အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
အခန်း (၂၂၃) - အအေးပိုလာခြင်းနှင့် ကြွေလွင့်နေသော သစ်ရွက်များ ၃
ကောင်းတာတစ်ခုကတော့ သူတို့အတွက် လိုက်ရှာနေရမယ့် အလုပ်ကို သက်သာစေ၏။
"သခင်... ကျွန်မ ဗိုက်ဆာပြီ။စားစရာ လိုချင်တယ်။"
သစ်ပင်အိမ်ထဲကနေ လုဖေးအာက ရွှီရှင်း အိမ်ပေါ်ကဆင်းလာတာကို မြင်တော့ သူမအတွက် စားစရာ ယူလာပေးတယ် အောက်မေ့ပြီး လှမ်းအော်တော့သည်။
ဒါပေမဲ့ ခဏကြာတဲ့အထိ သူ ရောက်မလာတာကြောင့် သူမ မအော်ဘဲ မနေနိုင်တော့ချေ။
"လာပြီ လာပြီ"
ရွှီရှင်း ကပ်ပါးသစ်ပင်အိမ်အောက်ကို ရောက်သွားပြီး အမြစ်တွေကို သုံးကာ အပေါ်ကို တက်ခဲ့သည်။
လုဖေးအာက သစ်ပင်အိမ်ရဲ့ ပိုင်ရှင် ဖြစ်ပေမဲ့၊ သူကလည်း ထိန်းချုပ်လို့ ရနေတုန်းပင်။
ပင်မသစ်ပင်အိမ်ရဲ့ အရှင်သခင်ဟာ လက်အောက်ခံ ကပ်ပါးအိမ် အားလုံးရဲ့ သော့ကို ကိုင်ထားသလိုမျိုး ဖြစ်နေ၏။
"ဟင်း... ဒါကိုတော့ နယ်မြေထဲက တခြားသူတွေကို မပြောတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် လူတွေ စိတ်ပျက်သွားကြလိမ့်မယ်။"
"နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဟီးးး... ကျွန်မ ချမ်းလည်းချမ်းတယ်၊ ဗိုက်လည်း ဆာနေပြီ။ ရှင်သာ ကျွန်မကို ဒီလိုပဲ ဆက်ပြီး နှိပ်စက်နေမယ်ဆိုရင်တော့ သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်ပါတယ်ဆိုပြီး တိုင်ပစ်မှာနော်၊ ရှင့်ရဲ့ အဖွဲ့အစည်းကြီးလည်း ရှေ့ဆက်လို့ မရအောင် လုပ်ပစ်မယ်"
လုဖေးအာက ရန်တွေ့သလို မျက်စောင်းထိုးပြီး ပြောလိုက်၏။
အဲဒီနောက်မှာတော့ ရွှီရှင်းရဲ့ ပခုံးပေါ်က ကောင်လေးကို မြင်သွားပြီး ချက်ချင်းပဲ အပြုံးနဲ့ နှုတ်ဆက်တော့သည်။
"ဟိုင်း... ချစ်စရာကောင်လေး"
"အီးးး"
ခဲခဲလေးကလည်း သူမကို လက်သည်းလေး ယမ်းပြလိုက်၏။
လုဖေးအာက အခု နယ်မြေ ၁၈၈ နဲ့ ချိတ်ဆက်နေတာဖြစ်ပြီး၊ ကျိချောင်းယန်ကလည်း နယ်မြေထဲမှာ ဒီအစီအစဉ်တွေအကြောင်း အကုန်ပြောပြထားတာကြောင့် သူမလည်း သိနေ၏။
စူးစမ်းရှာဖွေသူတွေရဲ့ စွမ်းဆောင်ချက်တွေကို တခြားသူတွေဆီကတစ်ဆင့် ကြားသိပြီးနောက်မှာတော့ နယ်မြေ ၁၈၈ မှာ ဘာလို့ အသက်ရှင်ကျန်ရစ်သူ ဒီလောက်များနေရလဲဆိုတာ သူမ သဘောပေါက်သွားတော့သည်။
သူတို့ရဲ့ နယ်မြေ ၁၈၇ နဲ့ ယှဉ်လျှင်တော့ သူမတို့ဆီက တကယ့်ကို အမှိုက်နယ်မြေလိုပင်။
နယ်မြေ ၁၈၈ ကို ဘယ်လိုမှ မမီနိုင်ချေ။
"အဖမ်းခံရပြီး နယ်မြေ ၁၈၈ ကို ရောက်လာတာက တကယ်တော့ ကောင်းတဲ့ကိစ္စများလား...။"
"ပြီးတော့ ငါ့ရဲ့သခင်က နယ်မြေ ၁၈၈ ရဲ့ ခေါင်းဆောင်၊ နယ်မြေအားလုံးရဲ့ ခေါင်းဆောင် ဖြစ်နေတာပဲ...။"
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ ရူးနေတာလား"
လုဖေးအာ စိတ်ထဲမှာ ဗြောင်းဆန်နေတုန်း ရွှီရှင်းက အသီးအချို့နဲ့ အသားကင်တစ်တုံးကို သူမရှေ့က စားပွဲပေါ် တင်ပေးလိုက်သည်။
"အသားကင်လား"
လုဖေးအာ အသားကင်ကို ကြောင်ကြည့်နေမိသည်။
"ရှင်က အခုချိန်မှာ အသားကင်တောင် စားနိုင်သေးတာလား"
"မြန်မြန်စား။ စားပြီးရင် နင့်ကို ပင်မသစ်ပင်အိမ်ဆီ ခေါ်သွားမယ်"
ရွှီရှင်းက ကုလားထိုင်မှာ ထိုင်စောင့်ရင်း ဒီနေ့ ဘာတွေလုပ်ရမလဲဆိုတာကို စဉ်းစားနေလိုက်၏။
လုဖေးအာ မျက်လုံးလေးတွေ တောက်ပသွားပြီး..
"ကျွန်မ ပင်မအိမ်မှာ သွားနေလို့ ရပြီလား" လို့ မေးလိုက်သည်။
"မရဘူး။ ငါ ဒီနေ့ အပြင်သွားစရာ ရှိနေလို့၊ နင်က အခု ဘာမှ မလုပ်နိုင်သေးတဲ့ အခြေအနေဆိုတော့ ဒီမှာ ထားခဲ့ရင် ငါပြန်လာတဲ့အထိ အသက်ရှင်ပါ့မလားလို့ စိတ်ပူလို့။"
ရွှီရှင်းက သတိပေးလိုက်သည်။
"ပင်မအိမ်ထဲမှာလည်း လျှောက်သွားဖို့ မစဉ်းစားနဲ့။ မီမီ့ကို နင့်ကို စောင့်ကြည့်ခိုင်းထားမှာ"
ဒီနေ့ ခရီးစဉ်က သစ်ပင်အိမ် အတော်များများကို ဖြတ်သွားရမှာဖြစ်ပြီး၊ မီမီကတော့ အဲဒီဒဏ်ကို မခံနိုင်လောက်တာကြောင့် အိမ်မှာပဲ ကျန်ခဲ့ရပေမည်။
သူက ငွေရောင်ဘုရင်နဲ့ ခဲခဲလေးကိုပဲ ခေါ်သွားဖို့ စီစဉ်ထားသည်။
မီမီကတော့ အိမ်မှာနေပြီး ဒီမိန်းမကို စောင့်ကြည့်ရမှာပေါ့။
"အင်း... ကောင်းပါပြီလေ"
လုဖေးအာ ပျင်းပျင်းရိရိနဲ့ပဲ ထိုင်ပြီး သူမရဲ့ မနက်စာကို စတင်စားသောက်တော့သည်။
"ရှင့်ရဲ့ အသားကင်တဲ့ ပညာကတော့ တကယ့်ကို ဆိုးတာပဲ၊ ဟူးးး။ အသားကောင်းတွေကို နှမြောစရာပဲ။ ဒါပေမဲ့... အင်း၊ အရသာကတော့ ရှိသားပဲ။ အသားက တကယ် ကောင်းတာပဲ၊ ဗီဇပြောင်းသားရဲ အသားဖြစ်ရမယ် မဟုတ်လား။ ဒါပေမဲ့ ကင်တဲ့ အပူချိန်ကတော့ တကယ်ကို မမှန်ဘူး။ နေဦး... ငါ အခု ငါ့ရဲ့ အမျိုးအနွယ်တွေကို ပြန်စားနေတာလား"
ရွှီရှင်း - "..."
