← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း ၅၆၈။ ဧကရီထောင်ချူး

"အိုး" ရှန်းရင်က ပျင်းရိစွာ ဖြေတယ်။ ဒါပေမဲ့ သူမ ထရပ်ဖို့ မလှုပ်ရှား။ ရှန်းရင်က ယိချင်းဘက် မျက်နှာချင်းဆိုင်ကာ တန့်သွားတယ်။ "အာ နင် ငါ့ကို စောနက ဘာခေါ်လိုက်တာ"

"ဆရာ"

"မဟုတ်ဘူး၊ ဖေဖေနျို့အသံကို ကြားလိုက်တယ်လို့ထင်တာပဲ"

စားဖိုမှူးက တန့်သွားတယ်။ သူ ကောင်းကင်စိတ်အာရုံကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ပြန်ပေမဲ့ ဖေဖေနျို့အရိပ်အယောင်ကို မတွေ့။ သူ မေးဖို့ရှိသေး ရင်းနှီးနေတဲ့အသံတစ်သံကို ကြားလိုက်ရတယ်။

"ကလိမ်ကကျစ်ရှန်း၊ စားဖိုမှူး မင်းတို့ ငါ့ကို ကြားကြလား" အသံက အင်မတန်တိုးနေပေမဲ့ အရမ်းကို နီးနေတဲ့ပုံ။

ယိချင်း တစ်ခုခုကို သတိရသွားတဲ့ပုံ။ သူက သိုလှောင်အိတ်ကို ဖွင့်ကာ နှစ်ပေါင်းများစွာ သူနဲ့အတူ သယ်ဆောင်ထားတဲ့ ဆက်သွယ်ရေးအဆောင်ကို ထုတ်လိုက်တယ်။ တကယ်ပဲ အဲဒါက အသံလာနေတဲ့နေရာပဲ။

"ဖေဖေနျိုလား"

"အပိုတွေပြောနေတာတော်တော့ မင်းတို့နှစ်ယောက် သောက်ကျိုးနည်းဘယ်ရောက်နေတာလဲ၊ မြန်မြန် ငါ့လာကယ်ကြ" ဖေဖေနျို့အသံက တစစီဖြစ်နေပေမဲ့ သူတို့ သူ့ရဲ့ အသည်းအသန်ဖြစ်နေတဲ့လေသံကို ကြားနိုင်တယ်။ "ငါမင်းတို့ကို ပြောပြမယ်၊ အဲဒီ... က ... စိတ်ဖောက်နေတာပဲ ငါ မင်းတို့နဲ့တစ်မြို့ထဲမှာ မဟုတ်တော့ဘူး၊ ခုနားထောင်-"

နောက်တော့ ဆက်သွယ်ရေးက ပြတ်တောက်သွားတယ်။ ဆက်သွယ်ရေးအဆောင်က လင်းနေဆဲ ဆိုပေမဲ့ သူတို့ ဖေဖေနျို့အသံကို မကြားရတော့ဘူး။

"အာ" ယိချင်းက နားထောင်နေဆဲ။ "ဖေဖေနျို... ကူယွဲ့"

စားဖိုမှူး အချိန်အတော်ကြာ ခေါ်နေပေမဲ့ ကူယွဲ့အသံက ဆက်သွယ်ရေးအဆောင်ကနေ ထွက်မလာတော့ဘူး။ တစ်ခဏနေတော့ ဆက်သွယ်ရေးအဆောင်က မှိန်ကျသွားကာ အလင်းပါ ပျောက်သွားတော့တယ်။

ဘာတွေဖြစ်နေတာလဲ။

ယိချင်းရင်ထိတ်သွားတယ်။ ဖေဖေနျို ဒီတစ်ကြိမ် အကြီးအကျယ် ဒုက္ခရောက်နေတဲ့ပုံ။ "ဆရာ ကြည့်ရတာ ကျွန်တော်တို့ ဒီလိုဆက်နေလို့မဖြစ်တော့ဘူး၊ သူ ပိတ်မိနေတာပဲဖြစ်ရမယ်"

"အွန်း အွန်း" ရှန်းရင်က အသီးကို ဆက်ကိုက်ဝါးနေတယ်။

"ဒါပေမဲ့..." ယိချင်းက မျက်မှောင်ကြုတ်တယ်။ "စောနက ဖေဖေနျို့စကားတွေက ပြတ်တောင်းပြတ်တောင်းနဲ့၊ သူဘာပြောနေလဲဆိုတာ အတိအကျသိရဖို့နည်း မရှိဘူး၊ တကယ်လို့ အဲလူတွေကသာ သူ့ကို ဖွက်ထားဖို့ ရည်ရွယ်ထားရင် သူဘယ်မှာလဲဆိုတာ ကျွန်တော်တို့ ဘယ်လိုလုပ်သိမလဲ"

"ငါသိတယ်" ရှန်းရင်က ရုတ်တရက် ရေရွတ်လာတယ်။

"အာ ဟမ်" ယိချင်းက ရှန်းရင်ကို အူကြောင်ကြောင်စိုက်ကြည့်တယ်။ "ဆရာ... မင်းသိလား"

ရှန်းရင် လက်လှမ်းကာ သူတို့တစ်ဖက်ခြမ်းကို လက်ညှိုးထိုးပြတယ်။ "ဒီမှာရေးထားတယ် မဟုတ်လား"

ယိချင်းက လှည့်ကြည့်လိုက်တယ်။ သူတို့ရှေ့ လူတွေအများကြီး ဝိုင်းအုံနေတဲ့ ကြေညာဘုတ်ပြားတစ်ခု ရှိနေတယ်။ အသိပေးစာပေါ် စာလုံးကြီးတွေနဲ့ ရေးထားတာက ကြည့်ရတာ မှော်ပညာတချို့ပါ သုံးထားပုံပဲ။ တစ်ယောက်ပြီးတစ်ယောက် စာလုံးတွေ စာရွက်ထဲကနေ ပျံသန်းထွက်လာကာ လေထဲ ပျံသန်းနေတယ်။ သူတို့လည်း တစ်မြို့လုံးကို စာလုံးတွေဖတ်ပြတဲ့အသံတစ်သံနဲ့တွဲပါလာတယ်။

[ထူးခြားသတင်း ။ ။ ဧကရီထောင်ချူက သုံးရက်အတွင်း သူမနန်းတော်မှာ ခမ်းနားတဲ့လက်ထပ်ပွဲကြီးကျင်းပလိမ့်မယ် သူမက နတ်ဘုရားမှင်စာမျိုးနွယ်က လူတစ်ယောက် - လူကြီးမင်းကူယွဲ့နဲ့ လက်ထပ်မှာဖြစ်တယ် လူကြီးမင်းကူယွဲ့က သူရဲကောင်းဆန်၊ ရဲရင့်ပြီး အင်မတန် သမာသမတ်ကျတယ်၊ သူတကယ်ကို တစ်မိုးအောက်တစ်ယောက်ပဲ၊ ဧကရီက ကျေနပ်တာမို့ တိုင်းပြည်အသီးသီးက မှင်စာတွေအားလုံးကို လာရောက်ပြီး လူကြီးမင်းကူယွဲ့ ဘုရင်အဖြစ် ခန့်အပ်ခံရမဲ့ ဒီခမ်းနားတဲ့ပွဲခင်းကို လာရောက်ကြည့်ရှုကြဖို့ ဖိတ်ကြားလိုက်ရခြင်းဖြစ်ပါတယ်၊ တိုင်းပြည်ကြီး အဓွန့်ရှည်ပါ‌စေ ကြီးမားတဲ့ ပွဲအခမ်းအနားများ အဓွန့်ရှည်ပါစေ]

