အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
အခန်း ၅၅၉ ။ အုပ်ချုပ်ရေးကော်မတီ
"မှိုက စတင်ကျင့်ကြံတဲ့ ပထမဆုံးမိစ္ဆာပဲ။ သူသတ္တမအဆင့်ရောက်ရင် တခြားတပည့်တွေလို တာအိုကို ဖြန့်ဖြူးဖို့အတွက် တောင်အောင်ဆင်းခိုင်းလိုက်"
ဖက်တီးက ခဏတာ တုံ့ဆိုင်းသွားပြီးတော့ အနည်းငယ်တွန့်ဆုတ်နေတဲ့ပုံပေါ်ပေမဲ့ ခေါင်းတော့ ငြိမ့်သေးတယ်။ "ဟုတ် ဆရာ"
သူ့တစ်ကိုယ်လုံး အနည်းငယ် ပြားချပ်သွားပြီးတော့ ဂနာမငြိမ်ဖြစ်လာတယ်။
"အင်း" ကူယွဲ့ခေါင်းညိတ်ကာ တစ်ဖက်လှည့်ပြီးတော့ ကောင်းကင်ဘုံဆီ ပြန်ဖို့ကြံရွယ်ချိန် ရွံရှာနေတဲ့ အကြည့်နှစ်ခုက သူ့ဆီရောက်လာတယ်။
"မင်းတို့၂ယောက်ငါ့ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ" ကူယွဲ့ဆရာ တပည့်၂ယောက်ကို ဒေါသတကြီး ကြည့်လိုက်တယ်။
၂ယောက်သားက ခဏ တိတ်ဆိတ်နေပြီးတော့ တစ်ပြိုင်နက်တည်း လှည့်ကာ သူ့ဘာသာ အဖြေထုတ်ဖို့ ကျောပေးထားလိုက်ကြတော့တယ်။
"ဖက်တီး မှိုက သူ့ဒဏ်ရာကနေ မသက်သာသေးဘူး၊ နင် သူ တောင်အောက်ဆင်းတဲ့အချိန်ကျရင် လိုက်သွားပေးသင့်တယ်"
"ဆရာပြောတာမှန်တယ် မင်းတို့တာအိုဖြန့်ဖြူးပြီးတဲ့ အချိန်ကျမှ တူတူပြန်လာခဲ့ကြ"
"ဟုတ် ကျွန်တာ် သဘောပေါက်ပါပြီ" ဖက်တီး မျက်လုံးတွေက ချက်ချင်းတောက်ပသွားပြီး သူ့တစ်ကိုယ်လုံး ဖောင်းကားလာတယ်။
"သူက ဘာလို့ မှိုနဲ့အတူသွားဖို့လိုတာလဲ" ကူယွဲ့ အူကြောင်ကြောင်ဖြစ်သွားပြီးတော့ အလိုလို မေးခွန်းထုတ်မိလိုက်တယ်။ "သူက ...အွမ့်အွမ့်အွမ့်"
သူစကားမဆုံးခင် ရှန်းရင်နဲ့ ယိချင်းက သူ့ပါးစပ်ကို အုပ်ထားကြတယ်။ "ငါတို့သွားပြီ ငါတို့သွားပြီ တာ့တာဖက်တီးရေ" အဲ့လိုပြောပြီး သူတို့က တစ်ယောက်သောသူကို ကောင်းကင်ဘုံထိ ပြန်ဆွဲခေါ်လာခဲ့ကြတယ်။
*ချီး မင်းတို့၂ယောက် ဘာလုပ်နေတာလဲ" ပုန်ကန်နေတယ်ပေါ့လေ။ ကောင်စုတ်လေးတွေ။
"ဖေဖေနျို ရှန်းရင်က ရှားရှားပါးပါး တည်ကြည်တဲ့အမူအရာနဲ့ပြောတယ်။ "နင်ဒီလိုမျိုးဆို အမြဲတမ်း လူပျိုကြီး ဖြစ်နေတော့မယ်ဆိုတာ သိရဲ့လား"
"ထွက်သွား" ကူယွဲ့ မျက်ဆန်လှန်ပြလိုက်တယ်။ "ငါ့ကို ဘာတွေကျိန်ဆဲနေတာတုံး၊ ပြီးတော့ဒါက ဖက်တီးနဲ့ ဘာဆိုင်..." သူက ပြောနေရင်းတန့်သွားပြီးတော့ တစ်စုံတစ်ခုကြောင့် တောင့်သွားပုံပေါ်ကာ အလင်းပေါက်သွားသလိုပဲ။ "သေစမ်း ဖက်တီးနဲ့... မှို မဖြစ်နိုင်တာ"
"မဟုတ်ဘူးဆိုရင် ဖက်တီးက အဲ့လောက်ကြင်နာပြီးတော့ မှိုကို ကျင့်ကြံမှုအကြောင်း စိတ်ရင်းနဲ့ သင်ပေးမှာလဲ" ယိချင်းက ထပ်ပြောတာ်။
ကူယွဲ့မှင်တက်သွားပြီး နောက်ကျမှ နားလည်လိုက်ရတာက ...အဲ့လိုဖြစ်တဲ့ပုံပဲ။ သူ တုန်လှုပ်ခြောက်ခြားတဲ့အကြည့်နဲ့ မှတ်ချက်ပြုတယ်။ "မှိုမှာ ဒီလို.... စူးရှတဲ့နှစ်သက်မှုမျိုး ရှိတာလား"
သူက တကယ်ပဲ ဖက်တီးကို သဘောကျသွားတယ်ပေါ့။
"..."
ဒီအတွေးအခေါ်နဲ့ပတ်သက်ပြီးတော့ တစ်ခုခုမှားနေတာများ ရှိလို့လား။ ဘယ်လောက်တောင်မှ ဖက်တီးကို ရွံရှာမုန်းတီးနေတာတုံး။
"ခဏ" ကူယွဲ့က ထိတ်လန့်သွားတယ်။ "ဒါဆို ယုန်က ဘာဖြစ်သွားမှာလဲ"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
သူတို့တွေ အသွားပဲရှိပြီး အပြန်မရှိတဲ့ ရထားတစ်စင်းဖြတ်သွားတယ်လို့ ဘာလို့ ရုတ်တရက် ကြားလိုက်ရပါလိမ့်။
" ဘယ်လိုပဲဖြစ်ဖြစ်..."
ကူယွဲ့ အထီး၂ယောက်ကို တွဲပေးစားမိမှန်း လုံးဝသတိမထားမိဘဲ ဆရာတပည့်၂ယောက်ကို စစ်ဆေးလိုက်တယ်။ "မင်းတို့၂ယောက်ကရော ဘယ်လိုပြောနိုင်တာလဲ" ရှန်းရင်ကတော့ မကြာခဏဆိုသလို မူလီချောင်နေတာမလို့ထားပါဦး။ ဒါပေမဲ့ နှစ်တစ်သန်း ထုံအတဲ့ စားဖိုမှူးကတောင် အဖြေထုတ်နိုင်တယ်ပေါ့။
၂ယောက်လုံး အကြည့်ချင်းဖလှယ်ကာ ပြိုင်တူပြောလိုက်ကြတယ်။ "အတွေ့အကြုံရှိတာကိုး"
ကူယွဲ့ ။ ။ "..."