ဒီအသားတွေက အပြာရောင်အဆင့် အသားကင်စက်နဲ့ အလိုအလျောက် ကင်ထားတာလေ။
ကျက်တာနဲ့ သူ့ဘာသာ ရပ်သွားတာကို၊ အပူချိန်က ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။
"ဘာပဲဖြစ်ဖြစ်ပါလေ၊ ကိုယ့်အမျိုးအနွယ် စားတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ အရသာရှိရင် ပြီးတာပါပဲ။ ရှင့်ဆီမှာ အသားတွေ အများကြီး ရှိလား။ နောက်တစ်ခါကျရင် ကျွန်မပဲ ကင်ပေးမယ်၊ ရှင့်လက်ရာကတော့ မပြည့်စုံသေးဘူး"
သူမက ဝေဖန်နေပေမဲ့လည်း ပါးစပ်ကတော့ မရပ်ချေ။
မနေ့ညကတည်းက ဘာမှ မစားထားရပေ။
"စားစရာရှိတာ မြန်မြန်စားစမ်းပါ"
ရွှီရှင်း သူမရဲ့ နဖူးကို တောက်လိုက်ချင်စိတ် ပေါက်သွားရသည်။
"ကျွန်မ အတည်ပြောတာနော်။ ကျွန်မ ထမင်းချက် တကယ် တော်တာပါ"
ရွှီရှင်း သူမကို ဂရုမစိုက်တော့ဘဲ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။
သူ ထင်ထားတဲ့အတိုင်းပင်၊တောအုပ်တစ်ခုလုံးက အခုဆိုလျှင် သစ်ရွက်တွေ လုံးဝ ပြောင်သလင်းခါနေပြီး၊ အဝါရောင် အရွက်အနည်းငယ်ပဲ အရိုးပြိုင်းပြိုင်း သစ်ကိုင်းတွေမှာ ကပ်နေတော့သည်။
မြေပြင်မှာတော့ ရွှေရောင် သစ်ရွက်ခြောက်တွေ အထူကြီး ဖုံးလွှမ်းနေချေပြီ။
ဒီကမ္ဘာကြီးဟာ တစ်ညအတွင်းမှာတင် နွေဦးရာသီကနေ ဆောင်းဦးနှောင်းပိုင်းကို ပြောင်းလဲသွားခဲ့လေပြီ။
---
အခန်း ၂၂၃ ပြီး။
အခန်း (၂၂၄) - အပင်များ ကြီးထွားမှု ရပ်တန့်သွားခြင်း
လုဖေးအာ မနက်စာ စားပြီးသွားချေပြီ။
ရွှီရှင်း သူမဆီ လျှောက်လာတာ မြင်တော့ သူမက ချက်ချင်း ထရပ်ပြီး နောက်ကို တစ်လှမ်းဆုတ်လိုက်၏၊
ပြီးတော့ သူ့ကို သံသယမျက်လုံးတွေနဲ့ ကြည့်ပြီး
"ရှင် ဘာလုပ်မလို့လဲ။ အခု ကျွန်မ ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ပြီနော်၊ ကျွန်မကို အဲဒီလက်ပတ်ထဲ ပြန်မထည့်နဲ့တော့" လို့ ဝေးဝေးက လှမ်းအော်ပြောလိုက်၏။
"နင် အရမ်း တွေးနေတာပါ" လို့ ရွှီရှင်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
ကိုးနာရီ ထိုးဖို့ တစ်နာရီကျော်လောက် လိုသေးတာမို့လို့ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ပေ။
ရွှီရှင်းသည် လုဖေးအာရဲ့ အိမ်ဟောင်းကနေ သူ သိမ်းယူလာခဲ့တဲ့ အလှဆင်ပစ္စည်းတွေကို ကျောပိုးအိတ်ထဲက ထုတ်ပြီး ကပ်ပါးသစ်ပင်အိမ် ၀၁ ထဲမှာ စတင် နေရာချထားလိုက်၏။
အဲဒါတွေကတော့ နီညိုရောင် သစ်သား ပရိဘောဂတွေနဲ့ အမှတ်ဆိုင်က ဝယ်ထားတဲ့ အလှဆင်ပစ္စည်းတွေပင်။
သူ့ရဲ့ ပင်မအိမ်မှာတော့ ဒီပစ္စည်းတွေ ရှိပြီးသားမို့လို့ အမှတ်တွေ ထပ်တိုးမှာ မဟုတ်ချေ။
ဒါကြောင့် ဒီမှာ ထားလိုက်တာက အကောင်းဆုံးပင်။
"ဟာ ကျွန်မ အမှတ်ဆိုင်က ဝယ်ထားတဲ့ ပစ္စည်းတွေကို ရှင် ယူလာပေးတာလား"
လုဖေးအာက အံ့သြဝမ်းသာစွာနဲ့ အော်လိုက်၏။
ပစ္စည်းတွေကို နေရာချပြီးတာနဲ့ သူ့နားထဲမှာ အသိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
ဒီအိမ်ရဲ့ အလှဆင်ရမှတ်က ၁၀၂ မှတ် အထိ ရောက်သွားကြောင်းပင်။
ဒါဟာ လုဖေးအာရဲ့ မူလအိမ်က အမှတ်ထက်တောင် ပိုများနေ၏။
ဘာလို့လဲဆိုတော့ ကပ်ပါးသစ်ပင်အိမ်တွေဟာ အလှဆင်ရမှတ် ၂၀% အပိုဆု ရရှိလို့ပင်။
ဒီကပ်ပါးအိမ်ရဲ့ ပိုင်ရှင်က လုဖေးအာ ဖြစ်နေပေမဲ့၊ ပင်မအိမ်ရှင် ဖြစ်တဲ့ ရွှီရှင်းကတော့ အိမ်ရဲ့ လုပ်ဆောင်ချက် အားလုံးကို အသုံးပြုလို့ ရနေဆဲဖြစ်သလို အသိပေးချက်တွေကိုလည်း သူပဲ ကြားနေရသည်။
ပင်မအိမ်ရှင်ရဲ့ လုပ်ပိုင်ခွင့်က တကယ့်ကို ကြီးမားလွန်းလှတယ်လို့ သူ ပိုပြီး ခံစားလာရ၏။
ဒီအိမ်ရဲ့ ပထမထပ်က ၂၅ စတုရန်းမီတာလောက်ပဲ ကျယ်တာမို့လို့ နည်းနည်းတော့ ကျဉ်း၏။
ဒါပေမဲ့ ၁၀ စတုရန်းမီတာလောက်ရှိတဲ့ အားသွင်းခန်း တစ်ခု လုပ်ဖို့ကတော့ ပြဿနာ မရှိချေ။
ရွှီရှင်းက သစ်သားနံရံ တစ်ခုကို ချက်ချင်းလုပ်ပြီး အိမ်ရဲ့ အလယ်မှာ ကာလိုက်ရာ၊ အိမ်ကို ၁၅ စတုရန်းမီတာနဲ့ ၁၀ စတုရန်းမီတာ အပိုင်းနှစ်ပိုင်း ခွဲလိုက်သလို ဖြစ်သွား၏။
