အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အခန်း ၅၆၂ ။ အဆက်ဟောင်း
"စကားမစပ်၊ မင်း ကုန်ကြမ်းစစ်ဆေးတာ ဘယ်လိုဖြစ်သွားလဲ" ကူယွဲ့ ခဏစဉ်းစားကာ ခေါင်းစဥ် ပြောင်းလိုက်တယ်။
"ဘာမှမရခဲ့ဘူး" ရှန်းရင်က ခေါင်းခါတယ်။ သူမ အုပ်ချုပ်ရေးကော်မတီရဲ့ ကုန်ကြမ်းအခန်းတစ်ခုလုံးကို ရှာဖွေခဲ့ပေမဲ့ မော်နီတာနဲ့ ပတ်သက်ပြီး လုံးဝဘာမှမရှိ။ ကြည့်ရတာ ယွီဟုန် စိတ်ကူးယဉ်ပြီး ဖွဲ့စည်းခဲ့တဲ့ ခေါင်းစဉ်လိုမျိုးပဲ။
"ငါလည်း အဲမာကျောက်ကစားနေတဲ့ စီမံထိန်းသိမ်းသူတွေကို ကူမေးခဲ့တယ်" ကူယွဲ့က သူ့ကို တစ်ချက် ဝေ့ကြည့်ကာပြောတယ်။ "ဘယ်သူမှ ဒီအခေါ်အဝေါ်ကို မကြားဖူးကြပုံပဲ"
"အိုး" ရှန်းရင်က ပြန်ဖြေသံပြုပြီး ကုလားထိုင်မှာ ရွှံ့တုံးလိုဆက်ပြီးလှဲနေတယ်။
"မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"
"ဘာမှမလုပ်ဘူးလေ"
"ဆက်ပြီးရှာဖို့ မရည်ရွယ်ဘူးလား"
ကူယွဲ့ သူမကို ဒေါသတကြီးကြည့်လိုက်တယ်။
"ကုန်ကြမ်းခန်းထဲမှာတောင် ဘာမှမှ မရှိတာ၊ အဲလူက ပေါက်တတ်ကရ လျှောက်ပြောနေတာလည်း ဖြစ်နိုင်တာပဲ"
မင်း ပျင်းနေရုံသက်သက် မဟုတ်လား။
"ဒီကိစ္စက မင်းကိုယ်ထဲက အပြောင်းအလဲတွေနဲ့ ပတ်သက်နိုင်တယ်လို့ မပြောခဲ့ဘူးလား'
"အင်း ဖြစ်နိုင်ပါတယ်" ရှန်းရင်က အဆာသွတ်မုန့်တစ်ပိုင်းကို ကောက်ယူကာ ပါးစပ်ထဲ ထိုးထည့်ဖို့ပြင်ရင်း ချက်ချင်း ရပ်တန့်သွားခဲ့တယ်။ စက္ကန့်ပိုင်းနေတော့ သူမ ပုံမှန်အမူအရာနဲ့ ပြန်ချကာ ပြောတယ်။ "ဒါက အသိဆိုပေမဲ့ တကယ်လို့ အုပ်ချုပ်ရေးကုမ္ပဏီမှာ ဘာမှမရှိရင် ငါ့အစ်မကိုပဲ မေးလို့ရမယ်၊ သူက စီမံထိန်းသိမ်းသူတွေ အများကြီး တွေ့ဖူးတယ်လေ"
"ဒါဆို သူ့မေးလေ" ကူယွဲ့က စိတ်ပူပန်မှုတချို့နဲ့ တုံ့ပြန်တယ်။ "ဒီကိစ္စက မင်းကျန်းမာရေးနဲ့ ပတ်သက်နေတာ၊ မင်း သူ့ကို ဘယ်လောက်ကြောက်ကြောက် မင်း အောက်ခြေထိ စုံစမ်းရမှာပဲ"
ရှန်းရင်က လှည့်ကာ ရှုပ်ထွေးနေတဲ့ အမူအရာနဲ့အတူ ရှင်းပြမရတဲ့အကြည့် ကြည့်တယ်။
"ဘာလဲ" ကူယွဲ့ ကြက်သီးထကာ ဘာကြောင့်မှန်းမသိ ကြက်သီးထလာတယ်။
"ဖေဖေနျို" သူမက ရုတ်တရက် သက်ပြင်းချတယ်။ "ခု နင်နဲ့စားဖိုမှူးက စီမံထိန်းသိမ်းသူတွေ ဖြစ်နေပြီ"
"အပိုတွေ ပြောတာတော်တော့၊ ငါတို့ဆီ တွန်းပို့ပေးခဲ့သူက မင်းမဟုတ်လား" သူမက ဘာလို့ ဒါကို ပြောနေရတာလဲ။
"ဒါဆို နင် ငါ ဘာလို့ဒီမျက်နှာပြင်ဆီ ရောက်လာခဲ့လဲ မှတ်မိလား"
"သေချာပေါက် ထိန်းချုပ်ဖို့ပေါ့ မျက်..." သူ ရုတ်တရက် ရပ်သွားပြီး မျက်လုံး ချက်ချင်းပြူးကုန်တယ်။
ရှန်းရင်က နောက်တော့ ဆက်ပြောတယ်။ "ငါ ဒီမျက်နှာပြင်ကို တာဝန်ယူဖို့လာခဲ့တာဆိုပေမဲ့ ငါက ခု စီမံထိန်းသိမ်းသူ မဟုတ်တော့ဘူး၊ တခြားသူတွေက မပြောနိုင်ပေမဲ့ ငါ့အစ်မကတော့ သေချာပေါက် ပြောနိုင်တယ်၊ ဒါကြောင့် ငါ ခု ဒီမျက်နှာပြင်နဲ့ လုံးဝ မပတ်သက်တော့ဘူးဆိုတာ သိသွားရင် သူဘာလုပ်မယ်ထင်လဲ"
သူ့ကို ဖမ်းပြီး ပြန်ခေါ်သွားမှာပေါ့ သေချာပေါက် လုံးဝ သံသယမရှိ။
ကူယွဲ့ အမူအရာ မည်းမှောင်သွားကာ ရှန်းကျင်းရဲ့ ညီမချစ်မှုအတိုင်းအတာနဲ့ဆို သူမကို ဒီနေရာမှာ ဆက်လျှောက်သွားခွင့်ပြုဖို့ မဖြစ်နိုင်ဘူး။
"ဆိုလိုတာ... ငါ့အစ်မကို စမေးလို့မရတဲ့အပြင် ခုက စပြီး သူ့ရှေ့ကနေ ရှောင်ရမှာ" သူမက တည်ကြည်မှုအပြည့်နဲ့ ရှင်းပြကာ နောက်တော့ မျက်လုံးကြုံ့ပြီး စားပွဲပေါ်က ပန်းကန်ပြားကို အဆင်သင့်လေး မကာ လှမ်းပေးတယ်။ "ဘယ်လိုထင်လဲ"
"အင်း" ကူယွဲ့က ခေါင်းညိတ်တယ်။ အဓိပ္ပာယ်ရှိသားပဲ။ သူ့လက်က အဆာသွတ်မုန့်တစ်ပိုင်းကို ကောက်ယူလိုက်တယ်။ "ဒါဆို ဒီရက်ပိုင်း ငါတို့... ဖွီ သေစမ်း ဒီအဆာသွတ်မုန့်က ဘာလို့ချဉ်နေတာလဲ"
