အခန်း (၅၉၈-၆၀၀)
Vol. 40 Ch. 598-600
အခန်း ၅၉၈ ။ အတန်းဖော်များ
"ပြန်လာကြပြီပဲ" သူတို့ ဆင်းသက်ချိန် မီလဲ့က အနောက်တိုင်းဝတ်စုံ ဝတ်ထားပြီး ဆိုဖာပေါ် ထိုင်နေတာမြင်လိုက်ရတယ်။ သူက အချိန်အတော်ကြာ စောင့်နေခဲ့ရသလို နွေးထွေးစွာ ပြုံးပြလေတယ်။
"မြန်လိုက်တာ၊ မင်းက တကယ့်ကို ရင်လေးပါပဲ - မင်း ဝိညာဉ်အစေ့ကို အဲလောက်မြန်မြန် ရှာတွေ့ခဲ့တာပဲ"
"မင်း သူ့ကို ကောင်းကင်ဘုံကို ဖွင့်ပိတ်ဖို့ အခွင့်ပေးထားတာလား" ကူယွဲ့ ရှန်းရင်ဘက် လှည့်လိုက်တယ်။
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။ "ငါ သူ့ကို အရင်တစ်ကြိမ်က ပေးထားတာ"
"..." ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ စားဖိုမှူးမျက်နှာအမူအရာတောင် မည်းနက်နေပြီ။ သူတို့ အဲလောက်တောင် နီးစပ်တာလား။
မီလဲ့က သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချကာ သူတို့ဆီ လျှောက်လာတယ်။ သူက နွေးထွေးစွာ ပြုံးနေဆဲဖြစ်ကာ အကြည့်က အိုးသယ်ထားတဲ့ကလေးပေါ် ရောက်သွားတယ်။ သူက တုံ့ဆိုင်းသွားလေတယ်။ "အာ၊ ဝိညာဉ်အစေ့က အဲလောက်မြန်မြန် အသွင်ယူလိုက်တာလား" သူက ကလေးဆီ လက်လှမ်းတယ်။
ချက်ချင်း ဝိညာဉ်အစေ့လေးက တစ်လှမ်းဆုတ်ကာ သူ့ကိုရှောင်တယ်။ သူက ကူယွဲ့ ဝတ်ရုံနောက်ပုန်းပြီး ရှေ့ကလူကို သတိတကြီး စိုက်ကြည့်နေတယ်။ ဝိညာဉ်အစေ့က ကူယွဲ့ဝတ်ရုံကို ဆွဲတယ်။ "ဖေဖေ"
ကူယွဲ့ နှုတ်ခမ်းသပ်ကာ နောက်က ကလေးကို ဆွဲထုတ်လိုက်တယ်။ သူကမီလဲ့ကို လက်ညှိုးထိုးတယ်။
"အဲဒါ မင်းအဖေဟ"
ဝိညာဉ်အစေ့လေးက ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေရင်း မီလဲ့ကိုကြည့်လိုက်တယ်။ သူက နောက်ဘာလုပ်ရမလဲ ဇဝေဇဝါဖြစ်နေပြီ။
ရှန်းရင်က ရှေ့တက်ကာ မေးတယ်။ "ပန်းလေး ရလဒ်ကဘာလဲ"
မီလဲ့က သူမကိုကြည့်ကာ ဇဝေဇဝါဖြစ်နေရှာတယ်။ "ရင်လေး ငါ့နာမည်အစစ်ကို ခေါ်လို့မရဘူးလား"
"ဟင့်အင်း"
"..." သူ သက်ပြင်းချကာ ဘာလုပ်ရမလဲမသိသလိုမျိုး အကြည့်တစ်ချက် ပေးလာတယ်။ ပခုံးတွန့်ကာ သူကပြောတယ်။ "ငါ ဟိုဟိုဒီဒီ မေးကြည့်ပြီးပြီမဲ့ အများကြီးမသိခဲ့ရဘူး၊ ကြည့်ရတာ တစ်ဖက်ကလည်း ရှင်းရှင်းလင်းလင်းတောင် မသိတဲ့ပုံပဲ"
"ဒါဆို..." ရှန်းရင်က မျက်လုံးတွေမှေးသွားတယ်။ "နင်က ဒီကို လက်ဗလာနဲ့လာတာလား"
"အာ..." မီလဲ့က တုံ့ဆိုင်းသွားပြီး စပ်ဖြီးဖြီး ရယ်တယ်။ "ရင်လေး အဲလိုမပြောပါနဲ့၊ အနည်းဆုံးတော့ မင်းရဲ့ အရင်ခန့်မှန်းမှုက မှန်တယ်ဆိုတာ ငါအတည်ပြုခဲ့တယ်လေ၊ တကယ်ရှိတယ်တဲ့"
"အဲလိုလား" ရှန်းရင်က စပ်ဖြီးဖြီးလုပ်လိုက်တယ်။ "ပန်းလေး ငါတို့မတွေ့တာကြာပြီနော်၊ ငါအရင်က ဘာပြောခဲ့လဲဆိုတာ မေ့သွားပြီလား"
"ဟင့်-ဟင့်-ဟင့်အင်း မမေ့ပါဘူး" မီလဲ့မျက်နှာက အရောင်အားလုံး ပျောက်ဆုံးသွားခဲ့တယ်။
"ခဏ" ကူယွဲ့ ဒီစကားကို နားထောင်လေ သူဝင်မပါဘဲ မနေနိုင်လေပဲ။ "မင်းတို့နှစ်ယောက် ဘာပြောနေတာတုံး" ဘာလို့ ဒီမြင်ကွင်းက ပျက်စီးသွားတဲ့ စီးပွားရေးညှိနှိုင်းမှုနဲ့ တူနေတာပါလိမ့်။
ရှန်းရင်က အသက်ပြင်းပြင်းရှူသွင်းကာ စားဖိုမှူးနဲ့ ကူယွဲ့ဘက် လှည့်ပြောလိုက်တယ်။ "နှစ်ယောက်လုံး ခဏစောင့်နေ၊ ငါ ဟိုးအရင်ကလုပ်ခဲ့တဲ့ ကတိကိုထိန်းသိမ်းဖို့ ကြိုးစားမို့"
ဘာကတိတုန်း။
သူတို့တွေ မတုံ့ပြန်နိုင်ခင် ရှန်းရင်က မီလဲ့ဆီ လျှောက်လာတယ်။ ရုတ်တရက် ပြင်းထန်တဲ့ အရှိန်အဝါတစ်ခုက ကောင်းကင်ဘုံတစ်ခုလုံးမှာ ပြည့်သွားခဲ့တယ်။ သူမက မီလဲ့ကို လည်ထောင်ကနေ ကောက်ယူကာ ရှေ့ကနေရာဆီ ပစ်လိုက်တယ်။
"ခဏ ရင်လေး မင်း တကယ်ကြီးလား" မီလဲ့ရဲ့ ပြီးပြည့်စုံပြီး နွေးထွေးတဲ့အပြုံးက မျက်နှာပေါ်ကနေ ပျောက်ဆုံးသွားပြီး ကြောက်လန့်နေတဲ့မျက်နှာက အစားထိုးဝင်လာတယ်။
"ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ တကယ်လို့ ပြောစရာတစ်ခုခုရှိရင် ကောင်းကောင်းပြောပါဟ၊ မင်း ငါ့ကို မရိုက်ဘူးလို့ အစ်မကြီးကျင်းကို ကတိပေးထားတယ်လေ"
"ဒါလုပ်တာ မှားတယ်နော် ရင်လေး၊ မင်း ဘယ်လိုလုပ် ငါ့ကို နာကျင်စေရက်တာလဲ၊ ငါတို့တွေကပဲ မင်းရဲ့ အတန်းဖော်တွေလေ... အား"
"ရင်လေး ငါမှားတာငါသိပါတယ်၊ ငါမှားပါတယ်၊ ဒါပေမဲ့ သူ မသိတာ ငါ့အပြစ်မဟုတ်ဘူးလေ၊ အား ယား ယား..."