မင်းတို့ရိုပြနေတာတွေ လဲသေလိုက်။
အတွဲမရှိတာ ဘာမှားလို့တုံး။ တစ်ကိုယ်တည်းသမားက မင်းတို့၂ယောက်ကို ရန်စအပြစ်ပြုမိခဲ့လို့လား။
၃ယောက်သား စကားစမြည်ပြောနေချိန် ရှန်းရင်ဘက်က အသံက တီခနဲမြည်လာကာ သူမလက်က လက်ပတ်ပေါ် အနီရောင်အလင်းတစ်ခု ရုတ်တရက်ပေါ်လာတယ်။ သူမက လက်လှမ်းပြီး ဆွဲထုတ်လိုက်တော့ အလင်းရောင်မျက်နှာပြင်တစ်ခု ချက်ချင်းခုန်ထွက်လာကာ အပေါ်မှာတော့ စာအိတ်ပုံသဏ္ဌာန်လေး ရှိနေတယ်။
"ဒါဘာတုံး" ကူယွဲ့ မေးကြည့်လိုက်တယ်။
"မိတ်ဆွေတစ်ယောက်" ကူယွဲ့ရော ယိချင်းပါ မှင်တက်သွားတယ်။ ရှန်းရင်မှာ သူတို့ မသိသေးတဲ့မိတ်ဆွေတွေ ရှိသေးတာလား။ သူမက အဲ့သင်္ကေတလေးပေါ်နှိပ်လိုက်တော့ ခုန်ထွက်လာပြီး မရင်းနှီးတဲ့ ယောက်ျားသံ ထွက်ပေါ်လာတယ်။
[ရင်လေး မင်းအရင်က ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါလည်းမကြားဖူးဘူး၊ ငါအရင်က ခင်ခဲ့တဲ့ မိတ်ဆွေတချို့ကို လည်းမေးခဲ့တယ်၊ သူတို့လည်း မသေချာဘူး၊ တခြားဘာမှအလုပ်မဖြစ်ရင် ကော်မတီကို သွားပြီး သူတို့ကုန်ကြမ်းတွေကို စစ်ဆေးကြည့် မဟုတ်ရင်...]
အပြုံးတစ်ခုရဲ့ အရိပ်အယောင်တချို့ကို အသံထဲမှာကြားနိုင်တယ်။ [မင်းအစ်မကို မင်းမေးရမှာပေါ့၊ မစိုးရိမ်ပါနဲ့ ငါမင်းအစား ကြားဝင်ပေးမယ်]
အသံက နောက်တစ်စက္ကန့်မှာ ပြတ်တောက်သွားပေမဲ့ ရင်းနှီးမှန်း သိသာတယ်။ ကြည့်ရတာ သူအတော်ကြာ မတွေ့ဖြစ်ခဲ့တဲ့ သူငယ်ချင်းဖြစ်ပုံပဲ။
"ဆရာ ဒါက ..." ယိချင်းမနေနိုင် စကားပြောမိတော့တယ်။ ဘာကြောင့်မှန်းမသိ သူ့နှလုံးသားထဲ သွေးပျက်မှုတချို့မြင့်တက်လာတော့တယ်။
"အခုစကားပြောခဲ့တဲ့သူက တခြားမျက်နှာပြင်ကမလား၊ မင်းသူ့ကို ဘာစုံစမ်းခိုင်းခဲ့တာလဲ"
"အများကြီးမဟုတ်ပါဘူး" ရှန်းရင်က မျက်နှာပြင်ကို ပိတ်ကာ ကုလားထိုင်မှာပြန်မှီပြီးမှ ဖြေတယ်။
"အရင်က တစ်ယောက်ယောက်က ...မော်နီတာဆိုတဲ့ စကားလုံးကို ပြောခဲ့တယ်မလား၊ ငါသိချင်လို့ ငါ့သူငယ်ချင်းကို မေးကြည့်ခဲ့တာ"
၂ယောက်သား မဟာတာအိုအဖွဲ့အစည်းရဲ့ ယွီဟန့်က ရှန်းရင်က မော်နီတာ တစ်ခုခုလို့ ပြောခဲ့ဖူးတာကို မှတ်မိသွားခဲ့တယ်။ သူတို့တွေ တိုက်ခိုက်မှုနဲ့အရမ်း အလုပ်ရှုပ်နေလို့ သတိမထားမိခဲ့ပေမဲ့ အခုပြန်တွေးကြည့်တော့ သူက အဲ့တုန်းက အတော်လေးကို ကြောက်နေခဲ့ပုံပဲ။ ကူယွဲ့ ရှန်းရင် အိပ်စက်အနားယူတာကနေ ပြန်နိုးထလာတော့ ဘာတွေပြောင်းလဲမှု ဖြစ်သွားမှန်း သူမကိုယ်သူမတောင် မသိဘူးလို့ ပြောခဲ့ဖူးတာကို သတိရသွားတယ်။ ဒါနဲ့ပတ်သက်နေတာ ဖြစ်နိုင်လား။ သူ ရင်ထိတ်သွားပြီးတော့ စိတ်လှုပ်ရှားသွားတယ်။
"နှမြောစရာက ဘယ်သူမှ မကြားဖူးတာပဲ" ရှန်းရင်က အသီးကို လက်ဆန့်ယူပြီးတော့ အကျင့်အတိုင်း ကိုက်နေတယ်။
"တခြားနည်း မရှိတော့ဘူးလား" ကူယွဲ့မေးလိုက်တယ်။ ဒါကို ရှင်းရှင်းလင်းလင်းသိပြီးရင် သူတို့တွေ ရှန်းရင်ကိုယ်ထဲက ပြောင်းလဲမှုကို ရှာတွေ့နိုင်မယ်လို့ သူခံစားနေရတယ်။ "အဲ့လူပြောတဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်တာရော"
"အဲ့ဒါက အုပ်ချုပ်ရေးကော်မတီရဲ့ ကုန်ကြမ်းတွေပဲ"
"အုပ်ချုပ်ရေးကော်မတီလား" ကူယွဲ့နဲ့ ယိချင်း အကြည့်ချင်း ဖလှယ်လိုက်တယ်။ ဒါရှန်းရင်ပြောတာကို ဒုတိယအကြိမ် ကြားရတာပဲ။
"အဲဒါက အားကိုးလို့မရ ချုပ်ထိန်းမှု မရှိတဲ့အဖွဲ့အစည်းလို့ မင်းပြောခဲ့တယ်မလား၊ စစ်ဆေးစရာ ကုန်ကြမ်းတွေ ဘာလို့ရှိနေသေးတာလဲ"
"အုပ်ချုပ်ရေး ကော်မတီမှာ ကုန်ကြမ်းအခန်းရှိတယ်" ရှန်းရင်းက ခေါင်းစောင်းပြီး ရှင်းပြတယ်။
"အဲဒါက လူတိုင်း အားအားယားယားနေရင်းကနေ ပျင်းရိလွန်းပြီး တည်ဆောက်ခဲ့တာပဲ၊ မျက်နှာပြင်တိုင်းမှာ ဖြစ်ခဲ့သမျှကိစ္စကြီးကြီးမားမားဟာတွေအကုန်လုံးကို မှတ်တမ်းသိမ်းထားဖို့အတွက် ကုန်ကြမ်းခန်းဆီ မိတ္တူတစ်ခု ပေးထားကြတယ်၊ အဲ့ဒါကြောင့် အဲ့လိုဆို တခြားစီမံထိန်းသိမ်းသူတွေ ထပ်တူကြုံတွေ့ရရင် ကိုးကားလို့ရအောင်ပေါ့"
သူတို့အတွေ့အကြုံတွေကို အကျဉ်းချုပ်တာ။ အကြံကောင်းပဲ။ အုပ်ချုပ်ရေးကော်မတီက ဒီလောက် အားမကိုးရတာတော့ မဟုတ်ဘူးပဲ။
"အော် ဟုတ်သား" သူမက တစ်စုံတစ်ယောက်ကို သတိရသွားပြီး ထပ်ပြောတယ်။ "ဖေဖေနျို ငါနင့်ရဲ့ကွန်ရက်ကို ဟက်ခဲ့တုန်းက ဒီစာရွက်စာတမ်းတွေကို တင်ဖို့အတွက်ပဲ"
"..." ခွေး*သား အရှက်မရှိတဲ့ ဝိုင်ဖိုင်သူခိုးပဲ။
"ဒါဆို ဆရာ ကျွန်တော်တို့ အခုတစ်နေရာကို ထွက်ခွာတော့မှာလား"
