← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း ၅၉၅ ။ အပင်မိစ္ဆာများ

ကူယွဲ့ မျက်မှောင်ကြုတ်ကာ မေးတယ်။ "မင်းကဘာလဲ၊ ငါတို့ကို ဘာလို့တိုက်ခိုက်ချင်တာလဲ"

သစ်ပင်ရဲ့အရွက်တွေက တုန်ယင်သွားတယ်။ တစ်ခဏနေတော့ ကူယွဲ့ရဲ့ အသိစိတ်ထဲ နောက်တစ်ကြိမ် ဒေါသအမျက်ကို ပို့လာပြန်တယ်။ ခဏစဉ်းစားပြီးတော့ ကူယွဲ့ သူဘာပြောနေလဲ နောက်ဆုံး နားလည်သွားခဲ့တယ်။ "လူဆိုးကောင် မင်းက ခေါင်းဆောင်ကိုဖမ်းချင်တယ်ပေါ့ ငါခွင့်မပြုဘူး မောင်းထုတ်ပစ်မှာ"

"မင်းသူဌေးက ဘာပုံစံလဲ" ကူယွဲ့ ထိတ်လန့်တကြား မေးလိုက်တယ်။ သူ့ခေါင်းဆောင်က ဝိညာဉ်အစေ့ဖြစ်နိုင်လား။ ဝိညာဉ်အစေ့က တောအုပ်ထဲရှိနေသေးတာလား။

သစ်ပင်လေးက ကူယွဲ့အသိစိတ်ဆီ ခံစားချက်နဲ့ သတင်းစကားထပ်ပို့နေတာ ရပ်သွားတာမို့ ကူယွဲ့က ရွေးချယ်စရာမရှိဘဲ သူ့ဂါထာကို ပြန်ရုပ်လိုက်ရပြီး သစ်ပင်လေးကို ပြန်ချထားလိုက်ရတယ်။ အပင်လေး ပြန်ရောက်လာတာ မြင်တဲ့ တောအုပ်က ပြန်လာပြီး နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ အသီးအသစ်တွေကို ခုတင် သူတို့ရှိနေတဲ့နေရာဆီ ပစ်ပေးလာတော့မယ်။

ကူယွဲ့ နှုတ်ခမ်းတွေ စေ့လိုက်ပြီး သူတို့အားလုံးကို တုန်ခါတဲ့ ဖိနှိပ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ သစ်ပင်တွေရဲ့အသိစိတ်စံနှုန်းက မမြင့်တာ နှမြောစရာပဲ။ ကူယွဲ့ သူတို့ဆီကနေ ဝိညာဉ်အစေ့ရဲ့ တည်နေရာကို ရှာမရနိုင်ဘူး။ ဒါကြောင့် သူ့လက်နှစ်ဖက်လုံးကိုသုံးကာ နယ်နိမိတ်တစ်ခုလုံးကို ဖြန့်ကျက်သွားတဲ့ အင်းကွက်တစ်ခုကို ဖန်တီးလိုက်တယ်။

သူ သူတို့ကို မမေးနိုင်မှတော့ သူ့ဘာသာ ရှာရမှာပေါ့

နောက်အခိုက်အတန့်မှာ ကြီးမားတဲ့ စူးစမ်းရှာဖွေမှုအင်းကွက်တစ်ခု ကောင်းကင်ထဲ ပေါ်လာတယ်။ ဒါက သစ်ပင်တွေရဲ့ တောအုပ်ဆီ တန်းတန်းမတ်မတ်ဦးတည်နေတဲ့ အဖြူရောင်အင်းကွက်တစ်ခုပဲ။ ဒါက အကြွင်းအကျန်အရှိန်အဝါရှိရာဘက် ပျံ့သွားတယ်။ စက္ကန့်ပိုင်းအတွင်း ဒါက တုံ့ပြန်မှုတစ်ခု ရလာခဲ့တယ်။

"အဲဘက်မှာ" ကူယွဲ့က သူ့ညာဘက်ကို လက်ညှိုးထိုးပြကာ အဲဘက်ကို ပျံသန်းလာခဲ့တယ်။

စားဖိုမှူးလည်း အမြန်လိုက်ကာ ရှန်းရင်ကို သူ့ဓားပေါ် ပြန်တင်ချီလိုက်တယ်။

ကူယွဲ့ရောက်ချိန် တောအုပ်အလယ်မှာ တွင်းတစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က အဲနေရာဆီသွားပြီး မြေကြီးထဲ လေးငါးမီတာ တူးထားပုံပဲ။ ‌တွင်းထဲမှာတော့ သစ်ပင်မျိုးစုံ ကြီးထွားနေတယ်။ သူတို့က အထဲကတစ်ခုခုကို ကာထားသလိုမျိုး ထူထဲနေလေရဲ့။

ကူယွဲ့ မျက်မှောင်ကြုတ်တယ်။ ဒါက နည်းနည်းသိသာနေတယ် မဟုတ်လား။ သူက တွင်းထဲဝင်မို့ရှိသေး စောနက သူ ထိတ်လန့်အောင်လုပ်ခဲ့တဲ့ ‌သစ်ပင်တွေဟာ အခု တွင်းဆီ သူတို့အကိုင်းတွေကို ဆန့်ထုတ်ရင်း သူ မဝင်အောင်တားဖို့ အပေါ်ကနေ အကိုင်းတွေနဲ့ကွန်ရက်တစ်ခု ဖွဲ့စည်းလာတယ်။

ကောင်းပြီလေ၊ သူ အခု ဝိညာဉ်အစေ့ကို နေရာရှာဖို့ မလိုအပ်တော့ဘူး။

ကူယွဲ့ သူတို့နှုတ်ခမ်းတွေကို စေ့လိုက်ကာ ဝိညာဉ်ဓားကိုဆင့်ခေါ်တယ်။ စူးရှတဲ့ဓားချီလှိုင်းတစ်ဝှေ့က သစ်ပင်တွေ ကာဖို့ကြိုးစားနေတဲ့ တွင်းဆီ တန်းတန်းမတ်မတ် ဦးတည်တော့တယ်။ အကိုင်းတွေကို ထိတာနဲ့ အပေါ်က သစ်ပင်တွေက တုန်ယင်ကာ သူတို့အကိုင်းတွေကို ပြန်ဆုတ်သွားခဲ့တယ်။

ကူယွဲ့ အောက်ကို ပျံသန်းဆင်းလာခဲ့တယ်။ သူ တွင်းထဲ နက်သထက်နက်နက် လျှောက်လာလေ အပေါ်က သစ်ပင်တွေက သွေးပျက်လာလေပဲ။ သူတို့တွေက ခေါင်းတွေပေါ်က အသီးတွေကို ဖြတ်တောက်ကာ ကူယွဲ့နောက်ကနေ တွင်းထဲလိမ့်ကျစေခဲ့တယ်။ ဘေးမှာရှိနေတဲ့ တခြားသစ်ပင်တွေလည်း အဲနည်းတူလုပ်ကြတာ တွင်းက အသီးတွေနဲ့ ပြည့်သွားတဲ့အထိပဲ။

ကူယွဲ့ ။ ။ "..." တကယ်ပဲ မင်းတို့အသီးတွေက အဲလောက်အစွမ်းကြီးတယ်များထင်နေလား။ သူတို့က သူ သူတို့ကို မမြင်နိုင်ဘူးများထင်နေတာလား

ဆရာတပည့်တွေရဲ့ မျက်လုံးတွေက သူ့နောက်ကနေ ဝင်းပသွားတယ်။

ဟေး မင်းတို့နှစ်ယောက်လုံး တော်လောက်ပြီ စောနက အသီးတွေကောက်တာ မလောက်သေးလို့လား

ကူယွဲ့ သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပေမဲ့ တစ်ခုခုလုပ်ဖို့ကို အရမ်းပျင်း‌သွားလေရဲ့။ သူ လက်ကိုမြှောက်ပြီး တွင်းထဲက အသီးတွေအားလုံးကို ဖယ်ရှားဖို့ ဂါထာတစ်ခုသုံးကာ သစ်ရွက်ခြောက်တွေ၊ အကိုင်းတွေနဲ့အတူ။အောက်ခြေမှာ စုဝေးလိုက်တယ်။

