အခန်း (၅၉၂-၅၉၄)
Vol. 40 Ch. 592-594
အခန်း ၅၉၂ ။ သက်သေရှာခြင်း
ကူယွဲ့ ဆွံ့အသွားကာ စောနက ဘုရင်မအတုကို တွေ့ခဲ့ရသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူက အဖတ်လုပ်ဖို့ ပျင်းရိလွန်းသွားကာ ရှန်းရင်ဆီ တည့်တည့် လျှောက်သွားပြီး သူမလက်တွေထဲက ဥကိုကြည့်လိုက်တယ်။ "ဘယ်လိုလဲ ရှန်းရင်၊ ဒါက ဝိညာဉ်အစေ့လား"
ရှန်းရင်က မျက်မှောင်ကြုတ်ကာ ခဏနေတော့မှ ပြန်ဖြေတယ်။ "ဖြစ်နိုင်တာ..." အဲလိုပြောပြီး သူမလက်တွေက တင်းမာသွားကာ အက်ကွဲသံနဲ့အတူ ဝိညာဉ်အစေ့က ကြေမွသွားခဲ့တယ်။
"သေစမ်း ရှန်းရင် မင်းဘာလုပ်... ဟမ်" သူက ပြောနေရင်း တန့်သွားကာ ချက်ချင်း မှင်တက်သွားခဲ့တယ်။
"အလွတ်ကြီး" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်။ သူက သူမလက်ဖဝါးတွေကို သေချာအနီးကပ်ကြည့်လိုက်တော့ ဥအခွံအလွတ်တွေပဲရှိနေကာ လုံးဝကိုဘာမှမရှိ။ နဂိုကရှိနေခဲ့တဲ့ မူလအရင်းအမြစ်ရဲ့ အရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီ။
တစ်ခဏတာ လူသုံးယောက်လုံးရဲ့အကြည့်တွေက တစ်ခုသောကြီးမားတဲ့ဖြစ်တည်မှုဆီ ရောက်သွားခဲ့တယ်။
"ကျွန်မ... ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး အစ်မ" ဘုရင်မက ကြက်သီးထနေကာ သူမတစ်ကိုယ်လုံး တုန်ယင်နေတယ်။ ဖုန်မှုန့် အလွှာတစ်လွှာက အခန်းကနေကျလာပြီး သူမ တုန်ယင်နေတာကနေ ပြိုလဲကျတော့မဲ့ပုံ။
"ကျွန်မ... ကျွန်မ အဲဥကို ဘယ်တုန်းကမှ မဖွင့်ဖူးပါဘူး၊ ကျွန်မ အခွံပေါ်က စွမ်းအင်တချို့ စုပ်ယူမိရုံပါပဲ၊ တကယ် ကျိန်ဆိုပါတယ်" သူမ စကားပြောရင်း လက်သည်းရှစ်ချောင်းနဲ့ ဦးမှင်နှစ်ချောင်းကိုမကာ သူမပုံစံကို ထိန်းဖို့ ဗိုက်ကြီးတစ်ခုသာ ချန်ထားတယ်။
"ဒီဝိညာဉ်အစေ့က အစတည်းက ဒီဥထဲရှိခဲ့တာ မဟုတ်လောက်ဘူး" ယိချင်းက ခပ်တိုးတိုးပြောတယ်။
"ဒါကြောင့် ကျွန်တော်တို့ အရင်က အမတကျောင်းတော်ထဲ သူ့တည်နေရာကို ဘယ်လိုပဲဖြစ်ဖြစ် အာရုံမခံနိုင်ခဲ့တာဖြစ်နိုင်တယ်" အခွံပေါ်က မူလရင်းမြစ်ရဲ့ ချီက အားနည်းလွန်းနေတယ်ပြီး သူတို့တည်ရှိမှုထဲ မရှိရင် အာရုံမခံနိုင်ဘူး။ အစကတော့ သူတို့ ဒီလိုတွေးခဲ့တာက ဥအခွံဟာ ဝိညာဉ်အစေ့ကို ဖွက်ထားတာကြောင့်မို့ဖြစ်ပြီး ဝိညာဉ်အစေ့က ဒီမှာ လုံးဝရှိမနေမယ်လို့တော့ လုံးဝမထင်ခဲ့ဘူး။
ထပ်ပြီး တွေးကြည့်တော့ ကူယွဲ့ စဉ်းစားမိတာ ဒါကလည်း အဓိပ္ပာယ်ရှိတယ်လို့ တွေးမိခဲ့တယ် ကြညိ့ရတာ ဒီဘုရင်မကလည်း ရှန်းရင်ကို လိမ်ရဲမဲ့ပုံမပေါ်။ ပြီးတော့ ဝိညာဥ်အစေ့တွေက ဒီလိုမျိုး မူလအရင်းအမြစ်ရဲ့ သိပ်သည်းတဲ့ချီကို သယ်ဆောင်ထားတယ်။ တကယ်လို့ အင်းဆက်အသိုက်ထဲ တကယ်ပဲ ရှိနေရင် သူတို့သတိမထားမိဘူးဆိုတာ မဖြစ်နိုင်ဘူး။
"အခု ဘာလုပ်ကြမလဲ" သူ မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့လမ်းစက ပျက်စီးသွားပြန်ပြီ။ "ငါတို့ခု ဘယ်သွားရှာကြမလဲ"
"ဥခွံက ခု ဒီနေရာမှာ ရှိနေတာ၊ ဒါဆို ဝိညာဉ်အစေ့က ဒီပုံစံကနေ လွတ်မြောက်သွားပြီဆိုတာ အတော်လေးဖြစ်နိုင်တယ်" ယိချင်းလည်း မျက်မှောင်ကြုတ်တယ်။ "အခု ကျွန်တော်တို့ ဒါက ဘာပုံစံနဲ့ ပေါ်လာမလဲမသိဘူး၊ ကျွန်တော်တို့ တကယ်ပဲ ဘယ်နေရာမှာ စရှာရမလဲ တကယ်လမ်းပျောက်နေပြီ"
နှစ်ယောက်လုံး တိတ်သွားတယ်။ သူတို့ အလဟဿ ကြိုးစားမှုဖြစ်ရမယ် မထင်ခဲ့ဘူး။
"ငါတို့ ဘာလို့ငါးအရိုးကို သွားမရှာကြတာလဲ" ရှန်းရင်က ရုတ်တရက် အကြံပြုလာတယ်။
"ဘာငါးအရိုးလဲ" ကူယွဲ့ ဇဝေဇဝါဖြစ်ပြီး ခဏနေတော့ သဘောပေါက်နားလည်သွားခဲ့တယ်။ "မင်းက လင်းဝမ်ရွှမ်ကို ပြောတာလား၊ ဘာကြောင့်သူလဲ"
တစ်ဖက်မှာတော့ ယိချင်းက တုံ့ဆိုင်းသွားကာ အလောတကြီး သတိပေးလိုက်လေတယ်။ "ဖေဖေနျို၊ လင်းဝမ်ရွှမ်က သူ့ခြေထောက်တွေ ဘယ်လိုဒဏ်ရာရသွားခဲ့လဲ မှတ်မိလား"
