← Chapters

လူတိုင်းကို ရေချိုးခိုင်းခြင်း

Vol. 5 Ch. 64

လူတိုင်းကို ရေချိုးခိုင်းခြင်း

Vol. 5 Ch. 64

“မလိုပါဘူး။ မလိုပါဘူး။ သံမဏိကောင်းကို ဓားသွားနေရာမှာပဲ သုံးရမယ်။”

ယွမ်နွန်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။

“မင်းသာ တိုးတက်အောင်မြင်သွားရင် ငါ့အတွက်လည်း စားဝတ်နေရေး ပူစရာမလိုတော့ဘူးပေါ့။ ဒါ့အပြင် နောက်ပိုင်း အခွင့်အရေးရရင် ငါလည်း မင်းဆီ လာပူးပေါင်းဦးမှာပါ။ အဲဒီအချိန်ကျရင် ဒီအဖိုးကြီးကို မငြင်းလိုက်နဲ့ဦးနော်။”

“ဘယ်လိုလုပ်ပြီး ငြင်းရပါ့မလဲ။ အိမ်မှာ လူကြီးတစ်ယောက် ရှိတာက ရတနာတစ်ပါးပဲလေ။ စိတ်မပူပါနဲ့။ အဘိုးရဲ့ တည်နေရာကို သိတာနဲ့ အဘိုးကို ဒီဘက်ခေါ်ဖို့ နည်းလမ်းကို ကျုပ် ချက်ချင်း ရှာပါ့မယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကောင်းပြီ။ ဒါပေမဲ့ မိုရယ်မှိုတွေကို ဟင်းချိုလုပ်သောက်တာ ပိုကောင်းတယ်။”

အဘိုးယွမ်က သတိပေးလိုက်သည်။

“အာ... ကျုပ်က မှိုတွေလိုပဲ ကင်စားလို့ရတယ် ထင်နေတာ။”

ရှောင်းယီက အံ့ဩတကြီး ပြောလိုက်သည်။

“အခုလို အခြေအနေမျိုးမှာတော့ ကျက်နေသရွေ့ ဘာမဆို အဆင်ပြေပါတယ်။”

အဘိုးယွမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“အမှန်ပဲ။ ညကျမှ ဟင်းချိုလုပ်သောက်ကြတာပေါ့။ နေ့လယ်စာအတွက်တော့ ဒါလေးနဲ့ပဲ ဖြစ်သလို လုပ်လိုက်တော့မယ်။”

ရှောင်းယီက ဆိုသည်။

ဆုဝမ်သည် ပို့ပေးလိုက်သော တောယုန်ကင်ကို ကြည့်ပြီး စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

“ဒီလောက် ပူအိုက်နေတဲ့ထဲမှာ ကင်နေရတာ ပိုတောင် ပူဦးမယ်။”

“ဟုတ်တယ်။ အဲ့ဒါကြောင့် ငါ အခုလေးတင် ရေချိုးလိုက်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဘာရယ်။ ရေချိုးလိုက်တယ် ဟုတ်လား။ ပင်လယ်ထဲမှာလား။ အဲ့ဒါ အရမ်း အန္တရာယ်များလွန်းတယ်။”

ဆုဝမ်က ပျာပျာသလဲ ပြောလာခဲ့၏။

“မဟုတ်ပါဘူး။ ငါ့မှာ ရေချိုးခန်း ရှိတယ်လေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ရေချိုးခန်းလား။”

ဗီဒီယိုထဲတွင် ဆုဝမ်က မျက်လုံးအပြူးသားဖြင့် ရှောင်းယီအား စိုက်ကြည့်နေမိသည်။

ဒီလိုမျိုး နတ်ဘုရား စွန့်ပစ်ထားတဲ့ ကျွန်းပေါ်ကို လူတိုင်းက တစ်ချိန်တည်း ရောက်လာကြတာပါ။ လူတိုင်းက အစားအသောက်နဲ့ ရေအတွက် ပူပန်နေရတုန်းမှာ နင်ကတော့ နေစရာ အိမ်တောင် ရှိနေပြီပေါ့။ ရေချိုးခန်းပါ ရှိနေသေးတယ်လား။

