← Chapters

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း ၅၈၆ ။ ဒုတိယအဆင့်ပြိုင်ပွဲ

တစ်ခါတည်းကို လင်းဟုန်ရဲ့ ကူယွဲ့အပေါ်အကြည့်က တောက်ပနေပြီး ကူယွဲ့က အချိန်နဲ့အမျှ မယုံကြည်နိုင်စရာစွမ်းရည်တချို့ကို အမြဲဖော်ထုတ်ပြလာနိုင်တယ်လို့ သူ ဆက်တိုက်ခံစားနေရတယ်။

တစ်ဖက်မှာတော့ ကူယွဲ့က အနည်းငယ် ဒေါသထွက်နေတယ်။ သူက ကျောင်းတော်တစ်ခုလုံးကို ပတ်ပြီး အဲဝိညာဉ်အစေ့နေရာကို ရှာချင်နေပေမဲ့ ကံမကောင်းချင်တော့ သူက လက်ဗလာနဲ့ ပြန်လာရသေးတယ်။ သူက ဆုရဲ့ စစ်မှန်မှုကို သံသယဝင်စပြုလာတယ်။ ဝိညာဉ်အစေ့က တကယ်ပဲ ကျောင်းတော်ထဲမှာလား။

"လင်းဟုန်" သူက မနေနိုင်တော့ဘဲ အတည်ပြုဖို့အတွက် ပြောလိုက်တယ်။

"အယ် အာ" လင်းဟုန်က မတုံ့ပြန်နိုင်ခင် လိမ့်လိမ့်လည်းလည်းဖြစ်နေတယ်။ "ကျေးဇူးပြုပြီး ပြောပါ"

"ဒီပြိုင်ပွဲအတွက်ဆုက သက်တန့်ရောင် ဥတစ်လုံးလို့ကြားတယ်"

"အင်း" သူက ခဏစဉ်းစားပြီးတော့ ခေါင်းညိတ်တယ်။ "အဲလိုဖြစ်ပုံပဲ၊ ဒီဥက မသေမျိုးချီအပြည့်လို့ ပြောကြတယ်၊ တကယ်လို့ တစ်ယောက်ယောက်က ဒါကိုရသွားရင် လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်တယ်"

"အို ဒီလိုမှော်ဥရှိတယ်လား၊ မင်း အရင်ကမြင်ဖူးလား"

"မမြင်ဖူးပါဘူး" သူက ခေါင်းခါလိုက်တယ်။ "ဒါပေမဲ့ ဒီဥက ဆရာ မြောက်ပိုင်းဆီ တာဝန်တစ်ခုနဲ့သွားချိန် မီးတောက်တောင်တန်းဆီ သွားခဲ့ချိန် မတော်တဆရခဲ့တာပါ" သူ့အမူအရာက တစ်ခုခုကိုတွေးမိသွားချိန် မည်းမှောင်သွားခဲ့တယ်။ "ကျုပ်အစ်ကိုလည်း အဲချိန် သူ့ခြေထောက်တွေဒဏ်ရာရသွားခဲ့တာ"

"သိပြီ၊ ငါ အဲအကြောင်း ပြောမိလို့ စိတ်မကောင်းပါဘူး"

"ဟင့်အင်း ဟင့်အင်း ဟင့်အင်း" သူက ခေါင်းယမ်းကာ လုံးဝစိတ်ထဲမထား။ "ခင်ဗျားတို့ကျေးဇူးကြောင့် အစ်ကိုက ဆေးကိုသောက်ပြီး မကြာခင်ပြန်သက်သာလာတော့မှာ၊ ကျုပ်တို့ စိုးရိမ်စရာမလိုတော့ဘူး၊ စကားမစပ် အဲသက်တန့်ဥကိုသိချင်တယ်ဆိုရင် သုံးရက်အကြာ ပြိုင်ပွဲဒုတိယအဆင့်အတွင်း ဆရာတွေက ဆုကိုတရားဝင်ကြေညာလိမ့်မယ်၊ အဲကျ တစ်ချက်ကြည့်လို့ရ‌နိုင်လောက်တယ်"

"အိုး" ကူယွဲ့က ခဏတန့်သွားကာ သူ့မျက်စိထဲက တောက်ပမှုကို ဖုံးကွယ်ကာ ခေါင်းညိတ်ပြတယ်။ စိတ်အေးသွားပြီး သူချက်ချင်းစကားလမ်းကြောင်းပြကယ တခြားတစ်ခုအကြောင်းပြောတော့တယ်။ သူတို့ ဝိညာဉ်အစေ့ကို မြင်ရသရွေ့ သုံးရက်အကြာမှာ အဲဒါက သူတို့ ရှာနေတဲ့အရာဟုတ်မဟုတ် အတည်ပြုနိုင်တော့မယ်။

—————

သုံးရက်အကြာ။

ပြိုင်ပွဲဒုတိယအဆင့်။

မနက်စောစော ပထမအဆင့်အောင်မြင်သူ ပြိုင်ပွဲဝင်အားလုံးက အမဆကျောင်းတော်ဆီ ရောက်နေပြီ။ အရင်တစ်ကြိမ်က လူအုပ်ကြီးနဲ့ယှဉ်ရင် ခုလူပမာဏက ဆယ်ဆလောက်နည်းသွားတယ်။ စုစုပေါင်းမှ ပြိုင်ပွဲပထမအဆင့်အောင်မြင်သူ ၇၅ယောက်၊ ကျောင်းတော်အသီးသီးကဆရာတွေပေါင်းမှ အယောက်၂၀၀တောင်မပြည့်တာမို့ နည်းနည်းခြောက်ကပ်ကပ်နိုင်နေတယ်။

ဒီတစ်ကြိမ်တော့ ပြိုင်ပွဲက အပြင်မှာမဟုတ်တော့ဘဲ အမတကျောင်းတော်အတွင်းပိုင်းမှာ။ ကူယွဲ့တို့အုပ်စုက လင်းဟုန်တို့နဲ့ သွားတယ်ယ အရင်တစ်ခေါက် လျစ်လျူရှုခံရတာနဲ့ယှဉ်ရင် ဒီတစ်ကြိမ် သူတို့ဝင်လာတာနဲ့ လူပမာဏအတော်များများက အားတက်သရော လာနှုတ်ဆက်ကြတယ်။ သူတို့က အရင်တစ်ကြိမ်က ဖောက်သည်တွေဆိုတာ သိသာတယ်။ ကူယွဲ့ လူတိုင်းကိုအပြုံးတစ်ပွင့်နဲ့ တုံ့ပြန်ကာ ရံဖန်ရံခါ စကားစမြည်ပြောရင်း ခဏအတွက်း ပြိုင်ပွဲစည်းကမ်းတွေကို ကြေညာသံက အပေါ်က ထွက်လာတယ်။

အမတကျောင်းတော်ကဆရာတွေ စင်မြင့်ပေါ် ပေါ်လာတယ်။ ကူယွဲ့ ဝေ့ကြည့်လိုက်တော့ အရင်တစ်ကြိမ်က ဆရာယန်ကို မမြင်။ လင်းဟုန်မှန်တယ်။ သူတို့ တကယ်ပဲ ပြိုင်ပွဲဆုကိုကြေညာတော့မှာပဲ။ ထိပ်ဆုံးသုံးနေရာအတွက်က ဒုတိယနဲ့တတိယဆုက ထိပ်တန်းအဆင့်ဓမ္မလက်နက်ဖြစ်ကု ပထမအဆင့်ကတော့ တကယ်ပဲ သက်တမ့်ရောင်ဥကိုရမယ်။ ရောင်စုံဥကို ပြသတဲ့အချိန်မှာတင် ကူယွဲ့ မူလရင်းမြစ်ရဲ့ သိသာမြင်သာတဲ့ အကြွင်းအကျန်ကို ဝိုးတဝါး အာရုံခံမိတယ်။

