← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း ၅၅၆ ။ မသေခင်ရုန်းကန်မှု

ရှန်းရင်က အရှေ့ကို ပြေးတက်လာပေမဲ့ နည်းနည်း နောက်ကျသွားပြီ။ ယွီဟန့်က အသင့်ပြင်ပြီးသား။ ဖျတ်ခနဲ သူက ပျောက်သွားခဲ့တယ်။ ရှန်းရင် လေကို သာဆုတ်ကိုင်လိုက်မိတယ်။ ယွီဟန့်ကောင်းကင်ထဲ ပေါ်လာတာကို ကြည့်နေရတယ်။

ကူယွဲ့နဲ့တခြား၂ယောက်လည်း ပြေးလာရပြီးဆော့ စောနကတင် မြေကြီးပေါ်မှာလဲနေတဲ့ စီမံထိန်းသိမ်းသူတွေအားလုံး ပျောက်သွားပြီဆိုတာကို တွေ့လိုက်ရတယ်။ ကျန်ရစ်တာကတော့ ပိန်းပိတ်အောင်မည်းမှောင်နေတဲ့ ရေကိုယ်ထည်ပဲ။ ဘာတွေဖြစ်နေတာလဲ ယွီဟန့် ဘာတွေလုပ်နေတာလဲ။

"အဲ့ဒီစီမံထိန်းသိမ်းသူတွေ..."

"မင်းတို့ သူတို့ကို ရှာနေတာလား" သူတို့ရဲ့စိတ်ကို ဖတ်နေသလိုမျိုး ယွီဟန့်ရဲ့ မျက်နှာက စပ်ဖြဲဖြဲပြုံးသွားလေတယ်။ သူ့နောက်မှာတော့ စောနက အလင်းနံရံထဲ ပိတ်ထားခံရတဲ့ စီမံထိန်းသိမ်းသူအပါအဝင် ၁၆ယောက်လုံး တက်လာတယ်။ တချို့က မေ့မျောနေဆဲ။ ဒါပေမဲ့ မည်းနက်နေတဲ့ကြိုးတစ်‌ ချောင်းက ခန္ဓာကိုယ်ကို လှုပ်မရအောင်ပတ်ထားတယ်။

"ခေါင်းဆောင်" တုကျီက သွေးပျက်လာတယ်။ သူက အောက်ကို ငုံ့ကြည့်ပြီးတော့ သူ့ကိုယ်မှာ ကြိုးတစ်ချောင်းခိုင်ခိုင်မာမာ ရစ်ပတ်ထားတာကို မြင်လိုက်ရတယ်။ "ဘာတွေလုပ်..."

ယွီဟန့်က တုကျီကို တုံ့ပြန်ဖို့စိတ်ထဲကို မထား။ အဲ့ဒီအစား ရှန်းရင်ကို ပဲ စိုက်ကြည့်နေရင်း သူ့စိတ်လှုပ်ရှားမှုက ကြီးထွားလာတယ်။ "နဂိုတုန်းက ငါ့ရဲ့အစွမ်းတွေကို ဖြည်းဖြည်းချင်း တိုးမြှင့်ဖို့အတွက် နည်းလမ်းရှာချင်ခဲ့တာ၊ ငါက ဒဏ္ဍာရီလာ မော်နီတာကို ဆွဲဆောင်မိမယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ ‌ဒါလည်းကောင်းပါတယ်လေ..."

သူစကားပြောပြီးတာနဲ့ သူက အနီးဆုံးဖြစ်တဲ့တုကျီဆီ လက်ကို လွှဲရမ်းလိုက်တယ်။ တုကျီက အနီရောင်မီးခိုးအဖြစ် ပေါက်ကွဲထွက်သွားကာ ယွီဟန့်ကိုယ်ထဲ ဝင်သွားခဲ့တယ်။

ယွီဟန့်ကိုယ်ထဲက ခါထုတ်မရတဲ့အမည်းရောင်အရှိန်အဝါက အနီနဲ့ရောသွားတယ်။

တုကျီ အော်ဖို့တောင်အချိန်မရလိုက်။ ယွီဟန့်ရဲ့လှုပ်ရှားမှုတစ်ချက်နဲ့တင် သူ့ကိုယ်က မီးခိုးအဖြစ် ပြောင်းသွားကာ အရိုးတစ်ရိုးတောင်မကျန်ခဲ့ဘူး။

ယွီဟန့်ကိုယ်ပတ်လည်က အရှိန်အဝါက ပိုပြီးထူထဲလာကာ သူ့ကိုယ်က ထွက်လာတဲ့ဖိနှိပ်မှုအရှိန်အဝါက ပိုပြီးထူထဲလာတယ်။

ကူယွဲ့ရင်ထိတ်သွားတယ်။ ယွီဟန့်သူ့နားမှာ ဒီ စီမံထိန်းသိမ်းသူ၁၆ကို ဘာလို့ထားထားလဲ သူနောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီ။ ကယ်တင်ဖို့အတွက် ဆန္ဒ လုံးဝမရှိခဲ့ဘူးပဲ။

"ချီး သူက ဒီ၁၆ယောက်ရဲ့အစွမ်းတွေကို စုပ်ယူနေတာ၊ ငါတို့ဒါကို တားရမယ်"

ဒါပေမဲ့ အချိန်မရှိခဲ့ဘူး

"ဟားဟားဟား ..."

ယွီဟန့်က ရူးနှမ်းစွာရယ်တယ်။ သူ့မျက်နှာပေါ်က အကြောက်တရားက လုံးဝပျောက်ကွယ်သွားပြီ။ ကျန်ရစ်ခဲ့တာကတော့ စိတ်ဖောက်ပြန်နေသလိုပါပဲ။

"သူတို့အားလုံးကို စုပ်ယူပြီးတာနဲ့ မင်းတို့အလှည့်ပဲ မင်းတို့အားလုံးရဲ့စွမ်းအင်တွေကို စုပ်ယူပြီးသွားရင် ငါ့ကို ဘယ်သူမှတားနိုင်မှာ မဟုတ်တော့ဘူး" သူက ပိုပိုပြီး စိတ်လှုပ်ရှားလာတယ်။ သူ့ပတ်ပတ်လည်က အမည်းရောင်အရှိန်အဝါတွေက တခြား စီမံထိန်းသိမ်းသူဆီ ပျံ့နှံ့သွားကာ ထပ်တူ မီးခိုးတွေအဖြစ် ပေါက်ကွဲထွက်သွားပြီး ယွီဟန့်ကိုယ်ထဲဝင်ကုန်တယ်။ အနီရောင်မီးခိုး၊ အပြာရောင်မီးခိုး၊ အဝါရောင်မီးခိုးတွေ... စီမံထိန်းသိမ်းသူတစ်ယောက်ချင်း‌စီရဲ့ အစွမ်းတွေက ယွီဟန့်ကိုယ်ထဲက အမည်းရောင်အရှိန်အဝါထဲ ဝင်ရောက်ကုန်လို့ ခုဆိုအရောင်စုံဖြစ်နေပြီ။

တစ်ချိန်ထဲမှာပဲ ဖိနှိပ်မှုအရှိန်အဝါက ပိုမိုပြင်းထန်လာတယ်။ ကူယွဲ့တို့‌တွေ ရှန်းရင် သူတို့ပတ်လည်မှာ စီမံပေးထားတဲ့ခုခံမှုအရှိန်က တောင် စွမ်းအားတွေ ဆုံးရှုံးလာမှန်း ခံစားမိနိုင်တယ်။ သူတို့တွေ အချိန်မရွေး အပိုင်းပိုင်း အစစခြေမွှခံရတော့မဲ့ အန္တရာယ်ထဲ ကျရောက်နေသလိုပဲ။ သူတို့‌တွေ အဲဒါမဖြစ်အောင် တားဆီးဖို့အတွက် ပျံတောင်မပျံနိုင်ဘူး။

