အခန်း (၅၇၄-၅၇၆)
Vol. 39 Ch. 574-576
အခန်း ၅၇၄ ။ ပြိုင်ပွဲတွင် ဝင်ပြိုင်ခြင်း
အစောင့်က စကားပြောပြီးတာနဲ့ လှုပ်လှုပ်ရှားရှားအသံတချို့ နောက်ဆုံးတော့ ဂူထဲကထွက်လာခဲ့တယ်။ သုံးယောက်သား အချိန်အတော်ကြာရပ်နေပြီးမှ အမည်းရောင်အရိပ်ကြီးတစ်ခုက ဖြည်းဖြည်းချင်း တွားသွားထွက်လာပြီး ဝင်ပေါက်မှာ သဏ္ဌာန်ကြီးတစ်ခု ပေါ်လာခဲ့တယ်။ လုံးဝကို မည်းနက်ပြီး ထူထဲကာ အခွံမာတွေက တစ်ကိုယ်လုံးကိုကာထားတယ်။ သူ့ကိုယ်အောက်ပိုင်းမှာတော့ ပိန်ပါးတဲ့ခြေထောက်ဆယ်ချောင်းကျော်ရှိနေကာ ခေါင်းပေါ်မှာတော့ စုပေါင်းမျက်စိဆယ်လုံးကျော် ရှိတယ်။ ကိုယ်က ဒါဇင်ကျော်မြင့်ကာ ကြည့်ရတာလုံးဝကို သန္ဓေပြောင်း ပိုးကောင်ကြီးနဲ့တူလေရဲ့။ ကြည့်ရဆိုးပေမဲ့ တုန်ခါနေတာ... လေထဲက ဖယောင်းတိုင်မီးရောင်လိုပဲ။ တုန်ခါနေလို့ အချိန်မရွေး သူ့ဘာသာမှောက်သွားမယ်လို့တောင် စိုးရိမ်နေရတယ်။ သူ့ပါးစပ်ကနေ ခပ်ပျော့ပျော့အမျှင်တန်းတွေပါ ထွက်လာကာ သူ့အခွံဖုံးထားတဲ့ကိုယ်ထည်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တဲ့အမူအရာမျိုး ရစ်ပတ်သွားလေရဲ့။
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ့ရှေ့က မကောင်းဆိုးဝါးကို အတော်လေး ရင်းနှီးနေပြီး အထူးသဖြင့် ရှန်းရင် ကမ္ဘာမြေဆီ ပြန်သွားပြီးတဲ့နောက်မှာ သူ့ကိုပြခဲ့တဲ့ပုံတွေထဲကတစ်ခုနဲ့ ဆင်နေတာ။ အဲတော့ ဒါ...။
"ပိုးကောင်လား" ရှန်းရင်က မှင်တက်သွားကာ သူမက ရှေ့ကိုတန်းလျှောက်သွားတယ်။
နောက်အခိုက်အတန့်မှာ ဆန့်ကျင်ဘက်က ပိုးကောင်ကြီးက တုန်ယင်သွားကာ သူ့ကိုယ်ပတ်လည်က အမျှင်လက်တံတွေတောင် လျှပ်စီးလိုက်သွားသလို လန်ကုန်တယ်။ ချက်ချင်း သူက ကောင်းကင်ထဲထိ ပျံ့သွားတဲ့အော်သံမျိုး အော်ဟစ်တော့လေရဲ့။
ခုမှ ထွက်လာကာစ သံတံခါးထဲ အသည်းအသန်ပြန်ဝင်သွားကာ ဘေးကအစောင့်ကိုပါ ထိသွားသေးတယ်။
ရှန်းရင်က လိုက်သွားဖို့ အလိုလိုပြင်လိုက်မိပေမဲ့ ကူယွဲ့ အမြန်လှမ်းဖမ်းထားလိုက်ရတယ်။
"မင်းဘာလုပ်နေတာတုံး"
"ဟမ်" ရှန်းရင် မှင်တက်သွားကာ နောက်ဆုံးတော့ တုံ့ပြန်နိုင်ပြီ။ "ဖွီ အကျင့်ဖြစ်နေလို့" သူမ ပိုးကောင်တွေမြင်တိုင်း မသက်မသာခံစားရတာ သူတို့ကိုမထုထောင်းခင်အထိပဲ။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘေးက အစောင့်က တကယ်ပဲ ဒေါသထွက်သွားတယ်။ သူက ခြေထောက်ထရပ်ကာ အထဲက ပိုးကောင်ကို စတင်ဆူတော့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူဘယ်လောက်ပဲ မျှားခေါ်ခေါ် ခြိမ်းခြောက်ခြောက် အင်းဆက်မျိုးနွယ်ရဲ့ ဘုရင်မကိုပါ ထည့်ပြောရင်တာင် အဲပိုးကောင်က ထပ်ထွက်မလာချင်တော့ဘူး။ ခဏအတွင်း အထဲကနေ ထူးဆန်းတဲ့ အော်သံတချို့ပါ ထွက်လာတယ်။
ဇဝေဇဝါဖြစ်နေတဲ့အစောင့်က အပြစ်တင်တော့တယ်။ "ထူးဆန်းလိုက်တာ၊ ဘာဖြစ်တာလဲ၊ အင်းဆက်မျိုးနွယ်က အယုံကြည်ရဆုံး မဟုတ်ဘူးလား၊ တကယ်လို့ အပြင်မထွက်ချင်ရင်တောင် အနည်းဆုံးတော့ လူပုံစံ အသွင်ပြောင်းပြီး ရှင်းပြချက်ပေးသင့်တာပေါ့၊ ရုတ်တရက် အလုပ်လုပ်ဖို့ငြင်းနေတာ ဘာဖြစ်တာလဲ"
ကူယွဲ့နဲ့ ယိချင်း တိတ်တိတ်လေး ဘေးကလူကိုလှည့်ကြည့်ကာ ရှန်းရင် အရင်က ပိုးကောင်တွေကို ဘာများလုပ်ခဲ့လဲသိချင်နေကြတယ်။
"အဟွတ်၊ ညီကိုရေ၊ ဒီနေ့ စမ်းသပ်မှုရော" ကူယွဲ့ အစောင့်ကိုကြည့်လိုက်တယ်။
"ကိစ္စမရှိဘူး၊ ကျုပ်ခင်ဗျားတို့ကို စမ်းသပ်ရေးကွင်းအသစ်ဆီ ခေါ်သွားမယ်" အစောင့်က သက်ပြင်းချကာ သုံးယောက်ကို နောက်ထပ်ကွင်းတစ်ခုဆီ ခေါ်သွားတယ်။
ဒါပေမဲ့ ထူးဆန်းစွာပဲ သုံးယောက်သား ဘယ်သွားသွား အခြေအနေက တစ်ပုံစံတည်းပဲ။ ပြီးတော့ တကယ်က ပိုဆိုးလာတဲ့ပုံ။ စမ်းသပ်မှုမှာကူညီဖို့ သဘောတူပြီးသား အင်းဆက်တွေက ကွင်းထဲတောင် ထွက်မလာ။ တချို့ဆို စင်နောက်ကနေပါ ထွက်ပြေးကုန်ကြတယ်။
