်တန်းပေါ်ပဲ ရစ်ဝဲနေပြီး မျက်နှာပြင်တစ်ခုလုံးကို မဟုတ်။ ပြင်းထန်တဲ့ဖိအားက သူတို့ပေါ် ဖိလာတယ်။ ဒါ... ဝဋ်ကြွေးချေမိုးကြိုးလား။

"ဆရာ..." ဖက်တီးက ရုတ်တရက် ပြေးလာပြီး သူတို့သုံးယောက်ကို လှမ်းပြောလာတယ်။

"တပည့်တွေက ဝဋ်ကြွေးချေခြင်းကိုဖြတ်သန်းရပါတော့မယ်၊ ရွှေအမြုတေဝဋ်ကြွေးချေမိုးကြိုးပါ"

မြန်လိုက်တာ ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူက ကောင်းကင်တာအိုအသစ်ရဲ့ ပထမဆုံး ဝဋ်ကြွေးချေမိုးကြိုးက ဒီနေရာမှာ ဖြစ်မယ်မထင်ခဲ့ဘူး။

"သွားကြည့်" ဒီကိစ္စက အရေးကြီးတော့ သူတစ်ချက်သွားကြည့်ရမယ်။ သူ ဝင်ပေါက်ရောက်တာနဲ့ ရပ်သွားပြီး အနောက်က အဖော်နှစ်ယောက်ကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။

"မင်းတို့နှစ်ယောက်၊ စောင့်နေ၊ ငါမပြီးသေးဘူး" အဲလိုနဲ့ သူကထွက်သွားတယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

အချိန်အတော်ကြာ။

"ဆရာ ဒီတစ်ခေါက် သူ ကျွန်တော်တို့ သုံးစွဲစရိတ် ဘယ်နှစ်လစာ ဖြတ်မယ်ထင်လဲ"

"အာ... သုံးလစာလောက်များလား"

"..."

ဘာကြောင့်မှန်းမသိ ယိချင်းကတော့ ကူယွဲ့ သူတို့အသုံးစရိတ်ကို သုံးနှစ်စာလောက် ဖြတ်နိုင်တယ် ခံစားနေရတယ်။

သူတို့ ဒီနှစ်တွေမှာ သိုလှောင်ထားတဲ့ စားစရာပမာဏက ဒီလောက်အကြာကြီး ခံပါ့မလားစစဉ်းစားမိနေပြီ။

ကူယွဲ့ အရှေ့ခန်းမဆီ လျှောက်လာချိန်မှာတင် တပည့်သုံးယောက်က စင်မြင့်အလယ်မှာ အူကြောင်ကြောင် ရပ်နေတာကို မြင်သွားတယ် သူတို့ကိုယ်ပတ်လည်က ဝိညာဉ်ချီက စတင်ကျယ်ပြန့်လာတယ်။ သူတို့ကြည့်ရတာ ဒါကို ရင်ဆိုင်ဖို့ လုံးဝအသင့်မဖြစ်သေးလို့မျိုး။

"မင်းတို့ ဘာကို စောင့်နေကြတာလဲ၊ အာရုံစိုက်ဖို့ မြန်မြန် သွားပြီးနေရာရှာလေ၊ ဝဋ်ကြွေးချေခြင်းက စတော့မယ်" ကူယွဲ့က သူတို့ကိုအော်တယ်။

သုံးယောက်သားက သူ့ကိုငူတူတူကြည့်လာပြီး နောက်တော့ထိုင်ချကာ တင်ပုလ္လင်ခွေထိုင်လိုက်ပေမဲ့ ဇဝေဇဝါဖြစ်နေဆဲ။ သူတို့တွေ ဘယ်လောက်ကြီးမားတဲ့အန္တရာယ်ထဲ ကျရောက်နေလဲမသိကြရှာဘူး။