"အာ" ကူယွဲ့ ဇဝေဇဝါဖြစ်နေသေးတယ်။
"သူတို့ ပြောခဲ့တာ ကျောင်းတော်ကပေးတဲ့ တာဝန်အတွင်း သူ မိစ္ဆာမကောင်းဆိုးဝါးတစ်ကောင်ကို တွေ့ပြီး ဒီဝိညာဉ်... သေစမ်း" သူက ချက်ချင်း ဉာဏ်အလင်းပွင့်သွားပြီး သူ့မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားခဲ့တယ်။
"ဖြစ်နိုင်တာ ဝိညာဉ်အစေ့ကို ယူလာသူက သူဖြစ်နိုင်လား"
လင်းဟုန် သူ့ကိုပြောဖူးတယ်။ ပြိုင်ပွဲရဲ့ပထမဆုက လင်းဝမ်ရွှမ် ခြေထောက်ဒဏ်ရာ ရသွားတဲ့ တာဝန်တစ်ခုအတွင်း တွေ့လာတဲ့ တစ်စုံတရာတဲ့။ ဒါက သူတို့ ရှာမတွေ့ခင် အန္တရာယ်ကြုံခဲ့ရတာကို သက်သေပြနေတယ်။ ဒီတော့ သူ သေချာပေါက် အဲတုန်းက ဘာတွေဖြစ်ခဲ့လဲ သိမှာပေါ့။
"သွားကြစို့၊ ငါတို့ သူ့ကိုသွားရှာကြမယ်" သူ တန်းထွက်လာကာ ရှန်းရင်နဲ့ယိချင်းလည်း လိုက်လာတယ်။
တစ်ခဏအတွင်း လူသုံးယောက်က အခန်းထဲက ပျောက်သွားတယ်။ ထောင့်တစ်နေရာမှာ ကွေးနေဆဲ တစ်ယောက်သော အကောင်ကြီးကတော့ ဂရုတစိုက် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပေမဲ့ ထွက်သွားပြီးသား လူတွေကို ပြန်ခေါ်လာမိမှာစိုးရိမ်လို့ ကျယ်လောင်တဲ့အသံတွေတော့ မထွက်ရဲသေးဘူး။
သူမ တကယ် မသေခဲ့ဘူး။ တကယ်ပဲ အသက်ရှင်နေသေးတယ်။ သူမ မျိုးနွယ်က အဆင်ပြေနေသေးတယ် သူမ တကယ်ကို ငိုချင်သွားပြီ...။
——————
သူတို့ အင်မတန်မြန်ဆန်စွာ ပျံသန်းလာကြတယ်။ ဆယ်မိနစ်အတွင်း သူတို့ ယန်မြို့တော်ဆီ ပြန်ရောက်လာခဲ့ပြီး လင်းဟုန်ရဲ့ အိမ်ဆီ တန်းတန်းမတ်မတ် ဦးတည်ခဲ့တယ်။ လင်းဟုန်က ကျောင်းတော်ဆီ သွားပြီဖြစ်ကာ သူတို့ရောက်သွားချိန် သူက ပြန်မလာသေး။ တံခါးကို လာဖွင့်တဲ့ လင်းဝမ်ရွှမ်က ခဏမှင်တက်သွားကာ သူတို့ကိုအထဲဝင်ဖို့ အလောတကြီးဖိတ်တော့တယ်။
"ကျွန်တော့်ရဲ့ ကျေးဇူးရှင်သုံးယောက်တို့၊ ခင်ဗျားတို့ ဘာလို့ ဒီမှာရောက်နေတာလဲ" သူက ပျော်ရွှင်သွားကာ သူတို့ကိုထိုင်ဖို့ဖိတ်ကြားတယ်။ ရက်ပိုင်းအတွင်း သူ့ခြေထောက်က သက်သာနေပြီဖြစ်ကာ လူကောင်းလို လမ်းပြန်လျှောက်နိုင်ပြီ။ ကူယွဲ့ တစ်ချက် ဝေ့ကြည့်လိုက်တော့ သူ့ကိုယ်ထဲက မိစ္ဆာအရှိန်အဝါက လုံးဝလွင့်ပျောက်သွားပြီဖြစ်ကာ သူ့ရွှေအမြုတေကျင့်ကြံမှုကို ဆက်လုပ်နေပြီ။
"ကျွန်တော့်ရဲ့ ညီလေး ပြန်ရောက်လာရင် ခင်ဗျားတို့ကို ကျေးဇူးတင်ဖို့ ကိုယ်တိုင်ကိုယ်ကျ လာလည်ချင်တာ၊ ကျွန်တော် ခင်ဗျားတို့ ဒီကို အရင်လာမယ်မထင်ခဲ့ဘူး"
သူက သူတို့သုံးယောက်ကို ကြည့်ကာ အတွေးတစ်ခု စိတ်ထဲပေါ်လာပြီး မေးခွန်းထုတ်တယ်။ "ဒီနေ့က ဗိုလ်လုပွဲ နောက်ဆုံးနေ့ဆိုတာ မှတ်မိသွားပြီ၊ လင်းဟုန်က ဘာလို့ တူတူ ပြန်မလာရတာပါလိမ့်"
"ငါတို့ ကိစ္စတစ်ခု ရှိလို့ အရင်ထွက်လာခဲ့တာ" ကူယွဲ့က ပြန်ဖြေတယ်။ "ငါတို့ ဒီနေ့ မင်းကို နှောင့်ယှက်ရတာက ငါတို့ တာအိုရောင်းရင်းလင်းကို အချက်အလက်တချို့ မေးစရာကိစ္စရှိလို့ပါ"
"ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ၊ ဝမ်ရွှမ်လို့သာ ခေါ်လိုက်ပါ" သူ့အပြုံးက အတော်လေးကို ညင်သာလှတယ်။
"ကျွန်တော့်ခြေထောက်တွေ ပြန်သက်သာလာတာက ခင်ဗျားတို့တွေရဲ့ ကူညီမှုကျေးဇူးကြောင့်ပါ၊ ခင်ဗျား ဘာပဲလိုလို ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိပေးပါ၊ ဓားတောင်ပဲတက်ရတက်ရ မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ ကျွန်တော်မငြင်းပါဘူး"
"လုံးဝမဟုတ်ပါဘူး တာအိုရောင်းရင်း" ကူယွဲ့ အကျင့်အတိုင်း လောကဝတ်စကားပြောလိုက်တယ်။
"ကျုပ်တို့ ငါးအရိုးကို သန့်စင်ဖို့ပဲ ကူညီခဲ့တာပါ၊ ကြီးကြီးမားမား ကြင်နာမှုလုပ်ရပ်လို့ မဆိုနိုင်ပါဘူး"
