အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း ၅၃၅ ။ သုံးလောကကို ခွဲခြားခြင်း
မျက်နှာပြင်ကို ပထမဆုံးအကြိမ် ဖန်တီးခဲ့ချိန် ဘုံသုံးခုလုံးက အတူတူ ရောနေခဲ့ကြတယ်။ ကောင်းကင်တာအိုကို ဖန်တီးပြီး သဘာဝဥပဒေဖြစ်ပေါ်လာချိန်မှ ဘုံသုံးဘုံ ပိုင်းခြားမှုက စတင်လာခဲ့တာ။ ပြီးတော့ ကူယွဲ့ အခု လုပ်ရမှာက ဘုံသုံးခုကို ပိုင်းခြားရမှာ။ ဘုံသုံးခုကို လုံးဝ ပိုင်းခြားထားသရွေ့ ဟုန်မုန့်စိုးရိမ်နေခဲ့တဲ့လူသားမျိုးနွယ်ပြဿနာက တည်ရှိတော့မှာ မဟုတ်ဘူး။ အဲအပြင်လူသားတွေကြား တာအိုသင်ကြားမှုကို တည်ထောင်ခဲ့တဲ့ ကူယွဲ့ရဲ့အရင်က အားထုတ်မှုတွေ အားလုံးလည်း ရှိတယ်။ သူတို့ ကောင်းကင်မျိုးနွယ်ကို မတိုက်ခိုက်နိုင်သေးပေမဲ့ သူတို့လုံးဝ အခုအခံ မဲ့နေမှာတော့ မဟုတ်ဘူး။
ဟုန်မုန့်က သူတို့ကို ဘုံတွေ ဘယ်လိုပိုင်းခြားရမလဲ အကြမ်းဖျင်း သင်ခန်းစာပေးတယ်။ မြေကြီးကို ပိုင်းသလိုဆိုရင်တော့ လွယ်မှာပေါ့။ စာရွက်တစ်ပိုင်းကို သုံးလွှာအဖြစ် တန်းပိုင်းလိုက်သလိုပဲ။ ဒါပေမဲ့ ဘုံတွေကို ခွဲခြားတာကတော့ မတူဘူး။ ဘာလို့လဲဆိုတော့ ဘုံသုံးခုကို ပိုင်းခြားထားပေမဲ့ သူတို့က တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေဆဲ ဖြစ်ရမယ်။ မဟုတ်ရင် သူတို့က လုံးဝပြီးပြည့်စုံတဲ့ မျက်နှာပြင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။ အရင်ကမျက်နှာပြင်လိုပဲ ဘုံတွေကြားက ဘောင်ကိုဖြတ်လို့မရပေမဲ့ သူတို့ကိုချိတ်ဆက်ဖို့ ဘုံတံခါးတွေရှိနေသေးတယ်။
"ဒါဆို ဘယ်လိုလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ တသီးတသန့် ခွဲထားရပေမဲ့ ဆက်နွှယ်နေဖို့လိုတယ်။ မျက်နှာပြင်ကို ခေါက်ရမှာလား။ ဒါပေမဲ့ အဲလိုဆို အောက်ဘက်က သက်ရှိတွေကို ခြေမွှသလို ဖြစ်သွားမယ်မဟုတ်လား။
"ဒါက တကယ်တော့ ဖြေရှင်းရအတော်လေး လွယ်ပါတယ်" ဟုန်မုန့်က စိတ်ရင်းနဲ့ အမြန်ပြောတယ်။
"ကျွန်တော်တို့ မူလရင်းမြစ်ကို စီစဉ်ဖို့ပဲလိုတာပါ၊ ဒီမျက်နှာပြင်ရဲ့ မေ့ပျောက်မြစ်ပေါ့၊ ဒါပေမဲ့ ဒီမှာက မုန့်ပေါ်မရှိတော့ ကျွန်တော်တို့ မေ့ပျောက်မြစ်ကို ခင်ဗျားကိုယ်တိုင် စီစဉ်ဖို့ ဒုက္ခပေးရဦးမှာပဲ"
"ဘယ်လိုစီစဉ်ရမှာလဲ" အဲတုန်းက မူလရင်းမြစ်ခရမ်းရောင်ဓာတ်ငွေ့လုံးလေးက မြစ်ကြီးတစ်စင်းအဖြစ် ကြီးထွားလာပြီဖြစ်ကာ မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီ။
"ခင်ဗျား ခရမ်းရောင်ဓာတ်ငွေ့ရဲ့အလယ်ဆီ သွားဖို့ပဲလိုတာပါ" ဟုန်မုန့်က အမြန်ပြောတယ်။
"ခင်ဗျား သူ့ကို နဂိုမူလအခြေအနေရောက်အောင် ပြန်လုပ်ပေးဖို့ပဲကူညီရမှာပါ၊ သုံးလောကကို ခွဲခြမ်းပြီးရင် ပြန်ပြောင်းရမယ်"
ကူယွဲ့ နဖူးကို ဖိလိုက်တယ်။ သူလည်း တခြားနည်း မရှိတော့ဘူး။ ခု သူက ဒီအရှုပ်ထုတ်ရဲ့တာဝန်ကို လက်ခံပြီးပြီကိုး။ ဒါကြောင့် သူ ဖက်တီးကို သတိတချို့ပေးကာ ဟုန်မုန့်နဲ့အတူ ထွက်လာပြီး ဆရာတပည့်နှစ်ယောက်ကိုပါ ဆွဲခေါ်လာတယ်။ "မင်းတို့နှစ်ယောက် အားယားမနေစမ်းနဲ့"
ဟုန်မုန့်ပြောတဲ့နေရာက တကယ်တော့ သူ့ခရမ်းရောင်ညနန်းတော်... မဟုတ်ဘူး၊ ခရမ်းရောင်ညမြက်ခင်းစိမ်းပဲ ကျန်တော့တာ၊ အဲဒါနဲ့ သိပ်မဝေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲနေရာက မျက်နှာပြင်တစ်ခုလုံးရဲ့ အလယ်ဗဟိုကိုး။ ဟုန်မုန့်က နောက်ဆုံးတော့ အကြာကြီး မျှော်လင့်စောင့်စားမှုအပြီးမှာ သူ့မျက်နှာပြင်ကို ပြန်လည်ရှင်သန်စေခဲ့တာမို့ အဝေးကြီး ခပ်ခွာခွာ မနေရတဲ့အထိ မူလရင်းမြစ် ခရမ်းရောင်ဓာတ်ငွေ့နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားတာ သဘာဝပါပဲ။