"ချီး" ကူယွဲ့ အသက်အောင့်ပြီး ဆဲရေးလိုက်တယ်။ အဲဒီစီမံထိန်းသိမ်းသူတွေက ယွီဟန့်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်ခဲ့တာ။ ဒါပေမဲ့ တုံ့ဆိုင်းမှုမရှိ သူတို့ရဲ့စွမ်းအားတွေကို စားသုံးဖို့ ဆန္ဒရှိခဲ့တယ်။ ကြည့်ရတာ ဒီမဟာတာအိုအဖွဲ့အစည်းဆိုတာက တခြားမျက်နှာပြင်ကို ကျူးကျော်ပြီး တခြားစီမံထိန်းသိမ်းသူတွေရဲ့ စွမ်းအားကို သူတို့ကိုယ်တိုင်အတွက် စုပ်ယူဖို့ ဟန်ပြသပ်သပ်ပဲ။

သူ စီမံထိန်းသိမ်းသူ၁၆ယောက်ရဲ့ စွမ်းအားကို စုပ်နေတာကို ကြည့်နေရင်းနဲ့ အဲ့ထက်မတိုင်ခင်က ဒီထက်ပိုပြီးတော့ များဦးမယ်ဆိုတာ သေချာလာတယ်။ သူတို့တွေ တစ်ပြိုင်နက် စီမံထိန်းသိမ်းသူ၁၆ယောက်ကို တိုက်ခိုက်ခံရတာကို မကြောက်ပေမဲ့ ယွီဟန့်တစ်ယောက်အတွက်တော့ ပြိုင်ဘက်မဟုတ်မှန်း သိတယ်။ ရှန်းရင်တစ်ယောက်ပဲ ဖျက်ဆီးဖို့အတွက် အခွင့်အရေးရှိမှာ။

ဒါပေမဲ့ ရှန်းရင်ဘယ်လောက်ပဲ စွမ်းအားကြီးကြီး သူက သာမန်စီမံထိန်းသိမ်းသူထက် နည်းနည်းလေး ပိုပြီး သန်မာရုံပဲလေ။ တကယ်ပဲ ယွီဟန့်ကို တားဆီးနိုင်မှာလား။

စိုးရိမ်စွာနဲ့ ကူယွဲ့ လှည့်လိုက်တယ်။ "ရှန်း...အာ"

ရှန်းရင်က ပုံမှန်ရုပ်အတိုင်း ပျင်းရိပျင်းတွဲ့နဲ့။ ဟင့်အင်း တကယ်ဆို ပိုတောင်ပျင်းရိနေတဲ့ပုံပေါ်တယ်။ သူမရှေ့က ကောင်းကင်မှာ ဘာတွေဖြစ်နေမှန်းသတိမထားမိတဲ့ပုံလို့တောင် ထင်စရာပဲ။ သူမက အသီး၁လုံးကို ကောက်ယူကာ ပျင်းတိပျင်းရွဲနဲ့ စတင်ကောက်ဝါးလေတယ်။

ကူယွဲ့အသံကို ကြားတော့ သူမက ခေါင်းစောင်းကာမေးတယ်။ "ဟမ်"

ကူယွဲ့နှုတ်ခမ်းသပ်လိုက်တယ်။ ဒါအသီးစားဖို့အတွက်အချိန်လား။

"ဟားဟားဟား..." ယွီဟန့်က စီမံထိန်းသိမ်းသူအားလုံးရဲ့ အစွမ်းကို စုပ်ယူပြီးလုနီးပါးဖြစ်နေပြီ။ သူက လူ၄ယောက်ကို အလောင်းတွေကို ကြည့်နေရသလိုမျိုးကြည့်တယ်။ "မင်းတို့အလှည့်ပဲ"

ကူယွဲ့ သွေးပျက်သွားတယ်။ "မြန်မြန်တွေးစမ်း ငါတို့ဘာလုပ်သင့်လဲ" သူရော ယိချင်းရော ရှန်းရင်အစား ခုခံပေးဖို့ အလိုလိုအရှေ့ကို တိုးမိတယ်။

"ငါစဉ်းစားနေတာက" ရှန်းရင်က အသီးကို နောက်တစ်ကိုက် ကိုက်ရင်း ပြောတယ်။ ငါစဉ်းစားမိတဲ့အဖြေတစ်ခုပဲ ရှိတာ။

"ဘာလဲ"

"ငါ့ကို ပြော..." သူမက သူ့ဟာသူ ရူးနှမ်းနှမ်းရယ်နေတဲ့လူကို လက်ညှိုးထိုးတယ်။

"ဒီလောက်အမှိုက်သရိုက်တွေ အများကြီး စုပ်ယူပြီးတဲ့နောက်မှာ ဗိုက်အောင့်မယ် မဟုတ်ဘူးလား"

"ဟမ်"

အဲ့ဒါ ဘယ်လိုမျိုးခပ်တုံးတုံးမေးခွန်းကြီးတုံး။

ဂွီ...။

ယွီဟန့်ရှိနေတဲ့ကောင်းကင်ကနေ ထူးဆန်းတဲ့ အသံတစ်သံထွက်လာတယ်။ ယွီဟန့် တိုက်ခိုက်နေရာကနေ ရပ်သွားပြီး ချက်ချင်းဖြူဖပ်ဖြူရော် ဖြစ်လာတယ်။ နောက်တာ့သူက ခါးကို ကိုင်ကာ ဗိုက်ကို လက်နဲ့ ပိုက်လိုက်တယ်။ သူ့အမူအရာကနေ သူအင်မတန်နာကျင်နေတယ်ဆိုတာ သိသာတယ်။

ဖန်းဖန်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

အ‌ခြေအနေက အတော်လေးကို နေရခက်တာပဲ။

"ကြည့် သူဗိုက်အောင့်မယ်လို့ ငါပြောခဲ့တယ်မဟုတ်လား" ရှန်းရင်က မေးတာ်။

ဒါသောက်ကျိုးနည်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

"ဘာတွေဖြစ်နေတာလဲ" ယွီဟန့်ရဲ့ဗိုက်က တော်တော်ဆိုးဆိုးနာလာတယ်။ ဝုန်းခနဲ အသံကြီးနဲ့အတူ ကောင်ကင်ကနေ ပြုတ်ကျလာတယ်။ ခန္ဓာကိုယ်ကို လက်မောင်းတွေနဲ့ပိုက်ထားရင်း ယွီဟန့်က နာကျင်မှုကြောင့် လူးလှိမ့်နေတယ်။ သူစောနက ထောင်လွှားနေတဲ့အမူအရာက မျက်နှာကနေ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကာ နာကျင်နေတဲ့ပုံစံနဲ့အစားထိုးသွားခဲ့တယ်။

သူတို့တွေ သေချာကြည့်လိုက်တာ့ သူ့ကိုယ်ပေါ်မှာ အက်ကွဲကြောင်းတွေလိုမျိုး ရှရာတွေ စတင်ပေါ်လာတာ တွေ့လိုက်ရတယ်။ အရေပြားခွဲခံရတယ့်နေရာမှာ စီမံထိန်းသိမ်းသူ ၁၆ ယောက်ရဲ့ခန္ဓာကိုယ်တွေ မီးခိုးအဖြစ် ပေါက်ကွဲထွက်တုန်းကလိုမျိုး မတူညီတဲ့အရောင်တွေကို မြင်တွေ့လိုက်ရတယ်။ ရောင်စုံမီးခိုးတွေက ဒီဒဏ်ရာတွေကနေတဆင့် ယွီဟန့်ရဲ့ထိန်းချုပ်မှုကနေ ထွက်ပြေးချင်နေသလိုပဲ။