ကူယွဲ့ မနေနိုင်ဘဲ ထပ်သတိပေးရတော့တယ်။ "ဒါမင်းတို့ ဝဋ်ကြွေးချေမိုးကြိုး၊ ကောင်းကင်တာအိုရဲ့ စမ်းသပ်မှုပဲ၊ မင်းတို့ ရွှေအမြုတေကိုဖွဲ့စည်းပြီးသွားရင် ကျင့်ကြံဆင့်ကြီးတစ်ခုကို ဖြတ်သန်းပြီးတိုင်း ဒီလိုမျိုး ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းရမယ်၊ မင်းတို့ အဲဒါကိုခုခံဖို့ ကိုယ်ခန္ဓာထဲက ရှိသမျှ အစွမ်းအားလုံး သုံးရမယ်၊ ဒါက မင်းတို့ရင်ဆိုင်ရမဲ့ အခက်ခဲဆုံးအတားအဆီးတွေထဲကတစ်ခုပဲ၊ မင်းတို့ ထွက်ပြေးလို့မရသလို အစားထိုးလို့လည်းမရဘူး၊ မင်းတို့ မရှင်သန်လည်း မရှင်သန်နိုင်လောက်ဘူး၊ တကယ်လို့ မင်းတို့အောင်မြင်ရင် မင်းတို့ကျင့်ကြံဆင့်က မြန်မြန်ဆန်ဆန် ကြီးထွားလာမယ်၊ မဟုတ်ရင်တော့ မင်းတို့‌ ပျောက်ကွယ်သွားမယ်၊ ဒါပေမဲ့ ဒါက မင်းတို့ ကောင်းကင်တာအိုရဲ့ လက်ခံမှုကို ရရှိနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းပဲ၊ နားလည်လား"

တပည့်သုံးယောက်က သွေးပျက်စ ပြုလာပေမဲ့ ချက်ချင်း သူတို့ကိုယ်သူတို့ စိတ်ငြိမ်အောင် ကြိုးစားတော့တယ်။ "ဟုတ်ကဲ့၊ ကြီးမြတ်တဲ့ဆရာ" သူတို့က စတင် အာရုံစိုက်ကြပြီး လာမဲ့မိုးကြိုးကို ခုခံဖို့ သူတို့ဝိညာဉ်ချီကို စတင်လှည့်ပတ်ကြတော့တယ်။

အချိန်ရောက်တော့မယ်။ သူတို့ပတ်လည်က ဝိညာဉ်ချီက ထူသထက်ထူလာပြီ။ မိုးကြိုးသုံးချက်က မီးခိုးရောင်တိမ်တိုက်တွေထဲက ထွက်လာကာ ကောင်းကင်ကနေ ရုတ်တရက် သူတို့သုံးယောက်ပေါ် ပစ်ချတော့တယ်။

သူတို့ကို ထိမှန်တာနဲ့ ကူယွဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သူ ကောင်းကင်တာအိုရဲ့ ပထမဆုံး ဝဋ်ကြွေးချေမိုးကြိုးကို စောင့်ကြည့်‌ဖို့ ဆုံးဖြတ်ထားတယ်။ မိုးကြိုးနောက်တစ်ချက်က လေထဲကနေ တန့်ခနဲ ရပ်သွားတယ်။ မိုးကြိုးရဲ့ထိပ်ဖျားက သူ့ဘာသာ အသက်ဝင်သွားသလိုမျိုး ကူယွဲ့ဆီ လှည့်ဦးတည်လာတယ်။ သူက ရပ်သွားပြီး တပည့်သုံးယောက်ဘက်ပြန်လှည့်တယ်။ နောက်တော့ ကူယွဲ့၊ နောက်တော့ သူတို့သုံး‌ယောက်။ အချိန်အတော်ကြာတဲ့အထိ မိုးကြိုးက မြေကြီးဆီ ရောက်မလာ။

သူက ဒီပုံစံအတိုင်း ဟိုကွေ့ဒီကွေ့နဲ့ဖြစ်နေတာ တပည့်တွေကို မထိစေချင်တဲ့ပုံ။ အဲဒါပတ်လည်က သဘာဝတရားဥပဒေကပါ... ဇဝေဇဝါ ဖြစ်လာတယ်။ ကြည့်ရတာ အဲဒါက ကူယွဲ့အထင်အမြင်ကို မေးနေတဲ့အတိုင်းပဲ။

ကူယွဲ့ နှုတ်ခမ်း‌သပ်လိုက်တယ်။ ဒါတကယ့်ကို သူ့အတွေးတွေကနေ မွေးဖွားလာတဲ့ ကောင်းကင်တာအိုပဲ။ တစ်အောင့်ကြာတော့ သူက အံကြိတ်လိုက်တယ်။ "မင်းလုပ်စရာရှိတာလုပ်" ဘာလို့ သူ့ခွင့်ပြုချက်ကို တောင်းနေရတာလဲ။

