← Chapters

ကပ်ဘေးချီ

Vol. 18 Ch. 244

ကပ်ဘေးချီ

Vol. 18 Ch. 244

အခန်း(၂၄၄) : ကပ်ဘေးချီ

ကျောင်းတော်၏ ဆရာများက ဖန်းလီ၏ သေဆုံးမှု တောမီးထက် မြန်ဆန်စွာ ပျံ့နှံ့နေသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။ ဆရာအားလုံးက မျက်မှောင်ကြုတ်ထားကြသောကြောင့် အခန်းအတွင်း လေထုက ပိုတင်းကျပ်သလို ဖြစ်နေသည်။

“အခြေအနေ ဘယ်လိုလဲ” ကျောင်းအုပ်ပိုင်ဟန်က တိတ်ဆိတ်မှုကို ချိုးဖောက်ကာ မေးလိုက်သည်။

“ထင်ထားသလို ဆိုးရွားနေတယ်” သတင်းအချက်အလက် တာဝန်ယူထားရသည့် ဆရာတစ်ယောက်က ပြောလိုက်သည် “ ကျုပ်တို့ ဖန်းလီကို သူ့အမွေအနှစ်အတွက် သတ်လိုက်တယ်ဆိုတဲ့ သတင်းက အတော်လေး ပျံ့နေပြီ။ တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေက ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်တို့ဂုဏ်သတင်း ပျက်အောင် လုပ်နေတာ အသေအချာပဲ။ ပြီးတော့ တခြားအင်အားစုတွေကလည်း ကျောင်းတော်ကို ဖြေရှင်းချက် တောင်းပြီး ဖိအားပေးနေကြတယ်”

“အဲဆိုတော့  သူတို့က ဖြေရှင်းချက်တောင်းတော့ရော ဘာဖြစ်လဲ” ဆရာတစ်ယောက်က ပြောလိုက်သည် “ ငါတို့ကျောင်းတော်က တခြားဘယ်သူကို ကြောက်ခဲ့ဖူးလို့လဲ”

“ အခြေအနေအများစုမှာ အဲဒီလိုဖြစ်နိုင်ပေမဲ့ သူတို့အားလုံးက ငါတို့နဲ့ ဆန့်ကျင်နေတဲ့အချိန် တာအိုအခွင့်အလမ်းဂိုဏ်းကလည်း ပါလာရင် ငါတို့ဘက်က ဘာမှမတတ်နိုင်တော့ဘူး။ ပြီးတော့ ငါတို့မဟာမိတ်အများစုကလည်း သံသယရှိနေကြပြီ။

ငါတို့က အမွေအနှစ်ကို ကိုယ့်ဘာသာ တစ်ကိုယ်ကောင်းဆန်ဆန် သိမ်းထားပြီးတော့ သူတို့က ငါတို့နိမ့်ကျနေတဲ့အချိန်မှာ သူတို့ထောက်ခံပေးခဲ့ပေမဲ့ သူတို့အပေါ် မသိတတ်ဘူးလို့ တွေးနေကြတယ်။  တချို့က ငါတို့သာ ဖြေရှင်းချက်ကောင်းကောင်း မပေးနိုင်ရင် မထောက်ပံ့တော့ဘူးလို့ ခြိမ်းခြောက်လာကြတယ်”

ထိုစကားကို ကြားပြီးနောက် အခန်းအတွင်း သက်ပြင်းချသံများ ပျံ့လွှင့်လာသည်။ ထိုသက်ပြင်းချသံတွင် ဆရာအသီးသီး၏ ယခင်ဆယ်စုနှစ်အတွင်း မကျေနပ်ချက်များကို ကိုယ်စားပြု၏။ သူတို့က ဒေါသပုံချချင်ကြသော်လည်း ထုတ်ဖော်ရမည့် လူ သို့မဟုတ် ပစ္စည်းလည်း မရှိကြပေ။ အထူးသဖြင့် သူတို့ခံစားချက်များ၊ နာကျင်မှုအားလုံးအပေါ် တာဝန်ရှိနေသူ ဖြစ်၏။

စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးနောက် ကျောင်းအုပ်ပိုင်ဟန်က မေးလိုက်သည် “သတင်းကောင်းရော ရှိသေးလား”

“သတင်းကောင်းက အခုလို တင်းမာမှု ဖြစ်လာပေမဲ့ ဧကရာဇ်တာအို စစ်ပွဲ ဖြစ်နိုင်ခြေ သယ်ဆောင်လာမဲ့ ဂိုဏ်းတွေ၊ အင်အားစုတွေ မရှိသေးဘူး။ အားလုံးက ထိန်းချုပ်မှုအောက် ရှိနေသလိုပဲ။ အရှင်းဆုံးပြောရရင် ကျုပ်တော့ ဒီအချက်ကို စိတ်ထင့်နေမိတယ်။ အားလုံးက တစ်ခုခု စောင့်နေသလိုမျိုး ခံစားနေမိတယ်။ ဒါပေမဲ့ အတိအကျကိုတော့ ကျုပ်လည်း မသိဘူး ”

ဆရာအားလုံးက ထိုအရာကို ကြားပြီး အလေးအနက်ဖြစ်လာကြသည်။ သူတို့က ထိုဆရာ၏ စကားကို သံသယ မဖြစ်ကြပေ။ အကြောင်းမှာ သူက ကျောင်းတော်အတွက် သတင်းစုဆောင်းရေး တာဝန်ရှိသူ ဖြစ်သည့်အပြင် စိစစ်ပေးရာ၌လည်း တာဝန်ယူထားသည်။ လတ်တလော အဖြစ်အပျက်များမတိုင်ခင်အထိ သူက အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့လေသည်။

သူက ကျောင်းအုပ်နှင့် ငယ်စဉ်ကတည်းက အတူတူရှိခဲ့သူ ဖြစ်၏။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အရိပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် သူ့သတင်းအချက်အလက်များက ပိုင်ဟန်အား ဝမ်ထျန်းအပေါ် အရေးသာချက် ရစေခဲ့သည်။

ပိုင်ဟန်အတွက်မူ သူ့သူလျို၏ စကားများကို ယုံကြည်လွန်းသော်လည်း ခိုင်မာသည့် သက်သေမတွေ့သလို မှန်းဆချက်လည်း မရှိသောကြောင့် ဒီအတိုင်းကျော်လိုက်ရသည်။

“ အခြေအနေမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်လာလား စောင့်ကြည့်နေ … အခု ဘယ်သူက ဖန်းလီကို သတ်သွားခဲ့တာလဲ။ ငါတို့တွေ သဲလွန်စရှိကြလား။ အထူးသဖြင့် အစီအရင်အားလုံးကို ဖျက်သိမ်းနိုင်တဲ့ လူပေါ့”

သတင်းစုဆောင်းရေး ဆရာက မေးခွန်းကို မဖြေခင် တစ်နေရာကို လှမ်းကြည့်လိုက်သည်။ ယခင် ပြိုင်ပွဲကို အကြံအဖန်လုပ်ဖို့ ပိုင်ဟန်၏ သဘောထားကို သဘေမတူကြသည့် ဆရာတစ်စု ရှိနေသေးလေသည်။ ထိုအဖြစ်အပျက်ကတည်းက ကျောင်းတော်၏ အထက်ပိုင်း ဆရာများကြား စိတ်ဝမ်းကွဲမှုအနည်းငယ် ဖြစ်လာခဲ့သည်။

“ကျုပ်တို့ ဆရာတစ်ယောက်က တခြားတစ်ယောက်အတွက် အစီအရင်ကို ဖွင့်ပေးခဲ့တယ်။ ကျုပ်တို့ စုံစမ်းကြည့်လိုက်တော့ အဲဒီဆရာက တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေ အတင်းဖိအားပေးလို့ဆိုတဲ့အ မှတ်စုကို ချန်ထားပြီး ကိုယ့်ဘာသာ သတ်သေသွားခဲ့တယ်။ ဒါပေမဲ့ ကျောင်းတော်ကို သစ္စာဖောက်ပြီးတဲ့နောက် သူ့အပြုအမူကို ရှက်ပြီးတော့ သူ့အပြစ်ကြွေးအတွက် သတ်သေသွားခဲ့တာပါ”