သစ်သီးတွေကြားထဲ ထင်းခနဲမြင်သာတဲ့ အစိမ်းရောင်တစ်စုံတစ်ခုကလည်း ပျံတက်လာတယ်။ အဲဒါပဲ သူ လက်ကောက်ဝတ်ကိုလှည့်ကာ အစိမ်းရောင်ပစ္စည်းကို သူ့ဆီ ပျံသန်းလာစေလိုက်တယ်။ နောက်တော့ လက်ကောက်ဝတ်ကို ထပ်လှည့်ကာ အသီးတွေအားလုံးကို ရှန်းရင်ဆီ ပျံသန်းသွားစေပြီး သူ့ရှေ့ဆင်းသက်စေလိုက်တယ်။

"စားဖိုမှူး ကုန်တွေကိုသိမ်း" ရှန်းရင်က ရေရွတ်ကာ မျက်လုံးတွေက တောက်ပနေတယ်။ သူမ လက်တွေထဲ အသီးတွေကို ကောက်ယူတော့တယ်။

ကူယွဲ့ သူ့ဂါထာကိုသုံးပြီး ရှေ့က ဖမ်းဆီးထားတဲ့ပစ္စည်းကို ကြည့်လိုက်တယ်။ အခုအဲဒါက သူ့အရွက်တွေကို ဝှေ့ယမ်းကာ လွတ်မြောက်ဖို့ ကြိုးစားနေလေရဲ့။ ဒီပစ္စည်းရဲ့ ထိပ်ဖျားက ရှည်လျားပိန်သွယ်ပြီး အရောင်ကအစိမ်းရောင်။ သူ့အောက်ပိုင်းတစ်ဝက်ကတော့ အဖြူရောင်စွတ်စွတ်။ ကြည့်ရတာ...။

"ကြက်သွန်မြိတ်လား" သူ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားလေရဲ့။

"ဟင့်အင်း" စားဖိုမှူးက အသီးတွေအားလုံးကို ကောက်ယူကာ ထရပ်တယ်။ အင်မတန် လေးနက်စွာ သူက အမှန်ပြန်ပေးတယ်။ "ကြက်သွန်ဖြူ"

သူက အသီးအရွက်တွေကို ခွဲခြားတဲ့နေရာမှာ ကျွမ်းကျင်သူပဲ။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ကြက်သွန်ဖြူတွေတောင် ဒီနေ့ခေတ်မှာ မိစ္ဆာတွေ ဖြစ်လာနိုင်တာလား" ဒီမိစ္ဆာတွေက သူတို့ပုံစံနဲ့ပတ်သက်ပြီး အရမ်းကို သာမန်ကာလျှံကာနိုင်လွန်းတယ် မဟုတ်လား"

"ငါ့ကိုလွှတ်ပေး ငါ့ကိုလွှတ်ပေး" ကြက်သွန်ဖြူက စူးရှတဲ့အသံနဲ့ စတင်အော်ဟစ်တော့တယ်။

ဟေး ဒီကြက်သွန်ဖြူက စကားပြောနိုင်သားပဲ

"ရှန်းရင်" ကူယွဲ့က တစ်ယောက်သော အစားသရဲဘက် လှည့်လိုက်တယ်။ "ဒါက ဝိညာဉ်အစေ့လို့တော့ မပြောနဲ့နော်" ဒါက အစားသရဲလောကထဲက သောက်ကျိုးနည်းဝိညာဉ်အစေ့ မဟုတ်လား။

"မဟုတ်ဘူး" ရှန်းရင်က သူမခေါင်းကိုယမ်းတယ်။ "ဝိညာဉ်အစေ့ရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်လို့တော့ ထင်တာပဲ"

ဘာကြောင့်မှန်းမသိ ကူယွဲ့ စိတ်သက်သာရာရသွားကာ သက်ပြင်းချမိတယ်။

"လူဆိုးတွေ ငါ့ကိုလွှတ်ပေး" ကြက်သွန်ဖြူမိစ္ဆာက သူ့အသက်အတွက် ရုန်းကန်နေပေမဲ့ ကူယွဲ့ဂါထာကနေ လွတ်မြောက်အောင် မလုပ်နိုင်တာ နားလည်သွားတယ်။ ဒါကြောင့် သူ့အရွက်တွေကို အသည်းအသန် ယမ်းကာ အော်တော့တယ်။ "ခွေးကောင် ‌လူဆိုး ငါ့ခေါင်းဆောင်ကို ဖမ်းပြီး ခုကျငါ့ကိုပါဖမ်းချင်နေတယ်ပေါ့ စောင့်နေ ငါ... ငါ..."

ကြက်သွန်ဖြူက သွေးပျက်နေတဲ့ပုံ။ သူက သူ့အဖြူရောင်ရိုးတံအပိုင်းကိုမြှောက်ပြီး မျက်နှာပြင်အလွှာကို ခွာကာ ခန္ဓာကိုယ်ထဲက အတွင်းအဖြူရောင်အပိုင်းတွေကို ပြသလိုက်တယ်။ "ငါ မင်းကို သေအောင် အမွှေးအကြိုင် ခတ်ပစ်မယ်" နောက်တော့ သူတို့မျက်လုံးတွေဆီ ပြေးဝင်ဖို့လုပ်တယ်။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဟဲဟဲ ဒါက တကယ်ကို... ကြောက်စရာခြိမ်းခြောက်မှုပဲ။

o(╯□╰)o

ကူယွဲ့ နှုတ်ခမ်းကိုသပ်ပြီး ကြက်သွန်ဖြူမိစ္ဆာကို သူတို့နဲ့နည်းနည်းဝေးဝေးဆီ တွန်းလိုက်တယ်။ "ပြော ကြက်သွန်ဖြူမိစ္ဆာလေး မင်းပြောနေတဲ့ ဒီခေါင်းဆောင်ကဘယ်သူလဲ"

"ဘယ်သူက ကြက်သွန်ဖြူမိစ္ဆာလေးတုံး" ကြက်သွန်ဖြူမိစ္ဆာက တောက်ခေါက်တယ်။ သူက အရွက်တွေကို ယမ်းပြောတော့တယ်။ "ငါကတကယ်စပ်တာနော် ရုပ်ဆိုးကောင် တကယ်လို့ မင်းအတွက် ဘာကောင်းလဲဆိုတာသိရင် ငါ့ကိုချက်ချင်းလွှတ်ပေးမှာပဲ၊ မဟုတ်ရင် မင်းသေချာပေါက် နောင်တရလိမ့်မယ်"

"..." ငါ့ခြေထောက် ဘယ်သူ့ကို ရုပ်ဆိုးတယ်လို့ ခေါ်နေတာတုန်း ဒီအသီးအရွက်မိစ္ဆာတွေက မုန်လာဥဖြူနဲ့ ကျောင်းတူတူ အောင်လာကြတာလား။ ဒီကြက်သွန်ဖြူ ကူယွဲ့ သူ့ကို မျက်စိတစ်မှိတ်အတွင်း ‌အကြော်ခံရဖို့ စားဖိုမှူးဆီအပ်ပစ်မှာ မယုံရင် ထပ်စော်ကားဖို့ ကြိုးစားလို့ရတယ်။

