← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း ၅၇၇ ။ တစ်ယောက်က အပြစ်ရှာ

သူ့လေသံကနေ သူတို့လက်ထဲငါးတစ်ကောင်ထက် ပိုရှိတယ်ဆိုတာ သိတဲ့ပုံပဲ။ မတူတဲ့အကြံတစ်ခုရသွားကာ ကူယွဲ့ အပြုံးတစ်ပွင့်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ညှိုနှိုင်းနိုင်ပါတယ်" အဲလိုနဲ့ သူကလက်ကို လွှဲလိုက်တော့ စားပွဲလောက်ကြီးတဲ့ငါးတစ်ကောင်က ဘေးက မြက်ခင်းပြင်ပေါ် ပေါ်လာတယ်။ "ဒါမင်းတို့ရှာနေတဲ့ငါးအမျိုးအစားလား"

လေးယောက်သားရဲ့ မျက်လုံးတွေက ‌တစ်ပြိုင်နက်တောက်ပကုန်ကာ အသည်းအသန် ခေါင်းညိတ်လေတယ်။ "ဟုတ်ပါတယ်၊ အဲဒါပါ၊ ဒါက ရနံ့ငါးနီမကောင်းဆိုးဝါးပါ"

"ဒါဆို မင်းတို့ ဒါကိုဝယ်ဖို့ ဘယ်လောက်ပေးချေမယ် ရည်ရွယ်ထားလဲ" ကူယွဲ့က အင်မတန်ကြင်နာစွာပြုံးကာ အမူအရာတွေကိုကြည့်လိုက်တယ်။ သူ စားဖိုမှူး ကြုံရာကျပန်း ရှာတွေ့ထားတဲ့ ဟင်းချက်ပစ္စည်းက အဲလောက်တန်ဖိုးရှိမယ် မထင်ခဲ့ဘူး။

အရပ်ရှည်ရှည်လူက ပိုက်ဆံအုတ်ကို‌ထုတ်ရင်း ပျော်ရွှင်စွာနဲ့ရှေ့တက်လာတယ်။

"ရနံ့ငါးနီမကောင်းဆိုးဝါးက ယန်မြို့မှာဆို ဟင်းလင်းပြင်ငွေတစ်သောင်းနဲ့ ရောင်းကြတယ်၊ ကျုပ်... ကျုပ်..." သူက သူ့ကိုယ်ပိုင်ပိုက်ဆံအိတ်ကိုကြည့်ကာ ဂရုတစိုက်ပြောလာတယ်။ "ကျုပ်မှာ ခု ဟင်းလင်းပြင်၂သောင်း၃ထောင်ရှိတယ်၊ အဲလောက်ဆို လုံလောက်မလားဗျ" အဲလိုနဲ့ သူက ပိုက်ဆံအိတ်ကို တန်းကမ်းပေးလာတယ်။

ကူယွဲ့ တစ်ချက်ကြည့်လိုက်တယ်။ ငါးတစ်ကောင်က အဲလောက်တောင် ဈေးကြီးလား။ သူ စားဖိုမှူးကို ထပ်သိုလှောင်ခိုင်းထားသင့်မသင့် စဉ်းစားနေမိပြီး ဘာမှပြန်မဖြေဖြစ်။

ပြီးတော့ အရပ်ရှည်ရှည်လူက ဂနာမငြိမ်ဖြစ်လာကာ သူက ငွေကိုနည်းလွန်းတယ်လို့ထင်နေတယ် စဉ်းစားမိလိုက်ပြီး သုံးယောက်သားဘက်အသည်းအသန် ပြန်လှည့်သွားတယ်။

"တကယ်လို့ ခင်ဗျား ဒါကိုနည်းနေသေးတယ်ထင်ရင် ကျုပ်တို့မှာ ထပ်ရှိပါသေးတယ်" စကားပြောရင်း သုံးယောက်လုံးက သူတို့ပိုက်ဆံတွေကို ထုတ်ကာ အကြမ်းဖျင်းရေတွက်ပြီး ကမ်းပေးလာတယ်။

"ဒါဟင်းလင်းပြင်ငွေလေးသောင်းပါ၊ အဲဆိုလောက်ပြီလား၊ မလောက်သေးရင် ကျုပ်တို့ ပြိုင်ပွဲပြီးရင် ပေးပါ့မယ်၊ အကြွေးစာချုပ်ထိုးပြီး သေချာပေါက် ပိုက်ဆံပေးချေပါ့မယ်"

တခြားသူတွေလည်း ခေါင်းညိတ်ကာ သူတို့ရဲ့သူ့ဆီအကြည့်တွေက တောင်းဆိုမှုတချို့နဲ့ပြည့်နေတယ်။

ကူယွဲ့ ဆိုင်းတွသွားတယ်။ ဒါ ညှိနှိုင်းမှုတစ်ခုအတွင်း လူတွေက သူတို့ဘာသာ ဈေးအလိုလိုတိုးပေးတာကို ပထမဆုံးကြုံဖူးတာပဲ။ ဒါက ဘယ်လိုအာဏာရှင်ပုံစံ ဈေးစစ်နည်း အသစ်မျိုးလဲ။

"မိတ်ဆွေတို့က ပုံကြီးချဲ့လွန်းနေတာပဲ" သူက မပွင့်တပွင့်အပြုံးပြုံးလိုက်တယ်။

"ကျုပ်တို့ ရောင်းဖို့သဘောတူပြီးမှတော့ သေချာပေါက် စကားကိုပြန်မရုပ်သိမ်းပါဘူးဗျာ၊ ဒါပေမဲ့ ခင်ဗျားတို့ ဘာလို့ ဒီမကောင်းဆိုးဝါးငါးကိုရဖို့ အသည်းအသန်ဖြစ်နေလဲတော့မသိဘူး"

သူ့စကားတွေဆုံးသွားတာနဲ့ လေးယောက်လုံးရဲ့ မျက်နှာပေါ် အနည်းငယ်ညှိုးငယ်တဲ့အမူအရာတွေ ပေါ်လာတယ်။ သူက တစ်ခဏနေတော့ ပြန်ဖြေတယ်။

"ဒီလိုပါ၊ ကျုပ်တို့ရဲ့အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေထဲကတစ်ယောက်က တလောက ဒဏ်ရာတချို့ ရခဲ့ပြီး အချိန်အတော်ကြာကုသတာတောင် ပြန်မသက်သာလာခဲ့ဘူး၊ ကောလာဟလတွေပြောတာတော့ ရနံ့ငါးနီမကောင်းဆိုးဝါးရဲ့ ငါးအရိုးက ပျက်စီးနေတဲ့သွေးကြောတွေကို ကုသပေးနိုင်ပြီး ကြွက်သားတွေ ပြန်လည် တည်ဆောက်ပေးနိုင်တယ်တဲ့လေ၊ အဲဒါကြောင့် တစ်ခု လိုချင်တာပါ"

"သိပြီ" အဲတော့ လူကယ်ဖို့ကိုး။

"အမှန်တိုင်းပြောရရင် ကျုပ်တို့ ယန်မြို့မှာ ရှာနေတာ လတချို့ကြာပါပြီ၊ ကံမကောင်းချင်တော့ ဒီလိုငါးမကောင်းဆိုးဝါးမျိုး ရောင်းတဲ့သူ တစ်ယောက်မှမတွေ့ခဲ့ဘူး" သူက ခပ်တိုးတိုးရှင်းပြကာ သူ့အကြည့်က မြေကြီးပေါ်ကငါးဆီ ရောက်သွားပြန်တယ်။