ယွီဟန့်က မယုံကြည်နိုင်စွာ သူ့ခန္ဓာကိုယ်ကို သူကြည့်လိုက်တယ်။ ရူးနှမ်းစွာနဲ့အော်တော့တယ်။

"ဒါမဖြစ်နိုင်တာ ငါသူတို့ရဲ့စွမ်းအားတွေအားလုံးကို စုပ်ယူပြီးပြီ သူတို့က ပြန်တိုက်ခိုက်နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မဖြစ်နိုင်တာ" ရုတ်တရက်တစ်ခုခုနားလည်သွားသလိုမျိုး သူ့ခေါင်းက ရှန်းရင်ကို ဆက်ခနဲလှည့်ကြည့်တယ်။ "မင်း မင်းဘာလုပ်ခဲ့တာလဲ"

ရှန်းရင်က တန့်သွားတယ်။ နင့်ဘာသာ အစာအိမ်အောင့်တာကို ငါ့ကို အပြစ်တင်နေတာလား။

"ငါဘာမှမလုပ်ခဲ့ပါဘူး" သူက ရှေ့ကို ခြေလှမ်း၂လှမ်းတိုးကာ ယွီဟန့်ကို ခေါင်းအစခြေအဆုံး ကြည့်လာတယ်။ "ငါထင်တာတော့ နင်က အစားကြူးပြီးတော့ ဖောရောင်လာတယ်လို့ထင်တာပဲ"

ဖန်းဖန်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

၃ယောက်သား ဘာကြောင့် ဒီအယူအဆက အဓိပ္ပာယ်ရှိတယ်လို့ ထင်လာမိပါလိမ့်။ ယွီဟန့်က တစ်ပြိုင်နက် စီမံထိန်းသိမ်းသူ၁၆ယောက်ရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့တာ။ အခုဆို အလွန်အကျွံသုံးဆောင်မှုကို သူ့ခန္ဓာကိုယ်က လက်မခံနိုင်ဖြစ်နေပြီ။ ဒါက တက ယ့်ကို သူ့လုပ်ရပ်နဲ့သူပဲ။

"ဟင့်အင်း ငါသေချာပေါက်...အား" ယွီဟန့်ကိုယ်ပေါ်မှာ မတူညီတဲ့အရောင်နဲ့ရှရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ သူကိုယ်က အခုဆို သက်တံနဲ့ တူနေပြီ။ အချိန်မရွေး ဒီဖိအားကနေ ပေါက်ကွဲထွက်တော့မဲ့ပုံပဲ။ ဒါပေမဲ့ ယွီဟန့်က ရှန်းရင်အကြည့်မခွာသေးဘူး။ သူ့အကြည့်က ပိုပိုပြီးတော့ အမုန်းတွေနဲ့ ပြည့်နှက်လာတယ်။ "ငါ့ကို နှိမ်နှင်းပြီးရင် ဒီနေရာကနေ လွတ်မြောက်နိုင်တယ် ထင်နေတာလား၊ အိပ်မက်မက်နေလိုက်"

သူက ရူးနှမ်းစွာရယ်တယ်။ "ဒါက ငါ့ရဲ့မဟာတာအိုအဖွဲ့အစည်းရှိသမျှအကုန်လို့ မင်းတို့ တကယ်ထင်နေတာလား" သူက ကောင်းကင်ဆီလက်လှမ်းကာ တစ်ခုခုကို ဆွဲဖြဲသလိုမျိုးလုပ်တယ်။

နောက်အခိုက်တန့်မှာ စကြဝဠာတစ်ခုလုံးကို သယ်ဆောင်ထားတဲ့မျက်နှာပြင်သစ်ပင်တစ်ခုကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာတယ်။ ကြီးမားတဲ့အရှိန်တစ်ခုကို မျက်နှာပြင်တစ်လျှောက်‌ ရင်ဆိုင်လိုက်ရတယ်။ တစ်ယောက်ပြီးတစ်ယောက် လူတွေကောင်းကင်အလယ်မှာပေါ်လာတယ်။ တစ်ယောက်ချင်းစီက ကူယွဲ့လိုမျိုး စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ အရှိန်အဝါကို သယ်ဆောင်ထားကြတော့တယ်။

...

အခန်း ၅၅၇ ။ ခွဲထုတ်ခြင်း

ကူယွဲ့ရဲ့ ရင်ထဲ တင်းကြပ်သွားတယ်။ ဟိုလီရှစ် သူ‌ ဒီကိုစီမံထိန်းသိမ်းသူတွေ အများကြီး ခေါ်လိုက်တာပဲ။ ကောင်းကင်နဲ့ မျက်နှာပြင်တံခါးပေါက်တွေ အများကြီး ပေါ်လာတယ်။

မိနစ်ပိုင်အတွင်းမှာတင်‌ကောင်းကင်က လူအုပ်ကြီးနဲ့ပြည့်သွားတယ်။လူ၁၀၀ကျော်လောက်ရှိ‌ နေတယ်။

"ဟားဟားဟား..."

ယွီဟန့်က အခုပိုပြီးတောင် ရယ်တော့တယ်။ "ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့၊ မင်းတို့အားလုံး သေကိုသေရမယ်"

"နင်သေချာရဲ့လား" ရှန်းရင်က သူ့ကိုကြားဖြတ်ပြောကာ အမူအရာက မည်းနက်‌နေတယ်။

ရုတ်တရက် ဘယ်စီမံထိန်းသိမ်းသူဆီကမှ မဟုတ်တဲ့ စွမ်းအားတစ်မျိုးက ကောင်းကင်ကို ဖြတ်သန်းသွားကာ ရေကိုယ်ထည်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ သူတို့ဆီ အခုမှရောက်လာခါစ စီမံထိန်းသိမ်းသူအုပ်က ခန္ဓာကိုယ်ပေါ် အလေးချိန်ကျရောက်လာတာ ခံစားလိုက်ရတယ်။ တစ်ယောက်ပြီး တစ်‌ယောက် ရေကိုယ်ထည်ပေါ် ပြုတ်ကျကုန်ကာ နောက်တစ်ကြိမ် ထလို့မရအောင် ဖိခံထားလိုက်ရတယ်။ သူတို့ကိုယ်ပိုင်အစွမ်းတွေ ကိုယ်ပေါ်ကထွက်သွားတာကိုခံစားနေရတယ်။ သူတို့အစွမ်းတွေကို အသက်သွင်းလို့မရတာ မြင်တော့ ရှင်းပြမရတဲ့ကြောက်လန့်မှုက သူတို့ကိုယ်ထဲမှာ မြင့်တက်လာတယ်။

ဒီစွမ်းအား ရုတ်တရက် ရောက်လာပေမဲ့ သူတို့အရင်ကရင်ဆိုင်ခဲ့ဖူးသမျှထက် ပိုပြီးစွမ်းအားကြီးတယ်။ တစ်ယောက်မှ တုံ့ပြန်ချိန် မရလိုက်သလို ဘာလုပ်ရမယ်မစဉ်းစားနိုင်ခင် မြေကြီးပေါ် ပြုတ်ကျကုန်တယ်။ ကူယွဲ့၊ ယိချင်းနဲ့ ဖန်းဖန်းတောင် ယိမ်းယိုင်သွားပြီး ဒူးထောက်ချင်သလိုမျိုး ဖြစ်သွားတယ်။

"မင်း" ယွီဟန့် မျက်လုံးပြူးသွားကာ ရှန်းရင်ကိုမယုံနိုင်သလိုကြည့်တယ်။ "မင်း... က တကယ်ပဲ ဘာလဲ"

နောက်တော့ သူထိန်းမထားနိုင်တော့ဘူး။ သူ့တစ်ကိုယ်လုံး ရောင်စုံအဖြစ် ပေါက်ကွဲကုန်ကာ ဘာမှမကျန်ရစ်ခဲ့တော့ဘူး။

တိတ်ဆိတ်မှုတွေက ရေကိုယ်ထည်တစ်ခုလုံးမှာ ကြီးစိုးသွားခဲ့တယ်။ ကျန်ရစ်ခဲ့သမျှက စောနတုန်းက ဖက်ထုပ်တွေလိုမျိုး ပြုတ်ကျလာတဲ့ လူတစ်သိုက်ပဲ။

ဖက်ထုပ်များ ။ ။ "..."