၁၅ စတုရန်းမီတာ အပိုင်းမှာတော့ သစ်ပင်အိမ် မျက်နှာပြင်နဲ့ အားသွင်းနေတဲ့ ဗဟိုချက်တို့ ရှိနေတာကြောင့် အားသွင်းခန်းရော၊ ဧည့်ခန်းပါ လုပ်လို့ အဆင်ပြေသွား၏။
ကျန်တဲ့ အပိုင်းကိုလည်း တခြား လုပ်ဆောင်ချက် တစ်ခုခုအတွက် သုံးလို့ ရသေးသည်။
ဒါက တကယ့်ကို ကောင်းတဲ့ အစီအစဉ်ပင်။
နောက်ပိုင်း တခြားသူတွေရဲ့ အိမ်တွေကို လာရွှေ့စိုက်တဲ့အခါမှာလည်း ပထမထပ်ကို ဒီလိုမျိုးပဲ စီစဉ်ပေးလိုက်မယ်ဆိုလျှင် ကပ်ပါးအိမ်တိုင်းမှာ အားသွင်းခန်း တစ်ခုစီ ရှိနေမှာဖြစ်သည်။
"ဘာတွေ လုပ်နေတာလဲ၊ ကျွန်မအိမ်ကို အလှဆင်ပေးချင် နေလို့လား"
လုဖေးအာက ဇဝေဇဝါနဲ့ မေးလိုက်၏။
ရွှီရှင်းကတော့ ဘာမှပြန်မပြောဘဲ အားသွင်းခန်း ဆိုင်းဘုတ် တစ်ခုကို လုပ်ပြီး နံရံမှာ ချိတ်လိုက်၏။
[အခန်းအတွင်း၌ အားသွင်းခန်း ဆိုင်းဘုတ်ကို တွေ့ရှိရပါသည်။ ဤအခန်းအား အားသွင်းခန်းအဖြစ် သတ်မှတ်လိုပါသလား။ သတ်မှတ်ပြီးပါက ၇ ရက်အတွင်း ပြန်လည် ပြောင်းလဲ၍ မရနိုင်ပါ။]
"ဒီနေ့ကစပြီး ဒီအခန်းက အားသွင်းခန်းပဲ" လို့ ပြောရင်း သူက အတည်ပြုလိုက်ပြီး အလှဆင်ရမှတ် ၅၀% ကို အားသွင်းခန်းအတွက် မြှင့်တင်မှု ပေးလိုက်၏။
ချက်ချင်းဆိုသလိုပဲ ကြမ်းပြင်ပေါ်က ဗဟိုချက်ဟာ အရင်ကထက် ပိုပြီး လင်းထိန်လာတော့သည်။
လုဖေးအာ ခဏလောက် မှင်သက်သွားပြီးမှ ရွှီရှင်းကို ဒေါသတကြီး ကြည့်ပြီး..
"...ရှင် ရှင် ကျွန်မကို မမေးဘဲ ကျွန်မရဲ့ အလှဆင်ရမှတ်တွေကို သုံးပစ်လိုက်တာလား" လို့ အော်လိုက်၏။
သူမလည်း စောစောက အသိပေးချက်ကို ကြားလိုက်ရ၏။
သူမ ဘာမှ မတုံ့ပြန်နိုင်ခင်မှာတင် ရွှီရှင်းက အားသွင်းခန်း သတ်မှတ်တာကို အကုန် ပြီးအောင် လုပ်သွားတာကိုး။
"ငါ နင့်အတွက် တစ်ဝက် ချန်ထားပေးပါတယ်၊ ဒုတိယထပ်လည်း ရှိသေးတာပဲ၊ အဲဒါ နင့်အတွက် လောက်ငမှာပါ" လို့ ပြောရင်း ရွှီရှင်းက လင်းနေတဲ့ ဗဟိုချက်ကို လှမ်းကိုင်လိုက်၏။
ထင်ထားတဲ့အတိုင်းပင် အားသွင်းရမယ့် အချိန်က တော်တော်လေး လျော့သွားပြီး အရှိန်က ၅၀% လောက် မြန်လာချေပြီ။
အရင်က ခရမ်းရောင်အဆင့် ကုန်ကြမ်းတစ်ခု ရဖို့ ၅ ရက် စောင့်ရမှာဖြစ်ပေမဲ့၊ အခုတော့ ၃ ရက်နဲ့ ၈ နာရီပဲ စောင့်ရတော့မည်။
ဒါပေမဲ့လည်း ကိရိယာအများကြီးအတွက် ခရမ်းရောင် ကုန်ကြမ်းတွေ အများကြီး လိုနေတာမို့လို့ ဒီအချိန်ကလည်း စောင့်ရတာ ကြာတယ်လို့ သူ ခံစားနေရဆဲပင်။
"ရှင်ကတော့..."
"နင်သာ လိမ်လိမ်မာမာ နေမယ်ဆိုရင်၊ နယ်မြေ ၁၈၇ ကိစ္စတွေ ပြီးသွားတဲ့အခါ နင့်အိမ်ကို ပြန်ရွှေ့စိုက်ပေးမယ်၊ အဲဒီအခါကျရင် ဒါက နင့်အပိုင် ပြန်ဖြစ်မှာပါ"
"အင်း..."
လုဖေးအာ ချက်ချင်း ငြိမ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
"ရှင်က ကျွန်မတို့ အရင် ခေါင်းဆောင်အတိုင်းပဲ၊ ကတိတွေပဲ အလကား ပေးနေတာ"
"ကဲ သွားရအောင်"
"အင်း"
သူသည် လုဖေးအာကို ခေါ်ပြီး ကပ်ပါးအိမ်ထဲကနေ ထွက်လာခဲ့၏။
လုဖေးအာ အိမ်ပြတင်းပေါက်ကနေ ဒီမြင်ကွင်းကို မြင်ဖူးပေမဲ့၊ အပြင်ရောက်တဲ့အခါမှာတော့ သူမ အံ့သြမဆုံး ဖြစ်နေရပြန်၏။
"မယုံနိုင်စရာပဲ၊ ၁၀ မိနစ်အတွင်းမှာ အရွက်တွေ အကုန် ကြွေကုန်တာလား။ တကယ့်ကို ဆောင်းဦးနှောင်းပိုင်း ရောက်သွားသလိုပဲ။ ဪ... ရှင့်အနေနဲ့ ကျွန်မအိမ်မှာ မီးဖိုတစ်ခုတော့ တပ်ပေးရမယ်နော်၊ မဟုတ်ရင် ကျွန်မ အေးလို့ သေမှာ"
"နင် အားပြန်ပြည့်လာတဲ့အခါ ကိုယ့်ဘာသာ လုပ်လိုက်ပေါ့"
"အားပြည့်လာရင် ကျွန်မ ပင်မအိမ်မှာပဲ နေတော့မယ်၊ ဘယ်မှ မသွားတော့ဘူး"
"ဪ... ဟုတ်လား"
ရွှီရှင်းက သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်ပြပြီး လက်ပတ်ကို ပြလိုက်၏။
"ကျွန်မက စတာပါ"
လုဖေးအာ ချက်ချင်းပဲ လက်လျှော့လိုက်ရတော့သည်။
သူတို့နှစ်ယောက် ပင်မသစ်ပင်အိမ်ဆီ လျှောက်လာကြ၏။
အဲဒီအချိန်မှာ မီမီ နိုးလာပြီး တွင်းထဲကနေ ခေါင်းပြူထွက်လာသည်။
ခဲခဲလေးကလည်း မီမီကို နှုတ်ဆက်လိုက်သလို၊ မီမီကလည်း ပြန်ပြီး အသံပြုလိုက်၏။
"ဝိုး ဒါက... သင်းခွေချပ်လား"