အဲတော့မှ မိုးကြိုးကတပည့်သုံးယောက်ပေါ် ပစ်ချတော့တယ်။ ပထမဆုံးမိုးကြိုးက စိတ်နတ်ဆိုး ဝဋ်ကြွေးချေခြင်း။ သုံးယောက်ကခု သူတို့ကိုယ်ပိုင်စိတ်နတ်ဆိုးတွေနဲ့တိုက်ခိုက်နေရပြီ။ သူတို့မျက်နှာတွေက နာကျင်မှုနဲ့ ရှုံ့တွနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရွှေအမြုတေ ဝဋ်ကြွေးချေခြင်းလေ။ သူတို့တွေက မြန်မြန်ပဲ အသိစိတ် ပြန်ဝင်လာကြတယ်။

ဒုတိယမိုးကြိုးက ခပ်မြန်မြန်လိုက်လာပြီး နောက်တော့တတိယ။ တစ်ခုချင်းစီက သုံးယောက်ကို တိတိကျကျ ထိမှန်တယ်။ သူတို့တွေက ကွေ့ကောက်တာတွေ မလုပ်ရုံတင်မက သူတို့ ကောင်းကင်ကနေ ပစ်ချတဲ့အရှိန်ကလည်း အတိအကျပဲ။ ဖိနှိပ်အားနဲ့ လျှပ်စီးပမာဏ‌ကတောင် တစ်ပုံစံတည်း။

ကူယွဲ့ တိတိကျကျ ဆောင်ရွက်နေတဲ့ ဝဋ်ကြွေးချေခြင်းကို ကြည့်နေရသလိုခံစားနေရတယ်။ မိုးကြိုးက သူ့ကို စောင့်ကြည့်နေတာသိလို့ တမင် ရှိုးထုတ်နေတဲ့အတိုင်းပဲ။ ကူယွဲ့အမူအရာမည်းမှောင်သွားတယ်။ မိုးကြိုးပစ်တာ မပြီးသေးတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ဆရာတပည့်နှစ်ယောက်ကို ကောင်းကောင်း ထုထောင်းဖို့ ပြန်သွားလောက်ပြီ။

မိုးကြိုးဝဋ်ကြွေးချေခြင်းက မကြာခင်မှာပဲ ပြီး‌ဆုံးသွားခဲ့တယ်။ စုစုပေါင်း ၉-၉ ချက်နဲ့ မိုးကြိုး၈၁ချက်။ မီးခိုးရောင်တိမ်တိုက်တွေက နောက်ဆုံးတော့ ပြိုကွဲသွားပေမဲ့ ထူထဲတဲ့ဝိညာဉ်ချီနဲ့ သဘာဝဥပဒေက ရစ်တွယ်နေတာ ကူယွဲ့ရဲ့ ညွှန်ကြားချက်မပါဘဲ မလွင့်ပျောက်ရဲတဲ့အတိုင်းပဲ။

ကူယွဲ့ အသက်ပြင်းပြင်း ရှူသွင်းကာ ဒေါသထိန်းဖို့ မနည်းကြိုးစားနေရတယ်။ "ရပြီ" သဘာဝဥ‌ပဒေက လွင့်ပျောက်သွားတယ်။ သူက သက်ပြင်းချလိုက်သလိုမျိုးပဲ။ ခေါင်းဆောင်ပျော်နေတာ တော်သေးတာပေါ့။

မိုးကြိုးဝဋ်ကြွေးချေခြင်းကို သည်းခံထားကာစ သုံးယောက်က ဒဏ်ရာအသီးသီးရကုန်ပေဲ့ သူတို့ကိုယ်ပတ်လည်က ဝိညာဉ်ချီကတော့သိသိသာသာ ပိုအားကောင်းလာတယ်။ ဒါက ဝဋ်ကြွေးချေမိုးကြိုးနဲ့ ပတ်သက်ပြီး ကောင်းတဲ့အရာပဲ။ ကောင်းကင်တာအိုက ဝဋ်ကြွေးချေခြင်းကို တောင့်ခံနိုင်သူတွေအ‌ပေါ် ကြင်နာတယ်။ ဖက်တီးက တစ်ယောက်ချင်းစီ ဒဏ်ရာတွေကို စစ်ဆေးပြီး ဘယ်သူမှ ကြီးကြီးမားမား ဒဏ်ရာမရသွားတာ သိလိုက်ရတယ်။ အဲအစား သူတို့ကျင့်ကြံခြင်း အဆင့်တွေအားလုံးက ပိုမြင့်လာတဲ့ပုံ။