သူ့သွား ကျွတ်ထွက်တော့မလို့။
ရှန်းရင်က ချက်ချင်းလက်ပြန်ရုတ်ကာ မသိချင်ယောင်ဆောင်နေတော့တယ်။
"စားဖိုမှူးက ရှာလကာရည်ပုလင်း မှောက်ထားတာလား" ကူယွဲ့ ဆက်တိုက် ရေနွေးကြမ်း ခွက်လိုက် မော့သောက်ပြီးမှ ပါးစပ်ထဲက အချဉ်ဓာတ်ကို ဖြေဖျောက်နိုင်တော့တယ်။ မီးဖိုချောင်ထဲ ဟင်းချက်နေဆဲ တစ်ယောက်သောသူကို လှည့်ကြည့်ကာ အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး မနေနိုင်ဘဲ စကားပြောတော့တယ်။ "စကားမစပ်၊ မင်းကိုယ်နဲ့ ပတ်သက်ပြီး စားဖိုမှူးကို မပြောခဲ့ဘူးလို့တော့ မပြောနဲ့နော်"
"နည်းနည်းတော့ပြောထားတယ်၊ ငါ သူ့ကို မစိုးရိမ်စေချင်လို့ အသေးစိတ် မပြောထားဘူး" သူမက တစ်ယောက်သူရဲ့ ဟင်းချက်စွမ်းရည်အဆင့်အောက် သိသိသာသာကျနေတဲ့ ပန်းကန်ပြားကို ငုံ့ကြည့်တယ်။
"သူစိုးရိမ်မယ်ဆိုတာ မင်းသိမှတော့ တခြားကိစ္စတွေကို ပိုပြီးရှင်းရှင်းလင်းလင်း ရှိသင့်တာပေါ့"
ကူယွဲ့ ပြောရင်း သူ့စကားလုံးတွေက စောင်းပါးရိပ်ခြည်အပြည့်။
"ဟမ်" ရှန်းရင်က သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်တယ်။
"ဘာဟမ်တုံး" ကူယွဲ့ ဒေါသတကြီးကြည့်လိုက်ကာ စားပွဲပေါ်က အဆာသွတ်မုန့်တွေကို ဝေးဝေးတွန်းထုတ်ပြီးမှ တည်ကြည်တဲ့မျက်နှာနဲ့ပြောလိုက်တယ်။ "ငါ့ကို အမှန်တိုင်းပြော၊ မင်းနဲ့ အဲမီလဲ့ဆက်ဆံရေးက ဘာလဲ"
"ဘယ်သူ"
"ဟန်ဆောင်နေတာတော်တော့" ကူယွဲ့ မျက်ခုံးပင့်လိုက်တယ်။ "ကုန်ကြမ်းအခန်းထဲ မင်းကို စောင့်နေတဲ့ အဲငနဲ"
"အော် နင်က ပန်းကို ဆိုလိုတာလား"
"..." ဘာပန်းတုံး၊ မင်း လူတွေကို နာမည်ပြောင် မပေးရင် သေမှာမို့လို့လား။
"ပန်းကို ပြောရရင်... ငါ့အတန်းဖော်လေ"
"အတန်းဖော်ပဲလား" ကူယွဲ့ သံသယနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"မဟုတ်ရင်ရော"
"ကော်မတီဆီက လူတွေဆီက ကြားခဲ့တာတော့ သူက ..." သူ စကားမဆုံးခင် တီခနဲအသံတွေ ရုတ်တရက်ကြားလိုက်ရတယ်။ သူနဲ့ရှန်းရင်ရဲ့ လက်ပတ်က ဆက်တိုက် အနီရောင်အလင်း လင်းလာကာ မျက်နှာပြင်တံခါးပေါက် အသက်ဝင်လာတဲ့ အရိပ်အယောင်တွေ တစ်ချိန်တည်းမှာ ပေါ်လာလေရဲ့။
သူ ရုတ်ခြည်းထရပ်မိတယ်။ "ဒါ ကျူးကျော်မှုလား"
"ဟင့်အင်း" ရှန်းရင်က ရှင်းပြကာ ဒီရှားပါးအခိုက်အတန့်မှာ မျက်နှာပြင်တံခါးကို စဖွင့်တယ်။
"ငါခေါ်လိုက်တဲ့သူ"
နောက်တစ်စက္ကန့်မှာ ရင်းနှီးနေတဲ့လူတစ်ယောက်က အနောက်တိုင်းဝတ်စုံနဲ့ ချောမောနေရင်း မျက်နှာပြင်တံခါးက ထွက်လာတယ်။ သူ့ခေါင်းကို မော့ကာ ရှန်းရင်ကို ကြည့်ပြီး နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်အဖြစ် ချက်ချင်း ကော့တက်သွားတယ်။ သူ့ဖြစ်တည်မှုတစ်ခုလုံးက ဆောင်းရာသီနေ့လယ်ပိုင်းမှာ နွေးထွေးတဲ့ နေမင်းလိုပဲ။ "ရင်လေး ငါရောက်ပြီ" ဒါ ကုန်ကြမ်းအခန်းအပြင်ဘက်မှာ တစ်ကြိမ် တွေ့ခဲ့ဖူးတဲ့ မီလဲ့ပဲ။
ချလွမ်
တစ်ခုခုကျကွဲသံက သူတို့နောက်ကနေ ထွက်လာတယ်။ သုံးယောက်သား အလိုလိုပြန်လှည့်ကြည့်တော့ မီးဖိုချောင်ဝမှာ သူတို့ရှိရာဘက်ငေးကြည့်ရင်း ရပ်နတဲ့စားဖိုမှူးကို မြင်လိုက်ရတယ်။
ခုလေးတင် မှောက်သွားတဲ့ဟင်းပွဲကတော့ သူ့ခြေထောက်ဘေးမှာ။
"တောင်းပန်ပါတယ် ဆရာ ကျွန်တော် နောက်တစ်ပွဲ လုပ်လိုက်မယ်" စားဖိုမှူးက အမြန် ဆောင့်ကြောင့်ထိုင်ကာ အနည်းငယ် သွေးပျက်စွာနဲ့ ကြမ်းပြင်ပေါ်က ပန်းကန်အကွဲစတွေကို ကောက်ယူဖို့ လုပ်နေတယ်။ သူ့ဘာသာထိတ်လန့်သွားပုံပဲ။ ဂါထာတွေသုံးဖို့ပါ မေ့နေတယ်။