သူက လုံးဝသီးသန့်ခွဲခြားထားပြီး မသိနားမလည်တဲ့ကောင်းကင်မျိုးနွယ်ဝင်တွေ အထဲဝင် ဖျက်ဆီးလို့ မရအောင် သူ့နတ်ဘုရားအစွမ်းတစ်ဝက်ကိုတောင် သုံးခဲ့တာ။ ဒါကလည်း သူ အဲဒီကောင်းကင်မျိုးနွယ်၁၂ခုကို မနိုင်နိုင်ရခြင်း အကြောင်းရင်းတစ်ပိုင်းပဲ။
သူတို့တွေက သူ့နောက်ကနေ လိုက်ရင်း လမ်းတစ်လျှောက်ကြည့်ခဲ့တယ်။ လမ်းမှာ မရေမတွက်နိုင်တဲ့ ထောင်ချောက်တွေ၊ အင်းကွက်တွေကိုဖြတ်ခဲ့ရတယ်။ တချို့ဆို ဟုန်မုန့်ကိုယ်တိုင်တောင် မေ့နေပြီး သူတို့အပြင်ဘက်မှာ ပိတ်မိလုနီးပါးတောင် ဖြစ်သွားသေး။ အင်းကွက်ကို ဖြေရှင်းဖို့ အားထုတ်မှုတချို့ ပြုလုပ်ပြီးမှ အထဲရောက်ခဲ့ကြတယ်။ ကူယွဲ့ သူ့ရဲ့ဒီလို အားမကိုးရတဲ့ အပြုအမူအပေါ် ပြင်းထန်တဲ့ ရှုတ်ချမှုကို ဖော်ပြကာ... နှစ်နာရီတိတိ သူ့ကိုဆဲပေးလိုက်တယ်။
နောက်ဆုံးတော့ သူတို့ မူလရင်းမြစ် ခရမ်းရောင်ဓာတ်ငွေ့ရဲ့ အလယ်ဗဟိုဆီ ရောက်ခဲ့တယ်။ အဲဒါက လုံးဝကို ရှင်းလင်းနေတဲ့ မြေကွက်တစ်ကွက်ပဲ။ ရှင်းလင်းနေတာများ အပင်တစ်ပင်တောင် မပေါက်။ ဒါပေမဲ့ သူတို့မျက်လုံးထဲမှာတော့ မြင်ကွင်းက လုံးဝကိုကွဲပြားနေတယ်။ အဲဒါက အဆုံးမသတ်နိုင်တဲ့ ခရမ်းရောင်လှိုင်းတစ်ခုပဲ။ ကောင်းကင်ထဲ ချိတ်ဆွဲနေတဲ့ ခရမ်းရောင် ပင်လယ်လိုမျိုး လောကကြီးတစ်ခုလုံးကို ခရမ်းရောင်တွေ ရောင်ပြန်ဟပ်စေနေတယ်။
အဲဒီခရမ်းရောင်ပင်လယ်ကို ချိတ်ဆက်နေတာကတော့ ကျဉ်းမြောင်း၊ ကျယ်တဲ့ မြစ်တွေအမျိုးမျိုး။ သူတို့တွေက မျက်နှာပြင်ရဲ့ထောင့်တစ်ခုဆီက ဦးတည်ဘက်မျိုးစုံကနေ ခွဲထွက်နေတယ်။ ကူယွဲ့တောင် သူ့ရှေ့က မြင်ကွင်းကြောင့် ယာယီထိတ်လန့်ကုန်တယ်။ သူ အဲတုန်းက ရေတွင်းတစ်ခုအရွယ် မူလရင်းမြစ်က ခုအဲလောက် ကြီးထွားနေမယ် မထင်ခဲ့ဘူး။ ကြည့်ရတာ ဟုန်မုန့်က တကယ် ဒီနှစ်တွေမှာ အားသွန်ခွန်စိုက်အပြည့်နဲ့ တကယ်ကာကွယ်ခဲ့ပုံပဲ။
"လူကြီးမင်း၊ ဒါက မူလရင်းမြစ်ရဲ့အလယ်ပါ" ဟုန်မုန့်က ဂုဏ်ယူမှုအနည်းငယ်နဲ့ပြောလာတယ်။
ကူယွဲ့ရဲ့ နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ "မင်းက ပင်လယ်လောက်ကြီးတဲ့ဟာကို သိမ်းဖို့အတွက် သောက်ကျိုးနည်း လာခိုင်းနေတာလား"
မင်း နောက်နေတာပဲ ဖြစ်ရမယ်။ သူ ဒါကိုထည့်ဖို့ ဘာသုံးရမလဲ။
"ဒါသေချာပေါက် တိုက်ရိုက်ထည့်သိမ်းလို့မရဘူးပေါ့၊ ခုမူလရင်းမြစ်က အရင်ကနဲ့မတူတော့ဘူး၊ သူ့ကို လုံးဝထိန်းချုပ်ဖို့ ကျွန်တော်တို့ အလယ်ဗဟိုနားသွားဖို့လိုတယ်"
"ဒါဆ်ု ဘာစောင့်နေတာလဲ၊ သွားလေ" ကူယွဲ့ လောလိုက်တယ်။
"ကောင်းပါပြီ" ဟုန်မုန့်က နောက်ဆုံးတော့ အထဲကိုဆက်ပျံတော့တယ်။ ချက်ချင်း သူတို့တွေက ခရမ်းရောင်ဓာတ်ငွေ့ လှိုင်းကြီးတွေရဲ့ ဝါးမျိုမှုကိုခံလိုက်ရတယ်။ အထဲမှာတော့ မူလရင်းမြစ်ရဲ့ အရှိန်အဝါက ပိုထူထဲလာတယ်။ သူတို့ပတ်လည်မှာတော့ ခရမ်းရောင်ဓာတ်ငွေ့ကလွဲ ဘာမှမမြင်ရ။ ကူယွဲ့ မုန်ဟုန့်နောက်လိုက်ခဲ့ပြီး တစ်ချိန်တည်းမှာတင် သူက သူ့ကောင်းကင်စိတ်အာရုံကို ခရမ်းရောင်ဓာတ်ငွေ့ အထူဆုံးဖြစ်တဲ့ အလယ်ဆီ ပို့လိုက်တယ်။
ဖြစ်နိုင်တာ ပုံရိပ်ယောင်ဖြစ်တာကြောင့်ထင် သူဝေးဝေးပျံလေ ခရမ်းရောင်ကပိုနက်ရှိုင်းလာသလိုပဲ။ အဲဒါက ကောင်းကင်လောက်ရှည်လျားတဲ့ မကောင်းဆိုးဝါးက သူတို့တည့်တည့်ဆီလာနေသလိုမျိုး အမှောင်ထုပုံရိပ်ယောင်မျိုး...။
ဝေါ~
ဟိုလီရှစ် ဒါဆို ပုံရိပ်ယောင် မဟုတ်ဘဲ တကယ့်မကောင်းဆိုးဝါးအစစ်ဟ။
ကူယွဲ့ ဘေးဆီ ဟုန်မုန့်ကို အမြန်ပြန်ဆွဲလိုက်တယ်။ နောက်အခိုက်အတန့်မှာ တောင်လောက်ကြီးတဲ့ လက်သည်းက သူ့ကိုယ်ဘေးကနေရာကို ဘန်းခနဲ ရိုက်ချလာကာ သူ့မျက်စိရှေ့က ခရမ်းရောင်ဓာတ်ငွေ့ကို လွင့်ထွက်သွားစေတဲ့ လေပြင်းပါ ဝင်လာတယ်။ လေက ပြင်းလွန်းလို့ ကူယွဲ့တောင် နည်းနည်း မတည်မငြိမ် ဖြစ်ကုန်တယ်။
