အခန်း (၁၃၂)
Vol. 14 Ch. 132
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၂)
ရှန်းယန်မြို့တော်၊ ညီလာခံခန်းမ။
" အရှင်မင်းကြီး " ယွီလျောင်က စစ်ရေးအစီရင်ခံစာကို ကိုင်ပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုးတို့ စစ်သေနာပတိချုပ်ဆီက စစ်ရေးအစီရင်ခံစာကို ရရှိပါတယ်။ "
" ကျွန်တော်မျိုးတို့ လျန်ထျန်းစခန်းရဲ့ စစ်သည်နှစ်သိန်းက ကျောက်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်နေပါပြီ။ သူတို့က ကျောက်မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အခု စစ်သေနာပတိချုပ်က ကျောက်နိုင်ငံရဲ့ အဓိကစစ်ရေးမြို့တော်ဖြစ်တဲ့ ချွီယန်မြို့ကို တိုက်ခိုက်ဖို့ ဦးဆောင်နေပါတယ်။ "
" မြို့ကို ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ်လျန်ပိုက ကာကွယ်နေပါတယ်။ ချွီယန်တိုက်ပွဲက ခက်ခဲလိမ့်မယ်လို့ စစ်သေနာပတိချုပ်က အစီရင်ခံထားပါတယ်။ "
" နားလည်ပြီ။ " ရင်ကျန့်က တည်ငြိမ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဝေနိုင်ငံက ချင်ရဲ့ လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်နေတာ။ အခု ငါတို့တပ်တွေ ထွက်သွားပြီဆိုတော့ ဝေနိုင်ငံက ယင်ချွမ်းကို လှုပ်ရှားပြီမဟုတ်လား။ "
" အရှင်မင်းကြီး ဝေဝူကျိက သူ့တပ်တွေကို ဦးဆောင်ပြီး ချင်ကို တိုက်ခိုက်နေတာ အခုဆို ရက်အတော်ကြာပါပြီ။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။
" ပြီးတော့ ဝေနိုင်ငံလှုပ်ရှားလာပြီးတဲ့နောက်မှာ ယင်ချွမ်းခရိုင်ထဲမှာ ပုန်းအောင်းနေတဲ့ ဟန်အရာရှိတွေက သူတို့ရဲ့ ကိုယ်ပိုင်စစ်တပ်တွေကို စုစည်းပြီး ချင်နိုငငံကို ပုန်ကန်နေလို့ အမြဲတမ်းရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။ စစ်သူကြီးလီထန်ကိုယ်တိုင် သူ့ရဲ့ အထူးစစ်သည်တွေကို ဦးဆောင်ပြီး နှိမ်နင်းနေပါတယ်။ ဒီအစီရင်ခံစာက စစ်သူကြီးလီထန်ဆီကလာတာပါ။ "
" ကျောက်ဖုန်းက စစ်ကူတောင်းလား။ " ရင်ကျန့်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းမည့် စစ်ဆင်ရေးအတွက် အရာအားလုံးကို သေချာစီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုတစ်ခုက ဝေမြို့ပင်ဖြစ်သည်။
" စစ်သူကြီးကျောက်ဖုန်းဆီက စစ်ကူတောင်းတဲ့ အစီရင်ခံစာမရသေးပါဘူး။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။ " ခန့်မှန်းရသလောက် သူက ဘာပြဿနာမှမရှိဘဲ တောင့်ခံထားနိုင်တုန်းပါပဲ။ "