"သူ ဟင်းချက်ရာကနေ ပင်ပန်းလွန်ပြီး လက်တွေတုန်နေတာလား" ရှန်းရင် သူမအလုပ်သမားပေါ် အရမ်းပြင်းထန်နေမိလား ရုတ်တရက် သုံးသပ်မိတယ်။ ထပ်တွေးပြီးတော့ သူမ ချက်ချင်း လက်ယမ်းကာ ပြောတယ်။ "ဒီနေ့ဟင်းချက်ဖို့ မလိုတော့ဘူး၊ စားဖိုမှူး နင်ပါဒီလာခဲ့"
ယိချင်းက တုံ့ဆိုင်းသွားကာ မျက်လုံးတွေက ချက်ချင်း အရောင်မှိန်သွားပေမဲ့ စကားနားထောင်စွာ ခေါင်းတော့ညိတ်သေးတယ်။ "ဟုတ် ဆရာ"
"ဒီနှစ်ယောက်က မင်းလက်ထောက်တွေလား" မီလဲ့က ကူယွဲ့နဲ့ ယိချင်းကို စပ်စုစွာကြည့်တယ်။
"အင်း" ရှန်းရင်က ခေါင်းညိတ်ကာ ဆက်ပြောတယ်။ "ကောင်းပြီလေ၊ အလုပ်ကိစ္စပြောရအောင်"
"ရင်လေး..." မီလဲ့အကြည့်က ရီဝေသွားကာ အနည်းငယ်ဝမ်းနည်းသံနဲ့ ပြောတယ်။ "ငါ မင်းကို ကူညီဖို့လူတွေ အများကြီးကို ရှောင်ပြီး ဒီကို အသည်းအသန် ပြေးလာခဲ့တာ၊ ပြီးတော့ မင်းက ငါ့ကို ဘာစိုးရိမ်မှုမှတောင် မပြဘူး၊ မင်း အရင်က ငါ့ကို ဒီလိုမဆက်ဆံခဲ့ပါဘူး"
"အိုး" ရှန်းရင်က သူ့ကို တစ်ချက်ဝေ့ကြည့်တယ်။ "နင့်ကို စိုးရိမ်မှု ပြစေချင်တာလား"
မီလဲ့က တောင့်တင်းသွားကာ နောက်တော့ ချက်ချင်းပြန်ကောင်းသွားပြီး အလွန်အမင်း ညင်သာတဲ့အပြုံးနဲ့ ပြောတယ်။ "ရပါပြီ ရပါပြီ ရပါပြီ၊ မင်းပြောသမျှပေါ့ မင်းက ငါ့တစ်ဦးတည်းသော အတန်းဖော်ဖြစ်တာ ဘယ်သူ့အပြစ်၊ ငါ မင်းကို ဘယ်တုန်းက စိတ်တိုအောင်လုပ်ဖူးလဲ၊ ဒါပေမဲ့ လုံခြုံရေးအတွက် အနည်းဆုံးတော့ သုံးခု"
"တစ်" ရှန်းရင်က ချက်ချင်း ခွန်းတုံ့ပြန်တယ်။
"နှစ်နဲ့တစ်ဝက်"
"တစ်"
"နှစ်"
"နှစ်နဲ့တစ်ဝက်"
"တစ်"
"ကောင်းပြီလေ သဘောတူတယ်"
မီလဲ့ ။ ။ "..."
သူ့နှုတ်ခမ်းထောင့်တွေ တွန့်သွားကာ ခဏနေတော့ သက်ပြင်းချပြီး လက်လျှော့တဲ့လေသံနဲ့ပြောတယ်။
"မင်းကို ငါဒီနှစ်တွေမှာ ဘယ်လိုဆက်ဆံခဲ့လဲ၊ မင်းမရှင်းလင်းသေးဘူးလား၊ ငါ့မှာ ဒီလို ဆန္ဒသေးလေးတစ်ခုပဲ ရှိတာကို တစ်ခေါက်လောက် လိုက်လျောမပေးနိုင်ဘူးလား"
"ဟင့်အင်း"
မီလဲ့က သွေးပျက်ကာ ရှေ့တစ်လှမ်းတိုးပြီး ဒူးတစ်ဖက်ထောက် ရှန်းရင်လက်ကို ဆုပ်ကိုင်တော့တယ်။
"ရင်လေး..."
သူစကားမဆုံးခင် ဘေးက ကူယွဲ့နဲ့ယိချင်းနှစ်ယောက်လုံးတစ်ပြိုင်တည်း။
"ခဏနေပါဦး..." ကူယွဲ့ မနေနိုင်တော့ဘဲ စကားဝင်ပြောချိန် စားဖိုမှူးကတော့ ရှန်းရင်ကို သူ့ရင်ခွင်ထဲ တန်းဆွဲသွင်းလိုက်တယ်။
"ငါမင်းတို့ပြောတာ နားထောင်လေ၊ ဘာလို့ပိုပြီး ဇဝေဇဝါဖြစ်လာလေ ဖြစ်လာတာလဲ၊ မင်းတို့ နှစ်ယောက် ဘာလုပ်နေတာလဲ၊ သရုပ်ဆောင်နေတာလား" အရူးအမူးစွဲလမ်းနေတဲ့ မင်းသားနဲ့မျိုးလေ။
"ဟမ် မင်းတို့နှစ်ယောက်က ..." အဲအစား မီလဲ့က မှင်တက်သွားတယ်။ "ရင်လေးက ငါတို့အကြောင်း မင်းတို့ကို မပြောဖူးဘူးလား၊ ငါတို့က ..."
"ကောင်းပြီလေ" ရှန်းရင်က သူ့ကို လှမ်းကြည့်ကာ ဖြတ်ပြောတယ်။ "ပြော၊ နင့်မှာ ခု ဘာပြဿနာရှိတာလဲ၊ ငါ့ကို ဘယ်လိုကူညီစေချင်တာတုံး"
...
အခန်း ၅၆၃ ။ စားဖိုမှူး၏ စိုးရိမ်မှု
"မင်း ငါ့ကို ဂရုစိုက်သေးတာငါသိသားပဲ" မီလဲ့က ချက်ချင်း နေကြာပန်းလို ထိန်လင်းသွားကာ အပြုံးက ပိုတောင် တောက်ပလာတယ်။ သူ့အိတ်ကပ်ထဲ လှမ်းပြီး စတုရန်းသေတ္တာတစ်ခုထုတ်ကာ စားပွဲပေါ်ထားပြီး နောက်တစ်စက္ကန့်မှာတော့ အပြာရောင်အလင်းက လင်းထိန်လာပြီး သုံးဖက်မြင် ပုံရိပ်တစ်ခုက ချက်ချင်း စားပွဲပေါ် ပေါ်လာတယ်။ ကြီးမားတဲ့သက်တံရောင် ဝဲပုံစံဖြစ်ကာ နဂါးငွေ့တန်းနဲ့ တူပေမဲ့ ပိုရှုပ်ထွေးကာ အချိန်မရွေးပြောင်းလဲနေတယ်။
ရှန်းရင် မျက်မှောင်ကြုတ်တယ်။ "ဟင်းလင်းပြင်ရဲ့ အဝေးဆုံးအဆုံးသတ်လား"
"အမှန်ပဲ" မီလဲ့က ခေါင်းညိတ်ကာ သတိရလွမ်းဆွတ်တဲ့ အငွေ့အသက်တွေ သူ့မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ "ဒါက ငါတို့ ပထမဆုံးလေ့ကျင့်ခဲ့တဲ့နေရာဆိုတာ မှတ်မိသေးတယ်"
