← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း ၅၅၃ ။ မဝင်ရင်သေ

"ဒီပန်းတွေက ဘာကိုယ်စားပြုလဲဆိုတာ မေးခွန်း မေးခွင့်ရှိမလား" ကူယွဲ့မနေနိုင်တော့ဘူး။

အမျိုးသမီးကပြန်ဖြေတယ်။

"နင်တို့၂ယောက်လုံးက ဒီမှာအသစ်ဆိုတော့ မသိလောက်ဘူး၊ ဒီမျက်နှာပြင်ပေါ်ကရေက ရေသစ်မှန်လို့လူသိများတယ်၊ ဒါက စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ပုံစံအစစ်ကို ပြတယ်လေ၊ ပေါက်လာတဲ့ပန်းတွေက စီမံထိန်းသိမ်းသူရဲ့စွမ်းအားအစစ်ကို ပြတယ်၊ ပန်းရဲ့အရာင်က ဖျော့လာလေ ရေမျက်နှာပြင်ပေါ်လျှောက်နေတဲ့ စီမံထိန်းသိမ်းသူရဲ့ကျင့်ကြံဆင့်က မြင့်လေပဲ၊ ငါတို့ရေကိုယ်ထည်က ပန်းအဖြူပေါက်တာကို မြင်ဖူးတာ ပထမဆုံးပဲ" သူတို့လက်ခံရရှိတဲ့ ၁၆ယောက်ထဲမှာ တစ်ယောက်မှ ပန်းအဖြူရောင် မရှိခဲ့ကြဘူး။

သူတို့ခြေထောက်အရှိန်အဝါတွေက တကယ်ပဲ အဲ့လောက်တောင် အသုံးဝင်တာလား။

ကူယွဲ့ စားဖိုမှူးဘက် မျက်နှာလှည့်လိုက်ပြီး ထူးဆန်းတဲ့အမူအရာ ပေါ်လာတယ်။ စီမံထိန်းသိမ်းသူအနေနဲ့ သူတို့ရဲ့စွမ်းအင်တွေကို မြင့်မားတယ်လို့သတ်မှတ်လို့ ရတာလား။ သူ မထင်ခဲ့ဘူး။ စီမံထိန်းသိမ်းသူမြင့်လေ ပန်းတွေရဲ့အရောင်က ဖျော့လေဆိုတာသာ မှန်ရင် ဘာလို့ ရှန်းရင် လမ်းလျှောက်နေတုန်း နောက်မှာ ပန်းတွေ မရှိတာလဲ။

သူတို့ရဲ့ခြေထောက်အရှိန်အဝါက...

အာဖွီ ပန်း‌တွေကြောင့် စီမံထိန်းသိမ်းသူ၁၆ယောက်က ပိုပြီး ကြင်နာစွာ ကြည့်လာတယ်။ သူတို့ကို စောနက အထင်သေးမှုတွေနဲ့ဆက်ဆံနေတဲ့ တုကျီတောင် ပါးစပ်ပေါက်ပိတ်သွားတယ်။

"ငါတို့ထဲက တစ်ယောက် ဖြစ်လာတဲ့အတွက် နင်တို့ကိုကြိုပြီးတာ့ ဂုဏ်ပြုထားသင့်တဲ့ပုံပဲ" အမျိုးသမီးက သူတို့အပေါ်ပိုပြီး နွေးထွေးသထက် နွေးထွေးလာတယ်။

ကူယွဲ့ သူမကို ချက်ချင်း မငြင်းမိအောင် ထိန်းလိုက်ရတယ်။ ဒါပေ့ါ သူ ဒီမဟာတာအိုဆိုတဲ့ အဖွဲ့အစည်းကို ဝင်ဖို့စိတိကူးမရှိဘူး။ ဖြောင့်မတ်တဲ့အဖွဲ့အစည်း မဟုတ်မှန်း သိသာတယ်။ စောနကတွေ့ခဲ့တဲ့ ဖန်းဖန်းဆိုတဲ့အမျိုးသမီး မှန်တယ်။ သူတို့ကြားမှာ ပဋိပက္ခ ဖြစ်ဖို့မလိုဘူး။ မကြောက်ဘူးဆိုရင်တောင်မှပါ့။ ပြီးတော့ ဒီလူတွေက သူတို့ကို ထောက်ခံပေးနေတဲ့ မျက်နှာပြင်တွေ ရှိပြီးသား။ သူတို့သာ ကူယွဲ့၊ ယိချင်းနဲ့ ရှန်းရင်ကို စမ်းဖို့ပူးပေါင်းလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမယ်မှန်း ဘယ်သူက သိမှာလဲ။ ဒါကြောင့်လဲ ကူယွဲ့တို့တွေအိမ်ကိုလှည့်ပြန်မဲ့အစား ဒီကိုခရီးတစ်ခေါက် လာဖို့ဆုံးဖြတ်ခဲ့တာပဲ။ သူတို့တွေ ဒီရောက်နေပြီဆိုတော့ အဖွဲ့အစည်းထဲကို ဝင်ဖို့စိတ်ဝင်စားနေသလိုသာ ဟန်ဆောင်လိုက်တော့တယ်။

"နင်တို့ရဲ့အရည်အချင်းတွေအရဆို စမ်းသပ်ချက်ကို အလွယ်တကူ အောင်မြင်ခဲ့တာမဆန်းဘူး"

အမျိုးသမီးက လက်ကို မြှောက်ပြီး ဂါတာတစ်ခု ဖန်တီးလိုက်တယ်။ "ခေါင်းဆောင်ယွီဟန့်... အာ"

သူမ ရုတ်တရက် တန့်သွားတယ်။

"ဘာကိစ္စလဲ" သူမရဲ့အမူအရာက မှင်တက်နေတာကို မြင်တော့ နောက်က လူကမေးတယ်။

"စမ်းသပ်မှုကမ္ဘာငယ်လေး ပျောက်သွားပြီ" လူတိုင်း ရပ်သွားတာ သူတို့အမူအရာတွေလည်း ပြောင်းသွားတယ်။ လူတိုင်းက အလယ်ကလူတွေကို ကြည့်လိုက်ကြတယ်။ နွေးထွေးတဲ့ အမူအရာတွေက ပျောက်သွားပြီး အမျိုးသမီးက သူတို့၂ယောက်ကို ခေါင်းအစခြေအဆုံး စစ်ဆေးကာ ခပ်တိုးတိုး ပြောတယ်။

"ငါတို့စမ်းသပ်ဖို့အတွက် ပုံမှန်သုံးနေကြ ကမ္ဘာငယ်လေးက ငါတို့ ထိန်းချုပ်မှု အတိုင်းအတာအတွင်းကနေ ထွက်သွားပြီးတော့ အရိပ်အယောင်မရှိ ပျောက်သွားတာကို အာရုံခံမိတယ်၊ နင်တို့စမ်းသပ်မှု အောင်မြင်ပြီးနောက်မှာ ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား"

လာပြီ

ကူယွဲ့ နားမလည်တဲ့အမူအရာနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။ "စမ်းသပ်ချက်လား၊ စမ်းသပ်ချက်ဆိုတာ ဘာကိုဆိုလိုလဲ သိခွင့်ရှိမလား" သူက သူမပြောနေတဲ့စကားကို တစ်လုံးမှ နားမလည်တဲ့ပုံ သတိတကြီး ဟန်ဆောင်နေတယ်။

"ဒီအဖွဲ့အစည်းကို ပါဝင်ဖို့အတွက် စမ်းသပ်ချက်ကို အောင်မြင်ရဦးမှာလား"