လုဖေးအာက ကြင်ယာတော်ကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့လို့ လန့်သွားရှာ၏။
မကြာခင်မှာပဲ ကလေး နှစ်ကောင်ကလည်း ကြင်ယာတော်နဲ့အတူ ထွက်လာကြသည်။
မနေ့ကနဲ့ ယှဉ်လျှင် သူတို့က ခဲခဲလေးရဲ့ အရွယ်လောက်တောင် ရှိနေကြလေပြီ။
"ဟင် သင်းခွေချပ်လေးတွေလား။ တကယ့်ကို ချစ်စရာလေးတွေပဲ၊ ရှင့်ဆီမှာ အကုန်ရှိတာပဲနော်"
လုဖေးအာက ချက်ချင်းပဲ အနားကို တိုးသွား၏။
အရင်ကတော့ သူမ တိရစ္ဆာန် သိပ်မချစ်ပေမဲ့ ဗီဇပြောင်းလဲပြီးနောက်ပိုင်းမှာတော့ ဘာလို့မှန်းမသိ သူမရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲသွားသည်။
ကြင်ယာတော် ကလည်း လုဖေးအာ ကလေးတွေကို ချီတာကို မတားချေ။
ဗီဇပြောင်းသတ္တဝါ အချင်းချင်းမို့လို့ ဒီမိန်းမဟာ သူတို့အဖွဲ့ဝင် ဖြစ်သွားပြီဆိုတာကို ကြင်ယာတော်က အာရုံခံနိုင်လို့ပင်။
ဒါပေမဲ့ ကလေးတွေကတော့ အချီမခံချင်ကြချေ။
ရွှီရှင်း ချီတုန်းကလို ငြိမ်မနေဘဲ အတင်း ရုန်းကန်နေကြ၏။
"အား"
လုဖေးအာလည်း ရုန်းကန်နေတဲ့ ကလေးတွေကြောင့် လဲကျသွား၏။
ကလေး နှစ်ကောင်ကတော့ အားနည်းနေတဲ့ လုဖေးအာဆီကနေ လွတ်တာနဲ့ သူမကို လှည့်တောင်မကြည့်ဘဲ တွင်းထဲ ပြန်ဝင်သွားကြတော့၏။
ဒီကလေး နှစ်ကောင်က စာချုပ်ချုပ်ထားတာ မဟုတ်တာကြောင့် လုဖေးအာကို ရင်းနှီးတဲ့ အမူအရာ မပြကြချေ။
ဒါပေမဲ့ ရွှီရှင်းကို သူတို့ သဘောကျကြတာကို ကြည့်လျှင် ရွှီရှင်းမှာ ထူးဆန်းတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်ဆိုတာ သေချာလှ၏။
"ဟွန့်... မချီခိုင်းလည်း နေပေါ့"
လုဖေးအာက ထရပ်ပြီး သူမရဲ့ တင်ပါးက ဖုန်တွေကို ခါကာ မကျေမနပ် ပြောလိုက်၏။
"ကဲ အပေါ်တက်ရအောင်"
ရွှီရှင်းက လုဖေးအာကို အပင်မြစ်တွေနဲ့ သစ်ပင်အိမ် တတိယထပ်ဆီ ဆွဲတင်လိုက်၏။
သူမကို ဆိုဖာပေါ်မှာ ငြိမ်ငြိမ်ထိုင်ခိုင်းထားပြီး၊ လျှောက်သွားမယ်ဆိုလျှင် ဟန့်တားဖို့ မီမီနဲ့ ငွေရောင်ဘုရင်ကို မှာထားခဲ့၏။
လုဖေးအာရဲ့ မကျေနပ်တဲ့ မျက်နှာကို ဂရုမစိုက်ဘဲ ရွှီရှင်းသည် ဒုတိယထပ်က အလုပ်ခန်းဆီ ဆင်းလာခဲ့သည်။
သူသည် အစိမ်းရောင်အဆင့် သံမဏိတုံးတွေကို ထုတ်ပြီး သံမဏိဘောင် တည်ဆောက်ပုံ အချို့ကို စတင် ထုတ်လုပ်လိုက်၏။
သူက အိမ်အောက်မှာ အနီရောင်မြူပန်း စိုက်ဖို့အတွက် အိမ်အသေးလေး တစ်လုံး ဆောက်ချင်နေတာပင်။
[သံမဏိဘောင် တည်ဆောက်ပုံ (အစိမ်းရောင်အဆင့်): အဆောက်အအုံများ၏ အခြေခံဘောင် ဖြစ်သည်။ သစ်ပင်အိမ် ပြင်ပတွင် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် မရှိမဖြစ် လိုအပ်သော ကုန်ကြမ်း ဖြစ်သည်။]
ရွှီရှင်းဆီမှာ သံမဏိတုံးတွေ အများကြီး ရှိနေတာကြောင့် အခု ၂၀ လောက်ကို ချက်ချင်း လုပ်လိုက်၏။
သံမဏိဘောင်တစ်ခုစီက တစ်မီတာလောက် ရှည်ပြီး တကယ့်ကို ခိုင်မာတဲ့ ပုံစံရှိတာကြောင့် လက်နက်အဖြစ်တောင် သုံးလို့ ရမယ့်ပုံပင်။
သစ်ပင်အိမ်အောက်ကို ရောက်တဲ့အခါ သူသည် သစ်သားနံရံတွေကို သံမဏိဘောင်တွေ သုံးပြီး နေရာချလိုက်ရာ၊ အခုတစ်ခါမှာတော့ နံရံတွေကို အသေတပ်လို့ ရသွားချေပြီ။
"ဂျောက်"
သစ်သားနံရံ တစ်ခုကို နေရာချလိုက်တာနဲ့ သံမဏိဘောင် ၃ ခု ကုန်သွား၏။
ရွှီရှင်းက နံရံ ၄ ခုကို ဆက်တိုက် တပ်လိုက်ပြီး နှစ်ခုမှာ ပြတင်းပေါက်တွေနဲ့ မှန်တွေ တပ်ကာ အမိုးကိုလည်း လုပ်လိုက်ပြီး ခဏချင်းမှာပင် ရိုးရှင်းတဲ့ သစ်သားအိမ်လေး တစ်လုံး ပြီးသွားတော့သည်။
"မဆိုးပါဘူး"
ရွှီရှင်းက မိနစ်ပိုင်းအတွင်းမှာတင် သူ ဆောက်လိုက်တဲ့ အိမ်လေးကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိ၏။
အိမ်လေး တစ်ခုလုံးက သစ်ပင်အိမ်ရဲ့ အမိုးအောက်မှာ ရှိနေတာကြောင့် အရိပ်လည်း ရ၏။
သူသည် အိမ်လေးထဲကို ဝင်လိုက်ပြီး အနီရောင်မြူပန်း မျိုးစေ့ ကို ထုတ်လိုက်၏။
[အနီရောင်မြူပန်း မျိုးစေ့: မြေဆီလွှာကောင်းသော နေရာတွင် စိုက်ပျိုးပါက အနီရောင်မြူများကို ထုတ်လွှတ်သော ပန်းတစ်ပွင့်အဖြစ် ကြီးထွားလာမည်။ မှော်ဆန်သော စွမ်းအားများ ရှိသော ပန်းဖြစ်သည်]