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ရုတ်တရက် သူတို့ဘာလို့ ဖေဖေနျို အဲလောက်အသည်းအသန် ဖြစ်နေရလဲနားလည်သွားခဲ့ပြီ။

ဒါက ... သတို့သား ပြန်ပေးဆွဲတာမလား။ သူ့အလံကို သူ နေရာအနှံ့မှာ အကြောင်းရင်းမရှိ အလံတွေကို ချိတ်ဆွဲထားခဲ့တော့ အပြစ်တင်စရာလူ မရှိဘူး

"ဆရာ ကျွန်တော်တို့ဘာလုပ်သင့်လဲ" ယိချင်းက ရှန်းရင်ဘက် မည်းနက်နေတဲ့အမူအရာနဲ့ လှည့်ကြည့်တယ်။

"ငါတို့ တခြားဘာလုပ်နိုင်ဦးမှာလဲ" ရှန်းရင်က လက်က အဆာသွတ်မုန့်စတွေကို ခါထုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ မရ။ ယိချင်းရဲ့ဝတ်ရုံလက်တွေပေါ် သူမလက်ကို သုတ်ကာ ပြောလိုက်တယ်။ "ငါတို့ လက်ထပ်ပွဲသွားတက်ရမှာပေါ့"

"..." ဖေဖေနျိုသာ ဆရာခုလေးတင်ပြောတာကြားရင်တော့ သူတို့လစာကို သေချာပေါက် လျှော့ပစ်မှာ။

ရှန်းရင်က သေချာပေါက် ဖေဖေနျိုလို နှစ်သောင်းချီ လူပျိုကြီးဖြစ်နေခဲ့တဲ့ လူတစ်ယောက်က လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာနဲ့ ချက်ချင်း မိန်းမတစ်ယောက်ကို ညှို့စားနိုင်မယ် တကယ်မထင်ခဲ့တာ။ သူ့စွမ်းဆောင်ရည်တွေကို သူမအထင်သေးမိတာ တကယ်ကို မှားတယ်။

အခု ဖေဖေနျိုက လက်ထပ်ပြီဆိုတော့ မိသားစုဝင်တွေအနေနဲ့ သူတို့ရှိနေဖို့လိုတယ်လေ။ ဒါကြောင့် သူတို့ ဧကရီနန်းတော်ဆီ လမ်းကို ရှာကာ အမြန်ပျံသန်းလာခဲ့ကြတယ်။

ပိုင်နက်က ကြီးမားပြီး အတော်လေးရှုပ်ထွေးတယ်။ ရံဖန်ရံခါ သူတို့ ကြားမုန်တိုင်းတွေနဲ့လည်း ကြုံရတယ်။ ဒါပေမဲ့ သူတို့ လူအားလုံးရှေ့ နေရာကူးပြောင်းလို့မရ။ ဒါကြောင့် ရွေးစရာမရှိ သူတို့ ဓားပျံတွေကို သာ ဆင့်ခေါ်ရတော့တယ်။ ယိချင်းက မြန်ဆန်စွာပျံသန်းနေပေမဲ့ နှစ်ရက်အကြာမှ သူတို့ ဧကရီနန်းတော်ဆီ ရောက်လာခဲ့ကြတယ်။

အဝေးကြီး‌ကနေ သူတို့ မြင်ခဲ့ဖူးသမျှနဲ့ အင်မတန်ကွဲပြားတဲ့ ပန်းရောင် နန်းတော်တစ်ခုကို တွေ့လိုက်ရတယ်။ ဒီတစ်ခုသော နန်းတော်က သစ်ပင်ကြီးတစ်ခုပေါ် တည်ရှိနေတာ။ အဲသစ်ပင်က မက်မွန်ပင်ဖြစ်ပြီး ကြီးလွန်းလို့ ကောင်းကင်ရဲ့တစ်စိတ်တစ်ပိုင်းကို တောင် ဖုံးနေတယ်။ သူ့သစ်ရွက်တွေက မြေကြီးပေါ်က မြို့တွေဆီ ဆန့်ကားထွက်နေတယ်။ ကြည့်ရတာ မက်မွန်ပွင့်တွေ အဆုံးမရှိ ကြဲချနေတာနဲ့တူတယ်။

သူတို့ပြောရမယ် - ဒါသူတို့မြင်ဖူးသမျှထဲ မိန်းကလေးအဆန်ဆုံးမြို့ပဲ။ ဧကရီတစ်ပါးနဲ့ဆိုတော့ အတော်လေးကို ကွဲပြားတယ်။

နှစ်ယောက်သား ဓားပျံပေါ်က ခုန်ဆင်းကာ မြို့ထဲဝင်ခဲ့တယ်။ လွဲမှားစရာမရှိ - မက်မွန်ပင်ထိပ်က နန်းတော်က ဧကရီထောင်ချူးဟာ။ လွန်ပြီးမှသိလိုက်တာက "ချူထောင်" ဆိုတဲ့နာမည်က အတော်လေး ထင်ရှားနေတယ်ဆိုတာပဲ။ သူတို့လို တိုင်းတစ်ပါးသားတွေပဲ အရူးလုပ်ခံရမှာ။ စားဖိုမှူးနဲ့ ရှန်းရင်တို့ ခန့်မှန်းရသလောက်တော့ ဖေဖေနျိုက သစ်ပင်ပေါ်က ဧကရီနန်းတော်ထဲ ချုပ်နှောင်ခံထားရတာပဲ။

ယိချင်း ချက်ချင်း သူ့ကောင်းကင်စိတ်အာရုံနဲ့ နန်းတော်ကို ဝေ့ဝဲကြည့်လိုက်ပေမဲ့ ဖေဖေနျို့အရိပ်အယောင် မတွေ့ရပြန်။

"ဆရာ..." ယိချင်းက တုံ့ဆိုင်းနေတယ်။ "ကြည့်ရတာ ဧကရီနန်းတော်မှာ ထူးဆန်းတဲ့ မှော်အတတ်တစ်မျိုးမျိုးရှိပုံပဲ၊ ကျွန်တော့်ကောင်းကင်စိတ်အာရုံ အထဲကို စစ်ဆေးမရအောင် တားထားတယ်"

"အင်း" ရှန်းရင်က ခေါင်းညိတ်ကာ ရှင်းပြတယ်။ "ဟင်းလင်းပြင်ထဲမှာက မျက်နှာပြင်အသီးသီးက သက်ရှိသတ္တဝါမျိုးစုံ ရှိတယ်လေ၊ နင့်အစွမ်းတွေကို စနစ်က ငြင်းတာ ပုံမှန်ပါပဲ"

"ဒါဆို ကျွန်တော်တို့ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့ ဒီတိုင်း ကျူးကျော်ဝင်သွားသင့်လား"

"အလျင်မလိုဘူး" ရှန်းရင်က မျက်လုံးတွေမှေးကာ သံသယရှိနေတဲ့ပုံ။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တကယ့်မိသားစုဝင်တွေပဲဟာ၊ ငါတို့ ဒီတိုင်း ဝင်သွားလို့ရမှာသေချာတယ်"