"ဒီရနံ့ငါးနီမကောင်းဆိုးဝါးက မွှေးကြိုင်တဲ့ရနံ့ရှိပြီး အမြဲ အကောင်ထောင်ချီ အုပ်စုလိုက်နေကြတာပါ၊ လူဒါဇင်ကျော်မရှိဘဲ သူတို့ကို ဖမ်း‌ဆီးဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဒါကြောင့် ‌မကောင်းဆိုး‌ဝါးတွေကို အမဲလိုက်ရာမှာ အထူးပြုတဲ့ စီးပွားရေးသမားတွေတောင် အလွယ်တကူ မကြိုးစားကြဘူး၊ ဒါကြောင့် ဝယ်အားနဲ့ လိုအားက မမျှတာ" သူတို့လေးယောက်တည်းနဲ့ ဒီလောက်အများကြီးကို ဘယ်လို အမဲလိုက်နိုင်ခဲ့လဲမသိပေမဲ့ သူတို့တွေ အရမ်းကို အံ့ဩနေပြီးသားဖြစ်ကာ တစ်ခုကို ဝယ်နိုင်တာတောင် ‌ပျော်ရွှင်နေပြီ။

"သိပြီ" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ သူတို့တွေ စားဖိုမှူး ဒီနေ့ချက်တဲ့ဟင်းပွဲတွေက အတော်လေး အနံ့မွှေးနေတယ်လို့ ထင်တာ အံ့ဩစရာ မရှိတော့ဘူး။ ပါဝင်ပစ္စည်းတွေကြောင့်ကိုး။ သူတို့တွေဆီမှာ တခြားငါးမကောင်းဆိုးဝါးတွေရှိနေတယ်လို့ အုပ်စု အရမ်းကိုသေချာနေခဲ့တာက အနံ့ကိုရထားပြီး သူတို့ ငါးတစ်အုပ်လုံးနဲ့ ကြုံထားတာကို သိနေတာဖြစ်နိုင်တယ်။ ရုတ်တရက် အတွေးနဲ့အတူ သူမေးလိုက်တယ်။ "မင်းတို့ ဒီငါးအရိုးပဲလိုတာလား"

လေးယောက်သား အူတူတူဖြစ်သွားပေမဲ့ ခေါင်းညိတ်လိုက်သေးတယ်။ "ဟုတ်"

"ခဏလေး" သူ ထရပ်ပြီး စားဖိုမှူးရဲ့ ယာယီမီးဖိုဆီ လျှောက်သွားကာ ဟိုဟိုဒီဒီရှာပြီးတဲ့နောက် ကိုင်းချပြီး သူနဲ့အတူ မီတာအတော်ရှည်တဲ့ အရိုးစင် ဆွဲထုတ်လာတယ်။ "ဒီငါးရိုးက အဲငါးထက် ပိုကြီးတယ်၊ ဒီငါးရိုးကို မင်းတို့ဆီ ရောင်းရင်ရော"

လေးယောက်သား ခဏငေးမောသွားကာ သူတို့အမူအရာတွေက အပျော်လွန်ကုန်တယ်။

"ဒီလို... ဒီလိုကြီးတဲ့ငါးအရိုး၊ ဖြစ်နိုင်တာ... ရနံ့ငါးနီမကောင်းဆိုးဝါးဘုရင်လား"

"သေချာပေါက်ပဲ၊ ဒီလောက်ကြီးတာ ငါးဘုရင်ပဲဖြစ်ရမယ် ပြီးတော့ ဒီအရိုးအရောင်ကနေ အကဲဖြတ်ရင် အနည်းဆုံးနှစ်ငါးရာကြာနေလောက်ပြီ"

"ဘုရားရေ နှစ်ငါးရာသက်တမ်းငါးဘုရင်က ယန်မြို့ထဲမှာ ပေါ်မလာသေးဘူး"

"ဝမ်ရွှမ်းကို ခုကုသလို့ရနိုင်ပြီ၊ သူသေချာပေါက် ပြန်သက်သာတော့မှာ"

သူတို့တွေက စကားပြောရင် ပိုပိုပြီး စိတ်လှုပ်ရှားလာကာ မျက်လုံးတွေ တောက်ပနေကြတယ်။

"မင်းတို့က ငါးအရိုးပဲ လိုချင်တာဆိုတော့ ငါဈေးလျှော့ပေးပါ့မယ်၊ ဟင်းလင်းပြင်ငွေ၂သောင်းဆို ရပြီ"

သူကပြောရင်း အဲလူလက်ထဲက ပိုက်ဆံအိတ်ကိုလှမ်းယူရင်း ငါးအရိုးကို လက်ထဲ ထိုးထည့်ပေးလိုက်တယ်။ နောက်တော့ သူက ပြန်လှည့်ပြီး မြေကြီးပေါ်က ငါးကိုသိမ်းလိုက်လေတယ်။

ကံကောင်းလို့ စားဖိုမှူးက စောနက အရိုးတွေကို မလွှင့်ပစ်ခဲ့လို့ပေါ့။ သူငါးတစ်ကောင်တောင် မဆုံးရှုံးရဘဲ ဟင်းလင်းပြင်ငွေ၂၀၀၀၀ကို ရလိုက်နိုင်တယ်။ ဒါ သဘောတူညီချက်ကောင်းပဲ။

လူလေးယောက်က ပိုတောင် ရင်ထဲလှုပ်ရှားလာပြီး ဂရုတစိုက် ငါးအရိုးကို သိမ်းကာ ကူယွဲ့ကို ကျေးဇူးတင်စိတ်အပြည့်နဲ့ ကြည့်ကြတယ်။

"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း၊ ကျုပ်တို့ ခင်ဗျားရဲ့ ဒီတစ်ခေါက်ကြင်နာမှုကို သေချာပေါက် မမေ့ပါဘူး၊ ကျုပ်တို့မိတ်ဆွေ ပြန်သက်သာလာချိန် သေချာပေါက် ကျေးဇူးတသ်ဖို့ လာလည်ပါ့မယ်"

သူက စကားပြောရင်း ဒူးထောက်မဲ့အမူအရာပြင်တယ်။

"လုံးဝ မလိုပါဘူး" ကူယွဲ့ အမြန်သူ့ကိုဆွဲထူကာ စိတ်ပါလက်ပါပြုံးလိုက်တယ်။ "ဒါကိစ္စအသေးအဖွဲပါပဲ၊ တကူးတက အရိုအသေပေးစရာမလိုပါဘူး"

"ဟင့်အင်း၊ ကျုပ်တို့ ခင်ဗျားရည်ရွယ်ချက်ကိုနားလည်ပါတယ်" သူက ပိုတောင်တည်ကြည်စွာ ပြောတယ်။ "ရနံ့ငါးနီမကောင်းဆိုးဝါးက ရဖို့ခက်တယ်၊ ငါးဘုရင်ဆို ပိုတောင်ရှားတယ်၊ ကျုပ်တို့ ဒီတစ်ကြိမ် ခင်ဗျားကိုအမြတ်ကြီးကြီးထုတ်မိတာပါပဲ၊ သေချာပေါက် မှတ်ထားပါ့မယ်၊ ပိုက်ဆံအတွက်ကတော့..." သူက တခြားပိုက်ဆံအိတ်တွေကိုပါ တွန်းပေးလာတယ်။ "ကျေးဇူးပြုပြီး အားလုံးကို လက်ခံပေးပါ"

"ငါဘယ်လိုလုပ်..."

"ကျေးဇူးပြုပြီး မငြင်းပါနဲ့နော်"

"ငါ... ကောင်းပြီလေ"

ကူယွဲ့က နောက်တော့ ကျန်တဲ့ဟင်းလင်းပြင်ငွေအိတ်တချို့ကို သူ့အိတ်ကပ်ထဲထည့်ကာ ဒီခက်ခဲတဲ့အရာကို လုပ်ဖို့ ဖိအားပေးခံထားရသလိုပုံစံနဲ့။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ပိုးကောင် ။ ။ "..."

