← Chapters

ပဉ္စမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’၊ ‘ကံကြမ္မာကူ’၏ သတိပေးချက်(၂)။

Vol. 53 Ch. 572

ပဉ္စမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’၊ ‘ကံကြမ္မာကူ’၏ သတိပေးချက်(၂)။

Vol. 53 Ch. 572

ရွှမ်ပေါင်မျှော်စင်၌...။

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ အများအပြား စုဝေးနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါး ပေါ်ထွန်းလာခြင်းသည် ပင်လယ်ဒေသတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲစေနိုင်သောကြောင့် ဖြစ်၏။

အထူးသဖြင့် ရွှမ်ပေါင်မျှော်စင်ကဲ့သို့သော စီးပွားရေးအဖွဲ့အစည်းများအတွက် ပိုမို အရေးကြီးလှသည်။ အကယ်၍ တစ်ဖက်လူက မျက်စိစပါးမွှေးစူးပါက ရွှမ်ပေါင်မျှော်စင်သည် ချက်ချင်းပင် အကြီးအကျယ် ထိခိုက်နစ်နာသွားနိုင်သည်။

“ဟင်း... ယဲ့ဖေးရိုက ပထမဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး...”

“ကျုပ်က ကိုယ့်ကိုယ်ကိုယ်ပဲ မျှော်လင့်ချက် အရှိဆုံးလို့ ထင်ထားခဲ့တာ...”

ရွှမ်ပေါင်မျှော်စင်၏သခင် ထျန်းဆွမ်းတာအိုအရှင်က သက်ပြင်းချလျက် ပြောလိုက်လေသည်။ တကယ်ပင် လူတွက်သည်ထက် ကောင်းကင်တွက်ချက်ခြင်းက ပိုမှန်သည်ဟု ဆိုရပေမည်။ ယဲ့ဖေးရို နတ်ဘုရားအသွင်ပြောင်းအဆင့် တက်လှမ်းနိုင်ခြင်းက ရွှမ်ပေါင်မျှော်စင်၏ အစီအစဉ်အားလုံးကို ပျက်ပြားသွားစေခဲ့လေပြီ။

“မျှော်စင်သခင်... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ...”

“အကယ်လို့ ရွှမ်ဟွမ်ဂိုဏ်းကသာ ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ ရွှမ်ပေါင်မျှော်စင်ရဲ့ အင်အားနဲ့ တားဆီးနိုင်မှာ မဟုတ်ဘူး...”

“ပြီးတော့ အဲ့ဒီ ရွှမ်ဟွမ်ဘိုးဘေးဆီမှာလည်း ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေ ရှိနေသေးတာလေ...”

“ငါတို့ ရွှမ်ပေါင်မျှော်စင်မှာ ဘာအားသာချက်မှ မရှိတော့ဘူး...”

လူတစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်လေသည်။

“ဘာကြောက်နေတာလဲ… ငါတို့ ရွှမ်ပေါင်မျှော်စင်မှာ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင်တစ်ခု ရှိတာပဲ...”

“အကယ်လို့ တကယ်ပဲ အခြေအနေ မဟန်တော့ဘူးဆိုရင် ငါတို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းပြီး တောင်ပိုင်းကုန်းမြေကြီးဆီကို ပြန်သွားလိုက်ရုံပဲပေါ့...”

လူတစ်ယောက်က လေးနက်စွာ ပြောလိုက်လေသည်။ သူတို့သည် ချန်လန်ပင်လယ်ဒေသမှ မျိုးရိုးအလိုက် ပေါ်ထွက်လာသော အင်အားစုမဟုတ်ဘဲ တောင်ပိုင်းကုန်းမြေကြီးမှ လာရောက်ကြသူများ ဖြစ်ကြ၏။

အဘယ်ကြောင့် ယနေ့အချိန်အထိ မည်သူမျှ ရွှမ်ပေါင်မျှော်စင်၏ ဌာနချုပ်ကို ရှာမတွေ့နိုင်ကြသနည်း။ အကြောင်းမှာ သူတို့၏ ဌာနချုပ်မှာ ချန်လန်ပင်လယ်ဒေသတွင် မဟုတ်ဘဲ တောင်ပိုင်းကုန်းမြေကြီးတွင် ရှိနေသောကြောင့် ဖြစ်ပေသည်။

“ဒါပေမဲ့ တကယ်လို့ ငါတို့ ထွက်ခွာသွားမယ်ဆိုရင် ငါတို့ ရွှမ်ပေါင်မျှော်စင်က ဒီလောက်များပြားတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ထပ်ပြီး ရနိုင်ဦးမှာလား...”

