အခန်း (၁၃၃)
Vol. 14 Ch. 133
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၃)
" စွန်းထင် ကျောက်ဖုန်းက အခုထိ စစ်ကူတောင်းတဲ့ အစီရင်ခံစာမပို့သေးဘူးလား။ " လီထန်၏ အမူအရာက စိုးရိမ်နေသည်။
" စစ်သူကြီးကျောက်ဆီက အကူအညီတောင်းတာ မရှိသေးပါဘူး။ " စွန်းထင်က ပြန်ဖြေလိုက်သည်။ " ကျွန်တော်ရထားတဲ့သတင်းအရ ဝေမြို့က ဘးကင်းနေတုန်းပါပဲ။ "
" ဝေဝူကျိကိုယ်တိုင် ဦးဆောင်ပြီး တိုက်နေတာဆိုတော့ ကျောက်ဖုန်းက ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး။ သူဘယ်လောက်ကြာကြာခံနိုင်မလဲသိချင်မိတယ်။ တကယ်လို့ ဝေမြို့ကျဆုံးသွားပြီး ဝေစစ်တပ်က တိုက်ရိုက်ဝင်လာရင် ယင်ချွမ်းက အန္တရာယ်ရှိသွားလိမ့်မယ်။ " လီထန်က အမှန်တကယ် စိုးရိမ်နေသည်။
" ကျွန်တော်တို့က ယင်ချွမ်းခရိုင်ထဲက ပုန်ကန်သူတွေကို ချေမှုန်းဖို့ပဲ။ ဝေမြို့ကိစ္စနဲ့ ပက်သက်ရင်တော့ စစ်သူကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ " စွန်းထင်က သတိထားပြီး ပြောလိုက်သည်။
" မင်းဘာပြောလိုက်တာလဲ။ " လီထန်က မျက်မှောင်ကြုတ်သွားသည်။ " ဝေမြို့ကျဆုံးသွားရင် ကျောက်ဖုန်းမှာ အပြစ်ရှိပေမယ့် ယင်ချွမ်ခရိုင်က အခု ငါတို့ချင်နယ်မြေဖြစ်သွားပြီ။ တကယ်လို့ ဝေမြို့ကျဆုံးသွားရင် ယင်ချွမ်းက အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်။ အဲ့ဒါကို ငါက ငါနဲ့မဆိုင်ဘူးဆိုပြီး ဘေးမှာ ရပ်နေရမှာလား။ "
" ကျွန်တော်စကားမှားသွားပါတယ်။ " စွန်းထင်က ချက်ချင်း ဦးညွှတ်လိုက်သည်။ " ဒါပေမယ့် လက်ရှိအခြေအနေကို ကြည့်ရင် ဝေမြို့က အန္တရာယ်ရှိနေရင်တောင် ကျွန်တော်တို့ ဘာမှမလုပ်နိုင်သေးပါဘူး။ လောလောဆယ် ရင်ချွမ်းခရိုင်က ပုန်ကန်သူတွေကို ဦးစားပေးနှိမ်နင်းရလိမ့်မယ်။ "
" ကျောက်ဖုန်း တောင့်ခံနိုင်ဖို့ မျှော်လင့်ရမှာပဲ။ " လီထန်က ရေရွတ်လိုက်သည်။
ဟုန်ဇီဆိပ်ကမ်းတွင် စစ်တပ်တစ်ခုက အသင့်နေရာယူထားကြသည်။
" စစ်သူကြီး ဟုန်ဇီဆိပ်ကမ်းရဲ့ မြစ်ရေက ဘာလို့အရင်လို့သိပ်ပြီး မကြမ်းတော့တာလဲ။ " ကျန်းဟန်က ယခင်ထက် ပိုမိုတည်ငြိမ်သွားသော ဝေမြစ်ကို ကြည့်ပြီး အံ့ဩစွာ မေးလိုက်သည်။
" ဝေမြို့ကို မရောက်ခင်ကတည်းက ငါ ဝေမြစ်ရဲ့ ရေပြင်အနေအထားကို စုံးစမ်းဖို့ လူလွှတ်ထားပြီးသားပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" နှစ်တိုင်းဆောင်းရာသီကုန်ပြီး ဒုတိယလနဲ့ တတိယလတွေမှာ ဝေမြစ်ရဲ့ ရေမျက်နှာပြင်က ကျဆင်းလေ့ရှိတယ်။ အခုက အကောင်းဆုံး အချိန်ပဲ။ "
