← Chapters

ပဉ္စမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’၊ ‘ကံကြမ္မာကူ’၏ သတိပေးချက်(၁)။

Vol. 53 Ch. 571

ပဉ္စမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’၊ ‘ကံကြမ္မာကူ’၏ သတိပေးချက်(၁)။

Vol. 53 Ch. 571

ဤအချိန်တွင် ဝူကျိမဟာမိတ်အဖွဲ့၌...။

ဝူကျိတာအိုအရှင်၊ လျိုဖုန်းတာအိုအရှင်၊ ရွှမ်ချန်တာအိုအရှင်နှင့် ရွှီယွင်တာအိုအရှင် အစရှိသော ဝိညာဉ်သန္ဓေသား ဘိုးဘေးများ စုဝေးနေကြလေသည်။

“မယုံနိုင်စရာပဲ၊ ရောင်းရင်းယဲ့က တကယ်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ...”

“ဒါကြောင့်လည်း ရောင်းရင်းယဲ့က ရောင်းရင်းကျိုးကို အတင်းလက်ထပ်ခဲ့တာ ဖြစ်မယ်...”

“ဒီလိုဆိုရင်တော့ ရောင်းရင်းယဲ့ လက်ထပ်တာက အံ့သြစရာ မဟုတ်တော့ဘူးလေ… ကျုပ်သာ မိန်းမဆိုရင်လည်း ဒီလိုယောက်ျားမျိုးကို ငြင်းနိုင်မှာ မဟုတ်ဘူး...”

ရွှီယွင်တာအိုအရှင်က သက်ပြင်းချလျက် ပြောလိုက်လေသည်။ မူလက ယဲ့ဖေးရိုသည် သူတို့နှင့် အဆင့်တူ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။ သူမ၏ ကျင့်ကြံခြင်းက သူတို့ထက် အနည်းငယ် သာလွန်သော်လည်း အကန့်အသတ် ရှိသေးသည်။

သို့သော် ယခုမူ မျက်စိတစ်မှိတ်အတွင်း သူမသည် သူတို့ကို ကျော်တက်သွားရုံသာမက ကျော်ဖြတ်၍ မရနိုင်သော ကွာခြားချက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်၏။ ဝိညာဉ်သန္ဓေသားနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ကြား ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသဖြင့် နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။

သူ၏ စိတ်ထဲတွင်လည်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေတော့သည်။

“ဝူကျိရောင်းရင်း... ခင်ဗျားရဲ့ သမက်က တကယ်ပဲ စိတ်သဘောထားကြီးတာပဲ… နတ်ဘုရားအသွင်ပြောင်းဖို့ လိုအပ်တဲ့ ရတနာတွေ အများကြီးကို သူ့ရဲ့ တာအိုလက်တွဲဖော်အတွက် ပေးသုံးရဲတယ်ဆိုတော့ တကယ်ပဲ အချစ်ကြီးတာပဲ...”

ရွှမ်ချန်တာအိုအရှင်က နားမလည်နိုင်စွာ ပြောလိုက်၏။ ပုံမှန်အားဖြင့် ဤကဲ့သို့သော နတ်ဘုရားအသွင်ပြောင်း ရတနာမျိုးကို မိမိကိုယ်ကိုယ်အတွက်သာ အသုံးပြုကြစမြဲ ဖြစ်သည်။ တာအိုလက်တွဲဖော်အပေါ် မည်မျှပင် ချစ်သည်ဖြစ်စေ အကုန်လုံးကို ပေးသုံးရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ခင်ဗျားက ဘာသိလို့လဲ… သူက ဒီလိုလုပ်ရဲတယ်ဆိုကတည်းက သူ့ဆီမှာ နတ်ဘုရားအသွင်ပြောင်း ရတနာတွေ ထပ်ရှိနေသေးလို့ပေါ့…. ကျုပ်သမက်က အရူးမဟုတ်ပါဘူး… သူက သူ့ရဲ့ နတ်ဘုရားအသွင်ပြောင်းနိုင်စွမ်းအပေါ်မှာ ယုံကြည်မှုအပြည့်ရှိလို့ ဒီလိုလုပ်တာနေမှာ… သူက ရွှမ်ဟွမ်ဂိုဏ်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေ ပိုပြီး ပေါ်ထွက်လာစေချင်တာ...”

