← Chapters

အခန်း (၁၃၇)

Vol. 14 Ch. 137

အခန်း (၁၃၇)

Vol. 14 Ch. 137

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၃၇)

ဝေမြို့။

" သတ်ကြ...ဝေမြို့ကို ထိုးဖောက်ကြ...."

မြို့အပြင်ဘက်တွင် ဝေစစ်တပ်က ရူးသွပ်စွာဖြင့် ဟိန်းဟောက် တိုက်ခိုက်နေကြသည်။ ဝေဝူတပ်ဖွဲ့၏ ပြင်းထန်သော ထိုးစစ်အောက်တf မြို့တံခါးက မြို့သိမ်းတူကြီးများကြောင့် ပျက်စီးပွင့်ထွက်သွားခဲ့ပြီဖြစ်သည်။

တံခါးရှေ့တွင် နေရာတစ်ခုလုံးက သွေးချောင်းစီးတိုက်ပွဲ ဖြစ်ပျက်နေသည်။ မြို့ထဲမှာရော မြို့ပြင်မှာပါ အလောင်းများက တောင်လိုပုံနေသည်။ ဝေဝူကျိက သူ၏ အဓိကတပ်ဖွဲ့ကို အသုံးပြုခဲ့သည်မှာ ခုနှစ်ရက်မြောက်နေ့ရှိပြီဖြစ်သည်။

ဝေဝူတပ်ဖွဲ့၏ ရက်စက်မှုကို ထည့်တွက်လျှင် ဝေမြို့ကို ယခုထိမသိမ်းပိုက်နိုင်သေးခြင်းက ခုခံနေသော ချင်စစ်တပ်၏ ခိုင်မာလှသော ခုခံမှုကို သက်သေပြနေသည်။

" ညီအကိုတို့ သတ်ကြ...."

" ငါတို့ ဝေမြို့ကို ထိန်းထားနိုင်သရွေ့ ငါတို့အားလုံးက ကြီးမားတဲ့ စွမ်းဆောင်မှုတွေကို ရရှိကြလိမ့်မယ်။ "

တုဆွေ၊ ဝေချွမ်နှင့် လျူဝမ်တို့က ချင်စစ်သည်များနှင့်အတူ ဟိန်းဟောက်လိုက်ကြသည်။ အနီးကပ်တိုက်ပွဲက အပြင်းအထန် ဆက်ဖြစ်နေကြသည်။ စစ်သည်တိုင်းက နောက်ဆုံးအချိန်ထိ ခုခံနေကြသောကြောင့် သူတို့က ကြောက်စရာကောင်းသော ဝေဝူတပ်ဖွဲ့ကို မြို့ရိုး၏ ပထမဆုံးခံစစ်စည်းမှာပင် တားဆီးထားနိုင်ခဲ့ပြီး သွေးပင်လယ်ကြားမှ ခုခံရေးစည်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။

မြို့အပြင်ဘက်မှာတော့ ဝေဝူကျိက မျက်မှောင်တင်းတင်းကြုတ်ထားသည်။ သူ့အတွက် ဤမြို့လေးမှ ရသော ဖိအားက အလွန်ကြီးမားနေသည်။ ဝေမြို့ကို တိုက်ခိုက်သည်မှာ ရက်နှစ်ဆယ်နီးပါး ကြာမြင့်နေပြီဖြစ်သည်။

သူ့ဘက်က စစ်သည်သောင်းချီ ကျဆုံးပြီးသော်လည်း မြို့ကို မထိုးဖောက်နိုင်သေးပေ။ ယခုလည်း ထိပ်တန်း ဝေဝူတပ်ဖွဲ့က ခုနှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော်လည်း မြို့ရိုးပေါ်မှ တိုက်ပွဲများက ပြင်းထန်နေဆဲ ဖြစ်ပြီး သူတို့က မြို့ရိုးအပြင်ဘက်မှာပဲ တားဆီးခံထားရတုန်းဖြစ်သည်။

ပြောရလျှင် ထိုမျှအချိန်ကြာအောင် ဝေဝူတပ်ဖွဲ့များက မြို့ရိုးပေါ်တွင် သွေးချောင်းစီးတိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။ မြို့တံခါးများက ထိုးဖောက်ခံလိုက်ရပြီး သူတို့၏ စစ်သည်များက အထဲသို့ ဝင်ရောက်သွားကြသော်လည်း ထိုနေမှ တိုက်ပွဲက လျော့ပါးသွားခြင်းမရှိပေ။