“ အဲဒီလူက ထိန်းချုပ်ခံထားရတာလား။ အဲဒီသေတမ်းစာကရော စိတ်ချရလို့လား” ပိုင်ဟန်က လေသံပြင်းပြင်းဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ စစ်ဆေးကြည့်တော့ သူက မန္တန်အောက် ကျရောက်နေလား မဆုံးဖြတ်နိုင်တော့ဘူး။ သူ့ဝိညာဉ်ပါ သုတ်သင်ခံထားရတယ်။ မှတ်စုမှာတော့ ကလီကမာလုပ်ထားတဲ့ အရိပ်အယောင် မတွေ့ရဘူးဆိုတော့ အဲဒီဆရာ ရေးခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ … ”

“အဲဒီမှတ်စုက အဓိပ္ပါယ်မရှိဘူး” ပိုင်ဟန်က ပြောလိုက်သည် “ ငါတို့သာ လူထုရှေ့ ကြေညာလိုက်ရင် တာအိုအခွင့်လမ်းဂိုဏ်းကို ထိုးကျွေးပြီး ဒီအခြေအနေကနေ ရုန်းထွက်ချင်နေတယ်လို့ပဲ တွေးကြမှာ။ ဒါကိုလုပ်တဲ့သူက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ငါတို့ကြားက တင်းမာမှုကို ပိုတိုးအောင် လုပ်ချင်နေတာပဲ ဖြစ်ရမယ်”

“ အဲဆိုတော့ ကျုပ်တို့ကျောင်းတော်က သူတော်စင်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးလိုက်ရပြီးတော့ ဂုဏ်သတင်းကလည်း ပိုပျက်စီးသွားတယ်။ တစ်ကမ္ဘာလုံးက ကျုပ်တို့ရန်သူလို ဖြစ်နေပြီပဲ။ ဒါပေမဲ့ ကျုပ်တို့က ဘာမှမလုပ်နိုင်ဘူးတဲ့လား” ဆရာတစ်ယောက်က မေးလိုက်သည်။

အခန်းက စိတ်ပျက်လက်ပျက် လေထုကြီးစိုးသွားကာ တိတ်ဆိတ်သွားလေသည်။ ထိုလူ ပြောလိုက်သည်က အမှန်ဖြစ်ပြီးတော့ တည့်တိုးဆန်ဆန် ပြုမူလိုက်ခြင်းက ပိုမိုဆိုးရွားသွားနိုင်လေသည်။

“ဂမ္ဘီရဉာဏ်ဆိုရင်ရော … တရားခံကို ရှာလို့ မရနိုင်ဘူးလား ဒါမှမဟုတ် လျို့ဝှက်ကောင်းကင်မျှော်နန်းကို အကူအညီတောင်းကြမလား” လူတစ်ယောက်က မျှော်လင့်ချက်ဖြင့် ပြောလိုက်သည်။

“ ဂမ္ဘီရဉာဏ်က ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး။ လျို့ဝှက်ကောင်းကင်မျှော်နန်းက ဒီအခြေအနေမှာ ဘာမှဝင်မပါချင်ဘူးလို့ ပြောထားကြတယ်”

“အဲဆို ကျုပ်တို့ ဘာလုပ်ကြမလဲ” ဆရာတစ်ယောက်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် မည်သူမှ ပြန်မဖြေပေ။ ကျောင်းအုပ်ပိုင်ဟန်ပင် မဖြေနိုင်ပေ။ သို့သော်လည်း ဤတစ်ကြိမ် တိတ်ဆိတ်မှုက သိပ်မကြာလိုက်ဘဲ ပိုင်ဟန်ကို ဆန့်ကျင်သည့် အဖွဲ့ထဲမှ ဆရာတစ်ယောက်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းအများကြီး ရှိမယ် ထင်တယ်။ ပထမဆုံး ကျောင်းအုပ်က ဒီကိစ္စက ကျောင်းတော်နဲ့ ဘာမှမပတ်သက်ကြောင်း တစ်ကမ္ဘာလုံးရှေ့ ကောင်းကင်တာအိုကျမ်းသစ္စာနဲ့ တာအိုကျမ်းသစ္စာပေါ် ကျိန်ဆိုရမယ်။