"အခု မဟုတ်သေးဘူး နောက်မှပေါ့"
"ငါတို့ဘာကို စောင့်နေတာလဲ" ကူယွဲ့က သူမကို လှမ်းကြည့်လိုက်တယ်။ ဒီလိုစုံစမ်းမှုမျိုးက မြန်မြန်ပြီးလေ မြန်မြန်ကောင်းလေမဟုတ်ဘူးလား။
"ငါ့အစ်မပြန်မှာကို စောင့်နေတာ" ရှန်းရင်က လေးနက်မှုအပြည့်နဲ့ပြောတယ်။ "ငါ့အစုက လက်ထောက်အတန်းဖော်ဆီက ငါ့အစ်မ ဘယ်မှာ ရှိနေမလဲဆိုတာကို အသိပေးစာ ရပြီးသား၊ သူထွက်သွားပြီးရင် သူတို့က ငါ့ကို အချက်ပြပေးလိမ့်မယ်၊ အဲ့တော့မှ သွားကြမယ်"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဒါက အရမ်းကို သရဲဘောကြောင်တယ်ဆိုပေမဲ့လည်း သူတို့တွေ သူမအတွေးအခေါ် အမြော်အမြင်ရှိတဲ့ ရှားရှားပါးပါး လုပ်ရပ်ကို ဘာလို့ လက်မ ထူးထူးဆန်းဆန်း ပေးချင်နေမိတာပါလိမ့်။ နှစ်ပေါင်းအကြာမှာတော့ ဒီ ကလိမ်ကကျစ်ရင်က တစ်ကြိမ်တော့ အားကိုးခဲ့ရပြီ။
ဒါကြောင့်၃ယောက်သား အင်မတန်လိမ္မာစွာနဲ့ ကောင်းကင်ဘုံထဲမှာ နေ့တစ်ဝက်နီးပါး နေရစ်ခဲ့ကြတယ်။ တစ်လျှောက်လုံး သူတို့တွေ နေ့လယ်စာစား၊ ရေနွေးကြမ်းတွေ သောက်ပြီး အစာသွတ်မုန့်တွေ စားပစ်ကြတယ်။
ရှန်းရင်ရဲ့လက်က နောက်တစ်ကြိမ်မြည်လာပြန်ပြီ။ ဒီတစ်ကြိမ်အလင်းရောင်မျက်နှာပြင်ပေါ်မှာတော့ မီးရှူးမီးပန်းတွေအများကြီးနဲ့ နှစ်သစ်ကူးပွဲတော်လိုမျိုး တေးဂီတတွေတောင်ပါဝင်နေတယ်။
"ကောင်းပြီလေ အချက်ပြမှုရောက်လာပြီ" ရှန်းရင်က ထရပ်ကာ လက်တစ်ဖက်နဲ့ မျက်နှာပြင်တံခါးကို ဆွဲဖွင့်လိုက်တယ်။ "သွားကြစို့"
သူတို့တွေ နောက်ထပ်မြေအောက်ဂိုဏ်းအဖွဲ့အစည်းတစ်ခုနဲ့ အချိန်းအချက်ရှိရာဆီ သွားနေတယ်လို့ ဘာလို့ ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်မိတာပါလိမ့်။
ကူယွဲ့နဲ့ ယိချင်း သူတို့ကိုယ်သူတို့ စကားနဲ့ဖော်ပြမရတဲ့ အမူအရာတွေနဲ့ မျက်နှာပြင်တံခါးကို ဖြတ်သန်းကာ ရှန်းရင်နောက်လိုက်ခဲ့ကြတယ်။
သူတို့ရှေ့က မြင်ကွင်း ပြောင်းလဲသွားတာကို ခံစားလိုက်ရပြီး တစ်စက္ကန့်မှာ ဖြူဆွတ်နေတဲ့ ဟင်းလင်းပြင်ဆီ ရောက်လာခဲ့တယ်။ ပတ်ဝန်းကျင်မှာ ဘာမှမရှိဘဲ အဖြူရောင် ပင်လယ်တစ်ခုသာပဲ။
...
အခန်း ၅၆၀ ။ မည်မည်ရရအဖွဲ့အစည်းတစ်ခု
"ဒါက အုပ်ချုပ်ရေးကော်မတီလား" ကူယွဲ့တုံ့ဆိုင်းသွားတယ်။
"ဒါက အပြောင်းအရွေ့ဂိတ်ပေါက်" ရှန်းရင်က ညာဘက်ကို လက်ညှိုးထိုးပြတယ်။ "အဲ့တံခါးပေါက်ကို ဖြတ်ပြီးတော့သွားရမှာ"
၂ယောက်သား လှည့်ကြည့်လိုက်တော့မှ အဲ့အပေါက်နားမှာ တံခါးကြီးတစ်ခု ရှိနေတာကို နားလည်လိုက်ရတယ်။ ဘာနဲ့လုပ်ထားမှန်းမသိပေမဲ့ နှင်းလိုမျိုး ဖြူဆွတ်နေတဲ့ ကိုယ်ထည်ကြောင့်မလို့ ဒီဖြူစွတ်နေတဲ့ဟင်းလင်းပြင်နဲ့ ရောထွေးလုနီးပါးဖြစ်နေတယ်။ ရှန်းရင်ရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် သူတို့သတိထားမိမှာ မဟုတ်ဘူး။ ပြီးတော့ တံခါးပေါ်မှာက ထူးထူးဆန်းဆန်း အဆင်ပုံစံတွေ အများကြီး ရှိပြီးတော့ သူတို့တွေက အသက်ဝင်နေပြီး အဆက်မပြတ် ကူးခတ်နေကြတယ်။
"သွားကြစို့၊ ငါတို့အဲ့တံခါးကို ဖြတ်လိုက်ရင် ရောက်သွားလိမ့်မယ်" ရှန်းရင်က နေရာနဲ့ ရင်းနှီးတာမလို့ ရှေ့ကို ခပ်သွက်သွက်လျှောက်သွားတယ်။ ကူယွဲ့နဲ့ ယိချင်းက လိုက်သွားပြီး ထူးဆန်းတဲ့တံခါးကို သူတို့စိတ်ထဲကနေ မနေနိုင်ဘဲ ချီးကျူးမိလိုက်တယ်။ တံခါးရှေ့ရပ်နေရုံနဲ့တင် တည်ကြည်မှုတချို့ကို ခံစားလိုက်ရပြီး အုပ်ချုပ်ရေးကော်မတီက အဲ့လောက်ကြီးနိမ့်ကျနေတာ မဟုတ်လောက်ဘူး။ သူတို့တွေ အရင်တုန်းက ရှန်းရင်စကားကို ငြင်းဆန်မိတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက စီမံထိနိးသိမ်းသူတွေ စုဝေးကြတဲ့ အဖွဲ့အစည်းတစ်ခုပဲလေ။ အဲ့လောက်ကြီးမဆိုးလောက်ပါဘူး။
ရှန်းရင်လက်လှမ်းကာ ခပ်ဖွဖွတွန်းလိုက်ပေမဲ့ အင်မတန်ကျယ်ပြန့်ပြီး လေးလံမဲ့ပုံပေါ်တဲ့ တံခါးကြီးက ပွင့်သွားတယ်။ အရင်တုန်းက မဟာတာအိုအဖွဲ့အစည်းက သူကို နက်နက်ရှိုင်းရှိုင်း မကောင်းတဲ့အမြင် ပေးခဲ့တာလားတော့ မသိ။ ကူယွဲ့ရင်ထဲ ယောက်ယက်ခက်မိတယ်။ ဒီလိုအဖွဲ့အစည်းတစ်ခုဆီ လာရတော့ သူအသက်အောင့်ကာ ဝင်လာခဲ့တယ်။
စက္ကန့်ပိုင်းအတွင်း မြင်ကွင်းက နောက်တစ်ကြိမ် ပြောင်းလဲသွားကာ ခန်းမထဲ မြင်ကွင်းတစ်ခု ပေါ်လာတယ်။ မရင်းနှီးတဲ့အသံတစ်သံက သူ့နားထဲ ဘွန်းခနဲဝင်လာတယ်။
"ဝါးနှစ်ခုကစားပွဲ ကိုယ့်ဘာသာနုတ်ထွက် ပုံစံတူ အားလုံး မြန်မြန်ပိုက်ဆံပေး ပိုက်ဆံပေး ဟားဟားဟား..."
