← Chapters

စပါးစိုက်ပျိုးခြင်းနှင့် အအေးဒဏ်ခံပစ္စည်းများ ပေါ်ထွက်လာခြင်း

Vol. 5 Ch. 71

စပါးစိုက်ပျိုးခြင်းနှင့် အအေးဒဏ်ခံပစ္စည်းများ ပေါ်ထွက်လာခြင်း

Vol. 5 Ch. 71

“သူဌေး ကျုပ်ဆီမှာ ဒါရှိတယ်။ မျိုးစေ့ထဲ ထည့်တွက်လို့ရမလားတော့ မသိဘူး။ [စပါးနှံ ] ၆ စေ့။”

ထိုအခါ ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။

“တွက်လို့ရတာပေါ့။ လဲကြမယ်။”

ရှောင်းယီက ရသည်ဟု ပြောလိုက်သောအခါ တစ်ဖက်လူမှာ အလွန်စိတ်လှုပ်ရှားသွားပြီး သီးသန့်ချန်နယ်မှတစ်ဆင့် ချက်ချင်း လဲလှယ်လိုက်သည်။

ရှောင်းယီသည် ထိုသူကို အခြားသူများနည်းတူ ရေနှင့် အစားအစာ ပမာဏအတိုင်း ပေးလိုက်ပြီး ထိုသူ၏ အထပ်ထပ် ကျေးဇူးတင်စကားများကို နားထောင်ရင်း စကားဝိုင်းကို အဆုံးသတ်လိုက်တော့လေသည်။

လက်ထဲရှိ စပါးစေ့များကို ကြည့်ရင်း ရှောင်းယီသည် ယွမ်နွန်အား ချက်ချင်း လှမ်းမေးလိုက်တော့သည်။

“ဆရာကြီးယွမ် ဒီစပါးကို မစိုက်ခင် အခွံခွာဖို့ လိုသေးလား။”

“မလုပ်နဲ့။”

ယွမ်နွန်က ချက်ချင်း ဟန့်တားလိုက်၏။

“အပြင်ခွံကို လုံးဝ မထိနဲ့။”

ယွမ်နွန်၏ တုံ့ပြန်မှုမှာ ပြင်းထန်လွန်းနေသဖြင့် ရှောင်းယီက ချက်ချင်း ရှင်းပြလိုက်သည်။

“ကျုပ် ဘာမှမလုပ်ရသေးပါဘူး။ စပါးစိုက်တာ တစ်ခါမှ မမြင်ဖူးလို့ ကြိုမေးကြည့်တာပါ။”

ထိုအခါမှသာ ယွမ်နွန်သည် ရှောင်းယီအား စပါးနှင့် ပတ်သက်သော ဗဟုသုတများကို စတင် ရှင်းပြတော့သည်။

“ငါတို့စားတဲ့ ဆန်ဆိုတာက အပြင်ခွံနဲ့ သန္ဓေလောင်းကို ဖယ်ထုတ်ပြီး အာဟာရသိုလှောင်လွှာ သက်သက်ပဲ ကျန်အောင် ပြုပြင်ထားတဲ့ ဆန်လုံးညိုတွေပဲ။”

“ပြီးပြည့်စုံတဲ့ စပါးမျိုးစေ့တစ်ခုမှာ အစေ့ခွံ၊ အပြင်လွှာ၊ အာဟာရသိုလှောင်လွှာနဲ့ သန္ဓေလောင်း အားလုံး ပါဝင်ရတယ်။”

“ပြီးပြည့်စုံတဲ့ မျိုးစေ့ကမှ စပါးပင် ပေါက်နိုင်တယ်။ အာဟာရသိုလှောင်လွှာ (ဆန်စေ့) သက်သက်က ဘာမှ ပေါက်မလာနိုင်ဘူး။”

ရှောင်းယီသည် သန္ဓေလောင်း၊ အာဟာရသိုလှောင်လွှာ စသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရများအကြောင်း အနည်းငယ် မျက်စိလည်သွားခဲ့သော်လည်း အဓိကအချက်ကိုမူ နားလည်သွားခဲ့သည်။