“တောင်ပိုင်းကုန်းမြေကြီးမှာလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေ အများကြီး ရှိတာပဲ၊ အဲ့ဒီမှာ ငါတို့ ရွှမ်ပေါင်မျှော်စင်က ဘာမှ မဟုတ်ဘူးလေ...”

“ဒီ ချန်လန်ပင်လယ်ဒေသ၏ ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားနိုင်လို့သာ ငါတို့ ဒီလောက်အထိ ချမ်းသာနေကြတာ...”

လူတစ်ယောက်က မထွက်ခွာလိုသဖြင့် ပြောလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အကြီးမားဆုံးသော ဝင်ငွေလမ်းကြောင်းကြီးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သောကြောင့် ဖြစ်၏။

သူတို့ ယခုကဲ့သို့ စွမ်းအားကြီးမားလာခြင်းမှာလည်း ချန်လန်ပင်လယ်ဒေသမှ ရရှိသော အရင်းအမြစ်များကို အမှီပြုခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ ဤလမ်းကြောင်းသာ ပျက်စီးသွားပါက ရွှမ်ပေါင်မျှော်စင်သည်လည်း ချက်ချင်းပင် ဆုတ်ယုတ်သွားပေလိမ့်မည်။

“စိတ်မပူပါနဲ့… ကျုပ် ကြည့်ရသလောက်တော့ အဲ့ဒီ ရွှမ်ဟွမ်ဂိုဏ်းချုပ်က လူသတ်ရတာ ဝါသနာပါတဲ့လူ မဟုတ်ဘူး၊ မလိုအပ်ဘဲ စစ်ပွဲတွေ မဖန်တီးဘူး...”

“ပိုအရေးကြီးတာက အခုချိန်မှာ အဓိကရန်သူက မိစ္ဆာသားရဲတွေလေ၊ ငါတို့ ရွှမ်ပေါင်မျှော်စင် မဟုတ်ဘူး...”

“လောကကြီးမှာ မင်းသေမှ ငါရှင်မယ်ဆိုတာမျိုး မဟုတ်ဘဲ၊ အတူတူ ငြိမ်းချမ်းစွာ ရှင်သန်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိတာပဲ...”

“အကယ်လို့ ငါတို့သာ ရွှမ်ဟွမ်ဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ငါတို့ ရွှမ်ပေါင်မျှော်စင်လည်း ပိုပြီး တိုးတက်လာနိုင်တာပေါ့...”

ထျန်းဆွမ်းတာအိုအရှင်က လေးနက်စွာ ပြောလိုက်လေသည်။

“ရွှမ်ဟွမ်ဂိုဏ်းနဲ့ ပူးပေါင်းမယ် ဟုတ်လား… ဒါက ခြံထဲကို ဝံပုလွေသွင်းသလို ဖြစ်မသွားဘူးလား...”

ဤစကားကို ကြားသောအခါ လူတိုင်း အံ့သြသွားကြတော့သည်။

“ဟားဟား... ခင်ဗျားတို့က ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင်ဆိုတာ ငါတို့ ရွှမ်ပေါင်မျှော်စင်မှာပဲ ရှိတယ်လို့ ထင်နေတာလား...”

“ကျုပ် ထင်တာ မမှားဘူးဆိုရင် ရွှမ်ဟွမ်ကျွန်းပေါ်မှာလည်း ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင် ရှိနေမှာပဲ...”

“ဘာပဲပြောပြော ကုယုံဂိုဏ်းဆိုတာ ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းလေ၊ ကျင့်ကြံခြင်းလောကမှာ နာမည်ကြီးတဲ့ ဂိုဏ်းပဲ...”

“တည်နေရာရွှေ့ပြောင်းအစီအရင် ရှိနေတာက ပုံမှန်ပါပဲ...”

ထျန်းဆွမ်းတာအိုအရှင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။

“ဒါက...”

