← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၃၉)

ကျောက်ဖုန်းက ဖျက်ဆီးခြင်းလမ်းကြောင်းတစ်ခုကို ထိုးဖောက်နေသည်။ သူ၏ စစ်မြင်းက ရန်သူများတားဆီးမရဘဲ ထိုးဖောက်သွားသည်။ သူ၏ အနီးသို့ ရောက်လာသူမှန်သမျှ အာဏာရှင်လှံအောက်တွင် ကျဆုံးသွားကြသည်။

" လေးသည်တော်တို့...." ဝေပေါက နီးကပ်လာသော ကျောက်ဖုန်းကို အေးစက်စွာ ကြည့်ပြီး အမိန့်ပေးလိုက်သည်။ " သူ့ကို သတ်ကြ။ "

ဝေလေးသည်တော်များက ဝေပေါ၏ ဘေးတွင် လျင်မြန်စွာ စုဝေးလိုက်ကြပြီး ကျောက်ဖုန်းကို ဆက်တိုက် ပစ်ခတ်လိုက်ကြသည်။ ဝေစစ်တပ်က ဖရိုဖရဲဖြစ်နေသော်လည်း ဝေစစ်သည်များက သူတို့၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ မြားမိုးများက ကျောက်ဖုန်းဆီသို့ တိုးဝင်သွားသည်။

" အစစ်အမှန်ချီဒိုင်း " ကျောက်ဖုန်းက သူ၏ ချီများကို လှည့်ပတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ကာကွယ်လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ နတ်ဘုရားအာရုံက ဖြန့်ကျက်သွားသည်။ သူ၏ အာဏာရှင်လှံက ဝေ့ရမ်းသွားပြီး အနီးသို့ ရောက်လာသော မြားများကို ရိုက်ထုတ်လိုက်သည်။ အစစ်အမှန်ချီများ တစ်ချက်ရိုက်ခတ်လိုက်ရုံနှင့် ဆယ်ပေပတ်လည်အတွင်းရှိ မြားမိုးများက ချက်ချင်း လွင့်စင်သွားသည်။

" သူက လူရောဟုတ်ရဲ့လား။ "

" သူက မြားတွေအားလုံးကို တားလိုက်တာလား။ "

၎င်းကို မြင်သောအခါ ဝေစစ်သည်များက ထိတ်လန့်သွားကြသည်။ သို့သော် ကျောက်ဖုန်းက သူတို့၏ ထိတ်လန့်မှုကို ဂရုမစိုက်ပေ။ သူ၏ လှံရှည်က နောက်တစ်ကြိမ် ကခုန်သွားသည်။ သူက ဝေပေါကို ကြည့်ပြီး မြင်းကို အပြင်းနှင်လိုက်သည်။ အစစ်အမှန်ချီများ ထည့်သွင်းထားသော အာဏာရှင်လှံက လေထဲတွင် ဝေ့ရမ်းသွားတိုင်း အလင်းတန်းများ ထုတ်လွှတ်နေသည်။

" အား.... အား...." အလင်းတန်းများ ကျရောက်ရာ နေရာတိုင်းတွင် ဝေစစ်သည်များ၏ အသက်များက ပျောက်ကွယ်သွားသည်။ ဝေစစ်သည်များက လှံအောက်တွင် မညှာမတာ သတ်ဖြတ်ခြင်း ခံနေရသည်။

ကျောက်ဖုန်းက ဝေပေါရှိသော နေရာသို့ တည့်တည့် တိုးဝင်သွားသည်။

" ပေါအာ... မြန်မြန်ဆုတ်တော့...." ဝေဝူကျိက ကျောက်ဖုန်းတိုးဝင်လာသည်ကို မြင်သောအခါ အလောတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ဝေပေါ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ သို့သော် ဝေဝူကျိ၏ အော်သံကို ကြားလိုက်ရသောအခါ သူ၏ ကြောက်ရွံ့မှုများကို သတ္တိများက လွှမ်းမိုးသွားသည်။

" ဆုတ်ခွာနေတုန်း အရှင်ကို ကာကွယ်ကြ။ ဝေနိုင်ငံမှာ အရှင်မရှိလို့မဖြစ်ဘူး။ " ဝေပေါက မြင်းပေါ်မှ လှံရှည်ကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