"ရှန်းရင်" ကူယွဲ့က ဘေးကလူကို တံတောင်နဲ့တွတ်လိုက်တယ်။

"အာ အင်း... ထင်တာပဲ" ရှန်းရင်က တစ်ချက်ခေါင်းမော့ကြည့်ပြီး ဘေးကိုစောင်းသွားတယ်။

"အခု လှုပ်ရှားရတော့မလား" ယိချင်းက စိတ်ထဲကနေ စကားပြောလာတယ်။

မဆိုစလောက် မျက်မှောင်ကြုတ်ကာ သူတို့ဘေးက လင်းဟုန်တို့ကို လှည့်ကြည့်ပြီး ခဏနေတော့ ခေါင်းယမ်းလိုက်တယ်။ "ထားလိုက်တော့၊ ငါတို့ ဒါက ဝိညာဉ်အစေ့ဆိုတာ အတည်ပြုပြီးသလို နောက်တစ်ဆင့်လည်း ရောက်လာပြီဆိုတော့ ဆုကို မျှမျှတတ အနိုင်ယူရင်ရော၊ အချိန်နည်းနည်း ထပ်ဖြုန်းရမှာပဲ ရှိမှာ၊ မဆိုင်သူတွေကို ဆွဲထည့်စရာမလိုဘူး"

ဆရာတပည့်ကလည်း အကြည့်ချင်းဖလှယ်ကာ လင်းဟုန်တို့ကို လှမ်းကြည့်ပြီး ခေါင်းညိတ်တယ်။ အမှန်ပဲ သူမ အခုသာ လှုပ်ရှားရင် လင်းဟုန်တို့အုပ်စုကို ကျိန်းသေပေါက် သူတို့ကြံရာပါတွေအဖြစ် မှတ်ယူကြမှာ၊ ပြိုင်ပွဲကို အနိုင်ရပြီး ဆုကိုပွင့်ပွင့်လင်းလင်းယူတာ ပိုကောင်းတယ်။

စည်းကမ်းတွေကို အကျဉ်းချုံးပြောပြီးတဲ့နောက် ဖွင့်ပွဲကိုကြေညာတယ်။ ဒုတိယပွဲစဉ်က အတော်လေးတော့ ရိုးရှင်းတယ်။ လူတိုင်း ရှေ့က ဝင်္ကပါထဲဝင်ရမယ်။ ထွက်ပေါက်ကို ၆နာရီအတွင်း ရှာနိုင်သူတွေက နောက်တစ်ဆင့် တက်မယ်။

ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကိုသုံးပြီး ဝင်္ကပါကို စစ်ဆေးကာ အင်းကွက်မျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ ဝင်္ကပါဆိုတာနားလည်လိုက်ရတယ်။ အထဲကိုရောက်လေ ပိုရှုပ်ထွေးလာလေပဲ။ သူက တစ်ခဏတွေးပြီးတဲ့နောက် ဆက်သွယ်ရေး အဆောင်တချို့ထုတ်ကာ ကမ်းပေးလိုက်တယ်။ "ငါတို့ အထဲဝင်တာနဲ့ သေချာပေါက် အစွန်အဖျားက နေရာမျိုးစုံဆီ ပို့ခံရမှာပဲ၊ ဒါနဲ့ဆက်သွယ်ကြမယ်၊ တခြား ဘာမှမလုပ်ခင် ငါတို့ အရင်လူစုကြမယ်၊ အလောတကြီး မပြုမူကြနဲ့" အဲလိုနဲ့ သူက နောက်ပြန်လှည့်ကာ ရှန်းရင်ကိုကြည့်ရင်း ဖိပြောလိုက်တယ်။ "အထူးသဖြင့် မင်းပဲ"

"ဟမ်" ရှန်းရင်က အင်မတန်အပြစ်ကင်းသလိုလေး။

"ဟမ် ဘာကိုဟမ်တုံး၊ မင်းမှာ ဘယ်လောက်တောင် အတိတ်မည်းကြီး ရှိခဲ့လဲဆိုတာ မသိဘူးလား၊ ဒီဝင်္ကပါအင်းကွက်ရဲ့ ဗဟိုချက်က အလယ်တည့်တည့်မှာ ရှိလောက်တယ်၊ ငါတို့ဝင်ပြီးသွားရင် ခြေဦးတည်ရာ လျှောက်မသွားနဲ့၊ မင်းနေရာမှာတင်နေပြီး စောင့်နေ၊ ငါတို့စုပြီးမှ အင်းကွက်အလယ်ကို တူတူရွှေ့ကြမယ်၊ ဘယ်တော့မှ အလောတကြီး မပြုမူနဲ့'

"ကောင်းပြီ" ရပါတယ်၊ နင်က ဖေဖေပဲဟာ၊ ငါတို့နင့်ကိုနားထောင်မယ်။ သူမ အဆောင်ကိုယူလိုက်တယ်။

ဒီအချိန် ဝင်္ကပါတံခါးတွေ ပွင့်သွားပြီဖြစ်ကာ လေးယောက်သား အသက်ပြင်းပြင်းရှူရင်း အထဲလျှောက်ခဲ့ကြတယ်။ ချက်ချင်းဆိုသလို သူတို့မျက်စိရှေ့ အဖြူရောင်အလင်း ဖျတ်ခနဲ လင်းသွားတာမြင်လိုက်ရကာ နောက်အခိုက်အတန့်မှာ လုံးဝမတူညီတဲ့ မြင်ကွင်းတစ်ခုဆီ ရောက်လာခဲ့ကြတယ်။

ကူယွဲ့ ဟိုဟိုဒီဒီကြည့်တော့ စားဖိုမှူးရော ရှန်းရင်ပါ ပျောက်သွားပြီ။ သူတို့တကယ် မတူတဲ့နေရာတွေဆီ ပို့ခံလိုက်ရတာပဲ။ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးပြီးတဲ့နောက် သူက လက်ထဲက ဆက်သွယ်ရေးအဆောင်ကို အသက်သွင်းလိုက်တယ်။

"ငါက အနောက်ဘက်အခြမ်းက ဝင်ပေါက်ရဲ့ နယ်နိမိတ်စွန်းမှာ၊ မင်းတို့အားလုံး ဘယ်မှာလဲ‌၊ နေရာကို ပြောပြကြ"

"ကျွန်တော်က ညာဘက်အခြမ်းက နယ်နိမိတ်စွန်းမှာ" စားဖိုမှူးအသံထွက်လာတယ်။

"တောင်... တောင်ဘက်ခြမ်းမှာ ရှိတာထင်တယ်" ပိုးကောင်ကလည်း ဖြေတယ်။

"ရှန်းရင်ရော" သူမ ပြန်ဖြေသံကို အတော်ကြာမကြားတာကြောင့် ကူယွဲ့ တန်းခေါ်လိုက်တယ်။

"မင်းဘယ်မှာလဲ"

ခဏနေတော့ ဆက်သွယ်ရေးအဆောင်ကနေ အသံတစ်သံထွက်လာတယ်။ "ငါ..." ရှန်းရင် ဟိုဟိုဒီဒီ ကြည့်ပေမဲ့ လုံးဝမသိတာမို့ သူမဘေးကလူဘက်လှည့်လိုက်တယ်။ "အစ်ကိုကြီး ဒါ ဘယ်နေရာလဲ"

သူ့ဆန့်ကျင်ဘက်ကလူက အနည်းငယ် ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ ဖြေတယ်။ "အင်းကွက်ရဲ့ အလယ်ဗဟို"

"အိုး ကျေးဇူးပါ" ရှန်းရင်က ခေါင်းညိတ်ပြီး ပြန်ဖြေတယ်။ "ဖေဖေနျို ငါက အင်းကွက်အလယ်မှာ"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ပိုးကောင် ။ ။ "..."