ဒါပေမဲ့ သူ့အပြုအမူက ပိုပြီးတောင် တည်ကြည်လာတယ်။ "ဘာတွေပြောနေတာလဲ ကျွန်တော့် ညီကတော့ မပြောနိုင်ပေမဲ့ ကျွန်တော်ကတော့ ဘယ်လိုလုပ် မသိဘဲနေမလဲ၊ ရနံ့ငါးနီငါးရိုးက ဘယ်လောက်ပဲ ထူးခြားပါစေ ကျွန်တော့် ခြေထောက်တွေကို မကုသနိုင်သလို ကျွန်တော့်ကျင့်ကြံမှုကို ပြန်သက်သာအောင် မလုပ်နိုင်ဘူးလေ" သူက တန်းပြောတယ်။
"ခင်ဗျား ကျွန်တော့်ကို အဲနေ့က ပေးခဲ့တဲ့ဆေးက ကျွန်တော့်ညီ လုပ်ပေးခဲ့တဲ့အရာနဲ့ လုံးဝကွာခြားတယ်၊ ကျွန်တော့်ကို အမှောင်ထဲကနေ ခင်ဗျားတို့ကူညီပေးခဲ့လို့သာ ဒီလောက်မြန်မြန်သက်သာလာရတာပါ"
သူ ပြောနေရင်း ဒူးထောက်ချကာ သူတို့သုံးယောက်ကို တည်ကြည်စွာ ဂါဝရပြုတယ်။ "ပြန်လည်မွေးဖွားပေးခွင့်ပေးလို့ ကျေးဇူးတင်ရှိပါတယ်"
"မပြောပါနဲ့ ဝမ်ရွှမ်" သူ့ကို ဉာဏ်ကောင်းမဲ့လူလို့မထင်ခဲ့ဘူး။ အဲဆိုလည်း ကောင်းတာပဲ။ ကူယွဲ့က အမြန် သူ့ကိုထူပေးလိုက်တယ်။
"နောက်ဆုံးတစ်ခေါက်က ကိစ္စသေးသေးလေးပဲဆိုပေမဲ့ အခု ငါတို့မှာ တကယ်ပဲ မင်းကိုဒုက္ခပေးဖို့လိုတဲ့ တစ်စုံတစ်ခုရှိနေတယ်"
"ကျေးဇူးပြုပြီး ပြောပါ" လင်းဝမ်ရွှမ်က သူတို့အလျင်လိုနေတာကို သတိထားမိပုံပေါ်ကာ နှောင့်နှေးမှုမရှိ တိုက်ရိုက်မေးလိုက်တယ်။
"ဒီသက်တန့်ရောင်စုံဥအကြောင်း အသေးစိတ်ပြောပြလို့ရမလား" သူက ရှန်းရင်ကြောင့် ကျိုးသွားလိုက ဂါထာနဲ့ပြင်ထားတဲ့ ရောင်စုံဥကိုထုတ်ပြတယ်။ "အဲနေ့ ဒါကို မင်းဘယ်မှာရှာတွေ့ခဲ့တာလဲ၊ မင်း တစ်ခုခုတွေ့ခဲ့သေးလား"
"ဒီ... ရောင်စုံဥလား" လင်းဝမ်ရွှမ်က တုံ့ဆိုင်းသွားကာ ဥကို တစ်ချက်လှမ်းကြည့်တယ်။ အံ့ဩမှုတစ်စုံတရာက သူ့မျက်နှာပေါ် ချက်ချင်း ပေါ်လာတယ်။ "ပြိုင်ပွဲကို အနိုင်ရသွားခဲ့တာကိုး ဂုဏ်ယူပါတယ် တာအိုရောင်းရင်း" သူက စိတ်လှုပ်ရှားစွာနဲ့ ဂုဏ်ပြုပြီး ဖြေလိုက်တယ်။ "ဒီဥက ကျွန်တော် ကျောင်းတော်က ဆရာတစ်ယောက်နဲ့ မြောက်ပိုင်းမီးတောက်တောင်ဆီ အတူသွားခဲ့တဲ့ တာဝန်တစ်ခုမှာ တွေ့ခဲ့တာပါ"
သူက ဂရုတစိုက် ပြန်တွေးကြည့်ကာ ပြန်ဖြေလိုက်တယ်။ "မီးတောက်တောင်က မီးတောင်ပါ၊ အဲအနားက မီးတောက်တောအုပ်နက်ကြီးထဲ မိစ္ဆာမကောင်းဆိုးဝါးတွေ အများကြီးပဲ၊ အဲတုန်းက အဆင့်မြင့် မိစ္ဆာမကောင်းဆိုးဝါးတစ်ကောင် မြို့ထဲအတင်းဝင်လာပြီး သူတို့ မကိုင်တွယ်နိုင်တော့တာမို့ ကူညီခိုင်းဖို့အတွက် အမတကျောင်းတော်ကို အကူအညီတောင်းခဲ့တာပါ၊ ပြီးတော့ ဒီရောင်စုံဥက ကျွန်တော်တို့ မိစ္ဆာမကောင်းဆိုးဝါးကို မျိုးဖြုတ်ပြီးတဲ့နောက်မှာ သူ့အသိုက်ထဲ တွေ့ခဲ့တာဖြစ်ပါတယ်"
"ဒါကလွဲပြီး ထူးခြားတဲ့ အရာတွေဖြစ်သေးလား" ကူယွဲ့က ဆက်မေးခွန်းထုတ်တယ်။
"ဟင့်အင်း" သူ ခေါင်းယမ်းလိုက်တယ်။ "တကယ်လို့ ထူးခြားတာဆိုရင်တော့... အဲမိစ္ဆာမကောင်းဆိုးဝါးက အံ့ဩစရာကောင်းလောက်အောင် ကြမ်းတမ်းတယ်၊ ဆရာတောင် သူ့ကို လုံးဝမစောင့်ကြပ်နိုင်ခဲ့ဘူး၊ အဲဒါကြောင့် ကျွန်တော်..." သူက အလိုလို သူ့ခြေထောက်ကိုသူငုံ့ကြည့်မိသွားကာ သက်ပြင်းချတယ်။ "ကျွန်တော် ကိုက်ခံရပြီးတဲ့နောက် ကျွန်တော့်ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားခဲ့ပြီး ဘာဂါထာကိုမှ လုံးဝမသုံးပြုနိုင်ခဲ့တော့ဘူး"
ခဏ ကျင့်ကြံမှုလား။
…
အခန်း ၅၉၃ ။ အတန်းဖော်များကြားမှ ဆက်ဆံရေး
ကူယွဲ့ တန့်သွားပြီး သူ့ကိုပြန်လှည့်ကာ လေ့လာလိုက်တယ်။ တစ်ခုခု လာနေတဲ့ပုံပေါ်ပေမဲ့ သူနားမလည်နိုင်ဘူး။
စားဖိုမှူးက ရုတ်တရက် သူ့ဘေးကနေ သတိပေးလာချိန်ထိပဲ။ "မိစ္ဆာအရှိန်အဝါပဲ"
သူ ယာယီ တွေဝေသွားကာ ချက်ချင်း ပြဿနာက ဘယ်နေရာမှာလဲဆိုတာ နားလည်သွားခဲ့တယ်။ ဒါက ဟင်းလင်းပြင်မြေ။ အတော်လေးကို ပရမ်းပတာနိုင်နေတာမို့ ဒီက မိစ္ဆာ မကောင်းဆိုးဝါးတွေက မကောင်းဆိုးဝါးအရှိန်အဝါ မရှိကြဘူး။ အဲအစား သူတို့တောင် မခွဲခြားနိုင်တဲ့ ကသောင်းကနင်းအရှိန်အဝါတစ်ခုပဲ။ အရင်တစ်ကြိမ်က ဆန်းကြယ်ဘုံထဲက မကောင်းဆိုးဝါးနဲ့ မက်မွန်ပွင့်မိစ္ဆာလိုမျိုးပဲ သူတို့ပေါ် မကောင်းဆိုးဝါးအရှိန်အဝါလုံးဝမရှိဘူး။