"ဟင်းလင်းပြင်ရဲ့ အဝေးဆုံးအဆုံးသတ်က ဘာလဲ" ကူယွဲ့ မနေနိုင်ဘဲ မေးလိုက်တယ်။
"ဟင်းလင်းပြင်ထဲက ရောစပ်မျက်နှာပြင်တစ်ခုပဲ" မီလဲ့က ပြောတယ်။
"ဟင်းလင်းပြင်လား" ဟင်းလင်းပြင်ထဲ ဘာမှမရှိဘူး မဟုတ်လား။ ဘာလို့ မျက်နှာပြင်တစ်ခု ရှိနေသေးတာလဲ။
"ဒီနေရာက ပုံမှန် ဟင်းလင်းပြင်နဲ့ ကွာပြားတယ်" သူက အပြုံးတစ်ပွင့်နဲ့ ရှင်းပြတယ်။
"မျက်နှာပြင်တစ်ခုက ဖျက်သိမ်းခံရမှုဆီ ဦးတည်နေပြီဆို သီအိုရီအရ သူ့ကို ပျက်စီးခြင်းက ဝါးမျိုသွားလိမ့်မယ်၊ ပြီးတော့ မျက်နှာပြင် ပြိုကွဲနေတုန်း ဒီနေရာက ဟင်းလင်းပြင်တစ်ခုကို ဖန်တီးခဲ့တာပဲ၊ အဲလိုမှ ပျက်စီးခြင်းနဲ့ ဟန်ချက်ညီပြီး မျက်နှာပြင်ကို တည်ငြိမ်အောင်လုပ်နိုင်မှာ၊ ဒါပေမဲ့ မျက်နှာပြင်ရဲ့ မူလသက်ရှိတွေက သေကုန်ကြပြီ၊ အဲလိုနဲ့ ပျက်စီးသွားတဲ့ မျက်နှာပြင်တွေရဲ့ သက်ရှိတွေအများကြီးက သွားစရာနေရာမရှိတော့လို့ ဒီနေရာမှာပဲ ရစ်တွယ်နေရတော့တယ်"
သူက သက်ပြင်းချကာ ဆက်ပြောပြီး တစ်ခုခုကို သတိရသွားတဲ့ပုံ။ "ပြီးတော့ အဲဒါကြောင့် ဒီနေရာက မျက်နှာပြင်အသီးသီးက လူတွေ ရောနေတယ်၊ စည်းမျဉ်စည်းကမ်းတွေပါမရှိတော့ အတော်လေး စည်းစနစ်မကျတာ"
ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ ဒီလို ရှုပ်ထွေးနေတဲ့နေရာ တည်ရှိနေသေးတာကိုး။ "ဘာလို့ ကျုပ်တို့ကို ဒီနေရာဆီ သွားစေချင်တာလဲ"
သူက လက်တစ်ဖက်ကို မြှောက်ကာ ပုံရိပ်ကို ကမ်းပေးလိုက်တော့ ပုံရိပ်တစ်ခုလုံးက ချက်ချင်း ပြောင်းလဲသွားပြီး ချက်ချင်း ညာဘက်က အတော်လေး အရောင်တောက်ပနေတဲ့ အစက်အပြောက်လေးဆီ ပုံချဲ့ခဲ့သွားခဲ့တယ်။ "ဒီလို၊ ကျုပ် ဒီနေရာကို နောက်ဆုံးတစ်ခေါက် ဖြတ်သန်းခဲ့ချိန် မျက်နှာပြင်မုန်တိုင်းနဲ့ တိုးပြီး မတော်တဆ ပစ္စည်းတစ်ခု ကျကျန်ခဲ့တယ်၊ စမ်းသပ်မှုတစ်ခုအပြီးမှာ ကျုပ် ပျမ်းမျှတွက်ချက်မှုက ဒီနေရာထဲ ဖြစ်နိုင်ခြေအရှိဆုံးလို့ ပြနေတယ်"
သူက အရောင်စုံနေတဲ့ အဲပုံရိပ်ကို လက်ညှိုးထိုးပြတယ်။ ကျုပ် အဲကို ကြည့်လိုက်တော့ ဒီ ပျောက်ဆုံးနေတဲ့ အပိုင်းအစက မင်းတို့ရဲ့ အမတဝိညာဉ်မျက်နှာပြင်နဲ့ယှဉ်ကြည့်ရင် ဆင်တူမှုတွေ အများကြီးပဲ၊ အဲပစ္စည်းက ကျုပ်အတွက် အရမ်းကို အရေးကြီးတာမို့ ရင်လေးကို ကူရှာပေးဖို့ အကူအညီတောင်းချင်တာ"
"ခင်ဗျား အတိအကျ ဘာပျောက်သွားတာလဲ" ကူယွဲ့ ဆက်ပြီးမေးခွန်းထုတ်လိုက်တယ်။
မီလဲ့အမူအရာက ပိုပြီးလေးနက်လာကာ စားပွဲပေါ်က ပုံရိပ်ကို ပြုပြင်ပြန်တယ်။ ပုံရိပ်က တစ်ခါတည်း လှစ်ခနဲပြောင်းကာ ချောမွတ်ပြီး လုံးဝိုင်းတဲ့ အရောင်စုံ အစက်အပြောက်တွေနဲ့...။
"ဥလား" ကူယွဲ့ မှင်တက်သွားတယ်။ သူတို့တွေ ဥတစ်လုံးကို ရှာဖို့ အဲထိသွားရမယ်ပေါ့
အဲအစား ရှန်းရင်အမူအရာက မည်းမှောင်သွားတယ်။ "အဲဒါ... ဝိညာဉ်အရင်းအမြစ်လား"
"ရင်လေးက ဉာဏ်အကောင်းဆုံး ဖြစ်နေဆဲပဲ" မီလဲ့အပြုံးက ချက်ချင်း ပိုတောက်ပလာတယ်။
"တစ်ချက်ကြည့်ရုံနဲ့သိတယ်"
"..." ရှန်းရင်နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူက ဝိညာဉ်အရင်းအမြစ်တစ်ခုကို တောင် ပျောက်နိုင်တယ်ပေါ့။ "နင့်ကိုယ်နင်သာ ပစ်ထုတ်လိုက်ပါလား"
"မတော်တဆပါ" မီလဲ့က ခပ်ရှက်ရှက်ရယ်တယ်။ "ငါတို့မျက်နှာပြင်က နောက်ဆုံးတော့ ဝိညာဉ်အရင်းအမြစ်တစ်ခု မွေးဖွားခဲ့တာ၊ အဲဒါမရှိရင် သက်ရှိတွေ မွေးဖွားလာနိုင်တော့မှာ မဟုတ်ဘူး၊ ငါတကယ်ကို ခုတလော သွားလို့မရတာကြောင့်သာ မဟုတ်ရင် ရင်လေးကို ဘယ်တော့မှ ခိုင်းရက်မှာ..."