ရှန်းရင်က သစ်ပင်အောက်က ဝင်ပေါက်ဆီ လက်ညှိုးထိုးပြလိုက်တယ်။

ယိချင်းက သူ့ကို အူကြောင်ကြောင်စိုက်ကြည့်နေပေမဲ့ ဝင်ပေါက်ဆီကိုတော့ ပျံသန်းလာခဲ့သေးတယ်။ သူတို့ တံခါးကို စောင့်ကြပ်နေတဲ့ မှင်စာရှေ့ ရပ်လိုက်ကြတယ်။

"ရဲတင်းလိုက်တာ ဘယ်သူက ဧကရီ့နန်းတော်ထဲ ကျူးကျော်လာရဲတာလဲ"

အစောင့်ဆယ်ယောက်ကျော်က ရုတ်တရက် နန်းတော်ဝင်ပေါက်ရှေ့ ပေါ်လာတယ်။

ယိချင်းက တုံ့ပြန်မို့ရှိသေး ခေါင်းဆောင်အစောင့်က ရပ်သွားတဲ့ပုံ။ သူက စပ်ဖြဲဖြဲပြုံးကာ ရှေ့ကို တက်ပြီး လက်သီးဆုပ်လိုက်တယ်။ "အဲတော့ ခင်ဗျားတို့က ဂုဏ်သရေရှိဧည့်သည်တွေကိုး" သူက နောက်က‌ အစောင့်တွေကို ဘေးရွှေ့ဖို့ အမူအရာပြကာ ယိချင်းနဲ့ရှန်းရင်အတွက် လမ်းဖယ်လိုက်တယ်။

"ဂုဏ်သရေရှိဧည့်သည်တို့လာမယ်လို့ ဧကရီက ကျွန်တော်တို့ကို ပြောထားပါတယ်၊ အဲဒါကြောင့် သူက ကျွန်တော့်ကို ဒီမှာ ခင်ဗျားတို့ကို ရပ်စောင့်ခိုင်းခဲ့တာပါ၊ ဧကရီစောင့်နေတာ တော်တော်ကြာပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပါ"

ယိချင်းက သူ့ကို အံ့ဩစွာ ကြည့်လိုက်တယ်။ ဧကရီက ဖေဖေနျိုကို ပြန်ပေးမဆွဲခင် သူတို့ သတိမထားမိမှာကို စောင့်နေခဲ့တော့ လက်ထပ်ပွဲကို သူတို့ကို မတက်စေချင်ဘူး ထင်နေခဲ့တာ။ ဘာကြောင့် သူတို့ သူ့ကို လာကယ်မှာကို လုံးဝမစိုးရိမ်တဲ့ပုံ ဖြစ်နေတာလဲ။

"ဆရာ..." ယိချင်းက တုံ့ဆိုင်းပြီး ဘာလုပ်ရမှန်းမသေချာ။

"သွားကြစို့" ရှန်းရင်က မတုန်မလှုပ် အစောင့်နောက်က လိုက်သွားတယ်။

ဒါကြောင့် ယိချင်း နန်းတော်ထဲ အစောင့်ခေါင်းဆောင်နဲ့ ရှန်းရင်နောက် လိုက်ခဲ့တယ်။ သူတို့တွေ သစ်ပင်ထဲက အပေါက်ကြီးတစ်ခုဆီ လျှောက်ခဲ့ကြတယ်။ နေရာရွှေ့ပြောင်းအစီအရင်တချို့ကို ဖြတ်သန်းပြီးတဲ့နောက် လုံးဝမတူညီတဲ့နေရာဆီ ရောက်လာတာ သိလိုက်ရတယ်။ မိနစ်အနည်းငယ်နေတော့ သူတို့ ပန်းရောင်ပင်မခန်းဆောင်တစ်ခုအပြင် ရောက်ခဲ့တယ်။ တစ်လျှောက်လုံး ဘာအန္တရာယ်နဲ့မှ မကြုံ။ ဧကရီက သူတို့ကို နန်းတော်ဆီ တကယ်ပဲ ကြိုဆိုသလိုမျိုးပဲ။

"ကျေးဇူးပြုပြီး ဂုဏ်သရေရှိဧည့်သည်တို့" အစောင့်ခေါင်းဆောင်က တံခါးဝမှာရပ်သွားတယ်။ "ဧကရီက အထဲရောက်နေပါပြီ"

ယိချင်း ပိုလို့တောင် သံသယဖြစ်လာတယ်။ သူ ရှန်းရင်လက်ကို မသိစိတ်က ဆုပ်ကိုင်မိကာ နှစ်ယောက်သား တူတူဝင်လာခဲ့ကြတယ်။ ခန်းမ အတွင်းပိုင်းက အပြင်ဘက်နဲ့ အတော်လေး ဆင်တယ်။ နေရာတိုင်း ထူထဲတဲ့ မက်မွန်ပွင့်ဖက်လွှာတွေ ရှိနေတယ်။ အခန်းတစ်ဖက်တစ်ချက်မှာတော့ လေပြေလေညင်းနဲ့အတူ ယိမ်းနွဲ့နေတဲ့ မျက်နှာကျက်က အကြည်ရောင်သိုးမွှေးတန်းတွေ။ သူတို့တွေ အိပ်မက်ကမ္ဘာထဲ ရောက်နေသလိုပဲ။

...

အခန်း ၅၆၉ ။ ကူယွဲ့ မင်္ဂလာပွဲ

"နှစ်ယောက်သား နောက်ဆုံးတော့ ဒီကို ရောက်လာပြီပဲ" ရင်းနှီးနေတဲ့မိန်းမတစ်ယောက်အသံ ထွက်လာတယ်။ သူတို့မော့ကြည့်တော့ နန်းတော်ထဲက သလွန်ပေါ် ထောင်ချူက အရင်အတိုင်းလှပစွာ ထိုင်နေတာမြင်လိုက်ရတယ်။ ဒါပေမဲ့ အခုတော့ သူမနဖူးအလယ်မှာ မက်မွန်ပွင့်ပုံစံတစ်ခုရှိနေတယ်။ သူမက ပန်းရောင်ဝတ်ရုံ ဝတ်ထားပြီး ဘေးက ယောက်ျားရဲ့ လက်မောင်းကို မှီနေတယ်။ သူမနဲ့ ပတ်သက်ပြီး တစ်မျိုးသော နတ်ဆိုးဆန်ဆန် ညှို့ငင်မှုရှိနေတာပဲ။

သူမ မှီနေတဲ့လူကတော့ ကူယွဲ့။ သူက သူမကို ညင်သာစွာ ငေးနေပြီး သူမရဲ့အသွင်အပြင်တွေအပေါ် အာရုံစိုက်နေတယ်။ ဝင်လာတဲ့လူနှစ်ယောက်ကို တောင် သတိမထားမိ။

"ဖေဖေနျို" ယိချင်းက လှမ်းခေါ်လိုက်တယ်။

အဲတော့မှ ကူယွဲ့က သူတို့ကို ပြန်လှည့်ကြည့်လာတယ်။ ဒါပေမဲ့ သိပ်မကြာဘဲ သူက ရင်ခွင်ထဲက အမျိုးသမီးဆီ ကြာကြာ အကြည့်မလွှဲနိုင်သလိုမျိုး ပြန်လှည့်သွားတယ်။

"ရှင်တို့နှစ်ယောက် ကျွန်မတို့မင်္ဂလာပွဲကို မမီတော့ဘူးထင်နေတာ" ထောင်ချူးက ထရပ်ကာ နှစ်ယောက်သားကို ပျော်ရွှင်စွာ လှမ်းခေါ်တယ်။ "ရှင်တို့နှစ်ယောက် ရောက်လာတာကောင်းတာပဲ"