"ဒါသောက်ကျိုးနည်းဘာကြီးလဲ"
ကူယွဲ့ အဲတော့မှ ကောင်းကင်လောက်မြင့်တဲ့ မကောင်းဆိုးဝါးဆိုတာ မြင်လိုက်ရတယ်။ သူ ခေါင်းကိုတောင် မမြင်ရဘဲ အောက်ပိုင်းက မူလရင်းမြစ် ခရမ်းရောင်ဓာတ်ငွေ့ထဲ လုံးဝနစ်ဝင်နေတယ်။ သူ့ကိုယ်ပတ်လည်မှာက အမည်းနဲ့အဖြူစက်ဝိုင်းတွေက မြင်းကျားလို။ ပြီးတော့ အဲသင်္ကေတတွေက တိကျတဲ့ ပုံသဏ္ဌာန်မရှိဘဲ အဆက်မပြတ် ရွေ့လျားနေလေရဲ့။ သူ့တစ်ကိုယ်လုံးကို ဒီနှစ်ရောင်က ဖုံးလွှမ်းနေကာ တိကျတဲ့ပုံပန်းသဏ္ဌာန်ကို ခွဲမရ။ ပြီးတော့ သူ့တစ်ကိုယ်လုံးမှာ တစ်ခါမှ မမြင်ဖူးတဲ့ အရှိန်အဝါရှိနေတယ်။ ကြည့်ရတာ... ဘယ်မျက်နှာပြင်နဲ့မှ မပတ်သက်တဲ့ပုံ။
"ဒါက... ကသောင်းကနင်းသားရဲတစ်ကောင်ပဲ" ဟုန်မုန့်ကပင့်သက်ရှိုက်ကာ မယုံကြည်နိုင်မှုအပြည့်။
"ဘာကသောင်းကနင်းသားရဲလဲ" ကူယွဲ့မေးလိုက်တယ်။
"အဲဒါမူလရင်းမြစ်ကသောင်းကနင်းထဲ ကြီးထွားတဲ့ မကောင်းဆိုးဝါးပါ" ဟုန်မုန့်က ပိုပြီးတောင် သွေးပျက်စွာနဲ့ ရှင်းပြလာတယ်။
"သူက ဒီမျက်နှာပြင်ရဲ့ သက်ရှိတွေနောက်လိုက်ရင်း ဒီမျက်နှာပြင်ဆီ ရောက်လာပြီး အဲဒီသက်ရှိတွေပေါ်က မူလရင်းမြစ်ချီကို အာဟာရပြုတာဖြစ်ရမယ်၊ အဲဒါကြောင့် တစ်ချိန်လုံး မျက်နှာပြင်ရဲ့ မူလရင်းမြစ်ထဲ ပုန်းနေခဲ့တာပဲ"
"ဘာလို့ ဒီလိုအရေးကြီးတဲ့ကိစ္စကို စောစောက မပြောရတာတုံး" ကသောင်းကနင်းကိစ္စတွေက တခြားမျက်နှာပြင်က အရာတွေထက်တောင် ပိုဆိုးတယ်။
"ကျွန်တော်... ကျွန်တော်လည်းမသိခဲ့ဘူး" ဟုန်မုန့်မျက်နှာက စိုးရိမ်မှုအပြည့်။ ဒီမှာ သူက မူလရင်းမြစ်ချီအားလုံးကို စုပ်ယူခဲ့ပြီး မူလရင်းမြစ်ခရမ်းရောင်ဓာတ်ငွေ့နဲ့အတူ စတင်မှာဆိုတော့ ဒီနေရာမှာ နေခွင့်ပေးသင့်လား။
"ရှန်းရင် ဒီဟာက..." ကူယွဲ့ အကျင့်အတိုင်း တစ်ယောက်သောသူကိုလှည့်ကြည့်လိုက်တော့ သူ့နောက်မှာ ဗလာကိုသာ မြင်လိုက်ရတယ်။ အဲရင်းနှီးနေတဲ့ပုံရိပ်က တကယ်ပဲသူ့နောက်မှာမရှိ။ "ဟိုလီရှစ် သူ ဘယ်ရောက်သွားတာလဲ" သူ အရေးကြီးတဲ့ကိစ္စတိုင်းမှာ ပျောက်နေဖို့လိုလို့လား။ ဟဲလို။
ဟုန်မုန့်လည်း အနောက်မှာ တစ်ချိန်လုံး နေနေတဲ့ ရှန်းရင်နဲ့ စားဖိုမှူး ပျောက်သွားတာ ခုမှသိတဲ့ပုံ။ သူက တစ်စက္ကန့်လောက် မှင်တက်နေတယ်။ "ကျွန်တော်တို့ သူတို့ကို ပျောက်သွားတာက ခရမ်းရောင်ဓာတ်ငွေ့တွေ အရမ်းထူနေလို့ဖြစ်ရမယ်"
"ချီး" ကူယွဲ့တကယ်ကို ခုဆဲရေးချင်နေပြီ။
ဒါတောင် သူ့မျက်စိရှေ့ နောက်ထပ်လေပြင်းတစ်ခုက အရာအားလုံးကိုခြေမွှနိုင်တဲ့အရှိန်နဲ့ ဝေ့ဝဲလာပြန်တယ်။ ကူယွဲ့လက်ကလှည့်သွားကာ သူ့လက်ထဲက ယပ်တောင်က ဓားရှည်တစ်ချောင်းအဖြစ် ချက်ချင်း ပြောင်းသွားတယ်။ သူ ဘေးက ဟုန်မုန့်ကိုဆွဲကာ ဘေးဆီ ဖြတ်ခနဲသွားတော့တယ်။
သူ ဂရုမစိုက်တော့ဘူး ခုတော့ တိုက်ခိုက်ရုံပဲရှိတယ်။ ကံကောင်းတာ ဒီကသောင်းကနင်းသားရဲက အင်အားကြီးပေမဲ့ သူ့လှုပ်ရှားမှုတွေက အရမ်းနှေးတယ်။ သူ မျှော်လင့်ချက်လုံးဝ မဲ့နေတာတော့ မဟုတ်။
"လူကြီးမင်း..." ဟုန်မုန့်ရပ်နေတာ နည်းနည်းမတည်မငြိမ် ဖြစ်နေတယ်။ အဲသားရဲကြီးဆီက မူလရင်းမြစ်ချီက သူ့ကိုယ်ထဲက နတ်ဘုရားစွမ်းအင်ကို တန်းပြီးတိုက်စားသွားနိုင်တယ်။
"ထွက်သွား၊ အနှောင့်အယှက်မပေးနဲ့" အဲလိုပြောပြီး ကူယွဲ့ကလက်ကိုလှည့်ကာ ဟုန်မုန့်ကို ဘောလုံးလို ပစ်ထုတ်လိုက်တယ်။
…
အခန်း ၅၃၆ ။ ထူးဆန်းသော ကသောင်းကနင်းသားရဲ
ဟုန်မုန့်က ကျယ်လောင်တဲ့ လေလှိုင်းတွေ သူ့နဘေး ဖြတ်တိုက်သွားတာကိုပဲ ကြားနေရတယ်။ ချက်ချင်း သူ မူလရင်းမြစ်ချီ အကွာအဝေးထဲကနေ ပျံထွက်သွားတယ်။ ဖိနှိပ်နေတဲ့ ခံစားချက်က သူ့ကိုယ်ထဲက ပျောက်သွားပြီး သူ့နတ်ဘုရားစွမ်းအင်က ပြန်လည်ကောင်းသွားပြီ။ သူ နှစ်ချက် အသက်ပြင်းပြင်းရှူကာ မကူညီနိုင်တာသိတော့ အဲကလူကိုပဲစိတ်လှုပ်ရှားစွာ ကြည့်နေရတယ်။