သူ့ဆီသို့ တိုက်စစ်ဆင်လာသော ကျောက်ဖုန်းကို ကြည့်ပြီး ဝေပေါ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်သွားသည်။ သူက သူ၏ လှံရှည်ကို ပြိုင်ဘက်ဆီသို့ ချိန်ရွယ်လိုက်သည်။

" ငါ ဝေမျိုးရိုး အရှင်ရှင်းလင်းရဲ့ တူပဲ။ ငါ အသေခံတိုက်မယ်။ ကျောက်ဖုန်း မင်းငါနဲ့ တိုက်ရဲသလား။ "

ကျောက်ဖုန်းက သူ၏ ရှေ့မှ ဝေပေါကို ကြည့်ပြီး ဘာမှပြန်မပြောပေ။ သူက လက်ထဲမှ လှံကို ကိုင်ကာ မြင်းကို နှင်ပြီး ရှေ့သို့ တိုးဝင်သွားသည်။

" သတ်..." ဝေပေါကလည်း သူ၏ လှံရှည်ကို မြှောက်ပြီး တိုက်ခိုက်လိုစိတ်အပြည့်နှင့် ကျောက်ဖုန်းကို တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ယောက် ဆုံတွေ့ချိန်တွင် ကျောက်ဖုန်းက အာဏာရှင်လှံကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ လျှပ်စီးကဲ့သို့ လျင်မြန်သော လှံက ဝေပေါ၏ ချပ်ဝတ်နှင့် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

" အား...." ဝေပေါက အသည်းခိုက်မတတ် နာကျင်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" ပေါအာ..." ဝေဝူကျိက ထိုအော်သံကို ကြားသောအခါ သူ၏ နှလုံးသားတစ်ခုလုံး ဆုပ်ညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ့တွင် ကိုယ်ပိုင်သားသမီးမရှိပေ။ သူ၏ တူဖြစ်သူ ဝေပေါက သူ၏ အနီးစပ်ဆုံး ဆွေမျိုးဖြစ်ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့ဖြစ်သည်။

ကျောက်ဖုန်းက ၎င်းကို ဂရုမစိုက်ပေ။ စစ်မြေပြင်တွင် ရဲဘော်နှင့် ရန်သူသာ ရှိသည်။ သူက အားအနည်းငယ် ထုတ်လိုက်ရုံနှင့် လှံထိပ်မှ ဝေပေါ၏ ရုပ်အလောင်းကို မြှောက်ပြီး ပတ်ဝန်းကျင်မှ ဝေစစ်သည်များအားလုံး မြင်အောင် ပြလိုက်သည်။

" စစ်သူကြီးဝေ...."

" သူ စစ်မြေပြင်မှာ အသတ်ခံလိုက်ရပြီ။ "

ပတ်ဝန်းကျင်မှ ဝေစစ်သည်များက မြှောက်ထားသော ဝေပါ၏ အလောင်းကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သို့သော် စစ်သည်အများစုကတော့ ဒေါသများနှင့် ပြည့်နှက်သွားသည်။ သူတို့အတွက်တော့ ကျောက်ဖုန်း၏ လုပ်ရပ်က အကြီးမားဆုံး စော်ကားမှုဖြစ်သည်။

" သူ့ကို သတ်ကြ။ စစ်သူကြီးဝေအတွက် လက်စယးချေကြ။ "

" သတ်...." ဝေစစ်တပ်မှ တပ်မှူးတစ်ယောက်က လှံရှည်ကို ကိုင်ပြီး ကျောက်ဖုန်းကို တိုက်ခိုက်လိုက်သည်။

အခြားဝေစစ်သည်များကလည်း ကျောက်ဖုန်းဆီကို ဝိုင်းအုံလာကြပြီး သူတို့အားလုံးက ကြောက်စရာကောင်းသော ဝေဝူတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

" ဝေစစ်သူကြီး ဝေပေါကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၃၀မှတ် ရရှိပါတယ်။ "

" သူက စစ်သူကြီးတစ်ယောက်ပဲ။ " ကေ​ကျောက်ဖုန်းက စိတ်ထဲမှ ရယ်မောလိုက်သည်။ ထို့နောက် သူက လှံကို ခါထုတ်လိုက်ပြီး ဝေပေါ၏ အလောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

သူက ဝေဝူတပ်ဖွဲ့များကို ရင်ဆိုင်ရသော်လည်း ကြောက်လန့်ခြင်းမရှိပေ။ သူက လှံရှည်ကို ဝေ့ရမ်းပြီး အစစ်အမှန်ချီများနှင့် တိုက်ခိုက်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း....

