ကမ္ဘာဦးခေတ်ကာလ
Vol. 18 Ch. 240
အခန်း(၂၄၀) : ကမ္ဘာဦးခေတ်ကာလ
ဝမ်ဝေ့ လေ့ကျင့်ထားပြီး လိုအပ်သည့် ပစ္စည်းများ စုပ်ယူပြီးသွားသည့် အတွင်းအင်္ဂါသုံးခုက အသည်း၊ ကျောက်ကပ်နှင့် အဆုတ်တို့ ဖြစ်ပေသည်။ လိုအပ်သည့် ပစ္စည်းများကမူ ဓာတ်ငါးပါးပေါ် အခြေခံထားသည်။
အဆုတ်က သတ္တုကို ကိုယ်စားပြုပြီး ကျောက်ကပ်က ရေကို ကိုယ်စားပြုကာ အသည်းက သစ်သားကို ကိုယ်စားပြုလေသည်။ ဓာတ်ငါးပါ သဘောတရားအရ သတ္တု(အဆုတ်)က ရေ(ကျောက်ကပ်)ကို အထောက်အကူပြုပေးပြီး ရေက သစ်သား(အသည်း)ကို အားဖြည့်ပေးသည်။
မျှခြေအခြေအနေ ရောက်သည့်အထိ အားဖြည့်ပေးခြင်းနှင့် ချုပ်ထိန်းခြင်း သံသရာက ဆက်တိုက် ဖြစ်နေလိမ့်မည်။ ကံမကောင်းစွာဖြင့် ဝမ်ဝေ့တွင် ကျန်ရှိသည့် ပစ္စည်းနှစ်မျိုး မရှိသေးပေ။ အကြောင်းအရင်းမှာ သူ့လိုလားချက် သို့မဟုတ် ဂိုဏ်း၏ လိုလားချက်က အရမ်းမြင့်နေ၍ ဖြစ်၏။
ဝမ်ဝေ့ကို အကောင်းဆုံးဖြစ်စေဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်းက မိုးမြေမှ ပင်ကိုရတနာကို ရွေးချယ်ပြီး သူ့ခန္ဓာကိုယ်အား ပြုပြင်မွမ်းမံဖို့ ခွင်ပြုပေးခဲ့သည်။
ပင်ကိုရတနာများက အလွန်ထူးခြားလှသည့် ပစ္စည်းမျိုး ဖြစ်၏။ တစ်ခြားနည်းဖြင့်ဆိုရလျှင် သူတို့က ဧကရာဇ်အဆင့် ပစ္စည်းများထက်ပင် ပိုအားကောင်းကာ ရှားပါးလေသည်။
အသင်္ချေအင်ပါယာကမ္ဘာထဲ ရှေးကျသည့် ခေတ်ကာလတုန်းက ကျင့်ကြံသူများ မှတ်သားခဲ့သည့် သတင်းအချက်အလက်အရ ဟွင်သွမ်းခေတ်ကာလတွင် ကမ္ဘာကြီးက စတင်ဖြစ်လာခဲ့ပြီး သက်ရှိ၊ သက်မဲ့ အစရှိသဖြင့် တည်ရှိမှုအမျိုးမျိုးလည်း စတင်နေထိုင်လာကြသည်။
သို့သော်လည်း ယခင်က ကမ္ဘာကြီးတွင် မိုးမြေကြားမှ ဝိညာဉ်စွမ်းအား မရှိဘဲ မြင့်မားသည့် စွမ်းအားပုံစံ ဟွင်သွမ်းချီသာ ရှိလေသည်။ ကမ္ဘာကြီးက ပြည့်စုံသွားပြီး ကောင်းကင်တာအိုက မိုးမြေကြားမှ အခြေခံစည်းမျဉ်းများကို ပြီးပြည့်စုံသွားစေပြီးသည့်နောက်တွင် ကမ္ဘာဦးခေတ်ကာလ စတင်လာသည်။
ထိုခေတ်ကာလတွင် ဟွင်သွမ်းချီက ပင်ကိုချီအဖြစ် အရည်အသွေး နိမ့်ကျလာသည်။ ဟွင်သွမ်းချီက ပတ်ဝန်းကျင်ထဲ တည်ရှိနေသေးသော်လည်း ယခင်ခေတ်ကာလ၏ များပြားလွန်းသော ပမာဏနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာဦးခေတ်ကာလထဲ ပေါ်ထွက်လာသည့် သက်ရှိများက ဟွင်သွမ်းချီနှင့် ပင်ကိုချီ နှစ်ခုလုံးမှ အကျိုးမြတ်ရလိုက်ကြသည်။ ရလဒ်အနေနှင့် ထိုခေတ်ကာလတွင် မွေးဖွားခဲ့ကြသော သက်ရှိအများစုကို ကမ္ဘာဦး နတ်ဘုရား သို့မဟုတ် ပင်ကိုနတ်ဆိုးဟု ခေါ်ဆိုကြပြီး သူတို့က အင်မတန် အားကောင်းကြလေသည်။