ကူယွဲ့က ဓားကို အပြေးကိုင်ထားပြီ။ ချက်ချင်း ဓားအင်းကွက်သောင်းချီက ပေါ်လာတယ်။ ဓားမိုးက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မုန်တိုင်းပုံစံစုဝေးလာပြီး ကသောင်းကနင်းသားရဲကို တန်းတိုက်ခိုက်တော့တယ်။
ဝေါ~
ကသောင်းကနင်းသားရဲက ကျယ်လောင်စွာ အော်ဟစ်တယ်။ လေထဲက ဓားအင်းကွက်တွေက တန့်ကုန်တယ်။ ကူယွဲ့လက်ထဲက ဓားကိုတင်းတင်းကိုင်ကာ အသံနံရံကို တန်းဖြိုခွဲပြီး အထဲကို တိုက်ခိုက်တော့တယ်။ ဒါပေမဲ့ ဓားက ကသောင်းကနင်းသားရဲနဲ့ ထိတွေ့တွေ့ချင်းမှာတင် ဓားတွေပေါ်က နတ်ဘုရားစွမ်းအင်က တန်း လွင့်ပျောက်ကုန်ကာ ကောင်းကင်ကနေ တန်းပြုတ်ကျကုန်တယ်။
ကူယွဲ့ တစ်ခဏ တောင့်ခဲသွားပေမဲ့ ကောင်းကင်ကနေ နောက်ထပ်လက်သည်းတစ်ခုက ပေါ်လာငယကာ သူ့ကိုတန်းရိုက်ချတယ်။ သူ ဓားပေါ်ကနေ ရှောင်နိုင်တယ်ဆိုရုံလေးပေမဲ့ လေနဲ့တော့ ဝေ့ပါသွားသေးတယ်။ ထူထဲတဲ့ မူလအရင်းအမြစ်ချီက သူ့မျက်နှာဆီ ပြေးဝင်လာတယ်။ သူ့နှလုံးသားထဲ နာကျင်မှုသာခံစားနေရာကာ သူ့တစ်ကိုယ်လုံးက နတ်ဘုရားစွမ်းအင် ပျောက်ကွယ်ကုန်လေရဲ့။ သူပါးစပ်ကိုဟကာ သွေးအန်တော့တယ်။
သူကိုယ်တိုင်တောင် ခဏမှင်တက်သွားတယ်။ မျက်နှာပြင်လက်ထောက်ဖြစ်လာပြီးနောက်မှာ အဲကျူးကျော်တဲ့ စီမံထိန်းသိမ်းသူကို ရင်ဆိုင်ချိန်ကလွဲ ဒါ ပထမဆုံးအကြိမ် တစ်ခုခုကြောင့် သူဒဏ်ရာရတာပဲ။ ဒါပေမဲ့ တုံ့ဆိုင်းမှုက ခဏပဲကြာလိုက်တယ်။ သူ ဓားကိုတင်းတင်းဆုပ်ကာ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်တယ်။
ဒါပေမဲ့ သူတိုက်ခိုက်ချိန် သူလုပ်ထားတဲ့ဓားအင်းကွက်တွေက ကသောင်းကနင်းသားရဲကိုယ်ကို မရောက်ခင် တန်းပြုတ်ကျကုန်ဆဲ။ သူ့ကို လုံးဝထိခိုက်အောင်လုပ်မရ။ အဲအစား ကူယွဲ့ကိုယ်ပေါ်က ဒဏ်ရာတွေပဲတိုးလာတယ်။
"ဆရာ..." ယိချင်း အနည်းငယ် စုတ်ချာနေတဲ့ကူယွဲ့ကိုကြည့်ကာ စိုးရိမ်တကြီးပြောလိုက်တယ်။ "ကျွန်တော်တို့တကယ်ပဲ ဖေဖေနျို့ကိုသွားကူဖို့မလိုဘူးလား"
"မျက်နှာပြင်ကိုလွှဲယူဖို့ သူ ဒီလိုဟာမျိုးကို ဖြတ်သန်းဖို့လိုတယ်" ရှန်းရင်က လေးနက်တဲ့အသံနဲ့ ပြောတယ်။ "တကယ်လို့ ဒီတစ်ကြိမ်မဟုတ်ရင် နောက်တစ်ကြိမ် ရှိနေဦးမှာပဲ" အဲကျ ပိုပြီးတော့ ပြင်းထန်လာရုံပဲရှိမယ်။
"..." ယိချင်းလက်တွေက သူ့ကိုယ်ဘေးတင်းကြပ်သွားကာ နောက်ဆုံးတော့မသွားလိုက်။
ဒါပေမဲ့ အဲက ဖေဖေနျို့အခြေအနေက ပိုဆိုးလာတဲ့ပုံ။ သူ့ရဲ့ကြိုးစားမှုအမျိုးမျိုးက ဒီကသောင်းကနင်းသားရဲဟာ ဒီမျက်နှာပြင်ထဲက စွမ်းအင်မျိုးစုံအားလုံးကို ခံနိုင်ရည် ရှိတယ်ဆိုတဲ့ကောက်ချက်ချမှုဆီ ဦးတည်ခဲ့တယ်။ နတ်ဘုရားစွမ်းအင်၊ မသေမျိုးချီဒါမှမဟုတ် ဝိညာဥ်ချီကိုရောပေါ့။ တိုက်ခိုက်မှုတွေက သူ့ကိုယ်နားကပ်မလာခင် ခန္ဓာကိုယ်ဘေးက အရှိန်အဝါက ချက်ချင်း တန်းဖျက်ဆီးပစ်တယ်။
ဒါပေမဲ့ ကံကောင်းတာက သူ့မှာတခြားစွမ်းရည်တွေတော့ ရှိသေးတယ်။ ကူယွဲ့ အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်ထဲက မသေမျိုးချီအားလုံး ပျောက်ကွယ်သွားတယ်။ မျက်နှာပြင်လက်ထောက်ရဲ့ အစွမ်းက ချက်ချင်း ပြေးဝင်လာကာ သူ့ကိုယ်ပေါ်က အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားတယ်။ သူက သာမန်လူတစ်ယောက်နဲ့ တူပေမဲ့ ဘယ်သူမှတောင့်မခံနိုင်တဲ့ ဖိနှိပ်မှုမျိုးနဲ့။ သူ့နောက်က ဟုန်မုန့်တောင် ထိတ်လန့်သွားပြီး အလိုလို တစ်လှမ်းနောက်ပြန်ဆုတ်မိသွားတယ်။
ကူယွဲ့ သူ့လက်ထဲကဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး တူညီတဲ့ဓားအင်းကွက်တွေက နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တာ့ သားရဲကြီးဘေးက မူလရင်းမြစ်ချီကို တန်းဖြိုခွဲကာ သူ့ကိုယ်ရဲ့တစ်ပိုင်းကို ဒဏ်ရာရအောင်လုပ်နိုင်တယ်။