“ဆိုလိုတာက အပြင်ခွံကို ခွာလိုက်ရင် မျိုးစေ့ရဲ့ ပြီးပြည့်စုံမှုကို ထိခိုက်စေပြီး အပင်မပေါက်နိုင်တော့ဘူးပေါ့။”

“ဟုတ်တယ်။ အဲ့ဒီလို နားလည်ထားလို့ရတယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့၊ နားလည်ပါပြီ။ တော်သေးတာပေါ့ ကျုပ် စိတ်မလောမိလို့။ မဟုတ်ရင် A အဆင့်ရေသန့် ရှိနေရင်တောင် မပြည့်စုံတဲ့ မျိုးစေ့ကို အပင်ပေါက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကျုပ် အခုသွားစိုက်လိုက်ဦးမယ်။”

ယွမ်နွန်သည် စပါးစိုက်ရာတွင် သတိထားရမည့် အချက်များကို ထပ်မံ မှာကြားလိုက်ပြီးနောက် ရှောင်းယီသည် အပြင်ထွက်ကာ ယခင်က ဆလက်ရွက် စိုက်ခဲ့သော နေရာကို ရှင်းလင်းပြီး စပါးစေ့များကို စိုက်ပျိုးလိုက်တော့သည်။

ရေသည် စပါး၏ အသက်ဖြစ်သလို ရောဂါလည်း ဖြစ်နိုင်သည်။ စပါးပင်၏ အဆင့်တိုင်းတွင် ရေလိုအပ်ချက် မတူညီပေ။

သို့သော် ယခုအခါ ရှောင်းယီအတွက် ရေလောင်းရန်ကိစ္စကို စိုးရိမ်နေစရာ မလိုတော့ပေ။ အကြောင်းမှာ သူ့တွင် စက်ရုပ်ဥယျာဉ်မှူးနှင့် အလိုအလျောက် အသိဉာဏ်ရှိ ရေလောင်းစနစ်ရှိနေသောကြောင့် ဖြစ်သည်။

စပါးစိုက်ပြီးသောအခါ ရှောင်းယီမှာ ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ သူသည် ရေခဲတုံးများ ထည့်ထားသော A အဆင့်ရေ သန့်တစ်ခွက်ကို ကိုင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လျှောက်လာခဲ့သည်။

ဤအချိန်တွင် ဆုဝမ်နှင့် အခြားသူများမှာ ညစာအတွက် လဲလှယ်မှုများ ပြီးစီးသွားကြပြီ ဖြစ်သည်။

“မင်း ဝက်တွေ ဘာတွေ မွေးထားတာလား။”

ယွမ်နွန်သည် စပါးစိုက်နည်း သင်ပေးပြီးနောက် စားပွဲပေါ်မှ ဟင်းလျာများကို မြင်သောအခါ အံ့ဩတကြီး မေးလိုက်သည်။

“မဟုတ်ပါဘူး။ တောအုပ်ထဲက တောဝက်တစ်ကောင် ထွက်လာလို့ ဝမ်ချိုင်နဲ့ ကျုပ်နဲ့ သတ်ပစ်လိုက်တာပါ။ မဟုတ်ရင် ဒီလို ဟင်းကောင်းတွေ စားရမှာ မဟုတ်ဘူး။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“တောဝက် ဟုတ်လား။”

ယွမ်နွန်က တုန်လှုပ်စွာ ပြောလိုက်သည်။

“တောဝက်တွေက အရမ်းကြမ်းတမ်းရက်စက်တယ်လို့ ငါကြားဖူးတယ်။ နောက်ဆို သတိထား။”

“စိတ်မပူပါနဲ့ ဆရာကြီးယွမ်။ တောဝက်တစ်ကောင်တည်းပါ။ ကျုပ် ကိုင်တွယ်နိုင်ပါတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါဆိုရင် ငါ ဒီဟင်းတွေကို စားလိုက်တော့မယ်။”