ကွင်းဆယ်ခုလုံး တစ်ပုံစံတည်းဖြစ်ကုန်တယ်။ အစောင့်က လုံးဝကို ဇဝေဇဝါဖြစ်နေတဲ့ဟန်။ အင်းဆက်မျိုးနွယ်ရဲ့ဘုရင်မက ကျောင်းတော်ကို မကျေနပ်မှုတချို့ရှိနေတာလား။ စမ်းသပ်မှုကို ကူညီဖို့ သဘောတူထားတာ ကြာလှပြီဖြစ်တဲ့ ပိုးမွှားတွေက ဘာလို့ တစ်ကောင်ပြီးတစ်ကောင် ဆန္ဒပြနေတာလဲ။ သူ လျှို့ဝှက်အယူအဆတွေ မလွဲမရှောင်သာ စတင်ပြီးစဉ်းစားမိတော့တယ်။ နောက်တော့ သူက ပြောင်းလဲမှုနဲ့ ဒုက္ခပေးခံရပြီး သုံးယောက်သားကို အနိုင်ပေးလိုက်ရတော့တယ်။
ဒါပေမဲ့ အဲဒီစိတ်ဒဏ်ရာရနေတဲ့ အင်းဆက်တွေက ထွက်မလာရသေးဘူး။ စမ်းသပ်ရေးကွင်းထဲက ပိုးကောင်တွေအားလုံး အထဲမှာနေပြီး တုန်ယင်ကာ သူတို့ အရင်ကသဘောတူညီချက်ရှိသလိုမျိုး ခြေတစ်လှမ်းတောင် မလှုပ်ရဲကြဘူး။ ဒုတိယနေ့ထိ မသက်သာခဲ့တာမို့ အဲအကြောင်းရင်းနဲ့ စည်းလုံးညီညာမှုပြိုင်ပွဲက တစ်နေ့ နောက်ဆုတ်လိုက်ရတယ်။
ဒါပေမဲ့ ဒီပိုးတောင်မာကြီးတွေက ရှည်လျား၊ သန်မာပြီး မြင့်မားတဲ့စွမ်းရည်တွေ ရှိပေမဲ့ သူတို့ဉာဏ်ရည်က နိမ့်ပါးတယ်။ ဒါကြောင့် လူအသွင်ပြောင်းရင်တောင် ဘယ်သူမှ သူတို့ဆီကနေ သင့်တော်တဲ့ရှင်းပြချက်ကို မရကြဘူး။ ကျောင်းတော်ထဲ ထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်လာခဲ့တယ်။
ဘာမှမလုပ်ဘဲ နိုင်သွားတာလည်း ကျင့်သားရရမှာပေါ့လေ။ ကူယွဲ့စဉ်းစားလိုက်တယ်။
╮(╯▽╰)╭
သုံးယောက်သား နောက်ဆုံးတော့ ဝူတိကျောင်းတော်နာမည်အောက်မှာ ပြိုင်ပွဲထဲ ဝင်ပြိုင်ဖို့ အရည်အချင်း ပြည့်မီခြင်းကတ်ကို နောက်ဆုံးတော့ရသွားခဲ့တယ်။ စည်းလုံးညီညာမှုပြိုင်ပွဲက သုံးရက်အကြာမှာ တရားဝင်ကျင်းပတော့မယ်။ ပြိုင်ပွဲရဲ့ သတ်သတ်မှတ်မှတ်ပုံစံကိုတော့ အဲနေ့မှပဲ ကြေညာမှာ။
ကူယွဲ့ သူ့စိတ်ထဲ ဝိညာဉ်အစေ့ပဲ ရှိနေပြီး အစကတော့ ပြိုင်ပွဲကိုအများကြီးဂရုမစိုက်။ ဒါပေမဲ့ ပြိုင်ပွဲမတိုင်ခင်နေ့မှာတော့ သူ သတင်းဆိုးကို ကြားလိုက်ရတယ်။
"ဘာ၊ လူလေးယောက်" ယိချင်းက မှင်တက်နေပြီး ရှန်းရင်ကို ဘေးက ကြည့်နေတယ်။ "ဒါပေမဲ့ ဆရာ့ကို ရေတွက်ရင် သုံးယောက်တည်းလေ"
"ငါလည်း ပထမပွဲက အုပ်စုပြိုင်ပွဲဆိုတာ ခုမှသိတာ" ကူယွဲ့လည်း အတော်လေး စိတ်မချင့်မရဲဖြစ်နေတယ်။
"လေးယောက်အဖွဲ့တွေပဲ ပါဝင်နိုင်တယ်၊ တကယ်လို့အရေအတွက်က မပြည့်တာ ဒါမှမဟုတ် ကျော်နေတာဆို အုပ်စုက တန်းပြီးကျမှာ" ဒီပြိုင်ပွဲက ဂိုဏ်းတွေကြားက သူတို့ကိုယ်ပိုင်ပြိုင်ပွဲနဲ့ မတူတဲ့ပုံပဲ။ ပုံစံအရ နားလည်နိုင်တယ်။ ပြီးတော့ အုပ်စုပြိုင်ပွဲရှိတာက မထူးဆန်းဘူး။ ဒါ့ပြင် ကျောင်းတော်တွေကြားက ပြိုင်ပွဲဆိုတာ အရင်ကပြောခဲ့ပြီးသား။ ကျောင်းတော်မှာ လူသုံးယောက်ပဲ ရှိတယ်လို့ ဘယ်သူက မှန်းဆနိုင်မှာလဲ။
ပြန်စဉ်းစားကြည့်ရင် အရင်လက်ရည်စမ်းပွဲရဲ့ အဓိပ္ပာယ်က စိတ်လှုပ်ရှားမှုထဲဝင်ပါပြီး လောကကြီးကို မြင်ချင်သူတွေကို ဖယ်ရှားပစ်ဖို့ဖြစ်နိုင်တယ်။
"ဒါဆိုဘာလုပ်ကြမလဲ" ယိချင်းက မျက်မှောင်ကြုတ်တယ်။ "တကယ်လို့ ဝင်မပြိုင်ရင် ဝိညာဉ်အစေ့ကို ရှာဖို့နေနေသာသာ အမတကျောင်းတော်ထဲတောင် ဝင်နိုင်မှာမဟုတ်ဘူး"
"တစ်ယောက်ယောက် ငါတို့နဲ့သွားချင်လားရှာဖို့ပဲရှိတော့တယ်၊ တစ်ခုပဲ..." သူတို့က ဒီမှာလူသစ်ဆိုတော့ ဘယ်သူမှမသိတာ။ ပြိုင်ပွဲက နောက်နေ့မှာတင်မြင်ရတော့ ဘယ်နေရာကနေ လူတစ်ယောက် သွားခေါ်လာရမလဲ။
"လူထည့်ဖို့ ဂါထာတွေနဲ့ လူအတုတစ်ယောက် ဖန်တီးလို့ရလား" သူက ရုတ်တရက် အရင်က ထောင်ချူး သစ်ရွက်တွေကနေ ဖန်တီးခဲ့တဲ့အဲမိစ္ဆာတွေကို သတိရသွားတယ်။
"ဟင့်အင်း" ကူယွဲ့က ခေါင်းခါတယ်။
"ဒီပြိုင်ပွဲက အစီအစဉ်ကျကျ ကျင်းပတာ၊ အဲနေ့မှာ ထူးခြားတဲ့စစ်ဆေးမှုတွေရှိမှာပဲ၊ ပြီးတော့ ဒါက ဟင်းလင်းပြင်အဆုံး၊ ဒီလူတွေအားလုံးက မတူညီတဲ့ မျက်နှာပြင်ကလူတွေ၊ ငါတို့ သူတို့အခြေအနေကို မသိဘူး၊ တကယ်လို့ငါတို့ပေါ်သွားရင် ပိုပြဿနာများလိမ့်မယ်၊ ပြီးတော့ ဒုတိယအကြိမ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး"
