← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၄၀)

" ဒါက တကယ်ကြီးမားတဲ့ အောင်မြင်မှုပဲ။ " ခွိုက်ဖုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " စစ်သူကြီးကျောက် အချိန်မီရောက်လာတာ ကံကောင်းတယ်။ တကယ်လို့ ဝေစစ်တပ်က သူတို့ရဲ့ ထိုးစစ်ကို ဆက်လုပ်နေရင် မြို့က တကယ်ထိုးဖောက်ခံရမှာ စိုးရိမ်ရတယ်။ "

" စစ်တရားသူကြီးခွိုက်ပြောတာ မှားနေပြီ။ " ကျောက်ဖုန်းက ရယ်မောနေသော်လည်း သူ၏ အမူအရာက လေးနက်နေသည်။

" ကျုပ်ဘယ်နေရာမှားသွားလို့လဲ။ " ခွိုက်ဖုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ကျုပ်ရဲ့ စစ်သည်တွေက အထူးစစ်သည်တွေဖြစ်ဖြစ် အပြစ်သားစစ်သည်တွေဖြစ်ဖြစ် သူတို့က ထိန်းထားနိုင်မယ်လို့ ကျုပ်ယုံကြည်ခဲ့တယ်။ အစကနေ အဆုံးထိ သူတို့ တောင်ခံနိုင်မယ်ဆိုတာ သေချာတယ်။ တကယ်လို့ ကျုပ်ရောက်မလာရင်တောင် ဒီစစ်သည်တွေက ဝေစစ်တပ်ကို နောက်ဆုံးလူအထိ တိုက်ထုတ်သွားလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ စကားအဆုံးတွင် ပတ်ဝန်းကျင်မှ စစ်သည်များက သူ့ကို လေးစားစွာ ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားသည်။ ၎င်းက သူတို့၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။

" မှန်ပါတယ်။ " ခွိုက်ဖုက ခေါင်းညိမ့်လိုက်သည်။ " ဝေစစ်တပ်က မြို့တံခါးကို ထိုးဖောက်နိုင်ငံပေမယ့် စစ်သူကြီးကျောက်ရဲ့ စစ်သည်တွေက အခိုင်အမာခုခံခဲ့ကြလို့ သူတို့က အပြည့်အဝ မထိုးဖောက်နိုင်ခဲ့ပါဘူး။ စစ်သူကြီးရဲ့ ကွပ်ကဲမှုကို ကျုပ်တကယ်ပဲ လေးစားမိပါတယ်။ "

ကျောက်ဖုန်းက ပတ်ဝန်းကျင်မှ စစ်သည်များကို ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " ဝေမြို့က စစ်သည်တို့ မင်းတို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဒီတစ်ကြိမ် ဝေဝူကျိရဲ့ ကွပ်ကဲမှုအောက်မှာ ရန်သူရဲ့ တိုက်စစ်က ပြင်းထန်ပြီး မရပ်နားခဲ့ဘူး။ "

" စိတ်ဓာတ်နဲ့ ယုံကြည်မှုမရှိတဲ့ စစ်တပ်ဆိုရင် သူတို့ရဲ့ လက်ထဲမှာ ချေမှုန်းခံရတာကြာပြီ။ ဒါပေမယ့် မင်းတို့ကတော့ ဝေအထူးတပ်ဖွဲ့တွေနဲ့ ရက်ပေါင်းနှစ်ဆယ်တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ကြတယ်။ တစ်ကမ္ဘာလုံးကို ကြည့်လိုက်ရင် ငါတို့ ချင်စစ်တပ် ဝေမြို့ကို ကာကွယ်နေတဲ့ မင်းတို့ပဲ ဒီလိုစွမ်းဆောင်မှုမျိုး ရှိတယ်။ "

" မင်းတို့ရဲ့ အသေခံခုခံမှုသာမရှိရင် ငါအနေနဲ့ ဝေစစ်တပ်ကို အလစ်ငိုက်တိုက်ခိုက်ဖို့မပြောနဲ့ အနိုင်ယူဖို့တောင် မဖြစ်နိုင်ဘူး။ ဒီနေရာ ဒီအချိန်မှာ ငါကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်တဲ့ ညီအကိုတိုင်းကို ကျေးဇူးတင်ပါတယ်။ "

ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းလိုက်ပြီး လက်သီးလက်ဝါးဆုပ်၍ အရိုအသေပေးလိုက်သည်။ စစ်သည်တိုင်းက ကြီးမားသော ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားသည်။ သူတို့က ကျောက်ဖုန်းကို လေးစားစွာဖြင့် ပြန်လည်ဦးညွှတ်လိုက်ကြသည်။