အဲကသောင်းကနင်းသားရဲက ချက်ချင်း နာကျင်မှုကြောင့် နားကွဲမတတ်အူတော့တယ်။ သူ ဓားကြောင့် ဒဏ်ရာရသွားတဲ့နေရာကနေ ထူပျစ်တဲ့အနက်ရောင်အရည်တွေ မြစ်တစ်စင်းလို စိမ့်ထွက်လာပေမဲ့ ကျကျချင်း ပျောက်သွားတယ်။
ကူယွဲ့ ဆက်တိုက်ခိုက်ပြီး သားရဲပေါ်က ဒဏ်ရာတွေက တိုးလာတယ်။ သူ့ကြီးမားတဲ့ ခန္ဓာကိုယ်တစ်ခုလုံးက စတွန့်ရှုံ့လာတော့တယ်။ အဲတော့မှ ကူယွဲ့နားလည်လိုက်တာက သူ့ခေါင်းပေါ် ပါးစပ်ကြီးတစ်ခုပဲ ရှိနေတယ်ဆိုတာ။ မျက်လုံး၊ နှာနှာခေါင်းနဲ့ တခြားမျက်နှာအစိတ်အပိုင်းတွေ ဘာမှမရှိ။ ချက်ချင်း အဆက်မပြတ် အော်ဟစ်ကာ အောက်ကမြေကြီးပါ တုန်ယင်လာတယ်။
ဒါပေမဲ့ သူ့ကိုယ်က တကယ်ကို ကြီးမားလွန်းပြီး ကူယွဲ့ဆီက ဒီဒဏ်ရာတွေက သေဖို့ကျ ဝေးလွန်းတယ်။ သူ့ကိုယ်ကို လုံးဝဖောက်ခွဲလို့ရမဲ့အရာ မရှိသရွေ့... ရှန်းရင် အဲမျက်နှာပြင်ကို ဖောက်ခွဲဖို့သုံးခဲ့တဲ့ စနက်တံလိုဟာမျိုးပဲ။
ချီး ဒီလိုသိုင်းလောကမှာ အဲလိုအဖျက်လက်နက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ လုပ်လို့ရရင်တောင် သူ ဘယ်လိုလုပ်ရမလဲမသိ... ခဏ ရုတ်တရက် သူ့စိတ်ထဲ ရှုပ်ထွေးတဲ့ အင်းကွက်အဆင့်မျိုးစုံ ဖြတ်ပြေးကုန်ကာ ထူးဆန်းပေမဲ့ ရင်းနှီးနေတဲ့ ဗဟုသုတလှိုင်းကြီးက သူ့ဦးနှောက်ထဲ ဝင်လာရင်း သူ တစ်ခါက မြင်ဖူးတဲ့ စနက်တံအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတယ်။
ဟိုလီရှစ်၊ သူ ဘယ်လိုလုပ်ရမလဲ တကယ်သိတာပဲ။
ကူယွဲ့ ရင်ထဲ ဝမ်းမြောက်သွားတယ်။ ချက်ချင်း သူ ကသောင်းကနင်း သားရဲပေါ်က နေရာဆီ ပျံတက်သွားကာ သူ့လက်တွေက ဂါထာတွေ စတင်ဖန်တီးတော့တယ်။ သူ့ကိုယ်ပေါ် လက်ထောက်စွမ်းအင်တွေအားလုံး အသက်သွင်းပြီး ရှုပ်ထွေးတဲ့အင်းကွက်တွေဖန်တီးကာ သူ့လက်ထဲ အဆင့်ဆင့် ဖြစ်သွားတယ်။ အင်းကွက်တွေကနေ အဖြူရောင်တောက်ပတဲ့အလင်းက ပိုပိုတောက်ပလာတယ်။ ချက်ချင်း ခရမ်းရောင်ဓာတ်ငွေ့တွေ ပြည့်နေတဲ့နေရာတစ်ခုလုံးကို အလင်းပေးလိုက်သလိုပဲ။
သူ နောက်ဆုံးအင်းကွက်ကို ဖန်တီးကာ သူ့ကိုယ်ထဲက နောက်ဆုံးလက်ကျန်အားကိုသုံးပြီး အဲကသောင်းကနင်းသားရဲရဲ့ ပါးစပ်ကြီးဆီ ပျံဆင်းသွားကာ သူ့ကိုယ်ထဲ တန်းပစ်သွင်းလိုက်တယ်။
နောက်အခိုက်အတန့်မှာ နားကွဲမတတ် ဘန်းခနဲအသံနဲ့ မရေမတွက်နိုင်တဲ့ အဖြူရောင်အလင်းတန်းတွေက ကသောင်းကနင်းသားရဲရဲ့ကိုယ်ကို ဓားချွန်တွေလို ဖောက်ထွင်းကုန်တယ်။ သူ့ကိုယ်ကြီးက ချက်ချင်း ပြားချပ်ကာ နောက်ထပ်ဘန်းခနဲအသံနဲ့အတူ ပေါက်ကွဲထွက်သွားတယ်။ အဲဒါက အသားအပိုင်းအစတွေနဲ့တူတဲ့ အမည်းအစတွေအဖြစ် ပေါက်ကွဲသွားကာ အမည်းရောင်အငွေ့အဖြစ် တန်းလွင့်ပျောက်သွားခဲ့တယ်။
အဲတော့မှ ကူယွဲ့ အသက်ရှုထုတ်မိတော့တယ်။ သူ့တစ်ကိုယ်လုံး သက်သာရာရကာ ဓားကို စီးဖို့ အားမရှိတော့သလိုမျိုး ကောင်းကင်ကနေ တန်းကျလာတယ်။
"စားဖိုမှူး" ရှန်းရင်က အမြန်လှမ်းခေါ်လိုက်တယ်။
ယိချင်း ချက်ချင်းပျံထွက်ကာ ကောင်းကင်ကနေ အားမရှိတော့လို့ ကျလာတဲ့ လူကို ဖမ်းလိုက်တယ်။
"ဖေဖေနျို အဆင်ပြေရဲ့လား" ရှန်းရင်က ရှေ့တက်မေးတယ်။
ကူယွဲ့ တန်းပြီးသာ မျက်ဆံလှန်ပြလိုက်တယ်။
"ငါအဆင်ပြေတဲ့ပုံများ ပေါက်နေလား"
ဒါပေမဲ့ ရှန်းရင်က အင်မတန်နွေးထွေးတဲ့အပြုံး ပြုံးပြတယ်။ "ဖေဖေနျို လုပ်တာ ကောင်းတယ်"
"တကယ်ကို အရမ်းကောင်းတယ်" စားဖိုမှူးက ထပ်ပေါင်းပြောတယ်။
"ဟမ့်" ကူယွဲ့ နှာမှုတ်ပြီး တစ်ခုခုကို မှတ်မိသွားသလိုမျိုး ထပ်ပြောလိုက်တယ်။
"ငါ့ကိုဖားနေတာ တော်တော့၊ သောက်ကျိုးနည်း မင်းတို့နှစ်ယောက်ဘယ်သွား..."