ပါးနပ်လိုက်တဲ့ စီးပွားရေးသမား

"ခင်ဗျားကို ဘယ်လိုခေါ်ရမလဲမသိသေးဘူး" အရပ်ရှည်ရှည်လူက အရမ်းကိုကျေးဇူးတင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တော့တယ်။

"ကျုပ်က လင်းဟုန်၊ အမတဝိညာဉ်ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပါ၊ ဒီနှစ်ယောက်ကတော့ ကျုပ်သူငယ်ချင်းကောင်း အန်းဟောင့်နဲ့ မုန့်ဖန်၊ ဒါကတော့ကျုပ်ညီမလေး လင်းဖေး"

ကူယွဲ့ ဒီအခွင့်အရေးကို ယူပြီး သူတို့ကို သက်စောင့်ဆေး ဘာညာရောင်းမလားစဉ်းစားနေပြီး စကားပြောမဲ့အချိန် လှောင်ရယ်သံပြည့်နေတဲ့ ယောက်ျားတစ်ယောက်အသံက လေထဲကထွက်လာတယ်။

"ဘယ်သူက ရနံ့ငါးနီမကောင်းဆိုးဝါးအုပ်စုကို သတိပေးလိုက်လဲ သိချင်နေတာ၊ ဘာမှမတော်တဲ့နေရာမှာ နာမည်ကြီးတဲ့ အဖွဲ့သုံးဖြစ်နေတာကိုး"

လင်းဟုန်ရဲ့ နဂိုကစိတ်လှုပ်ရှားနေတဲ့ မျက်နှာက ဖြူဖျော့သွားကာ လေထဲ ရုတ်တရက် ပေါ်လာတဲ့လူလေးယောက်ကို မော့ကြည့်ပြီး စိတ်အားငယ်မှုအရိပ်အယောင်က သူ့မျက်စိထဲဖြတ်ပြေးသွားတယ်။

ကူယွဲ့ ခေါင်းမော့ကြည့်လိုက်တော့ လင်းဟုန်တို့အုပ်စုလို အပြာရောင်ဝတ်ရုံဝတ်ထားတဲ့ အမျိုးသားလေးယောက် လေထဲ ဓားတွေပေါ်ရပ်နေတာကို မြင်လိုက်ရတယ်။ သူတို့က အောက်ကလူတွေကို မျက်နှာပေါ် လှောင်ပြောင်မှုတွေနဲ့ ငုံ့ကြည့်နေလေရဲ့။

"လင်းဝမ်ရွှမ်က အရင်က မကောင်းဆိုးဝါးတစ်ကောင် ကိုက်တာခံလိုက်ရပြီး တစ်ပိုင်း‌သေသွားပြီလို့ ကြားတယ်၊ မင်းတို့လို အဖြစ်မရှိတာတွေက ပြိုင်ပွဲထဲလာပြိုင်ရဲဦးလိမ့်မယ် မထင်ခဲ့ဘူး" ညာဘက်မှာ ပျံသန်းနေတဲ့တစ်ယောက်က အေးစက်စက်ရယ်ကာ သူ့အကြည့်က ပိုတောင် စဉ်းလဲလာတယ်။

"မင်းတို့လိုအဆင့်သုံး အဖြစ်မရှိတာတွေနဲ့တင် အင်းကွက်အလံတွေကို ရနိုင်မယ်ထင်နေကြတာလား"

သူပြောပြီးတာနဲ့ နောက်ကသုံးယောက်လုံးက စတင်ရယ်ကြတော့တယ်။

လင်းဟုန်တို့တွေက ပိုတောင်ဖြူဖျော့လာကာ လက်သီးတင်းတင်းဆုပ်ကုန်ကြတော့တယ်။ လင်းဖေးတစ်ယောက်သာ ထိန်းမနိုင်တော့ဘဲ ရှေ့ကိုတိုးလာတော့တယ်။

"ရန်ချင်း၊ ငါတို့အားလုံးက အမတဝိညာဉ်ကျောင်းတော်ရဲ့တပည့်တွေ၊ ငါတို့အဖွဲ့သုံးကဆိုတော့ ဘာဖြစ်လဲ၊ တခြားသူတွေကို အထင်လာမသေးနဲ့"

"ဟမ့် အထင်သေးတော့ရော ဘာဖြစ်လဲ" အဲလူက ပိုတောင်မောက်မာစွာရယ်တော့တယ်။

"အရင်က လင်းဝမ်ရွှမ်က မင်းတို့အားလုံးနဲ့ အမြဲပေါင်းသင်းအချိန်ဖြုန်းနေတာလေ၊ ခုမသန်မစွမ်း ဖြစ်လာတာ အံ့ဩစရာမရှိပါဘူး - မင်းတို့အားလုံးနဲ့ တစ်ပုံတစ်ခေါင်းကြီး ပေါင်းဖွဲ့တာကောင်းတာပဲ"

...

အခန်း ၅၇၈ ။ အင်းကွက်အလံများ

"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ" လင်းဖေးက ဒေါသထွက်ကာ ရှေ့ကိုပြေးတက်မို့ရှိသေး လင်းဟုန်က ပြန်ဆွဲထားတယ်။

"ငါ ဘယ်လိုလုပ် ပေါက်တတ်ကရပြောတာဖြစ်မှာလဲ၊ လင်းဝမ်ရွှမ်က အခုတင် မသန်မစွမ်း အဖြစ်မရှိသူ ဖြစ်နေပြီလေ၊ မင်းတို့အားလုံးလိုပဲ၊ အိုး ဒါနဲ့..." တစ်စုံတစ်ခုက သူ့စိတ်ထဲဝင်လာပြီး မျက်လုံးထဲက ‌ယုတ်မာမှုက ကြီးထွားလာတယ်။

"သူ့ခြေထောက်နှစ်ဖက်လုံးက သွေးကြောတွေ ထိခိုက်ကုန်တယ်ကြားတယ်၊ လမ်းလျှောက်တာတောင် ပြဿနာဖြစ်နေပြီဆို၊ သူကခုထက် မသန်မစွမ်းထက်ပိုဆိုးနေပြီ"

"နင်..." လင်းဖေး စိတ်တိုလွန်းလို့ မျက်ရည်တွေပါစီးကျလာတယ်။

ဒါပေမဲ့ တစ်ဖက်လူကတော့ ပိုပြီးတောင် ထောင်လွှားလာလေရဲ့။ "အော်ဟုတ်သား၊ ရနံ့ငါးနီမကောင်းဆိုးဝါးအနံ့ ရလိုက်တယ်၊ မင်းတို့တွေ သူ့ကိုကုသနိုင်ဖို့ မျှော်လင့်သေးတယ်လို့ မပြောနဲ့နော်" သူက လေးယောက်ကို တစ်ချက်ကြည့်ကာ မြေကြီးပေါ် မကောင်းဆိုးဝါးငါးအရိပ်အယောင် မရှိတာ‌မြင်တော့ စိတ်သက်သာရာရကာ သက်ပြင်းချတယ်။ သူက ဆက်ပြောတယ်။