" အဲ့ဒါကောင်းတယ်။ " ရင်ကျန့်က စိတ်အေးစွာဖြင့် ခေါင်းညိမ့်လိုက်သည်။ " ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ဖို့ စစ်သည်အရေအတွက် တော်တော်များများကို အသုံးပြုထားတယ်။ ငါ ယင်ချွမ်းခရိုင်ကို အစိုးရိမ်ဆုံးပဲ။ ဝေဝူကျိရဲ့ တိုက်စစ်က ပြင်းထန်တယ်။ သူက အဆုံးအဖြတ် ပေးနိုင်တဲ့ ရလဒ်တစ်ခုမရမချင်း နောက်ဆုတ်မှာမဟုတ်ဘူး။ "
" ယွီလျောင် မင်း ယင်ချွမ်းကို အနီးကပ်စောင့်ကြည့်ရမယ်။ ခံစစ်မှာ ကျရှုံးမှုတစ်ခုခု ဖြစ်ခဲ့ရင် အချိန်မရွေး ငါ့ကို ချက်ချင်း အသိပေးပါ။ "
" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး ညွှန်ကြားချက်တွေ ပေးထားပြီးပါပြီ။ " ယွီလျောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးမှာ တင်ပြစရာရှိပါတယ် အရှင်မင်းကြီး။ " လီစီက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။ " ဝေဝူကျိရဲ့ သိန်းချီတဲ့ စစ်တပ်ကို အထူးစစ်သည်ငါးသောင်း၊ လက်နက်ချစစ်သည်ငါးသောင်းတည်းနဲ့ ဝေမြို့မှာ ခုခံနေရတာဆိုတော့ ယင်ချွမ်းခရိုင်က ဘယ်ချိန်မဆို ပြိုလဲသွားနိုင်ပါတယ်။ "
" ကျွန်တော်မျိုးရဲ့ အမြင်အရတော့ စစ်သေနာပတိချုပ် ဟွမ်ယိကို စစ်သည်တွေ စုစည်းပြီး စေလွှတ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ "
" တရားရေးဝန်ကြီးက ကျီတွေကို မစီမံရတော့ ဆန်စပါးတွေအကြောင်း မသိသေးဘူးထင်တယ်။ " ဝမ်ဝမ်က ချက်ချင်း ထပြောလိုက်သည်။ " ဒီတစ်ကြိမ်မှာ ချင်နိုင်ငံက စစ်တပ်နှစ်ခုကို အသုံးပြုထားတယ်။ ရိက္ခာသယ်တဲ့ လူသန်ကြီးတွေနဲ့ ထောက်ပို့တပ်ဖွဲ့တွေအပါအဝင် စုစုပေါင်းအင်အားက ခြောက်သိန်းကျော်နေပြီ။ ဒီခြောက်သိန်းရဲ့ နေ့စဉ်ရိက္ခာသုံးစွဲမှုက အရမ်းကြီးမားတယ်။ "
" တကယ်လို့ ငါတို့က နောက်ထပ် စစ်မျက်နှာတစ်ခု ဖွင့်လိုက်ရင် နောက်ထပ် စစ်သည်နှစ်သိန်း ထပ်တိုးမယ်။ ပြီးတော့ ရိက္ခာနဲ့ အသုံးအဆောင်တွေ ထပ်တိုးမယ်ဆိုရင် ချင်နိုင်ငံရဲ့ ရိက္ခာအင်အားက ဒါကို ထောက်ပံ့နိုင်မယ်လို့ ထင်လား။ "
" တကယ်လို့ ယင်ချွမ်းခရိုင်က ကျရှုံးသွားရင် ချင်ရဲ့ စစ်ကြောင်းတစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။ " လီစီက အေးစက်စွာ ပြောလိုက်သည်။
" တကယ်လို့ ယင်ချွမ်းက ကျရှုံးခဲ့ရင် ကျောက်ဖုန်းမှာပဲ အပြစ်ရှိလိမ့်မယ်။ " ဝမ်ဝမ်က ပြန်ပြောလိုက်သည်။ " အရင်ကတည်းက အရှင်မင်းကြီးက ဝေမြို့ဆီကို လုံလောက်တဲ့ ရိက္ခာတွေနဲ့ စစ်သည်တွေကို ခွဲပေးခဲ့ပြီးပြီ။ မြို့တစ်မြို့တည်းကို ကာကွယ်ဖို့ စစ်သည်တစ်သိန်းဆိုတာ လိုတာထက်တောင် ပိုနေပါသေးတယ်။ "
" ကျွန်တော်မျိုးလည်း အဲ့ဒါကို ထောက်ခံပါတယ်။ " ချွန်းယွီယွဲ့က ရှေ့သို့ တက်လာသည်။ " အရှင်မင်းကြီးက ကျောက်ဖုန်းကို စစ်သည်အများကြီး ပေးထားပြီးသားပါ။ တကယ်လို့ သူမြို့ကို မထိန်းထားနိုင်ရင် ဒါက သူ့တာဝန်ပျက်ကွက်တာပဲ။ "