သူ စကားမဆုံးခင် ကောင်းကင်ကနေ ဘန်းခနဲ အသံအကျယ်ကြီး ထွက်လာတယ်။ ကောင်းကင်တစ်ခုလုံး တွန့်လိမ်သွားပြီး အပေါက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာတယ်။ ကသောင်းကနင်းသားရဲ ပြောင်းသွားတဲ့ အမည်းရောင်ဓာတ်ငွေ့တွေကို ချက်ချင်း တစ်ခုခုက ဆွဲနေသလိုမျိုး အဲအမည်းရောင်အပေါက်ထဲ အပြေး အသည်းအသန် ဝင်ကုန်တယ်။ မကြာခင် အဲအငွေ့ကလုံးဝပျောက်သွားပေမဲ့ အပေါက်ကမပိတ်သေးဘဲ ပိုပြီးတောင် ကြီးမားတဲ့အရှိန်နဲ့ စတင်စုပ်ယူနေတယ်။ ပတ်ဝန်းကျင်က ခရမ်းရောင်ဓာတ်ငွေ့တွေပါ အထဲကို အပြေးဝင်ကုန်တယ်။
"မူလရင်းမြစ်အက်ကြောင်းပဲ" ဟုန်မုန့်က အလောတကြီးပျံသန်းလာကာ သူ့မျက်နှာက ပိုလို့တောင် စိုးရိမ်နေပုံ။
"အဲကသောင်းကနင်းသားရဲက မူလရင်းမြစ်ကသောင်းကနင်းဆီ အက်ကြောင်း ဖွင့်လိုက်တာပဲ၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ မူလရင်းမြစ်ကသောင်းကနင်းက ဘာကိုမဆို ဝါးမျိုနိုင်တယ်၊ တကယ်လို့ ပြင်မရရင် မျက်နှာပြင်တစ်ခုလုံး မူလရင်းမြစ် ကသောင်းကနင်းထဲ ဆွဲသွင်းခံရမှာ"
"ဆရာ၊ ဒါက..." ယိချင်းလည်း အဲအပေါက်နက်ထဲ ကြည့်ကာ မျက်နှာမှာ ထိတ်လန့်မှုအပြည့်။ တစ်နည်းနည်းနဲ့ သူ ဒါကိုရင်းနှီးနေသလို ခံစားရတယ်။ "မျက်နှာပြင်မုန်တိုင်းလား"
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက နည်းနည်းအလုပ်ရှုပ်တယ်။ သူ ဖေဖေနျို့ဘက် အလိုလို လှည့်ကြည့်မိလိုက်တယ်။ ဒါကိုပြင်နိုင်လား။
ဒါပေမဲ့ ကူယွဲ့က သက်ပြင်းချကာ ရှန်းရင်ကို မော့ကြည့်ပြီး ခါးသက်သက်ပြုံးလာတယ်။ "ကြည့်ရတာ ငါဒီမျက်နှာပြင်ကို လွှဲပြောင်း မယူနိုင်ဘူးထင်တယ်" သူ ဒါက စမ်းသပ်မှုဆိုတာ ခပ်ရေးရေး ခံစားမိပြီးသား။ ဒါပေမဲ့ စီမံထိန်းသိမ်းသူနဲ့လက်ထောက်ပဲ မျက်နှာပြင်မုန်တိုင်းကို ရင်ဆိုင်နိုင်မှာ။ သူက အဲကသောင်းကနင်းသားရဲကို နှိမ်နင်းရာမှာ အားအကုန်သုံးပြီးပြီ။ ခုသူ့မှာ ဒီတစ်ခုကိုပြင်ဖို့ အားမကျန်တော့ဘူး။
"နင်လုပ်နိုင်ပါတယ် ဖေဖေနျို" ရှန်းရင်က စိုးရိမ်ပူပန်မှုနည်းနည်းလေးတောင်မပြ။
"ရှန်းရင်၊ ငါ မယူချင်တာ မဟုတ်ဘူး၊ ခုအခြေအနေနဲ့ဆို ဒါက..."
"နင်လုပ်နိုင်ပါတယ်" ရှန်းရင်က တကယ်ပဲ သူ့စကားတွေကို ကြားဖြတ်ပြောကာ ရုတ်တရက် သူ့လက်ကိုဆွဲ၊ မျက်နှာပြင်မုန်တိုင်းဘက် မြှောက်လိုက်ရင်း ချိုသာစွာ ပြုံးတယ်။
"နင်က အကောင်းဆုံးပါ ဖေဖေနျို"
...
အခန်း ၅၃၇ ။ စီမံရေးအသစ်
ကူယွဲ့ မှင်တက်သွားတယ်။ နောက်အခိုက်အတန့်မှာ အားကောင်းတဲ့စွမ်းအင်တစ်ခု သူ့ကိုယ်ထဲ စီးဆင်းလာတာကို ခံစားလိုက်ရတယ်။ သူ အလိုလို အပြင်ကိုလွှတ်ကာ သူ့လက်ဖဝါးထဲ အဖြူရောင်အလင်းတစ်ခု တောက်ပလာတယ်။ ချက်ချင်း ပတ်ဝန်းကျင်ကို အဖြူရောင် အရောင်စိုးကာ ထူးခြားတဲ့စွမ်းအင်တချို့က နေရာတိုင်းကို ဖြတ်တိုက်သွားတယ်။ ပြီးတော့ လေထဲမှာ အဆက်မပြတ် ချဲ့လာတဲ့ အပေါက်ကြီးကလည်း ကျုံ့လာကာ တဖြည်းဖြည်း အဖြူရောင်ထဲ သေးကယ်လာပြီး နောက်ဆုံးတော့ အရင်ကတစ်ခါမှ ပေါ်မလာဖူးသလိုမျိုး ပျောက်ကွယ်သွားတော့တယ်။
သူတို့ပတ်လည်မှာ တောက်ပနေတဲ့ ခရမ်းရောင်ချီက ပျောက်ကွယ်သွားပြီး သူတို့အောက်မှာ ခရမ်းရောင်ပင်လယ်တစ်ခု ပေါ်လာပေမဲ့ တဖြည်းဖြည်း ကျုံ့လာပြီး ခဏအတွင်းမှာတင် လူတစ်ယောက်လက်ဖဝါးအရွယ် ဖြစ်ကာ ကူယွဲ့လက်ဖဝါးထဲတည်ငြိမ်စွာ ဆင်းသက်သွားတယ်။
နောက်အခိုက်အတန့်မှာ မျက်နှာပြင်တစ်ခုလုံးနဲ့ ပတ်သက်တဲ့အရာအားလုံးက ကူယွဲ့စိတ်ထဲ စွဲထင်ကုန်ပြီး စွမ်းအင်အသစ်တစ်မျိုးက သူ့ကိုယ်ထဲကစိမ့်ထွက်လာတယ်။ ဒါက သူ မျက်နှာပြင်လက်ထောက် ဖြစ်လာချိန်က ခံစားခဲ့ရတာထက် အဆတစ်ရာ ပြင်းတယ်။ အချက်အလက် ပမာဏအများကြီးက သူ့စိတ်ထဲ တလိမ့်ထိုး ဝင်လာတာများ မျက်နှာပြင်တစ်ခုလုံးရဲ့ ထောင့်တိုင်းကို အတွေးတစ်ချက်နဲ့ မြင်နိုင်သလိုပဲ။ သူ မျက်နှာပြင်လက်ထောက် ဖြစ်ခဲ့ချိန်က ဒီလိုခံစားချက် ရခဲ့တယ်ဆိုပေမဲ့ ခုက လုံးဝကို ကွဲပြားတဲ့အရာပဲ။ ကမ္ဘာကြီးတစ်ခုလုံးက သူ့လက်တွေထဲ ရှိနေပြီး သူ့ထိန်းချုပ်မှုအောက် အသနားခံနေရသလိုပဲ။
"လူကြီးမင်း ခင်ဗျားမူလရင်းမြစ်ကို နှိမ်နင်းလိုက်ပြီပဲ" ဟုန်မုန့်က သူ့လက်ထဲက ခရမ်းရောင်စမ်းရေကန်ကို ဝမ်းသာစွာ ကြည့်ကာ မော့ကြည့်လာတယ်။
"ကောင်းလိုက်တာ၊ ဒီလိုနည်းနဲ့ဆို... ဟမ်" သူက ရုတ်တရက် အူလည်လည်ဖြစ်သွားကာ သူ့ရှေ့က ကူယွဲ့ကို ရီဝေစွာ ငေးကြည့်လာပြီး တစ်ခုခု ကွဲပြားနေတယ်လို့ ခံစားနေရတယ်။ သူ့ကိုယ်ထဲက အရှိန်အဝါက ရုတ်တရက် ခြေထောက်တွေကို ပျော့ခွေသွားစေကာ အကြောင်းရင်းမရှိ ဒူးထောက်ချမိသွားတယ်။ "ခင်ဗျား... ခင်ဗျား..."