“အင်း”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အခွင့်အရေးရရင် ငါ့ရဲ့ ရေချိုးခန်းကို လိုက်ပြပါဦးမယ်။ နည်းနည်းတော့ ကျဉ်းပေမဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေကတော့ တော်တော်လေး စုံလင်တယ်။”

ဆုဝမ်မှာ စကားပင် မပြောနိုင်တော့ပေ။

ရေချိုးခန်းရှိတာတင် တော်လှနေပြီကို သူက ကျဉ်းတယ်လို့ ညည်းညူနေသေးတယ်။

“ကောင်းပြီလေ။ အခွင့်အရေးရရင် နင့်ရဲ့ကျွန်းကို ငါ သေချာပေါက် လာလည်မယ်။”

ဆုဝမ်က ပြန်ဖြေရင်း စိတ်ထဲမှ မနာလိုစွာဖြင့် တွေးတောလိုက်မိသည်။

ငါရော ဘယ်တော့မှ ရေချိုးခွင့် ရမှာပါလိမ့်။

သူမကိုယ်သူမ ချွေးနံ့များဖြင့် နံစော်နေပြီဟု ခံစားနေရသည်။

ရေချိုးခန်းအကြောင်း ပြောရင်းနှင့် ရှောင်းယီက ဆုဝမ်နှင့် တခြားလူများမှာ ရေချိုးရန် နည်းလမ်းမရှိလောက်သည်ကို ရုတ်တရက် သတိရသွားခဲ့လေသည်။

ဒီလို လောင်မြိုက်နေတဲ့ ရာသီဥတုက သုံးရက်တောင် ကြာနေပြီဆိုတော့ လူတိုင်းလည်း ကိုယ်နံ့တွေ ထွက်နေလောက်ပြီ။

ထိုအကြောင်းကို တွေးမိသည်နှင့် ရှောင်းယီက ဈေးကွက်ခန်းမသို့ ချက်ချင်းပြောင်းလိုက်ပြီး ကုန်သွယ်မှု သုံးခုကို တင်လိုက်သည်။

“[ပင်လယ်ငါး] ၁၀ ကီလိုဂရမ်၊ [ကျိုချက်ပြီးသားရေ]။၅ လီတာ နှင့် [သစ်သားဇလုံ ထုန်လုပ်မှုပုံစံ ၁] သို့မဟုတ် [သစ်သားစည်ပိုင်း] ၁ ကို လဲလှယ်ပါမည်။ မှတ်ချက်- ၃ ခုသာ လိုအပ်ပါသည်။ အရင်လာသူ အရင်ရမည်။”

ထိုသစ်သားစည်ပိုင်းမှာ ရှောင်းယီ ပန်းအိုးအဖြစ် အသုံးပြုနေသည့် စည်ပိုင်းမျိုး ဖြစ်သည်။ အလွန်ကြီးမားပြီး လူကြီးတစ်ယောက် ရေထိုင်ချိုးလျှင်တောင် ပြဿနာမရှိပေ။

“သူဌေးကြီးက သစ်သားစည်ပိုင်းတွေ ဝယ်နေပြီဟေ့။ ဘယ်သူ့မှာ ရှိလဲ။ ရှိတဲ့လူတော့ ချမ်းသာပြီအဲ။ အစားအစာနဲ့ ရေတွေ အများကြီးပဲ။ မနာလိုလိုက်တာ။”

“ဟုတ်တယ်...။ ကျုပ်မှာ သစ်သားစည်ပိုင်း တစ်လုံး ရှိတယ်။ စောစောက ထုတ်လုပ်မှုပုံစံရတာနဲ့ ချက်ချင်း ထုတ်လုပ်ထားတာ။ သိပ်အသုံးမဝင်ဘူး ထင်ပြီး အလကား ဖြစ်တော့မယ်တောင် အောက်မေ့နေတာ။ အခုတော့ အသက်ကယ်ဆေး ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျုပ် အစာနဲ့ ရေမရတာ နှစ်ရက်ရှိပြီ။ ကျေးဇူးအများကြီးတင်ပါတယ် သူဌေးကြီး။”