" ဆရာကြီးချွန်း ခင်ဗျားစကားတွေက မပြင်းထန်လွန်းဘူးလား။ " ဟန်ဖေးက အသံမြှင့်ပြီး ပြောလိုက်သည်။ " စစ်သူကြီးကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်ပြီး စွမ်းဆောင်မှုကောင်းတွေ ပြသခဲ့ပြီးသားပါ။ ပြီးတော့ ဝေဝူကျိက ဘယ်လိုလူလဲဆိုတာ ခင်ဗျားတို့ မကြားဖူးဘူးလား။ "
" သူ့ရဲ့ စစ်ကွပ်ကဲနိုင်စွမ်းက လျန်ပိုနဲ့တန်းတူပဲ။ ပြီးတော့ ဒီတစ်ကြိမ်မှာ သူက ဝေစစ်သည်သိန်းချီနဲ့ ချီတက်လာတာပဲ။ ကျောက်ဖုန်းလို လက်ထောက်စစ်သူကြီးကို မပြောနဲ့။ စစ်သေနာပတိချုပ် ဝမ်ကျန့်တို့လို ဝါရင့်စစ်သူကြီးတွေတောင် သူ့ကို ယှဉ်ဖို့ ရုန်းကန်ရလိမ့်မယ်။"
" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ အမြင်အရတော့ စစ်သူကြီးကျောက်ဖုန်းအတွက် အချိန်သတ်မှတ်ချက်တစ်ခု ပေးသင့်ပါမယ်။ အဲ့ဒီသတ်မှတ်ထားတဲ့အချိန်ထိ သူမြို့ကို ခုခံနိုင်ရင် သူတာဝန်ကျေပွန်တယ်လို့ ပြောလို့ရပါတယ်။ "
ဟန်ဖေးက ကျောက်ဖုန်းဘက်မှ နောက်တစ်ကြိမ် ကာကွယ်ပြီးပြေားပေးနေသည်ကို မြင်သောအခါ ချွန်းယွီယွဲ့က မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက ကန့်ကွက်ရန် အကြောင်းပြချက်မရှိပေ။
" ဝေမြို့ကို ရိက္ခာဘယ်နှစ်လစာပို့ထားတာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သည်တစ်သိန်းအတွက် သုံးလစာ လုံလောက်ပါတယ်။ " ဝမ်ဝမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ငါ ကျောက်ဖုန်းကို သုံးလအချိန်ပေးမယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ " သူ ဝေမြို့ကို သုံးလကြာအောင် အထိအခိုက်မရှိ ထိန်းထားနိုင်သရွေ့ သူ့ရဲ့ စွမ်းဆောင်မှုကို ငါအသိအမှတ်ပြုမယ်။ အဲ့ဒီလိုပဲ လီထန်ကိုလည်း ယင်ချွမ်းခရိုင်က ပုန်ကန်သူတွေကို နှိမ်နင်းဖို့ သုံးလအချိန်ပေးမယ်။ "
" အဲ့ဒီနောက်မှာ သူက ယင်ချွမ်းခရိုင်မှာရှိတဲ့ အထူးစစ်သည်အားလုံးကို ဦးဆောင်ပြီး ဝေမြို့ကို စစ်ကူပေရမယ်။ ယင်ချွမ်းမကျရှုံးအောင် သေချာလုပ်ရမယ်။ "
" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " လီစီနှင့် ဟန်ဖေးတို့က ချက်ချင်း ထောက်ခံလိုက်ကြသည်။
ဝမ်ဝမ်နှင့် ချွန်းယွီယွဲ့တို့ကလည်း ကန့်ကွက်ရန် အခွင့်အရေးမရှိတော့ပေ။ ယင်ချွမ်းခရိုင်မှ တပ်ဖွဲ့များက ပုန်ကန်သူများကို နှိမ်နင်းပြီး ဝေမြို့ကို ချီတက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။
" ကျောက်နိုင်ငံက ယန်နိုင်ငံက သူတို့တပ်ဖွဲ့တွေကို ရုတ်သိမ်းလိုက်ပြီလား။ "ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