"..." ယိချင်းမျက်နှာ သုန်မှုန်သွားတယ်။ တကယ်ပဲ၊ သူတို့ ဝိညာဉ်အစေ့ကို ရှာမတွေ့ခင် အလွယ်လေး လူမမိတာ ပိုကောင်းတယ်။
"အဆိုးဆုံးမှ ငါတို့အချိန်ကျလာတဲ့အခါ လူတစ်ယောက်ကို ငှားဖို့ပိုက်ဆံပေးလို့ရတာပဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ပထမပွဲစဉ်ကို အရင်ကျော်ဖြတ်ရမယ်" ဘယ်လိုပဲဖြစ်ဖြစ် နိုင်ဖို့သွားတာမှမဟုတ်တာ။
"အဲလိုပဲလုပ်ရမှာပေါ့" ယိချင်းက ခေါင်းညိတ်တယ်။
ဒါပေမဲ့ ဘေးကရှန်းရင်က ရုတ်တရက် စကားပြောတယ်။ "ပိုးကောင်ကို ခေါ်ရင်ရော"
နှစ်ယောက်သား တောင့်ခဲသွားပြီး နောက်တော့ ရုတ်ခြည်း ပြန်လှည့်လိုက်တယ်။ သူတို့တွေ ချက်ချင်း မနေ့က ရှန်းရင်သတ်တာခံရလုနီးပါး ကြော်ငြာပိုးကောင်ကို မှတ်မိသွားတယ်။
"အကြံကောင်းပဲ"
"အတော်လေးကိုသင့်တော်တယ်"
ကူယွဲ့ အဲမနက်က နာမည်ကတ်ကို ချက်ချင်းထုတ်လိုက်တယ်။ ကံကောင်းလို့ သူမလွှင့်ပစ်မိတာ။ အဲပိုးကောင်ရဲ့ ခပ်ကြောက်ကြောင် အမူအရာတွေနဲ့ တကယ်ပဲ ဘယ်သူမှ သူ့ထက်ပိုမသင့်တော်ဘူး။
"လူသွားရှာကြစို့... ဟင့်အင်း အင်းစက်ကို ချက်ချင်းသွားရှာစို့" ဒါကြောင့် သုံးယောက်သား လမ်းကြားလေးတစ်ခုက ထောင့်တစ်ထောင့်ကဆိုင်ရဲ့ နာမည်ကတ်ပြားပေါ်က လိပ်စာနောက် လိုက်လာတယ်။ သူတို့မဝင်ခင် အတော်လေး တောက်ပစွာ ပြုံးနေပြီး အင်မတန် စိတ်နှစ်ထားတဲ့အမူအရာနဲ့ နာမည်ကတ်တွေ ကမ်းပေးနေတဲ့ ပိုးကောင်ကို မြင်လိုက်ရတယ်။ သူ့ခေါင်းပေါ်က ဦးမှင်နှစ်ခုက အင်မတန်ကို စတိုင်ကျတဲ့ ဖဲပြားအထုံးအဖြစ် ချည်ခံထားရတယ်။
"ဟေး" ရှန်းရင် နှုတ်ဆက်တဲ့အနေနဲ့ လက်ယမ်းပြလိုက်တယ်။
ပိုးကောင်အပြုံးက ချက်ချင်းတောင့်ခဲသွားတယ်။ သူ့ခြေထောက်တွေက ချက်ချင်းပျော့ခွေသွားကာ ဒူးထောက်ချလိုက်ပြီး လက်ထဲက သစ်သားနာမည်ကတ်တွေအားလုံး မြေကြီးပေါ် ကျကုန်တယ်။ သူ အိပ်မက်မက်နေတာ မဖြစ်နိုင်ဘူးလား။ ပုံရိပ်ယောင်ပဲ ဟုတ်တယ် ဒါက ပုံရိပ်ယောင်ပဲဖြစ်ရမယ်။
"ညီကိုပိုးကောင်ရေ၊ ကျုပ်တို့ကို တစ်ခုကူညီပေးမလား" ကူယွဲ့က အင်မတန်တောက်ပစွာ ပြုံးလိုက်တယ်။
"..." ဟင့်အင်း၊ ကျုပ်ကိုပဲ ကူညီပြီး အိပ်ရာက နိုးအောင်လုပ်ပေးပါ၊ ကျေးဇူးတင်ပါတယ်
...
အခန်း ၅၇၅ ။ ပထမပွဲစတင်
သူ အမတကျောင်းတော်ဆီ ဆွဲမခေါ်ခံရခင်ထိ ပိုးကောင်က သူအသက်ရှင်နေသေးတယ်ဆိုတာ မယုံနိုင်သေးဘူး။ မနေ့က တည်းခိုဆောင်ထဲ အဲအမျိုးသမီးကို မြင်ပြီးတည်းက သူ့မျိုးဆက်ကနေ လာတဲ့ ကြောက်ရွံ့မှုခံစားချက်ကို ခံစားခဲ့ရတယ်။ အင်းဆက်မျိုးနွယ်အနေနဲ့ သူ့ဗီဇတွေကနေ သေချာပေါက် ဒါက သတိပေးချက် မဟုတ်ဘူး အုတ်အော်သောင်းတင်းသံဆိုတာ သိလိုက်ရတယ်။ သူ့ဆီကို ထပ်တလဲလဲပို့လာပြီး တူညီတဲ့စကားတွေက သူသေရတော့မယ်၊ သူသေရတော့မယ်၊ သူသေရတော့မယ်...။
သူ သူ့ဘုရင်မနဲ့ တိုင်တည်နိုင်တယ်။ သူ့ရှေ့ကလူက ဒဏ္ဍာရီထဲက နတ်ဆိုးကြီးပဲ ပြီးတော့ အင်းဆက်မျိုးနွယ်ရဲ့ ဒီလိုအမွေအနှစ်မျိုးက ဘယ်တုန်းကမှ မမှားဖူးဘူး။ ဒီလို စိတ်လေးတာနဲ့ဆို သူ့ဂှေ့ကလူလက်ထဲမှာ သေချာပေါက် သေရမယ်ဆိုတာ လွဲမှားစရာ မရှိဘူး။ သူတောင့်ခံဖို့တောင် မစဉ်းစားမိဘူး။ သေချာပေါက် လုံးဝတောင့်ခံဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာတယ်။
ဒါပေမဲ့ ဆန်းကြယ်မှုတစ်ခုဖြစ်ခဲ့တယ်။ အဲလူက သူ့ကိုမတိုက်ခိုက်ဘဲ သူ့ဦးမှင်တွေကို ဖဲကြိုးအဖြစ် ချည်ရုံသာလုပ်ကာ နောက်တော့... ထွက်သွားခဲ့တယ်။
သူ ဘုရင်မရဲ့ ကောင်းချီးပေးမှုကြောင့် ချက်ချင်း မသေခဲ့တာလို့တွေးမိတယ်။ နောက်၂ရက်နေကျ သူ့ဆိုင်ရှေ့ အဲလူကိုထပ်မတွေ့ခင်ထိပေါ့။ ဒီတစ်ကြိမ် သူတို့မျိုးနွယ်ရဲ့ အော်ဟစ်မှုက ပိုတောင်ပြင်းထန်လာတယ်။ သူ သေချာပေါက်၊ လုံးဝကို၊ သေရတော့မယ်