"နာတယ် နာတယ် နာတယ်... စိတ်အေးအေးထားပါ၊ စိတ်အေးအေးထားပါ၊ ရင်လေး... ခဏ ငါ့ အဲနေရာကိုကန်လို့မဖြစ်ဘူး အား... အား~"
ရှန်းရင်ကတော့ ဒေါသနဲ့ ပြည့်နှက်နေတယ်။ သူ မီလဲ့အပေါ် ထိုးချက်တစ်ချက်ချင်းစီက အရင်တစ်ခုကထက် ပိုပြင်းထန်လာလေပဲ။ ပြီးတော့ သူမက သူ့မျက်နှာတည့်တည့်ကို ချိန်ရွယ်နေတာ။ ကောင်းကင်ဘုံတစ်ခုလုံးက အရှိန်ကြောင့် စတင်တုန်ခါလာတယ်။
မီလဲ့ရဲ့ ဟန်နဲ့ကျော့မော့မှုအားလုံးက ခုပျောက်သွားပြီ။ သူ့အော်သံနဲ့ အာခေါင်ခြစ်အော်သံတွေက ဘုံတစ်လျှောက် အက်ခိုးထပ်နေလေရဲ့။
ပွဲကြည့်ပြီး ဘာတွေဖြစ်နေလဲ နားမလည်တဲ့ကူယွဲ့ အသားကုန်ထုထောင်းခံနေရတဲ့လူကို တစ်ချက် ကြည့်ရင်း စားဖိုမှူးကို တံတောင်နဲ့ မတွတ်ဘဲ မနေနိုင်တော့ဘူး။ ရှန်းရင်က... သူ့ကို ထုထောင်းတာ နည်းနည်းခက်ထန်လွန်းနေတယ် မထင်ဘူးလား" ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အတန်းဖော်တွေပဲလေ။
"ကျွန်တော်ကတော့ အဲလိုမထင်ဘူး" ယိချင်းက တုံ့ဆိုင်းမှုမရှိဖြေရင်း လျှောက်သွားကာ သူ့ဓားကိုထုတ်ပေးလိုက်တယ်။ "ဆရာ၊ ဒီလိုဆက်တိုက်ရိုက်နေရင် ဆရာ့လက်တွေ ထိခိုက်နိုင်တယ်၊ ဓားကို သုံးပါလား"
ကူယွဲ့ ။ ။ "..."
စားဖိုမှူးက ဒီလူ နိမ့်ပါးနေချိန် တကယ်ကို ကန်ချနေတာပဲမဟုတ်လား။
တကယ်ပဲ အချစ်ရန်ဘက်တွေနဲ့ ရင်ဆိုင်ရချိန် သမာသမတ်အကျဆုံးဆိုတဲ့လူတွေတောင် သူတို့ရဲ့ အယူအဆတွေနဲ့ စံနှုန်းတွေကို ဘေးဖယ်ထားတတ်ကြတယ်။ ကူယွဲ့ ပြောရရင်တော့ စားဖိုမှူးက မှန်ကန်တဲ့အရာကိုလုပ်နေတာပါပဲ။
ဒါကြောင့် သူ သူ့ကိုယ်ပိုင်သိုလှောင်အိတ်ကို ဆင့်ခေါ်ကာ ပစ်ပေးလိုက်တယ်။ "တကယ်လို့ ဓားမလောက်သေးရင် ဒီမှာထပ်ရှိသေးတယ်" လုပ်သာလုပ်
အားနာနေစရာမလိုဘူး - သူ့ကို နာနာရိုက်နိုင်သမျှရိုက်
မီလဲ့ ။ ။ "..."
မင်းတို့တွေက နတ်ဆိုးတွေလား။
o(≧口≦)o
ရှန်းရင်ရဲ့ ရိုက်နှုတ်မှုက တစ်နာရီတိတိကြာသွားခဲ့တယ်။ ကောင်းကင်ဘုံက ပြိုဖို့ အရိပ်အယောင်ပြလာမှ သူမ နောက်ဆုံးတော့ ရပ်သွားခဲ့တယ်။ မီလဲ့မျက်နှာက ယောင်ကိုင်းနေတာများ ဝက်တစ်ကောင်နဲ့ တူနေတယ်။ သူ့တစ်ကိုယ်လုံးမှာ မထိခံရတဲ့ အရေပြား တစ်ကွက်မရှိ။
သူက ကြမ်းပြင်ပေါ် လှဲရင်း ပါးမှာမျက်ရည်တွေစီးကျနေရင်း သူတို့သုံးယောက်ကိုကြည့်တယ်။ သူက ပါးတွေကို သုတ်ရင်း ရွံစရာကောင်းစွာ ညည်းညူတော့တယ်။ "ရင်လေး ငါက မင်းအပေါ် အရမ်း သစ္စာရှိခဲ့တာကို၊ မင်း ဘယ်လိုလုပ ငါ့အပေါ် ဒီလိုလုပ်နိုင်ရတာလဲ"
ရှန်းရင် အမူအရာက မာကြောသွားကာ သူမက စုပ်သတ်တယ်။ "နင်က ထုထောင်းခံချင်နေသေးတာကိုး၊ မဟုတ်လား"
"ဟင့်အင်း ဟင့်အင်း ဟင့်အင်း" သူက တုန်ယင်ကာ မျက်နှာပေါ်က ရွံစရာအမူရာကို ဖယ်ရှားရင်း ခပ်တိုးတိုးအသက်ရှူတယ်။ "မင်းက အရင်အတိုင်း ကြမ်းတမ်းနေဆဲပဲ၊ မလှုပ်ရှားခင် စကားပြောဖို့တောင် မစဉ်းစားဘူး..." မီလဲ့က ပြောနေရင်း ရပ်သွားပြီး သူ့ပုံစံပျက်နေတဲ့မျက်နှာကို ထိကြည့်တယ်။ ဘယ်ကမှန်းမသိ သူက မှန်တစ်ချပ် ဆွဲထုတ်ကာ သူ့ဘာသာကြည့်ပြီး အော်ဟစ်တော့တယ်။
"အား ငါ့မျက်နှာ" သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ ဒေါသထွက်နေတာများ မိုးပြိုတော့မဲ့အတိုင်းပဲ။ သူ့ရဲ့ယောင်ကိုင်းနေတဲ့ မျက်နှာကို ထောက်ရင်း သုံးယောက်ကို လက်ညှိုးထိုးတော့တယ်။ "မင်း... မင်းတို့... မင်းတို့ ငါ့ပြီးပြည့်စုံတဲ့ မျက်နှာလေးကို ဘယ်လိုတောင် ဖျက်ဆီးရက်ရတာလဲ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သေစမ်း အခု သူတို့နှစ်ယောက်ပါ သူ့ကို ထုထောင်းချင်စိတ် ပေါ်လာပြီ
"ရင်လေး မင်းက လွန်လွန်းတယ် မင်းကမနာလိုနေတာ သက်သက်ပဲ၊ အဲဒါကြောင့် ငါ့မျက်နှာကို ပစ်မှတ်ထားတာ" သူက သူ့ပုံပျက်နေတဲ့မျက်နှာကြောင့် စိတ်ထဲလှုံ့ဆော်ခံလိုက်ရတယ်ထင် စောနက သူဟန်ဆောင်ထားတဲ့ လူကြီးလူကောင်းဆန်မှုက ခုလုံးဝ ဘေးချိတ်ခံထားလိုက်ရပြီ။ သူက သူ့အသွင်အစစ်ကို ပြသနေတယ်။ နောက်တစ်ကြိမ် ဘယ်ကမှန်းမသိ သူက ဘူးဖြူတစ်ခု ဆွဲထုတ်တယ်။ သူက မှန်ကိုကြည့်ရင်း ရုပ်ရည်ပြန်ရအောင် ကြိုးစားသလို သူ့မျက်နှာကို ဖွဖွလေး ပွတ်သပ်နေတယ်။
"ငါတကယ်ဒဏ်ရာရသွားတာပဲ၊ သက်သာဖို့ နာရီဘယ်လောက်ကြာမလဲတောင်မသိဘူး၊ ဖုံးထားရုံပဲ ရှိတော့မယ်၊ ရင်လေး မင်းမှာ concealer ရှိလား"