မျိုးစေ့က ၃ စေ့ ရှိပြီး မြေဆီလွှာ ကောင်းတဲ့နေရာမှာပဲ စိုက်ရမှာဖြစ်သည်။
အရင်က မြေအောက်မှာ မြင်ခဲ့တုန်းကလည်း ဒီပန်းတွေက တစ်နေရာတည်းမှာ စုပေါက်နေတာမို့လို့၊ ဒီ ၃ စေ့စလုံးကို အပြာရောင်အဆင့် မြေဆီလွှာမှာပဲ သူ စိုက်လိုက်၏။
[အနီရောင်မြူပန်း မျိုးစေ့ စိုက်ပျိုးခြင်း အောင်မြင်ပါသည်။ ကြီးထွားရန် လိုအပ်သော အချိန်: ၂ နာရီ]
၂ နာရီအတွင်း ကြီးထွားမယ့် အပင်တဲ့လား..။
ရွှီရှင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။
သူ အရင်က တွေ့ခဲ့ဖူးတဲ့ အချိန်တိုအတွင်း ကြီးထွားတဲ့ အပင်ဆိုလို့ သစ်ပင်အိမ်မျိုးစေ့နဲ့ အပင်နှလုံးသား မျိုးစေ့ပဲ ရှိသည်။
အဲဒီနှစ်မျိုးစလုံးက အသက်ရှင်ကျန်ရစ်သူတွေအတွက် အရမ်း အရေးကြီးတာ မဟုတ်ပါလား။
ဒါဆို ဒီအနီရောင်မြူပန်းကရော...။
ဗီဇပြောင်းသားရဲတွေကို အစွမ်းထက်စေတာအပြင် အသက်ရှင်ကျန်ရစ်သူတွေအတွက်ကော အကျိုးရှိဦးမှာလား။
မြေကြီးထဲကနေ အပင်ပေါက်လေးတွေ ထွက်လာပြီး အရှိန်နဲ့ ကြီးထွားလာနေတာကို ခဏကြည့်ပြီး အပြင်ဘက် တောအုပ်ထဲကို ထွက်လာခဲ့၏။
အခုချိန်မှာတော့ တောအုပ်ကြီးဟာ အရင်လို စိမ်းစိုမနေတော့ဘဲ အပင်တွေက အရိုးပြိုင်းပြိုင်းနဲ့ မြက်တွေကလည်း ဝါနေကာ သစ်ရွက်ခြောက်တွေ အထူကြီး ဖုံးနေတာကြောင့် တကယ့်ကို ခြောက်ကပ်ကပ် မြင်ကွင်းကြီး ဖြစ်နေ၏။
"ဒီလောက် အေးနေတဲ့ အချိန်မှာ အပြင်မှာ အပင်တွေ ဆက်စိုက်လို့ ရပါဦးမလား...။"
ရွှီရှင်း ရုတ်တရက် စိုးရိမ်စိတ် ပေါ်လာ၏။
ဆောင်းဦးပေါက်ဆိုတာ ရိတ်သိမ်းရမယ့် အချိန်ဖြစ်ပြီး အပင်စိုက်ရမယ့် အချိန်တော့ မဟုတ်ချေ။
သူသည် ပေါ့ပလာအပင် တစ်ပင်ကို ခုတ်လဲကြည့်ရာ အရွက်တွေ မရှိတော့ပေမဲ့ ကုန်ကြမ်းတွေကတော့ အရင်အတိုင်း ရနေတာကို တွေ့ရ၏။
ဒါပေမဲ့ မျိုးစေ့ကို ပြန်စိုက်ကြည့်တဲ့အခါမှာတော့ အပင်ပေါက်လေးက မြေကြီးထဲက ထွက်လာပြီးတာနဲ့ ချက်ချင်းပင် ညှိုးသွားတော့၏။
ရွှီရှင်း အဲဒီအပင်ပေါက်လေးကို လှမ်းထိကြည့်လိုက်သည်။
[ပေါ့ပလာ အပင်ပေါက် (အစိမ်းရောင်အဆင့်): ၁၀ ရက်အတွင်း ကြီးထွားမည်။ လက်ရှိတွင် ပတ်ဝန်းကျင် အခြေအနေကြောင့် ကြီးထွားမှု ရပ်တန့်နေပါသည်။]
ကြီးထွားမှု ရပ်တန့်သွားတာလား။
ပတ်ဝန်းကျင် အခြေအနေဆိုတာ သေချာပေါက် မသင့်တော်တဲ့ အပူချိန်ကြောင့်ပဲ ဖြစ်ရမည်။
အခု အပူချိန်က ၅ ဒီဂရီ၊ ၆ ဒီဂရီ ဝန်းကျင်လောက်အထိ ကျဆင်းသွားတာပင်။
သူကတော့ ချပ်ဝတ် ဝတ်ထားလို့ မအေးပေမဲ့ ဒါဟာ တော်တော်လေး အေးတဲ့ အပူချိန်ဆိုတာ သူ သိသည်။
ဒါဟာ ရေခဲသေတ္တာထဲက အပူချိန်လောက်အထိ ရောက်နေခြင်းပင်။
ကံကောင်းတာကတော့ ဒီမိနစ် ၃၀ အတွင်းမှာ အပူချိန်က ထပ်မကျတော့ဘဲ နေထွက်လာတာနဲ့အမျှ တဖြည်းဖြည်း ပြန်မြင့်တက်လာတာပင်။
ပေါ့ပလာအပင်တွေက အပင်ကြီးဖြစ်သွားလျှင်တော့ အေးတဲ့ဒဏ်ကို ခံနိုင်ပေမဲ့ အပင်ပေါက်လေးတွေကတော့ နွေဦးနဲ့ နွေရာသီ အပူချိန်မျိုးမှပဲ ကြီးထွားနိုင်တာ၏။
ဒါဆို တခြားအပင်တွေကောလား....။
သူသည် ပန်းသီးပင်၊ အပရီကော့ပင်နဲ့ တခြားအပင်တွေကို စမ်းစိုက်ကြည့်ရာ အကုန်လုံးက ကြီးထွားမှု ရပ်တန့်နေကြတာချည်းပင်။
"ဒါဆိုရင်တော့ ဒီတောအုပ်ထဲမှာ အစားအစာလည်း မရှိတော့တဲ့အပြင်၊ အပင်တွေတောင် ထပ်စိုက်လို့ မရတော့ဘူးပေါ့ ။"
---
အခန်း ၂၂၄ ပြီး။
အခန်း (၂၂၅) - ကျိချောင်းယန်နှင့် တွေ့ဆုံခြင်း
ရွှီရှင်းသည် စူးစမ်းရှာဖွေသူများ ဆက်သွယ်ရေးလိုင်းကို ဖွင့်လိုက်ပြီး ဤသတင်းအချက်အလက်များကို သူတို့အား အသိပေးလိုက်၏။
ကျောက်ရှောက်ချွမ်း - "ဟာ ငါ အောက်ဆင်းပြီး တစ်ချက်ကြည့်လိုက်ဦးမယ်။ ငါ အခုလေးတင် အောက်မှာ အပင်တွေ အများကြီး စိုက်ထားတာ မပေါက်သေးဘူး"
ဝမ်လေ့ - "ဒါက... ငါတို့ သစ်ပင်အိမ်ထဲမှာပဲ အပင်စိုက်လို့ ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား။ စိုက်ပျိုးရေးအခန်းတွေကတော့ အကြီးအကျယ် အသုံးတည့်တော့မှာပဲ"
လီဝမ်ရှီး - "ငါ့အတွက်တော့ သိပ်ပြီး အရှုံးမရှိလှပါဘူး..."