ဒုတိယအနေနဲ့ ကျုပ်တို့ စိတ်ဓာတ်အကျဆုံးအချိန်မှာ ဘေးကနေ ဖေးမပေးခဲ့တဲ့ မဟာမိတ်တွေကို  ပြန်ပေးဆပ်ရမယ်။ ဒီအပြုအမူက မဟာမိတ်တွေကို ကျေနပ်သွားစေမှာ အသေအချာပဲ။

နောက်ဆုံးတစ်ခုက အမွေခံသားတော် ဝမ်ဝေ့နဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေကို စကားပြောရမယ်။ သူ့ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပေးပြီးတော့ သူ့ကို ပြိုင်ပွဲရဲ့ အနိုင်ရသူလောက် အချိန်များများပေးမယ်ဆိုပြီး ညှိနှိုင်းရမယ်”

အခန်းက ပြန်လည်တိတ်ဆိတ်သွားလေသည်။ ဤတစ်ကြိမ် ဆရာများက ထိုအစီအစဉ်၏ ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်နိုင်ခြေကို တွေးနေကြသည်။

“ ဒီအစီအစဉ်က ဖြစ်နိုင်တယ်။ ကျုပ်တို့ ကျောင်းတော်က အရင်းအမြစ်နည်းနည်း လျော့ပြီး မျက်နှာနည်းနည်းပျက်ရမယ်ဆိုပေမဲ့ ကျုပ်တို့အပေါ် အဲလောက် သက်ရောက်မှု မရှိဘူး။ ပြီးတော့ လင်းဖန်သာ တာအိုသက်သေပြနိုင်ရင် မျက်နှာပျက်တာလောက်ကို ဘယ်ဂရုစိုက်နေစရာ လိုမှာလဲ။ ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ ဖြစ်ရမယ်။ နောက်ပိုင်း ကျုပ်တို့ ခံစားခဲ့ရသမျှ အရှက်ကွဲမှုတွေကို အဆရာချီ ပြန်လည်ပေးဆပ်ခိုင်းလို့ ရတာပဲ

“အဆထောင်ချီဆို ပိုတောင်ကောင်းသေး”

“ကျုပ်လည်း သဘောတူတယ်”

“အတူတူပဲ”

လူအများစုက ထိုအစီအစဉ်ကို သဘောတူကြလေသည်။ အတိအကျဆိုရလျှင် ပိုင်ဟန်ကို ဆန့်ကျင်ရေး အဖွဲ့ထဲရှိ လူအများစုက ထိုအစီအစဉ်ကို သဘောတူကြသည်။ ပြောရလျှင် သူတို့လူက အဆိုပြုထားသည် မဟုတ်ပါလော။

ပဏာမ ဆုံးဖြတ်မှုအပြီးတွင် သူတို့အားလုံးက နောက်ဆုံး ဆုံးဖြတ်ချက်အတွက် ပိုင်ဟန်ကို ကြည့်လိုက်ကြသည်။ သူကသာ‌ နောက်ဆုံးပြောဆိုခွင့်ရှိသူ ဖြစ်၏။

“ပထမနှစ်ချက်ကိုတော့ သဘောတူတယ်။ ဒါပေမဲ့ ဝမ်ဝေ့ကို လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး ”

“ကျောင်းအုပ် ဒါက ခေါင်းမာနေရမဲ့ အချိန် မဟုတ်တော့ဘူး”ဆရာတစ်ယောက်က အော်ပြောလိုက်သည် “ကျေးဇူးပြုပြီး ခင်ဗျားရဲ့ စိတ်ခံစားချက်တွေကို ကျောင်းတော်အကျိုးအတွက် ဘေးဖယ်ထားလိုက်ပါ”