"နင်တို့စမ်းသပ်ချက်ကို မလုပ်ခဲ့ရဘူးလား" အမျိုးသမီးက သူ့ကိုခေါင်းအစခြေအဆုံး သံသယနဲ့ ကြည့်တယ်။

"သေချာပေါက် ခင်ဗျားတို့ဖိတ်ကြားစာထဲက အရှိန်အဝါနောက်ကို လိုက်လာခဲ့တာပေါ့"

ကူယွဲ့က စောနက ပြင်ဆင်ထားတဲ့ အနီရောင်ဖဲကြိုးကို ထုတ်လိုက်တယ်။ သူ့မသေမျိုးချီကို ထည့်သွင်းကာ အမျိုးသမီးဆီ လွင့်မျောစေလိုက်တယ်။ အမျိုးသမီးက ယူပြီး သူ့မျက်နှာက မည်းမှောင်သွားတယ်။ ဘေးနားက တုကျီဆိုတဲ့ စီမံထိန်းသိမ်းသူက တစ်ခုခုကိုနားလည်သွားပြီး တဟားဟား ထရယ်တော့တယ်။

"ဟားဟားဟားဟား... မင်းတို့ ၂ယောက် စမ်းသပ်ချက်ကို ဒီလောက်မြန်မြန် အောင်မြင်နိုင်တယ်လို့ တကယ်တွေး မိခဲ့တာ၊ မင်းတို့က စမ်းသပ်မှုကိုတောင် မဖြေခဲ့ဘူးကိုး"

သူစကားပြောပြီးတာနဲ့ အမျိုးသမီးဘက် လှည့်လိုက်တယ်။ "ရှောင်ယွင်၊ မင်းဒီလောက် သေးငယ်တဲ့‌အရာကို ဘယ်လိုရှုပ်အောင်လုပ်နိုင်တာလဲ၊ ခေါင်းဆောင်လာရင် မင်းဘယ်လိုရှင်းပြမလဲ ကြည့်ရသေးတာပေါ့"

"နင်" အမျိုးသမီးက ဒေါသထွက်သွားတယ်။ သူမက တုကျီကို ဒေါသတကြီးစိုက်ကြည့်ကာ ကူယွဲ့နဲ့ ယိချင်းဘက်ကို မုန်းတီးမှုအချို့နဲ့ ပြန်ကြည့်တယ်။ သူမမျက်ဝန်းတွေထဲမှာ နွေးထွေးမှုတစ်စက်တောင် မကျန်တော့။

"ကျွန်မတို့ ဒါကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်လဲ၊ သူတို့ကို လက်ခံသင့်တယ်လို့ထင်လား လက်မခံသင့်ဘူးလား"

တခြားသူတွေက အကြည့်ချင်း ဖလှယ်တယ်။ သူမဒီလိုအမှားမျိုး လုပ်မယ်လို့လဲမထင်ထားဘူး။ သူတို့တစ်ခုခုမပြောနိုင်ခင် တုကျီက ဖြေတယ်။

"သေချာပေါက် မရဘူးပေါ့ သူတို့စမ်းသပ်ချက်ကို မအောင်မြင်ရင် အဖွဲ့အစည်းထဲဝင်ပါလို့မရဘူး၊ အဲဒါ စည်းမျဉ်းစည်းကမ်းပဲ" တုကျီက သူတို့ကိုကြည့်တယ်။

"ဒီလူတွေ ဘယ်လောက်ပဲ သန်မာပါစေ စည်းကမ်းကို လိုက်နာရမှာပဲ"

"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမှာလဲ" ရှောင်ယွင်က စိတ်ရှုပ်စွာနဲ့ ကြည့်တယ်။

"စမ်းသပ်ချက်အသစ် ဖန်တီးမှဖြစ်မှာလား၊ စမ်းသပ်မှုကမ္ဘာငယ်လေးက ပျောက်သွားပြီ"

"ဘာပဲဖြစ်ဖြစ် သူတို့ကို ငါတို့ထဲ အလွယ်တကူ ဝင်ပါစေလို့မဖြစ်ဘူး၊ ပြီးတော့ သူတို့ကိုမင်း သတိထားမိတာလေ"

"နင်-"

သူတို့၂ယောက် အပူတပြင်း ငြင်းခုန်နေကြတာမြင်တော့ နောက်ကလူက ထပြောတယ်။

"တော်ကြတော့၊ ခေါင်းဆောင်ရောက်လာပြီ"

သူတို့အမူအရာတွေက ချက်ချင်းပြောင်းသွားပြီး အကုန်တိတ်ကုန်တယ်။

သာမန်စီမံထိန်းသိမ်းသူထက် ပိုသာတဲ့ ထူးခြားတဲ့ဖိနှိပ်မှုအရှိန်အဝါကို ခံစားလိုက်ရတာပဲ။ ကူယွဲ့နဲ့ ယိချင်းတောင် တန့်သွားပြီး ညာဘက်ကို အလိုလိုလှည့်လိုက်တယ်။

ညာဘက်က ဟင်းလင်းပြင်က တွန့်လိမ်ကာ လည်ပတ်သွားတယ်။ အနက်ရောင်ဝတ်ရုံနဲ့ ယောက်ျားတစ်ယောက် ပေါ်လာတယ်။ သူ့ဝတ်ရုံတွေက မြေကြီးထိ ရှည်လျားပြီး အပေါ်မှာတော့ အရောင်မျိုးစုံသော ပန်းတွေ ထိုးထားတယ်။ သူ့ဆံပင်ရှည်တွေက နောက်မှာ လွင့်မျောနေတယ်။ သူ့မျက်ခုံးတွေက ထက်ရှပြီး မျက်စိထဲ ထင်းနေတယ်။

မုန်လာဥဖြူ လူအသွင်တုန်းကထက်တောင် အများကြီး ဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီးတော့ ထင်ရှားတဲ့ အေးစက်မှုတစ်မျိုး ရှိနေတယ်။ စောနက သူတို့ခံစားခဲ့ရတဲ့ဖိနှိပ်မှုဟာ သူ့ဆီက လာတာ။ လွဲမှားစရာမရှိဘူး။

ဒါက သူတို့ပြောတဲ့ ခေါင်းဆောင်ယွီဟန့်ဆိုတာပဲ ဖြစ်ရမယ်။ ကူယွဲ့နဲ့ ယိချင်း သတိနဲ့ ကျောမတ်ကာ ကြည့်နေတယ်။ ဒါ သာမန်စီမံထိန်းသိမ်းသူ မဟုတ်လောက်ဘူး။

"နှုတ်ဆက်ပါတယ် ခေါင်း‌ဆောင်" လူ၁၆ယောက်က နှုတ်ဆက်ကာ ဂါရ၀ပြုတယ်။ သူတို့ရဲ့ဒီလုပ်ဖော်ကိုင်ဖက်ကို လေးစားမှုတင်မကပဲ... အကြောက်တရားနဲ့ပါ ဆက်ဆံနေတာလား။

"မင်းတို့ဘာအကြောင်း ငြင်းခုန်နေတာလဲ" ယွီဟန်က မေးတယ်။ ရှောင်ယွင်ရဲ့အမူအရာက ပြောင်းလဲသွားကာ ရှေ့ကို တစ်လှမ်းလှမ်းပြီး ရှင်းပြတယ်။

"ခေါင်းဆောင် ခုလေးတင် ဖိတ်ကြားထားတဲ့ စီမံထိန်းသိမ်းသူ၂ယောက်နဲ့ ပြဿနာရှိလို့ပါ၊ သူတို့တွေက စမ်းသပ်မှုကို မဖြတ်သန်းဘဲ ဒီကိုရောက်လာခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ စမ်းသပ်မှုကမ္ဘာငယ်လေးက ပျောက်နေတာမလို့ ကျွန်မတို့ သူတို့ကို စမ်းသပ်မှုဖြေဖို့အတွက် ပြန်ပို့လို့မရဘူး၊ ဒါကြောင့်"