"မင်းတို့တွေက ခေါင်းဆောင်ကို အနိုင်ကျင့်တဲ့လူဆိုးတွေ" ကြက်သွန်ဖြူက ဆက်ရုန်းကာ အော်ဟစ်‌နေရင်း သူ ကြီးမားတဲ့အန္တရာယ်ကျရောက်နေတာကို နားမလည်ရှာ။ သူက ကူယွဲ့ကိုဆက်ခြိမ်းခြောက်တယ်။ "စောင့်ကြည့်နေပါ၊ ငါ နည်းနည်း ပိုကြီးလာရင် ထွက်လာပြီး ခေါင်းဆောင်ကို ကယ်တင်မယ်"

"အို" ကူယွဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။ သူ့အသံက ထေ့ငေါ့မှုနဲ့ ပြည့်လျှံနေတယ်။ "မင်းလို မိစ္ဆာငယ်လေးကလေ၊ မင်း ခေါင်းဆောင်ကိုကယ်ချင်တယ်လား၊ ဘယ်နေရာမှာရှိလဲတောင် သိရဲ့လား"

"ဟမ့်" ကြက်သွန်ဖြူက တောက်ခေါက်ကာ သူ့အရွက်တွေကို ယမ်းပြီး မဝေးတဲ့နေရာက မီးတောင်ကို လက်ညှိုးထိုးလိုက်တယ်။ "ငါမသိဘူး မထင်နဲ့၊ မီးတောင်ပေါ်က အပင်လေးတွေ ဒါကိုဆွေးနွေးနေတာ ကြားခဲ့တယ်၊ မင်းတို့ ခေါင်းဆောင်ကို ဖမ်းပြီး ‌မီးတောက်တောင်ပေါ် ခေါ်သွားခဲ့တာပဲ စောင့်ကြည့်နေပါ၊ ငါ မီး‌ကိုမကြောက်တော့တဲ့အထိ လေ့ကျင့်နေတာကိုစောင့်နေ၊ ငါသေချာပေါက်ကယ်မှာ၊ မင်း အဲလိုမျိုး ခေါင်းဆောင်ကို ဖမ်းဆီးနိုင်မယ်မထင်နဲ့၊ မင်းတို့လိုရုပ်ဆိုးသတ္တဝါတွေက ခေါင်းဆောင်ကို ခစားဖို့တောင် မတန်ဘူး"

မီးတောက်တောင်

ကူယွဲ့နဲ့ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်ကာ မနီးမဝေးက အချိန်နဲ့အမျှ မီးတောက်တွေ၊ မီးပန်းတွေ ပန်းထုတ်နေတဲ့ မီးတောက်တောင်ကို လှည့်ကြည့်လိုက်တယ်။ အဲတော့ ဝိညာဉ်အစေ့က အဲမှာလား။ သူတို့ သူ့တည်ရှိမှုကို အာရုံခံမရခဲ့တာ အံ့ဩစရာ မရှိတော့ဘူး။

"သွားမယ် မီးတောင်ဆီ" ကူယွဲ့ ဓားပျံပေါ်တက်လိုက်တယ်။

"ခဏ" ယိချင်းက ရုတ်တရက် သူ့ကိုပြန်ဆွဲထားကာ ကောင်းကင်ကိုကြည့်ရင်း ခေါင်းယမ်းတယ်။

"စားကြစို့" တကယ်လို့ သူ ခုစဟင်းမချက်ရင် သူတို့ ထမင်းတစ်နပ်လွတ်တော့မယ်။ ဘယ်ဟာကမှ ဆရာ့ထက်အရေးမကြီး။

ကူယွဲ့ ။ ။ "..."

သူတို့ တခြားဟာတွေနဲ့ကျ ဘာလို့ ဒီလိုအချိန်မတိကျနိုင်ရတာတုံး။

ဒါပေမဲ့ တကယ်ပဲ နောက်ကျလာပြီမို့ ဝိညာဉ်အစေ့သာ မီးတောင်ထဲ တကယ်ရှိနေရင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကူယွဲ့ ကြက်သွန်ဖြူမိစ္ဆာကို ငုံ့ကြည့်ကာ မျက်လုံးတွေမှေးသွားရင်း ခေါင်းညိတ်တယ်။ "ငါတို့စားလို့ရတယ် ဒါပေမဲ့ ငါ ပုစွန်ကြက်သွန်ဖြူ၊ ဂဏန်းကြက်သွန်ဖြူ၊ ကြက်သွန်ဖြူအသားပေါင်း၊ ကြက်သွန်ဖြူအပွင့်တွေနဲ့၊ ကြက်သွန်ဖြူသားရဲတွေ..."

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ကြက်သွန်ဖြူ မိစ္ဆာ ။ ။ "..."

မင်းက မိစ္ဆာလား။

…

အခန်း ၅၉၆ ။ ဝိညာဉ်အစေ့ရဲ့ အသွင်ယူခြင်း

စားသောက်စရာ အဆင်သင့်ဖြစ်မှာကို စောင့်နေရင်း ကူယွဲ့ ကြက်သွန်ဖြူမိစ္ဆာဆီကနေ သတင်းအချက်အလက်အားလုံးကို ညှစ်ထုတ်လိုက်တယ်။ သူပြောနေတဲ့ ခေါင်းဆောင်က တကယ်ပဲ ဝိညာဉ်အစေ့ပဲ။ တောအုပ်တစ်ခုလုံး သစ်ပင်တွေ မိစ္ဆာအဖြစ် ပြောင်းသွားခဲ့တာ တကယ် ဝိညာဉ်အစေ့ကြောင့်ပဲ။ ပြီးတော့ ဒီကြက်သွန်ဖြူက အသိစိတ် ဖွဲ့စည်းတဲ့နေရာမှာ ပထမဆုံးပဲ။ အဲဒါက သစ်ပင်တွေအားလုံး သူ့အမိန့်ကိုနားထောင်ရတာပေါ့

ဒါပေမဲ့ သိပ်မကြာခင် ဝိညာဉ်အစေ့က ရုတ်တရက် အပြင်က မိစ္ဆာတစ်ကောင် ဖမ်းဆီးတာ ခံလိုက်ရတယ်။ ဒီသစ်ပင်တွေက ဝိညာဉ်အစေ့ကို ပြန်လုယူဖို့ မိစ္ဆာတွေနောက် လိုက်နေခဲ့တာ။ အဲမိစ္ဆာတွေက မီးတောင်ထဲ တွန်းပို့ခံလိုက်ရတယ်။ သစ်ပင်တွေက မီးကိုကြောက်နေတာမို့ သူတို့ကနား ထပ်မသွားရဲတော့ဘူး။ အဲဒါကြောင့် သူတို့ ရွေးစရာမရှိတော့ဘဲ မိစ္ဆာတွေ မလွတ်မြောက်နိုင်အောင် ရှိနေတဲ့နေရာမှာ စောင့်နေရတော့တယ်။ ဒါပေမဲ့ အဲလိုလုပ်တာက သိပ်ပြီးတော့ သက်ရောက်မှုမရှိခဲ့ဘူး။ ဒီလိုလုပ်တာက နှစ်ဖက်လုံးကို မတိုးသာမဆုတ်သာဖြစ်စေခဲ့တယ်။

"ဒါကြောင့် ဒါကိုကြည့်ရင် ဝိညာဉ်အစေ့က သရုပ်အသွင်ယူပြီးပြီပေါ့" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ သစ်ပင်တွေ လှုပ်ရှားနေတဲ့မြင်ကွင်းကို ပြန်စဉ်းစားမိကာ ရှန်းရင်ကို ပြန်လှည့်ကြည့်တယ်။ "ဝိညာဉ်အစေ့က တခြားပုံစံတွေကို အသွင်တုနိုင်ရင်‌တင်မကဘူး၊ အသွင်လည်းယူနိုင်တယ်ပေါ့"

"အမှန်ပဲ" ရှန်းရင်က ခေါင်းညိတ်တယ်။ "ဝိညာဉ်အစေ့က အသိစိတ်ရှိတယ်၊ သူ့အသွင်အစစ်က လူတစ်ယောက်ပုံပဲ"