"စီမံထိန်းသိမ်းသူ တရားဝင်ဖြစ်လာတဲ့အတွက် ဖေဖေနျိုကို ဂုဏ်ယူပါတယ်" ရှန်းရင်ပြုံးလိုက်တယ်။
သူမဘေးမှာတော့ ယိချင်းကလည်း နောက်တစ်လှမ်းဆုတ်ကာ တည်ကြည်စွာ လက်သီးဆုပ် ဂါရ၀ပြုတယ်။ "ဂုဏ်ယူပါတယ် ဖေဖေနျို"
ကူယွဲ့ အူကြောင်ကြောင် ဖြစ်သွားတယ်။ အဲတော့ ခုမှ သူတရားဝင် စီမံထိန်းသိမ်းသူဖြစ်လာတာလား။ ခေါင်းကိုငုံ့ကာ စောနက ရှန်းရင် ဆွဲဖမ်းလာတဲ့ သူ့လက်ကိုသူ လှမ်းကြည့်ကာ နောက်တစ်ဖက်က မူလရင်းမြစ်ကို ကြည့်ပြီး ရှန်းရင်ကခုလေးတင် သူ့ကို ကလိမ်ကျဖို့ ကူညီပေးလိုက်တယ် ခံစားနေရတယ်။
"စီမံထိန်းသိမ်းသူ လူ... လူကြီးမင်း..." ဟုန်မုန့်က ခုမှတုံ့ပြန်ကာ မျက်လုံးတွေရုတ်ခြည်းပြူးကုန်ပြီး ကူယွဲ့ကို စိုက်ကြည့်နေတယ်။ သူတို့မျက်နှာပြင်မှာ အဲလောက်မြန်မြန် စီမံထိန်းသိမ်းသူတစ်ယောက် ရသွားတာလား။ သူ အိပ်မက်မက်နေတာများလားဟေ။
"လူ..."
"ထွက်သွား" ကူယွဲ့ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ နောက်တော့ မူလရင်းမြစ် ခရမ်းရောင်ဓာတ်ငွေ့ကို ဒေါသတကြီး ပစ်ပေးလိုက်တယ်။ "မူလရင်းမြစ်ကို နှိမ်နင်းပြီးပြီ၊ ခုသွားပိုင်းပြီး လောကတွေ သွားဖွဲ့စည်းတော့"
"ကောင်းပါပြီ လူကြီးမင်း၊ ပြဿနာမရှိပါဘူး လူကြီးမင်း" ဟုန်မုန့်က စွဲလမ်းနေတဲ့ ပရိသတ်လို စိတ်လှုပ်ရှားစွာနဲ့ ထပ်တလဲလဲခေါင်းညိတ်ရှာတယ်။ ဒီကလူက သူတို့စီမံထိန်းသိမ်းသူတဲ့လေ၊ သူတို့ဟာ သူ တစ်ဖက်လှည့်ကာ ထွက်ခွာမို့ရှိသေး တစ်စုံတစ်ခုကို တွေးမိကာ ပြန်လှည့်လာခဲ့တယ်။
"ဒါပေမဲ့လူကြီးမင်း ကျွန်တော် ကောင်းကင်စွမ်းအင်တစ်ဝက်ကို ဆုံးရှုံးထားတာဆိုတော့ လောကတွေကို ပိုင်းခြားဖွဲ့စည်းဖို့ဆိုတာ နည်းနည်း..." ခက်တယ်။
သူ မပြီးခင် ကူယွဲ့ လက်လှမ်းကာ နဖူးကို ထိလိုက်တယ်။ ဟုန်မုန့် တစ်စုံတစ်ခု သူ့ကိုယ်ထဲ စီးဆင်းလာပြီး သူ ဆုံးရှုံးထားတဲ့ ကောင်းကင်စွမ်းအင်က ချက်ချင်း ပြန်ရောက်လာတယ်။ သူ ထိတ်လန့်တကြား မျက်လုံးပြူးမိတယ်။ ဒါက စီမံထိန်းသိမ်းသူရဲ့ လုပ်နိုင်စွမ်းကိုး။
"မင်းအခု ဒိုးလို့ရပြီ" ကူယွဲ့ သူ့လက်ကိုယမ်းပြလိုက်တယ်။
"ဟုတ်... ဟုတ်" ဟုန်မုန့်က နောက်တော့ အူကြောင်ကြောင် အမူအရာနဲ့ထွက်သွားတော့တယ်။
ကူယွဲ့ နှစ်ယောက်ဘက်လှည့်ကာ အမူအရာမည်းနက်နေတယ်။ "အခု ငါမင်းတို့နှစ်ယောက်လုံးကို ရှင်းပြဖို့ အခွင့်အရေးပေးမယ် အဲကသောင်းကနင်းသားရဲက ဘာဖြစ်တာလဲ၊ မင်းတို့နှစ်ယောက်လုံး ငါ့တစ်ယောက်တည်း အဲဒါနဲ့ ရင်ဆိုင်ခိုင်းထားတာ အသိသာကြီး"
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီးမှ ယိချင်းက ရှင်းပြတယ်။ "အဲဒါ မျက်နှာပြင်ရဲ့ စမ်းသပ်မှုပါ ခင်ဗျားအတွက်"
"ဘာစမ်းသပ်မှုလဲ" ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။
"ဖေဖေနျို မျက်နှာပြင်ကို လွှဲယူဖို့ဆိုတာ ရိုးရှင်းတဲ့တာဝန်မဟုတ်ဘူးလေ" ယိချင်းက ခပ်တိုးတိုးပြောတယ်။
"မျက်နှာပြင်ရဲ့ ခွင့်ပြုချက်ရပြီးမှသာ စီမံထိန်းသိမ်းသူတကယ်ဖြစ်လာတာ၊ ဒီဘက်အခြမ်းမှာ မျက်နှာပြင်အသိစိတ် မရှိခဲ့ဘူး၊ ကောင်းကင်တာအိုက ခင်ဗျားကြောင့် မွေးဖွားလာတာ၊ ဒါကြောင့် မူလရင်းမြစ် ခရမ်းရောင်ဓာတ်ငွေ့ရဲ့ အသိအမှတ်ပြုမှုနဲ့မှ ခင်ဗျားကို စီမံထိန်းသိမ်းသူအစစ်လို့ စဉ်းစားခံရမှာ၊ ခင်ဗျားစောနက လုပ်ပြီးပြီ"
"အဲတော့ ကသောင်းကနင်းသားရဲက ငါ့စမ်းသပ်မှုမို့ တစ်ယောက်တည်း ကိုင်တွယ်ရတာလား" ကူယွဲ့ အူလည်လည်ဖြစ်နေတယ်။
"ဟုတ်တယ်" ယိချင်းက ခေါင်းညိတ်တယ်။ "တကယ်လို့ ဆရာနဲ့ကျွန်တော် ဝင်ပါရင် မူလရင်းမြစ်ရဲ့ အကဲဖြတ်မှုကို သက်ရောက်သွားလိမ့်မယ်"
"ဒါဆို ငါ အရင်ကလုပ်ခဲ့သမျှအားလုံးကို အစမ်းခန့်ကာလအဖြစ် စဉ်းစားခဲ့တာလား"
"အဲလိုပြောလို့ရတယ်" သူက ခေါင်းညိတ်ကာ ဆက်ပြောတယ်။ "ခင်ဗျားက ကောင်းကင်တာအို ထွက်ပေါ်လာအောင် လုပ်ခဲ့တယ်၊ အဲဒါနဲ့တင် ခင်ဗျားကို စီမံထိန်းသိမ်းသူဖြစ်လာဖို့ အခွင့်အရေး ရသွားပြီ"