"ဘာဖြစ်သွားခဲ့တာလဲ ယွီဟန်က ကြားဖြတ်တယ်။

ရှောင်ယွင်ရဲ့မျက်နှာက ဖြူဖျော့သွားတယ်။ သူမက ဖဲကြိုးနီကို သူ့ဆီကမ်းပးလိုက်တယ်။

"ခေါင်းဆောင် ဒါကျွန်မအမှားပါ၊ ကျွန်မ ဖဲကြိုးထဲကို ကူးပြောင်းမှု မြေပုံအညွှန်းကို အမှားကြီး ချည်ပေးလိုက်မိတယ်၊ ခေါင်းဆောင်ပေးတဲ့ ဘယ်အပြစ်ကိုမဆို လက်ခံပါ့မယ်"

ယွီဟန်က ဖဲကြိုးကိုကြည့်ပြီး အမူအရာက မာကြောသွားတယ်။ "မင်းဘာလုပ်ဖို့စီစဉ်ထားလဲ" ရှောင်ယွင်က တုံ့ဆိုင်းနေသေးတယ်။

"သူတို့ရဲ့စွမ်းရည်တွေက အတော်လေးတော့ ကျေနပ်စရာကောင်းတယ်..."

သူမက အဖြူရောင်ပန်းတွေ အကြောင်း ရှင်းပြလိုက်တယ်။

"စည်းကမ်းတွေကစည်းကမ်းတွေပဲ" တုကျီက ရုတ်တရက်ရှေ့ကို တိုးကာ ကြားဖြတ်ပြောတယ်။

"ခေါင်းဆောင် စမ်းသပ်ချက်ကိုတောင် မအောင်မြင်သေးသူတွေက မဟာတာအိုအဖွဲ့အစည်းကို ဝင်ပါလို့မရဘူး၊ ဒီစည်းကမ်းတွေကို ပြန်ပြီးတော့ ရေးလို့မရဘူး၊ မဟုတ်ရင် ဘယ်သူ့ကိုမဆို စပြီး လက်ခံနေရမှာပေါ့"

"ငါတို့ သူတို့ကို ပြန်ပို့ပေးလို့မရဘူးလေ၊ ဟုတ်တယ်မလား"

"ပြန်ပို့ပေးရမယ်လား" တုကျီက အေးစက်စက် ရယ်တယ်။ သူက အလယ်ကလူတွေကို ယုတ်မာမှုအပြည့်နဲ့ ကြည့်တယ်။ "ငါတို့ သူတို့ကို ဘာအတွက်ပြန်ပို့ပေးရမှာလဲ။ ငါတို့ရဲ့အဖွဲ့အစည်းကို ပါဝင်ဖို့ ကျရှုံးတဲ့ စီမံထိန်းသိမ်းသူတွေကို ဘယ်တုန်းက ပြန်ပို့ပေးခဲ့ဖူးလို့လဲ"

ရှောင်ယွင်က သူပြောချင်သည်ကို နားလည်ပြီးတန့်သွားတယ်။ "နင်ဆိုလိုချင်တာက-"

"သူတို့တွေက ငါတို့စည်းကမ်းတွေကိုရှုပ်ထွေးအောင်လုပ်ခဲ့တယ်၊ သေချာပေါက် တန်‌ကြေး ပေးဆပ်ရမှာပေါ့" တုကျီမျက်လုံးတွေက တောက်ပသွားပြီး ကူယွဲ့နဲ့ ယိချင်းကို ကြည့်တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် သူတို့မျက်နှာပြင်‌တွေက အရေးမှ မကြီးတာ၊ အသစ် ဖွဲ့စည်းထားတာတွေပဲလေ၊ ဒီလို၂ယောက် စွမ်းအားတွေက အပြင်က ရေကိုယ်ထည်ကို အာဟာရဖြစ်စေဖို့ အသုံးချလို့ရတယ်၊ ပြီးတော့ ငါတို့အဖွဲ့ဝင်တွေ ပိုပြီးအား‌ကောင်းလာနိုင်တာ‌ပေါ့၊ အဲဒါက သူတို့ကို ပိုပြီးတော့ အကျိုးရှိတဲ့အသုံးချမှု မဟုတ်လား"

...

အခန်း ၅၅၄ ။ တိုက်ပွဲကြီး

တုကျီ စကား‌ပြောပြီးတာနဲ့ လူတိုင်းရဲ့မျက်လုံးတွေက တောက်ပသွားကြတယ်။ သူတို့တွေက ကူယွဲ့နဲ့ယိချင်းကို သုတ်သင်ခံရဖို့‌ စောင့်‌နေတဲ့ သိုးလေးတွေလို ဝိုင်းကြည့်ကြတယ်။

ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ သူဒီမဟာတာအိုအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ရုတ်တရက် နားလည်သွားပြီ။

"အဲ့တော့ ဒါမင်းတို့တွေ အဖွဲ့ဝင် စုဆောင်းတဲ့နည်းလမ်းပေါ့" ရွံရှာမှုက သူ့ကိုလွှမ်းမိုးသွားခဲ့တယ်။ သူ အဲအုပ်စုကို သေချာကြည့်ကာ အေးစက်စက်ရယ်လိုက်တယ်။

"ဒါဘာမဟာတာအိုအဖွဲ့အစည်းတုံး၊ မင်းတို့တွေက နောက်ဆုံးတော့လည်း မျက်နှာပြင် ကျူးကျော်သူတွေပါပဲ"

"မင်းဘာပြောလိုက်တယ်"တုကျီရဲ့အမူအရာက မည်းမှောင်သွားတယ်။

"မင်းတို့တွေက ခွေးကောင်တစ်သိုက်လို့ပြောနေတာ" ကူယွဲ့ရင်ထဲ ဒေါသ မြင့်တက်လာတယ်။ သူရုတ်တရက် စောနက သူတို့ဆီ ပြေးသွားပြီး ထုထောင်းချင်စိတ်ကို ထိန်းချုပ်ခဲ့မိလို့ တုံးအတယ်လို့ ခံစားလိုက်ရတယ်။ "တစ်ဖက်မှာတော့ မင်းတို့တွေက အဖွဲ့ဝင်အသစ် စုဆောင်းမိတယ်လို့ ပြောပေမဲ့ တစ်ဖက်မှာတော့ မင်းတို့တွေက တခြားသူတွေရဲ့မျက်နှာပြင်တွေ ပျက်စီးပျောက်ကွယ်သွားဖို့ပဲ အာရုံ‌စိုက်နေတာ၊ အဲဒီနေရာမှာ စီမံထိန်းသိမ်းသူတစ်ယောက်မက သေဆုံးသွားခဲ့ပြီဆိုတာ ငါပြောရဲတယ်"

သူတို့ဘက်ကနေ စပြီး "ဖိတ်ကြားစာ"တွေပို့ပေမဲ့ အဲဒီဖိတ်ကြားခံရတဲ့ဧည့်သည်တော်တွေကို စမ်းသပ်မှုတွေ ဖြေခိုင်းတယ်။ ပြီးတော့ တုကျီပြောပုံအရဆိုရင် သူတို့တွေက ရေကိုယ်ထည်ရဲ့ စမ်းသပ်ချက်ကို မအောင်မြင်တဲ့စီမံထိန်းသိမ်းသူတွေရဲ့ ဝိညာဉ်ကို စားသုံးခဲ့တဲ့ပုံပဲ။ ဖန်းဖန်းတို့လို လူတွေရဲ့မျက်နှာပြင်ဆို ဖျက်ဆီးခံရမှာ။ တခြားနည်းလမ်းနဲ့ဆိုရရင် သူတို့တွေ ဖိတ်ကြားမှုကို လက်ခံခံ လက်မခံခံ သေရမှာပဲ။