မင်း စောနတည်းက ပြောရောပေါ့။

ကူယွဲ့ နှုတ်ခမ်းတွေကို စေ့ကာ အမြန် ဇွန်းခက်ရင်းတွေကို သိမ်းလိုက်တယ်။ "မြန်မြန် သွားရှာကြရအောင်" အဲတော့ သူတို့ မီးတောင်ဆီ ပျံသန်းလာခဲ့ကြတယ်။ သူတို့ မီးတောင်နဲ့ နီးလာလေ ပတ်ဝန်းကျင်အပူချိန်က မြင့်လာလေပဲ။ ကူယွဲ့တောင် အတော်လေး ပူအိုက်လာသလိုခံစားရတယ်။ ဒါပေမဲ့ တစ်အုပ်လုံး ရင်းနှီးနေတဲ့အရှိန်အဝါတစ်ခုက မိစ္ဆာချီတချို့နဲ့အတူ ပူလောင်မှု၊ ပြာတွေရဲ့ ထူထဲမှုရဲ့ လွှမ်းမိုးမှုခံထားရတာကို ခံစားနေရတယ်။

ကူယွဲ့ သူတို့သုံးယောက်ပတ်လည်မှာ အကန့်ခြားအင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ ချက်ချင်း လေပူက ပျောက်သွားတယ်။ ကူယွဲ့ တစ်ဖက်လှည့်ကာ တခြားနှစ်ယောက်ကို ပြောလိုက်တယ်။

"မီးတောင်ထဲက မိစ္ဆာချီကိုကြည့်လိုက်၊ အထဲမှာ အဆင့်မြင့် မိစ္ဆာတချို့ ရှိလိမ့်မယ်၊ သတိထားနော်" အဲလိုနဲ့ သူတို့က မီးတောင်ထဲ ဝင်လာခဲ့တယ်။

တကယ်ပဲ သူတို့ ဝင်ဝင်လာချင်း မူလချီနဲ့ ရောနေတဲ့ မိစ္ဆာချီက သူတို့ဆီ ပြေးဝင်လာတယ်။ သူတို့ပတ်လည်က အရာအားလုံးက ရဲရဲတောက်နီနေခဲ့တယ်။ အချိန်နဲ့အမျှ ပူလောင်တဲ့ပြာနဲ့ ချော်ရည်တွေက မြေပြင်ပေါ်ကနေ ပန်းထွက်လာတယ်။ သူတို့တွေ ပြာနဲ့ ချော်ရည်ကို ရှောင်ဖို့ကြိုးစားရင်း မီးတောင်ရဲ့အတွင်းပိုင်းတွေက မူလချီနောက်လိုက်ခဲ့ကြတယ်။

သူတို့ အထဲဝင်လာလေ လမ်းကကျယ်လာလေပဲ။ အရာအားလုံးက ပိန်းပိန်းခြစ်‌မှောင်နေပြီး မြင်နိုင်စွမ်းက ယိုယွင်းလာခဲ့တယ်။

"ဆရာ ကျောက်နံရံ..." ယိချင်းက ရုတ်တရက် ပြောလာတယ်။

ကူယွဲ့ လှည့်လိုက်တော့ မီးတောင်ထဲက ကျောက်နံရံပေါ် ဂူလေးတွေ အများကြီးရှိနေတာ မြင်ခဲ့ရတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က တမင်တူးထားတဲ့ပုံပဲ။ သူရင်ထိတ်သွားတယ်။ ဟိုလီရှစ် ဝိညာဉ်အစေ့ကို ဖမ်းထားတဲ့ မိစ္ဆာတွေက အဲဂူတွေကို တူးထားတာလား။ အဲကြက်သွန်ဖြူမိစ္ဆာက တကယ်ကို အားမကိုးရတာပဲ

"ဒီပေါ်မှာ မိစ္ဆာချီနဲ့ မူလချီရှိနေတာလား" ယိချင်းကပြောတယ်။ ဒီဂူတွေက မိစ္ဆာတွေက တူးထားတာ ထင်ရှားတယ်။

"ချီး" ကူယွဲ့ အသက်အောင့်ကာ ဆဲရေးလိုက်တယ်။ ဂူတွေ အများကြီးပဲ - သူတို့ ဘယ်ကနေ စရမှာလဲ။

"အထူဆုံးမိစ္ဆာချီနဲ့ ဂူကိုရွေးကြရအောင်"

"ငါတို့အထဲကို တွားသွားရမှာလား" ရှန်းရင်က ခေါင်းကိုစောင်းကာ ကူယွဲ့ကို မေးခွန်းထုတ်တဲ့အနေနဲ့လှမ်းကြည့်လိုက်တယ်။

"အဓိပ္ပာယ်မရှိတာ" ကူယွဲ့က အလိုလိုဖြေတယ်။ "တကယ်လို့ သူတို့နောက်မလိုက်ရင် ဝိညာဉ်အစေ့က ခုန်ထွက်လာမယ်ထင်လို့-"

သူ စကားမဆုံးခင် ဝုန်းခနဲအသံကြီး ကြားလိုက်ရတယ်။ တစ်ခုခုက ‌သူတို့အောက် ပြုတ်ကျလာတယ်။ ရုတ်တရက် ပြာနဲ့ချော်ရည်အရှည်ဆုံးတိုင်က သူတို့မျက်စိရှေ့ ကျလာတယ်။ ပုံရိပ်နှစ်ခုက သူတို့ခြေထောက်အောက် ပေါ်လာခဲ့တယ်။ ပြင်းထန်တဲ့ မိစ္ဆာချီကအုပ်စုဆီ ပြေးဝင်လာလေရဲ့။

"ခုန်ထွက်လာနေပြီ" ရှန်းရင်က အောက်ကို လက်ညှိုးထိုးပြတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

တကယ်ကြီး သူ့ဘာသာ ခုန်ထွက်လာတယ်ဟ

(⊙_⊙)

ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ ငုံ့ကြည့်တယ်။ သူတို့အောက် လူနှစ်ယောက်ရပ်နေကာ တစ်ယောက်က အရပ်ပိုရှည် တစ်ယောက်က အရပ်ပိုပုတယ်။ အရပ်ပိုပုသူက ဆယ်ကျော်သက်သာဖြစ်ကာ ကြောက်လန့်နေတယ်။ အရပ်ပိုရှည်သူက ဝတ်ရုံစိမ်းဝတ်ထားတယ်။ သူက အတော်လေးကို ဗလတောင့်တယ် - ကူယွဲ့ အောက်က သူ့ဗလတွေရဲ့ပုံစံကို ခန့်မှန်းနိုင်တယ်။ သူက ဆယ်ကျော်သက်ကို လည်ထောင်ကနေကိုင်ထားပြီး မျက်နှာဆီ လက်သီးကိုမြှောက်လေတယ်။

အရေးကြီးတဲ့အရာင လူနှစ်ယောက်ပေါ်လာတည်းက ထူထဲတဲ့မူလချီနဲ့ မိစ္ဆာချီက မီးတောင်တစ်ခုလုံးထဲ ပြည့်သွားခဲ့တယ်။ သန်မာတဲ့လူကြီးက အတော်လေးကို ဒေါသထွက်နေတဲ့ပုံ။ သူက ဆယ်ကျော်‌သက်ရဲ့မျက်နှာကို ဆက်တိုက်ထိုးနေတယ်။ တစ်ချက်စီတိုင်းမှာ မူလချီက ပိုပိုအားနည်းလာပြီး ဗလကြီးရဲ့ဘေးက မိစ္ဆာချီက ပိုပိုထူလာတယ်။

"အဲဒါဝိညာဉ်အစေ့လား" ကူယွဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"အင်း ဟုတ်တယ်" ရှန်းရင်က ခေါင်းညိတ်တယ်။

လူငယ်ရဲ့ချီက ပိုပိုအားနည်းလာတော့တယ်။ ဗလတောင့်တောင့်လူက နဖူးပေါ် လက်နှစ်ချောင်း ဖိလိုက်တယ်။ ရုတ်တရက် ဆယ်ကျော်သက်ရဲ့ကိုယ်ပတ်လည်က မူလချီက ဗလကြီးရဲ့ကိုယ်ထဲ တန်းတန်းမတ်မတ် ဦးတည်ဝဂ်တော့တယ်။ သူက မူလချီကို စားသုံးနေတာပဲ

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ အော်လိုက်တယ်။ "မိစ္ဆာ ရပ်လိုက်စမ်း"

ရှန်းရင်က ထခုန်ကာ သူမက အော်ခေါ်တယ်။ "ဖေဖေနျို..."