"ရှောင်ချူး" ကူယွဲ့က ညင်သာစွာ လှမ်းခေါ်တယ်။ သူက ထောင်ချူးထိုင်နေတဲ့ သလွန်အနောက်မှာ ချိတ်ထားတဲ့ခြုံလွှာကို ကောက်ယူကာ သူမပခုံးပေါ် ညင်သာစွာ ခြုံပေးလိုက်လေတယ်။

"အအေးမမိအောင် ဂရုစိုက်လေ"

ချူထောင်က လှည့်ကာ သူ့ကို‌ပြုံးပြတယ်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း"

"ကိုယ့်ကို ကျေးဇူးမတင်ပါနဲ့ - မင်းသာအအေးမိရင် ကိုယ့်နှလုံးသားနာကျင်ရမှာ"

ထောင်ချူးက သူ့ကို ညို့ငင်တဲ့အကြည့်ကြည့်ကာ နောက်တော့ သူ့ရင်ခွင်ထဲ မျက်နှာကို ဝှက်လိုက်ပြန်တယ်။

နှစ်ယောက်သား လူမြင်ကွင်းထဲ ချစ်ကြည်နူးပြနေတော့ ဆရာတပည့်နှစ်ယောက် ကြက်သီးထကုန်လေရဲ့။ ကြက်သီးတွေက တစ်ကိုယ်လုံးမှာ မြင့်တက်လာတယ်။ ရှန်းရင် မနေနိုင်ဘဲ လက်မောင်းတွေကို ပွတ်မိသွားတယ်။ အဲတော့ ချစ်ကြည်နူးပြနေတာကို မြင်ရတာက ဒီလိုခံစားရတာကိုး။

"ခင်ဗျားတို့နှစ်ယောက်..." ယိချင်းက သူတို့ကို သေချာလေ့လာလိုက်တယ်။

ကြည့်ရတာ အဲတော့မှ နှစ်ယောက်လုံး အသိပြန်ဝင်လာတဲ့ပုံ။ ထောင်ချူးက မျက်နှာရဲသွားကာ ကူယွဲ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတဲ့အကြည့်ကြည့်တယ်။

"ကျွန်မအပြစ်ပါ၊ ရှင်တို့နှစ်ယောက်လုံးကို မပြောခင် လူကြီးမင်းကူယွဲ့နဲ့ ကျွန်မက လက်ထပ်ပြီး ဘဝတစ်လျှောက်လုံး တစ်ယောက်အပေါ်တစ်ယောက် ဘဝအပ်နှင်းဖို့ ဆုံးဖြတ်ခဲ့တာ၊ မ‌နက်ဖြန်က ကျွန်မတို့ရဲ့ နေ့ကြီးပဲ၊ ကျေးဇူးပြုပြီး အချိန်မီတက်ရောက်ကြပါ"

ယိချင်းက ကူယွဲ့ကို ကြောင်အမ်းစွာ ကြည့်လိုက်တယ်။ "ဖေဖေနျို တကယ်ပဲ သူ့ရဲ့... ဘုရင် ဖြစ်ချင်ဝာာလား၊ ကျွန်တော်တို့နဲ့အတူ ပြန်မလိုက်ဘူးလား"

"ကျွန်မတို့နှစ်ယောက်လက်ထပ်တာနဲ့ ဒီနေရာက ကျွန်မနဲ့ကူယွဲ့အိမ် ဖြစ်လာမှာပါ" ‌ထောင်ချူးက ဖြေတယ်။ "သေချာပေါက် ရှင်တို့နှစ်ယောက် စိတ်ထဲမရှိရင် ရှင်တို့လည်း နေလို့ရပါတယ်"

ယိချင်းက မျက်မှောင်ကြုတ်ကာ ထောင်ချူးကို ချစ်မြတ်နိုးစွာ ငေးကြည့်နေဆဲ ကူယွဲ့ဘက် လှည့်လိုက်တယ်။

"အဲလိုဆိုရင် ဘာလို့နှစ်ယောက်က အဲညတုန်းက ရုတ်တရက် ပျောက်သွားကြတာလဲ"

"အဲဒါတွေအားလုံး ကျွန်မအပြစ်ပါ" ထောင်ချူးက မျက်နှာနီရဲသွားကာ ပိုပြီးနူးညံ့တဲ့လေသံနဲ့ပြောတယ်။

"အဲညက ကျွန်မ လူကြီးမင်းကူယွဲ့ဆီ ကျွန်မခံစားချက်တွေကို သွားဖွင့်ဟခဲ့တယ်၊ အဲတော့မှ သူလည်း ကျွန်မနဲ့ပတ်သက်ပြီး ထပ်တူခံစားရတယ်ဆိုတာ သိခဲ့ရတယ်၊ ကျွန်မစိတ်လှုပ်ရှားလွန်းလို့ သူနဲ့ချက်ချင်း နှောင်ထုံးဖွဲ့ဖို့ သဘောတူခဲ့တယ်၊ ဘယ်သူသိမလဲ လူကြီးမင်းက ... မြန်နိုင်သမျှမြန်မြန် လက်ထပ်ဖို့ အသည်းအသန် ဖြစ်လွန်းနေမယ်ဆိုတာ၊ အဲဒါကြောင့် ကျွန်မတို့နှစ်ယောက်က ရှင်တို့နှစ်ယောက်လုံးကို အသိမပေးဘဲ ညတွင်းချင်း နန်းတော်ဆီ အမြန် ပြန်လာခဲ့ကြတာပါ"

အဲလောက်တောင် အသည်းအသန် ဖြစ်တယ်လား။ တစ်နည်းပြောရရင် နှစ်ယောက်သားက တစ်ယောက်အပေါ် တစ်ယောက် တူညီတဲ့ ချစ်ခြင်းရှိတယ်လို့သိလိုက်ရတဲ့အခိုက်အတန့်မှာတင် လက်ထပ်ဖို့ စိတ်အားထက်သန်နေခဲ့တယါလား။

ယိချင်း တစ်ခုခုလွဲနေတယ်လို့ ခံစားရတယ်။

ထောင်ချူးက ထပ်ပြောတယ်။ "ရှင်တို့နှစ်ယောက်လုံး ခရီးရှည်ကြီး လာခဲ့ရတာ၊ ကျွန်မ ရှင်တို့‌နှစ်ယောက်လုံးအတွက် နေရာထိုင်ခင်းပြင်ပေးပါ့မယ်၊ ရှင်တို့သွားအနားယူလို့ရပါတယ်၊ ရှင်တို့က လူကြီးမင်းကူယွဲ့ရဲ့ မိသားစုဝင်တွေဖြစ်ပြီး မနက်ဖြန်က မင်္ဂလာပွဲလေ - မျက်မြင်စောင့်ကြည့်ဖို့ ရှင်တို့ရှိနေဖို့လိုတယ်"

သူမ စကားပြောပြီးတာနဲ့ သူတို့ကို အခန်းဆီခေါ်သွားဖို့ နန်းတော်အစေခံနှစ်ယောက်ဆီ အမူအရာပြလေတယ်။

ရှန်းရင်နဲ့ ယိချင်း ဆက်ကျန်ရစ်နေဖို့ ဘာဆင်ခြေမှ ရှာမတွေ့တော့။ သူတို့ မြတ်မြတ်နိုးနိုး ချစ်နေပုံရတဲ့စုံတွဲကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်တယ်။ ယိချင်း မနေနိုင်ဘဲ ပြောလိုက်တယ်။