ဒါပေမဲ့ ဆန်းကြယ်မှုတစ်ခုက ဖြစ်လာပြန်ကာ သူမက သူ့ကိုမတိုက်ခိုက်သေးဘူး။ သူမ ဘယ်များသွားနေတာလဲ စဉ်းစားနေပြီး အဖြေမရသေးခင်မှာတင် သူက အမတကျောင်းတော်ဝင်ပေါက်ဆီ ရောက်နေပြီ။ ပြီးတော့ သူတို့က ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ သူနဲ့အဖွဲ့ဖွဲ့မဲ့အကြောင်း ပြောကြတယ်။
သူ နောက်ဆုံးတော့ နားလည်သွားတယ်။ ကြည့်ရတာ သူမက... သူ့ကိုသတ်တော့မဲ့ပုံ မပေါ်ဘူးပဲ။
ပိုးကောင်က သူ့ရဲ့မာကြောတဲ့ကိုယ်ကို ထိလိုက်တယ်။ သူ တကယ်တော့ အသက်ရှင်သေးတယ်ပေါ့။
"စိတ်အေးအေးထားပါ၊ ခင်ဗျား အဆင်ပြေတယ်လို့ ကတိပေးပါတယ်" ကူယွဲ့ ဒီအူကြောင်ကြောင်ပိုးကောင်ရဲ့ အတွေးတွေကို တစ်ချက်တည်းနဲ့ မြင်နေရတာမို့ ပခုံးကို ပုတ်ပေးလိုက်တယ်။ "မင်း ငါတို့နောက်လိုက်ဖို့ပဲလိုတာ"
ပိုးကောင်က ကူယွဲ့ကိုကြည့်ကာ နောက်တော့ ဘေးက ယိချင်း၊ တဖြည်းဖြည်းနဲ့ ရှိသမျှသတ္တိအားလုံး စုပြီးတဲ့နောက် အသီးဝါးနေတဲ့လူကိုကြည့်လိုက်တယ်။ ဝါးကိုက်နေတဲ့အသံက သူ့နှလုံးသားကို ရင်ခုန်နေစေတယ်။
သူ အသက်ပြင်းပြင်းရှူကာ ခပ်တိုးတိုးမေးလိုက်တယ်။ "ကျွန်တော်... မသေဘူးပေါ့"
"မသေဘူး" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"ခြေထောက်တွေ မကျိုးဘူးလား"
"ဟင့်အင်း"
"ကျုပ်ကိုယ် တစ်ပိုင်းစီ မဖြစ်ဘူးပေါ့"
"... ဟင့်အင်း"
"ကျုပ်မျိုးနွယ်က အစုလိုက်အပြုံလိုက် မသတ်ခံရဘူးပေါ့"
"ဟင့်အင်း..." သူ့မျိုးနွယ်ရဲ့ စိတ်ဒဏ်ရာက ဘယ်လောက်တောင် နက်ရှိုင်းနေတာပါလိမ့်။ ဟဲလို။
သူနောက်ဆုံးတော့ စိတ်အေးတဲ့သက်ပြင်းချမှု လုပ်လိုက်တယ်။ ခွန်အားတချို့လည်း ထရပ်ကာ သူ စားဖိုမှူးဆွဲခေါ်တာ ထပ်ပြီး မခံရတော့ဘူး။ ဒါပေမဲ့ ရှန်းရင်အနားတော့ မကပ်ရဲတော့ဘူး။ သူက ကူယွဲ့ဘေး မရဲတရဲပုန်းကာ သူ့တည်ရှိမှုခံစားချက်ကို လျှော့ချဖို့ကြိုးစားတယ်။
အဲပိုးကောင်ပြဿနာကို ဖြေရှင်းပြီးပြီဆိုတာ မြင်ကာ ကူယွဲ့ နောက်ဆုံးတော့ ဟိုဟိုဒီဒီကြည့်တော့တယ်။ လူတွေအများကြီးက ဒီနေ့ ပထမဆုံးပွဲကို လာပြီး မြင်ကွင်းက သူတို့ စာရင်းသွင်းဖို့အတွက် လာခဲ့တဲ့နေ့ကထက် ပိုပြီးတောင်အများကြီး ဩချစရာကောင်းတယ်။ တောင်တန်းတစ်ခုလုံးက လူအုပ်ကြီးနဲ့အပြည့်။ ပြီးတော့ တချို့က ပုံစံမျိုးစုံဝတ်စားထားတယ်။ တချို့က သူတို့လိုဝတ်ရုံရှည်တွေ၊ တချို့ကတော့ ခမ်းခမ်းနားနားဝတ်စားထားကာ တချို့ကတော့ ခေတ်သစ်ပုံစံ၊ တချို့ဆို ထူးဆန်းတဲ့ပုံစံမျိုးစုံပါ ဝတ်ထားကြတယ်။
အဲတော့မှ သူ ဒီ'ဟင်းလင်းပြင်အဆုံး'ရဲ့ ကသောင်းကနင်းဆန်မှုကို အမှန်တကယ်ခံစားရတာ။ မျက်နှာပြင်အမျိုးမျိုးကလူတွေ ရောထွေးနေချိန် သမိုင်းရုပ်ပုံလိုပဲ။ ဒါပေမဲ့ ကံကောင်းတာ အများစုက ဒီနေရာက။ ပြီးတော့ တချို့လူတွေပေါ်မှာ ဝိညာဉ်ချီ ဒါမှမဟုတ် မသေမျိုးချီကို ခပ်ဖျော့ဖျော့ ခံစားနေရတယ်။
အထူးသဖြင့် အရေအတွက်အများဆုံး အရှေ့ကအုပ်စု။ သူတို့အားလုံးက အမတကျောင်းတော်က စာရင်းသွင်းတာဝန်ရှိသူတွေရဲ့ဟာနဲ့ဆင်တဲ့ အပြာရောင်ဝတ်ရုံရှည်တွေ ဝတ်ထားကြတယ်။ သူ အမတကျောင်းတော်ရဲ့ တပည့်တွေဖြစ်နိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းမိတယ်။ သူတို့ကိုယ်ပေါ် ဝိညာဉ်ချီနဲ့မသေမျိုးချီရဲ့ ပမာဏအသီးသီးရှိနေကြတယ်။ သူ ရုတ်တရက် ဒီကျောင်းတော်က ဘာသင်ပေးလဲ သိသွားတယ်။ သူတို့လိုမျိုး ကျင့်ကြံခြင်းသိုင်းတွေပဲဖြစ်နိုင်တယ်။ ဒီပြိုင်ပွဲကလည်း ကျင့်ကြံခြင်းနဲ့ ဆင်လောက်တယ်။
တောင်တစ်ခုလုံးပေါ် လူတစ်ထောင်ကျော်လောက်ရှိပြီး အားလုံးက အစုလိုက် စုဝေးနေကြတယ်။ အုပ်စုတစ်ခုချင်းစီရဲ့ အရေအတွက်က ကွဲပြားကာ အနည်းဆုံးက ဒါဇင်ဝန်းကျင်ဖြစ်ပြီး အများဆုံးကတော့ တစ်ရာကျော်ထက်ပိုတယ်။ ကူယွဲ့ရဲ့ လေးယောက်အုပ်စုက နှိုင်းယှဉ်ကြည့်ရင် အတော်လေးတော့ သနားစရာကောင်းသား။