ကျန်းဟန်၏ မျက်နှာပေါ်တွင် အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
" စစ်သူကြီးက ဝေမြို့ကို စရောက်ကတည်းက ဝေနိုင်ငံအတွက် အစီအစဉ်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်လုံးဝမထင်ထားမိဘူး။ ဒီလိုကြိုတင်စီစဉ်နိုင်စွမ်းကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်။ "
" ချင်နဲ့ဝေက စစ်ဖြစ်ဖို့ ကံပါလာပြီးသားပဲ။ အဲ့ဒီတုန်းက ကြိုတင်ခန့်မှန်းမှုသက်သက်ပဲ။ အခုတော့ အဲ့ဒါက အကျိုးရှိသွားပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" လေးသည်တော်တွေ အသင့်ပြင်ထား။ ဟိုဘက်ကမ်းမှာ ဝေစစ်တပ်ကို မြင်တာနဲ့ မြားတွေပစ်ကြ။ လှေတွေဖောင်တွေနဲ့ ယာယီတံခါးတစ်ခု တည်ဆောက်ထားကြ။ စစတပ်က စနစ်တကျ ဖြတ်ကူးမယ်။ "
" အမိန့်အတိုင်းပါ စစ်သူကြီး။ " စစ်သည်အားလုံးက ပြန်ဖြေလိုက်ကြသည်။
ထို့နောက် စစ်သည်များက အသစ်တည်ဆောက်ထားသော လှေများနှင့်ဖောင်များကို တစ်စင်းပြီးတစ်စင်း သယ်ဆောင်လာပြီး ငြိမ်သက်နေသော ဝေမြစ်ထဲသို့ ချလိုက်ကြသည်။ စစ်သည်များက ဘေးချင်းယှဉ်ပြီး တစ်ဖက်ကမ်းကို လှော်ခတ်သွားကြသည်။
တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် စစ်သည်ရာချီက ကုန်းပေါ်သို့ တင်လိုက်ကြသည်။ သူတို့က တိုက်ခိုက်ရန် အလျင်မလိုဘဲ ပြင်ဆင်လာသော သစ်သားတိုင်များကို မြေကြီးထဲသို့ စိုက်သွင်းလိုက်ကြသည်။
" သံကြိုးတွေ...." တစ်ဖက်ကို ပထမဆုံးရောက်သော တပ်မှူးက ချက်ချင်း အမိန့်ပေးလိုက်သည်။
သူတို့က သံကြိုးများကို ယူလာပြီး အစွန်းတစ်ဖက်ကို တိုင်များတွင် ချည်၊ နောက်တစ်ဖက်ကို လှေများနှင့် ဖောင်များတွင် ချည်လိုက်ကြသည်။ ထို့နောက် အခြားလှေများနှင့် ဖောင်များကို သံကြိုးများနှင့်ချိတ်ဆက်ပြီး တံခါးတစ်ခု ဖန်တီးလိုက်ကြသည်။
အချိန်အတော်ကြာပြီးသောအခါ ကျန်းဟန်က စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်သည်။ " စစ်သူကြီး တံတားပြီးသွားပါပြီ။ "
ထိုတံတားနှင့် သူတို့က တစ်ဖက်ကမ်းကို အလုံးအရင်းနှင့် ဝင်ရောက်နိုင်ပြီး ဝေနိုင်ငံကို အလစ်ငိုက်တိုက်ခိုက်နိုင်လေသည်။ ကျောက်ဖုန်းက ဘာမှမပြောပေ။ သူက မြင်းပေါ်တက်ပြီး ယခုအချိန်ထိ အသုံးမပြုရသေးသော အာဏာရှင်လှံကို ကိုင်လိုက်သည်။
အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး စစ်မြင်းကို စီးကာ အာဏာရှင်လှံကို ကိုင်ဆောင်ထားသော ကျောကဖုန်းက ယခုအချိန်တွင် အလွန်ခန့်ညားထည်ဝါနေသည်။