ခန်းမအလယ်မှာ လေးထောင့်စားပွဲကြီးတစ်ခုချထားကာ လူ၄ယောက်ကျော်ထိုင်နေပြီး စားပွဲပေါ်က စတုရန်းအတုံးလေးတွေကို ဟိုဟိုဒီဒီကိုင်နေတယ်။ လူတိုင်းက အင်မတန် လွတ်လပ်ပေါ့ပါးစွာ အမူအရာအမျိုးမျိုးနဲ့ ထိုင်နေကြတယ်။ တချို့က ခြေထောက်ကုတ်၊ တချို့က ဂိမ်းကို ကြည့်နေပြီးတော့ ကွာစိဝါးနေကာ မြေကြီးပေါ်မှာဆို အခွံတွေအပုံလိုက်ရှိနေပြီ။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
နှောင့်ယှက်မိတာ တောင်းပန်ပါတယ် သူတို့လမ်းမှားလာမိပြီ။
ဘာကြီးတုံးဟ။ ဒါက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးပဲ
"ဟေး ရင်လေး မင်းဒီမှာ ဘာလုပ်နေတာလဲ" ကစားပွဲကို စောင့်ကြည့်နေတဲ့တစ်ယောက်သောသူက ပြန်လှည့်လာကာ အံ့ဩသွားတယ်။ သူ့ကို အံ့ဩတကြီး အကြည့်တွေနဲ့ နှုတ်ဆက်ကြတယ်။ "ဟေး ရင်လေး မတွေ့ရတာကြာပြီ မင်းငါတို့ဆီ နောက်ဆုံးလာလည်ခဲ့တာ ဘွဲ့ရပြီးတော့နော်၊ စကားမစပ် မင်း အစ်မအခုလေးတင် ထွက်သွားတာ"
"ကျွန်မသိပါတယ်"ရှန်းရင်နှုတ်ခမ်းထောင့်တွေက တွန့်သွားတယ်။ အဲ့ဒါကြောင့်မို့သာ သူမဒီကို ရောက်နေတာလေ။
ခြေဖဝါးကုတ်နေတဲ့လူက သဘောပေါက်သွားတယ်။ "မင်းဘာလို့မင်းအစ်မကို အဲ့လောက်တောင် ကြောက်နေသေးတာလဲ" အတွေးတစ်ခုက စိတ်ထဲဖြတ်ပြေးသွားပြီးတော့ သူကစားပွဲတစ်ခုကို လက်ညှိုးထိုးပြကာ မေးတယ်။ "ငါတို့နဲ့ ပွဲအရေအတွက်နည်းနည်းလောက် ကစားချင်တာလား၊ မင်းငါ့ထိုင်ခုံမှာ ထိုင်လို့ရတယ်"
ရှန်းရင်မဖြေခင် သူ့ဘေးက ကွာစိဝါးနေတဲ့ မိန်းကလေးက ခေါင်းနောက်စေ့ကို တစ်ချက်ရိုက်တယ်။ "နင်သေတွင်းတူးနေတာလား၊ ရင်လေးကို မာကျောက်ကစားခိုင်းတာကို ကျင်းလေးသာ သိသွားရင် နင့်ကို အသေရိုက်ပစ်မှာ သတိထားဦး"
"မင်းအတည် ပြောနေတာလား ရင်လေးက ခုဆို အရွယ်တောင် ရောက်နေပြီကို ဘာလို့ အဲ့လောက်တောင် စည်းကမ်းတင်းကြပ်နေသေးတာလဲ"
အဲ့လူခန္ဓာကိုယ်တစ်လျှောက် ကြက်သီးထသွားတယ်။ သူ့ကို လုံးဝအပြစ်ပြုမိလို့မဖြစ်ဘူး။
"ကျွန်မ ကစားမှာ မဟုတ်ဘူး" ရှန်းရင်က ခေါင်းကို ခါကာ လက်ကို ဆန့်ထုတ်တယ်။
"ကွာစိနည်းနည်းလောက် ပေးပါဦး"
"သေချာပေါက်ပေါ့" စောနက လူကို ရိုက်ထားတဲ့မိန်းကလေးက လက်ဖြောက်တစ်ချက် တီးလိုက်တာ့ သူမလက်ထဲမှာ လှော်ထားတဲ့ကွာစိတစ်ထုပ် ချက်ချင်းပေါ်လာတယ်။ သူမက လှမ်းပေးတော့ ရှန်းရင်က သဘာဝကျကျယူကာ ကျေးဇူးတင်တယ်။
မိန်းကလးက လှည့်သွားကာ သူမဘေးက လူ၂ယောက်ကို အခုမှသတိပြုမိဟန် လှည့်ကြည့်တယ်။
"ဒီမရင်းနှီးတဲ့မျက်နှာတွေက ဘယ်သူတွေပါလိမ့်၊ နင့်ရဲ့ချစ်သူလေးတွေလား"
"ပြောတာ တစ်ဝက်မှန်တယ်" ရှန်းရင်က ကွာစိထုတ်ကို ဖွင့်ကာ ပြန်လှည့်ပြီးတော့ မိတ်ဆက်ပေးတယ်။
"စားဖိုမှူး၊ ဖေဖေနျို"
မိန်းကလေးက ထိတ်လန့်သွားတယ်။ "နင်တို့ညီအစ်မတွေမှာ အဖေရှိသေးတာလား" ရှန်းကျင်အရင်က ပြောတာကို သူမ မကြားဖူးဘူးပါလား။
"သူ့ကို ဟိုတလောကတင်မှ အသိအမှတ်ပြုထားတာ"
"အသိအမှတ်ပြုတယ်လား အမ်...ရှန်းကျင်းက နင့်ခြေထောက်တွေကို မချိုးတာ အရမ်းကို မိုက်နေပြီ"
လူတစ်ယောက်ကိုများ ခပ်ပေါ့ပေါ့ အဖေအဖြစ်သတ်မှတ်ရဲတယ်ပါ့။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
"အော် ဟုတ်သား နင်လည်း ခုစီမံထိန်းသိမ်းသူဖြစ်နေလို့ နင့်အစ်မဆီက ကြားတယ်၊ နင်ဒီကို ပြန်လာတာက ကိစ္စတစ်ခုခုရှိလို့လား" မိန်းကလေးက ဆက်မေးတယ်။
"ပြဿနာတချို့ကြုံလို့ ကုန်ကြမ်းဖတ်ဖို့ ရောက်လာတာ"
"အော် ဒါဆို ကုန်ကြမ်းအခန်းဆီသွားလေ" မိန်းကလေးက ခါင်းငြိမ့်ကာ ညာဘက်အခန်းကို လက်ညှိုးထိုးပြီး တစ်ခုခုကို မှတ်မိသွားတဲ့ဟန် မျက်လုံးတွေမှေးပြီး မရေမရော ပြောလာတယ်။
"စကားမစပ် မီလဲ့လည်း အဲ့မှာရှိတဲ့ပုံပဲ" ပြောနေရင်း ဘေးက လူကိုပါ တံတောင်နဲ့ တွတ်လိုက်သေး။