အားလုံး တိတ်ဆိတ်သွားကြတော့သည်။ အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းတွင်သာ တည်နေရာရွှေ့ပြောင်းအစီအရင် ရှိနေမည်ဆိုပါက ရွှမ်ပေါင်မျှော်စင်၏ အားသာချက်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။

သို့သော် မျှော်စင်သခင် ပြောသကဲ့သို့ပင် အင်အားစုနှစ်ခုသည် မသေမချင်း တိုက်ခိုက်နေရန် မလိုအပ်ဘဲ ပူးပေါင်းဆောင်ရွက်နိုင်သော နည်းလမ်းများလည်း ရှိပေသည်။

ရွှမ်ဟွမ်ဂိုဏ်းက မည်သို့ ရွေးချယ်မည်ကိုသာ စောင့်ကြည့်ရပေတော့မည်။

............

ကောင်းကင်မိစ္ဆာဂိုဏ်း၊ ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်း အစရှိသော ဂိုဏ်းကြီးသုံးခုမှ ကျင့်ကြံသူများ၏ မျက်နှာများမှာမူ အလွန်ပင် အရုပ်ဆိုးနေကြလေသည်။

မည်သူမျှ မသိသော်လည်း ရွှမ်ဟွမ်ဂိုဏ်းသည် အမှန်တကယ်ပင် မွန်မြတ်သော လမ်းစဉ်ကို လိုက်နာသူများ မဟုတ်ပါလော။ ထို့အပြင် ယခင်က ရွှမ်ဟွမ်ဂိုဏ်းနှင့် ရန်ငြိုးရန်စ အနည်းငယ်လည်း ရှိခဲ့ဖူးလေသည်။

ယခု ရွှမ်ဟွမ်ဂိုဏ်းမှ ယဲ့ဖေးရို နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားခြင်းသည် မိစ္ဆာလမ်းစဉ်အတွက်မူ အကြီးအကျယ် ထိုးနှက်ချက်တစ်ခုပင် ဖြစ်ချေသည်။

“တောက်... ယဲ့ဖေးရိုက ဘယ်လိုလုပ် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားရတာလဲ… ကောင်းကင်ဘုံက တကယ်ပဲ မျက်စိမရှိဘူးပဲ...”

“သူမက သာမန် အမျိုးသမီးကျင့်ကြံသူတစ်ဦးပဲလေ… ရုပ်လှတာကလွဲလို့ ဘာမှ မရှိတာကို ဘယ်လိုလုပ် နတ်ဘုရားအသွင်ပြောင်းနိုင်တာလဲ...”

“ဟင်း... အဲ့ဒီ အမျိုးသမီးနောက်ကွယ်မှာ ယောက်ျားကောင်းတစ်ယောက် ရှိလို့ပေါ့...”

“ကြားရသလောက်တော့ ရွှမ်ဟွမ်ဘိုးဘေးက သူ့အတွက် နတ်ဘုရားအသွင်ပြောင်းဆေးလုံးတွေနဲ့ အင်မော်တယ်မူလချီတွေကို အကုန် ထောက်ပံ့ပေးခဲ့တာတဲ့… ဒါကြောင့် ယဲ့ဖေးရိုက နတ်ဘုရားအသွင်ပြောင်းနိုင်ခဲ့တာ...”

“ချီးပဲ... ဒီ ရွှမ်ဟွမ်ဘိုးဘေးက ရူးနေတာလား… ဒီလို နတ်ဘုရားအသွင်ပြောင်းရတနာတွေကို ကိုယ်တိုင် မသုံးဘဲနဲ့ သူ့ရဲ့ တာအိုလက်တွဲဖော်ကို ဘာလို့ ပေးသုံးရတာလဲ… ယဲ့ဖေးရို နတ်ဘုရားအသွင်ပြောင်းသွားတဲ့အခါ သူ့ကို ပြန်ပြီး နှိပ်ကွပ်မှာ မကြောက်ဘူးလား...”

“ယဲ့ဖေးရိုက ရွှမ်ဟွမ်ဘိုးဘေးကို ဘယ်လို မန္တန်တွေနဲ့ ပြုစားထားလဲ မသိဘူး… ဒါကြောင့် ရွှမ်ဟွမ်ဘိုးဘေးက ဒီလောက်အထိ ပေးဆပ်ရဲတာ...”