"ပါးစပ်ပိတ်" ရှန်းရင် ဒေါသတကြီးကြည့်လိုက်တယ်။
"မင်းမှာ concealer မရှိရင် ဖောင်ဒေးရှင်းဆိုလည်းရတယ်"
"သေချင်နေတာလား"
"..." သူက နောက်ဆုံးတော့ ပါးစပ်ပေါက်ပိတ်ကာ တစ်ဖက်လှည့်ပြီး မိတ်ကပ်အိတ်ကြီးထုတ်တယ်။ သူက သူ့မျက်နှာကို သူစပြင်တော့တယ်။
ကူယွဲ့ နှုတ်ခမ်းသပ်ကာ ရှန်းရင်ကို မမေးဘဲ မနေနိုင်တော့။ "သူက အမြဲဒီလိုလား"
"အင်း" ရှန်းရင်က ခေါင်းညိတ်ကာ ခဏစဉ်းစားနေတယ်။ "ပုံမှန်အရ သူက တစ်ယောက်ယောက် သူ့အသွင်အစစ်ကို ဖော်ပြီးရင် အဲလိုဖြစ်သွားတာပဲ" မဟုတ်ရင် အတော်လေး သရုပ်ဆောင်ကောင်းတယ်။
"..." တကယ်ကို အုပ်ချုပ်ရေးကော်မတီက လူတွေအားလုံးက ရူးနေတာပဲ။
ရှန်းရင်က တစ်ခုခု စဉ်းစားမိပုံပေါ်ပြီး အမူအရာက မည်းမှောင်သွားတယ်။ "ကျောင်းမှာတုန်းက ငါတို့တာဝန်နဲ့ သွားရတိုင်း သူက အမြဲ တစ်ဝက်တိုက်ပြီးရင် မိတ်ကပ်ပြင်ဖို့ ထောင့်မှာ အမြဲပုန်းနေကျ"
သူက ရှန်းရင်ကို နှစ်ယောက်စာ တိုက်ခိုက်ခိုင်းခဲ့ရုံတင် မကဘူး၊ ပြီးရင်လည်း အိမ်ကို ပြန်ဆွဲခေါ်သွားရတယ်။ တကယ်လို့မလုပ်ရင် သူက တစ်ဖက်လှည့်ပြီး သူမအမှားတွေအားလုံးကို အစ်မကြီးဆီ ပြန်တိုင်တာ ရှန်းရင် အုပ်ချုပ်ရေးကော်မတီကနေ အဲလောက်မြန်မြန် ဘွဲ့ရနိုင်တာ မီလဲ့ကို ရွံလွန်းလို့လည်း တစ်စိတ်တစ်ပိုင်းပါတယ်။
"ဒါဆို ဆရာစောနက ပြောတဲ့ကတိကဘာလဲ" ယိချင်း မနေနိုင်ဘဲမေးလိုက်တယ်။
ရှန်းရင် အမူအရာက မည်းမှောင်သွားတယ်။ ခဏနေတော့ သူမကပြောတယ်။ "ငါဘွဲ့ရချိန် အဲနောက်ပိုင်း သူ့ကိုမြင်တိုင်း ရိုက်နှက်မယ် ကျိန်ခဲ့တယ်" ဟမ့် သူမ အရင်တစ်ကြိမ် သူ့ကိုတွေ့တုန်းက တစ်ခေါက်ရိုက်ဖို့ အကြွေးတင်နေသေးတယ်။ သူ့မျက်နှာ အရောင်ကျတာနဲ့ ထပ်ရိုက်ဦးမှာ။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကောင်းပြီ၊ အဲဒါရှန်းရင်ပဲ ကူယွဲ့ အရင်က အုပ်ချုပ်ရေးကော်မတီကလူတွေပြောခဲ့တာကို သံသယဝင်လာတယ်။ နှစ်ယောက်သားက တစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံမပေါ်ပါဘူး - အဲအစား သူတို့မှာ ရှိသမျှက လက်စားချေမှုပဲ မီလဲ့ ဒီနေ့ထိအသက်ရှင်နေတဲ့အချက်ကတင် အထင်ကြီးစရာကောင်းနေပြီ။
…
အခန်း ၅၉၉ ။ မီလဲ့ရဲ့လိမ်ဆင်များ
မီလဲ့က သူ့မိတ်ကပ်ပြင်ဖို့ နှစ်နာရီနီးပါး ကြာသွားတယ်။ လုပ်နေရင်း ရှန်းရင်က နောက်တစ်ကြိမ် ထပ်ထုထောင်းတယ်။ သူက မျက်နှာပေါ်က ဒဏ်ရာတွေကိုကုသဖို့ သူ့လက်ထောက်အစွမ်းတွေကို အမြန်သုံးလေတယ်။ သူက ဒါဟာ သူ့အသားအရေအတွက် မကောင်းကြောင်း ဆက်တိုက် ညည်းညူနေလေရဲ့။ သူက အပြစ်တင် ညည်းညူနေလွန်းလို့ ကူယွဲ့တောင် သူ့ကို ကောင်းကောင်း ထုထောင်းချင်နေပြီ။ လူကြီးလူကောင်း မျက်နှာဖုံးက လုံးဝပျောက်ကွယ်သွားပြီလို့ပြောလို့ရကာ ခုတော့ စိတ်အေးလက်အေး သူ့ပုံစံအတိုင်း ဖြစ်နေပြီ။ ကောင်းကောင်းမွန်မွန်ပြောရရင် သူက ခုအဆင့်မြင့်ကောင်လေးပေါ့။ ရုတ်တရက် သူတို့ သူ့မျက်နှာပြင်က စီမံထိန်းသိမ်းသူအတွက် ဖယောင်းတိုင် ထွန်းပေးချင်သွားတယ်
"သူ့မှာ စီမံထိန်းသိမ်းသူမရှိဘူး" ရှန်းရင်က ပေါ့ပေါ့ပါးပါးပြောတယ်။
"ဘာ" ကူယွဲ့နဲ့ ယိချင်းက သူမကိုအူကြောင်ကြောင်စိုက်ကြည့်နေတယ်။ ဘယ်လိုလုပ် စီမံထိန်းသိမ်းသူ မရှိတဲ့ လက်ထောက်ရှိနိုင်တာလဲ။
နှစ်ယောက်သား စတင်မေးတော့မို့ရှိသေး ရှန်းရင်က ရှေ့ကိုလှမ်းသွားကာ ကြမ်းပြင်ပေါ်က လူကို ကန်လိုက်တယ်။ "နင် ငါ့အစ်မကို ဘယ်လိုပြောခဲ့တာတုံး"
"ငါ သူ့ကို တခြားဘယ်လိုပြောနိုင်မှာလဲ" မီလဲ့က သူ့မျက်နှာဟာ ကိုယ်ခန္ဓာပေါ်က အဖိုးတန်ဆုံး အစိတ်အပိုင်းလိုမျိုး ကာထားပြီးမှ ဆက်ပြောတယ်။ "ငါ မင်း အရင်တစ်ကြိမ်က မဟာတာအိုအဖွဲ့အစည်းအကြောင်း ပြောခဲ့တာနဲ့ပတ်သက်ပြီးပဲ အမှန်တိုင်းပြောခဲ့တာ၊ အဲဒါပါပဲ"
"နင် ငါ့အစ်မကို အဲအကြောင်း ပြောပြလိုက်တယ်ပေါ့" ရှန်းရင်က လက်သီးတင်းတင်းဆုပ်လေတယ်။
"ဟင့်အင်း ဟင့်အင်း" သူက အမြန်ထပ်ပြောကာ နောက်တစ်လှမ်းဆုတ်တယ်။ "ငါမင်းအကြောင်း ပြောခဲ့တယ်လို့ ဘယ်တုန်းကပြောလို့တုံး၊ ငါ မမျှော်လင့်ဘဲတွေ့ခဲ့တယ်လို့ပဲပြောခဲ့တာ၊ သူက ဟိုဟိုဒီဒီမေးကြည့်ပြီး အဲမှာမော်နီတာမရှိဘူးလို့ပြောတာပဲ၊ ဒါပေမဲ့ မော်နီတာတစ်ယောက်က ဘယ်လိုပုံစံရှိလဲဆိုတာ ငါ့ကို အများကြီးမပြောပြဘူး"