"သိတယ်" ရှန်းရင်က ခေါင်းကို တစ်ဖက်စောင်းတယ်။ "ကျွန်မသူ့ကို လာခိုင်းထားတာ"
"ငါသိပြီ..." သူမက အဓိပ္ပာယ်ပါပါ ကြည့်လာတယ်။ ကောင်းပြီလေ ငါနင့်တို့လူငယ်တွေကို မခေါ်ထားတော့ပါဘူး" သူမက ထရပ်ကာ ရှန်းရင်ကို ညာဘက်က အခန်းဆီ တန်းတွန်းထုတ်လိုက်တာ်။ ကူယွဲ့နဲ့ ယိချင်း လိုက်သွားမလို့ရှိသေး မိန်းကလေးက သူတို့ကို တစ်ယောက်တစ်ဖက်ဆီ ပြန်ဆွဲထားတယ်။
"နင်တို့၂ယောက်က ဘာလို့သူ့နောက်ကို လိုက်နေတာလဲ၊ ပြန်လာခဲ့ ပြန်လာခဲ့ နင်တို့၂ယောက်လုံးက လူသစ်တွေလို့ခန့်မှန်းမိတယ်။ ငါတို့ အုပ်ချုပ်ရေး ကော်မတီရဲ့ ရှေးစည်းမျဉ်းတွေက လူသစ်တွေက ကစားပွဲ၃ပွဲ ကစားဖို့ လို့တယ်၊ မဟုတ်ဘူးလား" သူမက စုဝေးနေတဲ့ လူအုပ်ကြီးဘက် လှည့်ကာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ်။
လူတိုင်းက တန့်သွားပြီး သူတို့ချက်ချင်း အခန်းကို လှည့်ကြည့်ကာ သဘောပေါက်သွားသလိုမျိုး သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ကြတယ်။ "ဟုတ်တယ် ဟုတ်တယ် ၃ကြိမ် ကစားရမယ်" အဲ့လိုနဲ့ သူတို့အားလုံးစုဝေးကာ ၂ယောက်ကို ဂိမ်းကစားပွဲ စားပွဲဆီ ဆွဲခေါ်ထားလိုက်ကြတယ်။
ကူယွဲ့က လျစ်လျူရှူထားပေမဲ့ ယိချင်းတစ်ယောက် စိုးရိမ်နေပုံပေါ်ကာ ရံဖန်ရံခါ ညာဘက်က အခန်းကို ပြန်လှည့်ကြည့်ပြီးတော့ မကောင်းတဲ့ ခံစားချက်တစ်မျိုးကို ရနေတယ်။ ဖြစ်နိုင်တာက လူသစ်တွေက ဒီရောက်နေလို့ထင်။ အုပ်ချုပ်ရေးကော်မတီရဲ့ ဒီကောက်ကျစ်စဉ်းလဲတဲ့ မြေခွေအိုကြီးတွေက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ တစ်ယောက်ချင်းဆီက သူတို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် အင်မတန် အရေးကြီးသလိုပုံပေါက်နေပြီး စည်းကမ်းလုံးဝမသိတဲ့ ကစားသမားတွေ ရှိနေမှာကို အလေးမထားကြဘူး။
အစကတော့ လူတိုင်းက ၂ယောက်လုံးကို အပြတ်ရှင်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမူအရာတွေနဲ့ ဖြစ်နေပေမဲ့ တဖြည်းဖြည်း နားလည်လိုက်ရတာက ကိစ္စတွေက သူတို့ထင်ထားသလို မဟုတ်ဘူးဆိုတာကိုပဲ။ လူသစ်၂ယောက်ရှိပြီးတော့ တစ်ယောက်ဆို စည်းကမ်းတွေ လုံးဝမသိပေမဲ့ သူတို့ကစားပြီးတဲ့ နောက်မှာ သူတို့ရဲ့စိတ်ကူးနဲ့ သွေးကြောတွေက ပွင့်ထွက်သွားပြီးတော့ တခြားဘယ်သူနဲ့မှမတူဘဲ အောင်မြင်ကာ ပေါကြွယ်ဝလာတော့တယ်။
ကူယွဲ့က မာကျောက်မှာ အရည်အချင်းရှိပြီးသား။ ဘယ်လိုပဲဖြစ်ဖြစ် သူက စီအီးအိုအဖြစ် နှစ်တချို့ တာဝန်ထမ်းဆောင်ပြီးတဲ့သူ။ စီးပွားရေသဘောတူညီချက်တချို့က သောက်စားတာ ဒါမှမဟုတ် ဂိမ်းစားပွဲမှာမှ သဘောတူညီချက်ရတယ်လို့ အဆိုရှိကြတယ်။ မာကျောက်မှာ ကျွမ်းကျင်သူမို့ သေချာပါက် ထူးချွန်ပြီးသားပေါ့။
စားဖိုမှူးအတွက်ကတော့ အစပိုင်း စည်းကမ်းမသိလို့ ရှုံးသွားတဲ့ပွဲအစပိုင်းတချို့က လွဲရင် ထပ်မရှုံးတာ့ဘူး။ ပွဲတစ်ခုလုံးက သူတို့ကြောင့် ကျုံ့သွားသလိုပဲ။ စားဖိုမှူးက နိုင်ပွဲ အပြားဆွဲမိတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ကူယွဲ့က နိုင်သွားတာမျိုးပဲ။ ကျန်ရစ်တဲ့ ကစားသမား၂ယောက်က ကျွမ်းကျင်အဆင့် ကြွားလုံးထုတ်သူအဖြစ် အသွင်ပြောင်းကာ ကြွားဝါတာ တွေနဲ့သာ ပြည့်နေတော့တယ်။ တစ်ခါတလေဆို သူတို့ မှတ်ချက်တွေကတောင် ထပ်တလဲလဲ တန်ပြန်ခံရသေးတယ်။
"ဘေးဖယ် ငါလုပ်မယ် ငါဒါကို မယုံဘူး" ဘေးမှာကြည့်နေတဲ့ လူတွေက သည်းမခံနိုင်တော့ဘဲ ကစားသမားတွေ လဲကုန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒါက မြေခွေးအိုကြီးတွေရဲ့ တည်ကြည်မှုကို သက်ရောက်စေခဲ့တယ်
ဒါပေမဲ့ ကစားသမားတွေ လဲပြီးတဲ့နောက်မှာတောင် သက်ရောက်မှု မရှိသေးဘဲ ၂ယောက်က တခြားသူတွေ ကြွားလုံးထုတ်နေတုန်း နိုင်နေဆဲပဲ ၃ပွဲလဲပြီးတာတောင် တစ်ပုံစံထဲပဲ။
လူတိုင်း ။ ။ "..."