ဒါပေမဲ့ ကူယွဲ့က ပျံသန်းသွားနေပြီ။ တစ်ချိန်တည်းမှာပဲ ဓားချီရဲ့ သန်မာတဲ့လှိုင်းတစ်လှိုင်းက ဗလကြီးဆီ ပျံဝင်သွားလေတယ်။ သူက အန္တရာယ်ရှိနေတာ နားလည်လိုက်သလိုမျိုး လူက တစ်ဖက်လှည့်သွားတယ်။ သူ့မျက်လုံးတွေက သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ပြည့်သွားခဲ့တယ်။ သူက ကူယွဲ့ပေါ် ကြက်သေသေကြည့်နေတယ်။

နောက်အခိုက်အတန့်မှာ ဗလကြီးက နောက်ကိုပျံထွက်သွားပြီး မြေကြီးပေါ် ဝုန်းခဲကျသွားခဲ့တယ်။

ကူယွဲ့က နောက်ဂါထာတစ်ခု ဖန်တီးပြီး လူကို ရှိနေတဲ့နေရာမှာ ဖိချထားလိုက်တယ်။ သူက မြေကြီးပေါ်က လူငယ်ကိုလှည့်ကြည့်တယ်။ သူ့အသက်ရှူသံက ပါးနေပြီ။ ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။ သူ လူငယ်ကို နည်းနည်းသက်သာရာရသွားအောင် သူ့ရေဓာတ် ကုသနည်းတွေကို အသုံးပြုပေးလိုက်တယ်။ သူ့ကိုယ်ထဲက မူလချီက တည်ငြိမ်နေပြီ။ သူ မျက်လုံးဖွင့်ကာ ရှေ့မှာရပ်နေတဲ့အုပ်စုကို စေ့စေ့ကြည့်ပြီး နောက်ကိုပြန်ဆုတ်သွားခဲ့တယ်။

"မစိုးရိမ်နဲ့" ကူယွဲ့ ချော့ချော့မော့မော့ပြောလိုက်တယ်။ "ငါတို့ မင်းကိုပြန်ခေါ်သွားဖို့ ဒီရောက်လာတာ"

လူငယ်မျက်လုံးထဲက ကြောက်လန့်မှုက ကျန်ရစ်နေဆဲ။ သူက ကူယွဲ့ကို ပို‌ပြီးတောင် သတိကြီးကြီး ကြည့်ကာ ကူယွဲ့ကိုယ်ပတ်လည်က အရှိန်အဝါက ဘယ်လောက်တောင်ပြင်းထန်လဲ နားလည်သွားတဲ့နောက် မလှုပ်ရှားရဲတော့ဘူး။

ခုလေးတင် တိုက်ခိုက်ခံရသူ ဗလတောင့်တောင့်လူကတော့ ဒေါသတကြီး မော့ကြည့်လာတယ်။ သူ ကူယွဲ့ဆီ မကျေမချမ်း ပြေးဝင်လာချင်ပေမဲ့ သူက ကူယွဲ့ဖန်တီးထားတဲ့ဂါထာကြောင့် ဖိချုပ်ခံထားရရှာတယ်။ သူ ဘယ်လောက်ပဲကြိုးစားပါစေ ပြန်မရပ်နိုင်ဘူး။ သူ လုပ်နိုင်သမျှက ကူယွဲ့ဘက်ကို စိန်းစိန်းဝါးဝါးသာကြည့်ကာ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ချင်နေတယ်။

ကူယွဲ့ ဗလကြီးကို လှမ်းကြည့်ကာ သူ့ဓားချီနဲ့ ပိုပြီးတောင် ခပ်ပြင်းပြင်းဖိချထားလိုက်တယ်။ "သားရဲ၊ မင်းဘယ်လိုတောင် ဝိညာဉ်အစေ့ကို လာရှုပ်ရဲတာတုံး" သူတို့ အချိန်မီရောက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် လူငယ်ရဲ့ မူလချီအားလုံးက ဒီမိစ္ဆာရဲ့ ဝါးမျိုတာခံပြီးရလောက်ပြီ။

ဗလနဲ့လူက သူတို့ကို အူကြောင်ကြောင် စိုက်ကြည့်နေပြီး ရူးသွပ်နေတဲ့အကြည့်က သူ့မျက်နှာပြင်ထက် ပေါ်လာတယ်။ သူက ခုပိုပြီးတောင် ရုန်းကန်နေပြီ။ သူ့ပါးစပ်က လှုပ်ရှားနေပေမဲ့ ဘာမှမပြောနိုင်။ နောက်တစ်ကြိမ် ကူယွဲ့ဓားချီက သူ့ပေါ်ပိုပြီးတောင် ခပ်ပြင်းပြင်း ဖိချလိုက်တယ်။ ကူယွဲ့ မျက်မှောင်ကြုတ်တယ်။ ထူးဆန်းတဲ့အရာက ကူယွဲ့ မိစ္ဆာရဲ့ ပုံစံအစစ်က ဘာလဲဆိုတာ မပြောနိုင်ဘူး။ ဟင်းလင်းပြင်မြေက ဒီမိစ္ဆာဟာ တကယ်ကိုထူးဆန်းတာပဲ။

ထပ်ပြီးတော့ ကြည့်မနေတော့ဘဲ ကူယွဲ့ လူငယ်ဘက်လှည့်လိုက်တယ်။ ဝေးဝေးနဲ့ ကျယ်ကျယ် ရှာပြီးတဲ့နောက် သူတို့ နောက်ဆုံးတော့ ဝိညာဉ်အစေ့ကို ရှာတွေ့ခဲ့ပြီ။ ရုတ်တရက် ကူယွဲ့ ဝိညာဉ်အစေ့ လိုချင် မလိုချင်ကို ဂရုစိုက်မနေနိုင်တော့ဘူး။ သူက ဝိညာဉ်အစေ့ကို လည်ထောင်ကနေ ကောက်ချီပြီး ရှန်းရင်ဘက်လှည့်လိုက်တယ်။

"ဘယ်ချိန် မျက်နှာပြင်တံခါးတွေဖွင့်ပြီး အိမ်သွားလို့ရမလဲ" သူက တခြားဘာမှမလုပ်ခင် ဒီတာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ လိုလေပြီ။

"အင်း... မနက်ဖြန်ဆိုရင်ရော" ရှန်းရင်က ပြန်ဖြေတယ်။

"ဒါဆို ဒီကနေ အရင်ထွက်သွားကြရအောင်" ကူယွဲ့ သူ့ဓားပျံကို ထုတ်ပြီး တက်ကာ မီးတောင်ကထွက်သွားဖို့ ပြင်နေတယ်။

ဒါပေမဲ့ ရှန်းရင်က ဗလကြီးကို လှည့်ကြည့်ကာ လက်ညှိုးထိုးပြတယ်။ "စားဖိုမှူး သူ့ကိုခေါ်လာ"

ယိချင်း တုံ့ဆိုင်းနေပေမဲ့ ဗလကြီးကို စကားအတိုင်းကောက်ယူလိုက်တယ်။

"ဟုတ်ကဲ့ ဆရာ"