“ဒါက ငါ့စိတ်ခံစားချက် မဟုတ်ဘူး” ပိုင်ဟန်က ပြန်ဖြေလိုက်သည် “အခုက နောက်ကျလွန်းသွားပြီ။ လီကျွင်းအတွက် အစီအစဉ်က အသက်ဝင်နေပြီ။ ကျီစုန့်ကိုလည်း မိစ္ဆာနတ်ဘုရားအရိုး ပေးပြီးသွားပြီ။ ငါတို့ ရပ်တန့်ဖို့ နောက်ကျလွန်းသွားပြီ”

ဆန့်ကျင်ရေးအဖွဲ့ထဲမှ လူများက ခေါင်းကြောမာသည့် ပိုင်ဟန်ကို ကြည့်လိုက်ပြီး တစ်ယောက်ယောက်က သူ့ကို သင့်တော်သည့် အကြောင်းပြချက်များဖြင့် ဖျောင်းဖျနိုင်လိမ့်မည်ဟု မျှော်လင့်ကာ ကြည့်လိုက်ကြသည်။ သို့သော်လည်း မည်သူမှ ထုတ်မပြောကြပေ။

တကယ်တော့ လူများစွာက ပိုင်ဟန်နှင့် ခံစားချက်တူကြသည်။ ဒီလောက်အားထုတ်ကာ စတေးထားပြီးမှ မရပ်တန့်လိုကြတော့ပေ။ သူတို့က ကျောင်းတော်သည် ကမ္ဘာကြီးထံ ဦးညွှတ်ရမည့်ကိစ္စကို လက်ခံနိုင်သော်လည်း လူငယ်မျိုးဆက်ကိုတော့ ဘယ်လောက်ပဲ ပါရမီရှိစေကာမူ လက်မခံနိုင်ပေ။

အစပိုင်း ထိုလူများက ပိုင်ဟန်ကို ထောက်ခံ့ပေးကြခြင်းမှာ သူတို့ခေါင်းဆောင်ကို ယုံကြည်ကြ၍ ဖြစ်၏။ သို့သော် လတ်တလော အဖြစ်အပျက်များက သူတို့စိတ်ကို ပြောင်းလဲသွားစေသည်။ ပိုင်ဟန်၏ အဖွဲ့ထဲရှိ လူများက ကျောင်းတော်နှင့် သူတို့ထံ ဖြစ်လာသည့် ကိစ္စများ၏ အကြောင်းအရင်းက ဝမ်ဝေ့ကိုသာ ဖြစ်ကြောင်း အပြစ်ဖို့လာကြသည်။

ထို့ကြောင့် သူတို့က ရပ်တန့်လိုက်ဖို့ ပြတ်ပြတ်သားသား ငြင်းဆိုနေကြခြင်း ဖြစ်၏။

ထိုအခြေအနေကို သဘောပေါက်ပြီးနောက် ဆန့်ကျင်ရေးအဖွဲ့ဘက်က သက်ပြင်းချလိုက်ကြပြီး ဘာမှဆက်မပြောကြတော့ပေ။ ထို့ကြောင့် လက်ရှိအခြေအနေအတွက် ကျောင်းတော်၏ အစီအစဉ်က အသက်ဝင်လာသည်။

အစည်းအဝေးအပြီးတွင် ဆရာများက ကိုယ့်လမ်းကို သွားလိုက်ကြသည်။ သို့သော်လည်း နောက်ထပ် လျို့ဝှက်အစည်းအဝေးတစ်ခုက ကျောင်းတော်အတွင်း ကျင်းပနေကြ၏။ ဤတစ်ကြိမ် အစစ်အမှန် အုပ်ချုပ်သူအားလုံး စုဝေးနေကြခြင်း ဖြစ်သည်။

“မင်းတို့ သတိထားမိကြလား” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က အံ့ဖွယ်အသိစိတ်မှတဆင့် ဆက်သွယ်ကာ မေးလိုက်သည်။

“အင်း … ပိုင်ဟန်နဲ့ သူ့ထောက်ခံသူတွေကို ကပ်ဘေးချီ လွှမ်းခြုံထားတာမလား” အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်က ပြန်ဖြေလိုက်သည်။

“ငါတို့ ဝင်ပါသင့်လား”

All Chapters