တစ်ခါတည်း သူတို့ရဲ့ တိုကင်ပြား တစ်ဝက်ကျော်က ၂ယောက်ရဲ့ရှေ့ ပုံနေပြီဖြစ်ကာ တခြားသူတွေဆို လုံးဝပြောင်သလင်းခါလုနီးပါးဖြစ်နေပြီ။ နောက်ဆုံးမှာတော့ ကူယွဲ့ပဲ ကစားပွဲထဲက ထွက်ဖို့ အရင်စပြောလိုက်ပြီးတော့ လူကြီးတွေကို သူတို့ရဲ့အားလပ်ချိန်ကစားပွဲကို မနှောင့်ယှက်တော့ဘူးလို့ ရိုကျိုးနှိမ့်ချစွာ ဖော်ပြလိုက်တယ်။ သူတို့ဂိမ်းပွဲရေတချို့ ကစားပြီးပြီပေါ့ တော်လောက်ပြီ။
…
အခန်း ၅၆၁ ။ ဖေဖေနျို မာကျောက်ဘုရင်
လူတိုင်းရဲ့ မျက်လုံးတွေ တောက်ပသွားကာ အားလုံးက သဘောတူညီတဲ့အနေနဲ့ ခေါင်းညိတ်ကြတယ်။ တစ်ယောက်နဲ့ ရင်ဆိုင်ရတာက နှစ်ယောက်ကို ရင်ဆိုင်ရတာထက် ပိုလွယ်တာမို့ သူတို့ဘွင်းဘွင်းလင်းလင်း ထိုင်ခုံမှာဝင်ထိုင်လိုက်ကြတယ်။ သူတို့ရဲ့ရိက္ခာလက်နက်တွေအားလုံး စုပြီး လူတိုင်း စားဖိုမှူးကို ပစ်မှတ်ထားပေမဲ့... သူတို့ မနိုင်နိုင်သေးဘူး။
ကူယွဲ့ ထွက်သွားတာနဲ့ ကြွားဝါသူအရေအတွက်က နှစ်ယောက်ကနေ သုံးယောက် ဖြစ်သွားတယ်။ ကျန်ရစ်တဲ့ တိုကင်ပြားတွေအကုန် စားဖိုမှူးဆီ ရောက်ကုန်ကာ အားလုံးဆုံးရှုံးကုန်တယ်။
လူတိုင်း မျက်နှာတွေပေါ် အနည်းငယ် ပူလောင်လာတယ်။
ဒီအခိုက်အတန့်မှာ ကူယွဲ့ ရုတ်တရက် ရှေ့ကို တက်လာကာ ဖော်ရွေစွာပြောတယ်။ "အစ်ကိုတို့၊ ခင်ဗျားတို့ တိုကင်ပြားတွေ ထပ်လိုသေးရင် အဆင်ပြေတယ်နော်၊ တကယ်လို့ ကျုပ်ကို တော်သင့်ပြီလို့ထင်ရင် ကျုပ်ဟာတွေကို အရင်သုံးရင်ရော၊ အများဆုံးမှ နောက်ပိုင်း အစ်ကိုတို့ နိုင်ရင် ကျုပ်ကို ဝေစုနည်းနည်းပေးရုံပေါ့"
"ကောင်းလိုက်တဲ့ညီကို အရမ်းကို သိတတ်တာပဲ" သူတို့တွေ အပျော်လွန်ကာ လက်ထဲက တိုကင်ပြားတွေကို အလောတကြီးယူပြီး နောက်တိုက်ပွဲတစ်ကြိမ် ထပ်ဝင်လိုက်ကြတယ်။
ပြီးတော့ ကစားပွဲက ပိုပြင်းထန်လာတဲ့ အရိပ်အယောင်တွေ ပြနေတယ်။ ဒီတစ်ခေါက်ကတော့ သူတို့ကစားဖိုမှူးကို ပစ်မှတ်မထားတော့ဘဲ တစ်ယောက်စီမှာ အနိုင်အရှုံးကိုယ်စီရှိကာ ဒါက သူတို့ကို ပိုကြီးမားတဲ့ ယုံကြည်ချက်ရှိပြီး စိတ်ပိုနှစ်လာတယ်။ အဆုံးမှာတော့ စားဖိုမှူးလည်း တိုကင်ပြားတစ်ပုံနဲ့ နုတ်ထွက်ပြီး ဘေးထွက်ကြည့်နေပေမဲ့ သူ့အကြည့်က တင်းတင်းကြပ်ကြပ်ပိတ်ထားဆဲအခန်းတံခါးဆီ ထပ်တလဲလဲ ရောက်နေတယ်။
ဒီမဟာမာကျောက်တိုက်ပွဲက သုံးနာရီတိတိအကြာမှာ ပြီးသွားခဲ့ပြီး ဖေဖေနျိုနဲ့ စားဖိုမှူးနဲ့အတူ အဓိကကတော့ ဖေဖေနျိုရဲ့လုံးဝအောင်ပွဲပေါ့။
သူက ထပ်မကစားပေမဲ့ တစ်ဖက်မှာ သူက ငွေချေးခဲ့တယ်။ လူတိုင်းနားလည်တဲ့အချိန် သူတို့မှာရှိသမျှ တိုကင်ပြားအားလုံး ဆုံးရှုံးသွားခဲ့တဲ့အပြင် သူတို့ပိုပြီးတောင် အကြွေးတင်သွားခဲ့တယ်။ သူ အကြွေးလက်မှတ်ပုံကြီး စုဆောင်းတဲ့ နေရာလိုမျိုးပဲ။
အားလုံး ။ ။ "..."