ယွမ်နွန်က စကားဖြတ်လိုက်သည်။

ဆုဝမ်နှင့် ကျန်းယွင်ထျန်းတို့ထံမှလည်း စာများ တစ်ချိန်တည်း ရောက်လာခဲ့သည်။

“တောထဲမှာ ထပ်ပြီး အမဲလိုက်ပြန်ပြီလား။”

ဆုဝမ်က စိုးရိမ်တကြီး မေးလိုက်၏။

“ဒဏ်ရာမရအောင် သတိထားဦးနော်။”

“ဒါ တောဝက်သား မဟုတ်လား။ တောဝက်တွေနဲ့ တွေ့ရင် သတိထား။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ သူသည် ယခင်က တောဝက်တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရဖူးသည်။ သူသည် မနိုင်တနိုင်နှင့် အနိုင်ရခဲ့သော်လည်း တောဝက်ကိုတော့ ဖမ်းမထားနိုင်ခဲ့ပေ။

ထို့ကြောင့် တောဝက်၏ စွမ်းအားကို သူ ကောင်းကောင်းသိပေသည်။ ရှောင်းယီ၏ သာမန်ရုပ်ခန္ဓာနှင့်ဆိုလျှင် အလွန်အန္တရာယ်များပေလိမ့်မည်။

သို့သော် ရှောင်းယီတွင် ဝမ်ချိုင်ဆိုသည့် ခွေးတစ်ကောင်ရှိပြီး ၎င်းက အလွန်တော်သည်ဟု ကြားထားသဖြင့် ထိုခွေးကပဲ အနိုင်ယူပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု ကျန်းယွင်ထျန်းက တွေးလိုက်မိသည်။

“အားလုံး စိတ်မပူကြပါနဲ့။ ဝမ်ချိုင်က အန္တရာယ်ကို ကြိုသတိပေးနိုင်တော့ ဘာမှ အန္တရာယ်မရှိပါဘူး။”

ရှောင်းယီက သူတို့နှစ်ဦးကို သီးခြားစီ ပြန်ဖြေလိုက်သည်။

သူတို့၏ စကားများမှတစ်ဆင့် သူတို့၏ စိုးရိမ်ပူပန်မှုကို ရှောင်းယီ ခံစားရပေသည်။ ဤခံစားချက်မှာ တကယ်ကို ကောင်းမွန်လှသည်။

ထို့နောက် သူတို့သည် ဟင်းများကို စတင်၍ မြိန်ယှက်စွာ စားသုံးကြတော့သည်။

ဆယ်ရက်ကျော်ကြာအောင် ဆီမပါသော အစားအစာများကိုသာ စားခဲ့ရပြီးနောက် ယခု ဝက်ဆီဖြင့် ကြော်ထားသော ဟင်းများကို စားရသည်မှာ အလွန်ပင် မွှေးကြိုင်လှပေသည်။

ဆုဝမ်ဆိုလျှင် လျှာကိုပင် မျိုချမိတော့မတတ်ပင် ဖြစ်နေခဲ့သည်။

စားပြီးသောအခါ ဆုဝမ်သည် သူမ၏ အနည်းငယ် ပူထွက်လာသော ဝမ်းဗိုက်ကို ပွတ်ရင်း ညည်းတွားလိုက်မိသည်။

“ဟူး... ငါတော့ ထပ်ပြီး ဝလာဦးတော့မှာပဲ။”

အခြားသူများမှာလည်း ထူးမခြားနားပင်။ ကျန်းယွင်ထျန်း၏ သားလေး ကျွင်းကျွင်းပင်လျှင် သူ့ဝေစုကို အကုန်ပြောင်အောင် စားပစ်လိုက်၏။

အလွန်အကျွံစားမိ၍ အစာမကြေဖြစ်မည် စိုးသောကြောင့် ကျန်းယွင်ထျန်းက ကျန်နေသည်များကို ကြိုပြီး သိမ်းထားလိုက်ရသည်။