လှံရှည်ဖြတ်သန်းသွားသောအခါ သူ၏ ရှေ့မှ ဝေဝူတပ်ဖွဲ့ဝင်များ၏ ဒိုင်းများက ပျက်စီးသွားပြီး စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် မြေပြင်သို့ လဲကျသွားကြသည်။

" ဝေနိုင်ငံရဲ့ အသန်မာဆုံးတပ်ဖွဲ့။ " ကျောက်ဖုန်းက လှောင်ပြောင်လိုက်သည်။ " ထင်သလောက်လည်း မဟုတ်ပါဘူး။ "

" ချင်စစ်သည်တို့ ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်းက သတ်ဖြတ်နေစဉ် ဟိန်းဟောက်လိုက်သည်။ " သတ်ကြ။ "

စစ်မြေပြင်က သွေးပင်လယ်ထဲသို့ နစ်မြှုပ်သွားခဲ့သည်။ သို့သော် ထိုတိုက်ပွဲတွင် ဝေနိုင်ငံက ရှုံးနိမ့်ရန် ကံပါလာပြီးသားဖြစ်သည်။ ကျောက်ဖုန်းက နောက်ကျောမှတိုက်ခိုက်သကဲ့သို့ ဝေမြို့မှ စစ်သည်များကလည်း လိုက်လံတိုက်ခိုက်နေကြသည်။

ပျက်စီးနေသော လက်နက်များ၊ ဒိုင်းများနှင့် အလောင်းများက မြေပြင်တွင် ပြန့်ကျဲနေသည်။ စစ်မြေပြင်တွင် နှစ်ဖက်လုံးမှ စစ်သည်များ၏ နာကျင်စွာ အော်ဟစ်သံများက ပဲ့တင်ထပ်နေသည်။

တိုက်ပွဲကြီးပြီးဆုံးသွားချိန်တွင် အော်ဟစ်သံများက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ စစ်မြေပြင်တွင် ချင်စစ်သည်များသာ မတ်တပ်ရပ်ကျန်နေခဲ့သည်။ ဝေစစ်တပ်ကတော့ ထွက်ပြေးသွားသူများနှင့် မြေပြင်တွင် ပြန့်ကျဲနေသော အလောင်းများသာ ရှိတော့သည်။

ကျောက်ဖုန်းက စစ်မြေပြင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူက ပတ်ဝန်းကျင်မှ မျက်လုံးများနီရဲနေသော ချင်စစ်သည်များကို ကြည့်ပြီး သူ၏ လှံကို မြှောက်လိုက်သည်။

" ညီအကိုတို့ ငါတို့နိုင်ပြီ။ ဝေစစ်တပ်ကို ငါတို့ချေမှုန်းလိုက်ပြီ။ သူတို့က ချင်နိုင်ငံကို မတိုက်ခိုက်နိုင်တော့ဘူး။ "

သူ၏ စကားအဆုံးတွင် ပတ်ဝန်းကျင်မှ ချင်စစ်သည်များက တိုက်ပွဲအသိမှ ပြန်လည်နိုးထလာကြသည်။ သူတို့၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသော အနီရောင်အရှိန်အဝါများက ချက်ချင်း မပျောက်သေးသော်လည်း တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။

" စစ်သူကြီးက ခွန်အားကြီးမားလှပါတယ်။ " ပတ်ဝန်းကျင်မှ စစ်သည်များက သူတို့၏ လက်နက်များကို မြှောက်ပြီး ဟိန်းဟောက်လိုက်ကြသည်။

သူတို့၏ စစ်သူကြီးက သူတို့ထက် အင်အားကြီးမားလှသော ဒဏ္ဍာရီလာ ဝေဝူကျိကိုယ်တိုင် ဦးဆောင်လာသော စစ်တပ်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။ ဤတိုက်ပွဲပြီးလျှင် ကျောက်ဖုန်းနှင့် သူ၏ လက်အောက်မှ စစ်သည်များ၏ နာမည်က တစ်ကမ္ဘာလုံး ပျံ့နှံ့သွားပေလိမ့်မည်။