ရှန်းရင်က မျက်မှောင်ကြုတ်ကာ မီလဲ့ကို ခေါင်းစခြေဆုံး စစ်ဆေးကြည့်တယ်။ မီလဲ့က တုန်ယင်ကာ နောက်တော့ မျက်နှာကို လက်နဲ့ကာထားရင်း ခြေတစ်လှမ်းနောက်ဆုတ်သွားတယ်။
"ငါ့ကိုရိုက်တာတော်တော့" သူက အမြန် ရေရွတ်တယ်။ "မင်းအစ်မ ဘယ်လိုလဲဆိုတာ မင်းသိတာပဲ၊ တကယ်လို့ သူ ငါ့ကို တစ်ခုခုမပြောချင်ရင် ငါသူ့ကိုဘယ်လောက်မေးမေး အရေးမပါတော့ဘူး၊ ငါအကောင်းဆုံး ကြိုးစားခဲ့တာပဲ၊ ငါ စကားပြန်ရုပ်သိမ်းတဲ့အတွက် မင်းငါ့ကိုအပြစ်တင်လို့မရဘူး"
စကားပြန်ရုပ်သိမ်းတယ်လား။
ကူယွဲ့က တန့်သွားကာ စားဖိုမှူးဘက်လှည့်လိုက်တယ်။ သူတို့ အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်တယ်။ ရှန်းရင် ဝိညာဉ်အစေ့ကိုရှာဖို့ ဟင်းလင်းပြင်မြေထိ သွားခဲ့တာက မီလဲ့ ရှန်းကျင်းဆီ ပြန်သွားပြီး မော်နီတာတွေအကြောင်း သိရအောင်လို့လား။ သူမအစ်မကို ဘယ်လောက်တောင် ကြောက်တတ်တာပါလိမ့်။
"ငါက နင့်ကိုဘာအတွက် လိုချင်ရမှာလဲ" ရှန်းရင် မျက်ဆံလှန်လိုက်တယ်။
"ငါက အမြဲ ဒီလိုအသုံးမဝင် ဖြစ်နေခဲ့တာပါပဲ" မီလဲ့က ပြန်ဖြေပြီး သူမက သူ့ကိုသိတာ ဒါပထမဆုံးရက်လား မေးနေသလိုမျိုး ကြည့်လာတယ်။ သူက သူ့စွမ်းဆောင်ရည်မရှိမှုအပေါ် လုံးဝအရှက်ရတဲ့ပုံမပေါ်။ တကယ်တော့ သူက ဂုဏ်ယူနေသေးတဲ့ပုံ။ အင်း ငါ ခုကို ပိုပြီးတောင် ရိုက်ချင်လာပြီ။ "ကောင်းပြီ ကောင်းပြီ၊ ကိစ္စတွေက ဒီလိုဖြစ်သွားပြီပဲဟာ၊ တကယ်လို့ အကူအညီဖြစ်ရင် ငါ နောက်ကျ မင်းဆီ မိတ်ကပ်ဘူးတချို့ပို့ပေးမယ်လေ ရင်လေး၊ အဲလိုဆိုရင်ရော"
"ထွက်သွား" သောက်ကျိုးနည်း နွဲ့နေတယ်။
"ကောင်းပြီလေ၊ ငါ ခုဆို သွားတော့မယ်နော်" မီလဲ့က သူဘာဆက်လုပ်ရမလဲဆိုတာ အပြည့်အဝ သတိထားမိသလိုမျိုး မျက်နှာပြင်တံခါးတွေကို ဖွင့်လိုက်တယ်။ ခဏရပ်သွားပြီးတော့ သူက ကူယွဲ့ဆီ လျှောက်လာတယ်။ "ငါနဲ့အတူ ဝိညာဉ်အစေ့ကို ခေါ်သွားမယ်နော်"
သူက ဝိညာဉ်အစေ့ဖြစ်တဲ့ ကောင်လေးအပေါ် လှုပ်ရှားလိုက်ပေမဲ့ ကောင်လေးက သူ့လက်ကို ရှောင်ကာ ကူယွဲ့နောက် ပုန်းပြန်တယ်။ ကောင်လေးက မီလဲ့ကို သတိတကြီး မော့ကြည့်ပြီး ကူယွဲ့ဘက်လှည့်ကာ ညည်းညူလေတယ်။ "ဖေဖေ၊ ကျွန်တော် သူနဲ့မသွားချင်ဘူး"
ကူယွဲ့ သက်ပြင်းချကာ ဆောင့်ကြောင့်ထိုင်ပြီး ကောင်လေးခေါင်းကိုထိလိုက်တယ်။ "လိမ္မာနော်၊ စကားနားထောင်၊ မင်းက သူ့ကမ္ဘာဆီကပဲ၊ သူနဲ့အတူ ပြန်လိုက်သွားတော့"
"ဟင့်အင်း" မီလဲ့က စီမံထိန်းသိမ်းသူ မဟုတ်ဘဲ လက်ထောက်တစ်ယောက်သာ ဖြစ်တာမို့ထင် ကောင်လေးက သူနဲ့ ဘာမှမပတ်သက်ချင်ပုံပဲ။ ပြီးတော့ သူ့ကြည့်ရတာတော်တော်လေး ကြောက်လန့်နေတဲ့ပုံ။ သူက မီလဲ့ထိတာကို ရှောင်ဖို့အတွက်နဲ့ ကြက်သွန်ဖြူမိစ္ဆာ ထည့်ထားတဲ့အိုးကို ဘေးပစ်ပြီး ကူယွဲ့နောက်ပုန်းနေတယ်။ အခု သူက ရှန်းရင်ဆီ ပြေးသွားကာ သူမခြေထောက်ကို တွယ်ချိတ်တော့တယ်။ ကောင်လေးက စတင်ငိုကြွေးတော့လေရဲ့။ "ဝါး အား... ကျွန်တော် မသွားချင်ဘူး ကျွန်တော့်ကို ပေးမပစ်ပါနဲ့"
"..." သူက သူတို့နဲ့တွယ်ကပ်နေဖို့ ကြိုးစားနေတာလား။
"ဘာလို့ အသွင်ယူပြီးတဲ့နောက်မှာ အဲလောက်ကလန်ကဆန်လုပ်လာတာလဲ" မီလဲ့က သက်ပြင်းချတယ်။ သူက တစ်ဖက်လှည့်ကာ ဝိညာဉ်အစေ့ဆီ လျှောက်လာတယ်။ "အခု မင်းက ငါ့ကို ပြန်ပေးဆွဲသမားနဲ့ တူအောင် လုပ်နေပြီ"
"မေမေ... မေမေ..." ဝိညာဉ်အစေ့က ခု ပိုပြီးတောင် အသည်းအသန် ငိုကြွေးနေကာ ရှန်းရင်ဝတ်ရုံလက်ကို ဆွဲနေတယ်။
"မေမေနဲ့ ဖေဖေတဲ့လား" မီလဲ့က မျက်လုံးပြူးကာ ရှန်းရင်နဲ့ကူယွဲ့ကြား အထိတ်တလန့် အကြည့်တွေက လှစ်ခနဲပြေးနေတယ်။ နောက်တော့ သူက မျက်လုံးတွေ မှေးသွားပြီး အတော်ကြာတော့မှ သူက ပြောတယ်။ "အိုး~ မင်း အစ်မကြီးကျင်းကို မချဉ်းကပ်ရဲတာ အံ့ဩစရာမရှိတော့ဘူး၊ ဒါဆို~"
ကူယွဲ့နဲ့ယိချင်း အမူအရာတွေက ချက်ချင်း မည်းမှောင်သွာတယ်။ "မင်း ခုထွက်သွားလို့ရပြီ" လျှောက်ပြီး ကောက်ချက်ချနေတာတွေ တော်တော့။
"ကောင်းပြီလေ ကောင်းပြီလေ ကောင်းပါပြီ" သူက ခု သူတို့ကို ပိုပြီးတောင် သံသယနဲ့ကြည့်နေကာ ကူယွဲ့ကို တံတောင်နဲ့တွတ်တယ်။ "ငါ ခုလေးတင် မေးမို့ - မင်းရဲ့တတိယခြေထောက်က အခြေအနေ ကောင်းရဲ့လား"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
စားဖိုမှူးက သူ့ဓားကိုဆွဲထုတ်တယ်။ တကယ်ပဲ ဒီလူကို သတ်ပစ်တာ အများကြီးပိုကောင်းတယ်