ကျောက်ဖုန်းက သူ၏ တပ်မှူးများကို အကြည့်ပြန်လွှဲလိုက်သည်။ " ချန်တောက်နဲ့ ကျောက်ထို့တို့ဘယ်မှာလဲ။ "

ထိုနာမည်များကို ကြားသောအခါ ဝေချွမ်နှင့် တုဆွေတို့၏ မျက်နှာတွင် ဒေါသများနှင့် ပြည့်နှက်သွားသည်။

" စစ်သူကြီး " တုဆွေက အေးစက်စွာ ပြောလိုက်သည်။ " ချန်တောက်နဲ့ ကျောက်ထို့တို့က သူတို့ရဲ့ တပ်ဖွဲ့တွေကို ခေါ်ပြီး ဝေမြို့ကနေ ဆုတ်ခွာသွားကြပါပြီ။ သူတို့က ထွက်သွားရုံတင်မကဘူး။ စစ်သူကြီးက ရန်သူနဲ့တွေ့တော့ ထွက်ပြေးသွားတယ်ဆိုတဲ့ ကောလဟာလတွေပါ ဖြန့်ခဲ့ကြတယ်။ "

" ဝေမြို့က ခုခံလို့မရတော့ဘူးလို့ အကြောင်းပြပြီး တောင်ဘက်မှာ ခုခံရေးဗျူဟာကို သွားဆောက်မယ်ဆိုပြီး သူတို့တပ်တွေကို ခေါ်သွားကြပါတယ်။ ချန်တောက်နဲ့ ကျောက်ထို့ကလွဲပြီး ကျွန်တော်တို့အားလုံးက ကိုယ့်လူတွေကို ဦးဆောင်ပြီးအသေခံ တိုက်ခဲ့ကြပါတယ်။ "

တပ်မှူးများက ပြောလိုက်ကြပြီး သူတို့၏ မျက်နှာတွင် ​​ဒေါသများနှင့် ပြည့်နှက်နေသည်။ သူတို့က မြို့ရိုးတွင် ဝေစစ်တပ်နှင့် သွေးချောင်းစီးတိုက်ပွဲ ဆင်နွှဲနေချိန်တွင် ချန်တောက်နှင့် ကျောက်ထို့က သူတို့၏ တာဝန်များကို စွန့်ခွာသွားကြသည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ အမူအရာက အေးစက်သွားသည်။

" မင်း ငါ့အမိန့်ကို သူတို့ဆီ သွားပေးခဲ့လား။ " သူက တုဆွေကို မေးလိုက်သည်။

" ကျွန်တော် စစ်သူကြီးရဲ့ ခုခံဖို့အမိန့်ကို သူတို့ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က နာခံဖို့ ငြင်းဆန်ခဲ့တယ်။ " တုဆွေက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ငါထားခဲ့တဲ့ စစ်တပ်အမိန့်စာကို မင်းသူတို့ကို မပြခဲ့ဘူးလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။

" ဝေစစ်တပ်ကို မြို့ရိုးကို ထိုး​ဖောက်လာတဲ့အချိန်တုန်းက ကျွန်တော် အမိန့်စာကို လက်ဆင့်ကမ်းခဲ့ပေမယ့် သူတို့က လျစ်လျူရှုခဲ့ကြတယ်။ " တုဆွေက ခါးသီးစွာ ပြုံး၍ ပြန်ပြောလိုက်သည်။

" လျစ်လျူရှုခဲ့တယ်ဟုတ်လား။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။

" ကျုပ် စစ်သူကြီးတုဆွေဘက်ကနေ သက်သေခံပေးနိုင်ပါတယ်။ " ခွိုက်ဖုက ဝင်ပြောလိုက်သည်။ " သူအမိန့်ပေးနေတုန်းမှာ ကျုပ်ရှိနေခဲ့တယ်။ သူတို့ထွက်သွားတော့ ကျုပ်ကိုတောင် စစ်တပ်ကလူတွေခေါ်ပြီး မြို့ကို စွန့်ခွာဖို့ တိုက်တွန်းခဲ့ကြပါသေးတယ်။ "

" ကောင်းတယ် သိပ်ကောင်းတယ်။ " ကျောက်ဖုန်းက ဒေါသထွက်သွားသည်။ " ဝေမြို့က အကျဉ်းအကျပ်ထဲရောက်နေတုန်းက ခွင့်ပြုချက်မရှိဘဲ သူတို့တပ်ဖွဲ့တွေကို လော်ပြီး ထွက်သွားရဲတယ်ဆိုတော့ သူတို့ တကယ်ပဲ အသက်မရှင်ချင်တေဘူးထင်တယ်။ "