ဝူကျိတာအိုအရှင်က အေးအေးဆေးဆေး ပြောလိုက်လေသည်။

“ဒါက...”

ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ မျက်လုံးများ ကျုံ့ဝင်သွားကြပြီး ကျိုးစွေ့၏ ရည်မှန်းချက်ကို ချက်ချင်း သဘောပေါက်လိုက်ကြလေသည်။

အကယ်၍ ကျိုးစွေ့တစ်ဦးတည်းသာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာမည်ဆိုလျှင် ထူးခြားမှု သိပ်မရှိသော်လည်း သူ၏ တာအိုလက်တွဲဖော်များပါ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာကြမည်ဆိုလျှင်မူ တကယ်ပင် ကြောက်စရာ ကောင်းလှပေသည်။

ထိုအချိန်ကျလျှင် ရွှမ်ဟွမ်ဂိုဏ်းသည် ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်ဂိုဏ်း ဖြစ်လာရုံသာမက ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ နံပါတ်တစ်ဂိုဏ်း ဖြစ်လာပေလိမ့်မည်။ ရွှမ်ဟွမ်ဂိုဏ်း၏ တိုးတက်မှုနှုန်းမှာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သူတို့ ခံစားမိလိုက်ကြလေသည်။

“ဒီလိုဆိုရင် ငါတို့ ဝူကျိမဟာမိတ်အဖွဲ့လည်း ရွှမ်ဟွမ်ဂိုဏ်းထဲကို ပူးပေါင်းရင် မကောင်းဘူးလား… ဘာပဲပြောပြော ငါတို့အားလုံးက မိသားစုတွေပဲလေ… ဝူကျိမဟာမိတ်အဖွဲ့ကို ရွှမ်ဟွမ်ဂိုဏ်းက ဝါးမြိုလိုက်တာက ပိုကောင်းမလားလို့...”

ရွှီယွင်တာအိုအရှင်က ပြုံးလျက် သူ၏ အကြံပြုချက်ကို တင်ပြလိုက်လေသည်။

သောက်ကျိုးနည်း...။

ဤစကားကို ကြားသောအခါ ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ စိတ်ထဲတွင် လှုပ်ရှားသွားကြတော့သည်။ အစောပိုင်းကဆိုလျှင် သူတို့သည် ဆန့်ကျင်ချင်ကောင်း ဆန့်ကျင်ကြလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဝူကျိမဟာမိတ်အဖွဲ့ကို ရွှမ်ဟွမ်ဂိုဏ်းက ဝါးမြိုလိုက်ခြင်းဖြစ်ပြီး သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အခြားသူ၏ ထိန်းချုပ်မှုကို မခံလိုကြသောကြောင့် ဖြစ်၏။

သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ ရွှမ်ဟွမ်ဂိုဏ်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်း ဖြစ်လာခဲ့ပြီဖြစ်ရာ အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်နိုင်ခဲ့မည်ဆိုလျှင် သူတို့အတွက် ကြီးမားသော နောက်ခံတစ်ခု ရရှိသွားခြင်းပင် ဖြစ်ပေသည်။

ထိုအချိန်ကျလျှင် ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရန်မှာလည်း မခက်ခဲတော့ချေ။ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်၏ စကားတစ်ခွန်းနှင့်တင် အားလုံးက ခေါင်းငုံ့ နာခံကြရမည် မဟုတ်ပါလော။

“အိုး... မင်းက ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ချင်နေတာလား… မင်းက သူများရဲ့ ထိန်းချုပ်မှုကို အမုန်းဆုံး မဟုတ်ဘူးလား… အခုကျတော့ ဘာလို့ ငါ့သမက်ရဲ့ အမိန့်ကို နာခံချင်နေရတာလဲ...”

ဝူကျိတာအိုအရှင်က ရွှီယွင်တာအိုအရှင်ကို ပြုံးစစဖြင့် ကြည့်လိုက်လေသည်။

“အဲဒါကတော့... ကျုပ်က အရူးတွေရဲ့ အမိန့်ကိုတော့ နာခံမှာ မဟုတ်ဘူးလေ… ဒါပေမဲ့ ရောင်းရင်းကျိုးက အင်မော်တယ်တစ်ပါး ဆင်းသက်လာတာလေ… အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာဖို့က သေချာနေတာပဲ… အနာဂတ်မှာ ဝိညာဉ်လောကကိုတောင် တက်လှမ်းနိုင်ဦးမှာ….