"ငါသွားပြီနော်" ယိချင်း ဒေါသနဲ့ပေါက်ကွဲတော့မှာကိုမြင်တော့ မီလဲ့က ချက်ချင်းတစ်ဖက်လှည့်ကာ ကောင်လေးကို လှမ်းခေါ်ဖို့လုပ်ရင်း ပြန်ဖို့ပြင်တယ်။
"ခဏ" ရှန်းရင်က ရုတ်တရက် သူမလက်ကိုဆန့်တန်းကာ သူတို့ကိုတားတယ်။
"ဘာကိစ္စလဲ" မီလဲ့က ရပ်သွားကာ တစ်ခုခုကို တွေးမိသလို စပ်ဖြဲဖြဲလုပ်တယ်။ "မင်း ဒီကိုလူချော ထွက်သွားမှာကို မကြည့်ရက်လို့လား"
ရှန်းရင်အမူအရာက မည်းမှောင်သွားတယ်။ "နင်ကထွက်သွားလို့ရပေမဲ့ သူကတော့မရဘူး"
"ဘာလို့လဲ" မီလဲ့က ရှန်းရင်ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ "မင်း ဒါကိုနောင်တရနေတာ မဟုတ်လား၊ ဟေးဟေးဟေး ရင်လေး မင်း ဒီလိုလုပ်လို့မဖြစ်ဘူးနော် တကယ်လို့ မင်း ငါ့ရဲ့ ချောမောတဲ့ရုပ်ရည်ကို မနာလိုဖြစ်နေရင်တောင် မင်း ဒီဝိညာဉ်အစေ့ကို ယူသွားလို့မရဘူးလေ၊ မင်း ဒီလိုကိစ္စတွေကို နောက်လို့မရဘူး"
"ငါနောက်နေတယ်လို့ ဘယ်သူပြောလဲ" ရှန်းရင်က မျက်လုံးတွေမှေးကာ သူမ ဝတ်ရုံကိုဆွဲပြီးငိုနေဆဲ ကောင်လေးကိုငုံ့ကြည့်တယ်။ "ငါတို့ ဒါနဲ့ ပတ်သက်ပြီး အရင်က ပြောဖူးပြီးသား၊ နင် ငါ့အတွက် မော်နီတာတွေအကြောင်း ရှာတွေ့ရင် ငါက ဝိညာဉ်အစေ့ကို ကူရှာပေးမယ်၊ သဘောတူညီချက်ရဲ့ နင့်အပိုင်းကို မလုပ်ပေးခဲ့တာမို့ ဒီ အပေးအယူက ပျက်ပြီ"
"ရင်လေး..." မီလဲ့က မျက်မှောင်ကြုတ်ကာ စည်းကမ်းတင်းကြပ်တဲ့လေသံနဲ့ပြောတယ်။
"ဝိညာဉ်အစေ့က ငါ့မျက်နှာပြင်အတွက်အရေးကြီးတာ မင်းသိပါတယ်၊ အခု သူက အသွင်ယူပြီးပြီ၊ သူ ဒီမျက်နှာပြင်မှာ ဆက်နေရင် ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်၊ သူ လုံးဝ ဒီမှာနေရစ်လို့မရဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို ဒီမှာခေါ်ထားရင်ရော"
"ရင်လေး" မီလဲ့က ခု စိတ်ပူပန်နေပြီ။ "သူ့အသိစိတ်က ရင့်ကျက်လုနီးပါးဖြစ်နေပြီ၊ သူ မင်းတို့နဲ့ ကပ်နေတာက မင်းတို့က စီမံထိန်းသိမ်းသူတွေမို့ပဲ၊ မင်းခံစားချက်တွေကို မင်းကို ထိန်းချုပ်သွားစေလို့မဖြစ်ဘူး'
"အိုး" သူမက လက်လှမ်းကာ ကောင်လေးခေါင်းကိုသပ်ပေးတယ်။ "ဒါပေမဲ့ ငါက စီမံထိန်းသိမ်းသူမဟုတ်ဘူးလေ"
"ဟမ်" သူက သူမကို အူကြောင်ကြောင်စိုက်ကြည့်နေရင်း တစ်စုံတစ်ခုက သူ့မျက်နှာမှာ ဖြတ်ပြေးသွားပေမဲ့ ချက်ချင်း ပြန်ပြင်ပြီး မျက်မှောင်ကြုတ်တယ်။ "မင်း ဘာပြောတာလဲ၊ အစ်မကြီးကျင်း ပြောတော့ မင်းဒီမျက်နှာပြင်ကို လက်ခံလိုက်ပြီဆို၊ မင်းက ဘယ်လိုလုပ် စီမံထိန်းသိမ်းသူ မဖြစ်ရတာလဲ၊ ဘာပဲဖြစ်ဖြစ် သူ ဒီမှာနေလို့မရဘူး၊ ငါနဲ့အတူ ပြန်ရမယ်"
ရှန်းရင်က ငုံ့သွားတယ်။ "ငါက သူ့ကို နင့်ဆီပေးဖို့ ငြင်းရင်ရော"
"ရင်လေး အဓိပ္ပာယ်မရှိတာတွေ တော်တော့" မီလဲ့က ဒေါသထွက်စပြုလာတဲ့ပုံ။ တစ်ခုခုကို မှတ်မိသွားသလိုမျိုး သူက အသံကိုမြှင့်ကာ ခြိမ်းခြောက်တယ်။
"မင်း ဒီလိုအတင်းဆက်လုပ်နေရင် ငါ... ငါ ရွေးစရာမရှိတော့ဘဲ အစ်မကြီးကျင်းကို ဒါနဲ့ပတ်သက်ပြီး ပြောပြလိုက်ရလိမ့်မယ်၊ အဲအတွက် ငါ့ကိုအပြစ်မတင်နဲ့"
ရှန်းရင် မျက်နှာအမူအရာတွေ မည်းမှောင်သွားတယ်။ သူမက မီလဲ့ကို စိန်းစိန်းဝါးဝါးကြည့်ကာ အတော်ကြာ ဘာမှမပြော။
မီလဲ့က စပ်ဖြီးဖြီးပြုံးကာ သူ့ဘာသာကျေနပ်နေတယ်။ "ကောင်းပြီလေ ရင်လေး၊ ဒီမှာရပ်ကြရအောင်၊ ဝိညာဉ်အစေ့ကို ယူ-"
"အဲတော့ ဒါက ငါ့အစ်မနဲ့လည်း ဆိုင်တာပေါ့" ရှန်းရင်က ရုတ်တရက် ရေရွတ်လာတယ်။
"ဟမ်" မီလဲ့က သူမကို ဇဝေဇဝါကြည့်တယ်။
"နင် ငါ့အစ်မကို မော်နီတာတွေအကြောင်း မေးတောင်မမေးခဲ့ဘူးပဲ" ရှန်းရင်က သူ့ကို ခပ်တည်တည်စိုက်ကြည့်ရင်း အမူအရာက မည်းမှောင်နေလေရဲ့။ "ဟင့်အင်း အစတည်းက နင် ငါ့အစ်မနဲ့ ဘာမှမပတ်သက်ချင်ခဲ့တာလို့ ပြောသင့်တာ၊ ဒီအတွက် တစ်ခုတည်းသောအကြောင်းရင်းက မော်နီတာတွေနဲ့ ပတ်သက်တဲ့ ဒီကိစ္စက ငါနဲ့ဆိုင်နေလို့ပဲ"
မီလဲ့က ဇဝေဇဝါဖြစ်နေဆဲဖြစ်ကာ ဘာမှမပြော။
"ဝိညာဉ်အစေ့က တကယ်နင့်ဟာ မဟုတ်ဘူး၊ နင်က သူ့ကောင်းကျိုးအတွက်လည်း လုပ်နေတာ မဟုတ်ဘူး" ရှန်းရင်က ကောင်လေးကို နောက်က လူနှစ်ယောက်ဆီ တွန်းလိုက်တယ်။ ရှေ့ကိုတက်ကာ သူမကပြောတယ်။
"မီလဲ့၊ နင်က ဟင်းလင်းပြင်ထဲ ငါ့ကို ညာခိုင်းခဲ့တာပဲ၊ နင် တကယ်ဘာများလုပ်ချင်တာတုံး"
"..."