ပုံမှန်အခြေအနေတွင် ကျောက်ဖုန်းက ချန်တောက်နှင့် ကျောက်ထို့ကို မယုံကြည်သော်လည်း အပြစ်ရှာသည်အထိ လုပ်မည်မဟုတ်ပေ။ သူတို့က ချင်တပ်မှူးများဖြစ်သောကြောင့် အများဆုံး သူတို့ကို ဖိနှိပ်ရုံသာဖြစ်သည်။

သို့သော် ယခု သူတို့က ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် ဝေမြို့ကို စွန့်ခွာသွားခဲ့သည်။ ၎င်းက ကျောက်ဖုန်း လုံးဝ သည်းမခံနိုင်သော လုပ်ရပ်ဖြစ်သည်။ အကယ်၍ သူတို့ကို အပြစ်မပေးလျှင် ဝေမြို့ကို ကာကွယ်ရင်း ကျဆုံးသွားသော စစ်သည်အားလုံးကို သူမျက်နှာပြရဲမည်မဟုတ်ပေ။

" ကျန်းမင် " ကျောက်ဖုန်းက သူ၏ ဒေါသကို ထိန်းချုပ်ပြီး ခေါ်လိုက်သည်။

" ရှိပါတယ်။ " ကျန်းမင်က သွေးများရွှဲနေသော ဒဏ်ရာများနှင့် ပြေးလာသည်။

" ချန်တောက်နဲ့ ကျောက်ထို့တို့ကို သူတို့တပ်ဖွဲ့တွေကို ခေါ်ပြီး မြို့ထဲကို ပြန်လာဖို့ အမိန့်ပေးလိုက်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " ကျန်းမင်က အမိန့်ကို နာခံပြီး စစ်မြင်းပေါ်သို့ တက်သွားသည်။

ထို့နောက် ကျောက်ဖုန်းက သွေးချောင်းစီးနေသော စစ်မြေပြင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ " ကျန်းဟန်..."

" ကျွန်တော်မျိုး ရှိပါတယ်။ " ကျန်းဟန်က ချက်ချင်း ပြန်ထူးလိုက်သည်။

" မင်းရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး မြို့ပြင်က အလောင်းတွေကို ရှင်းလင်းခိုင်းလိုက်။ အဲ့ဒီလိုလုပ်နေတုန်း ဒဏ်ရာရနေတဲ့လူ သေချင်ယောင်ဆာင်နေတဲ့ ဝေစစ်သည်တွေတွေ့ရင် တစ်ခါတည်းသတ်ပစ်လိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဝေချွမ်၊ ချီရှန်း၊ လျူဝမ် " ကျောက်ဖုန်းက ဆက်ပြောလိုက်သည်။ " မင်းတို့လူတွေကို ဦးဆောင်ပြီး ရှင်းလင်းရေးမှာ ပါဝင်လိုက်ကြ။ ရောဂါတွေမဖြစ်အောင် အလောင်းတွေကို ကျင်းတွေထဲမှာ မြှုပ်လိုက်။ "

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " တပ်မှူးသုံးယောက်က ပြန်ဖြေလိုက်သည်။

" ကျန်တဲ့လူတွေကတော့ မင်းတို့ခူတွေကို စားသောက်ပြီး အနားယူလိုက်။ မနက်ဖြန်ကျရင် မင်းတို့က စစ်မြေပြင်ကို ရှင်းလင်းနေတဲ့ သူတွေနဲ့ လူစားလဲပေးရမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " တုဆွေနှင့် အခြားတပ်မှူးများက ပြန်ပြောလိုက်ကြသည်။

" စစ်တရာသူကြီးခွိုက်။ " ကျောက်ဖုန်းက စစ်တရားသူကြီးခွိုက်ဖုကို ကြည့်လိုက်သည်။ " ကျုပ် ခင်ဗျားကို အကူအညီတစ်ခုလောက်တောင်းချင်တယ်။ "

" ပြောပါစစ်သူကြီး။ " ခွိုက်ဖုက ချက်ချင်း ပြန်ပြောလိုက်သည်။

" ဒီတိုက်ပွဲက ရက်ပေါင်းနှစ်ဆယ်ကြာခဲ့တယ်။ ဝေစစ်တပ်က ရှူံးနိမ့်သွားပေမယ့် ကျုပ်တို့ဘက်ကလည်း အကျအဆုံး မနည်းဘူး။ ကျုပ်တို့စစ်တပ်ရဲ့ ကျဆုံးသူနဲ့ ဒဏ်ရာရသူစာရင်းကို ပြုစုပေးဖို့ လိုအပ်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျုပ်တာဝန်ထားလိုက်ပါ။ " ခွိုက်ဖုက ပြုံး၍ ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ မြို့ထဲက စစ်ရေးခန်းမဆီသွားကြတာပေါ့။ " ကျောက်ဖုန်းက အားလုံးကို ပြောလိုက်သည်။