"ဖေဖေနျို ခင်ဗျားလက်ထပ်တော့မယ်ဆ်ုရင် နောက်လအတွက် ကျွန်တော်တို့မုန့်ဖိုးတွေက ဘာဖြစ်သွားမှာလဲ"

နောက်က နှစ်ယောက်က တန့်သွားတယ်။ တစ်စုံတစ်ခုက ထောင်ချူးမျက်ဝန်းထဲ ဖြတ်ပြေးသွားပေမဲ့ ချက်ချင်း ဖိနှိပ်ကာ ပြုံးလေတယ်။ "အရင်အတိုင်းပဲ ဆက်ပြီးလုပ်ရမှာပေါ့"

"အိုး" ယိချင်းက တစ်ဖက်လှည့်ကာ ဘေးက ရှန်းရင်ကို သူ့ဘေးဆွဲခေါ်ပြီး နှစ်ယောက်သား နန်းတော်အစေခံတွေနောက်ကနေ တံခါးအပြင်လိုက်ခဲ့ကြတယ်။ ဧည့်သည်အခန်းတွေဆီ လမ်းမှာ စားဖိုမှူးက သီးသန့်ခြားအင်းကွက်တွေ ပြင်ကာ ခပ်တိုးတိုးပြောတယ်။ "ဆရာ၊ ဖေဖေနျိုက ပန်းမိစ္ဆာရဲ့ထိန်းချုပ်မှုအောက် ရှိနေတာပဲ"

"အမှန်ပဲ" သူ ခုမှသိတာလား။

"ဒါဆို... ကျွန်တော်တို့ မြန်မြန်သွားကယ်သင့်တယ်မလား" ခန်းမမှာတုန်းက ဖေဖေနျိုက သူတို့ကို စကားတစ်လုံးတောင် မပြော

သိတောင်မသိသလိုပဲ။ သူတို့နှစ်ယောက်ကို

"အလျင်မလိုပါဘူး" ရှန်းရင်က လှောင်ရယ်တယ်။ "မင်္ဂလာပွဲတောင် မဖြစ်သေးဘူးလေ"

အဲဒါအရင်ပြီးတာ စောင့်ကြတာပေါ့။

"..."

ယိချင်း မျက်မှောင်ကြုတ်ကာ အတော်ကြာစဉ်းစားနေပြီးမှ ပြောတယ်။

"ဆရာ... ကျွန်တော်တို့ ဘေးမှာထိုင်နေပြီး ကိစ္စတစ်ခုလုံးကို ဟာသတစ်ခုအနေနဲ့ သတ်မှတ်လိုက်ရင် အဲလိုလုပ်ဖို့ အကြောင်းပြချက်ကောင်းကောင်း မရှိလို့ကတော့ ဖေဖေနျို ပြန်သတိရလာချိန် တကယ် ပေါက်ကွဲလိမ့်မယ်၊ ပြီးတော့..." ယိချင်း သူ့လက်ထဲက အိတ်ကို ခါလိုက်တယ်။

"ကျွန်တော်တို့ ဒီရက်ပိုင်းမှာ ကျန်တဲ့ကုန်ကြမ်းပစ္စည်းတွေ အားလုံး သုံးပြီးသွားပြီ" သူတို့သိုလှောင်အိတ်ထဲ ဘာမှမကျန်တော့ဘူး။

"အာ..." ရှန်းရင် တုံ့ဆိုင်းသွားကာ ခေါင်းငုံ့လိုက်တယ်။ "ငါတို့ သူမ သူ့အပေါ်သုံးထားတဲ့ ဂါထာကို ဖြည်ဖို့နည်းလမ်း ရှာမတွေ့ဘူးလို့ပြောရင်ရော"

ယိချင်းက တန့်သွားတယ်။ အဲဒါက အချက်ကောင်းလိုပဲ။ တည်ကြည်တဲ့အမူအရာနဲ့ သူက ပြောတယ်။

"ဆရာပြောတာမှန်တယ် ဒီကမ္ဘာက ထူးဆန်းပြီး ကျွန်တော်တို့ရှိနေခဲ့တဲ့ကမ္ဘာနဲ့ အရမ်းကွာခြားတယ်၊ သူတို့ ကျင့်ကြံခြင်းအတွက်သုံးတာက မသေမျိုးလည်းမဟုတ်သလို ဝိညာဉ်ချီလည်းမဟုတ်ဘူး၊ ပြီးတော့ သူတို့ဆီ မိစ္ဆာချီလည်းလုံးဝမရှိဘူး၊ တကယ်လို့ ကျွန်ျတာ်တို့ လှုပ်ရှားလိုက်ရင် ဖေဖေနျိုကို ကယ်တင်လို့ရနိုင်ပေမဲ့ ထိန်းချုပ်ဖို့ သူ့အပေါ်သုံးထားတဲ့ဂါထာကို ဖြည်လို့မရနိုင်လောက်ဘူး"

"..."

"ကျွန်တော်အခုနားလည်ပါပြီ ဆရာ"

ရှမ်းရင်က ပါးစပ်ဟကာ ရပ်သွားပြီး နောက်တော့ယိချင်းပခုံးပေါ်ပုတ်တယ်။ အင်မတန်လေးနက်စွာနဲ့ သူမက ပြောတယ်။ "အင်း၊ နင်သိတာကောင်းတယ်" သူမမျက်ဝန်းတွေက တောက်ပသွားကာ ကျန်တဲ့ဟာတွေကို ကျော်လိုက်တယ်။ "ဒါဆို မနက်ဖြန်... သူတို့ မင်္ဂလာဦးညကို ဖြတ်သန်းမှာကို ဘယ်လိုထင်လဲ၊ ဟုတ်သား ငါတို့ မနက်ဖြန်အတွက် အရိပ်ထိန်းကျောက်တုံးတွေ ပြင်ရမယ်၊ ပုံမှန်ထက် များများ ယူသွားမယ်"

"..." ဆရာက တကယ်ပဲ ဖေဖေနျို့ကို ဟာသလို့မှတ်ယူနေတာလား။ တကယ်ပဲ မဟုတ်လား။

————

ထိုနေ့။

ထောင်ချူးက ဘယ်လိုပဲဖြစ်ဖြစ် ဧကရီပဲလေ - သူမရဲ့ လက်ထပ်ပွဲက အခမ်းအနားကြီးတစ်ခုပေါ့။ နန်းတော်တစ်ခုလုံးက တစ်နေ့လုံး အခမ်းအနားအငွေ့အသက်ပြည့်နေတယ်။ နေရာတိုင်းမှာ မီးအိမ်တွေနဲ့ အဆင်အယင်တွေ။ လူအုပ်ကြီးက တိုးဝှေ့နေကြပြီး ပုံမှန်ထက်အဲနေ့မှာ မက်မွန်လွှာတွေ အများကြီးကြွေကျနေတယ်။

မင်္ဂလာအချိန်ရောက်လာတော့ သူတို့ အနီရောင်ဝတ်ရုံတွေ ဝတ်ထားတဲ့ ကူယွဲ့နဲ့ထောင်ချူး တူတူ ဝင်လာတာကို ကြည့်နေတယ်။ ထောင်ချူးက မလိမ်ခဲ့ - ရှန်းရင်ရော ယိချင်းပါ အခမ်းအနားရဲ့ မျက်မြင်သက်သေ‌တွေအနေနဲ့ ရှေ့တည့်တည့်မှာထိုင်ရတယ်။ အဆင့်မြင့်မှင်စာတွေတောင် သူတို့နောက်မှာ ထိုင်ရတာ။