" ညီအကိုတို့..." ကျောက်ဖုန်းက အော်လိုက်သည်။ " ဒီနေ့က ငါတို့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုတွေကို ရယူရမယ့်နေ့ပဲ။ ဒီနေ့က ငါတို့ ကြီးမားတဲ့ စွမ်းဆောင်မှုကို လုပ်ဆောင်ရမယ့်နေ့ပဲ။ ငါနဲ့အတူ ဝေနိုင်ငံထဲကို လိုက်ပြီး သမိုင်းဝင်မယ့် နေ့ကို ဖန်တီးလိုက်ကြစို့။ "
သူက မြင်းကို မောင်းနှင်ပြီး တံတားပေါ်မှ တစ်ဖက်ကမ်းသို့ ဦးတည်သွားသည်။ စစ်သည်များကလည်း စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်ပြီး တံတားမှတစ်ဆင့် ဝေနိုင်ငံထဲသို့ ဦးတည်သွားကြသည်။
တစ်ဖက်ကမ်းတွင် ဝေဝူကျိ၏ တပ်စခန်းတစ်ခုက ထိုနေရာတွင် တပ်စွဲထားသည်။
" နျိုတ မင်းဝေမြစ်မှာ ကင်းလှည့်နေရမှာမဟုတ်လား။ ဘာလို့စခန်းထဲမှာ ရှိနေတာလဲ။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။
" တပ်မှူး...." နျိုတက ရယ်ပြီး ပြန်ဖြေလိုက်သည်။ " ကျွန်တော် ကင်းတစ်ခေါက် လှည့်ပြီးပါပြီ။ ထူးထူးခြားခြား ဘာမှမရှိပါဘူး။ "
" အထက်အမိန့်က နေ့တိုင်း ကင်းလှည့်နေဖို့လေ။ မင်းက တစ်ခေါက်တည်းနဲ့ ဘယ်လိုလုပ်ပြန်လာရတာလဲ။ " တပ်မှူးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" တပ်မှူး တပ်စုတိုင်းက ဒီလိုပဲ ကင်းလှည့်နေကြတာပဲ။ " နျိုတက ပြောလိုက်သည်။ " ဟုန်ဇီဆိပ်ကမ်းက ရေးစီးသန်တာနဲ့ နာမည်ကြီးတာပဲ။ ချင်စစ်တပ်မပြောနဲ့ သင်္ဘောကြီးတွေတောင် ဖြတ်ဖို့ခက်တယ်။ စိုးရိမ်စရာဘာမှမရှိဘူး။ "
နျိုတ၏ စကားကို ကြားသောအခါ တပ်မှူးက အခြေအနေကို သိသောကြောင့် ဘာမှမပြောတော့ပေ။ သို့သော် ထိုအချိန်တွငိ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း....
" ဒါဘာသံလဲ။ " တပ်မှူးက ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ဝေမြစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အဝေးတွင် ချင်နိုင်ငံ၏ အနက်ရောင်အလံများက လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ ထိုအလံများအောက်တွင် အနက်ရောင်ချပ်ဝတ်များနှင့် ချင်စစ်တပ်ရှိနေသည်။
" မကောင်းတော့ဘူး။ ချင်စစ်တပ်က မြစ်ကို ဖြတ်ကျော်လာပြီ။ တိုက်ပွဲအတွက် ပြင်ဆင်ကြ။ " တပ်မှူးက အော်ဟစ်လိုက်သည်။
ရွှီး....
ထိုခဏတွင် မြားတစ်စင်းက လေကို ထိုးခွင်းပြီး ဝေတပ်မှူး၏ လည်ပင်းကို တိုက်ရိုက်ထိုးဖောက်သွားသည်။ သူက နောက်သို့ လှန်ကျသွားပြီး ဒဏ်ရာကို လက်နှင့် ဆုပ်ကိုင်ကာ ပြင်းထန်စွာ ရုန်းကန်နေသည်။ ပထမမြား၏ နောက်တွင် မြားမိုးများ ရွာချလာသည်။
ရွှီ ရွှီ ရွှီ....
အပေါ်မှ မြားပေါင်းထောင်ချီက မိုးရွာသကဲ့သို့ ကျဆင်းလာသည်။
" အား..."