"တကယ့်ကို မျှော်လင့်‌နေတာပဲ၊ မင်းတို့လိုအဖြစ်မရှိတဲ့သူတွေနဲ့တင် ရနံ့ငါးနီမကောင်းဆိုးဝါးကို ဖမ်းနိုင်မယ်ထင်နေတယ်ပေ့ါ၊ မင်းတို့အားလုံး လင်းဝမ်ရွှမ်းကို စောစော လက်လျှော့ဖို့ တိုက်တွန်းတာ ပိုကောင်းမယ်ထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူက မသန်မစွမ်းဖြစ်နေပြီကို၊ စောစောသေပြီး စောစောပြန်ဝင်စားပါ့လား"

"ရန်ချင်း" ဒီတစ်ကြိမ်တော့ လင်းဖေးသာမက တခြားနှစ်ယောက်ပါ ဒေါသနဲ့ အော်ဟစ်လိုက်ပြီး သူတို့လက်နက်တွေကို ဆွဲထုတ်တော့တယ်။

"ဘာလဲ၊ ဒေါသထွက်တယ်ပေါ့၊ တိုင်ခိုက်ချင်တာလား" တစ်ဖက်လူက ဘာကိုမှမကြောက်တဲ့အမူအရာ ထိန်းထားဆဲ။ "အဖွဲ့သုံးက တပည့်တွေကများ ငါတို့အဖွဲ့တစ်က လူတွေကို စိန်ခေါ်ဖို့ တွေးရဲတယ်ပေါ့၊ ဟားဟားဟား... ဟာသပဲဟေ့ ရတာပေါ့၊ လာလေ မင်းတို့ လုပ်နိုင်ရင် လာတိုက်ကြ၊ ငါ့ကိုတိုက်ကြ ဟမ်... အိုက်ယား"

သူ စကားမဆုံးခင် ဖိအားလှိုင်းတစ်ခုက သူတို့‌ဆီ ဝေ့ဝဲလာကာ သူတို့မတုံ့ပြန်နိုင်ခင် ခြေထောက်တွေ တုန်ယင်ကုန်ပြီး သူတို့တွေ လေထဲကနေ မြေကြီးပေါ်ပြုတ်ကျကုန်ရင်း မျက်နှာအပ်လျက်သား ကျသွားလေရဲ့။

သူတို့တွေက ထိတ်လန့်ကုန်ပြီး အမြန်ထရပ်ကာ သူတို့လက်နက်တွေကို တန်းထုတ်ကြတယ်။

"အဲဒါဘယ်သူလဲ၊ ငါ့ကို ချောင်းတိုက်တာ ဘယ်သူတုံး" သူတို့တွေက ပတ်ဝန်းကျင်ကို စစ်ဆေးကာ နောက်ဆုံးတော့ လင်းဟုန်ဘေးက စားပွဲတစ်ခုမှာထိုင်ပြီး စားသောက်နေတဲ့လူလေးယောက်ကို သတိထားမိသွားတော့တယ်။

အင်း၊ သူ့ဘာသာ ထုထောင်းခံရဖို့တောင်းဆိုတာ၊ သူတို့နဲ့ဘာမှမဆိုင်ဘူး။

ရန်ချင်းရဲ့ အမူအရာက မည်းမှောင်သွားကာ လေးယောက်ကို ခေါက်တုံ့ခေါက်ပြန် လေ့လာနေရင်း အရင်ဆုံး ယိချင်းနဲ့ ကူယွဲ့ကို အရင်ကြည့်ကာ နောက်တော့ သူ့မြင်ကွင်းက ပြောင်းလဲသွားပြီး ပိုးကောင်ပေါ် အကြည့်ရောက်သွားလေတယ်။ "မင်းပဲ"

ဟင်းရည်တောင် သောက်မရသော ပိုးကောင် ။ ။ "..." မြောင်မြောင်မြောင်။

ဒါ ပိုးကောင်နဲ့ ဘာဆိုင်လဲ။ သူ ဘာမှမှမလုပ်ရသေးတာ။

"မင်းက အင်းဆက်မျိုးနွယ်ကပဲ' တစ်ဖက်လူက ကြောက်ခမန်းလိလိရန်သူကို ရင်ဆိုင်နေရသလိုပုံစံနဲ့ ပိုးကောင်ကို တည့်တည့်ကြည့်တယ်။ "မင်းက ဘာသဘောလဲ၊ သူတို့အတွက် ရပ်တည်ပေးချင်တာလား"

"အာ" ပိုးကောင်က ဇဝေဇဝါဖြစ်နေတယ်။ ဘာရပ်တည်တာတုံး။

"ငါပြောမယ် ကောင်လေး၊ အဲလောက်ကြီး ဒေါသမကြီးနဲ့" ကူယွဲ့ နောက်ဆုံးတော့ ခေါင်းကိုသူ့ဘက်လှည့်ကြည့်ကာ ပေါ့ပေါ့ပြောလိုက်တယ်။

"ပြောစရာရှိတာ ကောင်းကောင်း မပြောနိုင်ဘူးလား၊ မင်းကို ရှိန်စေတဲ့ အမူအရာ ပေးပေမဲ့ ဘာလို့ အဲလောက်အမြင့်ကြီးမှာ ရပ်မှဖြစ်မှာလဲ၊ ပြီးတော့ စကားပြောဖို့ကို အော်ရသေးတယ်၊ မင်းမပင်ပန်းဘူးလား"

"..." ရန်ချင်း ရင်ထဲမွန်းကြပ်သွားကာ မျက်နှာက ချက်ချင်းနီရဲကုန်တယ်။ တွေးကြည့်တော့ သူတကယ်ကို နည်းနည်းပင်ပန်းပြီး ရေဆာနေတယ်။ ဒါကြောင့် သူ အရှက်ခွဲခံရတဲ့ ဒေါသဖြစ်သွားတော့တယ်။ "ဒါခင်ဗျားနဲ့ဘာဆိုင်လဲ" သူ လေထဲ မြင့်မြင့်ရပ်ရတာကြိုက်ရုံပဲ၊ အဲဒါမှားလား။

"အစကတော့ ငါတို့နဲ့မဆိုင်ပါဘူး..." ကူယွဲ့က ဗိုက်ပြည့်နေပြီဖြစ်ကာ သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေ‌ကာ စားနေဆဲ တစ်ယောက်သော အစားသရဲကို လှမ်းကြည့်ပြီး မျက်လုံးတွေကွေးသွားရင်း တူကိုချ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

"ဒါပေမဲ့ မင်း စောနက အဲမှာရပ်ပြီး ဒီဘက်ကို ပေါက်ပေါက်ဖောက်နေတော့ မင်းတံတွေးက နေရာအနှံ့ပဲ၊ ငါတို့က ဒီအောက်မှာစားနေတာ၊ အတော်လေး မသန့်ရှင်းရာကျတယ် မထင်ဘူးလား"

သူ့စကားဆုံးတာနဲ့ ရှန်းရင်နဲ့ စားဖိုမှူးလက်ထဲက တူတွေ တစ်ချိန်တည်းမှာတင် ရပ်တန့်သွားတယ်။ ချက်ချင်း တစ်ယောက်သောသူရဲ့ တံတွေးအလွှာထူကြီးက ဟင်းပွဲတိုင်းကို ဖုံးနေသလို ခံစားရတော့တယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ခွေး*သား သူတို့ ခုဘယ်လို စားရတော့မလဲ။

ဖေဖေနျို သေချာပေါက် တမင်သက်သက်လုပ်တာပဲ။

အဲအစား ပိုးကောင်ကတော့ လုံးဝစိတ်ထဲမထားဘဲ ပိုတောင်ပျော်သွားတယ်။ သူ နောက်ဆုံးတော့ စားစရာနည်းနည်းယူလို့ရသွားပြီ။ အင်းဆက်မျိုးနွယ်က အမြဲ ကြမ်းကြမ်းတမ်းတမ်းနေခဲ့တာ၊ ဘာမဆိုစားသောက်လို့ရတာမို့ လုံးဝစိတ်ထဲမထား။