သူမ တကယ်ပဲ ဘယ်လိုများ အဆုံးသတ်အမှတ်ဆီ တန်းပို့ဆောင်ခံလိုက်ရတာတုံး။

"ခဏစောင့်နေ ဘယ်မှာမသွားနဲ့" ဖေဖေနျိုက ညွှန်ကြားရင်း ဆက်သွယ်မှုကို အဆုံးသတ်လိုက်တယ်။

"ကောင်းပြီလေ" ရှန်းရင်က နောက်တော့ အဆောင်ကို သိမ်းလိုက်ပြီး တည်ငြိမ်စွာပဲ ထိုင်ချဖို့ ကျောက်တုံးတစ်တုံး ရှာကာ တည်တည်ငြိမ်ငြိမ် သူမ ကွာစိတွေကိုထုတ်ရင်း တကိုက်ကိုက်ဝါးရင်း ဘေးကလူကိုပါ တချို့ကမ်းပေးလိုက်သေးတယ်။

"နည်းနည်း လိုချင်လား"

အင်းကွက်ကို စောင့်ကြပ်နေသော ယန်လော့ ။ ။ "..."

ယန်လော့ရဲ့ ကျင့်ကြံမှုဆို သူက တကယ်တော့ အင်းကွက်ကို စောင့်ကြပ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လာစရာမလိုဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက အရည်အချင်းစစ်ပွဲမှာ အဖြစ်အပျက်က နည်းနည်းသူ့ကို ဇဝေဇဝါ ဖြစ်စေခဲ့သေးတယ်။ ရန်ချင်းစကားတွေကို ချင့်ချိန်ယုံသင့်တယ်ဆိုပေမဲ့ စိတ်အတွင်းထဲမှာတော့ သူ အဲဝူတိဂိုဏ်းနဲ့ ပတ်သက်ပြီး သံသယတချို့ရှိသေးတယ်။ အဲဒါကြောင့် သေသေချာချာ စုံစမ်းမယ်ဆိုတဲ့အတွေးနဲ့အတူ သူက နောက်ဆုံးမိနစ်မှာမှ စောင့်ကြပ်ရမဲ့ ဆရာနဲ့ လဲကာ အထဲဝင်လာခဲ့တာပဲ။

သူ ကူယွဲ့တို့တွေရဲ့ စွမ်းဆောင်ရည်တွေကို စမ်းသပ်ချင်စိတ်နဲ့ အင်းကွက်အလယ်ကို တကူးတကတောင်ရွေးချယ်ခဲ့တာ။ သူ့တွေးခေါ်မှုက သူတို့ တကယ်ပဲ တတ်နိုင်တယ်ဆိုရင် သူတို့ သေချာပေါက် ထိုးဖောက်လာပြီး ဒီကိုရောက်လာမှာပဲ။ အဲကျ သူ လှုပ်ရှားပြီး အင်းကွက်အစီအရင်တွေကို ပြောင်းကာ သူတို့ အရင်ပွဲမှာ ညစ်ခဲ့လား သူတို့စွမ်းဆောင်ရည်တွေကို စစ်ကြည့်တာနဲ့သိနိုင်ပြီ။‌ သေချာပေါက် သူတို့ အင်းကွက်အလယ်ဆီ ရောက်ဖို့ စွမ်းဆောင်ရည်တောင် မရှိရင်တော့ တခြားဘာမှတောင် ပြောဖို့မလိုတော့ဘူး။

…

အခန်း ၅၈၇ ။ အင်းကွက်ကို ချိုးဖျက်နိုင်စွမ်း

ယန်လော့က အစတည်းက အင်းကွက်အလယ်မှာ စောင့်နေခဲ့တာ။ သူ လူတစ်ယောက် ရောက်လာမှာကို အစောဆုံး မြင်ရမဲ့အချိန်က အနည်းဆုံးတော့ နောက်၂နာရီကြာလို့တော့ တွေးနေခဲ့တာ။ သူက အင်းကွယ်အလယ်ဆီ ပို့ဆောင်ခံရချိန် သူ့ဘေးမှာ လူတစ်ယောက် ချက်ချင်း ပေါ်လာတာကို မြင်ရမယ်မထင်ခဲ့ဘူး။ ပြီးတော့ သူမကို အနည်းငယ်ရင်းနှီးနေကာ ခပ်ရေးရေး သတိဝင်လာမှုအရ သူမက ဝူတိကျောင်းတော်က လေးယောက်ထဲကတစ်ယောက်နဲ့ တူတယ်လို့ ပြောနေတယ်။ သူမက ဝင်ပေါက်မှာ ရှိတဲ့ နေရာရွှေ့ပြောင်းအစီအရင်နဲ့ ဒီကိုပို့ခံလိုက်ရတဲ့ပုံပဲ။

ဝင်ပေါက်ရဲ့ ပစ်မှတ်နေရာက ကျပန်းဆိုတာ သူလည်းသိတယ်။ ဒါပေမဲ့ နေရာတွေက အများစုအားဖြင့် ဝင်္ကပါရဲ့အပြင်နယ်နိမိတ်အစပ်တွေပဲ။ ကံပိုကောင်းသူတွေက အလယ်ပိုင်းမှာရှိပေမဲ့ အဆုံးမှတ်ဆီ တန်းပို့ဆောင်ခံရတဲ့လူတော့ တစ်ယောက်မှမရှိဘူး တကယ်လို့ လူတိုင်း သူတို့ဝင်လာတာနဲ့ အဆုံးသတ်အမှတ်ကို ရောက်နိုင်နေရင် ပြိုင်ပွဲကဘာအတွက်ကျင်းပနေဦးမှာလဲ။

ယန်လော့က သူ အူကြောင်ကြောင်ဖြစ်နေတာ ဝန်ခံရမယ်။ ပိုပြီးတောင်ထူးဆန်းရတာက သူမက လှည့်ထွက်သွားရုံနဲ့ အင်းကွက်ထဲကနေ ထွက်သွားလို့ရပြီလေ။ ပြီးရင် ပြိုင်ပွဲဒုတိယအဆင့်ကို အောင်မြင်မဲ့ ပထမဆုံးလူဖြစ်လာမှာ။ သူက အင်းကွက်အစီအရင်ကို စောင့်ကြပ်နေတဲ့ဆရာဆိုပေမဲ့ စည်းမျဉ်းတွေအရ သူက ပတ်လည်က အင်းကွက်အစီအရင်တွေကို ညှိနှိုင်းရုံသာတတ်နိုင်ကာ တိုက်ရိုက် တိုက်ခိုက်လို့မရဘူး။ ပြီးတော့ သူမက အင်းကွက်အလယ်တည့်တည့်မှာ ရပ်နေတာမို့ ဆိုလိုတာ သူက သူမကို လုံးဝမတားဆီးနိုင်။

ဒါပေမဲ့ ထူးဆန်းတာက သူမက မထွက်သွားရုံတင်မက သူမက အင်မတန် တည်ငြိမ်စွာ ထိုင်... ထိုင်ချလိုက်သေးတယ် ပြီးတော့ သူမက ဒီမှာအချိန်အတော်ကြာ ဒီမှာနေဖို့ရည်ရွယ်ထားပုံပဲ။ နည်းနည်းလေးတောင် စိတ်ပူပန်နေပုံမပေါ်။ သူ အသိစိတ်ပြန်ဝင်လာချိန် သူက နှလုံးသားအင်းကွက် ကျောက်တုံးမှာ သူမနဲ့အတူထိုင်ရင်း ကွာစိကို ဝါးနေလေပြီ။