ဒါ ဖြစ်နိုင်တာ ကောင်းကင်တာအိုရဲ့ သူတို့အပေါ် မျက်နှာချိုသွေးတဲ့နည်းလမ်းပဲ ဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကောင်းကင်တာအို မဖြစ်ပေါ်ခင် အမြု‌တေ လေ့ကျင့်နေတာကြာလှပြီ။ ဒီဝဋ်ကြွေးချေမိုးကြိုးက နောက်ကျတယ်ပြောရမယ်။ သူတို့ကို ဒီတိုင်း လွှတ်ထားလိုက်လို့ရပေမဲ့ အခု သဘာဝတရားဖိအားက သနားနေတော့ ဝဋ်ကြွေးချေမိုးကြိုးက ရှောင်လွဲလို့မရဘူး။

...

အခန်း ၅၃၄ ။ မျက်နှာပြင်ကို လက်ခံခြင်း

ဖက်တီးက တပည့်သုံးယောက်ကို ပြန်လည်သက်သာအောင် ‌သက်စောင့်ဆေးတွေ ပေးလိုက်တယ်။ နောက်တော့ သူ ကျင့်ကြံမှုကို ဘယ်လိုဆက်ဆောင်ရွက်ရမလဲ ညွှန်ပြမှုတချို့ ပြသပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဝဋ်ကြွေးချေမိုးကြိုး‌အကြောင်း အသေးစိတ် သင်ခန်းစာ ပေးဖြစ်တယ်။ ဖြစ်နိုင်တာ သူတို့ကိုယ်တိုင် ဝဋိကြွေးချေမိုးကြိုးကို ကိုယ်တိုင်ဖြတ်သန်းပြီးလို့ထင် တပည့်တွေက နားထောင်လေ သူတို့မျက်လုံးထဲ အကြောက်တရားနဲ့ လေးစားမှု ထင်ဟပ်လာလေပဲ။ သူတို့ ကျင့်ကြံခြင်းနည်းလမ်းတွေ သင်တုန်းက ရှိခဲ့သမျှ ဂုဏ်ယူဝင့်ကြွားမှုတွေအကုန် ပျောက်ကုန်တယ်။ သူတို့တွေက တခြားသူတွေထက် တစ်ဆင့်မြင့်တယ်လို့ မခံစားရတော့ဘူး။

သုံးယောက်သား သူတို့ကိုယ်သူတို့ စစ်မှန်အောင်နေရင် အနာဂတ်မှာ သူတို့ကိုယ်ပိုင်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်။ ကူယွဲ့က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ဖက်တီးကို သူတို့ကို ခေါ်သွားခွင့် ပေးလိုက်တယ်။ ခွေးစုတ်လေးနှစ်ကောင် အနောက်ဆောင်မှာ စောင့်နေသေးတာ သတိရတော့ သူ အနောက်ဆောင်ဆီ ဦးတည်ခဲ့တယ်။

ဒါပေမဲ့ မိုင်ထောင်ချီ အဝေးမှာ ရောက်နေသင့်တဲ့ ဟုန်မုန့်ကပါ ဘယ်ကမှန်းမသိ ပေါ်လာပြီး အနောက်ဆောင်မှာ စောင့်နေတာ တွေ့လိုက်ရတယ်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ" ကူယွဲ့ သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ "ယုန်ကို ဘယ်မှာပစ်ထားခဲ့တာတုံး"

"လူကြီးမင်းကူယွဲ့ ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့၊ ယုန်က စကားအရာမှာ တတ်ကျွမ်းတယ်လေ၊ ကောင်းကင်မျိုးနွယ်ကလည်း အတော်လေး အခြေကျနေပြီ၊ ယုန်ကတစ်ကောင်တည်း အဆင်ပြေမှာပါ"

ဟုန်မုန့်က စိတ်လှုပ်ရှားစွာ ပြောလာတယ်။

"ပြီးတော့ ကျွန်‌တော်လည်း ခရမ်းညနန်းတော်မှာ များများစားစား လုပ်စရာမရှိဘူးလေ၊ ကျွန်တော် စိတ်လွတ်တဲ့အထိ ပျင်းလာတာ၊ ကျွန်တော်တစ်ခုတည်း လုပ်ပေးနိုင်တာက ယုန်ကို မုန်လာဥနီတွေ ကမ်းပေးစရာပဲ ရှိတယ်"