တစ်ယောက်က အင်မော်တယ်ဖြစ်သွားရင် သူ့ဘေးနားက ကြက်တွေ ခွေးတွေတောင် အကျိုးရှိတာပဲ မဟုတ်လား… ရောင်းရင်းကျိုးနောက်ကို လိုက်ရင် နောင်တစ်ချိန်မှာ ကျုပ်တို့လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်ရဲ့ ရှုခင်းကို မြင်တွေ့နိုင်ဖို့ အခွင့်အရေး ရှိလာနိုင်တာပေါ့...”

ရွှီယွင်တာအိုအရှင်က သူ၏ အတွေးကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

“အိုး... မင်းတို့ကော ဘယ်လိုထင်ကြလဲ...”

ဝူကျိတာအိုအရှင်က ဘေးနားရှိ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို ကြည့်လိုက်၏။

“ကျုပ်ရဲ့ သဘောထားကလည်း ရွှီယွင်ရောင်းရင်းနဲ့ အတူတူပါပဲ...”

“ဟုတ်တယ်… အားလုံးက မိသားစုတွေပဲဟာ၊ နာမည်လေး ပြောင်းလိုက်ရုံပါပဲ...”

“ငါတို့ ကျင့်ကြံသူတွေ ဝူကျိမဟာမိတ်အဖွဲ့ တည်ထောင်ခဲ့တာ ဘာအတွက်လဲ၊ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရဖို့အတွက်ပဲ မဟုတ်လား… အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်သာ နောက်ကွယ်မှာ ရှိနေမယ်ဆိုရင် ရလာမယ့် အရင်းအမြစ်တွေက ပိုတောင် များဦးမှာပဲ...”

“မှန်တယ်… နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါးက ချန်လန်ပင်လယ်ဒေသကို အနည်းဆုံး နှစ်ပေါင်းသုံးထောင်လောက် စောင့်ရှောက်နိုင်တယ်… ဒါက ဘယ်လောက်တောင် ရှည်လျားတဲ့ အချိန်လဲ… ကိုယ့်အတွက် မဟုတ်ရင်တောင် ကိုယ့်ရဲ့ မျိုးဆက်တွေအတွက် ထည့်တွက်ရမယ်...”

“ပြီးတော့ ပိုအရေးကြီးတာက ယဲ့ဘိုးဘေးက ဘယ်လိုတွေးမလဲ ဆိုတာပဲ… အခု ငါတို့က ကိုယ့်ဘာသာကိုယ် ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ဖို့ ကမ်းလှမ်းတာက အနည်းဆုံးတော့ သိက္ခာရှိသေးတယ်… တကယ်လို့ သူတို့ဘက်က လာပြီး တိုက်ခိုက်မှဆိုရင်တော့ ဘာသိက္ခာမှ ရှိမှာမဟုတ်တော့ဘူး...”

“ဒါလည်း ဟုတ်တာပဲ… နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်က ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို လွှမ်းမိုးနိုင်တာလေ… ငါတို့က ဘယ်ကို ပြေးမှာလဲ...”

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဆွေးနွေးနေကြတော့သည်။ သူတို့၏ စကားများမှာ လက်တွေ့ကျလှ၏။

ယခုအခါ သူတို့က ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ချင်သည် မဝင်ချင်သည်က အရေးမကြီးတော့ဘဲ ဝင်ခွင့်ရမရကသာ အရေးကြီးနေခြင်း ဖြစ်ပေသည်။

အကယ်၍ တစ်ဖက်လူက မကျေမနပ် ဖြစ်သွားပါက ဝူကျိမဟာမိတ်အဖွဲ့ တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပြာကျသွားနိုင်သည်။ ဝူကျိမဟာမိတ်အဖွဲ့ သိမ်းပိုက်ထားသော နယ်မြေက နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းထက် ပိုကြီးနေခြင်းမှာ မဖြစ်သင့်သော ကိစ္စပင်။

ထို့ကြောင့် သူတို့က သိက္ခာရှိရှိနှင့် အလျှော့ပေးလိုကြခြင်း ဖြစ်ပေသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်သည့်အားလျော်စွာ အကျိုးအမြတ်ကို မည်သို့ တွက်ချက်ရမည်ကို သူတို့ ကောင်းစွာ သိရှိထားကြလေသည်။

“ကောင်းပြီ... အားလုံးက သဘောတူမှတော့ ရွှမ်ဟွမ်ဂိုဏ်းထဲ ပူးပေါင်းဖို့ ကိစ္စကို ဆုံးဖြတ်လိုက်ကြတာပေါ့...”