“အပေါ်က လူရဲ့ ကံကောင်းမှုကို မနာလိုလိုက်တာ။ ငါလည်း လိုချင်တယ်။”

“အစ်ကိုကြီး ရေတစ်ငုံလောက် ပေးမယ်ဆိုရင် ဒီည ကျွန်မက အစ်ကိုကြီး အပိုင်ပဲ။ ရေတစ်ခွက်ပေးရင် ကျွန်မကို လူလို့တောင် သဘောမထားလည်းရတယ်။ ရေနှစ်ခွက်ပေးရင် အစ်ကိုကြီး ဘယ်နှစ်ယောက်ပဲ ခေါ်လာခေါ်လာ ဂရုမစိုက်ဘူး။ ရေသုံးခွက်ပေးရင်တော့ ခေါ်လာတဲ့သူတွေက လူဟုတ်၊မဟုတ်တောင် ဂရုမစိုက်တော့ဘူး။”

“အပေါ်က တစ်ယောက်က အခြောက်ပဲ။ စစ်ဆေးမှု ပြီးဆုံးပါပြီ။”

“ဟူး... လူချင်း အတူတူကို ကွာခြားချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။ တခြားလူတွေက အစားအစာနဲ့ ရေကို လူသုံးကုန်တွေနဲ့ လဲလှယ်နေပြီး ငါကတော့ အခြေခံ အသက်ရှင်ရပ်တည်နိုင်ဖို့တောင် ရုန်းကန်နေရတုန်းပဲ။”

“ဟူး... ထားလိုက်ပါတော့။ အိပ်ကြစို့၊း။ အိပ်မက်ထဲမှာတော့ အားလုံး ရှိနိုင်တာပါပဲ။”

ထုတ်လုပ်မှုပုံစံများမှာ ရရှိရန် ခက်ခဲသော်လည်း သစ်သားည်ပိုင်း ထုတ်လုပ်မှုပုံစံမျာမှာမူ အထွက်နှုန်း အသင့်အတင့် ရှိပေသည်။

ရှောင်းယီက အစားအစာနှင့် ရေများကို ရက်ရက်ရောရော ပေးထားသောကြောင့် ကုန်သွယ်မှု သုံးခုလုံး ချက်ချင်းပင် ပြီးမြောက်သွားခဲ့သည်။

“ရရှိသော ပစ္စည်းများ- သစ်သားစည်ပိုင်း ၃။”

၎င်းတို့မှာ အချောထည် စည်ပိုင်းများ ဖြစ်သောကြောင့် ရှောင်းယီအနေဖြင့် ကိုယ်တိုင်ထုတ်လုပ်ရန် ကုန်ကြမ်းများ မဖြုန်းတီးရတော့ဘဲ သက်သာသွားခဲ့သည်။

ရှောင်းယီ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ တောက်လောင်နေသော နေမင်းကြီးက ကောင်းကင်ထက်မှာ ရှိနေဆဲပင်။

“ညနေကျမှပဲ သူတို့ကို ပေးတော့မယ်။”

ရှောင်းယီ တွေးလိုက်သည်။ အခုပေးလိုက်လျှင်ပင် ရေချိုးပြီးသည်နှင့် ပြန်ချွေးထွက်မည်မို့ အလကား ဖြစ်သွားပေလိမ့်မည်။

ရှောင်းယီသည် အများသုံး ချန်နယ်တွင် အန်းရန်ကို ရှာနေကြောင်း စာတင်လိုက်ပြီးနောက် ခဏ လှဲနေလိုက်သည်။ ရာသီဥတုမှာ ပူလောင်လွန်းသဖြင့် အစာလည်း သိပ်မစားချင်တော့ပေ။ သူသည် တောယုန်သားကင်ကို ဘေးဖယ်ထားလိုက်ပြီး ဝမ်ချိုင်သည်မူ အားပါးတရ စားနေခဲ့လေသည်။

“တောထဲမှာ အန္တရာယ်ရှိတဲ့ သတ္တဝါတွေသာ မရှိရင် အခုလို အချိန်မျိုးမှာ အဲဒီထဲမှာ ပုန်းနေတာက ပိုအေးမှာပဲ။”

ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ရှောင်းယီ တမှေးအိပ်ပျော်သွားရာ ပြန်နိုးလာသောအခါ ညနေ သုံးနာရီ ရှိနေပြီဖြစ်သည်။

သူ တိုက်ခန်းထဲက ထွက်လာသည့်အချိန်တွင် စက်ရုပ်ဥယျာဉ်မှူးသည် စိုက်ခင်းများကို အပင်ရေလောင်းရင်း ဝီရိယရှိရှိ ကင်းလှည့်နေဆဲပင်။

“ဥယျာဉ်မှူး ရှိနေလို့ တော်သေးတယ်။ မဟုတ်ရင် ဒီလို အပူရှိန်မျိုးနဲ့ ငါတစ်ယောက်တည်း စိုက်ခင်းအားလုံးကို မကြည့်နိုင်လောက်ဘူး။”

ရှောင်းယီက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။

“ဂွီ... ဂွီ...”

ရှောင်းယီ၏ ဗိုက်က ဆန္ဒပြလာခဲ့ချေပြီ။ နေ့လယ်စာ မစားရသေးသဖြင့် သူ တစ်ခုခု စားရပေတော့မည်။

သူသည် အေးစက်နေသော တောယုန်သားကင်ကို ပြန်နွေးလိုက်ပြီး အားရပါးရ စားသောက်လိုက်၏။

မိုရယ်မှိုများသည်မူ နူးညံ့ပြီး တောအုပ်ထဲက မြေဆီလွှာ၏ လတ်ဆတ်သည့် ရနံ့များ ပါနေသလိုပင် ခံစားနေခဲ့ရသည်။

“တောထဲက အရင်းအမြစ်တွေကို ပိုပြီး ထုတ်ယူဖို့ လိုနေပြီ။ ငါက အပင်တွေအကြောင်း သိပ်မသိတာပဲ ခက်တာပဲ။ ကျန်းယွင်ထျန်းနဲ့ ယွမ်နွန်တို့ကိုသာ တောထဲ အတူခေါ်သွားလို့ရရင် စားစရာတွေ အများကြီး ရှာတွေ့လိမ့်မယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

“သူတို့ တည်နေရာကို သိရရင် ကောင်းမယ်။”

ဟုတ်ပါသည်။ သူသည် လောလောဆယ်တွင် ညည်းညူရုံသာ တတ်နိုင်၏။ တည်နေရာကို သိနိုင်မည့် နည်းလမ်း မရှိသေးပေ။

သက်ပြင်းချလိုက်ပြီးနောက် ရှောင်းယီက ရေနွေးများ စတင် ကျိုချက်တော့လေသည်။ သစ်သားစည်ပိုင်းကြီး သုံးလုံးထဲကို ရေနွေး တစ်ဝက်ကျော်ကျော်စီ ဖြည့်လိုက်ပြီးနောက် သူတို့ သုံးယောက်ထံသို့ ကုန်သွယ်မှုတစ်ခု ပေးပို့လိုက်လေသည်။

“[သစ်သားစည်ပိုင်း] ၁၊ [ရေနွေး] ၇၀ လီတာ- အခမဲ့လဲလှယ်ခြင်း။”

“ကျုပ် အစက သတိမထားမိလိုက်လို့ပါ။ အားလုံးလည်း ရေမချိုးရတာ ကြာနေရောပေါ့။ ဒီနေ့တော့ အားလုံးအတွက် ရေနွေး ပြင်ပေးထားတယ်။ ချွေးနံ့တွေ စင်သွာစအောင် သွားချိုးလိုက်ကြပါဦး။”

ရှောင်းယီက သူတို့ဆီသို့ စာပို့လိုက်သည်။

ဘာပဲဖြစ်ဖြစ် ယခုဆို စက်ရုပ်ဥယျာဉ်မှူးသည် ပင်လယ်ရေများကို ကန်ထဲသို့ မောင်းတင်ပေးနေပြီဖြစ်ရာ သူကိုယ်တိုင် လုပ်စရာမလိုတော့ဘဲ ရေများကို အဆက်မပြတ် အသုံးပြုနိုင်နေပြီ ဖြစ်သည်။