ဒါပေမဲ့ လင်းဝမ်ရွှမ်ရဲ့ဒဏ်ရာက တကယ်ကို မိစ္ဆာအရှိန်အဝါရဲ့ သက်ရောက်မှုကို အမှန်ခံခဲ့ရတာပဲ။ မသက်သာသေးခင် သူ ဆေးထဲ သက်စောင့်ဆေးတွေကို ရောနှောကာ သွေးကြောထဲက မိစ္ဆာအရှိန်အဝါကို လွင့်ပျယ်စေခဲ့တယ်။ ဆိုလိုတာ... သူတို့ရင်ဆိုင်ခဲ့တဲ့ မိစ္ဆာမကောင်းဆိုးဝါးက တကယ့်မိစ္ဆာမကောင်းဆိုးဝါးအစစ်ပေ့ါ သူတို့မျက်နှာပြင်ထဲကဟာတွေလိုမျိုး မိစ္ဆာအရှိန်အဝါနဲ့လာတဲ့ မိစ္ဆာမကောင်းဆိုးဝါးတွေပေါ့။
ကူယွဲ့ သူ့လက်ထဲက ဥခွံကို ကြည့်လိုက်တယ်။ မူလရင်းမြစ်ရဲ့ ဝိညာဉ်အစေ့တွေပဲ သန့်စင်တဲ့ မိစ္ဆာမကောင်းဆိုးဝါးတွေကို သားဖောက်နိုင်တာ။ ဒီဥခွံပေါ်ပဲ မူတည်ပြီး မဖြစ်နိုင်ဘူး၊ ဆိုလိုတာ ဒီဝိညာဉ်စေ့ဟာ အစတုန်းက တကယ်ပဲ ဒီဥထဲ ရှိနေခဲ့တာ။ ဟင့်အင်း မီးတောက်တောင်မှာ တစ်ခါတုန်းက ရှိခဲ့တယ်လို့ ပြောသင့်တာ၊ အဲဒါကြောင့် အဲမိစ္ဆာမကောင်းဆိုးဝါးတွေကို မိစ္ဆာအရှိန်အဝါ သယ်ဆောင်စေခဲ့တာပဲ။ ပြီးတော့ အဲမိစ္ဆာမကောင်းဆိုးဝါးက ဒါကို အသိုက်ဆီ သယ်သွားတာ၊ နောက်တော့မှ ပျောက်သွားခဲ့တာလား။
"ဟမ်" လင်းဝမ်ရွှမ်က ခဏတာတန့်သွားပြီး ရုတ်တရက် ကူယွဲ့လက်ထဲကဥအလွတ်ကို ကြည့်ရင်း အလိုလိုမှတ်ချက်ပြုမိတယ်။
"ဘာလို့ ဒီဥထဲက စွမ်းအင်က အတော်လေး လျော့နည်းသွားတယ်လို့ ခံစားရတာပါလိမ့်" သူက ဇဝေဇဝါပြောတယ်။ "ကျွန်တော် ဒီဥကို ပထမတုန်းကမြင်ချိန် သူ့ထဲကစွမ်းအင်က အတော်လေးပိုသိပ်သည်းတယ်ဆိုတာ မှတ်မိတယ်"
ကူယွဲ့ ပြန်လှည့်ကာ ဝမ်ရွှမ်ကိုကြည့်လိုက်ပြီး သူ့အတွေးကိုသူ ချက်ချင်း ပိုသေချာလာတယ်။
"တာအိုရောင်းရင်းဝမ်ရွှမ်၊ အဲမီးတောက်တောင်တန်းရဲ့ နေရာအတိအကျကိုများ သိခွင့်ရှိမလား"
"မီးတောက်တောင်တန်းက မြောက်ဘက်ပိုင်းဖြစ်ပြီး အနောက်အရပ်နဲ့ နီးစပ်တယ်၊ ယန်မြို့နဲ့ မိုင်တစ်ထောင်လောက် ကွာတယ်"
"အသိပေးလို့ ကျေးဇူးတင်ပါတယ်" ကူယွဲ့က ခေါင်းညိတ်လိုက်တယ်။ "ငါတို့မှာ အလောတကြီး ကြည့်စရာရှိလို့ မင်းကို ဆက်ပြီး အနှောင့်အယှက်မပေးတော့ဘဲ အရင်ပြန်နှင့်ပါဦးမယ်"
သူတို့ထရပ်ပြီး ထွက်သွားဖို့ပြင်ပေမဲ့ လင်းဝမ်ရွှမ်က ချက်ချင်း ထရပ်ကာ စိတ်ပူပန်မှုတချို့နဲ့ မေးတယ်။
"ခင်ဗျားတို့အားလုံး မီးတောက်တောင်တန်းဆီ တကယ်သွားကြမို့လား"
ကူယွဲ့ ဘာမှဖုံးကွယ်ထားဖို့မလိုတော့ဘူးလို့ ခံစားရကာ ခေါင်းညိတ်တယ်။ "အင်း၊ ငါတို့ ဒါရဲ့အောက်ခြေထိလိုက်စရာကိစ္စတွေရှိတယ်"
"အဲနေရာက အရမ်းကိုအန္တရာယ်များလွန်းပြီး နယ်ပယ်က ရှုပ်ထွေးတယ်..." သူက စိုးရိမ်နေပုံပေါ်ကာ တစ်ခဏ စဉ်းစားပြီးတဲ့နောက် အံကြိတ်ပြောလိုက်တယ်။ "ကျွန်တော်ပါလိုက်ခဲ့ရင်ရော၊ ခင်ဗျားတို့ကို လမ်းပြရင် ပိုလွယ်ကူမှာ"
လူတစ်ယောက်လမ်းပြတာ အကောင်းဆုံးပေါ့၊ ကူယွဲ့ သူ့ကို တစ်ချက်ကြည့်ပေမဲ့ အဆုံးမှာတော့ ခေါင်းယမ်းလိုက်သေးတယ်။ "ရပါတယ်၊ မင်းလည်း အမတကျောင်းတော်က တပည့်ပဲ၊ မင်း ဒီလိုမျိုး ထွက်သွားရင် မကောင်းဘူး" ဒီကျောင်းက ဂိုဏ်းနဲ့တူသလောက်နီးပါးပဲ၊ သူ့ဒဏ်ရာတွေကြောင့် အစတည်းက မနှစ်မျို့ခံခဲ့ရတာ၊ ရလဒ်အနေနဲ့ လင်းဟုန်တို့ပါ ပစ်မှတ်ထားခံခဲ့ရတယ်။ သူတို့အတွက် ပြဿနာ ပိုဖန်တီးဖို့ မလိုဘူး။
"ဒါပေမဲ့..." သူက နည်းနည်းစိုးရိမ်နေသေးဆဲ။ သူတို့ တကယ်ပဲ သူ့ကိုလမ်းပြဖို့ မလိုတာမြင်တော့ သူခဏစဉ်းစားလိုက်တယ်။
"ဒါဆို ခဏလောက်စောင့်ပေးပါဦး" သူက ဘေးကအခန်းထဲ လှည့်ဝင်သွားကာ သူ့မင်ရည်နဲ့ စုတ်တံကို ထုတ်ယူပြီး အမြန် စတင်ဆွဲတော့တယ်။ တစ်ခဏနေတော့ သူက စာရွက်နှစ်ရွက်နဲ့ လျှောက်လာခဲ့တယ်။
"ဒါက မီးတောက်တောင်တန်းဆီ လမ်းကြောင်းပြမြေပုံပါ၊ ဒီတခြားတစ်ခုကတော့ ကျွန်တော့်မှတ်ဉာဏ်အရ ဆွဲထားတဲ့ မီးတောက်တောင်တန်းရဲ့ မြေအနေအထားပါ၊ အသုံးဝင်လောက်ပါတယ်"