"ကောင်းပြီလေ ငါသွားမယ်" ရှန်းရင်က သူ့ကို တန်းကြားဖြတ်လိုက်တယ်။
"ဒါဆို ငါ ရင်လေးကို အားကိုးလိုက်ပြီ" သူ့အကြည့်က ပိုတောင်နူးညံ့လာကာ တစ်ခုခုကို တွေးမိပြီး ထပ်ပြောတယ်။ "ဟင်းလင်းပြင်ရဲ့ အဝေးဆုံးအဆုံးသတ်က အရမ်းကို အန္တရာယ်များတယ်နော်၊ ရင်လေး မင်း ဂရုစိုက်မှရမယ်၊ ငါ မင်းပြန်လာမှာကို စောင့်နေမယ်"
"အင်း နင်အခု ဒိုးလို့ရပြီ" ရှန်းရင်က လက်ကို ယမ်းပြလိုက်တယ်။
တမ်းတမှုက မီလဲ့မျက်နှာပြင်အပြည့် ရေးထားတယ်။ "ငါ့ကို အဲလောက်မြန်မြန် နှင်ထုတ်နေတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အချင်းချင်း မတွေ့ရတာကြာပြီကို ၊ ငါမင်းအကြောင်း အမြဲစဉ်းစားနေတာလေ"
ရှန်းရင်က ပြန်မဖြေဘဲ သူ့ကို စိုက်သာကြည့်နေကာ မရှင်းလင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အတော်ကြာမှ တုံ့ပြန်တယ်။ "အိုး"
မီလဲ့မျက်နှာပေါ်က အပြုံးက ခဏတောင့်ခဲသွားတယ်။ သူက နောက်တော့ထရပ်ကာ ခုကျ "ငါ မင်းကို ဘာမှမလုပ်နိုင်ပါဘူး"ဆိုတဲ့ အမူအရာနဲ့။ "ကောင်းပါပြီ ကောင်းပါပြီ၊ ငါ သွားတော့မယ်" အဲလိုနဲ့ သူက မျက်နှာပြင်တံခါးဆီ ခြေတစ်လှမ်းလှမ်းတိုင်း နောက်ကို ပြန်လှည့်ကြည့်ကာ ကောင်းကင်ဘုံထဲကနေ လုံးဝ မပျောက်သွားခင်ထိ နောက်မှာ 'ငါမင်းကို လွမ်းနေမယ်' ဆိုတဲ့စကားကို ချန်ခဲ့ဖို့မမေ့။
ကူယွဲ့ သူ ပျောက်သွားတဲ့ဘက် လှမ်းကြည့်ကာ အတွေးထဲနစ်နေတဲ့ ရှန်းရင်ကို ပြန်လှည့် စစ်ဆေးလိုက်တယ်။ သေချာပေါက်... တစ်ခုခုတော့ တစ်ခုခုပဲ
"ဆရာ တကယ် ဟင်းလင်းပြင်ရဲ့ အဝေးဆုံးအဆုံးသတ်ဆီ သွားချင်တယ်ပေါ့" ယိချင်း မနေနိုင်ဘဲ မေးလိုက်တယ်။
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။ "ခဲယဉ်းတဲ့ တာဝန် မဟုတ်ပါဘူး" သူမ အလုပ်လုပ်နေတုန်းက ဆို အဲကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးတယ်။
ယိချင်း မှင်တက်သွားပြီး ကိုယ်ဘေးမှာ လက်သီးနှစ်ဖက်ဆုပ်ကာ တစ်ခဏ တုံ့ဆိုင်းနေပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြော။
"မင်း ဒီလိုအကူအညီ ဖြစ်တာကို မြင်ရတာ ရှားချက်ပဲ" ကူယွဲ့လည်း အနည်းငယ်အံ့ဩသွားကာ မှတ်ချက်ပြုတယ်။ "မင်းဘက်က စပြီး ကူညီပေးနေတာ၊ ဘာလို့အရင်တုန်းက မင်း အဲလောက် တက်ကြွတာကို မမြင်ခဲ့ရတာလဲ" တကယ်ပဲ အတန်းဖော်ဆိုတာ ကွဲပြားနေတယ်။
"ဟမ်" ရှန်းရင်က အူကြောင်ကြောင်ဖြစ်ကာ တည်ကြည်စွာနဲ့ မေးတယ်။ "ငါအရင်က မတက်ကြွခဲ့လို့လား"
"မင်း ဒီလိုမေးခွန်းမေးတာ မရှက်ဘူးလား" မင်း ဘယ်တုန်းက တက်ကြွခဲ့ဖူးလဲ။
ရှန်းရင် ။ ။ "..."
"ကောင်းပြီလေ၊ ငါတို့ဘယ်တော့ ထွက်ခွာမှာလဲ"
ရှန်းရင်က ခဏစဉ်းစားပြီးတော့ ပြန်ဖြေတယ်။ "မနက်ဖြန်ရော"
အဲလောက်အရေးကြီးတယ်လား။ သေချာပေါက် သူမက ဒါကို စိုးရိမ်ပြီး ဂရုစိုက်နေတာပဲ
ကူယွဲ့, ပြန်လှည့်ကာ စိတ်လွင့်နေပုံရတဲ့စားဖိုမှူးကို ကြည့်ပြီး မျက်လုံးတွေ မှိန်သွားကာ သက်ပြင်းချတယ်။ "ဒါဆိုလည်း မနက်ဖြန်ပေါ့ စားဖိုမှူး လာ ငါတို့ လစဉ်အသုံးစရိတ်နဲ့ ပတ်သက်တဲ့ ပြဿနာအကြောင်း ပြောကြမယ်" သူက ပြောရင်း ပခုံးကို ဖက်ကာ မီးဖိုချောင်ဆီ လျှောက်လာခဲ့တယ်။
ယိချင်းက ခေါင်းကို မော့ပြီးလှမ်းကြည့်ပေမဲ့ ဘာမှမပြောဘဲ မီးဖိုချောင်ထဲ ဝင်သာဝင်လာခဲ့ကာ တိတ်တဆိတ် ပါဝင်ပစ္စည်းတွေကို ထုတ်ရင်း သူ့ဘာသာအလုပ်များနေတယ်။ သူ့အကြည့်က အနည်းငယ် ရီဝေနေဆဲ ဖြစ်ကာ စိုးရိမ်နေပုံဖြစ်သလို မသေချာမရေရာလည်းဖြစ်နေပုံပဲ။
"ကောင်းပြီ ကောင်းပြီ မင်း အဲလူကို မြင်ရင် စိတ်ထဲ နေလို့မကောင်းတာ ငါသိတယ်" ကူယွဲ့ သက်ပြင်းချကာ မနေနိုင်ဘဲ တိုက်တွန်းလိုက်တယ်။
"..."
"ဒါပေမဲ့ ရှန်းရင်ကို ကြည့် သူ့ကို သေချာပေါက် စိတ်ဝင်စားမှုမရှိဘူး" သူက ပခုံးပုတ်ပေးလိုက်တယ်။
"ငါပြောပြမယ်၊ မင်း ဒီလိုဟာတွေကိူ စိတ်ပူဖို့ လုံးဝကို မလိုတာ၊ သူက ရည်းစားဟောင်းပဲ မဟုတ်လား၊ ဒါတွေအကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ၊ ရှန်းရင် ခုသဘောကျနေသူက မင်းဖြစ်သရွေ့ အားလုံးအဆင်ပြေတယ်"
"အတိတ်လား" စားဖိုမှူးလက်ထဲက မုန်လာဥနီက မြေကြီးဆီ ဘုတ်ခနဲပြုတ်ကျသွားကာ သူ့ကို ပြန်လှည့်ကြည့်လိုက်တယ်။ "ဆရာနဲ့သူ... အတိတ် ရှိသေးတယ်ပေါ့"
"အမ်..." သူ မသိဘူးလား။
ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ တစ်ခုခုကို မွှေလိုက်မိပြီလား။
——————
ညဉ့်နက်ချိန်။
"စားဖိုမှူး..."