"ဘာလို့ ဒီမိစ္ဆာကိုပါ ခေါ်လာတာလဲ" ကူယွဲ့ ရှန်းရင်ဘက် လှည့်လိုက်တယ်။ တကယ်လို့ သူတို့ မီးတောင်မှာ ဒီလောက်ကြာကြာ အသက်ရှင်နိုင်ရင် မိစ္ဆာတွေက မီးဓာတ်ဆိုတာ ဖြစ်နိုင်တယ်။ သူတို့တွေ ထားခဲ့ရင်တောင် အဆင်ပြေမှာပေါ့။

ရှန်းရင် နှုတ်ခမ်းတွေက တစ်ခုခုကိုပြောချင်သလိုမျိုး လှုပ်နေခဲ့တယ်။

"ထားလိုက်တော့" ကူယွဲ့ တစ်ဖက်ပြန်လှည့်ပြီး စိတ်ထဲထားမနေတော့ဘူး။ "မနက်ဖြန် မျက်နှာပြင်တံခါးတွေကို ဖွင့်ဖို့ သတိရနော်၊ ဒီစိတ်ဆင်းရဲစရာနေရာကို စိတ်ကုန်နေပြီ"

"..."

အဲလိုနဲ့ အုပ်စုက ပျံထွက်လာပြီး အပြင်ဘက် တောအုပ်အလယ်က ဟင်းလင်းပြင်ဆီ ရောက်လာခဲ့တယ်။ သစ်ပင်မိစ္ဆာတွေက အဲမှာရှိနေဆဲ။ သူတို့ မီးတောင်ထဲက ထွက်လာတာမြင်တော့ ကြက်သွန်ဖြူအပင်တောင် မတ်မတ်ရပ်တော့တယ်။

သူတို့ မဆင်းနိုင်ခင် ကြက်သွန်ဖြူအပင်က အုပ်စုဆီ ‌ခုန်လာတယ်။ စိတ်လှုပ်ရှားစွာနဲ့ သူကအော်တယ်။

"ခေါင်းဆောင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ" သူက ကောင်းကင်ထဲ ခုန်တက်ပြီး သူ့ခေါင်းကို... ယိချင်းသယ်ထားတဲ့ ဗလကြီးရဲ့ ရင်ခွင်ထဲ နှစ်ဝင်လေတော့တယ်

"ခေါင်းဆောင်၊ လွမ်းနေတာ သေတော့မယ်"

ဟမ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဟိုလီရှစ် သောက်ကျိုးနည်း။

(╯‵□′)╯(┻━┻

…

အခန်း ၅၉၇ ။ ဝိညာဉ်အစေ့ရဲ့ဝိညာဉ်ပြန်လာ

"ဘာဖြစ်တာလဲ သူက ဝိညာဉ်အစေ့လား" ကူယွဲ့ ဗလကြီးကို ဇဝေဇဝါကြည့်လိုက်တယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူ့တစ်ကိုယ်လုံးမှာ မိစ္ဆာချီတွေပဲ ရှိနေပြီး မူလချီနည်းနည်းလေးတောင်မရှိ။ ပြီးတော့ ဒါက ဝိညာဉ်အစေ့ အသွင်ယူထားတဲ့ပုံဆိုရင် သူ့ကိုယ်ထဲ အာဟာရဓာတ် နည်းနည်း များလွန်းနေတာ မဟုတ်ဘူးလား။

စားဖိုမှူးက နောက်ကိုခုန်ကာ လက်ကိုမြှောက်ပြီး ဗလကြီးပတ်လည်က မှော်ဂါထာကိုဖြည်လိုက်တယ်။ သူက သူ့ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးလိုက်တော့ မိစ္ဆာချီက ကိုယ်ခန္ဓာပတ်လည်မှာ လွင့်မျောနေတာကို တွေ့လိုက်ရတယ်။ သူ့အမူအရာက မည်းမှောင်သွားခဲ့တယ်။ "ဒီမိစ္ဆာချီက သူ့ဟာဖြစ်တဲ့ပုံ မပေါ်ဘူး"

အဲလိုနဲ့ သူ နောက်ထပ်ဂါထာတစ်ခုကို ဖန်တီးပြီး ဗလကြီးနဖူးအလယ်ကို ထိလိုက်တော့ ကိုယ်ပတ်လည်က မိစ္ဆာချီတွေအားလုံးက ချက်ချင်း ပျောက်သွားခဲ့တယ်။ သူ့ကြည့်ရတာ ဖောက်ခံထားရတဲ့ ဘောလုံးလိုပဲ။ ချက်ချင်း သူက ပိန်လာတယ်။ သူ့ကြွက်သားတွေတောင် ပျောက်စ ပြုလာတယ်။ ဝိညာဉ်အစေ့က အချိန်နောက်ပြန်သွားနေသလိုပဲ။ ခပ်ထွားထွားလူကြီးကနေ ဖြည်းဖြည်းချင်း ကူယွဲ့ရဲ့ခါးတောင် မရောက်သေးတဲ့ ကလေးတစ်ယောက်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်။ ချက်ချင်း သူ့ကိုယ်က စောနတုန်းက လူငယ်ထက် အကြိမ်ပေါင်းများစွာ ပိုထူတဲ့ မူလချီတွေ ထုတ်တော့တယ်။

သူက တကယ့်ကို ဝိညာဉ်အစေ့ပဲ။

"ခေါင်းဆောင် ဘာတွေဖြစ်ခဲ့တာလဲ" ကြက်သွန်ဖြူက ခုန်ကာ အထိတ်တလန့်ရေရွတ်တယ်။ သူက စားဖိုမှူးဘက်လှည့်ကာ သူ့အရွက်တွေကို အသည်းအသန် ခါယမ်းတော့တယ်။ "ခင်ဗျား ခေါင်းဆောင်ကို ဘာလုပ်ခဲ့တာလဲ"

"ငါ သူ့အသွင်အစစ် ပြန်ရအောင် ကူညီပေးရုံပဲ" စောနတုန်းက မိစ္ဆာချီနဲ့ ဖောနေတာပဲ။

အခု ကလေးတစ်ယောက်ဖြစ်နေတဲ့ ဝိညာဉ်အစေ့က သူ့ကိုယ်လေးကို သူပြန်ပြန်ကြည့်နေပြီးမှ နောက်ဆုံးတော့ ကူယွဲ့ကို မော့ကြည့်လာတယ်။ ရုတ်တရက် သူက နှာကိုရှုံ့ကာ ငိုတော့တယ်။

"ဝါး..." သူ့ငိုကြွေးသံတွေက ရင်ထဲကြေကွဲနေသလိုပဲ - သူ့ကြည့်ရတာ တရားမမျှတမှုကို ကြုံနေခဲ့ရသလိုပဲ။

ကူယွဲ့ နှုတ်ခမ်း စေ့လိုက်တယ်။ သူ ဗလကြီးကနေ ဒီကောင်လေးအဖြစ် ကျုံ့သွားတာကိုမြင်ခဲ့ရတဲ့ ထိတ်လန့်မှုကနေ ပြန်မသက်သာသေးဘူး။ ရုတ်တရက် သူ အပြစ်ရှိသလို ခံစားလိုက်ရတယ်။ "မင်းတို့ ဘာလို့ငိုနေတာလဲ"

"ခေါင်းဆောင် မငိုပါနဲ့ မငိုပါနဲ့..." ကြက်သွန်ဖြူမိစ္ဆာလည်း သွေးပျက်စပြုလာတယ်။ သူ့ကိုချော့ဖို့ အရွက်တွေကို လှုပ်ယမ်းနေလေရဲ့။ "မစိုးရိမ်ပါနဲ့ တကယ်လို့ သူတို့ အနိုင်ကျင့်တာဆို ကျွန်တော်... ကျွန်တော် သူတို့ကို အစပ်တွေ ခပ်ပစ်မယ်" အဲလိုနဲ့ ကြက်သွန်ဖြူက သူ့ကိုယ်ကနေ ကြက်သွန်ဖြူအမြစ်ကို အနာခံရင်း နှုတ်လိုက်ကာ သုံးယောက်သားဆီ ပစ်ပေါက်ဖို့လုပ်တော့တယ်။