"ခင်ဗျား..." ရန်ချင်းကတော့ ပိုပြီးတောင် စိတ်တိုလာတဲ့ပုံ။ သူ ကျောင်းတက်ခဲ့သေးတာမို့ အရှက်ဆိုတာဘာလဲ သိသေးတယ်။ ဒါပေမဲ့ ပြန်နှုတ်လန်ထိုးဖို့ ဘာစကားမှရှာမရဘဲ ရှက်ရွံ့ပြီး ပျာယာ‌ခတ်နေတဲ့ မျက်နှာနဲ့သာ ရပ်နေရတယ်။ တစ်‌ခဏကြာတော့ သူ သူ့အသံကိုရှာတွေ့သွားပြီ။

"ဟမ့် ကျောင်းတော်ငယ်လေးတစ်ခုရဲ့ တပည့်ခင်ဗျားတို့က ဘယ်ကရောက်လာကြတာလဲ၊ ခင်ဗျားတို့အဖွဲ့ထဲ အင်းဆက်လေးတစ်ကောင် ရှိတာနဲ့ အနိုင်ယူနိုင်မယ်ထင်နေတာလား"

သူက မလိုတမာစိတ်အပြည့်မျက်နှာနဲ့ ပိုးကောင်ကို ကြည့်ကာ ဦးမှင်ပေါ်က လိပ်ပြာအထုံးကို သတိထားမိချိန် သူက နှာရှုံ့ပြန်တယ်။ သူဘာလဲဆိုတာ ခဏအတွင်း သိသွားသလိုမျိုး မျက်လုံးတွေ ချက်ချင်း တောက်ပကုန်ကာ လက်ညှိုးထိုးပြောလေတယ်။

"ခင်ဗျားကို ကြောက်မက်ဖွယ်အင်းဆက်တစ်မျိုးမျိုးလို့ တွေးမိသေးတယ်၊ ဖြစ်ချင်တော့ ခင်ဗျားက စုံစမ်းရေးပိုးကောင်သာသာပါပဲလား"

ပိုးကောင်အမူအရာက မည်းမှောင်သွားကာ ချက်ချင်း နည်းနည်း ဒေါသထွက်သွားတယ်။ စုံစမ်းရေးပိုးကောင်တွေကို ဘာဖြစ်လို့လဲ။ ဘာလို့အထင်သေးနေတာလဲ။ သူက ပိုးကောင်အားလုံးထဲ ဉာဏ်အကောင်းဆုံးနော်။

ရန်ချင်းက စိတ်သက်သာရာရသွားကာ ကောက်ကျစ်စွာ ရယ်ပြီး လင်းဟုန်ကို ပိုတောင် လှောင်ပြောင်မှုတွေနဲ့ ကြည့်တော့တယ်။ "ဟားဟားဟား... လင်းဟုန်၊ မင်းတို့ ဒီလိုကျောထောက်နောက်ခံကို တွေ့ခဲ့တာပေါ့လေ"

စုံစမ်းရေးပိုးကောင်တွေက အင်းဆက်မျိုးနွယ်ထဲ အားအနည်းဆုံးတွေထဲကတစ်ခုပဲ။ တကယ်လို့ တခြားပိုးကောင်မျိုးနွယ်ဆိုရင်တောင် သူတို့နည်းနည်းကြောက်မိနိုင်သေးတယ်။

"ရန်ချင်း အာချောင်မနေနဲ့" လင်းဟုန်က မျက်မှောင်ကြုတ်တယ်။

"ငါ စောနကမှ ဒီလူတွေကို တွေ့ခဲ့တာ၊ သူတို့က ငါတို့ကျောင်းတော်က မဟုတ်ဘူး"

"ငါတို့ကျောင်းတော်က မဟုတ်တော့ရော ဘာဖြစ်လဲ" ရန်ချင်းက သိသိသာသာသံသယဝင်နေကာ ပိုပြီးတောင် ထေ့ငေါ့ပြုံးတော့တယ်။ "မင်းတို့အားလုံးနဲ့ အချိန်ဖြုန်းနိုင်တည်းက သူတို့လည်း အဖြစ်မရှိသူတွေထဲက ဖြစ်နိုင်ခြေ များတယ်လေ"

"မင်း..." လင်းဟုန် စိတ်တိုသွားတယ်။

ဒါပေမဲ့ တစ်ဖက်က လင်းဖေးကတော့ အသံထွက်လာကာ ပြန်မထိန်းထားနိုင်တော့ဘူး။

"ဒီလူတွေက ရနံ့ငါးနီမကောင်းဆိုးဝါးကို ဖမ်းနိုင်တဲ့သူတွေပဲ၊ နင်တို့ သူတို့ကို အဖြစ်မရှိဘူးလို့ ခေါ်ရင် နင်တို့ကရောဘာတွေလဲ၊ နင်တို့ ငါတို့မြင်ရအောင် မကောင်းဆိုးဝါးငါး သွားဖမ်းပြလေ"

"ရှောင်ဖေး" လင်းဟုန်က ထိတ်လန့်သွားကာ သူမကို တားချင်ပေမဲ့ နောက်ကျလွန်းသွားပြီ။

သေချာပေါက်ကို ရန်ချင်းအမူအရာက ပြောင်းလဲသွားတယ်။

"မင်းတို့အားလုံး ရနံ့ငါးနီမကောင်းဆိုးဝါးကို တကယ်ဖမ်းမိတာလား" ပိုးကောင်ဘက်ကို ထိတ်လန့်တဲ့အမူအရာနဲ့ကြည့်ကာ သူ့အမူအရာက ပြောင်းလဲသွားပြန်ကာ ထေ့ငေါ့ပြောတော့တယ်။

"ဟမ့်၊ မင်းတို့လူနည်းနည်းလေးနဲ့ စုံ‌စမ်းရေးပိုးကောင်တစ်ကောင်တည်းနဲ့တင်ကို၊ ငါ မယုံဘူး"

"ယုံချင်ယုံ မယုံချင်နေ၊ နင့်သဘောပဲ" လင်းဖေးက တန်းဖြေတယ်။

ရန်ချင်းအမူအရာက ပို‌မှောင်မည်းလာတယ်။ သူ့စိတ်ထဲ ဘာတွေဖြစ်နေလဲ မသိပေမဲ့ သူက ပိုးကောင်ကို လှမ်းကြည့်ပြန်ကာ အေးစက်စက်ရယ်တယ်။

"တကယ်လို့ ဒီပိုးကောင်က တကယ်ပဲ အဲလောက်သန်မာရင် အင်းကွက်အလံတွေကို ရှာတဲ့အရာလိုမျိုး ရိုးရှင်းတဲ့အရာတွေဆို ပြဿနာမရှိလောက်ဘူးပေါ့၊ ခင်ဗျားတို့တွေ တစ်ခုခုများရှာတွေ့ပြီလား သိချင်မိတယ်၊ ထုတ်လာပြီး ကျုပ်တို့ကိုကြည့်ခွင့်ပေးပါဦး"

သူ့နောက်ကလူတွေကလည်း စပြီး ပြဿနာရှာလာကာ သူတို့ဟန်ဆောင်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတယ်။

"ဟုတ်တယ် ထုတ်လာ ငါးမိစ္ဆာကဘာလုပ်ရမှာ၊ အင်းကွက်အလံတွေက အဓိကပဲဟုတ်ပြီလား"

"ဟုတ်တယ်၊ ဒါကပြိုင်ပွဲပဲ၊ တကယ်လို့ ခင်ဗျားတို့မှာအင်းကွက်အလံတွေရှိနေရင် ကျုပ်တို့ လျှော့ပေးမယ်"