“မိစ္ဆာလမ်းစဉ်က အမျိုးသမီးတွေပဲ ညှို့ဓာတ်ကောင်းတယ်လို့ ပြောကြပေမယ့် တကယ့်တော့ မွန်မြတ်တဲ့လမ်းစဉ်က အမျိုးသမီးတွေကမှ ပိုပြီး ကြောက်စရာကောင်းတာ… ရွှမ်ဟွမ်ဘိုးဘေးလို ပါရမီရှင်တစ်ယောက်ကိုတောင် ဒီလောက်အထိ အရူးအမူး ဖြစ်အောင် လုပ်နိုင်တာလေ...”

“ဒါကြောင့်လည်း သူမက မြူနှင်းနန်းတော်တစ်ခုလုံးကို ရွှမ်ဟွမ်ဂိုဏ်းထဲ ထည့်ပေးခဲ့တာပေါ့… ဒီမိန်းမရဲ့ အကွက်က တကယ်ကို လှလွန်းတယ်...”

“ဟုတ်တာပေါ့… နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားပြီဆိုမှတော့ မြူနှင်းနန်းတော်ကို ဘယ်အချိန်မဆို ပြန်ပြီး တည်ထောင်လို့ ရတာပဲ မဟုတ်လား...”

“တောက်... မိစ္ဆာလမ်းစဉ်မှာကော ဒီလိုမျိုး တာအိုလက်တွဲဖော်မျိုး မရှိဘူးလား… ဘယ်သူများ သွားပြီး ဖြားယောင်းနိုင်မလဲ… အဲ့ဒီ ရွှမ်ဟွမ်ဘိုးဘေးကို ငါတို့ဘက် ပါလာအောင် လုပ်နိုင်ရင် ကောင်းမှာပဲ...”

“ဒါက ဘယ်လိုလုပ် လွယ်မှာလဲ… ရွှမ်ဟွမ်ဘိုးဘေးက အိမ်ထဲက အိမ်ပြင် မထွက်ဘူးလေ.. ဖြားယောင်းဖို့မပြောနဲ့ တွေ့ဆုံဖို့တောင် အခွင့်အရေး မရှိဘူး...”

“ချန်ဂိုဏ်းချုပ်... ခင်ဗျားက ဆယ်ပါးအသွင်ပြောင်း မိစ္ဆာဘုရင်မလေ… ခင်ဗျားမှာ ဘာနည်းလမ်းမှ မရှိဘူးလား… ဒီအတိုင်း ဆက်သွားရင် ငါတို့ မိစ္ဆာလမ်းစဉ်တွေ အကုန်လုံး အမြစ်ပြတ်သွားလိမ့်မယ်… ဒါက သေရေးရှင်ရေး ကိစ္စပဲ...”

ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာကျင့်ကြံသူများစွာ ဆွေးနွေးနေကြတော့သည်။ သူတို့၏ မျက်လုံးများမှာ မနာလိုဝန်တိုမှုကြောင့် နီရဲနေကြ၏။

ယခင်က ယဲ့ဖေးရိုသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ဖြစ်သော်လည်း နတ်ဘုရားအသွင်ပြောင်းနိုင်ရန်မှာ မျှော်လင့်ချက် မရှိသလောက်ပင်။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း၊ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီး နှစ်ပေါင်းတစ်ရာအကြာတွင် သူမသည် အောင်မြင်စွာ နတ်ဘုရားအသွင်ပြောင်းနိုင်ခဲ့ချေပြီ။

ဤသည်မှာ ချန်လန်ပင်လယ်ဒေသရှိ ရှေးဘိုးဘေးပေါင်းများစွာကို ကျော်တက်သွားခြင်းပင် ဖြစ်ပေသည်။

“ဟားဟား... ကျုပ် စောစောကတည်းက ပြောသားပဲ… အဲ့ဒီ မွန်မြတ်တဲ့လမ်းစဉ်က အမျိုးသမီးတွေဟာလည်း ဘာမှ မထူးပါဘူးလို့...”

“အားလုံးက အောက်တန်းစားတွေချည်းပဲ...”

“အထူးသဖြင့် အဲ့ဒီ မြူနှင်းနန်းတော်သခင် ယဲ့ဖေးရိုပေါ့...”

“အပေါ်ယံမှာတော့ သန့်ရှင်းစင်ကြယ်သလို ဟန်ဆောင်နေပေမယ့် တကယ်တမ်းတော့ သူမလည်း အောက်တန်းစားမပဲ...”