"ငါက မင်းလုပ်စရာရှိတာ အကုန်လုပ်ပေးပြီးပြီလေ - သေချာပေါက် မင်းပျင်းမှာပေါ့" ကူယွဲ့က သူ့ကို ခေါင်းစခြေဆုံး အထင်သေးစွာ ကြည့်လိုက်တယ်။

"မင်း ရှေးဟောင်းနတ်ဘုရား ဘယ်လိုဖြစ်လာလဲတောင် မသိဘူး၊ မင်း ကိစ္စအားလုံးကို ဒီလောက် ဆိုးဆိုးဝါးဝါး ရှုပ်ထွေးအောင် လုပ်ပစ်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး"

ဟုန်မုန့် သွေးအန်လုနီးပါး ဖြစ်သွားတယ်။ ကူယွဲ့ သူ့ကို ရင်ဝတည့်တည့် ဓားနဲ့မထိုးလို့ရမလား။ ဒါပေမဲ့ သူက ယဉ်ယဉ်ကျေးကျေး ပြုံး‌ဆဲပါ။ "ဟီးဟီးဟီး... လူကြီးမင်း ခင်ဗျား သင်ကြားပေးတာ မှန်ပါတယ်၊ ကျွန်တော် ခင်ဗျားတို့အကူအညီအတွက် ၃ယောက်လုံးအပေါ် တကယ်အကြွေးတင်နေတာပါ၊ ဒီတစ်ကြိမ်တော့ ကျွန်တော် ခင်ဗျားကို ကောင်းကင်တာအို ပြန်တည်ဆောက်‌ပေးတဲ့အတွက် ကျေးဇူးတင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာပါ"

ကူယွဲ့ မျက်လုံးတွေမှေးသွားကာ ခေါင်းစခြေဆုံး နောက်တစ်ကြိမ် စစ်ဆေးလိုက်ပြန်တယ်။

"ဒီမျက်နှာပြင်မှာ ‌တခြားသူတွေကိုကျေးဇူးတင်ဖို့ လက်ဗလာနဲ့လာတာ ပုံမှန်ပဲလား"

ဟုန်မုန့် တန့်သွားပြီး နောက်ထပ်ဓားတစ်ချောင်း ရင်ဘတ်ကို ထိုးခံလိုက်ရသလိုပဲ။ သူ့နန်းတော်တစ်ခုလုံးကို သူ့တောင်ကနေ ဒီနေရာဆီ ရွှေ့ခံရပြီးပြီလေ။ ကူယွဲ့ သူ့ဆီက ဘာမျှော်လင့်နေတာလဲ။ သူတို့က မိတ်ဆွေဖြစ်ရမှာ မဟုတ်ဘူးလား။ သူ့နှလုံးသားက တကယ်ပဲ မရေမတွက်နိုင်တဲ့ ဓားမြှောင်တွေ ထိုးစိုက်သလို ဆက်တိုက်ခံစားလိုက်ရတယ်။

"မင်း ဒါအတွက်နဲ့ပဲ ဒီထိလာခဲ့တာလား" ကူယွဲ့ သူ့ကိုသံသယနဲ့ကြည့်လိုက်တယ်။

"အာ..." ဟုန်မုန့်က ‌သူ့လက်တွေကို ပွတ်သပ်နေပြီး အခန်းတစ်လျှောက် ဟိုဟိုဒီဒီကြည့်လိုက်တယ်။ တစ်အောင့်နေတော့ သူက နောက်ဆုံးတော့ စကား ပြောလိုက်တယ်။

"ဒီလိုပါ၊ အခုကောင်းကင်တာအိုက ဖြစ်ပေါ်လာပြီဆိုတော့ မျက်နှာပြင်က အန္တရာယ်ကနေ တရားဝင်လွတ်သွားပြီ၊ ဒါပေမဲ့ မတူညီတဲ့မျိုးနွယ်စုတွေ အတူတူနေထိုင်ပြီး ရောနှောနေတာက မျက်နှာပြင် ဖွံ့ဖြိုးဖို့အတွက် မကောင်းနိုင်ဘူးလေ၊ အဲဒါကြောင့် သူတို့ကို တစ်ခုချင်းစီ ဖြေရှင်းလို့ရအောင် မတူညီတဲ့ဘုံအသီးသီးဆီ ခွဲထုတ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်၊ ကျွန်တော်က စွမ်းအား မလုံလောက်တာတော့ နှမြောစရာပဲ၊ ပြီးတော့ ကောင်းကင်တာအိုက လူကြီးမင်းကူယွဲ့ကြောင့် ဖြစ်ပေါ်လာတယ်လို့ ကြားတယ်၊ ဒါကြောင့် ခင်ဗျားအကူအညီကို ကျွန်တော် တောင်းဆိုလို့-"