"ဆ-ရာ"
"ငါ ဒီည ပြတင်းပေါက်တွေကို မပိတ်မိခဲ့ဘူးလား"
"မဟုတ်ပါဘူး"
"အိုး ဒါဆို ငါ နေ့ခင်းတုန်းက အဝတ်ပါးပါးပဲ ဝတ်မိလို့လား"
"မဟုတ်ပါဘူး"
"ဒီနေ့ ဟင်းပွဲအသစ် လုပ်ပြီး ငါ့ကို မြည်းစေချင်လို့လား"
"မဟုတ်ပါဘူး"
"ဒါဆို ဖေဖေနျိုက ငါတို့ စားစရိတ်ကို ထပ်လျှော့ပြန်ပြီဖြစ်ရမယ်မလား"
"သူမလုပ်ပါဘူး"
"အိုး" ရှန်းရင်က အသက်ပြင်းပြင်းရှူသွင်းပြီးမှ မေးတယ်။ "ဒါဆို နင် ကျေးဇူးပြုပြီး ရှင်းပြလို့ရမလား၊ အိပ်ရာမဝင်ဘဲ ငါ့ခေါင်မိုးပေါ် ညသန်းခေါင်ကြီး ထိုင်နေတာ ဘာသဘောလဲဆိုတာ"
ယိချင်းက ခဏတုံ့ဆိုင်းသွားကာ တဖြည်းဖြည်း ခေါင်းကို ငုံ့ပြီး အတော်ကြာမှ စကားပြောပေမဲ့ အသံတိုးလွန်းလို့ မကြားရသလောက်နီးပါးဖြစ်နေကာ မကျေမချမ်းမှုပါ အနည်းငယ် ရောစွက်နေတယ်။
"ကျွန်တော် ဆရာအိပ်တာကို နှောင့်ယှက်မိမှာကြောက်လို့ပါ၊ ဒါကြောင့်... ကျွန်တော် ဝေးဝေးနေဖို့ ဆုံးဖြတ်ထားတာပါ"
"..." အဲတော့ ခေါင်မိုးပေါ်လှဲပြီး စိုက်ကြည့်နေတာက အနှောင့်အယှက် မဟုတ်ဘူးလို့ထင်တယ်ပေါ့။ သူက သူမရှေ့တည့်တည့်မှာတင် တက်သွားသေးတာ။
ရှန်းရင် သက်ပြင်းချကာ အမူအရာပြလိုက်တယ်။ "အရင်ဆင်းလာခဲ့"
သူက အလိုလိုလှုပ်မိပေမဲ့ နောက်တော့ စိတ်ထဲ တစ်ခုခုပေါ်လာကာ ပြန်ထိုင်ချပြီး ခေါင်းယမ်းတယ်။
"ကျွန်တော် ဆရာ့ကို ဒီကနေပဲကြည့်ပါ့မယ်"
...
အခန်း ၅၆၄ ။ ထွက်ခွာရန်ပြင်ဆင်ခြင်း
ရှန်းရင် တုံ့ဆိုင်းသွားတယ်။ သူက ဒီလို စကားနားမထောင်တာ ရှားတယ်။ သူမ အလိုလို မေးကြည့်လိုက်တယ်။ "ဘာလို့လဲ"
သူ့ မျက်လုံးတွေက အရောင်မှိန်သွားကာ ပါးစပ်ကို ဟရင်း တစ်ခုခုကို ရှင်းပြချင်သလိုမျိုး ဖြစ်နေပေမဲ့ ခေါင်းကိုတော့ ယမ်းသေးတယ်။ "အကြောင်းရင်း မရှိပါဘူး၊ ကျွန်တော် ဒီတိုင်း... ဒီတိုင်း ဆရာ့ကို ကြည့်ချင်ရုံပါ"
ဒါ ဘယ်လိုအကြောင်းရင်းတုံး။ ရှန်းရင် ပါးစပ်တွန့်သွားကာ သူမမျက်ဝန်းတွေက ဝိုင်းစက်သွားပြီး အတွေးတစ်ခု စိတ်ထဲဖျတ်ခနဲ ပေါ်လာကာ အပေါ်က လူကို တည်ကြည်စွာကြည့်လိုက်တယ်။ "စားဖိုမှူး နင်ရပ်နေပုံက အတော်လေး ကြောက်စရာကောင်းတယ်၊ ငါအိပ်မရဘူး၊ နေရာပြောင်းရင်ရော"
ယိချင်းက အူလည်လည် ဖြစ်သွားပြီး အပြစ်ရှိစိတ်က သူ့မျက်စိထဲ ဖြတ်ပြေးသွားတယ်။ "ဒါဆို ကျွန်တော် ဘယ်မှာရပ်သင့်လဲ"
"အရင်ဆင်းလာခဲ့၊ ငါပြောပြမယ်" ညစာအဆာပြေက သူမတံခါးဝရှေ့တည့်တည့် ရောက်လာတာ၊ မစားစရာအကြောင်းမရှိဘူး။
သူက ခဏတုံ့ဆိုင်းသွားကာ နာခံစွာ ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီလေ" နောက်တော့ ရက်မပေါ်က ခုန်ချလာတယ်။
"ဒီကို အရင်လာ" ရှန်းရင် သူ့ကို လက်ယပ်ခေါ်လိုက်တယ်။ "ဒီမှာ ဒီမှာ အင်း နည်းနည်းတိုးလာခဲ့"
သူက သူမအိပ်ရာဘေးထိ လျှောက်လာခဲ့ကာ သံသယအရိပ်အယောင်က သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့တယ်။
"ဆရာ ဒါ မဟုတ်..."
သူစကား မဆုံးခင် ရှန်းရင်က ရုတ်တရက်လက်လှမ်းကာ ဆွဲတယ်။ ယိချင်း လှစ်ခနဲ သူ့ကိုယ်သူ အောက်ကိုင်းကျသွားပြီး အိပ်ရာပေါ် ဖိချခံလိုက်ရတာပဲ ခံစားလိုက်ရတယ်။ နောက်အခိုက်အတန့်မှာ သူ့နှုတ်ခမ်းတွေနား နွေးထွေးမှုနဲ့ နူးညံ့မှုခံစားလိုက်ရကာ သူ နက်ရှိုင်းစွာ တောင့်တနေခဲ့တဲ့ အရှိန်အဝါ တစ်ခုရောပေါ့။ သူ့မျက်လုံးတွေက ချက်ချင်းပြူးသွားကာ စိတ်ထဲ ဘန်းခနဲဖြစ်သွားပြီး လုံးဝ အတွေးဗလာ ဖြစ်ကုန်တယ်။
သူ့ရင်ဘတ်ပေါ် အေးမြမှုနဲ့အတူ ဆွဲဖြဲသံပေါ်လာတော့မှ သူ နောက်ဆုံးတော့ သူ့အသံကို သူရှာတွေ့သွားတယ်။ "ဆ... ဆရာ..."