သူက မသိဘဲနဲ့တောင် သူ့သိုလှောင်အိတ်ထဲ နှစ်ပေါင်းများစွာ သိမ်းထားတဲ့ တန်ဖိုးရှိပြီး အရသာရှိတဲ့ လက်ဖက်ရည်နဲ့ အဆာပြေမုန့်တချို့ကို အလိုလိုထုတ်မိသွားပြီ။ "ဒါက ထိပ်တန်းအဆင့် လက်ဖက်ရည်ကောင်းပဲ၊ တစ်ခွက်သောက်ချင်လား"

"သေချာပေါက်ပေါ့" ရှန်းရင်က တည်တည်ငြိမ်ငြိမ် လက်ဖက်ရည်တစ်ခွက်ယူကာ တစ်ချိန်တည်းမှာတင် အဆာသွတ်မုန့်ပန်းကန်တချို့ ထုတ်လိုက်တယ်။ "အဆာသွတ်မုန့်တချို့ စားမလား၊ ငါ့စားဖိုမှူး လုပ်ပေးထားတာ၊ သူတို့က အရမ်းအရသာရှိတယ်"

"အင်း၊ ချိုမြပြီး အနံ့မွှေးတယ်၊ အမှန်ကို မဆိုးဘူး"

"နင်တချို့ စားလို့ရတယ်‌"

"ကျေးဇူးပါ"

"ရပါတယ်"

ခဏနေပါဦး

သူ ဘာလုပ်နေတာလဲ။ သူက မသိဘဲနဲ့တောင် ဘာလို့စားမိလိုက်တာလဲ သူ ဒီအခွင့်အရေးကို ယူပြီး ဒီဝူတိကျောင်းတော်ရဲ့ အသေးစိတ်တွေကို ညှစ်ထုတ်ကြည့်သင့်လား။ ဒါပေမဲ့... ဒီအဆာသွတ်မုန့်က တကယ်ကောင်းတယ် သူ တကယ်ကို မထိန်းထားနိုင်တော့ဘူး၊ ဘာလုပ်ရမလဲ။

ယန်လော့က အကြိမ်ရေတချို့ ခပ်ပြင်းပြင်းအသက်ရှူပြီး အိမ်ကနေ ထွက်သွားလုနီးပါး သူ့စိတ်ဆန္ဒကို ရှာတွေ့သွားတယ်။ သူ မနေနိုင်ဘဲ မေးလိုက်မိတော့တယ်။ "မိန်းကလေး ဘာလို့ အင်းကွက်ထဲက ထွက်မသွားတာလဲ" ထွက်သွားရင် နိုင်ပြီလေ နိုင်တာတောင် ပထမနေရာကနေ နိုင်မှာနော်။

"ဖေဖေနျိုနဲ့ စားဖိုမှူးက ငါ့ကိုလာကြိုမှာ စောင့်နေတာ" ရှန်းရင်က ဒါကသာ သဘာဝကျပြီး မှန်ကန်တဲ့ပုံစံလိုမျိုး ပြန်ဖြေတယ်။

"ဘာ" သူက ခဏ ဇဝေဇဝါဖြစ်သွားတယ်။ ဖေဖေနျိုက ဘယ်သူလဲ။ သူမက ကူယွဲ့ဆိုတဲ့လူနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား။

သူ ဆက်ပြီး မေးခွန်းထုတ်ဖို့ရှိသေး သူမက ရုတ်တရက် လှုပ်တာရပ်သွားကာ လက်ထဲက လက်ဖက်ရည်ခွက်ကို ချထားလိုက်တယ်။ "ဒီမှာ"

ဘာလဲ။ ဒီမှာ ဘာလဲ။

ယန်လော့က ကြောင်အမ်းသွားပြီး သူ မတုံ့ပြန်နိုင်ခင် သူ့ရှေ့က အင်းကွက်အစီအရင်က တုန်ခါသွားပြီး အင်းကွက်အစီအရင်အမျိုးမျိုးက ပတ်လည်မှာ လင်းလာတယ်။ နောက်တစ်စက္ကန့်အတွင်း သူ့ရှေ့ လူတချို့ ရောက်လာတယ်။ ဒါက သူ အရင်ရက်တွေတုန်းက တွေ့ခဲ့တဲ့ ကူယွဲ့နဲ့ နောက်ထပ်လူတစ်ယောက်။ ယိချင်းလို့ ခေါ်ပုံရတဲ့လူဆိုတာ သူမှတ်မိတယ်။ သူက လက်ထဲ အင်းဆက်တစ်ကောင်ပါ ကိုင်ထားသေးတယ်။

ဒါ... အင်းကွက်ချိုးဖျက်တဲ့ ဒီအရှိန်က အရမ်းကိုမြန်လွန်းတယ် သူ သူ့အဆာသွတ်မုန့်နှစ်ချပ်တောင် စားတာ မကုန်သေးဘူး

ခဏ၊ ဒါက အခု အဆာသွတ်မုန့်တွေအကြောင်း စဉ်းစားဖို့အချိန် မဟုတ်ဘူး။

"ဆရာ..." ယိချင်းက တစ်ခါတည်း နှလုံးသားအင်းကွက်ကျောက်တုံးပေါ်က လူကို သတိထားမိသွားကာ ချက်ချင်း စိတ်အေးသွားခဲ့တယ်။

"ဟေး စားဖိုမှူး" ရှန်းရင်က သူ့ကိုလက်တစ်ဖက်ဝှေ့ယမ်းကာ နှုတ်ဆက်ရင်း အဆာသွတ်မုန့်ကို ဝါးစားလိုက်တယ်။

"ဆရာယန်..." ကူယွဲ့က ရှန်းရင်ဘေးကလူကို ချက်ချင်းမှတ်မိသွားတယ်။ စောနက သူ့ကို အပြင်မှာ မမြင်ခဲ့တာ မဆန်းတော့ဘူး။ အင်းကွက်တွေကို စောင့်ကြပ်နေတဲ့လူက သူကိုး။

"ကူယွဲ့ ငါတို့ထပ်တွေ့ကြပြန်ပြီ" ယန်လော့က နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာကာ သူ့လက်ထဲက အဆာသွတ်မုန့်ကို သိမ်းလိုက်တယ်။သူ ဆရာ့ဂုဏ်ကို ချောင်းဟန့်ကာ အဖတ်ပြန်ဆယ်နိုင်တယ် ဆိုရုံလေးပဲ။

"ကြည့်ရတာ နှစ်ယောက်လုံးက အင်းကွက်အစီအရင်ရဲ့ အလယ်ဗဟိုကို ဒီလောက်မြန်မြန် ရှာနိုင်ပုံထောက်ရင် ဓမ္မတာအိုမှာ တကယ့်အဆင့်မြင့်တဲ့ပုံပဲ၊ ဒါပေမဲ့ ဒီအဆင့်ကိုတော့ ဖြတ်ကျော်ဖို့ မလွယ်ဘူး" အဲလိုပြောပြီး သူက နှစ်ဖက်လုံးရဲ့ အဆုံးသတ်တွေမှာ စည်းချိပ်တွေဖန်တီးပြီး အင်းကွက်ကြီးရဲ့အလယ်မှာ အင်းကွက်အစီအရင်အဆင့်အမျိုးမျိုးကို အသက်သွင်းလိုက်တယ်။ ချက်ချင်း အင်းကွက်အစီအရင်အထပ်ထပ်ဟာ သူတို့ပတ်လည်မှာ ပေါ်လာရင်း ပတ်ဝန်းကျင် အင်းကွက်အစီအရင်တွေက တောက်ပစွာ လင်းလာတယ်။

ကူယွဲ့ ဘာမှမပြောဘဲ တန်းပြီး ဝိညာဉ်ဓားတစ်ချောင်းကိုဆင့်ခေါ်လိုက်ပြီး သူကလှည့်ညွှန်ကြားတယ်။