"ထွက်သွား" သူစကားမဆုံးခင် ကူယွဲ့က ထပြောလာတယ်။

"အာ" ဟုန်မုန့်က သူ့ကိုအူကြောင်ကြောင် စောင့်ကြည့်နေတယ်။ အလှည့်ကို ဘာလို့ မစောင့်တော့တာလဲ။

"မင်း သူတို့ကို ဘုံအသီးသီးဆီ ခွဲခြားချင်ရင် မင်း လုပ်လို့ရတယ်" ကူယွဲ့ ဒီမျက်နှာပြင်ရဲ့ပြဿနာတွေထဲ ဝင်ပါတော့မှာ မဟုတ်ဘူး။

"မင်းက ငါ့ကို ဘာလစာမှ ပေးနေတာမှ မဟုတ်တာ ၊ ငါ မင်းကိုဘာလို့ကူညီရမှာလဲ"

"ဖေဖေနျို..." ယိချင်းက မနေနိုင်တော့ဘဲ ရှေ့တက်ကာ ကူယွဲ့ကို ဘေးဆွဲခေါ်လိုက်တယ်။ သူက နားထဲ တီးတိုးပြောလိုက်တယ်။

"ခင်ဗျားက အခု ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူလေ၊ တကယ်လို့ ဒီမျက်နှာပြင်ကို မထိန်းချုပ်ရင် တစ်စစီဖြစ်သွားလိမ့်မယ်" ကူယွဲ့ ဟုန်မုန့်က ဒီအရာတွေအားလုံးကို မသိတဲ့အချက်အပေါ် အပြည့်အဝအသုံးချပြီး သူ့ကိုကူညီနေသလို လုပ်လို့ရတယ်။

"ဟီးဟီး" ကူယွဲ့ ယိချင်းကိုရိုက်ချပေးလိုက်တယ်။ "မင်းတို့နှစ်ယောက် တူးထားတဲ့ တွင်းအတွက် ငါ့ကို အပြစ်တင်ဖို့ ကြိုးစားနေတာလား"

ယိချင်း ။ "..." ဆရာ ကျွန်တော်ကြိုးစားခဲ့ပါတယ်။

ရှန်းရင်က အဆာသွတ်မုန့်ပန်းကန်ပြားကို သူမအနားတိုးကာ ဖက်ပြီး သူတို့နှစ်ယောက်နဲ့ စက်ဝိုင်း တင်းတင်းကြပ်ကြပ် ဖန်တီးလိုက်တယ်။ "ဖေဖေနျို ဖြစ်ပြီးတာက ဖြစ်ပြီးပြီပဲ၊ ပြီးတော့ ဒီကုမ္ပဏီက ခုနင့်ဟာ ဖြစ်နေပြီ၊ နင်က သူဌေးပဲ၊ သေချာပေါက် နင်လစာရမှာ မဟုတ်ဘူးပေါ့"

ကူယွဲ့ မျက်လုံးကိုမှေးကာ ရှန်းရင်ရဲ့ အသိဉာဏ်အတုအားလုံးကို ဖောက်ထွင်းမြင်ရတယ်။

"မင်းဆိုလိုတာ မင်းအတွက် အလုပ်ထပ်လုပ်ပေးစရာ မလိုတော့ဘူးပေါ့"

"‌အိုး၊ အဲဒါ မဟုတ်ပါဘူး" သူ့သမီးကို သူ ဆက်ပြီး ပျိုးထောင်ပေးရမယ်လေ။

"ဒါဆို မင်းဘာပြောနေတာတုံး" သူမ ဘယ်လိုပြောပြော သူတို့နှစ်ယောက်လုံးအတွက် သူဖင်ပြဲမတတ် အလုပ်လုပ်ပေးရဦးမယ်လေ။ ဒီအစုတ်ပလုတ်နှစ်ယောက်ကို ပျိုးထောင်ရတာနဲ့တင် လုံလောက်နေပြီ။ အခုဟုန်မုန့်ကပါ သူ့ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာ။ အဲဒါအားလုံးက ဘာအတွက်လဲ။ သူ ဒီမျက်နှာပြင်တစ်ခုလုံးကိုပါ ဖြေရှင်းရတော့မယ်။