ကျိချောင်းယန် - "မဟုတ်သေးဘူး၊ အဲဒီလောက်အထိတော့ မဆိုးလောက်သေးပါဘူး။ ရွှီရှင်း... မင်း အခု သစ်ပင်အိမ်နဲ့ မနီးဘူး မဟုတ်လား။ သစ်ပင်အိမ်နားကို သွားပြီး စိုက်ကြည့်ပါဦး"
"သစ်ပင်အိမ် အနီးနားမှာ ဟုတ်လား...။"
ရွှီရှင်းသည် ပင်မသစ်ပင်အိမ် အနီးသို့ ချက်ချင်းသွားပြီး အစိမ်းရောင်အဆင့် မြေဆီလွှာပေါ်တွင် ပေါ့ပလာမျိုးစေ့တစ်ခုကို အမှတ်မထင် ကြဲချလိုက်သည်။
အပင်ပေါက်လေး ထွက်လာ၏။
ဤတစ်ကြိမ်တွင်မူ ညှိုးနွမ်းမသွားတော့ပေ။
[ပေါ့ပလာ အပင်ပေါက်: ပေါ့ပလာအပင်ကြီး ဖြစ်လာရန် ၁၀ ရက်သာ ကြာမြင့်မည်။ သစ်ပင်အိမ်၏ အကာအကွယ်ကို ရရှိထားသည်။ ကျန်ရှိသော ကြီးထွားချိန်: ၁၀ ရက်]
သစ်ပင်အိမ်အနီးတွင် စိုက်သော အပင်များမှာ ကြီးထွားနိုင်။
ရွှီရှင်းက စူးစမ်းရှာဖွေသူများ အဖွဲ့တွင် ချက်ချင်း ပြောလိုက်၏။
"သစ်ပင်အိမ်အနီးမှာ အပင်တွေ စိုက်လို့ရတယ်၊ ဘာပြဿနာမှ မရှိဘူး"
ကျိချောင်းယန် - "အင်း... ငါ့ရဲ့ သစ်ပင်အိမ်က အစကတည်းက ခရမ်းရောင်အဆင့် အိမ်မြင့်ကြီးလေ။ ငါ စမ်းကြည့်သလောက်တော့ အိမ်မြင့်ကြီးရဲ့ အကာအကွယ်ပေးနိုင်တဲ့ အကွာအဝေးက အချင်းဝက် မီတာငါးဆယ် ပတ်လည်လောက် ရှိတယ်"
"အချင်းဝက် မီတာငါးဆယ် ဟုတ်လား...။"
စောစောက သူသည် အကာအကွယ်နယ်မြေ အပြင်ဘက်က ခြောက်သွေ့နေသော တောအုပ်ထဲတွင် သွားစိုက်ခဲ့ခြင်း ဖြစ်ရာ မီတာငါးဆယ် အကွာအဝေးအတွင်း မရှိခဲ့သည်မှာ အမှန်ပင်။
မီတာငါးဆယ်ထက် ကျော်လွန်သော နေရာရှိ အပင်အားလုံးမှာ အမှန်တကယ်ပင် ကြီးထွားမှု ရပ်တန့်သွားကြောင်း ရွှီရှင်း အတည်ပြုနိုင်ခဲ့သည်။
သူ့တွင်မူ အပင်နှလုံးသားကြောင့် အကာအကွယ် အကွာအဝေးမှာ မီတာတစ်ရာအတွင်း ရှိနေပြီး ဤနေရာတစ်ခုလုံးကို လွှမ်းခြုံထားနိုင်၏။
ကျောက်ရှောင်ချွမ်း - "ငါ့အိမ်က အပြာရောင်အဆင့်ဆိုတော့ အချင်းဝက် မီတာသုံးဆယ်အတွင်းပဲ စိုက်လို့ ရတယ်"
"ဒါဆို အစိမ်းရောင်အဆင့် သစ်ပင်အိမ်ကကော"
ရွှီရှင်းသည် ကပ်ပါးသစ်ပင်အိမ်ကို သတိရသွားသည်။
သူသည် ကပ်ပါးအိမ်အနီးတွင် အပင်စိုက်ရန် ချက်ချင်း သွားရောက်စမ်းသပ်ကြည့်၏။
ကပ်ပါးသစ်ပင်အိမ်တွင် အကာအကွယ်နယ်မြေ မရှိသော်လည်း အရိပ်အာဝါသပေးနိုင်သော အကွာအဝေးတစ်ခုတော့ ရှိနေပြီး မီတာတစ်ဆယ်ကျော်အတွင်းတွင် အပင်စိုက်ပျိုးမှုမှာ ပုံမှန်အတိုင်းပင် ဖြစ်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။
"ကြည့်ရတာ ပြဿနာက သိပ်မကြီးပါဘူး၊ ဒီအကွာအဝေးက လုံလောက်ပါတယ်" ဟု ရွှီရှင်းက မေးစေ့ကို ပွတ်ရင်း တွေးလိုက်သည်။
ရုတ်တရက် ထိုရင်းနှီးနေသော လျှို့ဝှက်ဆန်းပြားသည့် အသံမှာ သူ့နားထဲသို့ တိုးဝင်လာပြန်သည်။
[လက်ရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဂုဏ်ယူပါသည်၊ သင်တို့ဟာ ရာသီဥတု အပြောင်းအလဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါပြီ။ ဒုတိယအဆင့်ကို တရားဝင် စတင်လိုက်ပါပြီ]
[ဤအဆင့်တွင် ပုံသေသတ်မှတ်ထားသော ပွဲများ မရှိတော့သလို၊ ထိုပွဲများကြောင့် အသက်ရှင်ကျန်ရစ်သူများ ဖယ်ရှားခံရခြင်းလည်း ရှိတော့မည် မဟုတ်ပါ။]
[သို့သော် မှတ်ထားပါ၊ ပွဲများ မရှိခြင်းမှာ အန္တရာယ် မရှိခြင်းကို မဆိုလိုပါ။ သင်တို့ဟာ ပထမအဆင့်ကို ကျော်ဖြတ်လာနိုင်တဲ့ စစ်သည်တော်တွေ ဖြစ်တာကြောင့် သင်တို့ရဲ့ အသက်အတွက် ကိုယ်တိုင် တာဝန်ယူရပါလိမ့်မယ်။]
[နောက်ဆုံးအနေနဲ့ မှတ်ထားရမှာက သင်တို့ရဲ့ သစ်ပင်အိမ်ကို ဘယ်တော့မှ စွန့်မခွာပါနဲ့၊ အဲဒါက သင်တို့ရဲ့ တစ်ခုတည်းသော အားကိုးရာပါပဲ။သစ်ပင်အိမ် မရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ ဒီကမ္ဘာမှာ အသက်မရှင်နိုင်ပါဘူး။]
[ကဲ... ဒုတိယအဆင့် ရောက်ရှိလာခြင်းကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ကြပါဦး။ဒီလွတ်လပ်တဲ့ ဒုတိယအဆင့်မှာ သင်တို့ရဲ့ စိတ်အလိုဆန္ဒတွေကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြပါ]
ရွှီရှင်း လက်ကို မြှောက်၍ နာရီကို ကြည့်လိုက်ရာ ကိုးနာရီ တိတိပင် ရှိသေး၏။
ဤအသံမှာ တကယ့်ကို အချိန်တိကျလှသည်။
သို့သော် ၎င်းပြောကြားသွားသော သတင်းအချက်အလက်များမှာ ရွှီရှင်း အရင်က ခန့်မှန်းထားသည်များနှင့် အနည်းနှင့်အများ တူညီနေ၏။
ဒုတိယအဆင့်တွင် ပုံသေပွဲများ မရှိတော့ပေ။
သို့သော် ပွဲမရှိခြင်းမှာ အန္တရာယ် မရှိခြင်းကို မဆိုလိုပါ။