"စားဖိုမှူး မင်းက ဘယ်ဘက်အခြမ်းမှာ အင်းကွက်အစီအရင်တွေအတွက် တာဝန်ယူ၊ ငါက ညာဘက်သွားမယ်၊ စားဖိုမှူး... မင်း ရှိတဲ့နေရာမှာတင် ဆောင့်ကြောင့်ထိုင်ပြီး မလှုပ်နဲ့"

"ကောင်းပါပြီ" ပိုးကောင်က လိမ္မာစွာ ဆောင့်ကြောင့်ထိုင်လိုက်တယ်။

နောက်အခိုက်အတန့်မှာ နှစ်ယောက်သား တစ်ချိန်တည်းမှာတင် ပျံသန်းထွက်လာပြီး အမြန်ဆုံးအရှိန်နဲ့ အင်းကွက်အစီအရင်တွေရဲ့ ပတ်ပတ်လည်ကအလွှာတွေကတစ်ဆင့် စတင် ချိုးဖျက်တော့တယ်။ အင်းကွက်အစီအရင်ရဲ့အလယ်က ဝင်္ကပါထဲ အင်းကွက်အစီအရင်တွေ အများဆုံးနေရာပဲ။ ယန်လော့ စောနက တကူးတက ပြင်ဆင်ထားတဲ့ဟာတချို့ ထပ်ပေါင်းလိုက်ရင် သူတို့ပတ်လည်မှာ အင်းကွက်အစီအရင် အဆင့်တချို့ရှိနေပြီး တစ်ခုစီမှာ သက်ရောက်မှုနဲ့ ပင်ကိုယ်စွမ်းရည်ရှိနေတယ်။

ဒါပေမဲ့ နှစ်ယောက်အတွက်တော့ သူတို့က တောင့်ခံမှုမရှိတဲ့ အင်းကွက်ထဲ ဝင်လာခဲ့သလိုမျိုး အကြည့်တစ်ချက်နဲ့ သူတို့က အင်းကွက်အစီအရင်ရဲ့ အားနည်းချက်ကို ရှာတွေ့နိုင်ကာ ချက်ချင်း ချိုးဖျက်ပစ်တယ်။ ဒီလိုလုပ်ဖို့ အသက်တစ်ရှိုက်စာတောင် မကြာဘဲ သူတို့အရှိန်က မြန်လွန်းလို့ ယန်လော့တောင် ငိုင်တွေသွားတယ်။ အင်းကွက်အစီအရင်ကို အပြည့်အဝနားလည်မှုမဲ့ဆို လူတစ်ယောက်က အရမ်းကိုလွယ်လွယ်ကူကူနဲ့ ချိုးဖျက်နိုင်တယ်။ အဲအပြင် အင်းကွက် အစီအရင်တွေထဲက ဘယ်တိုက်ခိုက်မှုကမှ သူတို့ကို မထိမှန်ဘဲ သူတို့ပုံသဏ္ဍာန်တွေက အရိပ်တွေလို မြန်ဆန်စွာလှုပ်ရှားနေတယ်။

ယန်လော့တောင် မနေနိုင်ဘဲ ချီးကျူးချင်သွားတယ်။ ကောင်းတယ် ချက်ချင်း သူတို့အပေါ် သူ့သံသယတွေက လုံးဝ ဆေးကြောပစ်ခံလိုက်ရပြီ။ သူက နည်းနည်းတောင် နှမြောသွားတယ်။ ဒီလိုတော်လိုက်တဲ့ အရည်အချင်းတွေနဲ့ သူတို့က ဘာလို့အမတကျောင်းတော်ရဲ့ တပည့်တွေ ဘာလို့ မဖြစ်ရတာလဲ။ သူက သူကိုယ်တိုင်က အင်းကွက်ကျင့်ကြံသူဖြစ်ပြီး အင်းကွက်တွေကို အဲလောက် ကျွမ်းကျွမ်းကျင်ကျင် ချိုးဖျက်တာကိုမြင်တော့ သူတို့နဲ့လက်ရည်စမ်းကာ သူတို့အကန့်အသတ်တွေကိုစမ်းသပ်ချင်တဲ့အတွေးတွေက ဗလုံစီလာခဲ့တယ်။

နှစ်ယောက်သား ဖောက်ဝင်လာတော့မှာကို ကြည့်နေရင်း ယန်လော့က ဆက်မထိန်းနိုင်တော့ဘဲ အင်းကွက်ကာကွယ်ရေးသားရဲတွေကို အသက်သွင်းလိုက်တယ်။ တစ်ခါတည်း ဆယ်ပေကျော်တဲ့ မီးနံရံတွေက လင်းလာပြီး ပတ်ဝန်းကျင်တွေက ခြစ်ခြစ်တောက်ပူနေတဲ့အပူချိန်နဲ့အတူ ရဲရဲတောက်အနီရောင်အဖြစ် ပတ်ဝန်းကျင်ကိုပြောင်းလဲလိုက်လေတယ်။

ထိုင်နေတဲ့ ရှန်းရင်က ရုတ်တရက် သူမအောက်က ကျောက်တုံးလှုပ်သွားတာ ရုတ်တရက် ခံစားလိုက်ရကာ အပေါ်ကို လွင့်တက်လာတယ်။ သူမခြေထောက်အောက်က အရာအားလုံး တစ်လမစီ ပြိုလဲကျလာကာ တွင်းပေါက်ကြီးဖြစ်လာပြီး အထဲက တောက်လောင်နေတဲ့ မီးတောက်တွေက ပိုတောင်ပြင်းထန်လှရင်း ကျီးအာသံပါထွက်လာတယ်။

ခြေထောက်သုံးချောင်း မီးငှက်က အပေါက်ထဲက ပျံတက်လာပြီး တစ်ကိုယ်လုံး မီးတောက်တွေနဲ့ ထိန်လင်းနေတယ်။ သူက ပြေးတက်လာကာ လေထဲဝိုင်းပတ်နေပြီး ကောင်းကင်တစ်ခုလုံး ချက်ချင်း တောက်လောင်နေသလိုမျိုး ပုံရိပ်ကို ဖန်တီးနေတယ်။ အဲငှက်ကြီးက ပတ်ဝိုင်းနေကာ ယန်လော့နဲ့ ရှန်းရင်ဘက် လာပြီး သူတို့ခြေထောက်အောက်က နှလုံးသားအင်းကွက်ကျောက်တုံးကလည်း ငှက်ကျောပေါ် ခပ်ဖွဖွဆင်းသက်သွားခဲ့တယ်။

အဲဒီခြေထောက်သုံးချောင်းငှက်က နောက်ထပ်အော်ကာ မီးတောက်က အရာအားလုံးကို ဝါးမျိုသွားတော့မလို ပိုတောင်မြင့်တက်လာတယ်။

ကူယွဲ့ရော ယိချင်းပါ ခဏမှင်တက်သွားကြတယ်။ သူတို့ ဒီမှာ ဒီလိုအင်းကွက်စောင့်ကြပ်သားရဲ ရှိနေမယ် မထင်ခဲ့ဘူး။ သူတို့အမူအရာတွေက နောက်ဆုံးအင်းကွက်အစီအရင်ကိုဖြည်ရင်း မည်းနက်သွားတယ်။ ဒီအခိုက်အတန့်မှာတော့ ပတ်လည်က အင်းကွက်အစီအရင်တွေအားလုံး ပျောက်သွားပြီဖြစ်ကာ ယန်လော့ဘေးက တချို့ပဲကျန်ခဲ့တယ်။

"ဆရာ..." ယိချင်းက နှလုံးသားအင်းကွက်ကျောက်တုံးပေါ်ကလူကို စိုးရိမ်မှုအနည်းငယ်နဲ့ လှမ်းကြည့်မိလိုက်တယ်။