ခန္ဓာကိုယ်က ကြယ်တာရာများကို သရေစာအဖြစ် စားသုံးကာ ကမ္ဘာများကို ဘောလုံးလို ကစားနိုင်ကြလောက်အောင်အထိ အလွန်အားကောင်းကြသည်။ သူတို့က အင်မတန် ကြောက်စရာကောင်းပြီး စိတ်ကူးမကြည့်နိုင်လောက်အောင် အံ့ဖွယ်စွမ်းရည်များ ချီးမြင့်ပေးထားသည့် သွေးမျိုးဆက်ဖြင့် မွေးဖွားလာကြလေသည်။
ယခုခေတ်ဘက်မှ ကျင့်ကြံသူများ ထိုသက်ရှိများအကြောင်း သိကြသည့် အချက်နှစ်ချက်မှာ သူတို့က အရွယ်အစား အင်မတန် ကြီးမားပြီး အလွန်တရာ မြင့်မားသော ကျင့်ကြံဆင့်ဖြင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ သူတို့ထဲက အားအနည်းဆုံးပင် လေဟာနယ်ဖြိုခွင်းခြင်း အဆင့်လောက် အင်အားရှိပြီး အားအကောင်းဆုံးက မဟာဧကရာဇ်အဆင့် ရှိ၏။ ထိုအရာက မွေးဖွားပြီးပြီးချင်း အင်အား ဖြစ်လေသည်။
ကျင့်ကြံသူများစွာက ထိုသက်ရှိများ၏ ကျင့်ကြံရေးနည်းစနစ်သည် သူတို့နှင့် အလွန်ကွဲပြားလိမ့်မည်ဟု ကောက်ချက်ချထားကြသည်။ အများစုက အားကောင်းစွာ မွေးဖွားလာသည့်အချက်ကြောင့် မိုးမြေကြားမှ ချီစွမ်းအားကို စုပ်ယူဖို့ မလိုအပ်ပေ။ သူတို့ လိုအပ်သည်ကား ပိုမိုမြင့်မားသည့် ကျင့်ကြံဆင့် ရရှိဖို့ မိုးမြေကြားမှ စည်းမျဉ်းအကြောင်း နားလည်ဖို့သာ ဖြစ်၏။
နောက်ထပ် လက်ရှိခေတ် ကျင့်ကြံသူများက ထိုအားကောင်းသော တည်ရှိမှုများသည် ခွန်အားအမျိုးမျိုးဖြင့် မွေးဖွားလာကြသောကြောင့် သူတို့၏ လူမှု့အသိုက်အဝန်းက လက်ရှိခေတ်ထက် ဆိုးရွားစွာ ဝါစဉ် သဘောတရားကို ဖော်ဆောင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ထိုနတ်ဘုရားများအနေနှင့် ခွန်အားကောင်းပြီး ပါရမီကောင်းလေလေ ကြီးထွားဖွံ့ဖြိုးဖို့ အလားအလာလည်း မြင့်လေလေ ဖြစ်၏။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဖြင့် မွေးဖွားလာသည့် ကမ္ဘာဦး နတ်ဘုရားက သူတော်စင်အဆင့်ဖြင့် မွေးဖွားလာသူများကို ကျော်တက်နိုင်ဖို့ အခွင့်အရေး မရှိပေ။ ထို့ထက် ပိုမြင့်မားသည့် အဆင့်များကို ထည့်မပြောရသေးပေ။
ထိုခေတ်ကာလများနှင့် ပတ်သက်၍ ကျင့်ကြံသူများ ခေါင်းစားနေကြသည့် ကိစ္စများစွာ ရှိနေဆဲ ဖြစ်၏။ လူသားများလည်း ထိုခေတ်ကာလတွင် တည်ရှိခဲ့ကြောင်း သက်သေများက ခိုင်လုံလေသည်။ ထို့ကြောင့် လူများက ထိုကမ္ဘာဦး နတ်ဘုရားများနှင့် ပင်ကိုနတ်ဆိုးများရှိသည့်ကြားထဲ လူသားများ မည်သို့ပေါ်ထွက်လာပြီး အသက်ရှင်ကာ အစောပိုင်း ဧကရာဇ်ခေတ်ကာလ၏ ခေါင်းဆောင် ဖြစ်လာကြောင်း သိချင်နေကြသည်။