လူတွေအများကြီးနဲ့ ကြည့်ရတာ အမတကျောင်းတော်က ဂုဏ်သတင်း အတော်လေး ရှိတယ်လို့အရင်ကဆိုတာ မှန်ပုံပဲ။
သူတို့ အတော်လေး နောက်ကျမှရောက်လာတာမို့ အမတကျောင်းတော်ရဲ့ တံခါးဝရှေ့ အကြာကြီးဖွင့်ပြီး မသေမျိုးချီတွေဖုံးနေတဲ့ အသက်ကြီးကြီးလူတွေထွက်လာမှာကို အကြာကြီး စောင့်စရာမလိုခဲ့ဘူး။ ကူယွဲ့ သေချာကြည့်ကာ သူတို့အားလုံးက စိတ်တန်ခိုးအမတတွေရဲ့ကျင့်ကြံဆင့်ရှိတာ သိလိုက်ရတယ်။ ကျင့်ကြံဆင့်အမြင့်ဆုံးတစ်ယောက်ကတောင် မဟူရာအမတအဆင့်ပဲ။ သူ့ကြည့်ရတာ ကျောင်းတော်ကို တာဝန်ယူထားတဲ့ပုံ။
သူတို့က အသုံးမဝင်တဲ့စကားတွေ သိပ်မပြော။ အဖွင့်အမှာစကားတချို့ပြောပြီးတဲ့နောက်မှာ ပြိုင်ပွဲစတင်မှုကို တန်းကြေညာတယ်။ သူတို့ကြားထဲ လေးယောက်က တစ်ချိန်တည်းထွက်လာကာ ဓားပျံတန်းစီးပြီး ဂါထာတွေစတင်ဖန်တီးတော့တယ်။ မကြာခင် အင်းကွက်ကြီးတစ်ခု လေထဲပေါ်လာကာ ပိုပိုတောက်ပလာတယ်။ ချက်ချင်း ကောင်းကင်ထဲ တွန့်သွားကာ ခဏအတွင်း ဆန်းကြယ်ဘုံဆီ ဝင်ပေါက်နဲ့ခပ်ဆင်ဆင်တူတဲ့အရာ ပေါ်လာတယ်။
ချက်ချင်း မြေကြီးက တုန်ခါသွားကာ အဖြူရောင်ကျောက်ပြားတစ်ခုက တဖြည်းဖြည်းမြင့်တက်လာပြီး ဆန်းကြယ်ဘုံအောက်က ဝင်ပေါက်အောက် တန်းရပ်သွားတယ်။
လူကြီးတွေကြား ကျင့်ကြံဆင့်အမြင့်ဆုံးနဲ့ မဟူရာအမတက နောက်ဆုံးတော့ ရှေ့ကိုတက်လာကာ လက်ဖဝါးဖြန့်လိုက်တော့ တြိဂံအလံလေးတစ်ခု ပေါ်လာတယ်။ အဲတော့မှ သူကကျယ်လောင်စွာ ရှင်းပြတယ်။
"ကျောင်းတော်အားလုံးက ဂုဏ်သရေရှိတပည့်တို့ ပြိုင်ပွဲရဲ့ပထမဆုံးအဆင့်က လေးယောက်တစ်အုပ် ဆန်းကြယ်ဘုံထဲ ဝင်ဖို့လိုအပ်ပါတယ် ဆန်းကြယ်ဘုံထဲ ကျုပ်လက်ထဲက ဟာလိုမျိုး စုစုပေါင်း အင်းကွက်အလံအခု၁၀၀ ရှိပါတယ်၊ ဘယ်အင်းကွက်အလံဖြစ်ဖြစ် ရအောင်ယူပြီး ဆန်းကြယ်ဘုံထဲကထွက်ဖို့ ဆယ်ရက်တောင့်ခံနိုင်သရွေ့ အနိုင်ရပါမယ်"
သူက ရှိနေတဲ့လူအုပ်ကိုလှမ်းကြည့်ကာ စကားဆက်ပြောတယ်။ "ဒီဆန်းကြယ်ဘုံထဲမှာက အင်မတန် အန္တရာယ်များတယ်၊ မရေမတွက်နိုင်တဲ့သားရဲတွေနဲ့၊ မင်းတို့အားလုံး ပါဝင်ရေးတံဆိပ်ပြားကို ယူလာမယ်လို့ ယုံကြည်ပါတယ်၊ မင်းတို့ဖြေရှင်းမရတဲ့ ဘေးဒုက္ခတွေ့ရင် သစ်သားပြားကို ချိုးပြီး ဆန်းကြယ်ဘုံထဲကနေ ကိုယ့်ဘာသာထွက်လာနိုင်တယ်၊ ဒါပေမဲ့ ဆန်းကြယ်ဘုံက စောစောထွက်သူ ဘယ်သူမဆိုအတွက် အင်းကွက်အလံ ရှိတဲ့သူတွေပါနေရင်တောင် တစ်သင်းလုံး ထွက်ရမှာဖြစ်ပါတယ်
သူက စည်းကမ်းတွေကို အသေးစိတ်ရှင်းပြပြီးမှ အနက်ရောင်ကျောက်ပြားကို လက်ညှိုးထိုးကာ ပြောတယ်။ "ပြိုင်ပွဲက ခုစတင်ပါပြီ၊ မင်းတို့ ပြိုင်ပွဲဝင်ခွင့်ရှိမရှိအတည်ပြုဖို့ ပါဝင်ရေးတံဆိပ်ပြားကို ကျောက်ပြားရှေ့ ထားဖို့ပဲလိုပါတယ်၊ ပြီးရင် ဆန်းကြယ်ဘုံထဲဝင်လို့ရပြီ"
အဲလိုပြောပြီးတာနဲ့ ကျောက်ပြားနဲ့နီးသူတွေက သူတို့လက်ထဲ ပါဝင်ရေးတံဆိပ်ပြားတွေနဲ့အတူ ချက်ချင်းလျှောက်သွားကာ ဆန်းကြယ်ဘုံထဲ အပြေးအလွှားဝင်ကြတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်းကြယ်ဘုံထဲစောစောဝင်လေ အင်းကွက်အလံတွေကို ရှာတွေ့နိုင်ခြေ မြန်လေကိုး။
ဆယ်မိနစ်အတွင်း နဂိုက လူအပြည့်ရင်ပြင်မှာ လူတစ်ဝက်ကျော် သွားကုန်တာ မြင်ရတယ်။ ကူယွဲ့ လုံးဝလောနေတဲ့ပုံမရတဲ့ အမတကျောင်းတော်က အဲတပည့်အုပ်စုကို ပြန်ကြည့်လိုက်တယ်။ တကယ်တော့ သူတို့တစ်ယောက်မှ မလှုပ်ကြတာ။