သူကိုယ်တိုင် သက်တောင့်သက်သာ နေနေရပြီဖြစ်ရာ သူငယ်ချင်းများကိုလည်း ထိုအကျိုးကျေးဇူးများအား ခံစားစေချင်သည်။

ဆုဝမ်သည် ရှောင်းယီဆီမှ စာနှင့် လဲလှယ်မှုကို မြင်သောအခါ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။

သူမသည် နေ့လယ်ကတင် ဘယ်တော့ ရေချိုးရမလဲဟု တွေးနေခဲ့ခြင်းဖြစ်ပြီး ညနေရောက်တော့ ရှောင်းယီက ရေချိုးကန်နှင့် ရေနွေးများကို ပို့ပေးလာခဲ့၏။

ရှောင်းယီသည် သူမဗိုက်ထဲရှိ သန်ကောင်အလား သူမ ဘာတွေးနေသလဲဆိုသည်ကို သိပြီး အမှန်တကယ် ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့သည်။

ဆယ်ရက်ကျော် ရေမချိုးခဲ့ရသဖြင့် ဆုဝမ်သည် သူမကိုယ်ပေါ်က ချွေးနံ့များကို သည်းမခံနိုင်တော့ပေ။

အစပိုင်းတွင် ဆုဝမ်သည် အသက်ရှင်ရပ်တည်ရေးကိုသာ အာရုံစိုက်နေခဲ့ရသဖြင့် ကိုယ်ခန္ဓာ သန့်ရှင်းရေးကို ဂရုမစိုက်နိုင်ခဲ့ပေ။

သို့သော် ယခု အသက်ရှင်ရပ်တည်ရေးအတွက် ဖိအားများ မရှိတော့သည့်အခါတွင်မူ ပိုမိုကောင်းမွန်သည့် ဘဝကို စတင်တောင့်တလာမိသည်။

တခြားသူများနှာ ရှင်သန်နိုင်ရန်ပင် ခက်ခဲနေကြသဖြင့် ချွေးနံ့နံသည်၊ မနံသည်ကို ဂရုမစိုက်နိုင်ကြသည်မှာ သဘာဝပင်။

“အဝတ်အစားတွေကိုလည်း တစ်ခါတည်း လျှော်လိုက်လို့ရတယ်။ ဒီလို ရာသီဥတုမျိုးမှာ ခဏလေးနဲ့ ခြောက်သွားလမ့်မယ်။”

ရှောင်းယီက ထပ်ဖြည့်ပြောလိုက်၏။

“ကောင်းပြီ။”

ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့က ပြန်ဖြေလိုက်ကြသည်။

ရှောင်းယီက ကျန်းယွင်ထျန်းကိုလည်း သတိပေးလိုက်သေးသည်။

“ကလေးအတွက် ရေကို အရမ်း မပူစေနဲ့နော်။ အသားလောင်သွားလိမ့်မယ်။”

“အေးပါ၊ ငါ နားလည်ပါတယ်။”

တခြားလူများ၌ သောက်စရာရေပင် လုံလုံလောက်လောက် မရှိချိန်တွင် ရှောင်းယီမှာမူ မိမိကိုယ်တိုင် ရေချိုးရုံသာမက သူငယ်ချင်းများကိုပါ ရေချိုးရန် စည်ပိုင်းကြီးတစ်လုံးစီ ပေးနိုင်နေပြီ ဖြစ်သည်။

ဆုဝမ်သည် သစ်သားစည်ပိုင်းကို သူမ၏ တဲထဲတွင် ထားလိုက်သည်။ စည်ပိုင်းထဲမှ ရေနွေးဖြင့် သူမ၏ တစ်ကိုယ်လုံးကို စိမ်လိုက်သောအခါ တစ်ကိုယ်လုံးရှိ ချွေးပေါက်များအားလုံး ပွင့်ထွက်သွားသကဲ့ပင် ခံစားလိုက်ရလေတော့သည်။

All Chapters