"မြန်မြန်ထုတ်လေ၊ ခင်ဗျားတို့ မရှိတာတော့ မဖြစ်နိုင်ဘူးမလား"

သူတို့တွေက တစ်ယောက်ပြီးတစ်ယောက် ပြောလာကာ ပိုးကောင်ဆီတောင် ရွံရှာတဲ့အကြည့်တွေနဲ့ လှမ်းကြည့်ကုန်တယ်။ ပိုးကောင်က နည်းနည်းသတိကပ်လာပြီး ကူယွဲ့တောင် မျက်မှောင်ကြုတ်နေပြီ။ ဒီလူတွေက အတော်လေးကို မောက်မာထောင်လွှားတာပဲ။

အဲအစား ဘေးကစားဖိုမှူးက ရုတ်တရက် တစ်ပုံကို ဆွဲဆုပ်ကာ ပိုးကောင်ဆီ လှမ်းပစ်ပေးလေတယ်။ အဲဒါတွေက စားပွဲဆီ ချလွင်ခနဲကျသွားတာကို ခံစားလိုက်ရတယ်။ "ရော့" တြိဂံအလံလေးတချို့ စားပွဲပေါ်ပေါ်လာကာ သူတို့ပေါ် 'အမတ ဝိညာဉ်' ဆိုတဲ့စာလုံးနှစ်လုံးတောင် ရေးထားတယ်။ စုစုပေါင်းခြောက်ခုတောင်ရှိပြီး ငါးညှီနံ့လည်း ခပ်ရေးရေးထွက်နေတယ်။

ရန်ချင်း ။ ။ "..."

လင်းဟုန် ။ ။ "..."

ပိုးကောင် ။ ။ "..."

သူတို့တွေမှာ တကယ်ကို ရှိတာပဲ၊ ပြီးတော့ အရမ်းကို များတဲ့ပမာဏ။

ရန်ချင်းက ခရမ်းရောင်သန်း‌ကုန်ကာ ဖြစ်တည်မှုတစ်ခုလုံးက တောင့်တင်းကုန်ပြီး အင်းကွက်အလံတွေကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသေးတယ်။ ဒါမဖြစ်နိုင်‌ဘူး ဆန်းကြယ်ဘုံကို အသက်သွင်းတာ တစ်နာရီတောင်မပြည့်သေးဘူး၊ သူတို့က အင်းကွက်အလံခြောက်ခုတောင် ရှာတွေ့သွားပြီ။

လင်းဟုန်ကတော့ ဝမ်းမြောက်သွားကာ ပြန်ခွန်းတုံ့ပြန်တယ်။ "အင်းကွက်အလံတွေကို ကြည့်ချင်တယ် မပြောခဲ့ဘူးလား၊ ရှင်းရှင်းလင်းလင်းမြင်ရတော့ ဘယ်လိုနေလဲ"

...

အခန်း ၅၇၉ ။ အဖွဲ့၃အောင်မြင်

ရန်ချင်းရဲ့ မျက်နှာက ဒေါသနဲ့ ဖျော့တော့မှုကြား ပြေးလွှားနေကာ အရင်ကထက် ပိုအရုပ်ဆိုးလာတယ်။

လင်းဟုန်က ခပ်ဖွဖွရယ်ကာ သူ့ကိုကြည့်ရင်း ဆင်ပြောတယ်။ "ရန်ချင်း၊ ငါ့အကြံပေးတာကိုနားထောင်၊ မင်းလုပ်သမျှအရာမှာ အရမ်းကို အကြင်နာတရားကင်းမဲ့မနေနဲ့ မင်းက ခုအဖွဲ့တစ်ဖြစ်တော့ရော ဘာဖြစ်လဲ၊ မင်း အမြဲအဲနေရာမှာ နေနိုင်မယ် အာမခံနိုင်လား၊ မင်းရဲ့အရင်အဆင့်ကို မမေ့နဲ့၊ မင်း ငါတို့အားလုံးကို မေ့သွားရင်တောင် ဒါကိုတော့ အတော်လေး ရှင်းရှင်းလင်းလင်း မှတ်မိတယ်မလား"

"မင်း..." သူ့အမူအရာကပိုပိုပြီး မှောင်မည်းလာကာ သူတို့လေးယောက်အပေါ်အကြည့်က ပိုတောင် အဆိပ်ပြင်းလာတယ်။ "ကောင်းပြီလေ၊ ငါစောင့်ကြည့်ရတာပေါ့၊ မင်းတို့အားလုံးနဲ့ ဒီပိုးကောင်က ဒီအင်းကွက်အလံတွေကို ဘယ်လိုဘေးကင်းအောင် စောင့်ရှောက်မလဲ ကြည့်ရမယ်"

အဲလိုပြောပြီး သူက ကျယ်လောင်စွာ နှာရှုံ့ကာ လေးယောက်နဲ့အတူ ဓားတွေပေါ်ပျံတက်ပြီး ထွက်သွားလေတယ်။

ပိုးကောင်က စားပွဲပေါ်က အလံတွေကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသေးကာ အလိုလို မေးမိလေတယ်။

"ကျုပ်တို့... ကျုပ်တို့ ဒါတွေကို ဘယ်လိုရတာလဲ"

"ငါလည်းသိချင်တယ်" ကူယွဲ့လည်း ခေါင်းလှည့်ကာ လှမ်းကြည့်တယ်။ သူတို့တွေက ဝင်ကာစ နေရာတောင် မရွှေ့ရသေးတာ၊ ပြီးတော့ သူတို့ အင်းကွက်အလံတွေကို တကူးတကတောင် မရှာရသေးဘူး။

ဒါပေမဲ့ စားဖိုမှူးက မျက်နှာသေအမူအရာနဲ့ ပြောတယ်။ "စောနက ငါးတွေကို ခုတ်ထစ်သန့်ရှင်းနေချိန် အစာအိမ်တွေထဲတွေ့ခဲ့တာ"

ကူယွဲ့ ။ ။ "..."

ဆိုလိုတာ ဒီပြိုင်ပွဲရဲ့ အင်းကွက်အလံတွေက တကယ်တမ်းကျ အဲမိစ္ဆာတွေရဲ့ ကိုယ်တွေထဲ ဝှက်ထားတာလား။ တကယ်ကို အစားသရဲက လောကကိုကယ်တင်ပေးလိုက်တာပဲ

"ဒီအင်းကွက်အလံတွေနဲ့ ကျုပ်တို့တွေ ပြိုင်ပွဲပထမအဆင့်ကို ကျော်ဖြတ်နိုင်မယ်ထင်တယ်' ပိုးကောင်က အံ့ဩသွားတယ်။ သေချာပေါက် သူတို့ ဒီ၁၀ရက်အတွင်း လုယူမခံရသရွေ့ပေါ့။ သူအမြန် စားပွဲပေါ်က အင်းကွက်အလံတွေကို စုစည်းကာ ဘေးကရှန်းရင်ဆီ ဖားယားတဲ့အမူအရာနဲ့ ကမ်းပေးတယ်။ "ဒီမှာပါ ကြီးမြတ်တဲ့အမတ"

ရှန်းရင် မနှစ်မြို့စွာ မျက်မှောင်ကြုတ်လိုက်တယ်။ ဖြစ်နိုင်တာ ငါးရဲ့ဗိုက်ထဲရှိခဲ့တာကြောင့်ထင် အလံက ငါးညှီနံ့နံနေတယ်။ သူမက လင်းဟုန်တို့ဆီ လှည့်လိုက်ကာ မေးတယ်။ "လိုချင်လား၊ နင်တို့အားလုံးအတွက် လက်ဆောင်"