"သူတို့ကို အစပ်မခပ်နဲ့" ဝိညာဉ်အစေ့က ရုတ်တရက် ငိုနေတာကနေ ဆတ်ခနဲ အသိဝင်လာကာ လက်တွေကိုဖြန့်ပြီး သုံးယောက်သားအုပ်စုကို ခုခံလေတယ်။

"ခေါင်းဆောင်..." ကြက်သွန်ဖြူမိစ္ဆာက သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။

ဝိညာဉ်အစေ့က တစ်ဖက်လှည့်ပြီး သူ့နောက်မှာရပ်နေတဲ့ကူယွဲ့ကို ဖက်လေတယ်။ နစ်နာကာ မကျေမချမ်း ဖြစ်နေသံနဲ့ သူကလှမ်းခေါ်တယ်။ "ဖေဖေ"

ဟမ်။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သောက်ကျိုးနည်း

w(゚Д゚)w

"ကောင်စုတ်လေး လူတိုင်းကို အဲလိုလိုက်ခေါ်မနေနဲ့" ကူယွဲ့ နှုတ်ခမ်းတွေကို စေ့ကာ ကလေးကို တွန်းထုတ်ဖို့လုပ်ပေမဲ့ ကလေးက ကူယွဲ့ပေါင်ကို တင်းတင်းဆုပ်ကိုင်တော့တယ်။

သူက ကူယွဲ့ပေါင်ကို ဖက်ရင်း နောက်တစ်ကြိမ် ငိုလာပြန်တယ်။ တရှုံ့ရှုံ့ငိုကာ သူက ဟစ်အော်ငိုတော့လေရဲ့။ "ဝါး... ဖေဖေ၊ ဖေဖေ ကျွန်တော့်ကို မလိုချင်တော့ဘူးလား"

"ဘယ်သူက မလိုချင်... ဘယ်သူ့ကို အဖေလို့ခေါ်နေတာတုံး"

"ဖေဖေ..."

"ပါးစပ်ပိတ်တော့ ငါ့ကို ခေါ်နေတာတော့တာ ခဏ..." သူတစ်ဖက်လှည့်ကာ ဘေးက ဆရာတပည့်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ "ဘာလို့ မင်းတို့နှစ်ယောက်က င့ါကို မိသားစုထဲက ထွက်သွားတဲ့လူလိုကြည့်နေတာလဲ၊ မင်းတို့နှစ်ယောက်လုံးက ငါ ကလေးရှိမရှိ ပိုသိရမှာမဟုတ်ဘူးလား"

ဆရာတပည့်က အကြည့်ချင်းဖလှယ်ပြီး နောက်တော့ ကူယွဲ့ဘက်ပြန်လှည့်တယ်။ သူတို့ ပြဿနာမရှာချင်တဲ့ အသံလေးနဲ့ သူတို့က ပြောတယ်။ "မသိပါဘူး"

"ငါ့ဖင်" ကူယွဲ့ဒေါသက ရင်ဘတ်ထဲမြင့်တက်လာပြီး သူ့ကို လွှမ်းမိုးသွားတော့ဖို့ ခြိမ်းခြောက်နေလေရဲ့။ သူ့ဓမ္မဝတ်ရုံတွေက ကောင်လေးရဲ့မျက်ရည်တွေကြောင့် ပိုပိုရွှဲနစ်‌လာပြီ။ သူ ကောင်လေးကို ခွာချဖို့ ဘယ်လောက်ကြိုးစားကြိုးစား ကောင်လေးက မလှုပ်ရှား။ အဲအစား သူက ကူယွဲ့ကိုယ်ပေါ် တက်ဖို့ဆက်တိုက်ကြိုးစားနေရင်း သူ့ကိုမှီတွယ်ဖို့ စိတ်ပိုင်းဖြတ်ထားလေရဲ့။

"မင်းတို့ ဘာကြည့်နေတာလဲ၊ မြန်မြန် ငါ့ကိုလာကူ တကယ်လို့ မင်းတို့ ဒီလ လစာလိုချင်ရင် မင်းတို့ ငါ့ကိုယ်ကနေ သူ့ကိုခွာပေးတာကောင်းမယ်"

နှစ်ယောက်သား ရှေ့ကိုတက်ကာ ကူယွဲ့ကိုယ်ကနေ ဝိညာဉ်အစေ့ကိုခွာချတော့တယ်။ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသလိုမျိုး ရှန်းရင်က မေးတယ်။ "အာ... ဖေဖေနျို ဒီကလေးအမေက ဘယ်သူလဲဆိုတာ ငါမေးခွင့်ရှိမလား"

"ပိတ်-"

သူ စကားမဆုံးခင် ကောင်လေးက တစ်ဖက်လှည့်ပြီး ရှန်းရင် ရင်ခွင်ထဲ မျက်နှာအပ်လိုက်တယ်။ သူ နောက်တစ်ကြိမ် ချုံးပွဲချငိုပြန်တယ်။

"မေမေ"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

နောက်အခိုက်အတန့်မှာ စားဖိုမှူးရဲ့ အမူအရာက အတော်လေး မည်းမှောင်သွားတော့တယ်။ ရွှစ်ခနဲ သူက ဓားကို ဆွဲထုတ်ပြီး တစ်လုံးချင်းစီကို ဖိပြောတော့တယ်။ "ဆရာ၊ ဒီလူက ဝိညာဉ်အစေ့လို့ မထင်ဘူး၊ သူ့ကို သတ်ဖြတ်လိုက်ရအောင်"

သူက ဘယ်သူ့ကိုများ မေမေလို့ ခေါ်နေတာတုံး။

"..."

—————

ဝိညာဉ်အစေ့က သူနဲ့ ရှန်းရင်ကို အဖေနဲ့ အမေလို့ ခေါ်နေတာက သူတို့ဟာ စီမံထိန်းသိမ်းသူဆိုတာ ပြောနိုင်လို့ဖြစ်မယ်ဆိုပြီး ကူယွဲ့ခန့်မှန်းမိတယ်။ သူက မျက်နှာပြင်ရဲ့ ဝိညာဉ်အစေ့ပဲ။ သူတို့ စီမံထိန်းသိမ်းသူတွေရဲ့ အရှိန်အဝါကို အာရုံခံနိုင်မှာပေါ့။ ပြီးတော့ သူက အသွင်ယူကာစမို့ မရင့်ကျက်သေးဘူး။ အဲကြက်သွန်ဖြူမိစ္ဆာရဲ့ အားကိုးမရမှုပါ ပေါင်းလိုက်တော့ သူက မျက်နှာပြင်စီမံထိန်းသိမ်းသူတွေကို သူနဲ့အနီးစပ်ဆုံးလူတွေအဖြစ် ခေါ်ဝေါ်တော့တာပေါ့။

ဝိညာဉ်အစေ့ မူမမှန် ခေါ်ဝေါ်တဲ့တစ်ဦးတည်းသောလူက စားဖိုမှူးပဲ...။

"ဒုတိယညီလေး"

"..." ဒုတိယညီလေးဆိုတာ ဘာကြီးတုံး။

"ရာ ကျွန်တော်တို့ သူ့ကို တကယ်သတ်ခွင့်မရှိဘူးလား" စားဖိုမှူးက မျက်နှာတည်နဲ့မေးတယ်။ "ကျွန်တော် သူ့ခြေထောက်နှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ရင်ရော၊ သူက ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် ပြန်ပေါက်မှာပဲဟာ" သူက လတိုင်း ပေါက်မှာလေ။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