“အရင်က ဘာမှ မဖြစ်သလို နေပြနေတာက သူ့ကိုယ်သူ ဈေးကောင်းပေးနိုင်အောင် ဟန်ဆောင်နေတာပဲ...”

“အခု ဈေးကောင်းပေးနိုင်တဲ့ ယောက်ျားနဲ့ တွေ့တော့ အရှက်မရှိဘဲ ခုန်တက်တော့တာပဲ… နည်းနည်းမှကို တွန့်ဆုတ်မနေဘူး... ဟမ့်…”

ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ချန်ဇီယွင်က အံကြိတ်လျက် ပြောလိုက်လေသည်။ သူမသည် ယဲ့ဖေးရို နတ်ဘုရားအသွင်ပြောင်းသွားသည့် သတင်းကို ကြားရသောအခါ မနာလိုဝန်တိုမှုကြောင့် အသည်းနှလုံးများ လောင်ကျွမ်းမတတ် ဖြစ်နေရရှာသည်။

အမှန်အတိုင်း ပြောရလျှင် သူမသည် ယဲ့ဖေးရို၏ ပါရမီကို ကောင်းကောင်း သိထား၏။ သူမနှင့် အတူတူပင်ဖြစ်ရာ ထူးခြားသော အခွင့်အရေး မရှိပါက နတ်ဘုရားအသွင်ပြောင်းနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော် ယခုမူ ကျိုးစွေ့ကို လက်ထပ်ပြီးနောက်တွင် သူမသည် အောင်မြင်သွားခဲ့ချေပြီ။ ဤကိစ္စကို တွေးမိတိုင်း သူမ အလွန်ပင် မခံမရပ်နိုင် ဖြစ်နေရတော့သည်။

အကယ်၍ ယခင်က သူမသာ ကျိုးစွေ့ကို အရယူနိုင်ခဲ့မည်ဆိုပါက ယခု နတ်ဘုရားအသွင်ပြောင်းနိုင်မည့် အခွင့်အရေးမှာ သူမအတွက် ဖြစ်နေမည် မဟုတ်ပါလော။

ယခုမူ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်ကာ နောင်တရနေရုံသာ ရှိတော့သည်။

“မေးစရာတောင် မလိုပါဘူး… ချန်ဂိုဏ်းချုပ်က အမျိုးသမီးတွေအကြောင်းကို အသိဆုံးပဲ...”

“ကျုပ်လည်း အစကတော့ အဲ့ဒီယဲ့ဖေးရိုကို အေးစက်တဲ့ နတ်သမီးတစ်ပါးလို့ ထင်ထားခဲ့တာ...”

“မထင်မှတ်ဘဲ သူမကလည်း အခြေအနေကြည့်ပြီး ပေါင်းတတ်တဲ့ အမျိုးသမီး ဖြစ်နေတာကိုး...”

“ဒါပေမဲ့ အခု သူမက အမြင့်ဆုံးကို ရောက်သွားပြီလေ… နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် ဖြစ်သွားပြီ...”

“အခု ငါတို့ ဘာလုပ်ကြမလဲ...”

ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာကျင့်ကြံသူများမှာ မတတ်သာဘဲ ပြောလိုက်ကြတော့သည်။

“ဟွန်း...”

ချန်ဇီယွင်က နှာခေါင်းရှုံ့လိုက်လေသည်။

ဤလူမိုက်များက သူမ၏ စိတ်ကူးကို မည်သို့ သိနိုင်ပါမည်နည်း။

ယဲ့ဖေးရိုသည် ကျိုးစွေ့ထံမှ နတ်ဘုရားအသွင်ပြောင်းရတနာများကို ရယူနိုင်ခဲ့လျှင် သူမလည်း ဘာလို့ မရနိုင်ရပါမည်နည်း။

သူမသာ ဆန္ဒရှိပါက ကျိုးစွေ့ကို သေချာပေါက် ဖြားယောင်းနိုင်မည်ဟု ယုံကြည်ထားသည်။ အကယ်၍ နတ်ဘုရားအသွင်ပြောင်းနိုင်မည်ဆိုပါက မိစ္ဆာ၏ အပျိုစင်ဘဝကို ပေးဆပ်ရလျှင်တောင် ထိုက်တန်လှပေသည်။

ဤအကြောင်းကို တွေးမိပြီးနောက် သူမသည် သူမ၏ တပည့်ဖြစ်သူကို ဆက်သွယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

............

All Chapters