အဲတော့ ကောင်းကင်တာအိုက ဝင်ခွင့် အဆင့်သက်သက်လား။
ကူယွဲ့ စားဖိုမှူးဘက်လှည့်ကာ မျက်မှောင်ကြုတ်တယ်။ "မင်းက ဘယ်လိုလုပ်အားလုံးအကြောင်း ဒီလောက် သိနေရတာလဲ၊ ခဏနေပါဦး မင်းရဲ့ အရှိန်အဝါက ဘာလို့..." တစ်ခုခုကိုတွေးမိသလိုမျိုး သူ့မျက်လုံးတွေကပြူးကုန်တယ်။
"သေစမ်း၊ မင်း ဘယ်တုန်းက စီမံထိန်းသိမ်းသူ ဖြစ်လာတာလဲ" သူက အရင်က လက်ထောက် ဖြစ်ခဲ့ချိန်က မပြောနိုင်ခဲ့ပေမဲ့ ခုစီမံထိန်းသိမ်းသူ ဖြစ်လာပြီးနောက်မှာ ယိချင်းရဲ့ အရှိန်အဝါက သူနဲ့ တစ်ပုံစံတည်းပဲ။
ယိချင်းက တောင့်တင်းသွားပြီး ပွင့်လင်းစွာ ဖော်ပြလာတယ်။ "ကျွန်တော်က ဆရာ အိပ်မောကျသွားပြီးနောက်ပိုင်း ပြန်သက်သာလာတည်းက ဖြစ်လာတာပဲ"
ကူယွဲ့ ရှန်းရင်ကို ဒေါသတကြီးကြည့်လိုက်တယ်။ "မင်းသောက်ကျိုးနည်း ပိုပျင်းနိုင်ဦးမှာလား" မျက်နှာပြင်နှစ်ခုလုံးကို သူတို့ဆီ ဒီလိုပစ်ထုတ်ပေးတယ်ပေါ့။
"ဖေဖေနျို၊ ဒီလိုအသေးအဖွဲတွေကို အာရုံမစိုက်စမ်းပါနဲ့" ရှန်းရင်က အမြန် အသီးတစ်လုံး ကမ်းပေးလာတယ်။ "အသီးတစ်လုံး လိုချင်လား"
"သွားစမ်း" မင်း ငါ့ကိုမှိုလို့ ထင်နေတာလား။ ငါ့ကို အသီးတစ်လုံးတည်းနဲ့ လာချော့လို့ရတယ်ထင်နေလား။ သူက နည်းနည်း ဆက်တွေးပြီးတော့ ပြောလိုက်တယ်။
"ခဏနေဦး၊ တကယ်လို့ စီမံထိန်းသိမ်းသူဖြစ်လာဖို့ မျက်နှာပြင်ရဲ့ အသိအမှတ်ပြုမှုလိုတယ်ဆိုရင် မင်းငါ့ကို စောနက ထိုးပေးခဲ့တဲ့ အဲမျက်နှာပြင်လွှဲပြောင်းစာရွက်က လုံးဝအတုမလား"
"အမ်..." ရှန်းရင်က တောင့်တင်းသွားပြီး သူ့မျက်လုံးတွေက ဟိုဟိုဒီဒီ ဝေ့ဝဲသွားကာ အသီးကို တိတ်တိတ်လေးပြန်ယူ လေးနက်မှုအပြည့်နဲ့ မေးလိုက်တော့တယ်။ "စားဖိုမှူး၊ ဘာအချိန်လဲ၊ နေ့လယ်စာစားချိန်လား"
"ခေါင်းစဉ်ပြောင်းဖို့ မကြိုးစားနဲ့" ခေါင်းစဉ်ကို အတင်းပြောင်းနေတယ်ပေါ့။ ကူယွဲ့ သူမကို ဒေါသတကြီးကြည့်ကာ အမူအရာက အိုးတစ်လုံးလို မည်းတူးနေတယ်။
"မင်းတို့နှစ်ယောက်လုံး ပေါင်းပြီး ငါ့ကို တစ်ပတ်ရိုက်နေကြတယ်ပေါ့လေ၊ ဒါမှမဟုတ်ဒါတွေက စားဖိုမှူး ဖြစ်လာတည်းက စခဲ့တာလား"
"ဟင့်အင်း၊ အဲလောက်တော့ မဝေးပါဘူး" ယိချင်းက ကြားဖြတ်ပြောလိုက်တယ်။
"ကျွန်တော်တို့ တောင်ဘက်မြေဆီ ရောက်ချိန်မှ သိတာမို့ အဲကနေစတွက်လို့ရပါတယ်"
"ဘာကွာလို့တုံး"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ကောင်းပြီလေ၊ ကွာဟချက်မရှိဘူးပဲ သနားစရာတီကောင်၂ကောင် ကြောက်လန့်စွာ တုန်ယင်ကုန်တယ်။
ခဏအကြာ...။
"ထားလိုက်တော့" ထူးခြားတာ ကူယွဲ့က မပေါက်ကွဲဘဲ သူ့အမူအရာက ရှန်းရင်ကိုကြည့်ရင်း ငြိမ်းချမ်းနေတယ်။ "ငါယူပြီးပြီပဲဟာ၊ တခြားနည်းမရှိတော့ဘူးပဲ"
"ဖေဖေနျိုအကောင်းဆုံးပါ"
"ဖေဖေနျို အင်အားအကြီးဆုံးပါ"
"ထွက်သွား" ကူယွဲ့ သူတို့ကို မျက်ဆံလှန်မှုနဲ့ ဆုပေးလိုက်ပြီး ရုတ်တရက်မှောင်လာတဲ့ ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်။ သိပ်မဝေးတဲ့ မိုးကုပ်စက်ဝန်းက လိမ့်ပတ်ပြောင်းလဲလာတာကို မြင်ရတယ်။ ကြည့်ရတာ ဟုန်မုန့်က ကမ္ဘာတွေကိုစတင်ခွဲခြားပြီမို့ မျက်နှာပြင်လမ်းကြောင်းဖွင့်လိုက်တယ်ထင်တယ်။
"ကောင်းကင်ဘုံဆီအရင်ပြန်ကြရအောင်၊ လောကကြီးရဲ့ ပိုင်းခြားမှုစတင်နေပြီ"
နောက်အခိုက်အတန့်မှာ သုံးယောက်သား လုံးဝမည်းနက်တဲ့ ကောင်းကင်ဘုံဆီ ရောက်လာတယ်။ အလယ်မှာ ရွှေအပင်ကြီးတစ်ခုတည်း သီးခြားရှိနေတယ်။ တစ်ခုတည်းသောကွာခြားချက်က ခရမ်းရောင်သစ်ပင်တစ်ခြု ရွှေရောင်သစ်ပင်ဘေး တဖြည်းဖြည်းကြီးထွားလာပြီး ဖြည်းဖြည်းချင်း အကိုင်းတွေခွဲထွက်နေတာပဲ။ ဒါ ကူယွဲ့ ခုလေးတင် လွှဲယူလိုက်တဲ့ မျက်နှာပြင်ပေါ့။
"ဒီသစ်ပင်က ဘာဖြစ်တာလဲ" ကူယွဲ့ ရှန်းရင်ဘက် လှည့်ကြည့်လိုက်တယ်။
"အိုး အဲမျက်နှာပြင်ဘက်ခြမ်းကို ကောင်းကင်ဘုံနဲ့ ချိတ်ဆက်လိုက်တာ" ရှန်းရင်က ပေါ့ပေါ့ပါးပါး ရှင်းပြတယ်။ "ဒီလိုနည်းနဲ့ဆို ပိုအဆင်ပြေတယ်လေ"