ရင်ပြင်ထဲကလူအများစု ထွက်သွားချိန်မှာတော့ ကူယွဲ့လည်း အုပ်စုကို ကျောက်ပြားဆီ ခေါ်လာခဲ့တော့တယ်။ သူတို့နီးလာချိန် ဒါက မှတ်တမ်းကျောက်ပြားသက်သက်ဆိုတာ သိလိုက်ရတယ်။ သူ့ပါဝင်ရေးတံဆိပ်ပြားကိုထုတ်ကာ ကျောက်ပြားရှေ့ဖြတ်လိုက်တော့ ကျောက်ပြားပေါ် "ဝူတိကျောင်းတော်" ဆိုတဲ့စာလုံးတွေ ပေါ်လာတယ်။ သူ့နေရာက အောက်ခြေဘယ်ဘက်နားမှာ။ တခြားကျောင်းတော်တွေလို အောက်မှာ 'သုည' လို့ရေးထားတယ်။ ကူယွဲ့ စဉ်းစားကြည့်တော့ ဒါက ရထားတဲ့အင်းကွက်အလံတွေကို မှတ်တမ်းယူဖို့ ဖြစ်နိုင်လောက်တယ်လို့ ဆုံးဖြတ်လိုက်တယ်။
ပြီးတော့ သူ့လက်ထဲကသစ်သားပြားကလဲ လေးခု ခွဲထွက်ကာ "ဝူတိကျောင်းတော်" ဆိုတဲ့စာလုံးတွေ ပေါ်လာတယ်။
သူလှည့်ကာ အားလုံးကို တစ်ခုစီပေးလိုက်တယ်။ ပြီးတော့ ထပ်အချိန်မဆွဲတော့ဘဲ နောက်က ယိချင်းကိုတစ်ချက်ကြည့်ပြီး ဓားပေါ်တက်ကာ သူ့နောက်က ပိုးကောင်ကိုဆွဲခေါ်လိုက်တယ်။ သူတို့အပေါ်က ဆန်းကြယ်ဘုံထဲ ဝင်ခဲ့လေတော့တယ်။
…
အခန်း ၅၇၆ ။ စားသောက်ဖို့က အရေးကြီး
အမတကျောင်းတော်ဝင်ပေါက်။
"ဟမ်" စည်းကမ်းတွေကို ကြေညာခဲ့တဲ့ မဟူရာအမတက မှင်တက်သွားကာ ဆန်းကြယ်ဘုံထဲ ပျောက်သွားတဲ့လူလေးယောက်ဘက် လှည့်ကြည့်လိုက်တယ်။
"ဘာဖြစ်တာလဲ ဆရာယန်" သူ့ဘေးက လူတစ်ယောက်က မေးတယ်။ သူနောက်တော့ နောက်ပြန်လှည့်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။
"သူတို့တွေက ဒီတစ်ကြိမ် ပြိုင်ပွဲဝင်ဖို့လာတဲ့ကျောင်းတော်တွေကြားထဲက ကျင့်ကြံသူတပည့်တွေလို့ မထင်မိခဲ့ရုံပဲ၊ သူတို့က ဓားသိုင်းတွေမှာ အတော်ကျွမ်းကျင်ပုံပေါ်တယ်"
နှစ်ယောက်သား ဓားစီးရာမှာ အရမ်းကိုသဘာဝကျပြီး ချောမွတ်နေကာ လမ်းလျှောက်သလိုမျိုး ရိုးရှင်းလွန်းတဲ့ပုံပေါက်အောင် လုပ်တာမြင်တော့ သူတို့က အဲလိုလုပ်နိုင်ဖို့အတွက် ဓားသိုင်းတွေမှာ အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်တာပဲဖြစ်ရမယ်။ ပြီးတော့လည်း ထင်ယောင်ထင်မှား ဖြစ်တာလား မသိပေမဲ့ စောနကအဲအခိုက်အတန့်မှာ နှစ်ယောက်ရဲ့အရှိန်အဝါက အရမ်းကို နက်ရှိုင်းတယ်လို့ ခံစားခဲ့ရတယ်။ ပြီးတော့... သူ့ထက်တောင် အများကြီးသန်မာသလားလို့။
"လောကထဲ ကျောင်းတော်တွေ ဒီလောက်များတာ၊ တစ်ယောက်ယောက်က ဓားသိုင်းမှာ အထူးပြုတာ မဆန်းပါဘူး" သူ့ဘေးကလူက ထပ်ပြောပြန်တယ်။ "ကျုပ်တို့ကျောင်းတော်က တပည့်တွေလည်း ဝင်ကြတော့မယ်"
"အဓိပ္ပာယ်ရှိတယ်" သူ ဆက်မတွေးတော့ဘဲ အမြင်မှားတယ်လို့သာ သတ်မှတ်ကာ သူ့ကိုယ်ပိုင်ကျောင်းတော်က တပည့်တွေကို ကြည့်တာမှာ အာရုံစိုက်ဖို့ တစ်ဖက်လှည့်လိုက်တယ်။
"ဒီအဆင့်မှာ ဘယ်သူက ပထမနေရာကို သိမ်းပိုက်နိုင်မလဲသိချင်မိတယ်"
——————
ဆန်းကြယ်ဘုံအတွင်း။
ကူယွဲ့ ဆန်းကြယ်ဘုံထဲ ပျံသန်းဝင်လာကာ သူ့မျက်စိရှေ့က မြင်ကွင်း ပြောင်းလဲသွားမှုနဲ့အတူ သူ နောက်တစ်စက္ကန့်မှာ တောအုပ်ထဲရောက်လာခဲ့တယ်။ သူ့ပတ်လည်မှာ အထီးကျန်စရာကောင်းပြီး မြစ်ထဲမှာ ရေစီးသံပဲကြားနေရတယ်။ သူနဲ့အတူ ဝင်လာတဲ့ ကျောင်းတော်အသီးသီးရဲ့တပည့်တွေက ပျောက်ဆုံးကုန်တယ်။ ကြည့်ရတာ မတူညီတဲ့နေရာတွေကို ရွှေ့ပြောင်းခံရတာဖြစ်နိုင်တယ်။
ကူယွဲ့ရင်ထိတ်သွားကာ ပျောက်ဆုံးလူစာရင်းပေါ် အမြဲနေရာယူထားတဲ့ တစ်ယောက်သောသူကို အလိုလို လှည့်ကြည့်မိလိုက်တယ်။ နောက်တစ်စက္ကန့်မှာတော့ စိတ်အေးစွာ သက်ပြင်းချလိုက်တယ်။ ကံကောင်းလို့ ရှန်းရင်က ဒီမှာ ရှိနေသေးတယ်။ မပျောက်သွားဘူး ကြည့်ရတာ တစ်ဖွဲ့တည်းကလူတွေတော့ တူညီတဲ့နေရာကိုပဲ ပို့ဆောင်ခံရတဲ့ပုံ။ တကယ့်ကို အဖွဲ့လိုက်ပြိုင်ပွဲပဲ။