ဝူကျိတာအိုအရှင်က ပြုံးလျက် ပြောလိုက်လေသည်။ သူသည် ယနေ့အချိန်အထိ အသက်ရှင်ခဲ့ပြီးပြီဖြစ်ရာ အာဏာကို များစွာ မက်မောခြင်း မရှိတော့ပေ။ သူ့တွင် သမီးတစ်ယောက်သာ ရှိသည် မဟုတ်ပါလော။

သမီးဖြစ်သူ ပျော်ရွှင်နေလျှင်ပင် လုံလောက်လှပြီ ဖြစ်၏။ အကယ်၍ ဝူကျိမဟာမိတ်အဖွဲ့ကို လက်ဆောင်အဖြစ် ပေးပြီး ကျိုးစွေ့ကို သမီးဖြစ်သူအား နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းအောင် ကူညီပေးခိုင်းနိုင်မည်ဆိုပါက အရာအားလုံးက ထိုက်တန်လှပေသည်။

............

ကောင်းကင်ဓားဂိုဏ်း၊ ကောင်းကင်ဓားကျွန်း၌...။

ဝိညာဉ်သန္ဓေသားအဆင့် ဓားသိုင်းပညာရှင်များ စုဝေးနေကြပြီး မျက်နှာများမှာ အလွန် လေးနက်နေကြလေသည်။

“ရောင်းရင်းယဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားပြီ...”

ဝိညာဉ်သန္ဓေသားအဆင့် ဓားသိုင်းပညာရှင်တစ်ဦးက လေးနက်စွာ ပြောလိုက်၏။

“သေချာပေါက် ရွှမ်ဟွမ်ဘိုးဘေးရဲ့ အကူအညီကြောင့်ပဲ ဖြစ်ရမယ်...”

“ကြားရသလောက်တော့ သူက စတုတ္ထအဆင့် အထွတ်အထိပ် ဆေးဖော်စပ်ပညာရှင် ဖြစ်သလို… ကုယုံဂိုဏ်းရဲ့ နေရာဟောင်းမှာ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေ အများကြီး ရှိနေတာလေ...”

“နတ်ဘုရားအသွင်ပြောင်းဆေးလုံးဆိုတာ သူ့အတွက်တော့ လွယ်လွယ်လေးပေါ့...”

“ပြီးတော့ အဲ့ဒီ ပဉ္စမအဆင့် ဝိညာဉ်သွေးကြောကနေ အင်မော်တယ်မူလချီကိုလည်း ထုတ်ယူနိုင်သေးတယ်...”

“တကယ်လို့ ငါတို့ဆီမှာလည်း ဒီလို နတ်ဘုရားအသွင်ပြောင်း ရတနာတွေသာ ရှိမယ်ဆိုရင် ဂိုဏ်းချုပ်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မှာပဲ...”

အခြားသော ဝိညာဉ်သန္ဓေသားအဆင့် ဓားသိုင်းပညာရှင်တစ်ဦးက မတတ်သာဘဲ ပြောလိုက်လေသည်။ အကယ်၍ ကောင်းကင်ဓားဂိုဏ်းတွင်သာ ထိုကဲ့သို့သော ရတနာများ ရှိမည်ဆိုပါက၊ ချုံးရွှီတာအိုအရှင်သည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မည်မှာ သေချာလှပေသည်။

“ဟုတ်တာပေါ့...”

“အနှမြောဆုံးကတော့ မင်ကွမ်းကျွန်းက အဲ့ဒီ ပဉ္စမအဆင့် အောက်ခြေအဆင့် ဝိညာဉ်သွေးကြောပဲ...”

“မိစ္ဆာသားရဲတွေရဲ့ ညစ်ညမ်းစေမှုကြောင့် အဲ့ဒီ ပဉ္စမအဆင့် ဝိညာဉ်သွေးကြောက အဆင့်နိမ့်သွားပြီး စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ပြန်ဖြစ်သွားခဲ့တာ...”