ရှန်းရင် ပြန်မဖြေရသေးဘဲ ယန်လော့က အံ့ဩသွားခဲ့ကာ သူမဘေး စားစရာပုံရှိနေဆဲ မိန်းကလေးကို ငုံ့ကြည့်လိုက်တယ်။ ဆရာလား။

ဒီမိန်းကလေးက တကယ်ပဲအဲလူရဲ့ဆရာပေါ့။ ဘာလို့ဒီကျောင်းတော်က ပြိုင်ဖို့ သူတို့ဆရာတွေကိုပါ လွှတ်ရတာလဲ။

အောက်က ဒီလူနှစ်ယောက်က အင်းကွက်တွေကို ချိုးဖျက်တဲ့အရှိန်ကို ထိန်းထားသေးတာ ပြောနိုင်တယ်။ သူတောင် သူတို့နဲ့ လက်ရည်ယှဉ်ဖို့ စိတ်လှုပ်ရှားလာတာ။ အဲဒါကြောင့် ပြိုင်ပွဲထဲမပါတဲ့ အင်းကွက်စောင့်ရှောက်တဲ့သားရဲကို ဆင့်ခေါ်ခဲ့တာပဲ။ အစကတော့ သူတို့အားကုန်ထုတ်မသုံးမှာ စိုးရိမ်နေခဲ့တာ ခုတော့...။

သူ့မျက်လုံးတွေ မှေးသွားပြီး အကြံတစ်ခု သူ့စိတ်ထဲ ချက်ချင်းပေါ်လာကာ တန်းပြောလိုက်တယ်။

"မင်းတို့နှစ်ယောက်လုံး တကယ့်ကို ပြောင်မြောက်ထူးချွန်တဲ့ အရည်အချင်းရှိသူတွေဖြစ်ပြီး အင်းကွက်အစီအရင်တွေမှာ ကျွမ်းကျွမ်းဝင်ဝင် ရှိသားပဲ၊ ဒါပေမဲ့ ငါ့အဆင့်ကိုဖြတ်ဖို့ဆို မင်းတို့ရဲ့ အရည်အချင်းအစစ်တွေကို ထုတ်သုံးဖို့လိုသေးတယ်၊ မဟုတ်ရင်တော့..." သုက တမင် ရှန်းရင်ကို လှမ်းကြည့်တယ်။ "ဒီအမျိုးသမီး ဘာမှမဖြစ်ဘူးလို့ ငါအာမခံနိုင်မှာ မဟုတ်ဘူး" သူ့စကားလုံးတွေထဲက ခြိမ်းခြောက်မှုက ထင်ရှားနေလေရဲ့။

…

အခန်း ၅၈၈ ။ စားဖိုမှူးကို ရန်မစနဲ့

"မင်း ဘာပြောလိုက်တယ်" စားဖိုမှူးရဲ့ မျက်နှာက မည်းနက်သွားတယ်။ သူ့တစ်ကိုယ်လုံးက တစ်ခုခု ပေါက်ကွဲထွက်တော့မလိုပဲ။

ဒါပေမဲ့ ယန်လော့က အဲဒါကို သတိမထားမိဘဲ အဲအစား သူ့ဘေးက ရှန်းရင်ဆီ စိတ်ထဲကနေ လှမ်းစကားပြောလိုက်တယ်။ "မိန်းကလေး ကျုပ်နဲ့ ခဏပူးပေါင်းပါ"

"ဟမ်" ရှန်းရင်က အူကြောင်ကြောင်ဖြစ်ပြီး ရုတ်တရက် ခေါင်းမော့ကာ ထူးခြားတဲ့အကြည့်တစ်ခု ပေးလာတယ်။ "အစ်ကိုကြီး၊ နင်က မီးနဲ့ကစားနေတာပဲ၊ အဲဒါကိုသိရဲ့လား"

"..." သောက်ကျိုးနည်း ဒီလေသံနဲ့ နိုင်ထက်စီးနင်း စီအီးအိုအတွက် တကူးတက ရည်ရွယ်ထားတဲ့စကားတွေက ဘာတုန်းဟ။

ယန်လော့က ခဏတုံ့ဆိုင်းသွားပေမဲ့ ရှန်းရင်ကို လှမ်းဆွဲလိုက်သေးကာ ပြန်လှည့်ပြီး စိတ်လှုပ်ရှားမှုတချို့နဲ့ဆက်ပြောတယ်။ "မင်းတို့နှစ်ယောက်လုံး ဒီမိန်းကလေးကို ကယ်ချင်ရင် အကောင်းဆုံးလုပ်ကြ၊ မဟုတ်ရင်... ဟမ် ဟင်"

သူ စကားမဆုံးခင် ရုတ်တရက် ကြီးမားတဲ့ ဓားချီက သူ့ပေါ်ကနေ ပိကျလာတာကို ခံစားလိုက်ရတယ်။ ရွှေရောင်ဓားကြီးတစ်ခုက ချက်ချင်း သူ့ခေါင်းပေါ် ပေါ်လာပြီး ရိုက်ချတော့မဲ့ပုံ။ ခဏတာ သူ့ချီက အထဲကနေ အလိမ့်လိုက်တက်လာတာကို ခံစားရတယ်။ သူ့ဘေးက အင်းကွက်အစီအရင်တွေက ချက်ချင်း အပိုင်းပိုင်းဖြစ်သွားကာ ‌သတ်ဖြတ်လိုစိတ်အပြည့် ကောင်းကင်တစ်ခု အပြေးအလွှား ရောက်လာပြီး ခြေထောက်သုံးချောင်းငှက်တောင် မခံနိုင်တော့ဘဲ လေထဲကနေပြုတ်ကျသွားခဲ့တယ်။

ယန်လော့ရဲ့တစ်ကိုယ်လုံး စိုးထိတ်သွားတယ်။ ဒီရုတ်တရက်ဓားချီနဲ့ သတ်ဖြတ်လိုစိတ်ကို တောင့်ခံဖို့ မပြောနဲ့ဦး၊ သူ မျက်လုံးတောင် မဖွင့်နိုင်။ အကန့်အသတ်မရှိတဲ့အကြောက်တရားက သူ့ကိုယ်တစ်လျှောက် ပျံ့သွားကာ တစ်လုံးပဲသူ့စိတ်ထဲပြည့်နေတယ် : သေမင်း။ သူ မျက်လုံးပြူးရုံသာ တတ်နိုင်ကာ သူ့ခေါင်းပေါ်က ဓားကြီးက သူ့ဆီလွှဲလာပြီး ထိမှန်တော့မယ်ဆိုတာကို ကြည့်နေရတယ်။

"စားဖိုမှူး" အသံတစ်သံက ရုတ်တရက် သူ့ဘေးကပေါ်လာတယ်။

ဓားက ချက်ချင်း ရပ်သွားပြီး သူ့ခေါင်းနဲ့ လက်မဝက်အကွာမှာ ရပ်သွားကာ ဖြည်းဖြည်းချင်း အလင်းစက်လေးတွေအဖြစ် အရည်ပျော်သွားပြီး ပျောက်ကွယ်သွားလေတယ်။ နောက်တစ်စက္ကန့်မှာတော့ တစ်ဖက်လူရဲ့ ရေခဲလို အေးစက်တဲ့အသံက သူ့ဘေးပေါ်လာတယ်။

"ကျုပ်ဆရာကို မထိနဲ့" ယိချင်း ဘယ်ချိန်ကလဲ မသေချာပေမဲ့ အင်းကွက်ကျောက်တုံးပေါ် ပေါ်လာပြီး သူ့ဘေးကလူကို လက်တစ်ဖက်နဲ့ ဖက်ထားရင်း သတ်ဖြတ်လိုစွာ စိုက်ကြည့်လာတယ်။

ရှန်းရင်လည်း လက်လှမ်းကာ သူ့ပခုံးကိုပုတ်တယ်။ "အဲဒါကြောင့် ငါ နင့်ကို မီးနဲ့ မဆော့ဖို့ပြောတာ"

ယန်လော့ ။ ။ "..."