သူတို့တွေ ဘယ်သူတွေလဲ။ သူတို့ဘယ်ရောက်နေတာလဲ။ ခုလေးတင် ဘာဖြစ်သွားတာလဲ။

‌ကူယွဲ့ရှိနေတဲ့လူတွေကိုရေတွက်လိုက်တော့ မဟာတာအိုအဖွဲ့အစည်းထဲမှာ စုစုပေါင်း ဖက်ထုပ် အာ စီမံထိန်းသိမ်းသူ ၁၀၆ယောက်ရှိတာကို သိလိုက်ရတယ်။ ယွီဟန့် စုပ်ယူခဲ့တဲ့စီမံထိန်းသိမ်းသူ ၁၆ယောက်ကို ပေါင်းလိုက်ရင် ၁၂၃ယောက်။ ၁၂၃ကအတော်လေးကိုသပ်ရပ်တဲ့နံပါတ်ပဲ။

သူတို့တွေ ဒီစီမံထိန်းသိမ်းသူတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆုံးဖြတ်မှုမှာ ခက်ခဲတာမရှိဘူး။ သူတို့အရဆို မဟာတာအိုအဖွဲ့အစည်းမှာ ပါဝင်ဖို့အတွက် ယွီဟန့်ခြိမ်းခြောက်တာခံခဲ့ရတာ။ သူတို့အကြောင်းပြချက်တွေကတော့ ကူယွဲ့နဲ့ ယီချင်း အရင်သိခဲ့တာတွေနဲ့ တူတယ်။ ဖျက်ဆီးခံရမှာကို ဆန့်ကျင်တဲ့အနေနဲ့ ယွီဟန့် အုပ်ချုပ်ပုံကို ဟန်ဆောင်ပြီး လိုက်နာတာက ပိုအဆင်ပြေတယ်။ သူတို့အဖွဲ့အစည်းထဲ ဝင်ပါဖို့သဘောတူပြီးမှ သူတို့မျက်နှာပြင်တွေ ပစ်မှတ်ထားခံထားရပြီး ဒီရေကိုယ်ထည်ရဲ့ စကြဝဠာထဲကို ဆွဲသွင်းခံရတာကို သိခဲ့ရတာ။ သူတို့လှုပ်ရှားမှုတိုင်းက ယွီဟန့်ရဲ့ကြီးကြပ်မှုအောက်မှာ ရှိနေခဲ့ရတယ်။

ဒါကြောင့်လည်း ယွီဟန့်က သူမသေခင် စက္ကန့်ပိုင်းအတွင်းမှာတင် အားလုံးကို ဆင့်ခေါ်နိုင်ခဲ့တာပဲ။ ယွီဟန့်အစွမ်းတွေ စုပ်ယူခဲ့တဲ့ ၁၆ယောက်ကတော့ သူနဲ့ အနီးကပ်ဆုံးဆိုတာ ထင်ရှားတယ်။ ဒီမတူညီတဲ့မျက်နှာပြင်တွေကို အုပ်ချုပ်ဖို့အတွက် ဒီစီမံထိန်းသိမ်းသူတွေက လုပ်ဆောင်ကြရတာပဲ။

သူတို့တွေမျက်နှာပြင်အသစ်တွေကို ဆက်ပြီး သိမ်းသွင်းနေပေမဲ့ အကြောင်းအရင်းမရှိ ဒီစီမံထိန်းသိမ်းသူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေခဲ့တယ်။ သူတို့စိတ်ထဲမှာ တစ်ခုခု လွဲနေပြီဆိုတာသိပေမဲ့ ထုတ်ပြောဖို့ သတ္တိမရှိခဲ့ကြဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ယွီဟန့်က သူတို့အားလုံးထက် ပိုသန်မာတယ်။ သူနဲ့အနီးကပ်ဆုံး ၁၆ယောက်ကလည်း သွားရှုပ်လို့မရဘူး။ ဒီပိုင်နက်ထဲမှာ ထာဝရပိတ်လှောင်ခံထားရတဲ့ အခြေအနေနဲ့ပေါင်းလိုက်တာ့ စီမံထိန်းသိမ်းသူတွေက သူတို့ယွီဟန့်နဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သိခဲ့တယ်။ အဲဒါကြောင့်မလို့ သူတို့နေရာမှာနေ နေတာက အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်‌နေခဲ့တာ။

ဒါကြောင့်မို့ ယွီဟန့်သေဆုံးပြီးနောက် လူတွေက သူ့အစားလက်စားချေဖို့တောင်မှ မစဉ်းစားခဲ့ဘူး။ အဲ့အစား သူတို့ခုန်ပေါက် ပျော်ရွှင်နေကြကာ ‌ယွီဟန့်ရဲ့ကျရှုံးမှုကို အခြားဘယ်သူထက်မဆို ကြိုဆိုနေကြတော့တယ်။

သေချာပေါက် ဒီလူတွေထဲ သိပ်ပြီးတော့ ဝမ်းသာပုံမပေါ်တဲ့လူတချို့လည်း ရှိတာပေါ့။ ဒါပေမဲ့ ဒါက နားလည်ပေးနိုင်ပါတယ်။ သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် စီမံထိန်းသိမ်းသူတွေပဲ မျက်နှာပြင်ရဲ့ ကိုယ်စားလှယ်တွေ။ သူတို့တစ်ခုခုဖြစ်ရင်မျက်နှာပြင်တွလည်း အခြေအနေကောင်းမှာမဟုတ်ဘူး။ ကူယွဲ့နဲ့ယိချင်းတို့တွေ ဆွေးနွေးပြီးတော့ သူတို့ဒီစီမံထိန်းသိမ်းသူတွေကို ဘာအန္တရာယ်မပေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

ကျန်ရစ်နေတဲ့ စီမံထိန်းသိမ်းသူတွေက အရင်က ပျောက်သွားတဲ့စီမံထိန်းသိမ်းသူတွေ ဘာဖြစ်သွားခဲ့လဲ မသိကြပေမဲ့ ကူယွဲ့နဲ့ စားဖိုမှူးကတော့ ရိပ်စားမိတယ်။ အများကြီး စဉ်းစားဖို့မလိုဘူး။ ယွီဟန့်နဲ့ ကျန်၁၆ယောက်က သူတို့အစွမ်းတွေကို စုပ်ယူခဲ့တာပဲဖြစ်ရမယ်။ ဒီမဟာတာအိုအဖွဲ့အစည်းက ယွီဟန့်နဲ့ အခြား၁၆ယောက်က သူတို့ကိုယ်ပိုင်အစွမ်းတွေကို မြှင့်တင်ဖို့ဖွဲ့စည်းခဲ့တာပဲ။ ကူယွဲ့တို့တွေသာ မလာခဲ့ရင် ကျန်ရစ်နေတဲ့စီမံထိန်းသိမ်းသူတွေအားလုံး တူညီတဲ့ အဆုံးသတ်ကို ကြုံရလောက်တယ်။