ဒါဘယ်လိုအဖွဲ့အစည်းတုံး။ ကူယွဲ့စောနက သူတို့နဲ့ရန်ပဋိပက္ခ မဖြစ်အောင် ထိန်းခဲ့တာကို ပြန်စဥ်းစားမိတယ်။ ဒီလိုလူအုပ်က သူတို့ကိုအစတည်းက အခွင့်အရေးပေးဖို့တောင်မစဉ်းစားဘူးလို့ မထင်ခဲ့ဘူး။ သူတို‌ နောက်ထပ် ဘာဆက်လုပ်မလဲလို့ ရွေးချယ်တာက ဘယ်လိုလုပ် ကွာခြားမှုရှိဦးမှာလဲ။

"မင်းတို့အားလုံး ကျူးကျော်သူတွေနဲ့ ဘာများကွဲပြားဦးမှာလဲ" ကူယွဲ့တောက်ခေါက်လိုက်တယ်။

"မဟုတ်ဘူး မင်းတို့က ကျူးကျော်သူတွေထက် ဆိုးတယ်၊ ကျူးကျော်သူတွေက သူတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်းရှိတယ်၊ မင်းတို့က မင်းတို့ရဲ့ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့အတွက် မဟာတာအိုအဖွဲ့အစည်းဆိုတဲ့ နာမည်ကို သုံးတာ မဟာတာအိုတဲ့လား၊ မဟာတာအိုဆိုတာ ဘာတာအိုတုံး၊ မင်းတို့တွေက ဖျက်ဆီးမှုအထူးပြုတာလား"

"ဘာလို့မင်း..." တုကျီဒေါသထွက်သွားတယ်။ သူ ကူယွဲ့ကို ဓားမြောင်အကြည့်တွေပို့လွှတ်နေတယ်။ ဒါပေမဲ့ ဘာမှမပြောရဲ၊ မလှုပ်ရှားရဲ။ သူလုပ်နိုင်သမျှက ယွီဟန်ဘက်လှည့်ဖို့။

"ခေါင်းဆောင်"

အဲ့တော့မှ ယွီဟန်က စက်ဝိုင်းအလယ်က လူတွေကို ကြည့်လိုကိတယ်။

"မဆိုးဘူး၊ စည်းမျဉ်းစည်းကမ်းတွေက စည်းမျဉ်းစည်းကမ်းတွေပဲ" သူကလက်သီးဆုပ်ကာ သူ့လက်ထဲကဖဲကြိုးက ဖုန်မှုန့်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။ ယွီဟန်က အကြည့်မြှောက်လိုက်တယ်။ "သူတို့တွေက စမ်းသပ်မှုကမ္ဘာငယ်လေးထဲ သွားခဲ့ရုံတင်မကဘူး၊ လွှတ်လည်း လွှတ်ပေးလိုက်တာပဲ"

"ဟမ်" တခြားသူတွေက ယွီဟန့်ကို မယုံနိုင်သလို လှည့်ကြည့်ကြတယ်။ စမ်းသပ်မှုကမ္ဘာငယ်လေးကို လွှတ်ပးလိုက်တဲ့သူက သူတို့ကိုး။

"မင်းအရှိန်အဝါကို ဖျက်ဆီးပြီးတာနဲ့ ငါမပြောနိုင်ဘူးလို့ထင်တာလား" ယွီဟန်က မျက်မှောင်ကြုတ်ကာ ဆက်ပြောတယ်။ "မင်းတို့တွေ စမ်းသပ်မှုကမ္ဘာငယ်လေးကို လွှတ်ပေးမှတော့ မင်းတို့ကို ရေကိုယ်ထည်လေးဆီ အစာကျွေးရုံတင်မကဘူး မင်းတို့ရဲ့မျက်နှာပြင်တွေကိုပါ ယူပြီး သူတို့ကို စမ်းသပ်မှုကမ္ဘာငယ်လေးအဖြစ် ပြောင်းလဲပစ်မယ်"

"ဟုတ်" လူ၁၆ယောက်က ပြိုင်တူသဘောတူကြတယ်။ ကူယွဲ့ သူနဲ့ ဆက်ပြီး ငြင်းခုန်မနေတော့ဘူး။ သူရော စားဖိုမှူးပါ ဓားတွေကို ဆင့်ခေါ်လိုက်ကြတယ်။

ဒါဆိုလည်း အဲ့လိုလုပ်ဖို့မင်းဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။ မင်းတို့တွေ လူများတော့ ဘာဖြစ်တုံး။ သူတို့တွေ နောက်တစ်ခု သိလိုက်ရတဲါအချိန်မှာတော့ လူတိုင်းက သူတို့ဆီ ပြေးတက်လာကြပြီ။ လူတိုင်းက သူတို့ကို ဝိုင်းထားကြတယ်။ "ခင်ဗျားက ဘယ်ဘက်က၈ယောက် ကျွန်တော်က ညာဘက်က၈ယောက်"စားဖိုမှူးက အော်ပြောပြီး ပထမဆုံးတိုက်ခိုက်မှုလှိုင်းကို ခုခံဖို့ သူ့ဓားအင်းကွက်ကို ထုတ်သုံးလိုက်တယ်။ နောက်‌တော့ သူတို့ဆီကို ဖျတ်ခနဲ ပြန်တိုက်ခိုက်တော့တယ်။

"ဟင့်အင်း" ကူယွဲ့ရုတ်တရက် ကန့်ကွက်လိုက်တယ်။ သူ သူ့ဝတ်ရုံထဲက တစ်စုံတစ်ရာကိုထုတ်ကာ အုပ်စုစီ ပစ်လိုက်တယ်။ အဖြူရောင်အလင်းတန်း ပေါ်လာပြီး အရောင်၄ခုစီ ကွဲထွက်သွားကာ နံရံတစ်ခုစီ ကွဲထွက်သွားတယ်။ အဲ့ဒါက စီမံထိန်းသိမ်းသူ၂ယောက်ကို အထဲမှာ ပိတ်မိစေတယ်။

"တစ်ယောက်ကို ၇ယောက်စီ"

သစ်တော်သီးမိန်းကလေး ပေးလိုက်တဲ့ သစ်တော်သီးတွေက တကယ်အသုံးဝင်တာပဲ။

ရုတ်တရက် ကောင်းကင်တစ်ခုလုံး ရောင်ခြည်တန်းတွေ ပစ်ခတ်နေတာနဲ့ ပြည့်နှက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက စီမံထိန်းသိမ်းသူတွေ သူတို့က စံနှုန်းတစ်ခုတော့ရှိကြတယ်။ ကောင်းကင်ရဲ့ အလင်းတွေကနေ တိုက်ပွဲက ပြင်းထန်တယ်ဆိုတာသိသာတယ်။ ဒါပေမဲ့ သူတို့က အင်မတန် မြန်ဆန်စွာ လှုပ်ရှားနေတာမလို့ ပုံသဏ္ဌာန်တွေကို ကွဲကွဲပြားပြား မမြင်ရဘူး။

စကြဝဌာထဲမှာ အရှိန်အဝါပေါက်ကွဲမှုတွေ အများကြီး‌ရှိလာတယ်။ နောက်တော့ ဘယ်ဘက်စင်မြင့်ပေါ် ရပ်ကျန်နေခဲ့တဲ့လူကတော့ ၃ယောက်ထဲ။ မျက်နှာသေအမူအရာနဲ့ ယွီဟန် ပြီးတော့ အလင်းနံရံထဲ ပိတ်မိနေသူ အခြားစီမံထိန်းသိမ်းသူ၂ယောက်။