ကူယွဲ့ တစ်ချက်ကြည့်လိုက်တယ်။ မြေပုံက အတော်လေးကို အသေးစိတ်ဆွဲထားတာဖြစ်ပြီး သူတို့ မိစ္ဆာမကောင်းဆိုးဝါး ရှာတွေ့ထားတဲ့နေရာကိုတောင် မှတ်သားထားတယ်။ ဒါက တကယ်ကို သူတို့လိုအပ်တဲ့အရာပဲ။
"ကျေးဇူးပဲ ဝမ်ရွှမ်"
"ဒါကျွန်တော် လုပ်သင့်တဲ့အရာပါ" သူက ပြုံးကာ ဆက်သွယ်ရေးကျောက်စိမ်းပြားတစ်ခုကို ဆွဲထုတ်လိုက်တယ်။ "တကယ်လို့ မရှင်းလင်းတာ ရှိသေးရင် ဒီကျောက်စိမ်းပြားကိုသုံးပြီး ဆက်သွယ်လို့ ရနိုင်ပါတယ်"
ကူယွဲ့လည်း ယူကာ ခေါင်းညိတ်ပြပြီး ရှန်းရင်နဲ့စားဖိုမှူးနဲ့အတူ ထွက်လာခဲ့တယ်။
မြေပုံကိုအသေးစိတ်သေချာကြည့်ကာ သူတို့တွေ မီးတောက် တောင်တန်းဆီ ဦးတည်ခဲ့ကြတယ်။ သူတို့ နေရာရွှေ့ပြောင်းလို့မရတာမို့ ဓားကိုစီးရုံပဲတတ်နိုင်တယ်။ ဒါပေမဲ့ သူတို့ မြောက်ပိုင်းဆီ ပျံသန်းလာလေ ပိုပူလာလေပဲ။ ပထဝီမြေပြင်ကတောင် ပိုပိုပြီး ကျက်တီးလွင်ပြင်ဖြစ်လာတယ်။ မြေပြင်က ညှိုးရော်နေတဲ့ အဝါပင်လယ်ဖြစ်နေကာ ရံဖန်ရံခါမြင်ရတဲ့ အပင်တွေကတောင် ရှုံ့တွညှိုးကျနေတယ်။ သူတို့တွေကို နေမင်းက သတ်ခဲ့သလိုပဲ။
သူတို့ ရက်ပိုင်းလောက် ပျံသန်းနေခဲ့ပြီး ထူးဆန်းတာကတော့ အောက်ကရှုခင်းက ရုတ်တရက် ပြောင်းလဲသွားကာ ကြီးမားတဲ့ တောအုပ်စိမ်းကြီးတွေ ပေါ်လာခဲ့တယ်။ ခြစ်ခြစ်တောက်ပူနေဆဲဆိုပေမဲ့ ကြည့်ရတာ တစ်လောကလုံးက အသက်ပြန်ဝင်လာပြန်သလိုမျိုး ပတ်ဝန်းကျင်ဟာ တက်ကြွမှုနဲ့ အသက်ရှူရှိုက်နေတယ်။
ယိချင်း မျက်မှောင်ကြုတ်ကာ တောအုပ်ကိုငုံ့ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်တယ်။ "ဖေဖေနျို ဒီတောအုပ်ထဲ..."
ကူယွဲ့မျက်နှာလည်း မည်းမှောင်သွားတယ်။ "ဒီတောအုပ်ထဲ နေရာတိုင်းမှာ မိစ္ဆာအရှိန်အဝါတွေပဲ၊ ကြည့်ရတာ မိစ္ဆာအရှိန်အဝါကို သယ်ဆောင်တာ မိစ္ဆာမကောင်းဆိုးဝါးတစ်ကောင်ထက် ပိုတဲ့ပုံပဲ"
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ မီးတောင် တောင်တန်းရှိရာဘက် အရှိန်မြှင့်ခဲ့ကာ နောက်ထပ်နေ့တစ်ဝက်သုံးပြီးတဲ့နောက်မှာ သူတို့ဦးတည်ရာနေရာဆီ ရောက်ခဲ့ကြတယ်။ သူတို့အဝေးကနေ မီးတောင်ကြီးတစ်ခုမြင်လိုက်ရတယ်။ ရဲရဲတောက်နီနေတဲ့ မီးတောက်တွေကို တောင်ထွတ်မှာမြင်နိုင်ပြီး အဲအပေါ်မှာတော့ မီးခိုးနက်တိမ်တိုက်ထူကြီးတွေ။
သူတို့ရှေ့မှာတော့ အကန့်အသတ်မရှိတဲ့ တောအုပ်ဖြစ်ပြီး ပတ်ပတ်လည်မှာ ထူထဲနေတဲ့ အပင်တွေရှိကာ ခြစ်ခြစ်တောက်ပူနေပေမဲ့ တောအုပ်ထဲ မြူခိုးထူတွေ ရှိနေတာမို့ နတ်သမီးပုံပြင်နဲ့ ဆင်နေတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ယိချင်းနဲ့ကူယွဲ့တို့မျက်စိရှေ့ ကွဲပြားနေတယ်။ အဖြူရောင်မြူခိုးကလွဲရင် ဒီတောအုပ်ထဲက မိစ္ဆာအရှိန်အဝါကသူတို့ခရီးတစ်လျှောက်မြင်ခဲ့ရသမျှထဲ အထူထဲဆုံးပဲ။
ဒါက သူတို့ အတိတ်တုန်းက သူတို့မျက်နှာပြင်ထဲမြင်ရတဲ့ မိစ္ဆာဘုံနဲ့မတူဘူး။ ဒါပေမဲ့ ဒီတောအုပ်ရဲ့ အသွင်အပြင်ပေါ် အခြေခံရရင် အဋ္ဌမအဆင့်နဲ့အထက် မိစ္ဆာမကောင်းဆိုးဝါးတွေပဲ။
ကူယွဲ့ ဒုတိယမြေပုံကိုထုတ်ကာ သေချာယှဉ်ကြည့်ပြီးတဲ့နောက် သူ့ကောင်းကင်စိတ်အာရုံကို ထုတ်လွှင့်ပြီး တောအုပ်တစ်ခုလုံးကို ဖြန့်ကျက်ပြီးမှ ညာဘက်ကိုလက်ညှိုးထိုးလိုက်တယ်။ "အဲဒါ သူတို့ ဝိညာဉ်အစေ့ကို ရှာတွေ့ခဲ့တဲ့နေရာပဲ"
အဲလိုပြောပြီး သူတို့က အဲဘက်လှည့်ပျံခဲ့ကြတယ်။ ခဏအတွင်း သေးငယ်ကြည်လင်တဲ့ ရေကန်တစ်ကန်က သူတို့ရှေ့ပေါ်လာတယ်။ ရေကန်လို့ ခေါ်ပေမဲ့ ရေအိုင်ထက်အများကြီး ပိုကြီးတာမဟုတ်။ အလယ်ကသာ ဆယ်မီတာကျော်တဲ့ ကျွန်းလေးတစ်ကျွန်း။ အဲဒါ လင်းဝမ်ရွှမ် သူတို့ဝိညာဉ်အစေ့ကိုရှာတွေ့ခဲ့တာလို့ မှတ်ထားတဲ့နေရာ။