ဒါပေမဲ့ ဒါက လူတစ်ထောင်ထဲကမှ တစ်ရာကို ရွေးထုတ်တဲ့ အရည်အချင်းစစ်ပွဲမို့ ပယ်ထုတ်ခံရချေက အတော်လေး မြင့်သေးတာ သိသာတယ်။ သူ ဒီပြိုင်ပွဲက နောက်ကွယ်မှာ အကွက်ချမှုတချို့ ရှိတယ်ဆိုတာ ဝန်ခံရမယ်။ အဖွဲ့လိုက်ပြိုင်ပွဲလို့ ဆိုထားပြီး အဲလိုပုံပေါ်ပေမဲ့လည်း တကယ်တမ်းကျ တစ်ဦးချင်းပြိုင်ပွဲလည်းဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်းကွက်အလံက အခုတစ်ရာသာရှိတာမို့ လူတစ်ရာပဲ အောင်မြင်နိုင်မှာ။ ပြီးတော့ တစ်ဖွဲ့ချင်းစီမှာ လူလေးယောက်ရှိတာမို့ အဖွဲ့ဝင်လေးယောက်လုံး အင်းကွက်အလံတွေကို ရနိုင်ဖို့ အသင်းတွေအားလုံး ကံကောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ပြီးတော့ ဆယ်ရက် အချိန်ပေးထားတာမို့ အင်းကွက်အလံတွေကို ရှာဖို့ဆိုတာ မခက်ဘဲ အဆုံးထိ ခုခံပြီး တောင့်ခံထားဖို့က ခက်တယ်ဆိုတာပြနေတယ်။ သူ ဒီပြိုင်ပွဲက နောက်ဆုံးရက်ပိုင်းတွေမှာ ဘယ်လောက်တောင် အပူတပြင်းဖြစ်နေမလဲ ကြိုတင်ခန့်မှန်းနေနိုင်ပြီ။
ပြီးတော့ ဒီဆန်းကြယ်ဘုံမြေပုံက သိပ်မကြီးတာမို့ တစ်နည်းနည်းနဲ့ အချင်းချင်းတွေ့ကြမှာပဲ။ အဆုံးထိ ရှင်သန်အောင် ပုန်းဖို့ဆိုတာမလွယ်။
"ကြီးမြတ်တဲ့အမတတို့၊ ကျုပ်တို့ ဘယ်ကိုအရင်ဦးတည်ကြမလဲ" သုံးယောက်သား တစ်နေရာတည်းမှာတင် အမြစ်တွယ်နေတာမြင်တော့ ပိုးကောင်က မနေနိုင်ဘဲ မေးတယ်။
"ငါတို့မသွားဘူး" ကူယွဲ့ကဖြေတယ်။
"ဟမ် ဟမ်" သူဘာဆိုလိုတာလဲ။ သူတို့မပြိုင်ဘူးလား။
"မြစ်ဘေးက မြေပြန့်က မဆိုးဘူး" ကူယွဲ့က ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်ရင်း တည်ကြည်မှုအပြည့်နဲ့ ပြောတယ်။ "တခြားဘာမှမလုပ်ခင် နေ့လယ်စာစားရအောင်"
ဘာတုန်းဟ။
ပိုးကောင်က ကြောင်အမ်းသွားကာ သူနောက်နေတယ် ထင်ပေမဲ့ လှည့်ကြည့်လိုက်တော့ နောက်ကလူတွေက လှည့်ကာ အိုးခွက်ယောင်းမတွေ စတင်ထုတ်နေတာ မြင်လိုက်ရတယ်။
"..." မင်းတို့တွေ ဒီနေရာကို အတိအကျ ဘာလို့ ရောက်လာတာတုံး။ ဟဲလို။
ပိုးကောင်က မှင်တက်သွားကာ သူတို့ စားပွဲတစ်လုံးပါ ထုတ်လာတာမြင်တော့ ခဏတွေးရင်း ရှေ့ကိုတိုးလာသေးကာ မထိန်းနိုင်တော့ဘဲ ပြောလိုက်တယ်။ "ကြီးမြတ်တဲ့အမတ၊ ကျုပ်တို့စားသောက်ရင်တောင် တခြားနေရာသွားရအောင်၊ မြစ်ဘေး နေလို့မဖြစ်ဘူး"
"ဘာလို့လဲ" ကူယွဲ့ အလိုလိုမေးလိုက်တယ်။
ပိုးကောင်က ဒါ သဘာဝပဲဆိုသလိုမျိုး ဖြေတယ်။ "မြစ်ဘေးဖြစ်သရွေ့ နတ်ဆိုးတွေ၊ ရေနေသတ္တဝါတွေ၊ လူသားစား မကောင်းဆိုးဝါးငါးမျိုးစုံက သေချာပေါက် ရောက်လာလိမ့်မယ်'
"ငါးလား" ကူယွဲ့ တန့်သွားတယ်။
"ဟုတ်" ပိုးကောင်က စိတ်လှုပ်ရှားစွာ ဖြေတယ်။ "အဲငါးမိစ္ဆာတွေက ရင်ဆိုင်ရမလွယ်ဘူး၊ ကျုပ်တို့လိုအပ်..."
သူ အဆုံးမသတ်ခင် ကူယွဲ့က ရုတ်တရက် တစ်ဖက်လှည့်သွားကာ ယိချင်းဆီ လှမ်းအော်လိုက်တယ်။
"စားဖိုမှူး မြစ်ထဲငါးရှိတယ်"
ယိချင်းရဲ့ မျက်လုံးတွေက တောက်ပသွားကာ ချက်ချင်း လှည့်လိုက်ပြီး သူ့ယောက်မကို မပြီး မြစ်ဆီဦးတည်တော့တယ်။
ဟမ်။
ခဏနေပါဦး သူတို့ဘာလို့ မလုပ်ပါနဲ့ဆိုတာကို အဲနေရာဆီသွားနေရသေးတာတုံး။
"အန္တရာယ်များပါတယ် မြစ်ဆီမသွား..."
ပြောနေရင်းတန်းလန်း အဲလူက သူ့ယောက်မကို မြစ်ဆီအားပြင်းပြင်း လွှဲလိုက်တာမြင်လိုက်ရကာ ပေါက်ကွဲသံကျယ်ကြီးနဲ့အတူ ဆယ်မီတာကျော် မြစ်မျက်နှာပြင်ပေါ် ချက်ချင်း စင်ထွက်ကုန်တယ်။ မြစ်က ရေတစ်ဝက်လောက် လျော့သွားတယ်။
နောက်တစ်စက္ကန့်မှာတာ့ မြေကြီးပေါ် နောက်ထပ်အလွှာတစ်ခု ဖုံးသွားပုံပေါ်ကာ အရွယ်အစားမျိုးစုံနဲ့ အရိပ်တွေအပြည့်။ သူ့ခြေထောက်အောက်မှာပါ တချို့ရှိနေကာ ပိုပိုကြီးထွားလာတယ်။ သူက အလိုလိုမော့ကြည့်လိုက်မိကာ မိစ္ဆာငါးတွေအပြည့် ရွာချလာတဲ့ ကောင်းကင်ကိုမြင်လိုက်ရတယ်။
သူ ဒီမြင်ကွင်းကြောင့် တင်းမာသွားကာ အချိန်မီမရှောင်လိုက်နိုင်ဘဲ သူ့ထက်တောင်ကြီးတဲ့ငါးက ဝင်တိုက်လာတယ်။ သူ့ခြေထောက်တွေ ပျော့ခွေသွားကာ မြေကြီးပေါ်ကျသွားတယ်။ လေးလိုက်တာ၊ သူ့အခွံတွေ အပိုင်းပိုင်းကျိုးတော့မလို ခံစားနေရတယ်။ အလေးချိန်ပိကျနေပြီး ထမရဖြစ်နေလေရဲ့။
သူ အကူအညီတောင်းဖို့ အော်တော့မို့ရှိသေး အပေါ်က အလေးချိန်က မသွားကာ ငါးကို ကောက်မလာလေတယ်။ သူ သက်သာရာမရခင် မော့ကြည့်တော့ ရှန်းရင်မျက်နှာနဲ့ ဆုံသွားတယ်။ သူ့ကိုယ်က အကျင့်အတိုင်း တုန်ယင်သွားကာ ဆက်ပြီး အလေးချိန်ပိကျနေတာကမှ ပိုကောင်းမယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။