"တဆိတ်လောက်‌ ခေါင်းဆောင်" ဝတ်ရုံဖြူနဲ့လူက ရှန်းရင်ကိုကြည့်ကာ မရဲတရဲလက်မြှောက်ပြတယ်။

"ဟိုလေ... ကျွန်တော်တို့တွေဒီမဟာတာအိုအဖွဲ့အစည်းကြီးမှာ ဆက်မနေချင်တော့ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ မျက်နှာပြင်တွေက ဒီစကြဝဠာထဲမှာ ပိတ်လှောင်ခံထားရတယ်၊ ခင်ဗျားက အရမ်းအစွမ်းကြီးတာ မြင်ရတော့ ကျေးဇူး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒီနေရာကနေ ထွက်လို့ရအောင် ကူညီပေးပါလား"

သူစကားပြောပြီးတာနဲ့ ရှန်းရင်ဘေးမှာနာခံစွာ ဒူးထောက်နေတဲ့ တခြားသူရာကျော်ရဲ့မျက်လုံးတွေက တောက်ပသွားပုံပဲ။ သူတို့တွေသူမတုံ့ပြန်မှု့ကိုမော့ကြည့်ကြတယ်။

ကူယွဲ့ ခဏစဉ်းစားနေတယ်။ အမှန်ပဲ မျက်နှာပြင်သစ်ပင်တွေအများကြီး ဒီမှာပိတ်မိနေတာမလို့ ထွက်သွားလို့မရဘူး။ ဒါဟာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ပထမ၁ချက်က မျက်နှာပြင်သစ်ပင်တွေက ကြီးထွားဖို့ခဲယဥ်းနေလိမ့်မယ်။ ကြီးထွားလာရင်တောင်မှ သူတို့ကတစ်ခုနဲ့ တစ်ခု တိုက်မိဖို့အတွက် သတ်မှတ်ပြီးသားပဲ။ ဒါတွေက ပတ်ပတ်လည်မှာ ကြားကွက်လပ်တွေ သေချာပေါက် ဖြစ်လာစေလိမ့်မယ်။ ပြီးတော့ ဒီစီမံထိန်းသိမ်းသူတွေ နေရာတစ်ခုထဲမှာ စုစည်းနေတာက ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ထပ်ဖြစ်ပေါ်လာနိုင်တယ်။

ဒါကြောင့်ကူယွဲ့ ဘေးကလူဘက် လှည့်လိုက်တယ်။ "ရှန်းရင် မင်းသူတို့ကိုခွဲထုတ်ဖို့နည်းလမ်းကိုသိလား"

သူရုတ်တရက် အရင်ကရှန်းရင် သစ်‌တော်သီးမိန်းကလေးကို ကူခဲ့တဲ့အချိန်ကို ပြန်စဉ်းစားမိသွားတယ်။

"မင်းသူတို့ကို ဒီမှာထိန်းထားတဲ့ဟာကို မြင်နိုင်တယ်မလား"

"အင်း မြင်ရတယ်"ရှန်းရင်က ခေါင်းညိတ်တယ်။

"ဒါဆို သူတို့ကို ကူညီပေးလိုက်လေ၊ သူတို့ကို ခွဲထုတ်လိုက်တော့၊ သူတို့လာခဲ့တဲ့နေရာဆီကို ပြန်ခါ်သွားလိုက်၊ ဒီမှာ တူတူ ကျန်ရစ်မနေစေနဲ့တော့"

ဖက်ထုပ်တွေရဲ့ မျက်လုံးတွေက ပိုပြီးတော့‌ တောက်ပသွားကာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်တယ်။ သူတို့ကရှန်းရင်ကို မျှော်လင့်တကြီး မော့ကြည့်ကြတော့တယ်။ ရှန်းရင်က ထိုင်ချကာ ပျင်းတိပျင်းရွဲနဲ့ ပစ်ထိုင်တော့တယ်။ "အာ အလုပ်ရှုပ်လိုက်တာ"

"ငါဒီနေ့ မင်းညစာထဲ ဟင်းပွဲ ပိုထည့်ပေးမယ်"

"ကောင်းပါပြီ ဖေဖေနျို ပြဿနာမရှိပါဘူး ဖေဖေနျို"

ရှန်းရင် ထရပ်ကာ တည်ကြည်စွာနဲ့ မော့ကြည့်လိုက်တယ်။ "ဒါပေမဲ့ သူတို့တွေကို တစ်ယောက်ချင်းစီ ခွဲထုတ်ဖို့က သေချာပေါက် အလုပ်ရှုပ်တာပဲ"

ကူယွဲ့အမူအရာ မည်းမှောင်သွားပေမဲ့ ရှန်းရင်က အဆူမခံရခင် ထပ်ပြောတယ်။ "သူတို့အားလုံးကို တစ်ပြိုင်နက်တည်း ခွဲထုတ်လိုက်ရင်‌ရော"

တစ်ပြိုင်နက်လား။ ဘာကိုတစ်ပြိုင်နက်လဲ။

သူတို့အားလုံး တုံ့ဆိုင်းကုန်တယ်။ သူတို့ မတုံ့ပြန်ခင် ရှန်းရင်က ခြေလှမ်းအနည်းငယ် ပြန်ဆုပ်လိုက်တယ်။ လက်ထဲကသစ်သီးရိုးတံကို လွှတ်ပစ်ကာ လက်သီးဆုပ်လိုက်တယ်။ နောက်တော့ သူမခြေထောက်‌ အောက်ခြေက ရေကိုယ်ထည်ကို ထိုးချလိုက်တယ်။

ခပ်အုပ်အုပ်အသံတစ်ခု ထွက်လာပြီး လူအုပ်ကြီးက သူတို့ခြေထောက်အောက်မှာ လှိုင်းတွေထလာတာကို ခံစားလိုက်ရတယ်။ ပိုပြီးကျယ် လောင်ကာ ပြတ်သားလာတဲ့အက်ကွဲသံတွေ ပိုပြီး ဆက်တိုက်ကြားလာရတော့တယ်။ ရေမျက်နှာပြင်ပေါ်မှာ ကြီးမားတဲ့ အဖြူရောင်အက်ကွဲကြောင်းတွေ စတင်ပေါ်ပေါက်လာကာ မျက်နှာပြင်တစ်လျှောက် ပင့်ကူအိမ်လို ပြန့်ထွက်သွားတာက ရေကိုက်ထည်တစ်ခုလုံး ကွဲထွက်သွားတဲ့အထိပဲ။ အက်ကွဲကြောင်းတွေက ကောင်းကင်အထိပါ ပြန့်ကုန့်တယ်။

ဖက်ထုပ်တွေ ထိတ်လန့်တောင့်တင်းကုန်တယ်။ ရေကိုယ်ထည်နဲ့ စကြဝဠာက ယွီဟန့်နဲ့ အခြားစီမံထိန်းသိမ်းသူတွေရဲ့ စုပေါင်းစွမ်းနဲ့ ဖွဲ့စည်းထားတာ။ အဲဒါကြောင့် စီမံထိန်းသိမ်းသူတွေ ဘယ်လောက်ကြိုးစားကြိုးစား မလွတ်မြောက်နိုင်ခဲ့တာပဲ။ ပိုင်နက်နယ်နမိတ်ထဲကနေ မျက်နှာပြင်တစ်ခုဆီကို ခွဲထုတ်တာထက်စာရင် မျက်နှာပြင်တစ်ခုလုံးကိုခွဲထုတ်တာက သိသိသာသာကို ပိုပြီး ခဲယဉ်းတာပဲလေ။ ဒါပေမဲ့ ရှန်းရင်က ဒါကိုတစ်ချက်ထဲနဲ့လုပ်နိုင်တယ်လား။