မီလဲ့က မတ်မတ်ရပ်နေတယ်။ သူ့မျက်နှာပေါ်က စပ်ဖြီးဖြီးအပြုံးက ခုလုံးဝပျောက်ကွယ်သွားပြီ။ ခဏနေတော့ သူသက်ပြင်းချကာ လုံးဝရှုံးနိမ့်သွားဟန်။ "ရင်လေး... မင်း ငါ့ကို ဘယ်လိုလုပ် အဲလိုစမ်းသပ်နိုင်ရတာလဲ" အမှန်ပဲ ကျောင်းတွင်းအနိုင်ကျင့်သူတွေကို လှည့်စားရတာခက်တယ်။
"တကယ်တော့ ငါက-"
"မပြောနဲ့တော့" ရှန်းရင်က လက်မြှောက်ကာ သူစကားပြောမှာ တားလိုက်တယ်။
"နင်ပြောတာ ဘာပဲဖြစ်ဖြစ် ယုံလို့မရတော့ဘူး၊ ငါ့ဘာသာမေးလိုက်မယ်"
သူမ စကားဆုံးတာနဲ့ လက်ပတ်ပေါ်က ဆက်သွယ်ရေးခလုတ်ကို အသက်သွင်းလိုက်လေတော့တယ်။
အာ
…
အခန်း ၆၀၀ ။ စောင့်ကြည့်သူများ
"ခဏ ရင်လေး" မီလဲ့က ဖြူဖျော့သွားကာ သူမကိုတားချင်ပေမဲ့ နောက်ကျလွန်းသွားကာ ရှန်းရင်က သူမဆက်သွယ်ရေးပစ္စည်းနဲ့ ရှန်းကျင်းကို ဆက်သွယ်နှင့်နေပြီ။
နောက်တစ်စက္ကန့် မပြည့်သေးခင်မှာပါ အလင်းရောင်မျက်နှာပြင်တစ်ခု ခုန်ထွက်လာကာ ရှန်းရင်နဲ့ ၈၀ရာခိုင်နှုန်းတူတဲ့ မျက်နှာတစ်ခုက ပေါ်လာတယ်။
"ရင်လေး ဘာဖြစ်တာလဲ၊ နင့်ဘက်က ငါ့ကိုဆက်သွယ်တာ ရှားတယ်" ရှန်းကျင်းအသံက ချက်ချင်း ထွက်လာကာ သူမအကြည့်က ဝေ့ဝဲသွားပြီး မီလဲ့ကိုမြင်ချိန် ရပ်သွားကာ မှေးကြည့်နေပြီးမှ နောက်တစ်ကြိမ် မျက်လုံးပြူးသွားပြန်တယ်။ "ဟေး၊ ပန်းလေးလည်း အဲမှာရှိနေတာပဲ နင်တို့တွေ စုဝေးနေကြတာလား"
"ဟိုင်း~~~~~ ရှန်းကျင်း" မီလဲ့က သူ့လက်ကို တုန်ယင်စွာ မြှောက်ရင်း အပြုံးက နည်းနည်း တန့်သွားတယ်။
"အစ်မ၊ ဒီကိုလာဖို့ အချိန်ရှိလား"
ရှန်းရင်က ပြောရမဲ့အကြောင်းကို တန်းပြောလာတယ်။ "ငါ နင့်ကို လူကိုယ်တိုင် မေးချင်တဲ့ ကိစ္စတချို့ရှိလို့"
"နင်ဘာလို့..." ရှန်းကျင်းက ဘာဖြစ်ခဲ့တာလဲ မေးဖို့ရှိသေး မီလဲ့ကိုတစ်ချက်ကြည့်ကာ တစ်ခုခုကို သတိရသွားတဲ့ပုံ။ သူမ အမူအရာက ပြောင်းလဲသွားတယ်။ "ကောင်းပြီလေ၊ ခဏနေဦး၊ ငါချက်ချင်း လာခဲ့မယ်"
မျက်နှာပြင်က ဖျတ်ခနဲပိတ်သွားတော့တယ်။
မီလဲ့မျက်နှာက ပိုပြီးတောင် ဖြူဖျော့လာလေရဲ့။ "မင်းတို့ စကားစမြည်ပြောကြ၊ ငါ ကိစ္စတစ်ခုရှိလို့ အရင်ပြန်နှင့်တော့မယ်" အဲလိုပြောပြီး သူက ချက်ချင်း လှည့်ကာ မျက်နှာပြင်တံခါးကို လှမ်းဖွင့်ဖို့လုပ်ပေမဲ့ ရှန်းရင်ပြန်ဆွဲထားတာ ခံလိုက်ရတယ်။ "ဘာတွေအလျင်လိုနေတာတုံး"
"ရင်လေး ဒီလိုမလုပ်ပါနဲ့ကွာ ငါ တကယ် သေလိမ့်မယ်" မီလဲ့ စိတ်ဆင်းရဲနေပြီး ကြည့်ရတာ ငိုချတော့မဲ့ပုံ။ မင်းအစ်မက တကယ်ငါ့ကို အသေရိုက်လိမ့်မယ်ဟ
နောက်ကျသွားတာတော့ နှမြောစရာပဲ။ အဖြူရောင် အလင်းတစ်ခု ပေါ်လာပြီး ရှန်းကျင်းက မျက်နှာပြင်တံခါးကနေ ထွက်လာတယ်။
"ရင်လေး ဘာလို့..."