ကူယွဲ့နဲ့ ယိချင်းက ရာထူးတိုးခါစဆိုပေမဲ့ စီမံထိန်းသိမ်းသူတွေနဲ့ တိုက်ခိုက်တာ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ပြီးတော့ သူတို့ အရင်တစ်ခေါက်က ရင်ဆိုင်ခဲ့ရတဲ့ စီမံထိန်းသိမ်းသူနဲ့စာရင် ဒီစီမံထိန်းသိမ်းသူတွေက ပိုပြီးစံနှုန်းနိမ့်တယ်။ ပြီးတော့ သူတို့ ၇ယောက်၁‌ယောက်နဲ့ ၂ယောက်လုံး လုံးဝ မရှိန်သွားဘူး။ ပြီးတော့ သူတို့တွေ တိုက်ခိုက်နေတဲ့ စီမံထိန်းသိမ်းသူ၂ယောက်ကိုတောင် ဒဏ်ရာရစေခဲ့တယ်။

သူတို့ရဲ့အမူအရာတွေအာလုံးက ခုတော့ ကွဲပြားနေပြီ။ တိုက်ပွဲတွေကပြင်းထန်ပြီး ပတ်ပတ်လည်က ကောင်းကင်က တွန့်လိမ်ကာ လည်ပတ်နေတယ်။ စားဖိုမှူး တိုက်ခိုက်‌နေတဲ့လူတွေထဲ တုကျီက အခက်ထန်ဆုံးပဲ။ ဖြစ်နိုင်တာက သူစောနက စကားပြာများသွားလို့ထင်တယ်။ သူတိုက်ခိုက်တဲ့ တိုက်ခိုက်မှု အားလုံးက အခြားသူများထက်ပိုပြီး စွမ်းအားပြင်းတယ်။ အချိန်တိုတွင်း သူ့တစ်ကိုယ်လုံးမှာ အရောင်စုံတွေဖုံးလွှမ်းနတယ်။ သူပိုပြီးတိုက်ခိုက်လေ သူ့စွမ်းအင်တွေ ချောချောမွတ်မွတ် စီးဆင်းသွားလေပဲ။

သူအံကြိတ်က ယိချင်း တခြား စီမံထိန်းသိမ်းသူ၆ယောက်ကို တိုက်ခိုက်နေတုန်း သူယိချင်းနောက်ကနေ ခိုးတိုက်ခိုက်ဖို့ အခွင့်အရေးယူလိုက်တယ်။ သူခန္ဓာကိုယ်ထဲက စွမ်းအားမှန်သမျှကို စုစည်းပြီး ယိချင်းဆီ ပြင်းထန်တဲ့တိုက်ခိုက်မှု ပြုလုပ်လိုက်တယ်။ သူယိချင်းဆီ ထိခါနီးဆဲဆဲမှာတင် သူက တစ်ဖက်လှည့်ကာ တုကျီတိုက်ခိုက်မှု ရှိရာဘက်ကို ဓားလှစ်ခနဲ လှည့်ကာ တန်ပြန်‌ရှောင်ဖယ်လိုက်တယ်။ နောက်တော့ လမ်းကနေ မရှောင်ခင်မှာ ပြန်လည်တိုက်ခိုက်လိုက်တယ်။ အဲ့လိုနဲ့ ... တုကျီရဲ့တိုက်ခိုက်မှုက ကြားထဲက တခြားစီမံထိန်းသိမ်းသူတွေအပေါ် တည့်တည့် ကျရောက်သွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တုကျီက အဲ့ဒီတိုက်ခိုက်မှုကိုပြုလုပ်ဖို့ သူ့ဆီ ရှိသမျှစွမ်းအား အားလုံးကိုအသုံးပြုခဲ့တာ။ အဲ့စွမ်းအားက ဝုန်းခနဲ ပျက်သွားပြီးတော့ မြေကြီးပေါ် ကျသွားခဲ့တယ်။ သူ မသေသေးပေမဲ့ သေလုနီးပါးတော့ ဖြစ်သွားခဲ့ပြီ။ တုကျီ သူ့လူတွေထဲကတစ်ယောက်ကို ထိမှန်အောင် လုပ်မိမယ် မထင်ခဲ့ဘူး။ သူရှေ့ကမြင်ကွင်းကို အူတူတူ စိုက်ကြည့်နေပေမဲ့ သူ့ကိုယ်ထဲပိုပြီး စွမ်းအားရှိလာတာကို ‌ တွေ့ရကာ ယိချင်းရဲ့ ဓားအ‌ခြေကိုထိန်းပြီး နောက်တစ်ခါပြန်တိုက်ခိုက်တော့တယ်။ အက်ကွဲကြောင်းကြီး ပေါ်လာကာ တစ်ယောက်ယောက်က စက်တစ်မျိုးမျိုးကို အသက်သွင်းလိုက်သလိုပဲ။ ပိန်းပိတ်အောင် မည်းနက်နေတဲ့ အက်ကွဲကြောင်းကြီးတွေ ပေါ်လာတယ်။ စကြဝဠာကြီးတစ်ခုလုံး ပြိုလဲတော့မလိုပဲ။ ကူယွဲ့ဒါအတွက် အသင့်ပြင်ပြီးသား။ သူအက်ကွဲကြောင်းတွေဆီ ဓားချီတစ်ဝှေ့ကို ပြစ်လွှတ်လိုက်ပြီးတော့ အရာအားလုံးက အပိုင်းပိုင်းအစစ ပြိုလဲကုန်တယ်။

ကောင်းကင်တစ်ခုလုံး အနက်ရောင်မှန်ကွဲစတွေနဲ့ တူသွားတယ်။ တစ်ခုပြီးတစ်ခု အပိုင်းအစတွေက မြေကြီးဆီ မြန်ဆန်စွာ ကျဆင်းလာတယ်။ နောက်ထပ်ဝုန်းကနဲအသံတစ်ခုနဲ့ ညကောင်းကင်ယံက ပျောက်ကွယ်သွားပြီး လှပတဲ့ နန်းတော်က အောက်ကိုပြိုကျသွားခဲ့တယ်။

လူတိုင်း ရေကိုယ်ထည်ဆီ ပြန်ရောက်နေတာကို ရုတ်တရက် တွေ့လိုက်ရတယ်။ ကူယွဲ့နဲ့ ယိချင်းပေါ်ဖိထားတဲ့ ဖိအားက ပျောက်ကွယ်သွားပြီ။ တခြားစီမံထိန်းသိမ်းသူတွေရဲ့ အမူအရာက ပျောက်ကွယ်သွားခဲ့တယ်။

ကူယွဲ့ သူ့ရင်ဘတ်တစ်ခုလုံး ပြေလျော့သွားတာကို ခံစားမိတယ်။ ဟမ့် သူနဲ့စားဖိုမှူးက သူတို့ဆွေးနွေးနေတုန်း ဒီတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲ ဒီတိုင်း ရပ်ကြည့်နေမယ်လို့ တကယ်ပဲ ထင်နေကြတာလား။ ဒီစကြဝဠာတစ်ခုလုံးကို သူတို့အဖြေရှာပြီးပြီ သူတို့က ဘုံတစ်ခုထဲကဘုံတစ်ခုကို ရောက်နေတာ။ ပြီးတော့ အဲ့ဘုံက အဲဒီစီမံထိန်းသိမ်းသူ၁၆ ယောက်ရဲ့ အပိုင်။ ပြီးတော့ သူတို့ရဲ့စွမ်းအားတွေ ထိန်းချုပ်ခံနေရတယ်လို့ ၂ယောက်လုံး ခံစားခဲ့ရတာပဲ။ သူတို့စကားပြောနေတုန်း သူနဲ့စားဖိုမှူးက အဲ့ဒီဘုံကို ဘယ်လိုချိုးဖြတ်ရမလဲ ဆွေးနွေးနေခဲ့တာ။