သူတို့မြင်ယောင်နေတာလား။ ဒါပေမဲ့ ဖက်ထုပ်တွေက ဒီပြဿနာရပ်ပေါ် အကြာကြီးမစဉ်းစား အခု သူတို့တွေက လွတ်လပ်မှုဆိုတဲ့ခံစားချက်ကြောင့် စိတ်လှုပ်ရှားနေကြတယ်။

"ငါ့... ငါ့မျက်နှာပြင်ပိတ်လှောင်ထားမှု လွတ်မြောက်သွားပြီ"

"ငါ့ဟာရောပဲ"

"ငါတို့တွေ နောက်ဆုံးတော့ ဒီမျက်နှာပြင်ပိတ်လှောင်ထားမှုကနေ လွတ်မြာက်ခဲ့ပြီ ကောင်းလိုက်တာ"

"ဆန်းကြယ်ဖြစ်ရပ်လား" ငါ့မျက်နှာပြင်က တကယ်ကို...ဒီစကြ၀ဠာထဲက ထွက်နိုင်ပြီ"

"ငါတို့လွတ်ပြီကွ ငါတို့နောက်ဆုံးတော့ လွတ်ခဲ့ပြီ"

ဖက်ထုပ်တစ်ခုချင်းဆီက အရင်တစ်ခုထက်ကို ပို စိတ်လှုပ်ရှားနေကြတယ်။ တချို့ဆို ပြန်လည်မွေးဖွားလာသည့်အတိုင်း ခုန်ပေါက်လှုပ်ရှားနေကြတော့တယ်။

...

အခန်း ၅၅၈။ အပြီးသတ်ခြင်း

ကောင်းကင်ထဲက ရောင်စုံသစ်ပင်တွေက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြတယ်။ အက်ကွဲကြောင်းတွေက စကြဝဠာရဲ့ အဆုံးကို ရောက်သွားတဲ့ပုံ ပေါ်တာနဲ့ မျက်နှာပြင်သစ်ပင်တွေအားလုံး ပျောက်ကွယ်သွားပြီး ကျန်ရစ်ခဲ့သမျှကာ ပိန်းပိတ်အောင် မည်းမှောင်ပြီး ကျိုးပဲ့နေတဲ့ ညကောင်းကင်ယံပဲ။

နောက်ထပ်အက်ကွဲသံတွေပေါ်လာပြီး ကောင်းကင်တစ်ခုလုံးက မြေကြီးပေါ် အစိတ်စိတ်အမြွှာမြွှာ ကျဆင်းလာတာက ကျိုးပျက်သွားတဲ့ မျက်နှာကျက်လိုပဲ။ မူလအရင်းအမြစ်ချီ ပမာဏအများကြီးက နယ်ပယ်ထဲကို စီးဝင်လာခဲ့တယ်။

ကူယွဲ့က ခုန်နေဆဲ ဖက်ထုပ်အုပ်စုကို မနေနိုင်ဘဲ အော်လိုက်တော့တယ်။ "ကောင်းပြီ ကောင်းပြီ ခုန်ပေါက်နေတာ တော်လိုက်တော့ မင်းတို့မျက်နှာပြင်တွေက ခု လွတ်လွတ်လပ်လပ် ဖြစ်သွားလို့ရပြီမလို့ လုပ်စရာရှိတာ သွားလုပ်ကြတော့၊ ဒီနေရာက မကြာခင်ဖုန်မှုန့်အဖြစ် ပြောင်းတော့မှာ"

အုပ်စုက တိတ်သွားတယ်။ သူတို့အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပြီးတော့ ၄ယောက်အုပ်စုကို မျက်နှာချင်းဆိုင်ပြီးတော့ တစ်ပြိုင်တည်းပြောကြတယ်။

"ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်" လူအုပ်ကြီးက အနည်းငယ်ကွဲပြားတဲ့အမူအရာတွေနဲ့ ဂါရ၀ပြုကြပေမဲ့ သူတို့ မျက်နှာပေါ်မှာတော့ တူညီတဲ့ တည်တည်ကြည်ကြည် မျက်နှာထားကို သယ်ဆောင်ထားကြတယ်။

"အင်း" ရှန်းရင်ခေါင်းညိတ်ပြလိုက်တယ်။ "နင်တို့ ငါတို့ကို ကျေးဇူးတင်သင့်တာပေါ့"

ဖက်ထုပ်များ ။ ။ "..."

"ကောင်းပြီလေ၊ မင်းတို့ကိုယ်ပိုင်မျက်နှာပြင်တွေဆီ ပြန်ကြတော့"

လူအုပ်ကြီးက သူတို့ကိုယ်ပိုင်မျက်နှာပြင်တံခါးပေါက်တွေကတဆင့် အုပ်စုခွဲကုန်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားလေရဲ့။ ကူယွဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ကောင်းကင်ကို မော့ကြည့်ကာ သူ့ကိုယ်ပိုင်တံခါးကို အမြန်ဖွင့်လိုက်တယ်။ အုပ်စုကို လက်လှမ်းပြကာ ခေါ်လိုက်တယ်။

"ငါတို့လည်း သွားသင့်ပြီ" နောက်ဆုံးတော့ သူတို့ဂိတ်တံခါးကနေတစ်ဆင့် ပြန်လာခဲ့တယ်။

ကောင်းကင်ဘုံ။

ဒီတစ်ကြိမ် သူတို့တွေ အဲ့မဟာတာအိုဆိုတဲ့ အဖွဲ့အစည်းကို သွားဖို့ဆုံးဖြတ်ခဲ့တာက ထင်ပေါ်မှုရရှိပြီး သူတို့လို တခြားစီမံထိန်းသိမ်းသူတွေဆီက သင်ယူချင်ခဲ့လိုပဲ။ ဒီလိုမျိုး အရှုပ်အထွေးတွေနဲ့ တွေ့ခဲ့ရမယ်လို့ မထင်ခဲ့မိဘူး။ သူတို့တွေ ပင်ပန်းပြီးတော့ စိတ်ပျက်ခဲ့ရတယ်လို့ပြောရင် ဒါ ခပ်ပေါ့ပေါ့ပြောတာပဲ ဖြစ်ရမယ်။

"ဟုတ်သား" ကူယွဲ့ ရုတ်တရက် သတိရသွားတယ်။ "ယွီဟန့်တို့တွေက သေသွားပြီ၊ သူတို့ တာဝန်ယူထားတဲ့ မျက်နှာပြင်တွေက ဘာဖြစ်တော့မှာလဲ"

စီမံထိန်းသိမ်းသူတွေ မရှိတဲ့ မျက်နှာပြင်တွေက ဆိုးဆိုးရွားရွား ဖြစ်သွားတတ်ကြတယ်။ သူတို့မျက်နှာပြင်တွေက အရင်တုန်းက ဟုန့်မုန်နဲ့ မိစ္ဆာ နတ်ဘုရားလို တူညီတဲ့ အခြေအနေ ကျရောက်လိမ့်မယ်။

ရှန်းရင်က ပါးစပ်ထဲအစာသွတ်မုန့်ကို ထိုးသွင်းကာ မိနစ်အနည်းငယ်ကြာမှ ပြန်ပြောတယ်။

"သူတို့ရဲ့မျက်နှာပြင်ရဲ့ အသိစိတ်တွေက သူတို့ဘာသာအခြားသူတွေကို ရွေးချယ်လိမ့်မယ်"