သူမ စကားမဆုံးခင် မီလဲ့က ရှန်းရင်လက်ထဲကနေ ပြိုင်မြင်းတစ်ကောင်လို ရုန်းထွက်ပြီး သူမဆီ ပြေးဝင်လာတယ်။ နောက်တော့ ဘုတ်ခနဲ သူက လေးဘက်ထောက်ပြီး သူမရှေ့ကမြေကြီးနဲ့ ကွက်တိဖြစ်နေကာ ကျယ်လောင်စွာ အော်ငိုတော့တယ်။ "အစ်မကျင်း၊ ကျွန်တော်မှားပါတယ်"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အသက်ရှင်ဖို့ ဒီလိုပြင်းထန်တဲ့ ဆန္ဒပဲ...။
ရှန်းကျင်းက သူ့ကို ငုံ့ကြည့်ကာ အလိုလိုမေးမိသွားတယ်။ "နင့်ခြေထောက်တွေ ကျိုးသွားတာလား"
မီလဲ့က တုန်ယင်နေပြီး တခစ်ခစ်ရယ်ကာ ဖြေတယ်။ "မဟုတ် မဟုတ် မဟုတ်ပါဘူး အစ်မကျင်း၊ ဒူးထောက်ပြီး ကြည့်ရင် အစ်မက အရမ်းလှတယ်လို့ မြင်ရရုံမို့ပါ တကယ်ပါ"
အခြားသုံးယောက်သား ။ ။ "..." မင်းရဲ့ အခြေခံသဘောတရားက ဘယ်မှာလဲ။
"ဘာတွေဖြစ်နေတာလဲ" ရှန်းကျင်းက ရှန်းရင်နဲ့ တခြားနှစ်ယောက်ကို မော့ကြည့်တယ်။
သူတို့တွေ အကြည့်ချင်းဖလှယ်ကာ ရှန်းရင်က ရှေ့တက်လာပြီး မေးတယ်။ "မကြီး၊ မော်နီတာဆိုတာ ဘာလဲသိလား"
ရှန်းကျင်းက ထိတ်လန့်သွားကာ သူမမျက်လုံးတွေက ရုတ်ချည်းပြူးကုန်တယ်။ "နင် ဘယ်လိုလုပ်သိ..." သူမ တစ်စုံတစ်ခုကို သတိရသွားကာ မြေကြီးပေါ်က မီလဲ့ကိုငုံ့ကြည့်လိုက်တယ်။ "နင် ဘာပြောခဲ့တာလဲ"
"..." မီလဲ့က တုန်ယင်သွားကာ သူ့ကိုယ်သူ ပိုပြီးတောင် ငုံ့သွားတော့တယ်။
"သူက ငါတို့ကို ဟင်းလင်းပြင်မြေဆီ ခရီးတစ်ခေါက်သွားရအောင် လှည့်စားခဲ့တယ်"
ရှန်းရင်ဖြေလိုက်တယ်။
"ဟင်းလင်းပြင်..." ရှန်းကျင်းက ခဏစဉ်းစားပြီး မြေကြီးပေါ်က လူကို ရုတ်ခြည်း စိန်းစိန်းဝါးဝါး ကြည့်တော့တယ်။ သူမမျက်လုံးတွေက ချက်ချင်း ရဲရဲတောက်နီလာပြီး ပြောဆိုတော့တယ်။ "နင်က အရည်အချင်းစစ်စာမေးပွဲမှာ သူဝင်ပြိုင်အောင် လှည့်စားခဲ့တာပဲ"
ခဏလောက် ပတ်ဝန်းကျင်လေက တန့်သွားပြီး ကြောက်ခမန်းလိလိ စွမ်းအင်က တစ်ခါတည်း ကောင်းကင်ဘုံတစ်ခုလုံးကို ဖြတ်သန်းသွားသလိုမျိုးပဲ။ ရှန်းကျင်းက မီးရှို့ခံထားရသလိုမျိုး သူမဒေါသမီးတောက်တွေက တောက်လောင်နေလေရဲ့။ ကောင်းကင်ဘုံတစ်ခုလုံး တုန်ခါနေကာ မြေကြီးပေါ် အက်ကွဲကြောင်းတွေ စတင်ပေါ်လာတာ နောက်တစ်စက္ကန့်မှာ ပြိုလဲတော့မလိုပဲ။
"စိတ်အေးအေးထား စိတ်အေးထားပါ အစ်မကြီးကျင်း၊ ကျွန်တော် ပြောတာနားထောင်ပါဦး၊ သူက အခုအဆင်ပြေတယ်မဟုတ်လား" မီလဲ့က တုန်ယင်ကာ တိုက်တွန်းနေတယ်။ "ဒေါသထွက်တာ ကိုယ်ခန္ဓာအတွက် မကောင်းပါဘူး၊ အရေးအကြောင်းတွေ လွယ်လွယ်ဖြစ်လာလိမ့်မယ်၊ ပြီးတော့ ဒါက သူ့ကောင်းကင်ဘုံနော် အစ်မကြီးကျင်း..."
"မကြီး" ကောင်းကင်ဘုံက ပြိုကျတော့မှာကို ကြည့်နေရင်း ရှန်းရင် မနေနိုင်ဘဲ လှမ်းခေါ်လိုက်ရတယ်။
ရှန်းကျင်းကိုယ်ထဲက အမျက်က နည်းနည်း ချုပ်ထိန်းခံလိုက်ရလေတယ်။ သူမက မြေကြီးပေါ်က လူကို လက်တစ်ဖက်နဲ့မကာ တခြားလက်နဲ့ ထူးခြားတဲ့တံခါးတစ်ချပ်ဆွဲဖွင့်ပြီး ညွှန်ကြားတယ်။
"မင်းတို့အားလုံး နာရီဝက် ဒီမှာစောင့်နေကြ၊ ငါပြန်လာရင် စကားပြောကြမယ်"
အဲလိုပြောပြီး သူမက မီလဲ့ကိုဆွဲကာ တံခါးထဲဝင်သွားပြီး တံခါးပိတ်ခါနီးမှာတင် မီလဲ့ရဲ့ တဂတ်ဂတ် အသနားခံသံက ခပ်တိုးတိုးထွက်လာတယ်။ "အစ်မကြီးကျင်း၊ ကျွန်တော် တောင်းပန်ပါတယ်၊ မျက်နှာကို မရိုက်ပါနဲ့၊ ကျေး... အု~~~"
တစ်ခဏနေတော့ တံခါးကပိတ်သွားကာ ကသောင်းကနင်းအရှိန်အဝါ ဝိုးတဝါးစိုးစဉ်း ကျန်ခဲ့လေတယ်။
ကူယွဲ့နဲ့ ယိချင်း ။ ။ "..."
တကယ် ညီအစ်မတွေပါပဲ။ သူတို့ ထုထောင်းတဲ့နည်းလမ်းကတောင် ဒီလောက်ဆင်နေတယ်။
"ရှန်းရင်၊ ရှန်းကျင်း စောနက ဖွင့်ခဲ့တဲ့တံခါးက..." ကူယွဲ့ မနေနိုင်ဘဲ မေးလိုက်တယ်။ "ပျက်စီးမှုဆီ ဦးတည်နေတယ်လို့ မပြောနဲ့နော်"
"... အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"..." ကူယွဲ့ တောင့်ခဲသွားတယ်။ သူမက ဘာကြောင့် ပျက်စီးမှုကသောင်းကနင်းဆီ ဝင်ပေါက်ကို အဲလောက်အလွယ်တကူ ဖွင့်နိုင်ရတာလဲ။ ကသောင်းကနင်းသားရဲတစ်ကောင်ကို ရင်ဆိုင်ရတာတောင် သူအားကုန်ထုတ်သုံးခဲ့ရတာ။ သူတို့နှစ်ယောက်လုံး စီမံထိန်းသိမ်းသူတွေဆိုပေမဲ့ ဒီကွာခြားချက်က အရမ်းကို ကြီးလွန်းတယ်။
တကယ်ပဲ သူမကိုယ်သူမ ကလိမ်ကကျစ်မိသားစုမျိုးနွယ်ဝင်ဆိုတာ သက်သေပြနေတာပဲ။
——————
ရှန်းကျင်းက နာရီဝက်လောက် စောင့်နေဖို့ ပြောခဲ့ပေမဲ့ တစ်နာရီလောက် စောင့်တာတောင် သူတို့နှစ်ယောက်က ပျက်စီးမှုကနေ ထွက်မလာသေး။ အဲအစား လှုပ်ရှားမှုလှိုင်းတွေက အချိန်နဲ့အမျှ ကောင်းကင်ဘုံတစ်ခုလုံးကို ထိမှန်လာကာ မျက်နှာပြင်သစ်ပင်နှစ်ပင်တောင် အရှိန်ကြောင့် ထိမှန်ခံလိုက်ရသလိုမျိုး ရံဖန်ရံခါ တုန်ယင်နေတယ်။