ရင်လေးက ဒီလောင်းကစားနတ်ဘုရားနှစ်ပါးကို ဘယ်ကနေများ သွားရှာလာတာလဲ၊ ကြောက်စရာကောင်းလွန်းတယ်
လူတချို့က သူတို့ကူယွဲ့ကို အကြွေးဘယ်လောက်တင်နေလဲ တွက်ချက်နေတုန်းရှိသေး ကုန်ကြမ်းအခန်းတံခါးက နောက်ဆုံးတော့ ကျွီခနဲပွင့်လာပြီး ရှန်းရင်က ထွက်လာတယ်။
"ဆရာ" ဝမ်းမြောက်သွားကာ ယိချင်း ထရပ်ပြီး ခပ်သွက်သွက် သူမဆီ လျှောက်လာခဲ့တယ်။
ဒါပေမဲ့ သူမနောက်ကနေ နောက်ထပ်လူတစ်ယောက် ထွက်လာကာ သူတို့နဲ့လုံးဝကို ကွဲပြားတဲ့ အင်္ကျီပုံစံ ဝတ်ဆင်ထားပြီး ဆံပင်ခပ်တိုတို၊ ချောမောတဲ့မျက်နှာပြင်ထက် အပြုံးရိပ်သန်းနေရင်း ရှန်းရင်ကို အလိုလိုက်မှုတချို့နဲ့ ကြည့်နေတာ မြင်လိုက်ရတယ်။
ယိချင်း ခြေလှမ်းတွေ တန့်သွားခဲ့တယ်။
"ကုန်ကြမ်းအခန်းမှာတောင် မင်းရှာနေတာ မရှိတော့ ကြည့်ရတာ မင်းလွတ်မြောက်နိုင်မယ်မထင်ဘူး"
မီလဲ့က စနောက်လေတယ်။
"အဲဒါ နင်နဲ့ဆိုင်လား" ရှန်းရင် သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
"အဲလိုမပြောပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းအစ်မရှေ့ စကားရအောင် နှိုက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ"
"ထားလိုက်တော့၊ ငါတို့ကြည့်ကြတာပေါ့" ရှန်းရင်မျက်နှာက မည်းနက်သွားတယ်။
"အချိန်ပေးလို့ကျေးဇူး"
"ဘာလို့ လောက ဝတ်ချော်နေရတာလဲ၊ မင်းပြဿနာက ငါ့ပြဿနာပဲဟာ"
"ဆ... ရာ" ယိချင်းက အသက်ပြင်းပြင်း ရှူသွင်းပြီးမှ ရှေ့ဆက်လျှောက်လာပြီး ဘာကြောင့်မှန်းမသိ ရင်ထဲထူးထူးဆန်းဆန်း ပျာယာခတ်နေကာ ကိုယ်ဘေးမှာ လက်သီးဆုပ်ထားရင်း မေးလိုက်တယ်။
"ရှာတွေ့ခဲ့လား"
"ဟင့်အင်း" ရှန်းရင်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေတယ်။
"ဒါဆို... ကျွန်တော်တို့ တခြားနည်း ဆက်စဉ်းစားကြမယ်" ယိချင်းက ရှေ့တက်ပြန်ကာ အလိုလို လက်လှမ်းပြီး သူမလက်ကို ကိုင်ချင်နေတယ်။
ရှန်းရင် တုံ့ဆိုင်းသွားပြီး ရုတ်ခြည်းပြန်ဆုတ်ကာ သူ့အထိကို ရှောင်လိုက်တယ်။ သူမက လှုပ်ရှားတာအတော်လေးမြန်ပြီး ကိုယ်ခန္ဓာကို ဘေးဘက်တောင် နည်းနည်းလှည့်လိုက်တာ သူနဲ့ ဆက်ဆံရေးကို အဆောတလျင်ခွဲခြားချင်နေတဲ့ပုံ။
လေကိုသာ ဖမ်းဆုပ်မိသွားတဲ့ စားဖိုမှူး မှင်တက်သွားကာ ချက်ချင်းဖြူဖျော့သွားခဲ့တယ်။ ဒါက ပထမဆုံးအကြိမ်... ဆရာ သူ့ကို ရှောင်ခဲ့တာပဲ။ ချက်ချင်း ချဉ်စူးကာ ခါးသက်သက်တစ်စုံတစ်ခု မြင့်တက်လာကာ သူနည်းနည်း... စိတ်ဓာတ်ကျသွားတယ်
ဘေးခုံမှာ ထိုင်နေဆဲစားဖိုမှူးက ရှန်းရင်နဲ့ ပြုံးရွှင်စွာ မျက်နှာမှာနူးညံ့မှုအပြည့်နဲ့ စကားပြောနေတဲ့ သူစိမ်းအမျိုးသားကို လှမ်းကြည့်ကာ နောက်တော့ စားဖိုမှူးကို ကြည့်လိုက်တယ်။ ခဏတာ မျက်လုံးကို မှေးလိုက်ပြီး သူ့ဘေးက လူဘက်လှည့်ကာ မေးကြည့်တော့တယ်။ "ညီကို၊ အဲဒါက ဘယ်သူလဲ"
"ဘာကို " အဲလူက ခဏရပ်သွားပြီး သူ့အကြည့်က မာကျောက်စားပွဲကနေ ယာယီခွာသွားကာ ခေါင်းမော့ကြည့်တယ်။ "အိုး အဲဒါ မီလဲ့လေ သူက မျက်နှာပြင်လက်ထောက်ပဲ၊ ဒီကို ကစားဖို့ မကြာခဏလာတယ်"
"သူက ရှန်းရင်နဲ့ အရမ်းရင်းနှီးတာလား"
"သေချာပေါက်ပေါ့၊ ရင်လေး ကျောင်းတက်နေချိန်က သူက အုပ်ချုပ်ရေးကော်မတီဆီ သူနဲ့အတူလာပြီး အချိန်ကာလတစ်ခုကြာ စာတူတူလေ့လာခဲ့ကြတာ၊ သူတို့တွေကို ... အတန်းဖော်လို့ စဉ်းစားလို့ရတယ်"
"အတန်းဖော်အပြင် တခြားဆက်ဆံရေး မရှိဘူးလား"
အဲလူက ခဏရီဝေသွားကာ သူ့ကို ပြန်လှည့်ကြည့်လာပြီး နောက်တော့ ဘေးက နှစ်ယောက်ကို မော့ကြည့်ရင်း မျက်ဝန်းတွေက ကွေးသွားတယ်။
"သေချာပေါက်ရှိတာပေါ့" သူက အနည်းငယ် ကောက်ကျစ်တဲ့အကြည့်နဲ့ ရွှင်ပြုံးစွာ ပြောလေတယ်။
"ငါမင်းကို ပြောပြမယ်၊ မီလဲ့က ရင်လေးရဲ့ အချစ်ဦးပဲ"
"..." ဒီလိုကိစ္စရှိသေးတာကိုး ရှန်းရင်ကို အဲကုန်ကြမ်းထဲ စောနက ဆွဲခေါ်သွားတဲ့ အဲစီမံထိန်းသိမ်းသူမှာ အဲအမူအရာမျိုး ရှိနေတာ အံ့ဩစရာမရှိတော့ဘူး။
ကူယွဲ့ မှင်တက်သွားကာ စိတ်ဓာတ်ကျနေတဲ့စားဖိုမှူးကို ထပ်ကြည့်ပြန်ပြီး တိတ်တိတ်လေး ဖယောင်းတိုင်ထွန်းပေးလိုက်တယ်။