သူ့ခြေထောက်တွေ ပျော့ခွေကာ မြေကြီးပေါ် ပလုံခနဲကျသွားပြီး ချွေးစေးတွေ နဖူးကစီးကျလာပြီး နောက်ကျမှ တစ်စုံတစ်ခုကို နားလည်သွားခဲ့တယ်။

"အစားသရဲ မင်းအဆင်ပြေရဲ့လား" ကူယွဲ့လည်း ပျံသန်းလာတယ်။

"အင်း" ရှန်းရင်က ခေါင်းညိတ်ကာ သူမခြေထောက်အောက်က ခြေထောက်သုံး‌ချောင်းငှက်ကို လှည့်ကြည့်တယ်။ "ဒါက... စားလို့ရတယ်များ ထင်နေလား"

ကူယွဲ့ နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ တကယ်ပဲ သူမကို စိုးရိမ်ဖို့မလိုတာပဲ။ ဒီအချိန်မှာတောင် သူမက စားသောက်ဖို့ကို စဉ်းစားနေသေးတယ်ပေါ့။

သူမဘေးက စားဖိုမှူးကတော့ အလိုလို ဓားတစ်ချောင်းဆွဲထုတ်တယ်။

"စမ်းကြည့်ရင် သိရမှာပေါ့"

အဲလိုပြောပြီး လက်တစ်ဖက်က ဓားတစ်ချောင်း၊ တခြားတစ်ဖက်က ရှန်းရင်ကိုဖက်ထားရင်း ခုန်ချပြီး အစောင့်သားရဲအင်းကွက်ဆီ ဦးတည်သွားတော့တယ်။ သူ့ကိုယ်ပိုင်ကံကြမ္မာကို အာရုံခံမိသလိုမျိုး ငှက်က အသည်းအသန် အာတော့တယ်။ ဒါပေမဲ့ ဓားချီနဲ့ ဖိနှိပ်ခံထားရပြီး လုံးဝလှုပ်ရှားမရတာမို့ သူ့အသက်ကို ဓားဆီ ပေးရတော့မဲ့ဆဲဆဲ။

"ခဏ"

အသံနှစ်သံက တစ်ချိန်တည်းမှာတင် ထွက်လာတယ်။

"ငှက်ကို ချမ်းသာပေးပါ" ယန်လော့က နောက်ကျမှ တုံ့ပြန်တယ်။

အောက်မှာတော့ ပိုးကောင်ကလည်း ယိချင်းခြေထောက်ပေါ် ဖက်တွယ်လာတယ်။ "ကြီးမြတ်တဲ့အမတ၊ ခင်ဗျား ဒါကိုသတ်လို့မဖြစ်ပါဘူး"

"ဘာလို့လဲ" ဆရာတပည့်က ပြိုင်တူမေးခွန်းထုတ်တယ်။

"အာ" ယန်လော့က တန့်သွားတယ်။ "ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ ဒါက အင်းကွက်ကာကွယ်တဲ့ သားရဲမို့ပါ"

ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ "ဒါအဆိပ်ရှိတာလား"

"..." မရှိဘူး ဒါပေမဲ့ မင်းတို့ကတော့ ရှိတယ် ဘယ်သူက အင်းကွက်စောင့်သားရဲကို သတ်ချင်မှာလဲ။

ပိုးကောင်က အကြံတစ်ခုရသွားပြီး အမြန်ပြောလိုက်တယ်။ "ကြီးမြတ်တဲ့အမတ ခြေထောက်သုံးချောင်းမီးငှက်က ယန်မြို့ရဲ့ ကာကွယ်သူသားရဲပါ၊ ဒီတစ်ကောင်တည်း ရှိတာမို့ သတ်လို့ မရပါဘူး"

"အိုး" ရှန်းရင်က စားဖိုမှူးကို ပြန်ခေါ်လိုက်တယ်။ ကာကွယ်ရတဲ့တိရစ္ဆာန် ဖြစ်နေတာကိုး။ ဒါဆိုလည်း ဘာမှလုပ်မရနိုင်ဘူးပေါ့။ သူမက လှည့်ကာ မြေကြီးပေါ်ကငှက်ကို စိတ်ပျက်လက်ပျက်ကြည့်တယ်။

မီးငှက်က သူမအကြည့်အောက် တစ်ကိုယ်လုံး ချက်ချင်း တုန်ယင်သွားတယ်။ ဓားချီက သူ့ကိုယ်ပေါ်ကနေ မတင်သွားချိန် ချက်ချင်းစူးရှစွာ အော်မြည်ပြီး မြေကြီးပေါ်က မီးအပေါက်ထဲ တုန်ယင်စွာနဲ့ ပြန်တွားသွားဝင်တော့တယ်။ မဝင်ခင်မှာတင် သူ့လက်သည်းတစ်ဖက်က ‌နှလုံးအင်းကွက်ကျောက်တုံးပေါ် ဆုပ်ကိုင်ပြီး နဂိုနေရာပေါ် ခိုင်မာစွာပြန်ထားကာ ဘယ်တုန်းကမှ ထွက်မလာခဲ့သလို ဟန်ဆောင်နေတော့တယ်။

ယန်လော့ ။ ။ "..."

ကူယွဲ့ ။ ။ "..."

ပိုးကောင် ။ ။ "..."

ငှက်တွေတောင် အခုဆို အကြံစည်ကြီးတတ်လာတော့မယ်ထင်တယ်။

"ခင်ဗျားတို့အားလုံး..." ယန်လော့က နောက်တော့ ရှိနေတဲ့လူတွေကိုဝေ့ဝဲကြည့်ကာ စောနက ကြောက်ခမန်းလိလိ ဓားချီကိုပြန်သတိရပြီး သူ့ကိုယ်ကတုန်ယင်သွားခဲ့တယ်။ သူ ရုတ်တရက် စောနက သူတို့အင်းကွက်တွေကို ချိုးဖျက်ချိန် ဘာကြောင့် သူတို့စွမ်းရည်တွေကို ဖုံးကွယ်ထားချင်ရလဲ ရုတ်တရက် နားလည်သွားပြီ။ ဒီလိုခွန်အားနဲ့ဆို သူ မပြောနဲ့ ဟင်းလင်းပြင်ရဲ့ အဆုံးသတ်တစ်ခုလုံးမှာ ပြိုင်ဘက်ရှာတွေ့ဖို့ခက်လောက်တယ်။ ခဏလောက် သူကပိုပြီးတောင် ဇဝေဇဝါဖြစ်လာတယ်။

"အကြီးအကဲတို့၊ ခင်ဗျားတို့အားလုံးက ဒီလောက်တောင် စွမ်းဆောင်ရည်ရှိတာ...၊ ဘာကြောင့် ပြိုင်ပွဲထဲ ဝင်ပြိုင်ဖို့ ရွေးချယ်ရသေးတာလဲ"

"ဘာလို့လဲ၊ ပြိုင်ပွဲဝင်ခွင့် မရှိဘူးလား" ကူယွဲ့ ပြန်မေးခွန်းထုတ်လိုက်တယ်။

ယန်လော့က တောင့်ခဲသွားတယ်။ "အယ်၊ မရတာ မဟုတ်ပါဘူး၊ ဒီတိုင်း... ဒီပြိုင်ပွဲက ကျောင်းတော်အသီးသီးက တပည့်တွေအတွက်လေ"

"ကျုပ်တို့လည်း တပည့်တွေလေ"