ယနေ့ ရုတ်တရက် ရောက်ရှိလာသော ဆောင်းဦးရာသီနှင့် ၎င်း၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ဖြစ်သည့် အေးစိမ့်လာသော ရာသီဥတုနှင့် သစ်ပင်အိမ်နှင့် ဝေးသောနေရာများတွင် အပင်စိုက်မရခြင်းတို့မှာ လူအချို့ကို အခက်တွေ့စေလိမ့်မည်။
ပြီးတော့ တစ်နေ့တွင် သားရဲအန္တရာယ်များ ပြန်လည် ဖြစ်ပွားလာနိုင်သလို ဗီဇပြောင်းသတ္တဝါများလည်း သောင်းကျန်းလာနိုင်သည် မဟုတ်ပါလား။
ဤတစ်ကြိမ်တွင်မူ တစ်ရက်ကြို၍ အသိပေးချက် မရှိတော့သည့်အတွက် အန္တရာယ်မှာ ပို၍ပင် ခန့်မှန်းရ ခက်ခဲလာပေလိမ့်မည်။
သို့သော် ကံကောင်းသည်မှာ ဒုတိယအဆင့်တွင် အသက်ရှင်ကျန်ရစ်သူများမှာ လူချင်း တွေ့ဆုံနိုင်ကြပြီဖြစ်သလို အမှန်တကယ်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြပြီ ဖြစ်သည်။
ဟုတ်ပါသည်၊ အချင်းချင်း သတ်ဖြတ်ခြင်းလည်း ပြုလုပ်နိုင်ပါသေး၏။
[သစ်ပင်အိမ် အလှဆင်မှုအဆင့် ၁၀၀ ကျော်လွန်နေကြောင်း တွေ့ရှိရသဖြင့် ယနေ့အတွက် ကျပန်း မြှင့်တင်မှုကို ရရှိပါသည်: ခွန်အား မြှင့်တင်ခြင်း၊ အာနိသင်မှာ တစ်ရက်ကြာမြင့်မည်။]
သူ့အတွက် ကျပန်းမြှင့်တင်မှု ရောက်လာချေပြီ။
၎င်းမှာ ခွန်အားမြှင့်တင်ခြင်း ဖြစ်၏။
ချက်ချင်းဆိုသလိုပင် နွေးထွေးသော စီးကြောင်းတစ်ခုမှာ သူ့ကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အနှိုင်းမဲ့သော အင်အားတစ်ခုမှာ သူ့အတွင်း၌ စီးဆင်းနေသလို ခံစားလိုက်ရ၏။
"မြှင့်တင်မှုကောင်းပဲ။ ဒီနေ့အတွက် မြှင့်တင်မှုက တကယ်ကို မိုက်တယ်"
ရွှီရှင်းသည် သူ၏ လက်ရှိခွန်အားကို စမ်းသပ်ရန် မအောင့်နိုင်တော့ပေ။
သူသည် အနီးနားရှိ အရွက်မရှိသော ပေါ့ပလာအပင်တစ်ပင်ကို ကြည့်လိုက်ပြီး ၎င်းကို အမြစ်ပါမကျန် နုတ်ပစ်ချင်သည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာတော့သည်။
သူသည် ပေါ့ပလာအပင်ကို ဖက်၍ အားရပါးရ ဆွဲနုတ်လိုက်၏။
"ဂျောက် ဂျွတ်။"
အမြစ်များ ကျိုးသွားသည့် အသံများ ပဲ့တင်ထပ်သွားပြီး အပင်တစ်ခုလုံးမှာ စင်တီမီတာ အနည်းငယ်မျှ ကြွတက်လာသည်။
ထို့နောက် သူသည် ပြင်းထန်သော ကန်ချက်တစ်ခုကို ကျွေးလိုက်ရာ ပေါ့ပလာအပင်ကြီးမှာ အမြစ်ပါမကျန် ကျွတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
"လန်းတယ်ဟ"
ရွှီရှင်း မအော်ဘဲ မနေနိုင်တော့ပါ၊ ဤအရာမှာ တကယ့်ကို အံ့သြစရာ ကောင်းလှသည် မဟုတ်ပါလား။
လက်ဗလာဖြင့် အပင်တစ်ပင်ကို လဲအောင် လုပ်နိုင်ခဲ့သည်လေ။
အကယ်၍ သူ့တွင် လှံပုဆိန်သာ ရှိနေမည်ဆိုပါက မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပါသည်။
ယနေ့ ခရီးစဉ်မှာတော့ အောင်မြင်ဖို့ သေချာနေလေပြီ။
ထိုစဉ်မှာပင် ကျိချောင်းယန်က အသံဖြင့် စာပို့လာ၏။
"ရွှီရှင်း... လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့ဆီ သွားတွေ့ကြမလား။ ငါတို့က အနီးဆုံးဆိုတော့ အရင်ဆုံး လူချင်းတွေ့ပြီး ညှိနှိုင်းကြတာပေါ့"
"ကောင်းပြီလေ၊ ဒါဆိုရင် စမ်းချောင်းဘေးက ဟို သုံးထပ် သစ်ပင်အိမ်မှာပဲ တွေ့ကြမလား"
"အဲဒီအိမ်ရှင်က ငါတို့ကို တိုက်ခိုက်မှာ မစိုးရိမ်ဘူးလား။ နယ်မြေ ၁၈၇ ရဲ့ သုံးထပ်အိမ် ပိုင်ရှင်ဆိုရင် သေချာပေါက် သန်မာတဲ့သူ ဖြစ်ရမယ်"
"ဪ... အဲဒီအိမ်က အခု ငါ့အိမ် ဖြစ်သွားပြီလေ"
"...ဟာ အိမ်ကိုလည်း မရွှေ့ဘူး၊ အိမ်ရှင်ကိုလည်း မသတ်ဘူးဆိုတော့... သူ့ကို ဖမ်းထားတာလား။ မင်း ဘယ်လိုလုပ်လိုက်တာလဲ၊ မင်းမှာ ကျေးကျွန်စာချုပ်လိုမျိုး တစ်ခုခု ရှိနေတာလား"
ဤလူမှာ တကယ်ကို ဉာဏ်ကောင်းလှပါပေသည်။
ရွှီရှင်းက ထိုအိမ်မှာ သူ့အပိုင်ဖြစ်ကြောင်းသာ ပြောခဲ့သော်လည်း ကျိချောင်းယန်မှာ အသေးစိတ်ကို အကုန်နီးပါး ခန့်မှန်းမိသွားခဲ့ချေပြီ။
"အဲဒီလိုပါပဲ၊ တွေ့တဲ့အခါကျမှ အသေးစိတ် ရှင်းပြပါ့မယ်"
"ကောင်းပါပြီ၊ အခုပဲ ထွက်လာခဲ့မယ်"
ဖုန်းချပြီးနောက် ရွှီရှင်း သစ်ပင်အိမ်ထဲ ပြန်ဝင်လိုက်ပြီး ဤတစ်ကြိမ်တွင်မူ ငွေရောင်ဘုရင်ကိုသာ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
မီမီမှာ သူမကို ခေါ်မသွားမှန်း သိလိုက်ရသဖြင့် စိတ်ကောက်ကာ မျက်နှာလွှဲ၍ ကြမ်းပြင်ပေါ်တွင် လှဲနေတော့သည်။
"ကဲပါ... ငါတို့ ဒီတစ်ခါ ခရီးအဝေးကြီး သွားရမှာမို့လို့ နင် လိုက်ရတာ ပင်ပန်းမှာစိုးလို့ပါ။ အိမ်မှာပဲ နေပြီး ဒီမိန်းမကို ငါ့အတွက် စောင့်ကြည့်ပေးဦး" ဟု ရွှီရှင်းက မီမီ၏ ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်၏။
"အီးးး"
ခဲခဲလေးကလည်း မီမီ၏ လက်သည်းကို အသာအယာ ပုတ်ပေးလိုက်သည်။
"မြောင်..."