" ချင်နိုင်ငံရဲ့ အင်အားက ဒီလောက်တောင် သန်မာတာလား။ ချင်စစ်သည်ငါးသောင်းနဲ့ လက်နက်ချစစ်သည်ငါးသောင်းက ငါ့ရဲ့ ထိပ်တန်းဝေဝူတပ်ဖွဲ့ဝင်ငါးသောင်းကို ယှဉ်နိုင်နေပါလား။ ချင်နိုင်ငံရဲ့ စွမ်းအားက တကယ်ပဲ တားဆီးလို့မရတော့ဘူး။ တစ်လောကလုံးက သူတို့လက်အောက်ကို ရောက်ဖို့ ကံပါလာတာလား။ "

ထိုရက်နှစ်ဆယ်အတွင်း ဝေဝူတပ်ဖွဲ့အပါအဝင် စစ်သည်တစ်သိန်းခွဲ ချီတက်လာသော်လည်း ဝေဝူကျိက မြို့ကို ယခုထိ မထိုးဖောက်နိုင်သေးပေ။ ဝေဝူကျိက သူ၏ စိတ်ထဲမှ စိတ်ဓာတ်ကျမှုကို ဖယ်ရှားပြီး သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

" ငါမယုံဘူး။ ဝေနိုင်ငံက ချင်နိုင်ငံရဲ့ လက်ထဲမှာ ဘယ်တော့မှ ပျက်စီးမှာမဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ငါတို့ရဲ့ ကံကြမ္မာကို ပုံအောပြီး လောင်းကြေးထပ်မယ်။ တကယ်လို့ ငါတို့က ဟန်နယ်မြေကို မသိမ်းပိုက်နိုင်ရင် အနာဂတ်မှာ ချင်ရဲ့ ဖျက်ဆီးတာကို မလွဲမသွေခံရလိမ့်မယ်။ ဒါပေမယ့် ငါတို့ အောင်မြင်ခဲ့ရင် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ " ဝေဝူကျိ၏ မျက်လုံးထဲတွင် ယုံကြည်မှုများ ပြန်လည်ရောက်ရှိလာသည်။

" အရှင် " ဝေတပ်မှူးတစ်ယောက်က ခါးသီးသော အပြုံးနှင့် ပြောလိုက်သည်။ " ဒီနေ့ဆိုရင် ရှစ်ရက်ပြည့်တော့မှာပါ။ အခုအချိန်မှာ အရှင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကလွဲရင် တပ်ဖွဲ့တိုင်းက တိုက်စစ်ဆင်နေကြပါတယ်။ ဒါပေမယ့် ဒီချင်စစ်သည်တွေက အတော်ဇွဲကောင်းကြပါတယ်။ ဝေမြို့ကို သိမ်းဖို့ နောက်ထပ်အချိန်တစ်ခု လိုဦးမယ်ထင်ပါတယ်။ "

ထိုပင်ပန်းဆင်းရဲလှသော စစ်ဆင်ရေးက သာမန်ဝေတပ်မှူးများမပြောနှင့် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်လာသော ဝေဝူကျိကဲ့သို့ ဝါရင့် စစ်သေနာပတိချုပ်တစ်ယောက်ကိုပင် ထိတ်လန့်ပြီး စိတ်ပျက်စေခဲ့သည်။

" ဘယ်လောက်ပဲ ပေးဆပ်ရပါစေ။ ဟန်နယ်မြေကို ရအောင်သိမ်းပိုက်ရမယ်။ " ဝေဝူကျိက ပြတ်သားစွာ ပြောလိုက်သည်။ " အဲ့ဒါမှ ငါတို့ဝေနိုင်ငံ မပျက်စီးအောင် လုပ်နိုင်လိမ့်မယ်။ "

သူ၏ စကားအဆုံးတွင် နောက်မှ မြင်းခွာသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

" အစီရင်ခံပါတယ်။ " အသံတစ်ခုက အော်ဟစ်လိုက်သည်။ " အရှင် ကြီးမားတာ တစ်ခုခုဖြစ်နေပါပြီ။ "

မြင်းစီးသံတမန်တစ်ယောက်က စစ်သည်များကို ဖြတ်ကျော်ဝင်ရောက်လာပြီး မြင်းပေါ်မှ ခုန်ဆင်းကာ ဝေဝူကျရှေ့တွင် ဒူးထောက်လိုက်သည်။