"တော်ပြီ တော်ပြီ တော်ပြီ၊ ကလေးကို အနိုင်ကျင့်နေတာတော်တော့" စားဖိုမှူး ခံရတာကို မြင်ဖို့က ရှားတယ်။ ကူယွဲ့ ကလေးကို အမြန်ပြန်ဆွဲထားပြီးမှ ခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။ ဒါက ဝတုတ်ကျန်းမာတဲ့ကလေးပဲ - သူဘယ်လိုလုပ် ချို့ယွင်းကြီးပြင်းလာခိုင်းရက်မှာလဲ။ "ပြော ဝိညာဥ်အစေ့လေး၊ ဘာတွေဖြစ်ခဲ့တာလဲ၊ ဒီလူနဲ့ ဘာဖြစ်တာတုံး”

ကူယွဲ့က ခန္ဓာကိုယ်မှာ မူလချီတွေရှိနေဆဲ လူငယ်ကို လက်ညှိုးထိုးလိုက်တယ်။ စောနက သူ မူလချီပဲ အာရုံခံမိတာ။ သေချာစစ်ကြည့်တော့မှ ဒီလူငယ်က မိစ္ဆာအစစ်ဆိုတာ ထင်ရှားတယ်။ ကူယွဲ့ လက်တစ်ဖက်မြှောက်ကာ ဂါထာတစ်ခု ဖန်တီးပြီး လူငယ်ကို အသွင်အစစ် ပေါ်စေလိုက်တယ်။ အကြေးခွံတွေ ဖုံးနေတဲ့ ရဲရဲတောက် မိစ္ဆာနီပဲ။ အဆင့်မြင့်မိစ္ဆာဆိုပေမဲ့လည်း သူ့ကြည့်ရတာ ဒဏ်ရာရနေပုံ။ သူ့အသွင်အစစ်က သာမန်လူအရွယ်ထက် အဆတချို့ ပိုသေးငယ်နေလေရဲ့။

"သူကလူဆိုးကြီး ကျွန်တော့်ကို စားချင်တာ" ဝိညာဥ်အစေ့ရဲ့မျက်နှာလေးက ရုတ်တရက် ဒေါသတွေပြည့်လာပြီး ပြောဆိုတော့တယ်။ "ကျွန်တော် အိပ်နေချိန် သူက ကျွန်တော့်ကို စားဖို့ ကြိုးစားတယ် အဲဒါကြောင့် ကျွန်တော် သူ့ကိုစားချင်တာ"

စားတာလား။

ကူယွဲ့ တုံ့ဆိုင်းသွားပြီး စောနက သူတို့မြင်ခဲ့ရတဲ့ မြင်ကွင်းကိုပြန်စဉ်းစားမိသွားတယ်။ သူဆိုလိုတာ မိစ္ဆာချီလား။ သူ့ကိုယ်ထဲ မိစ္ဆာချီတွေ အများကြီးရှိနေတာ အံ့ဩစရာမရှိတော့ဘူး။ သူက မိစ္ဆာတွေဆီက ချီကိုစုပ်ယူပြီး အဲဒါအားလုံးကိုအရယူခဲ့တာကိုး။ တစ်ဖက်မှာတော့ မိစ္ဆာတွေရဲ့ကိုယ်တွေပတ်လည် မူလချီက ဝိညာဉ်အစေ့ဆီကဆိုတာ သိသာတယ်။

ဒါကြောင့် မိစ္ဆာတွေက ဝိညာဉ်အစေ့ကိုယ်ထဲက မူလချီကို သုံးဆောင်ခဲ့လို့ ဝိညာဉ်အစေ့က သူတို့မိစ္ဆာချီကို စားသုံးခဲ့တာလား။ ဒါ‌ဆို သူ့ကိုယ်သူ လုံးဝနစ်နာအောင် လုပ်‌နေတာမဟုတ်လား။ သူတို့ ခုဖမ်းမိတဲ့မိစ္ဆာက သူတို့ကို အရမ်းကြောက်နေတာ အံ့ဩစရာမရှိတော့ဘူး။ သူ့ကိုယ်ထဲ မိစ္ဆာချီနည်းနည်းလေးပဲ ကျန်တော့တာကိုး။

"မင်း အညစ်မခံရအောင် မင်းကိုယ်မင်း ကာကွယ်တတ်ဖို့ ဘယ်သူသင်ပေးခဲ့တာလဲ" ကူယွဲ့က အလိုလို‌မေးလိုက်တယ်။

သူ မေးခွန်းမေးလိုက်တာနဲ့ ဆရာတပည့်နှစ်ယောက်လုံးက သူ့ဘက်လှည့်လာတယ်။

"ဘာလာကြည့်နေတာတုံး" သူ ဒေါသတကြီး ကြည့်ပေးလိုက်တယ်။ "ငါ့ကိစ္စတွေ စပ်စုနေတာ တော်လိုက်တော့"

သူတို့ တကယ်ပဲ သူက ကလေးအဖေလို့ထင်နေတာလား။

ယိချင်း ။ ။ "..." ဟီးဟီးဟီး ခင်ဗျား ပျော်နေသရွေ့ပေါ့...။

ရှန်းရင်က ခေါင်းစောင်းကာ အတွေးနစ်နေသလို ‌ကလေးကိုလေ့လာနေတယ်။

မဟုတ်မှလွဲ...။

——————

အခု ဝိညာဉ်မျိုးစေ့ကို တွေ့ပြီမို့ ရှန်းရင်တို့တွေ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး။ နောက်နေ့ မနက်စောစောမှာ သူတို့ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ ကူယွဲ့ မိစ္ဆာထဲက မူလချီကို အတင်းထုတ်ပြီး ဝိညာဉ်အစေ့ဆီ ပြန်ပေးခဲ့ကာ မိစ္ဆာကို မီးတောင်ထဲ ပြန်ပစ်ချလိုက်တော့တယ်။ ဒါပေမဲ့ ကြက်သွန်ဖြူမိစ္ဆာကို ကိုင်တွယ်ဖို့က မလွယ်ကူ။ ဘယ်လိုပဲဖြစ်နေပါစေ ဝိညာဉ်အစေ့ကို လွှတ်ဖို့ငြင်းဆန်ခဲ့တယ်။ ဝိညာဉ်အစေ့ သူ့မျက်မှောက်ကနေ နောက်တစ်ကြိမ် ခိုးယူသွားခွင့် မပြုနိုင်တော့သလိုမျိုးပဲ။ ကြက်သွန်ဖြူအပင်က ပိုသွေးပျက်လာလေ သူတို့သုံးယောက်ဆီ ကြက်သွန်ဖြူတွေ ပစ်ပေါက်လာလေပဲ။

ဝိညာဉ်အစေ့က ထုတ်လုပ်တဲ့ ပထမဆုံး ပြီးပြည့်စုံတဲ့ သက်ရှိဝိညာဉ်မို့ အဖွဲ့က ကြက်သွန်ဖြူပင်ကို ချန်ထားခဲ့တာ မကောင်းကြောင်း ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ကူယွဲ့ ပန်းအိုးတစ်လုံးကိုထုတ်ပြီး ကြက်သွန်ဖြူမိစ္ဆာကို အထဲမှာ ထည့်ထားလိုက်တယ်။ သူ ကြက်သွန်ဖြူကို သူတို့နဲ့အတူ ပြန်သယ်လာဖို့ ဝိညာဉ်အစေ့ကို ခွင့်ပြုခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရောက်တာနဲ့ ဒါကို ကိုင်တွယ်ဖို့ မီလဲ့အဲမှာရှိနေမှာပဲ။

အချိန်ကျတာနဲ့ ရှန်းရင်က မျက်နှာပြင်တံခါးတွေကို ဖွင့်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံထဲ ပြန်ရောက်နေတာမြင်လိုက်ရတယ်။

All Chapters