မဟုတ်လျှင် ကျွင်းကျွင်းတစ်ယောက် တစ်ပုံလုံးကို ကုန်အောင် စားနိုင်ပေလိမ့်မည်။

“ဗိုက်လည်းဝပြီ၊ စိတ်လည်း ကျေနပ်ပြီဆိုတော့ အလုပ်လုပ်ရအောင်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကျွင်းကျွင်း သားက ကျွန်းပေါ်မှာပဲ နေနော်။ ရေထဲ လုံးဝမဆင်းနဲ့ ကြားလား။”

“ဟုတ်ကဲ့ ပါးပါး။”

ကျွင်းကျွင်းက ပြန်ဖြေလိုက်သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် လှေကို လှော်ခတ်ကာ အနီးဆုံး ရိက္ခာသေတ္တာဆီသို့ ထွက်ခွာသွားခဲ့သည်။

အချိန်မှာ ညနေ ၅ နာရီ ရှိပြီဖြစ်၍ အပြင်ဘက်မှ နေရောင်မှာ အရမ်းမပူတော့ပေ။

အများသုံးချန်နယ်တွင်လည်း လူတိုင်း အလုပ်လုပ်ရန် အချင်းချင်း နှိုးဆော်နေကြပြီဖြစ်သည်။

“အားလုံးပဲ ဒီအချိန်မှာ ရိက္ခာသေတ္တာ ရမလားဆိုတာ မြန်မြန်သွားကြည့်ကြ။”

“ဟုတ်တယ်၊ မြန်မြန်သွားကြ။”

“သွားစရာလား။ ငါ့နားက သေတ္တာတွေက နေ့လယ်က အနီးဆုံးရောက်နေတာ။ အခုတော့ အဝေးကြီး ရောက်သွားပြီ။”

“ဒါဆိုရင်တော့ ငါးဖမ်းပြီး ကံစမ်းရုံပဲ ရှိတာပေါ့။”

ရှောင်းယီသည်လည်း အပြင်သို့ ထွက်လာခဲ့သည်။ သူသည် ဝမ်ချိုင် တိုက်ခန်းအဝင်ဝအထိ ဆွဲယူလာပေးထားသော ရိက္ခာသေတ္တာ ၆ လုံးကို ဖွင့်ကြည့်လိုက်၏။

“ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၂၊ အုတ်ခဲ ၄၊ ...”

“ရရှိသော အရင်းအမြစ်များ- သစ်သား ၆၊ ကြေးနီ ၃၊ ...”

“ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၁၊ ...”

“ရရှိသော အရင်းအမြစ်များ- အနွေးထည်အရှည် ၁၊ ...”

......

ရိက္ခာသေတ္တာ ၆ လုံးလုံးတွင် ရေနှင့် အစားအစာ တစ်ခုမှ ပါမလာခဲ့ပေ။ ယခုတစ်ပတ်အတွင်း ၎င်းတို့ ရရှိနိုင်ခြေ မည်မျှ နည်းပါးကြောင်း ပြသနေခဲ့သည်။

စုစုပေါင်း အုတ်မြစ်ကျောက် ၄ ခု ရခဲ့ပြီး ကျန်သည်မျာစမှာ အခြေခံအရင်းအမြစ်များသာဖြစ်သည်။ သို့သော် ရှောင်းယီ နားမလည်နိုင်ဆုံး အရာမှာ အနွေးထည်အရှည်ကြီး ဖြစ်သည်။

“ဒီလောက် ပူပြင်းတဲ့နေ့မျိုးမှာ အနွေးထည်ကြီး ထွက်လာတယ်ဆိုတော့ မင်း ငါ့ကို လာနောက်နေတာလား။”

ရှောင်းယီ သူ၏နှုတ်ခမ်းကို တွန့်လိုက်မိပြီးနောက် ထိုအနွေးထည်ကို အိပ်ခန်းထဲရှိ ဘီရိုထဲတွင် သွားချိတ်ထားလိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ဆုဝမ်က ဖုန်းခေါ်ဆိုရန် တောင်းဆိုလာခဲ့၏။