ဒါကြာရှည်တဲ့ လုပ်ငန်းစဉ်ဆိုပေမဲ့ အနည်းဆုံးတော့ မျက်နှာပြင်တွေက သူတို့ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းသွားမှာ။

ကူယွဲ့ သက်ပြင်းချလိုက်တယ်။ ယွီဟန့်တို့တွေက သေဖို့ထိုက်တန်ပေမဲ့ သူတို့မျက်နှာပြင်တွေက သက်ရှိသန်းချီတွေက အပြစ်ကင်းတယ်။ ဒါပေမဲ့ ယွီဟန့်တို့တွေ တခြားမျက်နှာပြင်က စီမံထိန်းသိမ်းသူတွေကို သတ်တဲ့အချိန် သက်ရှိသတ္တဝါတွေကို တစ်ချက် တွေးပေးခဲ့ဖူးလို့လား။ မျက်နှာပြင်တွေက အစတည်းက သူတို့လိုလူတွေကို စီမံထိန်းသိမ်းသူအဖြစ်ရွေးချယ်ခဲ့တဲ့ အကျိုးဆက်ကို ခံစားရတော့မယ်။

ကူယွဲ့ တစ်စုံတစ်ရာကို တွေးမိသွားကာ ရှန်းရင်ဘက် လှည့်လိုက်တယ်။ "စီမံထိန်းသိမ်းသူတွေအ‌နေနဲ့ ငါတို့တွေ အနာဂတ်မှာ ဒီလိုမျိုး ကြီးမားတဲ့အန္တရာယ်ကို ဆက်ကြုံတွေ့နေရမှာလား" သူတို့တွေ ကျူးကျော်မှုတွေရော မဟုတ်တာတွေရောနဲ့ ဆက်ပြီးတော့ကြုံတွေ့နေရတယ်။ အခုဆို ကူယွဲ့ ရာထူးကို လက်ခံမိလို့ နောင်တရစပြုနေပြီ။

ရှန်းရင် တုံ့ဆိုင်းသွားကာ ပြုံးလိုက်တယ်။ "အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဖေဖေနျို အပြင်မှာ လူကောင်းတွေအများကြီးရှိပါသေးတယ်"

လူကောင်းတွေလား။ ကူယွဲ့ အမူအရာက မည်းမှောင်သွားတယ်။ သူက ဘေးက သစ်တော်သီးကို လက်ညှိုးထိုးကာ မေးလိုက်တယ်။ "သူ့လို လူကောင်းမျိုးလား" မင်းကို ကားပေါ်ခေါ်တင်ပြီးတော့ ဓားနဲ့ထိုးဖို့ ကြိုးစားမဲ့သူမျိုးလား။

"အာ..." ဖန်းဖန်းက လက်ထဲက ခွက်ကို တကိးတင်းဆုပ်ကိုင်မိလိုက်တယ်။ သူမခုထိ သူတို့အဖွဲ့ထဲက တစ်ယောက်မဖြစ်သေးဘူးလား။

"ပြောရဦးမယ်၊ မင်းက ရော ဘာလို့ခုထိ ငါတို့နောက်ကို လိုက်နေသေးတာလဲ" ကူယွဲ့သူမကို ခေါင်းအစခြေအဆုံးစစ်ဆေးကာ ပေါက်ပေါက်ဖောက်တော့တယ်။

"မင်းရဲ့ကိုယ်ပိုင်မျက်နှာပြင်လေးကို ဂရုစိုက်ရမယ် မဟုတ်ဘူးလား၊ ငါတို့ဆီကနေ သောက်စားဖို့အတွက် ဒီကို ရောက်နေတာလား" သူမ အသားတင် ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ရမယ်များ ထင်နေတာလား

"တကယ်တော့လေ..." ဖန်းဖန်းက စိတ်လှုပ်ရှားစွာ ရယ်ပြီးတော့ လက်ဖက်ရည်ခွက်ကို ချလိုက်တယ်။

"ကျွန်မအကူအညီတောင်းစရာရှိလို့ပါ။ ပြောသင့်လား မသေချာ"

"မပြောသင့်ဘူး" ကူယွဲ့ သူမကို ကြားဖြတ်ပြောလိုက်တယ်။

"..." သူက အမြဲဒီလိုမျိုး ခက်ထန်တာလား။ ဒါပေမဲ့ ဖန်းဖန်းက ကျောကို မတ်လိုက်သေးတယ်။

"ကျွန်မက ရှင်တို့အတွက် ဘာမှမဟုတ်မှန်းသိပါတယ်၊ ကျွန်မရဲ့နည်းလမ်းတွေကိုလည်း ပြောင်းထားပြီးပါပြီ၊ ခုက စပြီး ရှင်တို့၃ယောက်က ကျွန်မရဲ့မိတ်ဆွေတွေပါပဲ"

"ဟီးဟီး" ဘယ်သူက မင်းရဲ့ သူငယ်ချင်းဖြစ်ချင်လို့လဲ။

"တကယ်ပါ ကျွန်မရှင်တို့၃ယောက်ကို အတော်လေးကျေးဇူးတင်ပါတယ်၊ ရှင်တို့တွေက ကျွန်မကို မဟာတာအိုအဖွဲ့အစည်းရဲ့ ဖမ်းဆီးထားမှုကနေ လုံးဝကို လွတ်မြောက်စေခဲ့တာပဲ" ဖန်းဖန်းက သက်ပြင်းချကာ လေးနက်တဲ့အသံနဲ့ပြောတယ်။ "ရှင်တို့အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်မမျက်နှာပြင်နဲ့ကျွန်မက လုံးဝကို ဖျက်ဆီးခံရလောက်ပြီ"

"ဒါကြောင့်..."

ကူယွဲ့က မျက်လုံးတွေမှေးလိုက်တယ်။ "မင်းက ငါတို့ကြင်နာမှုကို ဆိုးယုတ်မှုနဲ့ ပြန်ပေးဆပ်ပြီးတော့ ပြန်သွားဖို့ကို ငြင်းဆန်နေတာလား"

" ..." သူ သဘောကောင်းပေးနိုင်ရဲ့လား။

"တာအိုရောင်းရင်းကူယွဲ့၊ ရှင်က တကယ်ကို ဟာသလုပ်ရတာကြိုက်တာပဲ၊ ရှင်တို့ကျွန်မကို ပြထားတဲ့ကြင်နာမှုတွေကို ပြန်ဆပ်ဖို့နည်းလမ်းမရှိပါဘူး" ဖန်းဖန်းက ရှန်းရင်ဘက်လှည့်ကာ မျက်လုံးတွေတောက်ပသွားတယ်။

"ကျွန်မစဉ်းစားပြီးသွားပြီ၊ ကျွန်မရဲ့မျက်နှာပြင်ကို ရှင်တို့ဘေးကို ရွှေ့မလို့စဉ်းစားထားတယ်၊ ရှင်တို့ ဘယ်လိုထင်လဲ" သူမစကားပြောပြီးတာနဲ့ လက်ထဲကနေ ပဲစေ့နဲ့အနည်းငယ်တူတဲ့ အဖြူရောင်အစေ့လေးတစ်ခုကို ထုတ်တယ်။ "ကျွန်မဒါကို ဘယ်မှာ စိုက်သင့်တယ်လို့များထင်လဲ၊ အဲ့ဒီမျက်နှာပြင်နှစ်ခုရဲ့ ဘေးတည့်တည့်မှာ ဆိုရင်ရော"

"ထွက်သွား"

ဟမ့် မင်းတို့လိုမျိုး ကလိမ်ကကျစ်တွေကို ကယ်ဖူးပြီးတာ လုံလောက်နေပြီ။

ရှန်းရင် ။ ။ "..."