"စားဖိုမှူး ဒီနေ့ ဒီတစ်ကောင်စားရအောင်" ဒါပေမဲ့ရှန်းရင်ကတော့ ပြန်လှည့်သွားပြီဖြစ်ကာ ယိချင်းဘက် သူမလက်ထဲကငါးကို မြှောက်ပြလိုက်တယ်။ ဒီတစ်ကောင်က အကြီးဆုံးပဲ။
"ဟုတ်ကဲ့ဆရာ" စားဖိုမှူးက လျှောက်လာပြီး ရှန်းရင်လက်ထဲကငါးကိုယူပြီးတဲ့နောက် ကျန်တဲ့ဟာတွေကိုပါ ဆက်ကောက်ယူနေတယ်။
ပိုးကောင် အဲတော့မှ မြစ်ကမ်းတစ်ခုလုံး ငါးမျိုးစုံနဲ့ပြည့်နေကာ အသေးဆုံးက အနည်းဆုံး ကီလိုဂရမ်ဆယ်ချီလေးတာ သတိထားမိလိုက်တယ်။ နဂိုကခက်ထန်တဲ့ရေနေတွေနဲ့ မိစ္ဆာတွေ ခုတော့ မြေကြီးပေါ် ငါးဆားနယ်လုပ်ဖို့ နေလှန်းခွထားသလိုမျိုး လဲနေကြလေရဲ့။ တခြားသူတွေရဲ့ ခပ်ပေါ့ပေါ့ စကားစမြည်ပြောဆိုသံတွေကိုလည်း ကြားနိုင်တယ်။
"ဒါက နှပ်ဖို့သင့်တော်တယ်၊ အဲဒါကတော့ ပေါင်းလို့ရတယ်၊ ပြုတ်ဖြောတာက ဒီတစ်ခုအတွက်တော့ အကြံကောင်း ဖြစ်မဲ့ပုံ၊ စားဖိုမှူး နင် ငါးနည်းနည်း ထပ်ချက်လိုက်ပါလား"
"ဟုတ်ကဲ့ ဆရာ၊ ပြဿနာမရှိပါဘူးဆရာ"
ပိုးကောင် ။ ။ "..." ဒါတွေအားလုံးက မကောင်းဆိုးဝါးတွေနော်၊ ငါးမဟုတ်ဘူးဟ။
သူ ရုတ်တရက် သူ့ပုံမှန်အသိစိတ်ကို စမ်းသပ်ခံနေရသလိုပဲ လက်တစ်ဖက်က ယောက်မကိုင်ရင်း ငါးကိုကောက်နေဆဲ တစ်ယောက်သောသူကို ချောင်းကြည့်လိုက်တယ်။ အင်း အဲတစ်ခုက သေချာပေါက် သာမန်ယောက်မ မဟုတ်ဘူး၊ ဓမ္မလက်နက်တစ်ခုခုပဲဖြစ်ရမယ်။ အဲဒါကြောင့် တစ်ချက်ဝှေ့ရုံနဲ့ မိစ္ဆာတွေအများကြီးကို ဖမ်းနိုင်ခဲ့တာပဲ။ ပိုးကောင် အမှန်တရားကို ရှာတွေ့သွားသလိုခံစားရတယ်။
ငါးကို ကောက်တာပြီးသွားတဲ့ ပြီးသွားတဲ့လူနှစ်ယောက်ကတော့ စားပွဲဆီပြန်သွားပြီ။ အင်း သူတို့တွေ နောက်တစ်ကြိမ် စားသောက်ဖွယ်တွေ အလကားရလိုက်ပြန်ပြီ။
စားဖိုမှူးက အင်မတန်မြန်ဆန်စွာ ဟင်းချက်ကာ နာရီဝက်အတွင်းမှာတင် ဟင်းပွဲတွေအများကြီး တည်ခင်းပြီးနေပြီ။ ဖြစ်နိုင်တာ ပါဝင်ပစ္စည်းတွေက မကောင်းဆိုးဝါးတွေမို့ထင် ဟင်းပွဲတွေက အနံ့အတော်မွှေးကာ တစ်ခါတည်းမှာတင် စားစရာရနံ့တွေက မြစ်ကမ်းတစ်လျှောက် ဝှေ့သွားတယ်။
သူတို့ကို မြစ်ထဲငါးရှိတယ်လို့ အသိပေးတဲ့ ပစ္စည်းတစ်ဝက်ဖြည့်ပေးသူအနေနဲ့ ပိုးကောင်က စားပွဲမှာ ထိုင်ခွင့်ရသွားတယ်။ သေချာပေါက် သူ့အတွက်သူ စားစရာ လုယူနိုင်မလားဆိုတာကတော့ နောက်ကိစ္စပေါ့။
သူတို့တွေ စစားသောက်တော့မို့ရှိသေး လေပြင်းတစ်ဝှေ့က ရုတ်တရက်မြင့်တက်လာကာ အပြာရောင်ဝတ်ထားတဲ့လူလေးယောက် ပေါ်လာတယ်။ သုံးယောက်က အမျိုးသား၊ တစ်ယောက်က အမျိုးသမီး ဖြစ်ပြီး လေကိုစီးလာတဲ့ပုံဖြစ်ကာ စားပွဲကလူသုံးယောက်ကို အံ့ဩတကြီး စိုက်ကြည့်နေကြတယ်။
ကူယွဲ့ မျက်လုံးတွေ မှေးသွားပြီး လူသစ်လေးယောက်ကို လှည့်လေ့လာလိုက်တယ်။ သူတို့အဝတ်အစားတွေကို အကဲဖြတ်ရရင် အမတဝိညာဉ်ကျောင်းတော်က ဖြစ်နိုင်တယ်။
"ကျုပ်တို့ နှောင့်ယှက်မိလို့ ခွင့်လွှတ်ပါ" လေးယောက်ထဲ အရပ်နည်းနည်းပိုရှည်သူက ရှေ့ထွက်ပြီး တယဉ်တကျေးနဲ့ဂါရ၀ပြုနှုတ်ဆက်တယ်။ "ရနံ့ငါးနီမကောင်းဆိုးဝါးကို ဖမ်းလို့ရလိုက်လားဆိုတာ မေးခွင့်ရှိမလားဗျာ"
ကူယွဲ့ ယပ်တောင်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ "ကျုပ်တို့ စောနကတော့ မြစ်ကနေ ငါးမကောင်းဆိုးဝါးတွေ တကယ်ပဲ ဖမ်းဆီးရခဲ့တယ်" ဘာငါးအမျိုးအစားတွေလဲဆိုတာတော့ သူမသိ။
ဒါပေမဲ့ လူလေးယောက်လုံးက အပျော်လွန်သွားကာ အနည်းငယ်တောင် စိတ်လှုပ်ရှားလာပြီး အလောတကြီး မေးလာလေတယ်။ "တာအိုရောင်းရင်းတို့၊ ကျုပ်တို့မှာ အရဲတင်းတဲ့တောင်းဆိုမှု ရှိပါတယ်၊ ခင်ဗျားတို့ ကျုပ်တို့ကို မကောင်းဆိုးဝါးငါးတစ်ကောင် ပေးလို့ရမလားဗျ၊ ဈေးနှစ်ဆဆိုရင်တောင် ပိုက်ဆံပေးနိုင်ပါတယ်"