“ဘာဖြစ်လို့လဲ။”

ရှောင်းယီက လက်ခံကာ မေးလိုက်သည်။

“ခုနက ရိက္ခာသေတ္တာ တစ်လုံး ရတယ်။ ဘာထွက်လာတယ် ထင်လဲ။”

ဆုဝမ်က ပြောလိုက်သည်။

“S အဆင့်သစ်သီးလား။ ဒါမှမဟုတ် S အဆင့်ကိရိယာလား။”

ရှောင်းယီက မေးလိုက်သည်။ ဆုဝမ်က မျက်စောင်းထိုးလိုက်၏။

“နင့်လို ဘယ်သူက ထူးဆန်းနေလို့ S အဆင့်တွေ အများကြီး ထွက်နေမှာလဲ။”

‘ငါလည်း S အဆင့်တွေ အများကြီး ရတာ မဟုတ်ပါဘူးဟာ။ အများစုက လက်မှတ်ထိုးဝင်လို့ ရထားတဲ့ ဆုတွေပါဟ။’

ရှောင်းယီ စိတ်ထဲတွင်တော့ ကူကယ်ရာမဲ့စွာဖြင့် တွေးလိုက်မိသည်။ ရှောင်းယီ၏ ဆွံ့အနေသော မျက်နှာကို မြင်သောအခါ ဆုဝမ်က ဆက်ပြောလိုက်သည်။

“တကယ်တော့ ဒါ ထွက်လာတာ။ [အမွှေးစောင် ] ၁ ထည်။”

“ဒီလောက် ပူတဲ့အချိန်မျိုးမှာ လုံးဝ အသုံးမဝင်တဲ့အရာကြီး ထွက်လာတယ်လေ။ နင် လိုချင်လား။”

ထိုသို့ပြောရင်း ဆုဝမ်က လဲလှယ်မှုတစ်ခု ပေးပို့လိုက်သည်။

“[အုတ်မြစ်ကျောက်] ၂၊ [အမွှေးစောင်] ၁၊ [ကြေးနီ] ၃။”

ဆုဝမ် ပို့လိုက်သော လဲလှယ်မှုကို ကြည့်ပြီး ရှောင်းယီ အနည်းငယ် စဉ်းစားကာ ငြင်းပယ်လိုက်သည်။

“အဲ့ဒီစောင်ကို လောလောဆယ် သိမ်းထားလိုက်ဦး။”

“ဟမ်...။”

ရှောင်းယီ ဘာကြောင့် သိမ်းခိုင်းသည်ကို ဆုဝမ် မသိသော်လည်း သူ့အပေါ် ယုံကြည်မှုကြောင့် စောင်ကို သိမ်းထားလိုက်ပြီး ကျန်နှစ်ခုကိုသာ လဲလှယ်ပေးလိုက်သည်။

ထိုအချိန်မှာပင် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့ထံမှလည်း စာများ တစ်ပြိုင်တည်း ရောက်လာခဲ့သည်။

“ငါ ဒါ ရလာတယ်။ [အနွေးအတွင်းခံ ] ၁ စုံ။”

“ဒါကို ကြည့်စမ်း၊ [အနွေးလက်အိတ် ] ၁ ခု။”

တစ်ချိန်တည်းမှာပင် အများသုံးချန်နယ်တစ်ခုလုံး၌လည်း ထိုအကြောင်းများကို စတင် ဆွေးနွေးလာကြသည်။

“ဟေ့ ဘော်ဒါတို့ အနွေးထည်ကြီးတွေ ထွက်လာတာ ဘာသဘောလဲ သိကြလား။”

“ငါဆိုရင် အအေးဒဏ်ခံ လေကာအင်္ကျီတောင် ရလာတယ်။”

“မဖြစ်နိုင်တာ။ ငါက ဆောင်းတွင်းပစ္စည်းတွေ ရတာ ငါတစ်ယောက်တည်းလို့ ထင်နေတာ။”

All Chapters