အဲအပြင် အချိန်စီးဆင်းမှုက ပျက်စီးမှုထဲ ကွာခြားတော့ ရှန်းကျင်းက မီလဲ့ကို ဘယ်လောက်တောင် အကြာကြီး ထုထောင်းနေခဲ့လဲဆိုတာ ဘယ်သူမှမစဉ်းစားရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်နာရီအကြာမှာတော့ သူတို့ ရှန်းကျင်း တံခါးကနေ ပြန်ထွက်လာတာကို မြင်လိုက်ရတယ်။ သူမက နောက်ထပ် ဝတ်စုံတစ်မျိုး ဝတ်ထားပေမဲ့ သူမနောက်လိုက်လာသူ တစ်ယောက်မှမရှိ။
"မီလဲ့ဘယ်မှာများပါလိမ့်" ကူယွဲ့က အလိုလို မေးမိသွားတယ်။
"ဘာလဲ၊ မင်း သူ့ကိုအရမ်းစိုးရိမ်နေတယ်လား" ရှန်းကျင်းရဲ့ အေးစက်တဲ့အကြည့်က ချက်ချင်း ရောက်လာတယ်။
ကူယွဲ့က ချက်ချင်း တောင့်ခဲသွားကာ သူ့ဘက်ကို ချက်ချင်းရွေးလိုက်တယ်။ "မ... မဟုတ်ပါဘူး"
ရှန်းကျင်းက တစ်ဖက်လှည့်ပြီး ဂါထာသုံးရင်းဖြစ်ပေါ်လာတဲ့ဆိုဖာပေါ်ထိုင်ချရင်း လက်ဖက်ရည်တစ်ငုံ သောက်ပြီးမှ ဖြေတယ်။ "ဟမ့် အဲခွေးကောင် ခုတော့မသေပါဘူး"
"မကြီး၊ မော်နီတာက တကယ်အတိအကျဘာလဲ" ရှန်းရင်ကလည်း ထိုင်ချကာမေးတယ်။ "ဘာလို့ ပန်းလေးက ဟင်းလင်းပြင်မြေဆီ ငါသွားအောင် လှည့်စားခဲ့ရတာလဲ၊ မကြီးပြောတဲ့ အရည်အချင်းစစ်စာမေးပွဲက ဘာတုံး"
ရှန်းကျင်းရဲ့ မျက်ခုံးတွေက အတူတူကျုံ့သွားပြီး ရှန်းရင်ကို စိတ်ပျက်စရာလို ကြည့်ရင်း ချက်ချင်း ဒေါသပေါက်ကွဲတော့တယ်။ "နင်လည်းပါတယ် နင် ငယ်ငယ်က သူ့ကို သဘောမကျဆုံးမဟုတ်ဘူးလား၊ သူသွားခိုင်းတာနဲ့ နင်က ဘာလို့သွားရတာတုန်း၊ နင့်မှာ ဦးနှောက်ရှိရဲ့လား"
ရှန်းရင်က အကျင့်အတိုင်း ချက်ချင်း ကြောက်လန့်သွားလေတယ်။ "ငါမှားပါတယ်"
"ကံကောင်းလို့ စမ်းသပ်မှုက ဒီတစ်ကြိမ် အသက်မဝင်သွားလို့ပေါ့၊ မဟုတ်ရင်..." သူမ အမူအရာက အန္တရာယ်ကြီးတဲ့တစ်ခုခုကို သတိရသွားသလို မည်းမှောင်သွားပြီး လက်တွေကတင်းကြပ်သွားကာ လက်ဖက်ရည်ခွက်က အမှုန့်ပြောင်းလဲသွားခဲ့တယ်။
"အစ်မကြီးကျင်း" ကူယွဲ့ မနေနိုင်ဘဲ ပြောမိတော့တယ်။ "ဒါဆို မော်နီတာဆိုတာ တကယ်ပဲ ဘာများတုံး"
သူမ မျက်လုံးတွေက မည်းမှောင်သွားကာ သက်ပြင်းချပြီးတော့ ဖြည်းဖြည်းချင်းပြောတယ်။
"မော်နီတာတွေက မျက်နှာပြင်ထိန်းသိမ်းမှုရဲ့ ကြီးကြပ်သူတွေပဲ၊ မျက်နှာပြင်တစ်ခုစီရဲ့ စီမံထိန်းသိမ်းသူတွေနဲ့ သူတို့လုပ်ရပ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကြီးကြပ်ပြီး အကဲဖြတ်ဖို့ တာဝန်ရှိသူတွေ"
"စီမံထိန်းသိမ်းသူတွေကို ကြီးကြပ်တာ" သူတို့သုံးယောက်လုံး တစ်ချိန်တည်းမှာတင် ထိတ်လန့်သွားခဲ့တယ်။
"ဘာလို့" ရှန်းကျင်းက ရယ်တယ်။ "စီမံထိန်းသိမ်းသူတွေက မလွှမ်းမိုးနိုင်သူတွေလို့ထင်နေတာလား"
"..."
"မော်နီတာတွေကသာ အကန့်အသတ်မရှိ ဘာနဲ့မှ တွန်းထုတ်မခံရဘဲ မျက်နှာပြင်တိုင်းကို ဖြတ်သန်းနိုင်တဲ့သူတွေပဲ" သူမက ဆက်ရှင်းပြတယ်။ "မော်နီတာတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေက များသောအားဖြင့် စီမံထိန်းသိမ်းသူတွေရဲ့အပေါ်မှာရှိတယ်၊ သူတို့က မျက်နှာပြင်ရဲ့တည်ငြိမ်မှုအတွက် တာဝန်မရှိဘဲ စီမံထိန်းသိမ်းသူတွေရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးရုံပဲ"
"မျက်နှာပြင်တွေက တစ်ခုနဲ့တစ်ခု မကျူးကျော်နိုင်ဘူး၊ စီမံထိန်းသိမ်းသူတွေက မျက်နှာပြင်တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ကျူးကျော်သူတွေကို နှင်ထုတ်နိုင်တယ်၊ ဒါပေမဲ့ ကျူးကျော်သူကလည်း စီမံထိန်းသိမ်းသူဆိုရင် လုံးဝ တခြားကိစ္စတစ်ခုဖြစ်သွားပြီ" သူမကမျက်မှောင်ကြုတ်တယ်။
"ပြီးတော့ စီမံထိန်းသိမ်းသူတွေက သူတို့မျက်နှာပြင်နဲ့ အပြန်အလှန်တည်ရှိနေတာ၊ တကယ်လို့ မျက်နှာပြင်က အမြစ်ဖြုတ်မခံရရင်စီမံထိန်းသိမ်းသူက မသေဘူး၊ မျက်နှာပြင်တိုင်း ကျူးကျော်မှုကို ကြုံရတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့က ရှည်လျားလှတဲ့ဘဝကို ငြီးငွေ့လာချိန် ပြဿနာရှာဖို့ကြိုးစားသူတချို့တလေကတော့ အမြဲရှိမှာပဲ"
"မော်နီတာတွေရဲ့ တည်ရှိမှုက ဒီလိုအခြေအနေတွေကို ကန့်သတ်ထိန်းချုပ်ဖို့ပဲ" ရှန်းကျင်းက ရှင်းပြတယ်။ "တကယ်လို့ စီမံထိန်းသိမ်းသူတွေက မျက်နှာပြင်ရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တည်ရှိနေတာဆိုရင် မော်နီတာတွေကတော့ စီမံထိန်းသိမ်းသူတွေရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တည်ရှိနေတာပဲ"
"သူတို့က စီမံထိန်းသိမ်းသူအားလုံးကို ကြီးကြပ်စစ်ဆေးပြီး စီမံထိန်းသိမ်းသူတွေ ကျူးကျော်မှု လုပ်ရပ်တွေကို ပြသလာချိန် ကြားဝင်ရောက်ဖို့ တာဝန်ရှိတာ၊ ပြီးတော့ ဆက်ခံမဲ့စီမံထိန်းသိမ်းသူတွေကို ရွေးချယ်ဖို့မှာလည်း ကူညီရတယ်" သူမက သုံးယောက်သားဘက် လှည့်ကြည့်တယ်။ "မီလဲ့က မော်နီတာလေ"
ကူယွဲ့ရော ယိချင်းပါ ဆွံ့အကုန်တယ်။
ဘာ။ အဲငနွဲ့ကလေ။
"မကြီး" ရှန်းရင်က သိပ်မအံ့ဩဘဲ ရှန်းကျင်းကိုသာကြည့်ကာ မေးတယ်။ "နင်ကရော"
ရှန်းကျင်းလည်း အူကြောင်ကြောင်ဖြစ်ပြီးမှရယ်တယ်။ "ငါရောပဲလေ"
"..."
…