သူတို့အပေါ်ပိကျနေတဲ့ ဖိနှိပ်မှုအရှိန်အဝါ မရှိတော့ ၂ ယောက်သား ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသေးတယ်။ တစ်ဖက်ခြမ်းမှာက လူပိုများတယ်လေ။ တစ်ယာက်က မလှုပ်မယှက်နိုင်တော့ဘဲ ၂ ယောက်ကပိတ်လှောင်ခံထားရပြီး တုကျီလက်လျော့ကာ ၂ယောက်က အပြင်းအထန် ဒဏ်ရာ ရထားပေမဲ့လည်း သန်မာ‌နေဆဲ ၁၁ ယောက် ရှိသေးတယ်။ တောင့်ခံဖို့အတွက်က ခဲယဉ်းတယ်လေ။ ရန်သူတွေကလည်း သူတို့စုပေါင်းချိန် ပိုပြီး အင်အားကြီးပြီး လူခွဲချိန် အင်အားနည်းတာကို စတင်သိရှိလာကြတယ်။ ဒါကြောင့် သူတို့တွေက သူတို့တိုက်ခိုက်မှုတွေကို စတင်ညှိနှိုင်းကာ တိုက်ခိုက်လာကြတော့တယ်။ တိုက်ပွဲက လုံးဝပြောင်းလဲမှုမရှိ ဖြစ်နေတယ်။ ရုတ်တရက် သစ်တော်သီး၁ခုက ဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာပြီး ကူယွဲ့တိုက်ခိုက်နေတဲ့ စီမံထိန်းသိမ်းသူ၂ယောက်ကို ထိသွားတယ်။ နောက်ထပ်တောက်ပတဲ့ အဖြူရောင်အလင်းတန်း ထပ်ပေါ်လာပြီး အရောင်၄ရောင် ထပ်ခွဲသွားကာ ‌နံရံတစ်ခု ထပ်ဖွဲ့စည်းသွားတယ်။ စီမံထိန်းသိမ်းသူ၂‌ ယောက်အထဲမှာ ပိတ်‌လှောင်ခံလိုက်ရပြီး ကူယွဲ့ တန့်သွားတယ်။

သူ လှည့်ကြည့်လိုက်တော့ ဖန်းဖန်းက နောက်မှာ မောဟိုက်ရင်း ရပ်တန့်နေတာ တွေ့လိုက်ရတယ်။ သူ့ကြည့်ရတာ အပြေးလိုက်လာခဲ့တဲ့ပုံပဲ။

"သစ်တော်သီး" ကူယွဲ့ လှမ်းခေါ်လိုက်တယ်‌။

"ကျွန်မနာမည်က ဖန်းဖန်း" သူမ သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။

...

အခန်း ၅၅၅ ။ စီမံထိန်းသိမ်းသူအစွမ်းများ

"မင်းတို့ ဘာလို့ ပြန်ရောက်လာတာလဲ" သူမ မျက်နှာပြင်အသစ်ကို ပျိုးထောင်ဖို့ ထွက်သွားမယ် ပြောခဲ့တယ်မဟုတ်လား။

သူမက လျှောက်လာရင်း သူတို့ကို တိုက်ခိုက်မှုတွေ ခုခံပေးလေတယ်။

"နင်တို့အားလုံး ငါ့ကို အရင်က ကူပေးခဲ့တာလေ ထွက်သွားပြီး နင်တို့ကိုယ်နင်တို့ ခုခံခိုင်းတာလိုမျိုး သစ္စာမရှိတဲ့ဟာ မလုပ်နိုင်ဘူး" သူမ အံကြိတ်ကာ အမူအရာက ခက်ထန်သွားတယ်။ "ချီး ဒါတစ်ဘဝပဲကို၊ ဆုံးရှုံးသွားလည်း ဆုံးရှုံးပါစေတော့"

"..." ကူယွဲ့ သူမကို အူကြောင်ကြောင်စိုက်ကြည့်နေမိတယ်။ သူ ဝူတိဂိုဏ်းက တပည့်တွေကို နောက်တစ်ကြိမ် ကြည့်နေရသလိုပဲ။

"မှန်တယ်၊ အဲမိန်းကလေးရှန်းရင် ဘယ်မှာလဲ၊ သူ အဆင်ပြေရဲ့လား" ဖန်းဖန်းက ဟိုဟိုဒီဒီ ကြည့်ကာ စိတ်ပူပန်စွာမေးတယ်။

ကောင်းပြီလေ၊ ဒါ ကူယွဲ့ စိတ်ကယောင်ခြောက်ခြား ဖြစ်နေတာ မဟုတ်ဘူး။ ဒီသောက်ကျိုးနည်းရှန်းရင် - သူ မတော်တဆ ဝတ္ထုတစ်ခုခုထဲက ဇာတ်လိုက်မင်းသားရဲ့ ဇာတ်ကြောင်းကို ခိုးထားတာများလား။ ဘာလို့ မိန်းကလေးတွေအားလုံး သူ့ကို စွဲလမ်းနေကြတာလဲ။

"အဆင်ပြေပါတယ်" ကူယွဲ့က နှုတ်ခမ်းသပ်လိုက်တယ်။ "သူ့ကို ခေါင်းဆောင်ကြီးနဲ့ ထားခဲ့ပြီ - ငါတို့က ဒီလူတွေကို ရှင်းဖို့ပဲ တာဝန်ရှိတာ"

သစ်တော်သီးမိန်းကလေးက စိတ်အေးသလို သက်ပြင်းချကာ သူတို့ဆီ ပြေးဝင်လာသူတွေအပေါ် အာရုံစိုက်လိုက်တယ်။ အခု သူမက သူတို့ကိုကူညီဖို့ရောက်နေတော့ ကူယွဲ့နဲ့ယိချင်းတို့ အများကြီး ပိုလွယ်ကူလာတယ်။ ပြီးတော့ သူတို့ ရန်သူနှစ်ယောက်တောင် ထပ်ရှင်းပြီးပြီ။ ခုဆို သုံးယောက်နဲ့ ကိုးယောက်။ ဖန်းဖန်းအစွမ်းနဲ့ဆို သူမက တစ်ကြိမ်မှာ စီမံထိန်းသိမ်းသူတစ်ယောက်နဲ့ပဲ ရင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ကူယွဲ့နဲ့ ယိချင်းကတော့ တစ်ခါကို လေးယောက်စီ ရင်ဆိုင်ဖို့ လုံလောက်တာထက် ပိုတဲ့အစွမ်း ရှိတယ်။

ရုတ်တရက် တိုက်ပွဲအတွင်း စွမ်းအား အပြောင်းအလဲရှိသွားတယ်။ ကျန်ရစ်နေတဲ့ စီမံထိန်းသိမ်းသူတွေ မိနစ်နဲ့အမျှ ပိုဒဏ်ရာရလာကြတယ်။ စင်မြင့်ပေါ် ရပ်ပြီး တိုက်ပွဲကို စောင့်ကြည့်နေတဲ့ယွီဟန့်က ရုတ်တရက် မျက်နှာမှုန်သုန်လာတယ်။ သူက မျက်မှောင်ကြုတ်ကာ တောက်ခေါက်လေရဲ့။ "ဟမ့်၊ မင်းတို့ ပုရွက်ဆိတ်လေးတွေ"