ရှည်လျားကာ ဇဝေဇဝါဖြစ်စရာ အခမ်းအနားအပြီးမှာတော့ မင်္ဂလာပွဲက ပြီးမြောက်သွားခဲ့ပြီ။ အခမ်းအနားတစ်လျှောက်လုံး ကူယွဲ့က စိတ်ရင်းနဲ့ အားရပါးရ ပြုံးနေတယ်။ သူ့ကြည့်ရတာ ဖိအားပေးခံထားရတဲ့ပုံနဲ့လုံးဝမတူ။ ထောင်ချူးကို ကြည့်တဲ့ပုံက နူးညံ့ကာ မြတ်နိုးမှုတွေနဲ့။ သူတို့က နတ်ဖက်တဲ့ စုံတွဲလိုပဲ။

လက်ထပ်ပွဲပြီးတော့ သူတို့ မင်္ဂလာခန်းဆီ ပြန်သွားကြတယ်။ မင်္ဂလာဧည့်ခံပွဲက သိပ်မကြာခင် စတင်တော့တယ်။ ထောင်ချူးက ဧကရီဆိုတော့ သူမဧည့်သည်တွေကို ဧည့်ခံရတာပေါ့။ ဒါကြောင့် ကူယွဲ့ကို အခန်းထဲ ထားခဲ့ကာ သူမက ထွက်သွားတယ်။

ယိချင်းက ပင်မခန်းမဆောင်မှာထိုင်နေပေမဲ့ သူ့ကောင်းကင်စိတ်အာရုံကတော့ ပူပူနွေးနွေး လက်ထပ်ထားကာစ စုံတွဲနောက် နီးနီးကပ်ကပ်လိုက်လာတယ်။ ဒါကြောင့် သူ မင်္ဂလာဦးအခန်းထဲက မျက်နှာပေါ် အဲအပြုံးကြီးရှိနေ‌ဆဲ ကူယွဲ့ တစ်ယောက်တည်း ထိုင်နေတာကို မြင်လိုက်ရတယ်။ သူ အိပ်ရာပေါ်ထိုင်ကာ လေထဲစိုက်ကြည့်နေတယ်။ သူက ငိုင်တွေနေတဲ့အတိုင်းပဲ။

"ဆရာ ကျွန်တော်တို့..." ယိချင်း ရှန်းရင်ကို မင်္ဂလာဦးခန်းထဲက အခြေအနေကို ရှင်းပြလိုက်တယ်။ သူတို့ဘာဆက်လုပ်ရမလဲ မေးလိုက်တယ်။ တကယ်လို့ သူတို့အခုလှုပ်ရှားရင်တော့ ဖေဖေနျို့ကို ကယ်ဖို့အခွင့်အရေး ရှိလောက်တယ်။

"သူနိုးပြီလား" ရှန်းရင်က မေးတယ်။

"ကျွန်တော် မထင်ဘူး" ယိချင်းက မေးလိုက်တယ်။

"ဒါဆို အလျင်မလိုဘူး၊ သူတို့ မင်္ဂလာဦးညဖြတ်သန်းမှာကို အရင်စောင့်တာပေါ့" ဟီးဟီးဟီး။

"ဟုတ်ကဲ့ဆရာ" ယိချင်းက ကောင်းကင်တဖြည်းဖြည်း မှောင်လာချိန်ထိ မင်္ဂလာဦးခန်းထဲက အခြေအနေကို ဆက်စောင့်ကြည့်နေတယ်။ ဧည့်သည်တွေက အုပ်လိုက်ကြီး နန်းတော်ထဲက ပြန်ကုန်ပြီး ယိချင်းနဲ့ရှန်းရင်လည်း ထွက်လာခဲ့တယ်။

သူတို့ကိုယ်ပိုင်ဧည့်သည်အခန်းဆီပြန်ရောက်တာနဲ့ ချက်ချင်းတစ်ဖက်လှည့်ကာ မင်္ဂလာဦးခန်းဆီ ဦးတည်လာခဲ့ကြတယ်။

...

အခန်း ၅၇၀ ။ လင်မယားအရာမြောက်ခြင်း အရေးပေါ်

"မြန်မြန်၊ မြန်မြန်၊ မြန်မြန်၊ ဝိညာဉ်ထိန်းကျောက်တုံး၊ ဝိညာဉ်ထိန်းကျောက်တုံး" ရှန်းရင်က ယိချင်းကို တံတောင်နဲ့တွတ်လိုက်တယ်။

အဲတော့ ယိချင်းက အင်းကွက်တွေ ဖုံးထားတဲ့ ကျောက်တုံးနှစ်ခုထုတ်တယ်။ သူက ခဏစဉ်းစားပြီးတော့ သူတို့နှစ်ယေယက်ပတ်လာ်မှာ သီးသန့်ခြားအင်းကွက်တစ်ခုပါ ပြင်ဆင်လိုက်တယ်။ နောက်တော့ သူ အိမ်ထဲကြည့်ဖို့ သူ့ဆရာလို ပြတင်းပေါက်ဆီ ကို င်းလိုက်တယ်။

ဖေဖေနျိုက မလှုပ်မယှက် အိပ်ရာပေါ်ထိုင်နေဆဲ။ အပြုံးက မျက်နှာပေါ်ကနေ နည်းနည်းတောင် မပြေလျော့သွား။ ရုတ်တရက် တစ်‌စုံတစ်ယောက်က တံခါးကို တွန်းဖွင့်ကာ အထဲဝင်လာတယ်။ ထောင်ချူးပဲ။ သူမက အနီရောင်ဝတ်ရုံဝတ်ထားဆဲ။ ပျင်းတိပျင်းရွဲနဲ့ သူမက အိပ်ရာဆီ တရွတ်တိုက်လျှောက်လာတယ်။ ကူယွဲ့က နောက်ဆုံးတော့ လှုပ်လာပြီ။ သူက ထရပ်ကာ ထောင်ချူးလက်ကို ဆွဲပြီး အိပ်ရာဆီ ပြန်ခေါ်လာတယ်။

"ယောက်ျား" ထောင်ချူးက ကူယွဲ့ဆီ နဖူးကို မှီကာ ဖက်တယ်။

"ရှောင်ချူး" ကူယွဲ့က နက်နက်ရှိုင်းရှိုင်း မြတ်နိုးစွာ သူမမျက်ဝန်းတွေထဲကြည့်တော့တယ်။ "ကိုယ်တို့ နောက်ဆုံးတော့ အကြင်လင်မယား ဖြစ်ပြီ"

ထောင်ချူးက မျက်နှာရဲသွားတယ်။ သူမက ပိုပြီးတောင် ညှို့ကာ ပြောတော့တယ်။ "ကျွန်မက ရှင့်နှလုံးသားထဲက တစ်ဦးတည်းသောသူလား"

"သေချာပေါက်ပေါ့" ကူယွဲ့က ဖြေတယ်။

"ရှင် တကယ် ကျွန်မကို ချစ်တာလား" ထောင်ချူးက အတည်ပြုတယ်။

"ဒါပေါ့"