ချင်နိုင်ငံ၏ လူငယ်စစ်သူကြီးတစ်ယောက်က ဝေနိုင်ငံ၏ အရှင်ရှင်းလင်းအား အနိုင်ယူလိုက်ပြီကို ကမ္ဘာကြီးက မကြာခင် သိရှိရတော့မည်ဖြစ်သည်။ ဝေမြို့တစ်ခုလုံး ဟိန်းထွက်သွားသော အောင်ပွဲခံသံများက ထွက်ပေါ်လာသည်။

မကြာမီ တုဆွေနှင့် ဝေချွမ်တို့ကလည်း ကျောက်ဖုန်းဆီသို့ ရောက်လာကြသည်။

" စစ်သူကြီးကို အရိုအသေပေးပါတယ်။ " သူတို့က ရှေ့သို့ တက်လာပြီး ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

လူတိုင်းက ဒဏ်ရာကိုယ်စီနှင့် သွေးများရွှဲနစ်နေကြသည်။ သို့သော် ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲမှ အသက်ရှင်ကျန်ရစ်ခြင်းက သူတို့အတွက် ကောင်းချီးတစ်ခုပင်ဖြစ်သည်။

" ထကြ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သူကြီး။ " သူတို့က ရိုသေလေးစားမှုအပြည့်နှင့် ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

ကျောက်ဖုန်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မရှိသော ချီရှန်းနှင့် ဝူယွဲ့တို့ပင် ယခု သူ့ကို အထင်ကြီးလေးစားစွာဖြင့် ကြည့်နေကြသည်။ ဤတိုက်ပွဲပြီးနောက် ကျောက်ဖုန်းက သူ၏ အရည်အချင်းနှင့် သူတို့၏ လေးစားမှုကို အပြည့်အဝ ရရှိသွားခဲ့ပြီဖြစ်သည်။

ဝေနိုင်ငံ၏ စစ်နတ်ဘုရားဟု ခေါ်ကြသော ဝေဝူကျိက အပြတ်အသတ် ရှုံးနိမ့်သွားခဲ့သည်။ လူနှစ်သိန်းနီးပါးရှိသော စစ်တပ်ကြီးက ကျော်ဖုန်း၏ စစ်တပ်အောက်တွင် ချေမှုန်းခြင်းခံခဲ့ရသည်။

" ဂုဏ်ပြုပါတယ် စစ်သူကြီးကျောက်။ နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုကို ရရှိလိုက်ပြန်ပြီ။ " စစ်တရားသူကြီးခွိုက်ဖုက အနားသို့ လျင်မြန်သွာ ချဉ်းကပ်လာပြီး ရိုသေစွာ ပြောလိုက်သည်။

စစ်ရေးအောင်မြင်မှုများကို မှတ်တမ်းတင်ပြီး အစီရင်ခံရသော စစ်တရားသူကြီးခွိုက်ဖုက ကျောက်ဖုန်း၏ စွမ်းဆောင်မှုအပေါ် အမှန်တကယ် အံ့ဩလေးစားမိသွားသည်။ အောင်ပွဲက မသေချာသော အချိန်တွင် ကျောက်ဖုန်းက လူတစ်သောင်းတည်းနှင့် ရန်သူနယ်မြေသို့ ဝင်ရောက်ပြီး ဝေစစ်တပ်၏ နောက်ကျောကို အလစ်ငိုက်တိုက်ခိုက်ကာ သူတို့ကို အပြတ်အသတ် အနိုင်ယူခဲ့သည်။

" စစ်တရားသူကြီးခွိုက်က ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး ပြန်ပြောလိုက်သည်။

ခွိုက်ဖုက ရှောက်ဖုနှင့် စစ်သေနာပတိချုပ်တို့ကို တိုက်ရိုက်အစီရင်ခံရသူဖြစ်သောကြောင့် သူနှင့် ကျောက်ဖုန်းက ရာထူးအဆင့်အတန်း ကွာခြားချက်မရှိပေ။ ထို့ကြောင့် ကျောက်ဖုန်းအနေဖြင့် ရိုင်းပျ၍ မရပေ။

All Chapters