"အယ် အာ" လင်းဟုန်က မှင်တက်သွားကာ ကြားယောင်နေတယ်လို့ ခံစားရတယ်။ "ခင်ဗျားက ကျုပ်တို့ကို... ကျုပ်တို့ကို ပေးချင်တာလား"

"အမှန်ပဲ"

"ဒါပေမဲ့... ဒါပေမဲ့ ဒါတွေက နောက်တစ်ဆင့်တက်ဖို့ လိုတဲ့ အင်းကွက်အလံတွေလေ" သူက သတိပေးလိုက်တယ်။

"ငါသိတယ်လေ" ရှန်းရင်က ခေါင်းညိတ်တယ်။ အနံ့က ပြင်းလွန်းတော့ မလိုချင်ဘူး။

"ဒါပေမဲ့... ဒါပေမဲ့..." သူ အချိန်အတော်ကြာ ကြောင်အမ်းနေပေမဲ့ ဘာကြောင့်လဲ၊ ဘာလို့လဲ မမေးနိုင်ဘဲ ရှန်းရင်ကိုသာ ကြည့်နေနိုင်တယ်။

"ယူလိုက်လေ" ကူယွဲ့လည်း ဂရုမစိုက်စွာပြောလိုက်တယ်။ "ငါတို့မှာ ဒီအင်းကွက်အလံတွေ မချို့တဲ့ဘူး၊ မင်းတို့စောနက ဝယ်ထားတဲ့ငါးအရိုးအပြင် အပိုလက်ဆောင် ပေးတယ်မှတ်လိုက်"

လင်းဟုန်က ပြန်လှည့်ကာ တခြားသုံးယောက်ကို ကြည့်ပြီး ရင်ထဲနွေးထွေးမှုတစ်မျိုး ခံစားရကာ သူတို့ကို ဆက်မငြင်းနိုင်တော့ဘူး။ ဒီလူတွေကိုပဲ ပိုပိုပြီးကျေးဇူးတင်လာတယ်။ သူက ဂါရ၀ပြုကာ ပြောလေတယ်။ "ဒါဆို တာအိုရောင်းရင်းလေးယောက်ကို တကယ်ပဲကျေးဇူးတင်ပါတယ်"

သူကပြောရင်း စားပွဲပေါ်က အင်းကွက်အလံတွေကို ကောက်ယူကာ အလံတွေကိုဆေးကြောဖို့ ဂါထာတစ်ခုသုံးပြီး သူတို့လေးယောက်ကြား ခွဲယူကာ ကျန်တဲ့နှစ်ခုကိုပြန်ပေးလာတယ်။

"ကျုပ်တို့မှာ လူလေးယောက်ပဲရှိတာမို့ လေးယောက်နဲ့တင် လုံလောက်နေပါပြီ၊ ကျန်တဲ့ဒီနှစ်ခုအတွက်ကတော့..." သူက တည်ကြည်စွာပြောလိုက်တယ်။

"ခင်ဗျားတို့အားလုံးက ကျုပ်တို့လိုက်မမှီနိုင်လောက်အောင် သန်မာပြီး အားကောင်းတဲ့ ကျင့်ကြံသူတွေဖြစ်ပြီး ဒီအင်းကွက်အလံနှစ်ခုတွေကို ဂရုမစိုက်လောက်ပေမဲ့ ပြိုင်ပွဲအစောပိုင်းပဲ ရှိသေးတာမို့ လိုလိုမယ်မယ် ခင်ဗျားတို့နဲ့ သိမ်းထားတာ ပိုကောင်းမယ်ထင်ပါတယ်၊ သေချာပေါက် တကယ်လို့ နောက်ကျတစ်ခုခုဖြစ်ရင် ကျုပ်တို့ဆီက ဒီအလံလေးခုကို အချိန်မရွေးပြန်ယူလို့ရပါတယ်"

သူက အတော်လေးကို စိတ်ရင်းပါတဲ့ပုံပေါ်တာမို့ ကူယွဲ့ အနည်းငယ်အံ့ဩမှုနဲ့ မျက်ခုံးပင့်ပြီးမှ ကျန်တဲ့အင်းကွက်နှစ်ခုကိုပြန်ရုတ်သိမ်းလိုက်တယ်။ "ကောင်းပြီလေ" ဒီလူတွေရဲ့ သဘောသဘာဝက ကောင်းတဲ့ပုံပဲ။ အနည်းဆုံးတော့ သူတို့က လောဘမကြီးဘဲ ကျေးဇူးသိတတ်မှုနဲ့ ရည်မွန်မှုကိုသိတယ်။ အစက သူတို့ကို ငါးရိုးရောင်းခဲ့တာက အမတကျောင်းတော်ရဲ့ တပည့်တွေဖြစ်ပြီး ဝိညာဉ်အစေ့ကိစ္စနဲ့ ပတ်သက်ပြီး အကူအညီ လိုလောက်တယ်တွေးမိလို့ပဲ။

"အော်ဟုတ်သား" သူက တစ်ခုခုကိုသတိရသွားပုံပေါ်ပြီး သူ့ညီမကိုပြန်လှည့်ကြည့်ကာ အနည်းငယ် အပြစ်ရှိသလို အကြည့်နဲ့ ပြောတယ်။

"အခုတင် ကျုပ်ညီမလင်းဖေးရဲ့ လွှတ်ခနဲပြောတတ်တဲ့လျှာက ခင်ဗျားတို့အားလုံး ရနံ့ငါးနီမကောင်းဆိုးဝါးကို ဖမ်းမိတဲ့အကြောင်း ဖော်မိခဲ့တယ်၊ အဲရန်ချင်းက ကျုပ်တို့နဲ့ ပြန်မတည့်နိုင်တဲ့ အငြိုးရှိနေတာ၊ သူက သေချာပေါက် လူတိုင်းသိသွားအောင်လုပ်မှာပဲ၊ ကျုပ်တို့မှာ ရှိတဲ့အင်းကွက်အလံတွေကို ထည့်ပေါင်းလိုက်ရင်... ငမ်းငမ်းတတ်မျက်လုံးတွေကို ဆွဲဆောင်မိပြီး ခင်ဗျားတို့အားလုံးဆီ ဒုက္ခယူလာသလို ဖြစ်သွားနိုင်တယ်"

သူက သူ့စိုးရိမ်မှုတွေကို တန်းထုတ်ဖော်လာတယ်။ လင်းဖေးလည်း အဲဒါကိုခုမှစဉ်းစားမိပြီး သူအမှားလုပ်မိတယ်ဆိုတာ သိသွားတာမို့ ချက်ချင်း ဖြူဖျော့သွားကာ သူတို့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လာတယ်။ "ဒါ ကျွန်မ... ဒါကျွန်မအပြစ်ပါ" သူမက ကြည့်ရတာ အချိန်မရွေး ငိုချတော့မဲ့ပုံ။

"စိုးရိမ်စရာမလိုဘူး" ကူယွဲ့ စိတ်ထဲမထား။ အဲငါးတွေက မွှေးကြိုင်တဲ့ရနံ့နဲ့ လာတာ။ သူမ မပြောရင်တောင် အဲလူတွေက ထွက်သွားပြီးချိန် တွေးမိမှာပဲ။ ဒါကြောင့် သူတို့နဲ့ အများကြီး သိပ်ဆိုင်တာမဟုတ်။ ပြီးတော့ အဲအင်းကွက်တွေကို မကောင်းဆိုးဝါးတွေထဲ ထည့်ထားတာ သိပြီးတဲ့နောက်မှာ သိပ်ပြီးမစိုးရိမ်တော့ဘူး။