သုံးယောက်သား တစ်ခါတည်း ဆင်းလိုက်ကြတယ်။ တကယ်ပဲ သူတို့ မြေကြီးကိုထိတာနဲ့ မူလရင်းမြစ်ချီရဲ့ အငွေ့အသက် ပြေးဝင်လာတာက်ု ခံစားလိုက်ရတယ်။ ကျွန်းလေးက မကြီးဘူး။ အားလုံးကို တစ်ချက်နဲ့မြင်နိုင်တယ်။ ကျွန်းပေါ်က အပင်တွေထဲ အသိုက်ကြီးတစ်ခု ရှိနေတယ်။ မူလရင်းမြစ်ချီက အဲကနေလာတာပေမဲ့ အသိုက်က ဗလာ။
ကူယွဲ့ အသိုက်ကြီးကို ပတ်ကြည့်လိုက်တယ်။ ဒီမှာ မိစ္ဆာမကောင်းဆိုးဝါးတစ်ကောင် ရှိခဲ့ဖူးတာ သိသာတယ်။ ဒါပေမဲ့ ခုတော့ ပတ်လည်က မကောင်းဆိုးဝါးအရှိန်အဝါတောင် အရမ်းကို ဖျော့တော့နေပြီ။
"စားဖိုမှူး မင်းတစ်ခုခုတွေ့လား" စားဖိုမှူး သူ့ဘေးကလူဘက်ကြည့်လိုက်တယ်။
စားဖိုမှူးက ခေါင်းယမ်းတယ်။ "မူလရင်းမြစ်ရဲ့ချီက ဟိုးအရင်က အကြွင်းအကျန်တွေဖြစ်မယ်၊ ဝိညာဉ်အစေ့က ဒီမှာရှိနေခဲ့တာ သိပ်မကြာလောက်ခဲ့ဘူး"
ဆိုလိုတာ ဒါနောက်ထပ်အချည်းနှီးခရီးစဉ်ပေါ့။
ကူယွဲ့ နည်းနည်းစိတ်တိုလာကာ ရှန်းရင်ဘက်လှည့်လိုက်တယ်။ "အစားသရဲ၊ ငါတို့ ဝိညာဉ်အစေ့တာဝန်ကို ငြင်းလို့ရလား" ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်အစေ့က မီလဲ့ဟာမို့ သူတို့မျက်နှာပြင်နဲ့ ဘာမှမဆိုင်ဘူးလေ။
ရှန်းရင်က တစ်ဖက်ကိုခေါင်းစောင်းသွားကာ အတော်ကြာမှ ပြန်ဖြေတယ်။ "ပန်းလေးက ငါ့အစ်မနဲ့ အရမ်းရင်းနှီးတယ်"
"အဲတော့..." ဒါက သူ့အစ်မနဲ့ ဘာဆိုင်လို့လဲ။
သူမက နောက်တော့ တည်ကြည်မှုအပြည့်နဲ့ ပြောတယ်။ "အဲတော့သူက အတင်းအဖျင်းသမား ဖြစ်လိမ့်မယ်"
"..." ငါ-ိုး
ဒါ အတန်းဖော်တွေကြားက သူငယ်ချင်းဆက်ဆံရေးဆိုတာလား။ အုပ်ထိန်းသူတွေ၊ မိဘတွေကို တိုင်တန်းတာကနေ စခဲ့တာကိုး။
…
အခန်း ၅၉၄။ ကြီးမားသောဆုများ
"ဖေဖေနျို" ယိချင်းက ရှေ့တစ်လှမ်းတိုးကာ စကားပြောတာရပ်လိုက်တယ်။ ဘာကြောင့်မှန်းမသိ သူ ဆရာ အဲလူအကြောင်းပြောတာကို မကြားချင်ဘူး။ "ဝိညာဉ်အစေ့ ဘယ်မှာလဲ သိရအောင် ခြေရာခံဂါထာ သုံးကြရအောင်"
ကူယွဲ့ အမြန် ကောင်းကင်စွမ်းအင်ကို အသက်သွင်းကာ ဂါထာတစ်ခုဖန်တီးလိုက်တယ်။ ခဏအတွင်း အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာတယ်။ ဒါက မြေကြီးပေါ် အင်းကွက်တစ်ခုဖန်တီးဖို့ စုဝေးလာတော့တယ်။ အင်းကွက်ထဲ ရောင်စုံအလင်းတန်းတွေက ဦးတည်ဘက်အစုံဆီ ခွဲဖြာထွက်သွားခဲ့တယ်။
"ဒီက အမြုတေအရှိန်အဝါက မလွင့်ပျောက်သေးဘူး၊ ငါတို့ အတော်မြန်မြန်-"
သူ စကားမဆုံးခင် မြေကြီးက တုန်ခါစပြုလာတယ်။ အက်ကွဲကြောင်းကြီးတွေ မြေကြီးပေါ် စတင်ပေါ်လာကာ အက်ကွဲသံကျယ်ကြီးတွေ ပေါ်လာလေရဲ့။ သူတို့ပတ်လည်မှာတော့ အပင်တွေက ယိမ်းယိုင်သွားတယ်။ သူတို့ခြေထောက်အောက်က အက်ကွဲကြောင်းက ကျယ်လာလိုက်တာ ရေမြောင်းကြီးတစ်ခု ဖြစ်လာတဲ့အထိပေါ့။ သူတို့တွေ အချိန်မရွေး ပြုတ်ကျတော့မလို့။
ယိချင်းက ရှန်းရင်ကို ဆွဲဖက်ကာ သူရော ကူယွဲ့ ဓားပျံတွေပေါ် တက်ရင်း ကောင်းကင်ထဲ ပျံတက်လာခဲ့တယ်။ နွယ်တွေက မြေကြီးထဲက အက်ကွဲကြောင်းကနေ တက်လာပြီး သူတို့ကိုစတင်တိုက်ခိုက်တော့တယ်။
ယိချင်း ချက်ချင်း သူ့ဓားကိုဆင့်ခေါ်ပြီး နွယ်တွေဆီ ဝှေ့ယမ်းလိုက်တယ်။ တစ်ချက်တည်းနဲ့ သူ့ပတ်လည်က နွယ်ပင်တွေက နှစ်ပိုသ်းပြတ်ကုန်တယ်။ ကျန်ရစ်တဲ့ နွယ်ပင်တွေက သူတို့နှစ်ယောက်ကို ဖမ်းဖို့လောက်ထိ မမြန်။ နှစ်ယောက်သား ကောင်းကင်ပေါ် ထိုးတက်သွားခဲ့တယ်။ ယိချင်းက သူ့ဓားချီကိုတောင် အသက်မသွင်းရသေးဘူး။
"အာ" စားဖိုမှူးက တန့်သွားတယ်။ နွယ်ပင်တွေက သိသိသာသာ အားနည်းတယ်။ သူတို့က ဝိညာဉ်ချီ နည်းနည်းတောင် ထွက်မနေ။ ကြည့်ရတာ သာမန်အပင်တွေရဲ့အစိတ်အပိုင်းတွေလိုပဲ။
သူတို့ မြင့်သထက်မြင့်မြင့် ပျံသန်းလာတော့ ကျွန်းပေါ်က အပင်တွေအားလုံး အသက်ဝင်လာတာကို မြင်လိုက်ရတယ်။ သူတို့အားလုံးက မြေကြီးကနေ အမြစ်ကြွလာတယ်။ ဒ့က ရုပ်ရှင်တစ်ခုလို အဲသစ်ပင်တွေထဲမှာ လူအစစ်တွေ ရှိနေတဲ့အတိုင်းပဲ။ သူတို့က ရူးသွပ်သွားသလိုမျိုး ကောင်းကင်ထဲက လူသုံးယောက်ဆီ ဝှေ့ယမ်းလာကာ သူတို့ဆီ နွယ်ပင်တွေက ထိုးတက်လာတယ်။