“မဟုတ်ရင် အဲ့ဒီ ဝိညာဉ်သွေးကြောကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် ငါတို့လည်း အင်မော်တယ်မူလချီကို ရနိုင်မှာပဲ...”

လူတစ်ယောက်က အလွန် နှမြောတသစွာ ပြောလိုက်လေသည်။

“စိတ်မပူကြပါနဲ့...”

“ကမ္ဘာနှစ်ခု ပေါင်းစည်းမှု ဖြစ်ပေါ်လာကတည်းက ငါတို့ ကျင့်ကြံခြင်းလောကဟာ ရှေးဟောင်းမိစ္ဆာကမ္ဘာဆီက စွမ်းအင်တွေ အများကြီးကို စုပ်ယူနိုင်ခဲ့တယ်...”

“အခုနောက်ပိုင်း ချန်လန်ပင်လယ်ဒေသက ခန်းခြောက်နေတဲ့ ဝိညာဉ်သွေးကြောတွေ အများကြီးဟာ အသက်ပြန်ဝင်လာကြပြီ...”

“ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သေချာပေါက် ဝိညာဉ်သွေးကြောသစ်တွေ ပေါ်လာမှာပဲ...”

“အမှန်တော့ ငါတို့ ကောင်းကင်ဓားဂိုဏ်းရဲ့ စတုတ္ထအဆင့် အထွတ်အထိပ် ဝိညာဉ်သွေးကြောဟာလည်း ပဉ္စမအဆင့်ကို တက်လှမ်းဖို့ အရိပ်အယောင်တွေ ပြနေပြီ...”

ချုံးရွှီတာအိုအရှင်က လေးနက်စွာ ပြောလိုက်ပြီး သူ၏ ရှာဖွေတွေ့ရှိမှုကို ထုတ်ဖော်လိုက်လေသည်။

“ဘာ... တကယ်ကြီးလား...”

“တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် အနာဂတ်မှာ ချန်လန်ပင်လယ်ဒေသမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေ အများကြီး ပေါ်လာနိုင်တာပေါ့...”

ကောင်းကင်ဓားဂိုဏ်းမှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ စိတ်လှုပ်ရှားသွားကြတော့သည်။ သူတို့သည် ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်ဂိုဏ်းဟောင်း ဖြစ်သည့်အားလျော်စွာ ရွှမ်ဟွမ်ဂိုဏ်း၏ အောက်သို့ အရောက်မခံလိုကြပေ။

အနည်းဆုံးတော့ ရွှမ်ဟွမ်ဂိုဏ်းက သူတို့ကို ဝါးမြိုလိုက်သည်ကိုတော့ အဖြစ်မခံနိုင်ကြချေ။ ကောင်းကင်ဓားဂိုဏ်း၏ နှစ်ပေါင်းသောင်းချီသော အမွေအနှစ်မှာ သူတို့လက်ထပ်တွင် ပျက်စီးသွား၍ မဖြစ်နိုင်ပေ။

“ကောင်းပြီ... ဒါဆိုရင် ရောင်းရင်းယဲ့ရဲ့ နတ်ဘုရားအသွင်ပြောင်း ဂုဏ်ပြုအခမ်းအနားကို ဘယ်လိုလုပ်ကြမလဲ...”

လူတစ်ယောက်က မေးလိုက်၏။

“သေချာပေါက် လူလွှတ်ပြီး တက်ရောက်ရမှာပေါ့...”

“ငါတို့ ကောင်းကင်ဓားဂိုဏ်း ဘဏ္ဍာတိုက်ထဲက ပဉ္စမအဆင့် ပစ္စည်းတစ်ခုကို ရွှမ်ဟွမ်ဂိုဏ်းကို လက်ဆောင်ပေးလိုက်မယ်...”

“ဒါကို ရောင်းရင်းယဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် သတ်မှတ်လိုက်ကြတာပေါ့...”

ချုံးရွှီတာအိုအရှင်က ဆုံးဖြတ်ချက် ချလိုက်လေသည်။

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်...”

အားလုံး ခေါင်းညိတ်လိုက်ကြလေသည်။

............

All Chapters