" ဘာဖြစ်တာလဲ။ " ဝေဝူကျိက ထိုလူ၏ အခြေအနေကို ကြည့်ပြီး အံ့ဩစွာ မေးလိုက်သည်။

" ချင် ချင်စစ်တပ်က ရှန်းဝေမြို့ကို သိမ်းပိုက်လို​က်ပါပြီ။ ကျွန်တော်တို့ရဲ့ ရိက္ခာလမ်းကြောင်းက ဖြတ်တောက်ခံလိုက်ပါပြီ။ ချင်စစ်တပ်က ကျွန်တော်တို့ရဲ့ အဓိကစခန်းကိုတောင် ရောက်နေပါပြီ။ ကျွန်တော်က အသက်နဲ့ရင်းပြီး ဒီသတင်းကို လာပို့တာပါ။ " သံတမန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ဝေဝူကျိက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးသွားသည်။ အမြဲတမ်း တည်ငြိမ်နေသော စစ်သေနာပတိချုပ်ကြီးက သူ၏ စစ်ရထားပေါ်မှ ခုန်ဆင်းပြီး သံတမန်ဆီသို့ ပြေးသွားကာ တုန်ယင်နေသာ အသံဖြင့် မေးလိုက်သည်။

" မင်းဘာပြောလိုက်တာလဲ။ "

" ရှန်း ရှန်းဝေမြို့က ချင်စစ်တပ်က သိမ်းလိုက်ပါပြီ။ " သံတမန်က တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။ " ကျွန် ကျွန်တော်တို့ရဲ့ ရိက္ခာလမ်းကြောင်းက ဖြတ်တောက်ခံလိုက်ပါပြီ။ သူတို့က ကျွန်တော်တို့ရဲ့ အဓိကစခန်းကို တိုက်ခိုက်နေပြီး မြို့စောင့်တပ်တွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။ "

" အဲ့ဒီချင်စစ်တပ်က ​ဘယ်ကနေ ရောက်လာတာလဲ။ " ဝေဝူကျိ၏ အသံက ထိန်းချုပ်မရအောင် တုန်ယင်နေသည်။

ချင်စစ်တပ်က ရှန်းဝေမြို့ကို သိမ်းပိုက်ပြီး ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်လိုက်သော်လည်း ဝေဝူကျိအနေဖြင့် သူတို့ဘယ်ကရောလာသလဲဆိုတာကို စဉ်းစားမရဖြစ်နေသည်။ ဝေမြစ်ကို ကာကွယ်ရန် သူက တပ်ဖွဲ့များ ချထားခဲ့သောကြောင့် ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

" အရှင် ချင်စစ်တပ်က ဟုန်ဇီဆိပ်ကမ်းက အင်အားတစ်သောင်းနဲ့ မြစ်ကိုဖြတ်ကျော်လာတာပါ။ " သံတမန်က ပြောလိုက်သည်။

" ဟုန်ဇီဆိပ်ကမ်း...." ဝေဝူကျိ၏ အမူအရာက ပြောင်းလဲသွားသွားသည်။

သူက ချင်စစ်တပ်မှ အလစ်ငိုက်တိုက်ခိုက်ခြင်းကို ကာကွယ်ရန် ဝေမြစ်တစ်လျှောက် အရေးပါသော ဆိပ်ကမ်းများတွင် တပ်စွဲထားခဲ့ခြင်းဖြစ်သည်။ အင်အားအနည်းဆုံးနေရာက ဟုန်ဇီဆိပ်ကမ်းဖြစ်ပြီး ထိုနေရာက မြစ်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

ရေစီးက အလွန်သန်သောကြောင့် လှေများမပြောနှင့် သင်္ဘောများပင် တိမ်းမှောက်နိုင်သော အန္တရာယ်ရှိသည်။ သို့သော် ထိုဟုန်ဇီဆိပ်ကမ်းကပင် သူ့ကို ပျက်စီးစေမည့် နေရာဖြစ်လိမ့်မည်ဟု သူဘ်တငန်းကမှ မထင်ထားခဲ့ပေ။

" အရှင်က ရှန်းဝေမြို့ကို ကာကွယ်ဖို့ စစ်သည်နှစ်သောင်းကို ချန်ခဲ့တာပဲ။ လမ်းတစ်လျှောက်မှာလည်း နောက်ထပ်စစ်သည်တစ်သောင်းရှိသေးတာပဲ။ " ဝေတပ်မှူးတစ်ယောက်က ထိတ်လန့်စွာ ပြောလိုက်သည်။

" ချင်စစ်တပ်က ဘယ်လောက်အားကောင်းကောင်း မြို့ကို ဘယ်လိုလုပ် ဒီလောက်အလွယ်တကူ သိမ်းနိုင်တာလဲ။ " ဝေဝူကျိ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ အသံက အားနည်းသွားသည်။

ဝေနိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဤတိုက်ပွဲက ရှုံးနိမ့်ခြင်း၏ အရိပ်အယောင်များ စတင်ပြသနေပြီဖြစ်သည်။ သူတို့၏ ရိက္ခာလမ်းကြောင်းက ဖြတ်တောက်ခံလိုက်ရသောကြောင့် ဝေစစ်တပ်က ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သူတို့၏ ရိက္ခာအများစုကို ရှန်းဝေမြို့တွင် သိုလှောင်ထားခြင်းဖြစ်ပြီး မြို့သိမ်းခံလိုက်ရချိန်တွင် သူတို့၏ အသက်သွေးကြောက ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

" ဝေ ဝေနိုင်ငံရဲ့ ကံကြမ္မာ.... ငါ ငါ ရှုံးသွားပြီ...." ဝေဝူကျိ၏ မျက်လုံးများထဲတွင် မကျေနပ်မှု၊ ခါးသီးမှုများနှင့် ပြည့်နှက်နေသည်။ သူရှုံးနိမ့်သွားခဲ့လေပြီ။

ထိုအချိန်တွင် အဝေးမှ ဝေစစ်စခန်းဆီမှ မြင်းခွာသံများ ထွက်ပေါ်လာပြီး စစ်မြင်းများက တဖြည်းဖြည်း နီးကပ်လာသည်။ ​ေ

" အရှင်..." အနောက်ကင်းတပ်မှ ကင်းထောက်တစ်ယောက်က မြင်းကို အပြင်းနှင်ပြီး ထိတ်လန့်စွာဖြင့် အစီရင်ခံလိုက်သည်။ " ချင်စစ်တပ်က တိုက်ခိုက်နေပါပြီ။ သူတို့က ကျွန်တော်တို့ နောက်ဘက် နှစ်မိုင်အကွာကို ရောက်နေပါပြီ။ "

၎င်းကို ကြားသာအခါ ဝေဝူကျိ၏ ခြေလှမ်းများက ယိုင်နဲ့သွားသည်။ ဝေတပ်မှူးများက သူ့ထံသို့ ပြေးလာပြီး လျင်မြန်စွာ ထိန်းပေးလိုက်ကြသည်။

ဝေဝူကျိက မြို့ကို ဆက်လက်တိုက်ခိုက်နေသော ဝေစစ်သည်များကို ကြဘ့်ပြီး သူ၏ အကြည့်က ပွင့်ထွက်နေသော မြို့တံခါးပေါ်တွင် ရပ်တန့်သွားသည်။ သူ၏ မျက်ခွံများက တုန်ယင်နေပြီး သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

မြို့တံခါးကို ထိုးဖောက်ပြီး မြို့ထဲသို့ ဝင်နိုင်ရန်အတွက် သူတို့က အကျအဆုံးများစွာနှင့် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။ ဟန်နယ်မြေကို တိုက်ရိုက်ကျူးကျော်နိုင်မည့် လမ်းစဖြစ်သော ဝေမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် လက်တစ်ကမ်းသာ လိုတော့သည်။

သို့သော် ယခု ချင်စစ်တပ်က နောက်ကျောမှ တိုက်ခိုက်နေပြီဖြစ်သည်။ သူက ဆုတ်ခွာရန် အမိန့်ပေးရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ၎င်းက သူမလုပ်ချင်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် ထိုသို့ အရေးကြီးသော အချိန်တွင် ဝေဝူကျိအနေဖြင့် ထပ်စဉ်းစားရန် အချိန်မရှိတော့ပေ။

" ဆုတ်ခွာကြ။ ဝန်းရံမှုကို ဖောက်ထွက်ကြ။ " ဝေဝူကျိက လေးလံစွာဖြင့် အမိန့်ပေးလိုက်သည်။ ထိုစကားများကို ပြောပြီးသည်နှင့် သူက အားအင်ကုန်းခမ်းသွားပုံရသည်။

" အရှင်က အမိန့်ပေးလိုက်ပြီ။ ဆုတ်ခွာကြ။ ဝန်းရံမှုကို ဖောက်ထွက်ကြ။ " ဝေတပ်မှူးများက ကျယ်လောင်စွာ အမိန့်ပေးလိုက်ကြသည်။

ဆုတ်ခွာရန် အချက်ပေးသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံက ဝေမြို့တစ်ခုလုံး ဖုံးလွှမ်းသွားပြီး ပြင်းထန်စွာ ထိုးစစ်ဆင်နေကြသော ဝေစစ်သည်များက တစ်ပြိုင်နက် ရပ်တန့်သွားကြပြီး နားမလည်နိုင်ဖြစ်သွားကြသည်။

သို့သော် အချက်ပေးသံက ထွက်ပေါ်လာပြီဖြစ်သောကြောင့် ဝေတပ်မှူးများက မည်မျှနားမလည်နိုင်ဖြစ်စေ သူတို့က နောက်ဆုတ်ရုံကလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

All Chapters