"ဒါကဘာလဲ" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ ဒီအပင်တွေအားလုံးက ခုသူတို့ဘာသာ အသက်ဝင်လာတာလား။ ဒါပေမဲ့ သူတို့တွေက သာမန်အပင်တွေထက် မပိုဘူးလေ။ အပင်မိစ္ဆာတွေတောင် ဝိညာဉ်အသွင်ပဲ ယူနိုင်တာ။ သူတို့ရုပ်ပိုင်းဆိုင်ရာကို ရွှေ့မရဘူး။ ပြီးတော့ သူတို့ကအပင်ဝိညာဉ်တွေမဟုတ်...။ သူတို့ အမတဖြစ်လာပြီး ရုပ်ခန္ဓာတွေ ဝဋ်ကြွေးချေခြင်းနဲ့ ဖျက်ဆီးမခံရသရွေ့ သူတို့ ဝိညာဉ်ကိုယ်ထည်တွေက ရုပ်ထည်အသွင်ကို မစုဝေးနိုင်ဘူး။
"အပင်မိစ္ဆာတွေလား" ယိချင်းက အောက်က အပင်တွေကို အူတူတူစိုက်ကြည့်နေတယ်။ သေချာစစ်ဆေးကြည့်တော့ သူတို့ပတ်လည်မှာ မိစ္ဆာချီရှိနေသလိုပဲ။ ဒါက သူတို့ မိစ္ဆာဆိုတာ သက်သေပြနေပေမဲ့ သူတို့ကို မြေဆီလွှာထဲ တကယ် နစ်မြုပ်ခံထားခဲ့ရတယ်။ အခုတော့ သူတို့က အမြစ်တွေနဲ့ပါ လျှောက်သွားနေကြပြီ။
ကူယွဲ့ သူ့ရှေ့ကမြင်ကွင်းကို လုံးဝထိတ်လန့်စွာ စိုက်ကြည့်လိုက်တယ်။ ဒီကျွန်းက... ဟင့်အင်း ဒီကျွန်းတင် မဟုတ်ဘူး သူ လှည့်ကြည့်တော့ သစ်တောတစ်အုပ်လုံး အသက်ရှင်လာသလိုပဲ။ အခု တောအုပ်ကြီးတစ်ခုလုံးက လှုပ်ရှားယိမ်းယိုင်နေတာ အဲကျွန်းပေါ်က သစ်ပင်တွေလိုပဲ။ ဒီသစ်ပင်တွေကြား နွယ်ပင်တွေ ရှိတဲ့ဟာတွေမှာ အုပ်စုဆီရစ်ပတ်ဖို့လုပ်တာ။ နွယ်ပင်တွေ မရှိတဲ့ဟာတွေကတော့ သူတို့သုံးယောက်ဆီရောက်ဖို့ အမြစ်တွေကိုသုံးရင်း သူတို့ကို အပေါ်ကနေအောက်ဆွဲချဖို့ မျှော်လင့်နေတဲ့ပုံပဲ။
တိတ်ဆိတ်တဲ့တောအုပ်က ခုတော့ တရှဲရှဲ သစ်ရွက်သံတွေနဲ့ပြည့်နေတယ်။ ပတ်ဝန်းကျင်က အကြမ်းပတမ်းဖြစ်နေလေရဲ့။
"ဘာတွေဖြစ်နေတာလဲ"
"ဝိညာဉ်အစေ့" ရှန်းရင်က ရုတ်တရက် ပြောတယ်။ "ဝိညာဉ်အစေ့က အထဲမှာ အလင်းရဲ့ စွမ်းအားရှိတယ်၊ သေချာပေါက် ဒါလည်း သက်ရှိဝိညာဉ်တွေကို ဖန်တီးနိုင်တယ်" အစေ့က သစ်ပင်တွေကို နိုးစေပြီး အသိစိတ်ပေးခဲ့တာပဲ။
"ဆိုလိုတာ ဝိညာဉ်အစေ့က ဒီမှာလား" ကူယွဲ့ ပျော်ရွှင်စွာနဲ့ ရေရွတ်လိုက်တယ်။ သူက အသက်ဝင်လာတဲ့ သစ်ပင်တွေကို ငုံ့ကြည့်တယ်။ ဒါပေမဲ့ သူတို့ ဘာလုပ်သင့်လဲ။ ပြီးတော့ သူ သူတို့ တစ်ချိန်လုံး တိတ်ဆိတ်နေရင်းကမှ ခုထပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေရတဲ့အကြောင်းရင်းကို နားမလည်နိုင်ဘူး။
သူတို့ သစ်ပင်ရဲ့နွယ်ပင်တွေ မမှီအောင် ပိုပြီးတောင် မြင့်မြင့်ပျံသန်းလိုက်တယ်။ ဖြည်းဖြည်းချင်း သစ်ပင်တွေက နောက်ဆုံးတော့ သူတို့ တိုက်ခိုက်မှုတွေ တန့်သွားခဲ့တယ်။ ကူယွဲ့ သက်ပြင်းချလိုက်တယ်။ အဲချိန် ကျွန်းပေါ်က သစ်ပင်တစ်ပင်က သူ့နွယ်ပင်တွေကို လှိမ့်ကာ ခေါင်းပေါ်က အသီးတစ်လုံးကို ခူးပြီး သူတို့ဆီ အသီးကိုပစ်တော့တယ်။
ကူယွဲ့ အသီးကို ရှောင်ကာ သူ့ကိုယ်ဘေးကဖြတ်သွားပြီး ရေထဲ ဗလုံခနဲ ပြုတ်ကျသွားခဲ့တယ်။ ပတ်လည်က သစ်ပင်တွေက ဒီတိုက်ခိုက်မှုနည်းအသစ်ကို နားလည်တဲ့ပုံပဲ။ တစ်ခုချင်းစီ သူတို့က ခေါင်းတွေပေါ်က အသီးတွေကို ခူးကာ သုံးယောက်အုပ်စုဆီ ပစ်ကြတော့တယ်။
ဟိုလီရှစ်
ဒီသစ်ပင်တွေက ခု တကယ့်ကိုမိစ္ဆာတွေပဲ မဟုတ်လား။
"နှစ်ယောက်သား မြန်မြန် အင်းကွက်တစ်ခုပြင်-"
ကူယွဲ့ သူ့အလိုလို ပြန်လှည့်မိပြီး နှစ်ယောက်သားကို အကာအကွယ်အင်းကွက် ပြင်ဖို့ ညွှန်ကြားချင်နေတယ်။
"အသီးတွေ" ရှန်းရင် မျက်လုံးတွေ တောက်ပသွားကာ ခေါ်တယ်။ "စားဖိုမှူး သိုလှောင်ကုန်တွေ ဝင်လာပြီ သူတို့ကိုဖမ်း သူတို့ကိုဖမ်း"
"ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူး ဆရာ"
နောက်အခိုက်အတန့်မှာ စားဖိုမှူးက လေထဲ ဆတ်ခနဲ ထွက်သွားတယ်။ သူက သူ့ကိုယ်သူ ပုံရိပ်ကိုယ်ခွဲ၁၀ခုကျော် ပုံတူကူးလိုက်ကာ အပင်တွေက သူတို့ဆီ ပစ်ပေးလာတဲ့ အသီးတိုင်းကို ဖမ်းလိုက်တယ်။ လမ်းတစ်လျှောက်မှာ သူက ကူယွဲ့ဓားပေါ် ရှန်းရင်ကိုတောင် ကူတင်ပေးလိုက်တယ်။