သူ ရှေ့ကိုလှမ်းကာ ကူယွဲ့ စောနက စီမံထိန်းသိမ်းသူနှစ်ယောက်ကို ချုပ်နှောင်ထားဖို့ ခင်းထားတဲ့ အလင်းနံရံရှေ့ရပ်လိုက်တယ်။ သူ အလင်းနံရံကို စတင်ဖျက်ဆီးကာ လူနှစ်‌ယောက်ကို ထုတ်ပေးဖို့ လုပ်တယ်။ သူ့လက်သီးကို တင်းတင်းဆုပ်နေတုန်း ဘေးကလက်တစ်ဖက်က သူ့ကိုတားဆီးဖို့ လှမ်းလာတယ်။

သူ လှည့်ကာ အပြုံးတစ်ပွင့်နဲ့ သက်သောင့်သက်သာရှိတဲ့မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။

"တောင်းပန်ပါတယ်၊ နင်က ငါ့တာဝန်ပဲ"

ဟမ်။

ယွီဟန့်က တန့်သွားတယ်။ ဒါ ဘယ်သူလဲ။ ဘယ်က ရောက်လာတာတုံး။ သူ အလိုလို သူမ ဆုပ်ကိုင်ထားမှုကနေ လွတ်မြောက်အောင် လက်ကိုလှည့်ကြည့်ပေမဲ့... သူ လုံးဝလှုပ်ရှားမရတာ သိလိုက်ရတယ်

ရှန်းရင် မျက်လုံးတွေ မှေးလိုက်တယ်။ "‌ဒါကြောင့်... ငါတို့စလို့ရမလား"

စမယ်... ဘာကိုလဲ။

သူ မတုံ့ပြန်နိုင်ခင် ကြီးမားတဲ့အရှိန်တစ်ခုက သူ့ကို လွှမ်းမိုးလာတာ ခံစားလိုက်ရတယ်။ သူ့ရင်ထိတ်သွားတော့တယ်။ သူ့တခြားလက်နဲ့ ရှိသမျှခွန်အားကိုစုကာ ရှန်းရင်ကို ရိုက်ချဖို့ပြင်တယ်။

ရှန်းရင်က ချက်ချင်း သူ့ကို လွှတ်ပေးကာ တိုက်ခိုက်မှုကို ကာဆီးတယ်။ ယွီဟန့်လက်ဖဝါးက သူမလက်မောင်းနဲ့ ထိသွားတယ်။ ဒီရိုက်ချက်က ယွီဟန့်ခွန်အားအားလုံး ပါဝင်နေတာ။ သာမန်စီမံထိန်းသိမ်းသူတွေဆို မသေရင်တောင် ကိုယ်တစ်ပိုင်း သေသွားလိမ့်မယ်။ ဒါပေမဲ့... ရှန်းရင်က နည်းနည်းလေးတောင် မတွန့်သွား။ အဲအစား ယွီဟန့်က နောက်ပြန်လွင့်သွားခဲ့တယ်

သူ့ရိုက်ချက်အရှိန်က ပြန်ကန်ထွက်ကာ အနောက်ကို အနည်းဆုံးဆယ်ပေလောက် ပျံသန်းထွက်သွားစေခဲ့တယ်။

တခြားတစ်ဖက်ခြမ်းမှာတော့... ရှန်းရင် တစ်ယောက်ယောက်က ပုရွက်ဆိတ်သတ်ဖို့ ခုလေးတင် ကြိုးစားလိုက်သလိုမျိုး သူမလက်မောင်းပေါ် ရိုက်ချက်တစ်ခု ခံလိုက်ရတယ်။

ရှန်းရင် ။ ။ "..."

ယွီဟန့် ။ ။ "..."

ယွီဟန့် ထိတ်လန့်တကြား ခုန်မိလိုက်တယ်။ သူ သူ့ရှေ့က အမျိုးသမီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။ သူမ သူ့တိုက်ခိုက်မှုကို တကယ်ပဲ ခုခံနိုင်တယ်ပေါ့။ "မင်းက ဘယ်လိုလူမျိုးလဲ"

"အာ..." အဲဒါမေးခွန်းကောင်းပဲ။ အဓိကက သူမလည်း ဘယ်လိုလုပ်မိလဲဆိုတာ မသိလိုက်ဘူး။ ဒါကြောင့် ပြန်ပြောလိုက်တယ်။

"နင်တို့လူဆိုးတွေက ဘာလို့ မေးခွန်းတစ်ပုံစံတည်း ‌အမြဲမေးကြတာလဲ" ဒီလိုဟာတွေကို ဆုံးဖြတ်ဖို့ အတွင်းရေး အစည်းအဝေးဘာညာတွေ ကျင်းပကြတာလား။

ယွီဟန့်အမူအရာက မည်းနက်သွားတယ်။ သူ့ဇဝေဇဝါဖြစ်မှုက ရုတ်တရက် အမျက်ဒေါသအဖြစ် ပြောင်းလဲကုန်တယ်။

"မင်းတို့ဘယ်သူလဲ ငါဂရုမစိုက်ဘူး ဒီနေ့ ‌ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့" သူ ငုံ့ကာ သူ့ကိုယ်ပေါ်က အရှိန်အဝါက ပြောင်းလဲသွားတယ်။ ရုတ်တရက် ကြောက်ခမန်းလိလိ အရှိန်အဝါနဲ့ ကြီးထွားလာပြီး သူစောနက ရှိထားတဲ့ စွမ်းအားထက် အဆပေါင်းများစွာ ရှိသလိုမျိုးပဲ။ သူက ရှန်းရင်ဟာ လွယ်ကူတဲ့ပစ်မှတ် မဟုတ်ဘူးဆိုတာ ခန့်မှန်းမိတဲ့အတိုင်းပဲ။ ဒီတိုက်ခိုက်မှုအတွက် အရာအားလုံး ပုံလောင်းဖို့ စိတ်ပိုင်းဖြတ်ထားလေတယ်။ သူမ ဒီလိုအနီးကပ်ရိုက်ချက်ကနေ လွတ်မြောက်နိုင်တယ်ဆိုတဲ့အချက်က သူမဟာ အနီးကပ်တိုက်ပွဲတွေမှာ ကျွမ်းတယ်ဆိုတာ သက်သေပြနေတယ်။ သူ အကွာအဝေး ထိန်းထားသရွေ့ သူမက သူ့ပြိုင်-

"အဲလိုလား" သူ သူမအသံကို နားဘေးမှာ ကြားလိုက်ရတယ်။ စောနက သူနဲ့ ဆယ်ပေကျော် ကွာနေခဲ့တဲ့ အမျိုးသမီးက ခု သူ့‌နောက်တည့်တည့်မှာ ရပ်နေတာမို့ သူမ သူ့ကိုမြင်တောင်မမြင်ရ။

သူ နောက်တစ်ခု သိလိုက်ရတာကတော့ အရိုးကျိုးမတတ် ရိုက်ချက်က သူ့ကျောပြင်ကို ထိမှန်ကာ စူးရှတဲ့နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံး ပျံ့သွားခဲ့တယ်။ သူ့ထဲက တစ်ခုခုက အက်သွားတာကို ဝိုးတဝါးခံစားမိတယ်။ သူ့ကိုယ်ကို အမြောက်တစ်ခုထဲကနေ ပစ်ထုတ်လိုက်သလိုပဲ။ သူ ရေကိုယ်ထည်ပေါ်ကနေ ပျံသွားကာ ကျသွားပြီး ရေမျက်နှာပြင်တစ်လျှောက် လျှောသွားရင်း လှိုင်းကြီးတစ်ခု ဖြစ်လာလေရဲ့။ သု ရေကိုယ်ထည်ကို ဖြတ်သွားရင်း ကူယွဲ့ကို တိုက်ခိုက်နေတဲ့ တခြားစီမံထိန်းသိမ်းသူသုံးယောက်ကိုပါ ဆွဲခေါ်မိသွားတယ်။