လက်ရှိအခြေအနေက ရင်ကျန့်က ကျောက်ဘုရင်ကျောက်ယန်ကို ခေါင်းမာစွာဖြင့် ယန်ကို ဆက်တိုက်စေချင်လေသည်။ အကယ်၍ သူတို့တပ်ဖွဲ့များ ပြန်ရောက်လာလျှင် ချင်အတွက် အန္တရာယ်ရှိနိုင်လေသည်။
" အရှင်မင်းကြီး။ "ယွီလျောင်က ပြုံး၍ ပြန်ဖြေလိုက်သည်။ " ကျောက်နိုင်ငံက ယန်နိုင်ငံက သူတို့တပ်ဖွဲ့တွေကို မရုတ်သိမ်းသေးပါဘူး။ အခုထိ ဆက်တိုက်နေတုန်းပါ။ ယန်စစ်တပ်ကလည်း အစွန်းကုန် ခုခံနေတုန်းပါပဲ။ "
" ကောင်းတယ်။ " ရင်ကျန့်က ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ " ကျောက်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ထား။ "
" အမိန့်တော်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ညီလာခံပြီးဆုံးသွားသောအခါ ဟန်ဖေးက ခန်းမကြီးထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်။ လီစီက ခဏလောက်တွန့်ဆုတ်ပြီးနောက် ဟန်ဖေးနောက်သို့ အမြန်လိုက်သွားသည်။
" ညီအကိုဟန် ခဏလောက် စောင့်ပါဦး။ " လီစီက လှမ်းခေါ်လိုက်သည်။
လီစီ၏ အသံကို ကြားသောအခါ ဟန်ဖေးက လှောင်ပြုံးပြုံးလိုက်သည်။ အကျဉ်းထောင်ထဲမှ အဖြစ်အပျက်ပြီးကတည်းက သူက လီစီကို သတိနှင့် အမြဲစောင့်ကြည့်နေခဲ့သည်။ ကျောက်ဖုန်း၏ သတိပေးချက်သာမရှိလျှင် သူက ဘာသံသယမှရှိမည်မဟုတ်ပေ။ လီစီ အကျဉ်းထောင်ထဲသို့ လာလည်သောနေ့က သူ၏ သေနေ့ ဖြစ်သွားပေလိမ့်မည်။
" ညီအကိုလီ ဘာကိစ္စရှိလို့လဲ။ " ဟန်ဖေးက လှည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
" ဒီနေ့ ချွန်းယွီယွဲ့ကို နှိပ်ကွပ်တာ တကယ်ကောင်းတယ်။ " လီစီက ပြုံး၍ ပြောလိုက်သည်။ " ဒါက အရှင်မင်းကြီးက ညီအကိုဟန်ကို ဘယ်လောက်အလေးထားလဲဆိုတာ ပြနေတာပဲ။ "
" အရှင်မင်းကြီးက ထူးချွန်တဲ့ ပါရမီနဲ့ နည်းဗျူဟာတွေရှိတဲ့သူပါ။ သူက အခြေအနေကို ထိုးထွင်းသိမြင်နိုင်တယ်။ ငါက အခြေအနေအရ လုပ်ဆောင်ရုံပါပဲ။ " ဟန်ဖေးက စကားအများကြီးမပြောပေ။
" ငါ အခု ရှောက်ဖူမှာ တာဝန်ကျနေတာဆိုတော့ အလုပ်တွေရှုပ်နေတယ်။ ငါ့ကို သွားခွင့်ပြုပါဦး ညီအကိုလီ။ "
ဟန်ဖေးက ပြောပြီးသည်နှင့် လျင်မြန်စွာ ထွက်ခွာသွားသည်။
ယင်ချွမ်းခရိုင်။
" စစ်သူကြီးလီ။ " စွန်းထင်က အစီရင်ခံလိုက်သည်။ " ယင်ချွမ်းရဲ့ နေရာအနှံ့မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။ စစ်သူကြီးညွှန်ကြားချက်အတိုင်း ကျွန်တော်င စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ပုန်ကန်သူတွေကို နှိမ်နင်းနေပါတယ်။ လက်ရှိရှုပ်ထွေးတဲ့ အခြေအနေတွေအရ သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ ရက်အတော်ကြာပါလိမ့်မယ်။ "