ကူယွဲ့ ။ ။ "..." -ီး
ဒီလိုနဲ့ ဆရာတပည့်က ခူးဆွတ်ရင်း ပျော်မြူးနေကာ သူတို့ဖန်တီးထားတဲ့ အသီးဖမ်းကစားနည်းမှာ ပျော်ရွှင်နေကြတယ်။ စားဖိုမှူးက အပင်တွေပစ်လာတဲ့ အသီးတစ်လုံးတောင် မလွတ်သွား။ မိနစ်ပိုင်းအတွင်း သူတို့သိုလှောင်အိတ်က ပြည့်သွားတယ်။
"ဆရာ သိုလှောင်အိတ်က ပြည့်သွားပြီ၊ ကျွန်တော်တို့ ဘာလုပ်မလဲ"
"ငါ့မှာ ထပ်ရှိသေးတယ်" ရှန်းရင်က အမြန် သူမသိုလှောင်အိတ်ကို ကမ်းပေးလိုက်ကာ ကူယွဲ့ဟာကိုပါယူတယ်။ "ဖေဖေနျို ငါ နင့်ဟာပါခဏငှားမယ်"
"စားဖိုမှူး ညာဘက်မှာ ညာဘက်မှာ အဲတစ်ခုက ရေထဲရောက်တော့မယ်"
"စားဖိုမှူး အဝါတွေကိုပိုပြီးကောက်၊ အဲဒါတွေက အရသာရှိတယ်"
"စားဖိုမှူး ငါတို့ အစိမ်းတွေကို ဖမ်းဖို့မလိုဘူး သူတို့က မမှည့်လောက်သေးဘူး"
စားဖိုမှူး ခု ထိပ်တန်းအမြန်နှုန်းနဲ့ လှုပ်ရှားနေပြီ။ "ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး ဆရာ"
သူ့ပုံရိပ်ဆယ်ခုကျော်အားလုံးက ထပ်ခွဲထွက်ထွားတာ လေထဲပုံရိပ်ထဲငါးဆယ်ကျော်သွားတယ်။ တစ်စုက အသီးတွေကို ဖမ်းနေပြီး နောက်တစ်စုကတော့ ဖမ်းမိတဲ့အသီးတွေကို စစ်ဆေးနေလေရဲ့။ ဒါတွေက အလုပ်ကိုစည်းစန်စကျကျ လုပ်တယ်လို့ခေါ်တယ်။
ကျေးဇူးတင်စရာကောင်းတာက သစ်ပင်တွေနဲ့ တောအုပ်ကြီးတစ်ခုလုံးရှိတာပဲ။ သိုလှောင်အိတ်သုံးခုလုံးက မြန်မြန်ပဲပြည့်သွားခဲ့တယ်။ စားဖိုမှူးက ဘယ်ကမှန်းမသိ ဆန်းကြယ်ဘုံငယ်လေးတစ်ခု ဖန်တီးကာ လေထဲဝင်ပေါက်ကို ဖွင့်လိုက်တယ်။ သူ အမြန် ဆန်းကြယ်ဘုံထဲ အသီးတွေအားလုံးကို ပစ်ထည့်လိုက်တယ်။ ယိချင်း ဒါကြောင့် သူ့ဘာသာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပါ ဖန်တီးလိုက်သေးတယ်။
ကူယွဲ့ ။ ။ "…" သောက်ကျိုးနည်း ငတုံးတွေ။
မင်းတို့အားလုံး ဒါကို ကုန်စည်ပစ္စည်းတွေ သိုလှောင်တဲ့အနေနဲ့ တကယ်မှတ်ယူနေတာပဲ ကူယွဲ့ တကယ် ဒီအစုတ်ပလုတ်လေးနှစ်ယောက်ကို မသိသလိုသာ ဟန်ဆောင်ချင်နေတော့တယ်။
သစ်ပင်တွေက သိသိသာသာ နှေးသွားတယ်။ လေထဲ ပစ်ပေါက်လာတဲ့ အသီးတွေက နည်းလာတယ်။ ကူယွဲ့ နှုတ်ခမ်းတွေကို စေ့ကာ သူ့မသေမျိုးချီနဲ့ ကြိုးတစ်ခုဖန်တီးလိုက်ပြီး လူအရွယ် အပင်ငယ်လေးတစ်ခုကို ဖမ်းဆီး လေထဲဆွဲခေါ်လိုက်တယ်။
အပင်ငယ်လေးက သွေးပျက်နေတယ်။ သူက သစ်ကိုင်းတွေ၊ သစ်ရွက်တွေကို အသည်းအသန် ခါယမ်းကာ ကြိုးရဲ့ ဖမ်းဆုတ်ထားမှုကနေ လွတ်မြောက်အောင် ရုန်းကန်နေတော့တယ်။ ဒါပေမဲ့ ကူယွဲ့ရဲ့ မသေမျိုးချီက သန်မာလွန်းတယ်။ သစ်ပင်က လေထဲ လွယ်ကူစွာ ပျံတက်သွားခဲ့တယ်။
အောက်က သစ်ပင်တွေအားလုံးက ကူယွဲ့ လုပ်ခဲ့တဲ့အရာကြောင့် ထိတ်လန့်သွားသလိုမျိုး ရပ်တန့်သွားခဲ့တယ်။ အသီးတွေကို ပစ်နေဆဲအပင်တွေတောင် ရပ်ကုန်လေရဲ့။
ပစ္စည်းသိုလှောင်ရင်း အလုပ်များနေသူနှစ်ယောက်ပါ တန့်သွားကာ ကူယွဲ့နဲ့ အပင်ကို လှည့်ကြည့်လာတယ်...။
"ဘာတွေကြည့်နေတာလဲ" ကူယွဲ့ သူတို့နှစ်ယောက်ကို ဒေါသတကြီးကြည့်လိုက်တယ်။ "နှစ်ယောက်လုံး တော်လောက်ပြီ မင်းတို့ ဒီအပင်လေးဆီက အသီးတွေအားလုံးပါ ခူးချင်နေတာလား" သူတို့ ဒီကိုဘာကြောင့်ရောက်နေတာလဲ မှတ်မိကြသေးရဲ့လား။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချတယ်။ နောက်တော့ သူ ဆန်းကြယ်ဘုံငယ်လေးကို အင်တင်တင်နဲ့ ပိတ်လိုက်ကာ အပင်လေးဘက်လှည့် မျက်နှာချင်းဆိုင်လိုက်ကြတယ်။
ကူယွဲ့ အပင်ကို အင်မတန်နီးကပ်စွာ စစ်ဆေးလိုက်တယ်။ ဒါ တကယ် ဝိညာဉ်နဲ့အသိစိတ် ရှိပေမဲ့ သစ်ပင်က စကားမပြောနိုင်ဘူးဆိုတာ ထင်ရှားတယ်။ ဒါကြောင့် ကူယွဲ့ ဂါထာတစ်ခုကို အမြန်ဖန်တီးပြီး မသေမျိုးချီတချို့ကို သစ်ပင်ရဲ့အသိစိတ်ထဲ ဝင်ရောက်စေလိုက်တယ်။ ချက်ချင်း သူ့ကိုယ်ထဲ ဒေါသတွေ တက်လာတာကို ခံစားလိုက်ရတော့တယ်။