"ပါးစပ်ပေါက်ပိတ်" ရှန်းရင်က သူ့ကို ထပ်နမ်းလာပြန်ကာ သက်ရောက်မှုရှိလာပြီး သူ့ကို နှုတ်ပိတ်ရင်း သူမလက်တွေကတော့ သူ့အင်္ကျီတွေကို ဆွဲဖြဲရာမှာ ပိုမြန်ဆန်ကုန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီည သူမ အသားကို စားရမယ်။
ယိချင်း သူ့စိတ်ပိုပြီး ရီဝေလာသလိုသာခံစားရကာ ပုံရိပ်ယောင်တစ်ခုထဲ ရောက်နေသလိုပဲ။ ဒါပေမဲ့ ဒါက အလှပဆုံးဖြစ်ပြီး ပိုပြီးတောင် မြူးထူးစေကာ ဘယ်တော့မှ နိုးမလာချင်တော့ဘူး။ သူ စောနကတင် မြှောက်ထားတဲ့ လက်က ခဏရပ်သွားကာ သူ့ရှေ့က လူကို အလိုလို ရစ်ပတ်မိလေတော့တယ်။
အနည်းငယ် အေးစပြုနေတဲ့ ညဟာ ရုတ်တရက် ခြစ်ခြစ်တောက်ပူလာကာ တစ်ခန်းလုံး အံ့ဩသင့်စရာ မြင်ကွင်း ဖြစ်ကုန်တယ်။
ရှန်းရင် စားဖိုမှူးက ဘက်စုံတော်တယ်လို့ ခံစားရပါတယ်။ နည်းနည်းလေး စကားများရုံပဲ။ တစ်ညလုံး အစမှာ လုံးဝမှင်တက်နေရာကနေ ဆက်တိုက် ကိုယ့်ဘာသာသင်ယူသူက စည်းချက်ကို ထိန်းချုပ်နေပြီဖြစ်ကာ ဉာဏ်ကြီးရှင် သင်ယူသူဆိုတဲ့အတိုင်း တွေးခေါ်နှိုင်းဆမှုနဲ့တင် သင်ယူနိုင်ပါပေတယ်။ အပြုအမူက တစ်ညလုံး မရပ်သွားသလို သူ့ပါးစပ်ကလည်း မရပ်သွားပုံက တစ်ခုခုကို အတည်ပြုဖို့ ကြိုးစားနေပုံပဲ။ သူက မေးခွန်းမျိုးစုံမေးရင်း သူမကို ထပ်တလဲလဲ ခေါ်နေလေရဲ့။
"ဆရာ... ဆရာ၊ ဆရာ..."
"အင်း"
"ဆရာ... ဆရာ ဒါကို သဘောကျလား"
"အင်း"
"ဆရာ မင်း ငါ့ကို သဘောကျတယ်လို့ ပြောပါလား၊ ဒီတစ်ကြောင်းတည်းပဲလေ"
"မင်း ငါ့ကို သဘောကျတယ်"
"... ဒီလိုမဟုတ်ဘူး၊ ဆရာ ကျွန်တော့်ကို သဘောကျတာလေ"
"ဆရာ ကျွန်တော့်ကို သဘောကျတယ်"
"..."
ခဏနေသော်...။
"ကျွန်တော် ဆရာ့ကို သဘောကျတယ်... အများကြီး အများကြီး၊ ကျွန်တော် ဆရာ့ကိုပဲ သဘောကျတာ၊ ဆရာ့ကို ပ ဒါကြောင့်... ဆရာရော ကျွန်တော့်ကိုပဲ သဘောကျမှာလား"
"... ကောင်းပြီလေ"
"ထပ်ပြော"
"ကောင်းပြီလေ"
"ဆရာ..."
"ပါးစပ်ပေါက်ပိတ် အာရုံစိုက်"
"..."
——————
ကူယွဲ့ နိုးချိန် စားဖိုမှူးက မီးဖိုချောင်ထဲ ရောက်နေပြီဆိုတာကို အံ့အားသင့်ဖွယ်ကောင်းစွာ တွေ့လိုက်ရတယ်။ အဲဒါတင်မက ပူနွေးနွေး အငွေ့တထောင်းနဲ့ မနက်စာအပြည့်စားပွဲတစ်ခု ရှိနေပြီးသား။ ကြည့်ရတာ အရမ်းကို စောစော နိုးပြီး အလုပ်များနေပုံပဲ။
သူ စမ်းသပ်လိုစိတ်နဲ့ ပေါက်စီတစ်လုံးကို ကောက်ယူကာ ခပ်သေးသေးကိုက်လိုက်တယ်။
ဟမ်။ မချဉ်တော့ဘူး နူးညံ့၊ ချိုမြ၊ မွှေးကြိုင်ပြီး အရသာရှိတယ်၊ အရင်က ထက်တောင် ပိုအရသာရှိတဲ့ပုံ။ စားဖိုမှူး အသိပြန်ဝင်လာတာလား။ ဒါမှမဟုတ် အရမ်းကို စိတ်လှုံ့ဆော်ခံရပြီး ရူးသွားတာလား။
သူ ခေါင်းကို ပြူထွက်ကာ မီးဖိုချောင်ထဲ သံသယအကြည့်နဲ့ ခိုးကြည့်ပေမဲ့ စားဖိုမှူးက ချက်ပြီးသား ဟင်းပွဲတွေကို သိုလှောင်အိတ်ထဲ ထည့်နေကာ မီးဖိုချောင်စားပွဲမှာတော့ ဟင်းပွဲအဆင့်အမျိုးမျိုးနဲ့ ဖုံးလွှမ်းနေပြီး တစ်ခုချင်းစီက အင်းကွက်အစီအရင်တွေကို သုံးပြီး အသေးစိတ် လတ်လတ်ဆတ်ဆတ် သိမ်းဆည်းထားတယ်။
"စားဖိုမှူး မင်း..." သူ မနေနိုင်ဘဲ စကားလှမ်းပြောမိလိုက်တယ်။
"ဆရာ အပြင်ထွက်မယ်မဟုတ်လား" စားဖိုမှူးက ပြန်လှည့်ကြည့်ကာ သူ့ကို လှမ်းကြည့်တယ်။
"ကျွန်တော်တို့ အရင်က အဲနေရာဆီ မသွားဖူးဘူးလေ၊ ကြိုတင်ပြီး စားသောက်စရာတွေ ပြင်ဆင်နေတာ၊ တကယ်လို့ အဲမှာ ရှာမတွေ့ခဲ့သည်ရှိသော်ဆိုပြီး" သူက ဒါသဘာဝကျပြီး မှန်တယ်ဆိုတဲ့ပုံစံမျိုး ဖြေတယ်။
ကူယွဲ့ အမူအရာက ပိုပြီးတောင် ရှုပ်ထွေးလာတယ်။ သူ ရူးသွားပြီလား။ သေချာပေါက် မနေ့က တင် ဒီလောက်စိတ်ဓာတ်ကျနေတာ ရုတ်တရက်ကြီး ဒီနေ့လုံးဝကောင်းသွားတယ်။
မိဘတစ်ယောက်အနေနဲ့ သူ့က လေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့လိုတယ်လို့ ခံစားရတယ်။ "ငါပြောမယ် စားဖိုမှူး..."