ထိုခေတ်ကာလမှ ကျန်ရှိခဲ့သော မှတ်တမ်းများအရ လူသားများသည် အမြဲတမ်း သနားဖို့ကောင်းကာ အားနည်းနေခဲ့ကြသည်။ ထို့ကြောင့် လက်ရှိခေတ် ကျင့်ကြံသူများက မကြာခဏ ထိုအကြောင်းကို တွေးနေကြသည်။
လူများစွာက လူသားများသည် ကမ္ဘာဦးနတ်ဘုရားများ၏ မျိုးဆက် ဖြစ်စဉ် နတ်ဆိုးများက ပင်ကိုနတ်ဆိုးများ၏ မျိုးဆက်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ အကြောင်းမှာ ကမ္ဘာဦးနတ်ဘုရားများက သူတို့နှင့် တစ်ပုံစံတည်း ဖြစ်သလို ပင်ကိုနတ်ဆိုးများကလည်း နတ်ဆိုးမျိုးနွယ်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
လူသားမျိုးနွယ် မြင့်တက်လာမှုကိုတော့ လူအများကြီးက အသင်္ချေအင်ပါယာကမ္ဘာ၏ ပထမ မဟာဧကရာဇ်ဖြစ်သည့် ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ကြောင့်ဟု မှတ်ယူကြသည်။
တကယ်တော့ လက်ရှိခေတ် ကျင့်ကြံသူများ ယူဆထားသည့် သုံးသပ်ချက်များနှင့် ကောက်ချက်ချထားမှု အများစုက အမှန်ဖြစ်သော်လည်း တချို့ကတော့ မှားလေသည်။
အမှန်တော့ ထိုကမ္ဘာဦးနတ်ဘုရားများနှင့် ပင်ကိုနတ်ဆိုးများက အင်မတန် ကြီးမားကာ အားကောင်းစွာ မွေးဖွားလာခဲ့သည်မှာ အမှန်ဖြစ်၏။ သူတို့၏ လူမှု့အသိုက်အဝန်းက ကြီးစဉ်ငယ်လိုက် တင်းကျပ်စွာ စီထားသောကြောင့် အသက်အကြီးဆုံးက အားအကောင်းဆုံးနှင့် အမြင့်မားဆုံး အနေအထားကို ပိုင်ဆိုင်ထားလေသည်။
ထိုသက်ရှိများအားလုံးတွင် ရှိကြသည့် စွမ်းဆောင်ရည်တစ်ခုက မသေမျိုးများ ဖြစ်ကြသည်။ ဟွင်သွမ်းချီနှင့် ပင်ကိုချီ နှစ်ခုလုံးဖြင့် လွှမ်းခြုံကြီးပျင်းလာပြီးနောက် မည်သူကမှ သူတို့သက်တမ်းကို စိတ်ပူနေစရာ မလိုပေ။ ထို့ကြောင့် သူတို့က ကျင့်ကြံရေးပေါ်သာ အာရုံစိုက်ထားကြလေသည်။
ထို့အပြင် မိုးမြေမှ မွေးဖွားလာသည့် သက်ရှိများအနေနှင့် သူတို့ကို လိင်ဆက်ဆံမှုဖြင့် ဖန်တီးထားခြင်း မဟုတ်သည့်အတွက် ပြီးပြည့်စုံသည့် သက်ရှိများအဖြစ် မှတ်ယူနိုင်သည်။ လူသားများ၊ နတ်ဆိုးများနှင့် မတူဘဲ သူတို့အသိုက်အဝန်းအတွင်း ပဋိပက္ခနှင့် တိုက်ခိုက်ခြင်း သဘောတရားများက အလွန်တရာ ရှားပါးလှသည်။
တင်းကျပ်သည့် ဝါစဉ်သဘောတရား ရှိသော်လည်း မည်သူကမှ မကျေမနပ် ဖြစ်တာမျိုး မရှိကြသလို မနာလိုတာမျိုးလည်း မရှိကြပေ။ သူတို့က မိုးမြေမှ ကလေးများ ဖြစ်ပြီး သူတို့အင်အားနှင့် ပါရမီကို ချီးမြင့်ခံထားရသည့်အတွက် သူတို့ ရရှိသည့်အရာနှင့် ပျော်ရွင်စွာနေသင့်ကြောင်း တွေးကြသည်။