ဖန်းဖန်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့က အပိုသက်သက်များလား။

"ဆရာ" ယိချင်းက ဓားကိုသိမ်းကာ ပြန်ဆုတ်လာတယ်။ ကူယွဲ့နဲ့ ဖန်းဖန်းလည်း ရှန်းရင်ဆီ ပြန်ပျံသန်းလာတယ်။

"ရှန်းရင် အဆင်ပြေရဲ့လား" ဖန်းဖန်းက စိုးရိမ်တကြီးမေးတယ်။

ရှန်းရင်က တန့်သွားကာ ဖန်းဖန်း ဒီမှာရှိနေတာ ခုမှသိလိုက်ရတယ်။ သူမက လက်ကို မြှောက်ကာ နှုတ်ဆက်လိုက်တယ်။ "ဟေး သစ်တော်သီးမိန်းကလေး"

"..." ဖန်းဖန်း ရှန်းရင်ကို အူတူတူပြန်စိုက်ကြည့်လိုက်တယ်။ သူမအကြောင်း မှတ်မိသမျှက သစ်တော်သီးပဲလား။

လှိုင်းကြီးက နောက်‌ဆုံးတော့ ငြိမ်သွားတယ်။ ယွီဟန့်က ယိမ်းယိုင်နေရင်း မတ်တတ်ပြန်ရပ်ဖို့ ကြိုးစားတယ်။ မတ်တတ်ရပ်နိုင်သေးတာဆိုလို့ သူတစ်ဦးတည်း။ သူနဲ့အတူ လွင့်ပါသွားတဲ့ တခြားစီမံထိန်းသိမ်းသူသုံးယောက်ကတာ့ မလှုပ်မယှက် သတိလစ်ကာ လဲနေလေရဲ့။

ယွီဟန့် အတော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တာ။ ရှန်းရင်‌ သူ့ကျောကို ထိုးတဲ့ အပေါ်ယံ ဒဏ်ရာက ဒုတိယအဆင့်ပဲ ရှိတယ်။ သော့ချက်က သူ့ကိုယ်ထဲက အစွမ်းတွေအားလုံး စုပ်ယူခံနေရသလိုပဲ။ သူ နောက်ထပ်ခွန်အားစုဖို့ နည်းလမ်းမရှိ။ မတ်တတ်ရပ်ဖို့တောင် အားလက်ကျန်ရှိတယ်ဆိုရုံလေး။ ရုတ်တရက် သူတောင့်တင်းသွားတယ်။ အမုန်းတရား၊ အင်မတန်သတိထားမှုနဲ့အတူ သူက ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့ အမျိုးသမီးကို မော့ကြည့်တယ်။ သူမရဲ့ကိုယ်လေးထဲမှာ ဒီလိုကြောက်ခမန်းလိလိအစွမ်း ရှိနေမယ် တစ်ခါမှ မတွေးဖူးဘူး။ တစ်ချက်ပဲ ဆိုတာတောင် သူ ဒူးထောက်ရလုနီးပါးပဲ။ ဒီလူက တကယ်ပဲဘယ်သူလဲ။ ဒါ သာမန် စီမံထိန်းသိမ်းသူရဲ့ အစွမ်းတွေမဟုတ် မဟုတ်မှလွဲ...။

ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသလို သူ့မျက်နှာက အရောင် ဖြူဖျော့သွားကာ မျက်လုံးတွေ ပြူးကုန်တယ်။ သူ ရှန်းရင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။

"မင်းက... မော်နီတာလား"

ဘာလဲ။

လေးယောက်လုံး သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။

အဲဒါကြီးကဘာတုန်း။

ယွီဟန့်ကတော့ သူတို့တိတ်ဆိတ်မှုကို အတည်ပြုမှုလို့ သတ်မှတ်လေရဲ့။ သူ့အကြည့်က ရက်စက်သွားကာ မျက်နှာလှလှက ပိုပိုပြီး တွန့်လိမ့်လာတယ်။

"ဟမ့်၊ မော်နီတာတွေ ရှိသေးမယ် မထင်ခဲ့ဘူး" သူ့မျက်လုံးထဲက အကြောက်တရားက‌တော့ နက်ရှိုင်းလာလေရဲ့။ ရုတ်တရက် သူက တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်သလို အံကြိတ်တယ်။

"တကယ်လို့ အဲလိုဆိုရင် ငါလည်း အားကုန်ထုတ်ရုံပဲရှိတာပေါ့၊ မော်နီတာတွေက ဇာတ်လမ်းတွေ ပြောသလို တကယ်ပဲစွမ်းအားကြီးလား ကြည့်ရမယ်"

သူ့အမူအရာက ပြောင်းလဲသွားကာ ကိုယ်ပတ်လည်က အရှိန်အဝါက ပိုကြွယ်ဝလာတယ်။ သူ့ကိုယ်နားက ရေကိုယ်ထည်က အသက်ဝင်သွားသလို စတင်လှုပ်ခက်လာလေရဲ့။

ကူယွဲ့ တန့်သွားတယ်။ သူ တကယ်ခံစားချက် မကောင်းတော့ဘူး။

"ဘာတွေဖြစ်နေတာလဲ" ဖန်းဖန်းလည်း ထိတ်လန့်နေတယ်။ သူမသိလိုက်ချိန် သူမကိုယ်က နစ်ဝင်နေပြီ။ ကြောက်ခမန်းလိလိ အရှိန်တစ်ခုက သူမကို ဖိချနေသလို ခံစားရတယ်။ သူမခြေထောက်တွေ တုန်ယင်သွားကာ သွေးဖိအားက ဆူပွက်လာတယ်။ သူမ အချိန်မရွေး အပိုင်းပိုင်းအစစ ဖြစ်တော့မလိုပဲ။ ရှန်းရင် သူမကို လှမ်းဖမ်းဆွဲလိုက်တယ်။ နွေးထွေးတဲ့ခံစားချက်က ရုတ်တရက် ဖန်းဖန်းကိုယ်ထဲ ပြည့်သွားကာ သူမတစ်ကိုယ်လုံး ပြေလျော့သွားခဲ့တယ်။ သူမ ပြန်မတ်မတ်ရပ်နိုင်ပြီ။

သူမ နောက်ပြန်လှည့်တော့ ကူယွဲ့ရော ယိချင်းပါ မျက်နှာတွေမှုန်မှိုင်းနေတာ မြင်လိုက်ရတယ်။ ယွီဟန့်ခြေဖဝါးအောက် တစ်ခုခုကပွင့်လာတယ်။ သူ့ခြေထောက်အောက်က အမည်းပြားက မြန်ဆန်စွာ ပျံ့ထွက်သွားပြီး ရေကိုယ်ထည်တစ်ခုလုံးကိုဖုံးသွားလေရဲ့။ သေခါနီး တစ်ယောက်ယောက်က နေရာတစ်ခုလုံးကို မင်ရည်နဲ့ အရောင်ဆိုးနေသလိုမျိုး။ မင်ရည်က သူတို့လေးယောက်ရပ်နေရာဆီ မြန်ဆန်စွာ ချဉ်းကပ်လာတော့တယ်။

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူအလိုလို လှည့်ကြည့်မိကာ ကြောင်အမ်းသွားခဲ့တယ်။ "ငါတို့ပိတ်ထားတဲ့ စီမံထိန်းသိမ်းသူတွေ ပျောက်သွားပြီ ရှန်းရင်"

All Chapters