"..." ဘယ်သူ့ကို လာလိမ်နေတာတုံး။ မင်းတို့အဆင့်တွေနဲ့ ကျင့်ကြံရေးတပည့်တွေရှိလို့လား။

"ဆရာယန်၊ တပည့်တွေက မြင့်မားတဲ့ကျင့်ကြံဆင့်မရှိရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ" မင်းနဲ့ မင်းစီမံရေးအဖွဲ့က ဝင်ပြိုင်ဖို့ကျင့်ကြံဆင့်ကို မကန့်သတ်ထားတာ၊ ငါ့အမှားလား။

"..." အရမ်းကို ကျိုးကြောင်းဆီလျော်နေသလိုပဲ။ ယန်လော့က မျက်မှောင်ကြုတ်တယ်။ ဒီတော့ ဒီလို ‌ရန်စတဲ့ လှည့်စားမှုတွေ ရှိသေးတယ်ပေါ့။ ဒါက ကျောင်းတော်တွေကြားက ပြိုင်ပွဲမှုလို့ အစက‌ဆို‌ထားတာမို့ တကယ်ပဲ ကျင့်ကြံဆင့်ကို ကန့်သတ်မထားခဲ့ဘူး။ သူတို့ ဒါက တပည့်တွေအတွက် ဒါမှမဟုတ် ဆရာတွေအတွက်လို့ မပြောလေ လူတိုင်းက ဒါက တပည့်တွေအတွက်လို့ပဲသာ ရိုးရိုးရှင်းရှင်း သတ်မှတ်ခဲ့ကြတယ်။

ကူယွဲ့ ပေါ်သွားပြီဆိုတာ သိလို့ ဝန်ခံဖို့ဆုံးဖြတ်လိုက်တယ်။ "ကျုပ်တို့က ဒီနေရာကနေ ဖြတ်သွားပြီး ဒီပြိုင်ပွဲက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိရုံပါ၊ ဒါကြောင့် ကျုပ်တို့ အပျော်လေးဘာလေး ရှာဖို့ ဝင်လျှောက်ခဲ့တာ"

"..." ကလေးတစ်သိုက်ကို အနိုင်ကျင့်တာက အဲလောက်တောင် စိတ်ဝင်စားစရာကောင်းတယ်လား။ သူ တကယ်ပြောချင်မိတယ်၊ အရှက်မဲ့လိုက်တာ ဒါပေမဲ့ သူက ပြိုင်ဘက်မဟုတ်တာမို့ တကယ်ပဲ မလုပ်ရဲဘူး

အခု သူ ပြန်စဉ်းစားကြည့်တော့ ရန်ချင်းအရင်က ပြောခဲ့သမျှအားလုံးက ဖြစ်နိုင်တယ်။ ဒီလူတွေက သူတို့ဆန်းကြယ်ဘုံထဲဝင်လာကာ သူတို့သိမ်းထားတဲ့ မကောင်းဆိုး‌ဝါးတွေကို ဖမ်းပြီး ပြိုင်ပွဲထဲ ဝင်ပြိုင်နေတဲ့ သူတို့တပည့်တွေကိုပါ ရောင်းချခဲ့သေးတယ်...။ စောနကဆို သူတို့ရဲ့ အင်းကွက်စောင့်သားရဲကိုပါ ဖမ်းတော့မလို့။

မင်းတို့အားလုံးရဲ့အသိစိတ်တွေ မထိခိုက်ဘူးလား။

ယန်လော့ နှလုံးသား အောင့်သွားတယ်။

သူတို့ နောက်ပိုင်း ဒီလိုပြိုင်ပွဲတွေကျင်းပရင် သေချာပေါက် ပြိုင်ပွဲဝင်တွေရဲ့ကျင့်ကြံဆင့်ကို ကန့်သတ်မှဖြစ်တော့မယ်။

————

ရှန်းရင်တို့အုပ်စုက ပြိုင်ပွဲဒုတိယအဆင့်ကို ပထမဆုံး အနိုင်ရသူတွေဖြစ်လာခဲ့တယ်။ အဲအပြင် လေးယောက်လုံးက တစ်ပြိုင်နက်ထွက်လာတာ။ သူတို့ ဝင်္ကပါထဲ ဝင်လာတဲ့အချိန်တည်းက တစ်နာရီတောင်မကြာ။ ဒါထက်ပိုမြန်တဲ့ မှတ်တမ်း ဘယ်တုန်းကမှမရှိခဲ့ဘူး။ ဒါပေမဲ့ ဒါထက် ပိုအံ့ဩစရာကောင်းတာ‌က သူ့တို့နောက်ကနေလိုက်လာတာက လူတွေက ဝင်္ကပါထဲကထွက်လာပြီး အားလုံးက အင်းကွက်အစီအရင်တွေတစ်ခုမှ မကြုံခဲ့ရသလိုမျိုး ခြစ်ရာမရှိ ထွက်လာကြတယ်။

နဂိုက ခန့်မှန်းထားတဲ့ပြိုင်ပွဲကြာချိန်က ခြောက်နာရီဖြစ်ပေမဲ့ လေးနာရီအတွင်းမှာတင် လူတိုင်းနီးပါးက ထွက်လာပြီ။ ပြိုင်ပွဲပြီးချိန် ပြိုင်ပွဲဝင်၇၅ယောက်မှာ ၇၀ယောက်က အောင်မြင်သွားပြီး မရောက်လာသူ ဒါမှမဟုတ် ဒဏ်ရာတွေကြောင့် အစောပိုင်းတည်းက အပြင်ကိုပို့ဆောင်ခံထားရသူ ငါးယောက်သာကျန်ခဲ့တယ်။

အမတကျောင်းတော်ကလူတိုင်း အူကြောင်ကြောင်ဖြစ်သွားကာ ဒါက သူတို့ခန့်မှန်းထားတဲ့ပုံနဲ့ ကွဲပြားနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အကြိုဗိုလ်လုပွဲမတိုင်ခင်ပွဲဖြစ်ကာ အရည်အချင်းစစ်ပွဲတွေထက် ပိုခက်ရမှာလေ။ နဂိုအစီအစဉ်အရဆို လူ၁၅ယောက် အောင်မြင်ရင်တောင် ကောင်းနေပြီ။ ဒါပေမဲ့ ပြိုင်ပွဲဝင် ၉၀ရာခိုင်နှုန်းက အကြိုဗိုလ်လုပွဲအဆင့်ဆီ ရောက်ကုန်တယ်။ ဒါဘယ်လိုအခြေအနေလဲ။

လူအုပ်ထဲ ယန်လော့ပဲ အခြေအနေကို သိတယ်။ ဒါတွေအားလုံးက ကျင့်ကြံဆင့်နိမ့်တဲ့တပည့်တွေလို့ ဟန်ဆောင်ခဲ့တဲ့ လူနှစ်ယောက်ကြောင့်ပဲ။ အင်းကွက်အစောင့်သားရဲတောင် ကြောက်လန့်သွားပြီး ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာကျန်ခဲ့တယ်။ သူက သူတို့ထွက်သွားပြီးတာတောင် ထွက်လာဖို့ တန်းငြင်းကာ ဝင်္ကပါထဲက အင်းကွက်အစီအရင်တွေကို အသက်မဝင် ဖြစ်စေခဲ့တယ်။ ဒါကြောင့် နောက်ဆက်တွဲကတော့ ဝင်္ကပါလို့ဆိုတဲ့အရာက ဝင်္ကပါက ထွက်သွားမှတော့ လူတိုင်း အပြင်လျှောက်ထွက်မလာနိုင်ဘဲ နေမလား။

ယန်လော့ရင်ထဲနာကျင်နေပေမဲ့ ယန်လော့ ထုတ်မပြောနိုင်ခဲ့။

All Chapters