အကယ်၍ တစ်ယောက်ယောက်က သူ့အဆင့်အတန်းကို ပြောင်းလိုလျှင် သူ လုပ်ဖို့လိုသည်ကား မိုးမြေကြားမှ စည်းမျဉ်းများအပေါ် ဉာဏ်အလင်းပွင့်အောင် ကြိုးစားပြီး အင်အားတိုးမြင့်ဖို့ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုငြိမ်းချမ်းအေးဆေးသည့် အသိုင်းအဝန်းက ကြာကြာမခံလိုက်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုကမ္ဘာဦးနတ်ဘုရားများနှင့် ပင်ကိုနတ်ဆိုးများက ဟွင်သွမ်းချီနှင့် ပင်ကိုချီတို့က ဖြည်းဖြည်းချင်း လျော့ကျလာကြောင်း တွေ့သွားကြသည်။
ကမ္ဘာဦးခေတ် အလယ်ပိုင်းလောက်တွင် ဟွင်သွမ်းချီ အရေအတွက်က လက်နှစ်ဖက်တည်းဖြင့်ပင် ရေတွက်လို့ ရလေသည်။ ပင်ကိုချီကလည်း ဖြည်းဖြည်းချင်း လျော့ပါးနေ၏။
ထို့ကြောင့် သူတို့မျိုးနွယ်မှ မျိုးနွယ်ဝင်များက သဘာဝအတိုင်း မွေးဖွားဖို့ ခက်ခဲလာကြတော့သည်။ ဖန်တီးခံရသည့် သူများလည်း သူတို့တွင် မွေးကတည်းက စည်းမျဉ်းစွမ်းအား မပါရှိသလောက် အားနည်းလာကြပြီ ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ထက် နိမ့်သည့် ကမ္ဘာဦးနတ်ဘုရားများ စတင်မွေးဖွားလာလေသည်။
ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုနတ်ဆိုး၏ ခေါင်းဆောင်များက သူတို့မျိုးနွယ် အရေအတွက် တိုးပွားလာစေရန် လိင်ဆက်ဆံ၍ ကလေးမွေးဖွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထိုနည်းလမ်းက ခဏတာ အလုပ်ဖြစ်လေသည်။ သူတို့မျိုးနွယ်မှ အဆင့်တူချင်း လက်တွဲဖော်လုပ်နိုင်ကြောင်း တင်းကျပ်စွာ စည်းမျဉ်းထုတ်ထားလိုက်သည်။ နမူနာအားဖြင့် သဘာဝလွန်အဆင့် မွေးဖွားလာသူ ကမ္ဘာဦး နတ်ဘုရားက အဆင့်တူသူဖြင့်သာ လိင်ဆက်ဆံနိုင်လေသည်။ ဤသို့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခြင်းဖြင့် သူတို့မျိုးနွယ်များက အချိန်တစ်ခုအထိ ကြိုးပမ်းခဲ့ရသည်။
ကံမကောင်းစွာဖြင့် သူတို့က ထိုအားကောင်းသည့် မျိုးနွယ်ကို မကယ်တင်နိုင်ခဲ့ပေ။
သူတို့မျိုးဆက်များက မယုံကြည်နိုင်လောက်အောင် အားကောင်းကာ ကောင်းချီးပေးခံထားရသော်လည်း သူတို့အင်အားအရ ကလေးမွေးနိုင်ဖို့ အလွန်ခက်ခဲကြသည်။ မိုးမြေစည်းမျဉ်းများက အားကောင်းသည့် သက်ရှိများကို အားနည်းသူများဖြင့် အလွယ်တကူ မိတ်ဖက်ခွင့် မပြုပေ။ မဟုတ်ပါက သဘာဝမျှခြေ ကျိုးပျက်သွားနိုင်သည်။
ထို့ကြောင့် ကမ္ဘာဦးခေတ်ကာလအဆုံးသတ်တွင် မိုးမြေကြားမှ ပင်ကိုချီက ချီစွမ်းအား သို့မဟုတ် ဝိညာဉ်ချီအဖြစ် ပြောင်းလဲသွားသည်။ ထိုခေတ်အခါက အရည်အသွေးကို လက်ရှိကျင့်ကြံသူများ နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။