"..." စီးပွားရေးလိုင်း ပြောင်းသွားတဲ့ ဖေဖေနျိုကိုဖားယားရတာ ခက်လိုက်တာ။ ရုတ်တရက် ကူယွဲ့ကို အရင်က ကလိမ်ကျဖူးသူတွေ သူတို့ပေါ်သွားချိန် ဘာလို့ အရမ်းစိုးရိမ်နေကြလဲ နားလည်သွားပြီ။

"အား" ရှန်းရင်က သက်ပြင်းချတယ်။ သူမက ရုတ်တရက် အဆာသွတ်မုန့်ပန်းကန်ကို စားဖိုမှူးဆီ ပြန်ကမ်းပေးလိုက်တယ်။ သူမက အသက်ပြင်းပြင်းရှူကာ ကူယွဲ့ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။ ရှန်းရင်ရဲ့ အငွေ့အသက်တစ်မျိုးက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ သူမက မျက်လုံးပြူးကာ နှုတ်ခမ်းဆူနေပြီး ငိုတော့မဲ့ပုံစံနဲ့။ သူမရဲ့အသံက နူးညံ့လာပြီး မရဲတရဲ။

"ဖေဖေနျို... တကယ်ပဲ ဒီမျက်နှာပြင်ကို ငြင်းဖို့စီစဉ် နေတာလား"

"သေချာပေါက်..." ကူယွဲ့တစ်ဖက်လှည့်လိုက်တော့ သူ့ကိုစကားပြောရင်း နှုတ်ခမ်းဆူနေတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။ ရုတ်တရက် 'ချစ်စရာ' ဆိုတဲ့စာလုံးက သူ့အတွေးထဲ ပေါ်လာတော့တယ်။ သူ လက်သီးဆုပ်ကာ အလျှော့ပေးတော့မလို့ ရှိသေး။ သူ့ကိုယ်သူပြန်ထိန်းဖို့ အားကုန် ထုတ်သုံးလိုက်ရတယ်။

"ချီး မင်း ရှန်းကျင်းအပေါ် သုံးတဲ့အကွက်တွေ လာမသုံးနဲ့" ကျေးဇူးတင်စရာက သူ ဒီထက် ပိုချစ်စရာကောင်းတဲ့ ရှန်းရင်ပုံစံကို မြင်ဖူးတာပဲ - ရင်လေး သူ... ကိုင်တွယ်နိုင်ပါတယ် သူ့လည်ပင်းကို သူတောင့်တင်းကာ ခေါင်းမညိတ်မိအောင် ရပ်လိုက်တယ်။

"ကောင်းပြီလေ" ရှန်းရင်က နောက်တစ်ကြိမ် ပစ်မှီကာ ချစ်ဖို့ကောင်းအောင်လုပ်နေတာ ရပ်လိုက်တယ်။

"တကယ်လို့ နင်တကယ်ပဲ မျက်နှာပြင်ကို မယူချင်လည်း မေ့လိုက်ပါတော့"

"ဆရာ..." ယိချင်းက ရှန်းရင်ရဲ့ ရှိုးထုတ်မှုကြောင့် ‌ငေးနေမိပေမဲ့ သူမခုလေးတင် ပြောတာကိုကြားတာ အသိပြန်ဝင်လာပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။

"ထားလိုက်ပါတော့ စားဖိုမှူး၊ ဖေဖေနျိုကို ထပ်ပြီး ဖိအားမပေးကြရအောင်" ရှန်းရင်က သက်ပြင်းရှည်ကြီးချတယ်။ သူမက ခေါင်းကိုစောင်းကာ အတက်အကျမရှိပြောလာတယ်။

"ဒါပေမဲ့ ငါက ဒီမျက်နှာပြင်ကို ပြောင်းရွှေ့ပြီးပြီ၊ လွှဲယူမဲ့လူတစ်ယောက် ရှာရမှာပဲ၊ မျက်နှာပြင်ခွင့်ပြုချက်ရဖို့က မလွယ်ဘူး၊ ဖေဖေနျိုကလွဲ ဘယ်သူလုပ်နိုင်မလဲ မသိဘူး၊ ငါတို့အစ်မကိုပဲ ဒီတိုင်း ပြန်လွှဲပေးလိုက်ရင်ရော၊ ဒီမျက်နှာပြင်က ငါ့ဟာနဲ့လည်း နီးတယ်လေ၊ မကြာမကြာ ဒီကိုလာပြီး တပည့်တွေကို စောင့်ကြည့်လေ့လာလို့ရ..."