"မင်းတို့ကိုယ်မင်းတို့ အပြစ်တင်စရာမလိုပါဘူး၊ တခြားသူတွေက ပြဿနာရှာချင်ရင် ဘယ်နည်းနည်းနဲ့ပဲဖြစ်ဖြစ် ရှာမှာပဲ"

"ဟင့်အင်း" လင်းဟုန်က အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောတယ်။ "ဒီကိစ္စက ကျုပ်တို့ကြောင့်ဖြစ်တာ၊ ကျုပ်တို့ကျင့်ကြံမှုကချို့တဲ့ပေမဲ့ ကျုပ်တို့... ကျုပ်တို့ကို ခင်ဗျားတို့နဲ့ လိုက်ပါခွင့်ပေးဖို့ တောင်းဆိုချင်ပါသေးတယ်၊ ကျုပ်တို့ အကူအညီနည်းနည်းပဲပေးနိုင်ရင်တောင် အဆင်ပြေပါတယ်"

"ငါတို့နဲ့လိုက်မယ်လား" ကူယွဲ့မျက်လုံးတွေ မှေးသွားတယ်။

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့" သူတို့က ကူယွဲ့တို့ကို ကပ်ချင်နေတယ် တွေးမှာကို စိုးရိမ်လို့ လင်းဟုန်က ပစ္စည်းတစ်ခုထုတ်လာတယ်။

"ကျုပ်တို့ကျင့်ကြံမှုကချို့တဲ့နေပေမဲ့ ကျုပ်တို့က အမတကျောင်းတော်ရဲ့ တပည့်တွေပါ၊ ကျောင်းတော်ထဲကလူတိုင်းမှာ ဒီလိုဆက်သွယ်ရေးတံဆိပ်ပြား ရှိကြတယ်၊ ဒါက ဆယ်မိုင်အတွင်းက ကျောင်းတော်တူတဲ့လူတွေရဲ့ နေရာကိုပြသနိုင်တယ်လေ၊ ကျုပ်တို့ တခြားကျောင်းတော်တွေက တပည့်တွေကို စောင့်ကြပ်နိုင်မှာ မဟုတ်ပေမဲ့ အမတကျောင်းတော်ကတပည့်တွေကို ရှောင်ဖို့တော့ ကူညီပေးနိုင်ပါသေးတယ်"

ဒီဆန်းကြယ်ဘုံအတွင်းမှာ အများစုက အမတကျောင်းတော်ကတပည့်တွေ။

"အို" ကူယွဲ့က နည်းနည်းစိတ်ဝင်စားလာပြီး သူ့လက်ထဲက ဆက်သွယ်ရေးတံဆိပ်ပြားကို ကြည့်လိုက်တယ်။

"မင်းပြောတာ မင်းကျောင်းတော်က တပည့်တွေအားလုံးကို ဆက်သွယ်နိုင်တယ်ပေါ့"

"အဲလိုပါပဲ" သူက ခေါင်းညိတ်တယ်။

"သိပြီ" ကူယွဲ့က ရုတ်တရက် စပ်ဖြီးဖြီးပြုံးကာ နွေဦးရောက်လာသလို နွေးထွေးမှုက သူ့ပတ်လည်မှာ လွင့်မျောနေသလိုပဲ။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းတဲ့အကွေးလေးအဖြစ် ကျုံ့သွားတယ်။

"စောနကမင်းပြောတာ... ရနံ့ငါးနီမကောင်းဆိုးဝါးက အရမ်းရှားတယ်ပေါ့"

လင်းဟုန်က ခဏအူကြောင်ကြောင်ဖြစ်သွားပြီး အလိုလိုခေါင်းညိတ်တယ်။ "ဟု... ဟုတ်" ဘာလို့ သူ့အပြုံးက အတော်လေး ထူးဆန်းတဲ့ပုံပေါ်တာပါလိမ့်။ ရုတ်တရက် သူ တစ်ခုခုကို ဆုံးရှုံးရတော့မယ်လို့ ခံစားနေရတယ်။

"လာ အသေးစိတ်ပြောပြပါဦး..." ကူယွဲ့အပြုံးက ပိုတောက်ပလာကာ သူ့ဆီ ငွေပုံကြီးတွေ လွင့်မျောလာသလိုမျိုး အနာဂတ်ကိုကြိုတင်မြင်နေတဲ့အတိုင်းပဲ။

ဘေးကဆရာနဲ့တပည့်...။

"ဆရာ၊ ဖေဖေနျိုက ဒီမှာစီးပွားရေးလုပ်ဖို့ စဉ်းစားနေတာဖြစ်နိုင်လား"

"တစ်ရာရာခိုင်နှုန်းပဲ"

"ဒါဆို သူ ကျွန်တော်တို့ ဒီကိုဘာလာလုပ်လဲ မေ့သွားပြီလား"

"ဟမ်၊ ငါတို့ ဒီကိုဘာလို့ဝင်လာတာလဲ"

ယိချင်း ။ ။ "..."

ပိုးကောင် ။ ။ "..."

****

ဆန်းကြယ်ဘုံအပြင်ဘက်က ကျောက်ပြား။

ကျောက်ပြားရဲ့ အောက်ခြေမှာရှိတဲ့ "အမတကျောင်းတော်အဖွဲ့၂၃" ဆိုတဲ့နာမည်က ရုတ်တရက် လင်းလာကာ အပေါ်ဆုံးထိ မြင့်တက်သွားပြီး နည်းနည်းပိုသေးတဲ့ "လေး" ဆိုတဲ့နံပါတ်တစ်ခုကလည်း အောက်မှာလင်းလာကာ အဲနောက်မှာတော့ "ဝူတိကျောင်းတော်" နဲ့ အောက်မှာက "နှစ်" ဆိုတဲ့ဂဏန်း။

ဒီအချိန် ဆန်းကြယ်ဘုံအပြင်က အားလုံးက ကျောင်းတော်အသီးသီးရဲ့ ဆရာတွေ။ ဒီကျောက်ပြားပေါ်က ပြောင်းလဲမှုတွေက လူတိုင်းကို အာရုံစိုက်စေကာ အားလုံးထိတ်လန့်ကုန်တယ်။

"ဟမ် အင်းကွက်အလံလေးခု" ဆရာတစ်ယောက်က ပြုံးကာ အမတကျောင်းတော်ကလူတွေကို ပြောတယ်။ "သူတို့တွေက ဆန်းကြယ်ဘုံထဲ ဝင်တာမကြာသေးတာကို တစ်နာရီအတွင်း ‌အင်းကွက်အလံလေးခု ရသွားပြီ၊ တကယ်ပဲ အမတကျောင်းတော်က တပည့်တွေအဖြစ် သက်သေပြနေတာပဲ"

"ခင်ဗျားက ကြင်နာလွန်းနေပါပြီ ဆရာလီ" အမတကျောင်းတော်က မဟူရာအမတက တစ်ချက်ကြည့်ကာ မှင်တက်သွားတယ်။

"ဖြစ်နိုင်တာ သူတို့ အင်းကွက်အလံလေးခုကို တွေ့သွားပြီး ကံကောင်းတာပါပဲ" သူက အပြုံးတစ်ပွင့်နဲ့ နှိမ့်ချစွာပြန်ဖြေကာ စိတ်အတွင်းထဲတော့ ထပ်တူထပ်မျှ အံ့အားသင့်နေတယ်။ သူက အင်းကွက်အလံလေးခုကို ပထမဆုံးရသူက အဖွဲ့၃ကတပည့်တွေဖြစ်မယ် မထင်ခဲ့ဘူး။

All Chapters