"ကျွန်မရှင့်ကို မယုံဘူး" သူမက ရုတ်တရက် တောင့်တင်းသွားပြီး သူ့ကို ဝေခွဲမရတဲ့အမူအရာနဲ့ ကြည့်တယ်။ တစ်အောင့်နေတော့ သူမက လေးနက်စွာပြောလာတယ်။ "ယောက်ျား၊ ကျွန်မ ရှင့်အတွေးမှန်တွေကို ကြားချင်တယ်" သူမက တစ်ခုခုကို ဆွဲနုတ်သလို သူ့ဝတ်ရုံလက်တွေကို ဖုန်ခါလိုက်တယ်။

နောက်အခိုက်အတန့်မှာ ကူယွဲ့မျက်လုံးတွေက ကြည်လင်လာတဲ့ပုံ။ သူက ထောင်ချူးအပေါ်ပဲ တရားသေ ရှိမနေတော့ဘူး။ သူက အကြိမ်ရေတချို့ မျက်တောင်ခတ်ကာ တောင့်တင်းသွားတယ်။ စောနက မေတ္တာနဲ့ အချစ်တွေအားလုံး လုံးဝပျောက်ကွယ်သွားပြီ။ အဲအစား သူက နောက်ကို ပြန်ခုန်ကာ ဒေါသတကြီး ပြောဆိုတော့တယ်။ "မင်းက ရူးနေတာပဲ"

"ယောက်ျား ကျွန်မ တကယ်ပဲ တစ်ဘဝလုံး ရှင်နဲ့အတူ ဖြတ်သန်းချင်တာပါ" ထောင်ချူးက သနားစရာကောင်းစွာ ပြောတယ်။

"ရှင် နေဖို့ သဘောတူသရွေ့ ကျွန်မ ရှင့်ကို ဒီလိုမဆက်ဆံတော့ပါဘူး ဟုတ်ပြီလား" သူမက စကားဆုံးတာနဲ့ မှီချလာတယ်။

"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ကူယွဲ့မျက်နှာက အရောင်ကင်းမဲ့ကုန်တယ်။ သူက သူမဆီကနေ ခုန်ထွက်ဖို့ ကြိုးစားတယ်။ "ငါ့ဆီကနေ ဖယ်"

ထောင်ချူးက သူ့ကို ဖမ်းဆုပ်ကာ အိပ်ရာပေါ် ဖိချလိုက်တယ်။ သူမက သူ့ခါးပတ်ဆီ လက်လှမ်းကာ ဖြည်ဖို့လုပ်တယ်။

ဝိုး ဒါစိတ်လှုပ်ရှားစရာပဲ သူ ငါးမျှားစာခံလိုက်ရပြီ။

ပြတင်းပေါက်ကို မှီနေတဲ့ ရှန်းရင်က ရုတ်တရက် မျက်လုံးပြူးကာ အထဲကို လက်ညှိုးထိုးတယ်။

"စားဖိုမှူး မြန်မြန်-"

"ဟုတ်ကဲ့ဆရာ;" သူမ စကားမဆုံးနိုင်ခင် စားဖိုမှူးက ဝုန်းခနဲ တံခါးဖွင့်ဝင်တော့တယ်။

အဲတော့မှ ရှန်းရင် စကားကို အဆုံးသတ်လိုက်ရတာက ။ "မြန်မြန်... ဒါကို မှတ်တမ်းတင်ထား"

ဒါပေမဲ့ စားဖိုမှူးက ထောင်ချူးကို ကူယွဲ့ကိုယ်ကနေ ဆွဲခါပြီးပြီ။ သူက သူမကို အညှာအတာမရှိ အခန်းအပြင် ပစ်ထုတ်လိုက်တယ်။

"ဟိုလီရှစ် စားဖိုမှူး မင်း နောက်ဆုံးတော့ သောက်ကျိုးနည်း ဒီရောက်လာပြီပေါ့" ကူယွဲ့ အိပ်ရာပေါ်က ထခုန်ကာ ဒေါသတကြီး ရေရွတ်တော့တယ်။

"ခင်ဗျား ဘာဖြစ်ခဲ့တာလဲ" စားဖိုမှူးက သူ့ကို ကြည့်ကာ ပတ်လည်မှာ ခန္ဓာကိုယ်ထဲက မသေမျိုးချီကို ထိန်းချုပ်ထားတဲ့ အန္တရာယ်ရှိတဲ့ အငွေ့အသက်တစ်လွှာ ရှိနေတာ နားလည်လိုက်ရတယ်။

"အဲနှာဘူးက ငါ့ကို စားဖို့ ဘာပေးခဲ့တာလဲ မသိဘူး" ကူယွဲ့ အော်လိုက်တယ်။ "ငါ ပြန်ဖြည်ဖို့ ဘယ်သိုင်းမှ သုံးမရတာ"

စားဖိုမှူးအနေနဲ့ အရှိန်အဝါကို လေ့လာဖို့အချိန်မရှိ။ ထောင်ချူးက ထရပ်နေပြီဖြစ်ကာ ပါးနှစ်ဖက်မှာ မျက်ရည်စီးကြောင်းတွေနဲ့။ သူမက လှည့်ကာ ယောက်ျားတစ်ယောက်အသံနဲ့ ပြောတော့တယ်။

"ယောက်ျား... ရှင် ကျွန်မကို ဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်ရတာလဲ"

ခဏ အဲဒါ ယောက်ျားအသံဟ။

ယိချင်းတန့်သွားကာ မြေကြီးပေါ်က ထရပ်ကာစ လူကို သေချာကြည့်လိုက်တယ်။ သူမပုံစံက သူတို့မျက်စိရှေ့မှာတင် ပြောင်းလဲနေပြီ။ သူမလက်တွေက ကြီးထွားလာပြီး ပိုအရပ်ရှည်လာတယ်။ သူမမျက်နှာပေါ်မှာတော့ တစ်ခုခုပေါ်လာတယ်... မုတ်ဆိတ်

ဒါယောက်ျားတစ်ယောက်ပဲ။

စားဖိုမှူးနဲ့ အထဲဝင်လာပြီဖြစ်တဲ့ရှန်းရင် နှစ်ယောက်လုံး ကူယွဲ့ကို လှည့်ကြည့်ကာ တစ်ပြိုင်နက်တည်း အာမေဋိတ်ကိုယ်စီနဲ့။

"အာ့-အို..."

"မင်းတို့ ဘာကြည့်နေတာလဲ" ကူယွဲ့ သူတို့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ သူတို့ ဘာလို့ သူ့ကို ဒီလိုကြည့်နေတာတုန်း။

"ငါလည်း သူက ညဆို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းသွားတာ ခုမှသိတာဟ ပြီးတော့... သူက မက်မွန်ပွင့်မိစ္ဆာ၊ အပင်တွေက သဘာဝအရလိင်နှစ်မျိုးကိုယ်ခန္ဓာတွေ ပိုင်ကြတယ်လေ" သူ လုံးဝအဲလိုမျိုးတွေ စိတ်ဝင်စားတာ မဟုတ်ဘူး။

"ယောက်ျား..." အဲလူက ခုပိုပြီးတောင် သနားစရာကောင်းစွာ ငိုကြွေးနေပြီ။

"ပါးစပ်ပိတ်" ကူယွဲ့အမွှေးတွေထောင်နေပြီ။ "ဘယ်သူက မင်းယောက်ျားတုံး၊ စားဖိုမှူး မြန်မြန် ငါ့ကို ဒီမှော်အတတ်ကနေ ဖြည်ပေး ငါ ဒီသောက်ကျိုးနည်းဟာကို ဖျက်ဆီးပစ်မယ်"