သူ မေးမို့ရှိသေး တံခါးဖွင့်သံ ကျွီခနဲက သိပ်မဝေးတဲ့နေရာက ထွက်လာတယ်။ ယိချင်း ခဏတာ တုံ့လည်းတုံ့လည်း ဖြစ်သွားကာ လက်တစ်ဖက်ယမ်းပြီး ဟင်းပွဲတွေအားလုံးကို သိမ်းလိုက်တယ်။ နောက်တော့ တံခါးဖွင့်ရာဘက်ကို မြန်မြန်သွားတော့တယ်။
ရှန်းရင်က မျက်လုံးတွေကို ပွတ်ရင်း အခန်းအပြင် ထွက်လာတယ်။ အရင်လို ပျင်းတိပျင်းရွဲ အမူအရာနဲ့ပဲဖြစ်နေသေးကာ အရင်ကထက်တောင် ပိုပြီး အပျင်းတစ်နေတဲ့ပုံ။ သူမခြေလှမ်းတွေက တိမ်တွေပေါ် နင်းနေသလို မတည်မငြိမ်။ သူမကြည့်ရတာ တစ်ညလုံး မအိပ်ထားရသေးသလိုပဲ။
"ဆရာ" စားဖိုမှူးက ရှေ့တက်လာတယ်။
"အင်း" ရှန်းရင်က တစ်ချက်ခေါင်းမော့ကြည့်ပြီး နောက်တော့ သူမရှေ့ကလူရဲ့ ရင်ခွင်ထဲ ခေါင်းနဲ့ ဝင်တိုက်ပြီး စားဖိုမှူးပေါ် ရွှံ့တုံးလို မှီနေရင်း မျက်လုံးကို ပွတ်ကာ သမ်းနေတယ်။
စားဖိုမှူးက တစ်ခဏ မှင်တက်သွားကာ အကျင့်အတိုင်း မြေကြီးပေါ် အချိန်မရွေး လဲကျတော့မဲ့လူကို ကူဆွဲပေးထားလိုက်တယ်။ သူ့ရင်ခွင်ထဲ သူမကို ဂရုတစိုက် ထိန်းထားရင်း နူးညံ့တဲ့တစ်စုံတစ်ခုက သူ့မျက်လုံးတွေထဲကနေ လျှံထွက်လာကာ သူ့ရှေ့က လူက နီးနီးကပ်ကပ် ရစ်ပတ်ထားတဲ့အတိုင်းပဲ။
"ဆရာ မနက်စာအဆင်သင့်ဖြစ်ပါပြီ၊ အရင်သွားဆေးကြောမလား"
"အင်း"
ရှန်းရင်က အသံတစ်ခုပြုကာ တုံ့ပြန်လိုက်ပေမဲ့ ဆက်ပြီးပျင်းရိနေကာ မလှုပ်သလို စားဖိုမှူးကလည်း မလှုပ်။ နှစ်ယောက်သား အခန်းရှေ့ တိတ်တဆိတ် တစ်ယောက်ကို တစ်ယောက် ဖက်နေတယ်။
ကူယွဲ့ ။ ။ "..."
ကူယွဲ့ နှစ်ယောက်ကို သံသယနဲ့ လေ့လာလိုက်တယ်။ ဒါ နားလည်မှုလွဲလာတာလား။ ဒီလိုမြင်ကွင်းက အရင်တုန်းက ပုံမှန်ဆိုပေမဲ့ ဒီနေ့ သူတို့နှစ်ယောက် တစ်ခုခုလွဲနေတယ်လို့ သူ အလိုလိုခံစားနေရတယ်။ သူတို့နှစ်ယောက်လုံးကြား ထူးခြားတဲ့ အရှိန်အဝါတစ်ခုလိုမျိုးပဲ။ သူ အချိန်အတော်ကြာ ခေါင်းစားကြည့်ပေမဲ့ ဘာမှပေါ်မလာ။
"ဟေး မင်းတို့နှစ်ယောက်" သူ တကယ်ကို မထိန်းထားနိုင်တော့ဘူး။
"ပျင်းတိပျင်းရွဲ လုပ်နေတာတော်တော့၊ ဟင်းလင်းပြင်ရဲ့ အဝေးဆုံးအဆုံးသတ်ဆီ ဒီမနက်သွားဖို့ သတ်မှတ်ထားတာ မဟုတ်ဘူးလား၊ နေ့လယ်တောင် ရောက်တော့မယ်"
ရှန်းရင်က သူ့ကို တစ်ချက်ကြည့်ကာ နည်းနည်း ပိုမတ်မတ်ရပ်ပြီး ဆေးကြောဖို့ထွက်သွားတယ်။ အဲအစား စားဖိုမှူးက သူ့ကို မနှစ်မြို့မှုတချို့နဲ့ လှမ်းကြည့်တယ်။
"မင်းက ဘာလို့ငါ့ကို ကြည့်နေတာလဲ" ကူယွဲ့ အူကြောင်ကြောင်ဖြစ်သွားတယ်။ သူ တစ်ခုခု ပြောတာမှားသွားလို့လား။
စားဖိုမှူး ပြန်မဖြေဘဲ လှည့်သာထွက်သွားကာ ရှန်းရင်နောက် အမှီ ရေနဲ့ တဘက် ယူပေးဖို့ လိုက်သွားလေတယ်။
ပြဿနာများလိုက်တာ
သူ ပြန်လှည့်လာကာ စားပွဲမှာထိုင်ချပြီး ပေါက်စီ၂လုံး စားပြီးကာစမှာတင် နှစ်ယောက်သား ပြန်ရောက်လာကြတယ်။ သူ အလောတကြီး အရှိန်မြှင့်ကာ နောက်ထပ်နှစ်လုံး ထိုးသွင်းလိုက်တယ်။ သူမ စားပွဲဆီရောက်တာနဲ့ ရှန်းရင်က နေရာမှာတင် ချက်ချင်း ပြန်အသက်ဝင်လာကာ စိတ်ဓာတ်တက်ကြွစွာနဲ့ စားစရာအတွက် သူ့ကို စတင်တိုက်ခိုက်တော့တယ်။ ကူယွဲ့ နိုင်ခဲ့လောက်ပေမဲ့ စားဖိုမှူးလည်း ဝင်ပါကာ သူ့ဆီက ဖက်ထုပ်တချို့လုပြီး ရှန်းရင်ဆီ ကမ်းပေးတယ်။
ဒီလိုအရာက အတိတ်မှာဖြစ်နေကျဆိုပေမဲ့ တစ်ခုခုလွဲနေတယ်လို့ ကူယွဲ့ ဘာကြောင့်မှန်းမသိ ခံစားနေရတယ်။ ဖြစ်နိုင်တာ သူ ရှန်းရင်ကို ကြည့်ချိန် အကြည့်က အင်မတန်နူးညံ့နေပြီး တခြား ဘာမှမရှိသလိုမျိုး အာရုံစိုက်နေတယ်။
အဲထူးဆန်းတဲ့ ခံစားချက်က နောက်တစ်ကြိမ် မြင့်တက်လာပြန်တယ်။ ကူယွဲ့ အကြောင်းရင်းမရှိ တစ်ကိုယ်လုံးကြက်သီးထလာတယ်။ သူတို့ ပြီးတော့မို့ရှိသေး စားဖိုမှူးက အလိုလို လက်တစ်ဖက် မြှောက်ကာ ရှန်းရင် ပါးစပ်ထောင့်တွေကို သုတ်ပေးလေတယ်။ သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေတာများ တစ်ကိုယ်တည်းဖြစ်တော့မဲ့အတိုင်း ရွံစရာကောင်းလောက်အောင် ချိုမြနေတဲ့ အငွေ့အသက်က သူတို့ကို ဝိုင်းနေတဲ့အတိုင်းပဲ။ ကူယွဲ့ ဒါက ဘာအရှိန်အဝါလဲဆိုတာ နောက်ကျမှ နားလည်လိုက်ရတယ်။
သေစမ်း၊ မင်းတို့ အချစ်ရေး ကြွားလုံးထုတ်နေတာတွေ လဲသေလိုက်