" ရန်သူတွေ တိုက်ခိုက်နေပြီ။ "
" ချင်စစ်တပ်က မြစ်ကို ဖြတ်ကျော်လာပြီ။ မြန်မြန်ဆုတ်ကြ။ "
ထိုရုတ်တရက် တိုက်ခိုက်မှုက ဝေစစ်တပ်ကို အလစ်ငိုက်မိသွားစေသည်။ မြားမိုးများအောက်တွင် ဝေစစ်သည်များက သွေးအိုင်ထဲတွင် လဲကျကုန်သည်။ စခန်းတစ်ခုလုံးက ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး လူတိုင်းက နေရာအနှံ့သို့ ထွက်ပြေးကြသည်။
သူတို့၏ တပ်မှုးက သေသွားပြီဖြစ်သောကြောင့် ခုခံရန် အမိန့်ပေးမည့်သူ မရှိတော့ပေ။ ထိုအချိန်တွင် သူတို့၏ တစ်ခုတည်းသော အတွေးမှာ ထွက်ပြေးရန်သာဖြစ်သည်။
ချင်အလံများက ပိုမိုနီးကပ်လာပြီး သူတို့၏ ခြေသံများကလည်း ပိုမိုကျယ်လောင်လာသည်။
" သတ်ကြ..." ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ပြီး အာဏာရှင်လှံကို ကိုင်ဆွဲကာ ဝေစခန်းထဲသို့ ဝင်ရောက်သွားသည်။
သူက လှံရှည်ကို ဝှေ့ရမ်းပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ ရှေ့မှ ဝေစစ်သည်များက တုန့်ပြန်ရန် အခွင့်အရေးမရလိုက်ပေ။ ဝေစစ်သည်များက အာဏာရှင်လှံ၏ ရိုက်ခတ်မှုကြောင့် ချက်ချင်း သေဆုံးသွားကြသည်။
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၅မှတ် ရရှိပါတယ်။ "
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်း၏ စိတ်ထဲတွင် အသိပေးချက်များ ထွက်ပေါ်လာသည်။ ၎င်းက ရန်သူများကို သတ်ဖြတ်ရန် သူ၏ တွန်းအားပင်ဖြစ်သည်။ ကျောက်ဖုန်း၏ နောက်တွင် ချင်စစ်တပ်က အင်အားအလုံးအရင်းနှင့် ဝင်ရောက်လာသည်။
သူတို့အားလုံးက အထူးစစ်သည်များဖြစ်စေ၊ အပြစ်သားတပ်ဖွဲ့များဖြစ်စေ လူတိုင်းက ရန်သူကို သတ်ပြီး စစ်ရေးစွမ်းဆောင်မှုများရယူရန် ဆန္ဒပြင်းပြနေကြသည်။
" တစ်ယောက်မှအရှင်မထားနဲ့။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။
သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေသည်။ တစ်နာရီမပြည့်ခင် စစ်သည်တစ်ထောင်တပ်စွဲထားသော ဝေတပ်စခန်းက လုံးဝ ချေမှုန်းခံလိုက်ရသည်။
တိုက်ပွဲငြိမ်သက်သွားသောအခါ ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်လိုက်သည်။ "ငါတို့အကျအဆုံး ဘယ်လာက်ရှိလဲ။ "
" စစ်သူကြီးကို အစီရင်ခံပါတယ်။ " ကျန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။ " ဒီတိုက်ပွဲမှာ ကျွန်တော်တို့ စစ်တပ်က ဒဏ်ရာရသူ ခုနှစ်ဆယ်ကျော်ရှိပေမယ့် သေဆုံးသူတော့မရှိပါဘူး။ "
ထိုတိုက်ပွဲက အလစ်ငိုက်တိုက်ခိုက်ခြင်းဖြစ်သည်။ ကျောက်ဖုန်းက ဝေတပ်မှူးကို မြားတစ်စင်းနှင့် အပြတ်ရှင်းခဲ့သောကြောင့် ဝေစခန်းက ခံစစ်ကို ကောင်းစွာ မတည်ဆောက်နိုင်ကြတော့ပေ။ အင်အားသာလွန်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့က အောင်ပွဲကို အလွယ်တကူရရှိခဲ့ကြသည်။
" စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ " ချပ်ဝတ်မရှိတဲ့ အပြစ်သားတပ်ဖွဲ့က စစ်သည်တွေက ဝေစ်သည်အလောင်းတွေဆီက ချပ်ဝတ်တွေကို ချွတ်ပြီး ဝတ်ဆင်ကြ။ အမွှေးတိုင်တစ်တိုင်စာ အနားယူပြီးရင် ငါတို့တိုက်စစ်ကို ဆက်မယ်။ "
" အမိန့်အတိုင်းပါ။ " စစ်သည်များအားလုံးက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။