ထို့နောက် သူက မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး သွေးစွန်းနေသော လှံကို ကိုင်ကာ မြို့ဆီသို့ ဦးတည်သွားသည်။ အခြားတပ်မှူးများကလည်း မြင်းပေါ်သို့ ခုန်တက်ပြီး နောက်မှ လိုက်သွားကြသည်။

ဝေမြို့၏ တောင်ဘက်တွင် ကင်းထောက်တစ်ယောက်က ချန်တောက်နှင့် ကျောက်ထို့ဆီသို့ မြင်းစီလာသည်။

" တပ်မှူးချန်၊ တပ်မှူးကျောက် ဝေမြို့ဘက်က တိုက်ပွဲသံတွေ တော်တော်လေး ငြိမ်သွားပြီ။ "

" ဝေစစ်တပ်က မြို့ရိုးကို ထိုးဖောက်သွားပြီထင်တယ်။ ဝေမြို့ကျဆုံးသွားပြီဆိုတော့ ကျောက်ဖုန်းက ကြီးလေးတဲ့ ပြစ်မှုနဲ့ တရားစွဲခံရမှာသေချာတယ်။ " ကျောက်ထို့က အေးစက်စွာ ရယ်ပြီး ပြောလိုက်သည်။

" နောက်တစ်လှည့် ခုခံရမှာ ငါတို့ပဲ။ " ချန်တောက်က ပြောလိုက်သည်။

" ဒါပေမယ့် တပ်မှူး..." ကင်းထောက်က ရုတ်တရက် ပြောလိုက်သည်။ " တိုက်ပွဲပြီးသွားပြီဆိုရင် စစ်ရှုံးတဲ့ စစ်သည်တွေက ဒီဘက်ကို ဘာလို့ ထွက်မပြေးလာကြတာလဲ။ "

" ဟုတ်သားပဲ။ " ချန်တောက်ကလည်း နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ " စစ်ရှုံးတဲ့ စစ်သည်တွေ ဘာလို့မရှိတာလဲ။ "

" သူတို့က မြို့ထဲမှာပဲ ဝေစစ်တပ်နဲ့ အသေအကြေတိုက်ခိုက်နေကြတုန်း ထင်တယ်။ " ကျောက်ထို့က လေးနက်စွာ ပြောလိုက်သည်။

" သူတို့က သွေးချောင်းစီးတိုက်ခိုက်နေတာကို ငါတို့က ဒီမှာပဲ စောင့်နေရမှာလား။ " ချန်တော့က တွန့်ဆုတ်သွားသည်။

" အရာအားလုံးက ချင်အတွက်ပဲ။ " ကျောက်ထို့က ပြတ်သားစွာ ပြောလိုက်သည်။ " ဝေမြို့က ဆက်ပြီး ခုခံလို့မရတော့ဘူး။ "

ထိုအချိန်တွင် ဝေမြို့ဘက်မှ မြင်းတစ်ကောင် ဒုန်းစိုင်းစီးလာသည်ကို တွေ့လိုက်ရသည်။

" တစ်ယောက်ယောက် လာနေပြီ။ လေးသည်တော်တို့ အသင့်ပြင်။ " ချန်တောက်က လက်မြှောက်ပြီး အမိန့်ပေးလိုက်သည်။

သူ၏ နောက်မှ လေးသည်တော်များက လေးကြိုးကို ဆွဲလိုက်ကြသည်။

" ငါတို့လူပဲ။ ကျန်းမင်လား...." ချန်တောက်နှင့် ကျောက်ထို့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူတို့၏ စိတ်ထဲတွင် ထိတ်လန့်မှုများဖြင့် လှုပ်ခတ်သွားသည်။ ကျန်းမင်ရောက်လာသောကြောင့် ဝေမြို့ရဲ့ အခြေအနေက ဘာကိုဆိုလိုတာလဲ။

ကျန်းမင်က အတားအဆီးမရှိဘဲ သူ၏ မြင်းကို သူတို့တပ်ဖွဲ့ရှေ့ထိ စီးလာသည်။

" ချန်တောက်၊ ကျောက်ထို့ ချက်ချင်း ထွက်လာခဲ့စမ်း။ " ကျန်းမင်က မြင်းဖက်ကြိုးကို ဆွဲပြီး အော်ဟစ်လိုက်သည်။

All Chapters