မီမီက တိုးတိုးလေး အသံပြုကာ ထလိုက်ပြီး လုဖေးအာ ထိုင်နေသော ဆိုဖာအနားသို့ သွားကာ ဘေးတွင် ဝပ်လိုက်တော့သည်။
ရွှီရှင်း အပြင်ထွက်သွားကတည်းက လုဖေးအာမှာ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေရခြင်း ဖြစ်သည်။
ငွေရောင်ဘုရင်နှင့် မီမီတို့က သူမကို စောင့်ကြည့်နေကြသည် မဟုတ်ပါလား။
သားရဲနှစ်ကောင်မှာ သူမဘေးတွင် ဝပ်၍ ပွတ်သပ်ခွင့်ပင် ပေးထားသော်လည်း သူမ ဆိုဖာပေါ်မှ ထရန် ကြိုးစားလိုက်တိုင်း ငွေရောင်ဘုရင်က ဟိန်းပြသလို၊ မီမီကလည်း ဖြည်းညှင်းစွာ ထရပ်လိုက်တတ်သဖြင့် သူမမှာ ကြောက်လန့်တကြားနှင့် ငြိမ်နေရတော့သည်။
"နေဦး... ရှင် ထွက်သွားရင် ကျွန်မကော ဘာလုပ်ရမှာလဲ။ သူတို့က ကျွန်မကို အိမ်သာသွားတာတောင် တားမှာ မဟုတ်ဘူး မဟုတ်လား"
လုဖေးအာက မီမီကို လက်ညှိုးထိုးပြကာ မေးလိုက်၏။
"အဲဒီလောက်တော့ မဟုတ်ပါဘူး... မီမီ၊ သူမကို ဧည့်ခန်း၊ မီးဖိုချောင်နဲ့ အိမ်သာတွေဆီပဲ သွားခွင့်ပေးလိုက်ပါ။ တခြားနေရာတွေ သွားတာတော့ ခွင့်မပြုနဲ့"
မီမီက နားလည်ကြောင်း ခေါင်းလေး အသာညိမ့်ပြလိုက်သည်။
ရွှီရှင်းက လုဖေးအာ၏ သစ်ပင်အိမ်နာရီကို သူမထံသို့ ပစ်ပေးလိုက်၏။
"ဒီနေ့ နင့်နယ်မြေက လူတွေနဲ့ ဆက်သွယ်ကြည့်ပြီး သတင်းတွေ စုဆောင်းဦး။ ငါပြန်လာရင် မှတ်တမ်းတွေကို စစ်မှာနော်"
လုဖေးအာမှာ ရွှီရှင်း၏ စကားကြောင့် မျက်နှာပျက်သွားရ၏။
"ရှင်... ရှင် မိန်းကလေးတစ်ယောက်ရဲ့ စကားပြောမှတ်တမ်းတွေကို စစ်မယ်ဆိုတော့... တကယ်ကို အရှက်မရှိတာပဲ"
"ဒါမှမဟုတ် လက်ပတ်ထဲမှာပဲ နေမလား"
"ကျွန်မ တာဝန်ကို ကျေပွန်အောင် လုပ်ပါ့မယ်ရှင်"
သစ်ပင်အိမ် ပြတင်းပေါက်မှ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ခြောက်ကပ်နေသော မြင်ကွင်းကြီးအတွင်း အစိမ်းရောင် အစက်အပြောက်လေးများ ပေါ်နေ၏။
သူ့အိမ်၏ အရှေ့ဘက် မနီးမဝေးတွင် စိမ်းစိုနေသည်ကို မြင်ရပြီး ၎င်းမှာ လီဝမ်ရှီး၏ သစ်ပင်အိမ် ဖြစ်ပေလိမ့်မည်။
ရွှီရှင်းသည် ဝံပုလွေကျောပေါ် တက်၍ စမ်းချောင်းရှိရာ ဦးတည်ချက်သို့ ညွှန်ပြလိုက်သည်။
"ငွေရောင်ဘုရင်... အရင်ဆုံး ဟိုဘက်အိမ်ကို သွားရအောင်"
သူသည် ကျိချောင်းယန်နှင့် အရင်ဆုံး တွေ့ဆုံရန် လိုအပ်သည် မဟုတ်ပါလား။
"ဝု..."
ငွေရောင်ဘုရင်မှာ ရှည်လျားစွာ အော်ဟစ်လိုက်ပြီး စမ်းချောင်းအတိုင်း စတင်ပြေးလွှားတော့သည်။
ခဲခဲလေးမှာ ရွှီရှင်း၏ ရင်ခွင်ထဲတွင် ခွေ၍ တောအုပ်၏ ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေရှာသည်။
တောအုပ်ရှိ သစ်ပင်အားလုံးမှာ သစ်ကိုင်းခြောက်များသာ ကျန်တော့၏။
အရင်က မြင်ကွင်းကို ပိတ်ဆို့ထားသည့် သိပ်သည်းစိမ်းစိုသော သစ်ရွက်အုပ်များ မရှိတော့သဖြင့် ရွှီရှင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူ၏ အမြင်အာရုံမှာ အစွမ်းကုန် ပွင့်လင်းသွားသလို ခံစားလိုက်ရသည်။
၁၀ ကီလိုမီတာခန့် ဝေးသေးသော်လည်း ရွှီရှင်းမှာ ထိုနေရာရှိ စိမ်းစိုနေသော သစ်ပင်အိမ်ကို အလွယ်တကူ မြင်တွေ့နိုင်၏။
လုဖေးအာ၏ သုံးထပ်သစ်ပင်အိမ်မှာ သစ်ကိုင်းခြောက်များကြားတွင် အထင်အရှား မြင်နေရပြီ ဖြစ်သည်။
ငွေရောင်ဘုရင်သည် လုဖေးအာ၏ အိမ်အနီးသို့ ရောက်ရှိလာသောအခါ၊ အောက်တွင် လူတစ်ယောက်က မြင်းတစ်ကောင်ကို ကိုင်ထားသည်ကို သူ တွေ့လိုက်ရ၏။
ဒါ ကျိချောင်းယန်ပဲ။သူ ရောက်နေပြီပေါ့။
မြင်းများမှာ စီးနင်းရန်အတွက် အကောင်းဆုံး တိရစ္ဆာန်များ ဖြစ်ကြသည်၊ အသားစားစရာလည်း မလိုဘဲ မြက်ခြောက်များဖြင့်ပင် ကျွေးမွေးထားနိုင်သည် မဟုတ်ပါလား။
ကျိချောင်းယန်မှာလည်း အသံကို ကြားသဖြင့် ရွှီရှင်းရှိရာသို့ လှည့်ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်၏။
"ဒီမှာဟေ့"
"မင်း တော်တော် မြန်သားပဲ"
ရွှီရှင်းမှာ ကျိချောင်းယန်ရှေ့တွင် ရပ်ကာ အောက်သို့ ဆင်းလိုက်သည်။
ကျိချောင်းယန်မှာ အမှန်တကယ် လူချင်းတွေ့လိုက်ရသောအခါ သန့်ရှင်းသပ်ရပ်ပြီး နူးညံ့သိမ်မွေ့သော လူငယ်တစ်ဦး ဖြစ်ကာ ပေါင်းသင်းရ လွယ်ကူမည့်ပုံ ပေါ်နေခြင်းပင်။
"ငါက မင်းကို စာပို့ပြီးတာနဲ့ ချက်ချင်း ထွက်လာခဲ့တာလေ" ဟု ကျိချောင်းယန်က ပြုံး၍ ရယ်မောလိုက်ကာ သူ၏ လက်ကို ကမ်းလိုက်၏။
"လူချင်းတွေ့ရတာ ဗီဒီယိုထဲထက် ပိုပြီး ချောတာပဲကွ"
"ချောတယ် ဟုတ်လား။ ဒါပေမဲ့ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး သန့်သန့်ပြန့်ပြန့် ထားနိုင်သားပဲ"
ရွှီရှင်းကလည်း ရယ်မော၍ သူ၏ လက်ကို ပြန်လည် ဆွဲကာနှုတ်လိုက်သည်။
ကျိချောင်းယန်မှာ သပ်ရပ်သော အပြာရောင်အဆင့် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသည်၊ မုတ်ဆိတ်မွှေးများကို သန့်စင်စွာ ရိတ်ထားသလို ဆံပင်ပုံစံမှာလည်း သပ်ရပ်နေကာ လေတိုက်နေသော လမ်းခရီးကို မြင်းစီး၍ လာခဲ့သူနှင့်ပင် မတူလှပေ။
သူ၏ မြင်းမှာပင်လျှင် အမွှေးအမျှင်များမှာ နူးညံ့ချောမွေ့နေ၏။
---
အခန်း ၂၂၅ ပြီး။