ဝမ်ဝေ့လိုမျိုး ပါရမီရှင်ပင် ၁၂ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ရောက်ဖို့ ငါးနှစ်တာ အချိန်ယူခဲ့ရသည်။ သို့သော် ကမ္ဘာဦးခေတ်ကာလတွင် သာမန်ပါရမီရှိသည့် လူတစ်ယောက်က ဆယ်လခန့်သာ အချိန်ယူရလိမ့်မည်။ ပါရမီရှင်များက တစ်လလောက် အချိန်ယူရပြီး ဝမ်ဝေ့လိုမျိုး ကောင်းကင်သွေဖယ်နေသည့် ပါရမီရှင်မျိုးက သုံး၊ လေးရက်သာ ကြာမြင့်လိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ချီက ထိုကမ္ဘာဦးနတ်ဘုရားများနှင့် ပင်ကိုနတ်ဆိုးများအတွက် စုတ်ချာလေသည်။ သူတို့က မျိုးဆက်ကို ဆက်လက် မမွေးဖွားပေးနိုင်သည့်အချက်ကို ထည့်မပြောလျှင်ပင် အများစုက သူတို့က သက်တမ်းအကြောင်း စတင်စိတ်ပူလာကြ၏။ သူတို့အတွက် သတင်းဆိုး ဖြစ်လေသည်။
သို့သော် လူသားမျိုးနွယ်အတွက် သတင်းကောင်း ဖြစ်၏။ မိုးမြေကြား ပထမဆုံး ချီစွမ်းအားအမျှင် ပေါ်ထွက်လာပြီးနောက် မျိုးနွယ်အသစ်တစ်ခု ပေါ်ပေါက်လာသည်။ လူသားမျိုးနွယ် ဖြစ်၏။
ထိုကမ္ဘာဦးနတ်ဘုရားများက လူသားများအကြောင်း သိသွားကြသည့်အခါ သူတို့နှင့် ယှဉ်လိုက်လျှင် မည်မျှအားနည်းသေးငယ်ပြီး ကျင့်ကြံဆင့် မရှိသလို နှစ်သုံးရာကြာပြီး သေဆုံးသွားတတ်ကြောင်း အံ့ဩခဲ့ကြသည်။ သူတို့အားအနည်းဆုံး အဖွဲ့ဝင် ထုတ်လွှင့်လိုက်သော အရှိန်အဝါကပင် ထိုလူသားများကို အလွယ်လေး သတ်ပစ်နိုင်လေသည်။
အများစုက လူသားများကို လွှတ်ထားလိုက်ပြီး ကျန်လူများက သူတို့ကို အိမ်မွေး တိရစ္ဆာန်အဖြစ် သိမ်းထားတာမျိုး ဒါမှမဟုတ် လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် သူတို့၏ အင်မတန် မြန်ဆန်လှသော မျိုးပွားနှုန်းကို ဖြစ်၏။
လူသားမျိုးနွယ်၏ ဘဝက အကောင်းလည်း မဟုတ်သလို အဆိုးလည်း မဟုတ်ပေ။ သူတို့ကို ယူဆောင်သွားသည့် မျိုးနွယ်များ၏ အကျင့်စရိုက်ပေါ် မူတည်လေသည်။ အရေးကြီးဆုံးက ဘဝက လူသားမျိုးနွယ်အများစုထက် ကောင်းမွန်ကြ၏။
ကံမကောင်းစွာဖြင့် ထိုအရာက ကြာကြာမခံလိုက်ပေ။ မိုးမြေကြားမှ လျို့ဝှက်ချက်ကို တွက်ချက်ပြီးနောက် ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုနတ်ဆိုး၏ ခေါင်းဆောင်များက သူတို့မျိုးနွယ် ပျက်သုန်းမှုနှင့် လူသားမျိုးနွယ် မြင့်တက်လာမှုကို သိလိုက်ကြသည်။ သူတို့က လူသားများသည် အသင်္ချေအင်ပါယာကမ္ဘာကို ဦးဆောင်ဖို့ ကောင်းကင်တာအိုက ရွေးချယ်ထားသည့် ရွေးချယ်ခံ မျိုးနွယ်ဖြစ်ကြောင်း သိသွားကြသည်။
ထိုအခါက ထိုသို့မခေါ်ဆိုခဲ့သော်ငြား …