ကူယွဲ့နဲ့ ယိချင်း မျက်နှာမှာ အရောင်အသွေးတွေ လျော့ကုန်တယ်။ သူတို့ကျောရိုးတစ်လျှောက် ကြက်သီးထကုန်တယ်။ ကူယွဲ့ အမြန်သူ့ကို ကြားဖြတ်ပြောလိုက်တယ်။

"ကောင်းပြီလေ၊ ငါလွှဲယူမယ်" သူ အခု မျက်နှာပြင်ကို လက်ခံလို့ရသေးလား။ သူတို့ ရှန်းရင် မိစ္ဆာကြီးကို ခေါ်မှာ မလိုချင်ရုံပဲ။

"တကယ်လား"

"အေး တကယ်" သူ့မှာ တခြားရွေးချယ်စရာ ရှိလို့လား။

"ငါက နင့်ကိုဖိအားပေးနေတာ မဟုတ်ဘူးမလား"

"... ဟင့်အင်း မဟုတ်ဘူး" မဟုတ်ဘူးဆိုတော့လေ ဒါပေမဲ့ ဒါကိုလုပ်ဖို့ တွန်းအားပေးခံရတာက မိစ္ဆာကြီးရဲ့ အသေထုထောင်းတာ ခံရတာထက်တော့ သာသေးတယ်။

ကူယွဲ့ အံကြိတ်လိုက်တယ်။

"ကောင်းပြီလေ ဖေဖေနျို ကျေးဇူးတင်ပါတယ် ဖေဖေနျို" ‌ဖေဖေနျို့ရာထူးတိုးမှုကို ဆုံးဖြတ်ပြီးပြီ။ ရှန်းရင်က သူ့ပခုံးကိုပုတ်ကာ ယိချင်းကိုင်ထားတဲ့ ပန်းကန်ပြားကနေ အဆာသွတ်မုန့်တစ်ပန်းကန် လှမ်းဆွဲလိုက်တယ်။

"တစ်ခုလိုချင်လား"

"သွားစမ်းပါ"

"ကောင်းပြီလေ"

သုံးယောက်သား သဘောတူညီချက် ရပြီမို့ အစည်းအဝေးက ပြီးဆုံးသွားခဲ့တယ်။ သူတို့ စားပွဲဆီ လှည့်ပြန်လာတော့ မြင်လိုက်ရတာ ဟုန်မုန့်က ရှန်းရင်ကို အူကြောင်ကြောင်စိုက်ကြည့်နေတာပဲ။ သူက ဘာမှမကြားခဲ့ပေမဲ့ တစ်ခုခုတော့ မြင်ခဲ့တယ်။ ရှန်းရင် ချစ်စရာကောင်းအောင်ပြုမူတာကို မြင်ကာ လုံးဝရင်ထဲထိသွားတယ်။

သူခုလေးတင် ဘာမြင်ခဲ့တာလဲ။ သူသိသမျှက သူ့နှလုံးသားက အတော်လေး မြန်နေပြီး တစ်ခုခုကို ပွတ်ချင်နေတဲ့စိတ် ရုတ်တရက် ပေါ်လာတယ်။ သူ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"မင်း ဘာကြည့်နေတာလဲ" ရှန်းရင်ဘေးက နှစ်ယောက်သားက ရန်လိုစွာအော်ဟစ်တော့တယ်။

"ဒါ မင်းနဲ့ဘာဆိုင်လဲ"

"ဟင့်အင်း... ကျွန်တော်..." ကျွန်တော်လည်း ဘာတွေဖြစ်နေမှန်းမသိဘူး။

"ဟိုလီရှစ်၊ မင်းက နှာခေါင်းသွေး လျှံရဲတယ်ပေါ့လေ"

"ဆရာ ကျွန်တော်သူ့ကို သတ်လို့ရလား"

ရှန်းရင် ။ ။ "..."

All Chapters