ဖန်းဖန်း ။ ။ "..."

ဖေဖေနျို နင်ဒီလိုမျိုး ဆက်ပြီးတော့လုပ်နေရင် တစ်သက်လုံးလူပျိုကြီးဖြစ်တော့မယ်ဆိုတာကို သိရဲ့လား။

ဖန်းဖန်းက ကောင်းကင်ဘုံမှာ ကြာကြာမနေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့မျက်နှာပြင်က လွတ်လပ်သွားပေမဲ့ အားနည်းနေသေးတယ်။ ဟုန့်မုန်ရဲ့မျက်နှာပြင်နဲ့တောင် နှိုင်းယှဉ်လို့မရသေးဘူး။ ပုံမှန်အရ သူမရဲ့မျက်နှာပြင်အပြင်ဘက်မှာ အချိန်အများကြီးကုန်ဆုံးဖို့အချိန်မရှိဘူး။ ကူယွဲ့ သူမရဲ့အကြံပြုချက်ကို ငြင်းချပြီးနောက် သူမက သူတို့နဲ့ မနီးမဝေးဆီ မျက်နှာပြင်ကို ရွေ့ခဲ့တယ်။ ပြီးနောက် သူမရဲ့ရေနွေးကြမ်းခွက်ကို ချကာ ထွက်သွားတော့တယ်။ သေချာပေါက် စားသောက်ဖို့အတွက် မနေဘူးပေါ့။

ကူယွဲ့ ဟုန့်မုန်နေရာဆီ တစ်ချက် ပြန်သွားကြည့်လိုက်တယ်။ အံ့ဩစရာပဲ ယုန်က သူ့ရဲ့‌ဦးနှောက်ဆေးတဲ့နည်းလမ်းက တိုးတက်နေတယ်။ ယုန်က သူတို့ကို ဘာသင်နေလဲ ကူယွဲ့ မသိပေမဲ့ ကောင်းကင်မျိုးနွယ်တွေက ကူယွဲ့ကို လေးစားတာထက်တောင် ယုန်ကို လေးစားကြတယ်။ အခုဆို အရင်ကနဲ့ယှဉ်ရင် လုံးဝကို မမှတ်မိလောက်အောင် နာခံနေကြတယ်။ အော်ဟစ်တာတွေ၊ သတ်ဖြတ်တာတွေ မရှိတော့ဘူး။ အဲအစား သူတို့အားလုံးက လေးစားရတဲ့ဆွေကြီး မျိုးကြီးမိသားစုတွေလိုမျိုး ပြုမူနေကြတယ်။

ကူယွဲ့က ယုန်ကို သူ့မျက်နှာပြင်အတွက် အလုပ်လုပ်ပေးမှုအတွက် အတော်လေး ချီးကျူးမိတယ်။ ဒီယုန်က သူတို့အရင်တုန်းက ရှိခဲ့တဲ့ယုန်ထက်အများကြီးပိုသာတယ်။ ဖက်တီးကလည်း မဆိုးဘူး။ တပည့်၃ယောက်က သူတို့ရဲ့ နတ်ဝိညာဉ်တွေကို ဖွဲ့စည်းမှုပြီးလုနီးပါးဖြစ်နေပြီ။ မှိုကလည်း သတိပြန်ရနေပြီ။ သူမဆုံးရှုံးသွားတဲ့ ဝိညာဉ်အပိုင်းတွေကို ပြန်ဖွံ့ဖြိုးစေဖို့ကတော့ မလွယ်ဘူး။ ဒီအတွက် အကောင်းဆုံးဖြေရှင်းချက်က သံသရာထဲဝင်ဖို့ပဲ။ ဒါပေမဲ့ သူမ အဲ့လိုလုပ်တာနဲ့ ဖြစ်ခဲ့သမျှ အားလုံးကို မေ့သွားလိမ့်မယ်။ ဒါဆို မှိုဟာ အရင်နဲ့ တူတော့မှာ မဟုတ်ဘူး။ ဒါကြောင့် သူမကိုယ်သူမ ဒီထိ အားတင်းနေတာပဲ။

ကောင်းတာတစ်ခုကတော့ ဖက်တီးက သူမကို အာဟာရဖြစ်စေဖို့ မရေမတွက်နိုင်တဲ့ အမတဆေးမြစ်တွေနဲ့ ဝိညာဉ်သက်စောင့်ဆေးတွေအများကြီးကို အသုံးပြုနေတာပဲ။ ဒါကြောင့် သူမ ခု အများကြီးသက်သာနေပြီ။ ပြီးတော့ ဖက်တီးက မှိုကို ကူညီဖို့အတွက် မိစ္ဆာသိုင်းတချို့ကိုလည်း သင်ယူထားခဲ့တယ်။ ဖက်တီးရဲ့ လမ်းညွှန်မှုအောက်မှာ မှိုက ကျင့်ကြံဆင့်၂ဆင့်တိုးတက်နေပြီ။ အခု သူက သတ္တမအဆင့်မှိုဖြစ်နေပြီ။

ကူယွဲ့က မှိုရဲ့အခြေအနေကနေ ပြဿနာတချို့ကို နားလည်ခဲ့ရတယ်။ သူသေမျိုးတွေ‌အပေါ်မှာ အာရုံစိုက်မိနေခဲ့လို့ သားရဲတွေနဲ့ မိစ္ဆာတွေအပေါ်မှာ လုံးဝကို လျစ်လျူရှူနေခဲ့မိတာပဲ။ မျက်နှာပြင်စတင်တည်ထောင်ချိန် ဒီမျိုးနွယ်တွေက ရှိနခဲ့တာ။ သေမျိုးတွေက အများကြီး အားနည်းတဲ့အတွက် ကျင့်ကြံဆင့်မှာ အများကြီး အားထုတ်မှုလိုအပ်ခဲ့တယ်။ ဒါပေမဲ့ အခြားမျိုးနွယ်တွေက အရေးမကြီးဘူးလို့တော့ ဆိုလိုတာမဟုတ်ဘူး။ သေမျိုးတွေရောမိစ္ဆာတွေက ပါ သေမျိုးကမ္ဘာထဲနေကြတာ။ သူတို့က ဘုံတွေမတူကြပေမဲ့ တစ်ယောက်ဘုံကို တစ်ယောက် မဖြတ်သန်းနိုင်တာမျို‌တော့မဟုတ်ဘူး။ ရောထွေးသွားနိုင်ခြေက ဒါကြောင့်မြင့်မားတယ်။

အခုသေမျိုးတွေက အများကြီး တိုးတက်နေချိန် မိစ္ဆာတွေကတော့ အစမှာရှိခဲ့တဲ့အတိုင်း တစ်နေတုန်းပဲ။ ဒါကြောင့်အနာဂတ်မှာ မိစ္ဆာတွေအားလုံးသုတ်သင်ခံရနိုင်ခြေရှိတယ်။ အဲ့လိုဆို အရမ်းကို နှမြောစရာ ကောင်းသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုန်လိုမိစ္ဆာတွေလည်းရှိတယ်လေ။ ပြီးတော့ အမျိုးမျိုး အထွေအထွေရှိတာကလည်း ကောင်းမွန်တဲ့အရာပဲလေ။

ဒါကြောင့်ကူယွဲ့ဖက်တီးကို ညွှန်ကြားချက်တချို့ချန်ခဲ့ကာ လုပ်စရာစာရင်းတွေထဲ မိစ္ဆာမျိုးနွယ်ပါထပ်ထည့်ခိုင်းလိုက်တော့တယ်။

All Chapters