"သူက မင်းရဲ့လက်ထောက်လား" မီလဲ့ကစားဖိုမှူးကို တစ်ချက် ကြည့်ကာ သိချင်စိတ်တချို့နဲ့ လေ့လာတယ်။
"အင်း" ရှန်းရင်က ခေါင်းညိတ်ပြတယ်။
"အစ်မကျင်းက မင်း စီမံထိန်းသိမ်းသူဖြစ်နေပြီး လက်ထောက်နှစ်ယောက်တောင် ရှိနေပြီလို့ ပြောတာကြားခဲ့တယ်၊ ဒီလောက်အချိန်တိုအတွင်း စီမံထိန်းသိမ်းသူဖြစ်လာမယ် မထင်ခဲ့ဘူး၊ ဂုဏ်ယူပါတယ် ရင်လေး"
ရှန်းရင်က သူ့ကို တစ်ချက် ဝေ့ကြည့်တယ်။ "စီမံထိန်းသိမ်းသူ ဖြစ်လို့ ဘာကောင်းတာရှိလဲ"
"ဘယ်လိုလုပ် မကောင်းရမှာလဲ၊ မင်း အရင်က မင်းအစ်မကို မီအောင် အမြဲ အသည်းအသန် ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား၊ အခုနောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီလေ"
"..." ရှန်းရင်က ပြန်မဖြေဘဲ တစ်ခဏသာရပ်နေကာ ဆက်ပြောတယ်။
"ငါပင်ပန်းနေပြီ၊ ပြန်တော့မယ်"
"ကောင်းပြီလေ" သူ့မျက်လုံးတွေထဲက နူးညံ့မှုက ပိုနက်ရှိုင်းလာကာ ပိုတောင်နူးညံ့တဲ့အပြုံးနဲ့ ပြောတယ်။
"မင်း နောက်ပိုင်းတစ်ခုခုလိုရင် ငါ့ကို အချိန်မရွေးခေါ်လိုက်၊ မင်း အစ်မကို ဒီအကြောင်း မေးချင်ရင် ငါ့ကို ကြိုအသိပေးလည်းရတယ်၊ ငါမင်းအတွက် ဖုံးပေးမယ်"
ရှန်းရင်က ခဏတောင့်သွားကာ နောက်တော့ သူ့ကို စပ်ဖြဲဖြဲလုပ်ပြပြီး တစ်လုံးချင်း ဖိပြောလိုက်တယ်။
"ကျေးဇူးပါ"
"ဟီးဟီး..." သူ့အပြုံးက တကယ်ကို ကြင်နာမှုရှိတယ်။
"ငါတို့ဆက်ဆံရေးနဲ့ဘာတွေ ယဉ်ကျေးနေဖို့လိုလဲ"
ရှန်းရင်က နောက်တော့ လှည့်ထွက်လာပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက် သူမဘေးမှာ ဗလာကျင်းနေကာ စားဖိုမှူးက မြေကြီးမှာ အမြစ်တွယ်နေပြီး လိုက်မလာတာ သိလိုက်ရတယ်။ ဒါကြောင့် သူ နောက်တစ်ကြိမ် ပြန်လှည့်ကာ လှမ်းခေါ်လိုက်တယ်။ "စားဖိုမှူး"
ယိချင်းက ငိုင်တွေနေရင်းမှ ဆတ်ခနဲနိုးထလာပြီး အမြန် အမှီသွားလိုက်တယ်။ "ဆရာ"
"သွားစို့၊ အိမ်ပြန်ကြမယ်" အဲလိုနဲ့ သူမက ပြန်လှည့်ကာ စားပွဲမှာ အကြွေးပြေစာတစ်ထုတ်ကို ကိုင်ထားတဲ့ လူဆီ လှမ်းကြည့်လိုက်တယ်။
"ဖေဖေနျို"
"လာပြီ" ကူယွဲ့က နောက်တော့ထရပ်ကာ မာကျောက်စားပွဲက လူတိုင်းကို ပြုံးရွှင်စွာ ပြောလေတယ်။
"အစ်ကိုတို့ နောက်ကျမှ ဆုံကြမယ်"
လူတိုင်း ပါးစပ်တွေ တွန့်ကုန်တယ်။ စောနက ခြေထောက်ကို ကုတ်နေတဲ့လူဆို လွှတ်ခနဲ ပြောမိလိုက်သေး။ "မတွေ့ရင် ပိုကောင်းတယ်"
သူတို့သာ ဆက်ရှုံးနေရင် အတွင်းခံတွေအထိပါ ပေးရတော့မယ်။
"စကားမစပ်၊ ညီကို " သူက မနေနိုင်ဘဲမေးတယ်။ "စီမံထိန်းသိမ်းသူ ဖြစ်မလာခင် ဘာအလုပ်လုပ်ခဲ့တာလဲ" မာကျောက် ဒီလောက်တော်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ ငွေပါချေးခဲ့တယ်။
"အများကြီး မဟုတ်ပါဘူး၊ ကုမ္ပဏီလေးတစ်ခု စီမံခဲ့ရုံပါ"
"အိုး..."
"နောက်တော့ မတော်တဆ ကမ္ဘာမှာ အချမ်းသာဆုံးလူ ဖြစ်သွားတယ်"
ထိုလူ ။ ။ "..."
အားလုံး ။ ။ "..."
သူတို့ စိတ်ထဲက ဆဲရေးစကားတွေကို ထုတ်ပြောရမလား မသိတော့ဘူး။
——————
ကောင်းကင်ဘုံ။
"ဆရာ အဆာသွတ်မုန့်တွေ ပြီးပါပြီ" စားဖိုမှူးက လျှောက်လာကာ လတ်လတ်ဆတ်ဆတ် ဖုတ်ပြီးကာစ အဆာသွတ်မုန့်ပန်းကန်ကို စားပွဲပေါ်တင်တယ်။
"အိုး စား..." ရှန်းရင် ခေါင်းညိတ်ကာ တစ်ခုခုပြောမို့ရှိသေး စားဖိုမှူးက မီးဖိုချောင်ဆီ ပြန်သွားကာ သူ့ယောက်မနဲ့ ဟင်းစတင်ချက်နေပြီဆိုတာ သိလိုက်ရတယ်။ တစ်ခုပဲ သူ့မျက်လုံးတွေက အိုးဆီမှာ ရှိမနေတာ၊ ဘယ်ကြည့်နေလဲ ဘယ်သူမှ မသိပေမဲ့ သူက အတော်ကြာစိုက်ကြည့်နေတယ်။
ရှန်းရင် တစ်ဖက်ကို ခေါင်းစောင်းကာ ကူယွဲ့ဘက် လှည့်လိုက်တယ်။ "ဖေဖေနျို စားဖိုမှူး ဘာဖြစ်နေတာလဲ"
ကူယွဲ့ တုံ့ဆိုင်းသွားကာ သူမအကြည့်အတိုင်း လိုက်ကြည့်လိုက်တယ်။ "ဘာဖြစ်လို့လဲ၊ သူ အဆင်မပြေဘူးလား"
"အဲဝက်သားအစပ်ကြော်ထဲ ဆားသုံးကြိမ် ထည့်လိုက်တယ်"
"..." ကူယွဲ့ မျက်မှောင်ကြုတ်ကာ မီးဖိုချောင်ထဲက လူကို သေချာကြည့်ပြီး တစ်ခုခုသတိရသွားသလိုမျိုး ပြန်မေးခွန်းထုတ်တယ်။ "သူ ဘာဖြစ်နေတာလဲ၊ မင်းမသိဘူးလား"
"ငါသိသင့်တာလား"
"မင်း မသိသင့်ဘူးလား"
"... နင်က အသံဖမ်းစက်လား"