"ယောက်ျား၊ ကျွန်မ ရှင့်ကို သစ္စာရှိခဲ့တယ်လေ၊ ဘာလို့အဲလောက်တောင် ရက်ရက်စက်စက် ဆက်ဆံရတာလဲ" ထောင်ချူးက ခုပိုပြီးတောင် နာကျင်နေဟန်။ သူက ရင်ဘတ်ကို ဆုပ်ကိုင်ကာ သူ့မျက်နှာက ပြိုလဲပြီး ငိုကြွေးစ‌ပြုတော့တယ်။ အခု သူက အမျိုးသားတစ်ယောက်ဆိုတော့ သူ့မျက်ရည်တွေ မုတ်ဆိတ်နဲ့ မျက်နှာပေါ် စီးကျနေတာကြည့်ရတာက ... အာ...။

ကူယွဲ့ ကျောရိုးတစ်လျှောက်အေးစိမ့်သွားကာ ဘေးက ခုတင်ပေါ် မှီချပြီး အန်တော့တယ်။

ဝေါ့...။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ဒါကြောင့် အရင်က အသည်းအသန် အကူအညီလှမ်းခေါ်နေခဲ့တာလား။ ဒီမြင်ကွင်းက တကယ်ပဲ နည်းနည်းတော့ ထူးဆန်းတယ်...။

"မြန်မြန်... မြန်မြန် အဲဟာကြီးကို ငါ့မြင်ကွင်းထဲကနေ ခေါ်ထုတ်သွားကြပါ" ကူယွဲ့ နောက်ဆုံးတော့ အန်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မော့ကြည့်ချိန် ပြန်အန်ချင်လာပြန်တယ်...။

ထောင်ချူးကတော့ စားဖိုမှူးနဲ့ရှန်းရင်ကို ကြည့်ချိန် အေးစက်သွားတယ်။ သူက သူတို့ကို ဒေါသတကြီး ကြည့်ကာ ကူယွဲ့ဘက်ပြန်လှည့်လာတယ်။ "ရှင်က ကျွန်မနဲ့နေဖို့ ဆန္ဒမရှိလောက်ပေမဲ့ အနည်းဆုံးတော့ ကျွန်မအတွက် ရှင့်ကိုယ်ခန္ဓာကို ချန်ထားခဲ့ပေါ့"

သူ စကားဆုံးတာနဲ့ တစ်ခုခု လုပ်လိုက်လို့ အပြင်ကနေ ဝှစ်ခနဲအသံတွေ ဆက်တိုက် ကြားရတယ်။ ကြီးမားတဲ့ မက်မွန်ပွင့်တွေက သူ့ဆီပျံသန်းလာကာ ကိုယ်ကို ရစ်ပတ်နေတယ်။ တစ်ခုချင်းစီ အခန်းထဲကို ဓားတွေလို ပျံဝင်လာပြီး မင်္ဂလာဦးတစ်ခန်းလုံးကို အပိုင်းပိုင်းဖြစ်သွားစတော့တယ်။

"သတိထား၊ သူ့ပန်းပွင့်ရနံ့တွေက ဖမ်းစားနိုင်တယ်၊ သူတို့တွေက ငါတို့မသေမျိုးချီတွေကို ပိတ်လှောင်နိုင်တယ်၊ ငါတို့နား ကပ်ခံလို့မဖြစ်ဘူး" ကူယွဲ့ ရှန်းရင်နဲ့ယိချင်းကို ပြောလိုက်တယ်။

စားဖိုမှူးက မျက်မှောင်ကြုတ်တယ်။ အကာအကွယ်အင်းကွက်တစ်ခုက သူတို့သုံးယောက်ပတ်လည်မှာ ထိန်လင်းလာတယ်။ မက်မွန်ပွင့်တွေက ခုသူတို့ပေါ် ရွာချနေပြီ။ စားဖိုမှူးက ဓားကို ဆင့်ခေါ်ပြီး ယမ်းလိုက်တော့ ဓားချီက ကောင်းကင်တစ်ခုလုံးကို လွှမ်းသွားကာ ထောင်ချူးဆီ ပစ်လွှတ်လေတယ်။ လေထဲက မက်မွန်ပွင့်တွေက အပိုင်းပိုင်းလေးတွေ ဖြစ်ကုန်တော့တယ်။ စားဖိုမှူး တခြားဘာမှမလုပ်နိုင်ခင် သူတို့ နာကျင်စွာအော်သံကို ကြားလိုက်ရတယ်။

"အား" ထောင်ချူးက မြေကြီးပေါ်ကျသွားပြန်ကာ သူ့ကိုယ်က ဒဏ်ရာတွေဖုံးလွှမ်းနေပြီး စားဖိုမှူးကို ကြောက်လန့်တကြား ကြည့်တယ်။ "မင်းတို့... မင်းတို့က ဘယ်လိုလူတွေလဲ"

စားဖိုမှူးက သူ့ကို တုံ့ပြန်မနေ။ သူ အမြန် ဓားအင်းကွက်တစ်ခုဖန်တီးဖို့ မက်မွန်လွှာတွေကို ထပ်ဖြတ်ကာ ဝိညာဉ်ဓားတချို့ ဆင့်ခေါ်ရင်း ထောင်ချူးကို အထဲ ပိတ်လှောင်လိုက်တယ်။

ထောင်ချူးအမူအရာက ပြောင်းလဲသွားတယ်။ သူ နောက်ဆုံးတော့ သူတို့ကို ကြောက်လန့်စပြုလာပြီ။ စောနက သတ်ဖြတ်လိုတဲ့အရှိန်အဝါက လုံးဝပျောက်ကွယ်သွားကာ ခုတော့ နူးညံ့ပြီး မိန်းကလေးဆန်တဲ့ ယောက်ျားတစ်ယောက်ဖြစ်သွားပြန်ပြီ။ သူက မျက်ရည်စီးကြောင်း မျက်နှာနဲ့ ကူယွဲ့ဘက်လှည့်တယ်။

"ယောက်ျား... တကယ်ပဲ တို့ကို သတ်တော့မှာလား၊ တို့က တကယ် သဘောကျမိတာကို "

"ပါးစပ်ပိတ်ထား မင်းက ငါ့ကို ဒီနေရာမှာ ညဝက်ထပ်ကျော် ပိတ်လှောင်၊ ငါ့လွတ်လပ်မှုကို ယူဆောင်သွားပြီး ငါ့ကိုယ်ကို ထိန်းချုပ်ခဲ့တာ၊ ဒါကို သဘောကျတယ်လို့ခေါ်တာလား" သေစမ်း သူက ရူးနေတာပဲ ကူယွဲ့ ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မလို့ပဲ။ သူကစားဖိုမှူးရဲ့ ဓားကို လုယူကာ ထောင်ချူးဆီ ချိန်ရွယ်တယ်။ "မင်း နောက်တစ်ခွန်းပြောရဲပြောကြည့်"

"ဒါပေမဲ့... ရှင့်ကို ဒီလိုတကယ်သဘောကျတာပါ" ထောင်ချူးက ကူယွဲ့ကို ညှို့ယူပေမဲ့ဝမ်းနည်းစွာ ကြည့်လာတယ်။ "တကယ်လို့ အစတည်းက အပိုင်ဖြစ်ပေးမယ်လို့ ကတိပေးခဲ့ရင် ဒီလိုမျိုးလုပ်ခဲ့မှာ မဟုတ်ပါဘူး၊ ရှင့်ကို ချစ်လို့လုပ်ခဲ့တာ"

All Chapters