ကျန်းချန်၏အဆုံးသတ်
Vol. 175 Ch. 2504
သစ္စာခြောက်ပါးတရားတော်မှာ ထူးခြားလှသည့် ဗုဒ္ဓမန္တာန်တစ်မျိုး ဖြစ်သည်။ ၎င်းက တိုက်ရိုက် တိုက်ခိုက်ရန် စွမ်းအားကို မပိုင်ဆိုင်ထားသော်လည်း ဗုဒ္ဓကျင့်ကြံခြင်းကျင့်စဥ်များ အားလုံးကို အစွမ်းတိုးမြင့်ပေးနိုင်၏။ ထိုမန္တာန်က ဗုဒ္ဓ၏ ကြီးမြတ်သော ဉာဏ်ပညာကို ကိုယ်စားပြုပြီး ဗုဒ္ဓစွမ်းအားများအားလုံး၏ ရှေးအကျဆုံးစွမ်းအားဟု မှတ်ယူနိုင်သည်။
သစ္စာခြောက်ပါးတရားတော် ထွက်ပေါ်လာသောအခါ အရောင်မဲ့ပင်လယ်က ရီဖူရှင်းနှင့် တသားတည်းဖြစ်လာပုံရ၏။ သူသည် အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓစွမ်းအားများ အားလုံးကို အသုံးချနိုင်ပုံပေါ်သည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ပုံရိပ်သဏ္ဍာန် ထင်လာသောဗုဒ္ဓထံမှ ကြောက်မက်ဖွယ် ဗုဒ္ဓနည်းစနစ်များကို ပြင်းထန်စွာ ထုတ်လွှတ်၏။
ထိုအချိန်တွင် သူတော်စင်ကျန်းချန်၏ ဘက်၌ သူတစ်ယောက်တည်းသာ ရှိပြီး သူက ဗုဒ္ဓကျင့်ကြံသူများ၏ ဘုံရန်သူဖြစ်လာဟန် ရသည်။ သူ့မျက်နှာက အကျည်းတန်လာသည်။ အမှန်တကယ်၌ သူကသာ ဗုဒ္ဓကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူဖြစ်ပြီး ရီဖူရှင်းမှာ ကောင်းကင်ဒေသမှ လာရောက်သည့် အပြင်လူတစ်ယောက်သာ ဖြစ်သည်။
ယခု ဤဗုဒ္ဓများက ရီဖူရှင်းနှင့်အတူ တိုက်ပွဲဝင်နေသည်။ သူတို့က သူ့အပေါ် ကောင်းချီးများ ပေးအပ်ခဲ့ပြီး ရီဖူရှင်းထံမှ ထုတ်လွှတ်လာသည့် ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များက သူ့အပေါ် ဖိနှိပ်လာ၏။
ရီဖူရှင်းက ရဲတင်းလှစွာဖြင့် သူ့ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်း ပြန်သွားရန် ပြောသည်။ သူ့စကားလုံးများက အကြွင်းမဲ့သော အာဏာစက်အလား ထင်မှတ်ရ၏။ ၎င်းက ကျန်းချန်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်း အမှန်တကယ် ပို့ဆောင်တော့မည့်ဟန် ရှိသည်။
ဗုဒ္ဓ၏ အသံက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လာသည်။ ကြောက်မက်ဖွယ် ဗုဒ္ဓမန္တာန်က သူတော်စင်ကျန်းချန်ထံ ရောက်ရှိလာကာ ဗုဒ္ဓအရိပ်များကို ထိုးဖောက်ဖြတ်သန်းလျှက် သူတော်စင်ကျန်းချန်အနီးတွင် စုဝေးလာ၏။
၎င်းတို့က သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သူတော်စင်ကျန်းချန်ထံ တိုးဝင် ရောက်ရှိလာ၏။
ထိုအခိုက်အတန့်တွင် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ရီဖူရှင်းက သူ့ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့ အမှန်တကယ် ပို့ဆောင်ပေးရန် ရည်ရွယ်နေသည်။
ဘုန်း…
သူတော်စင်ကျန်းချန်က စိုးရိမ်စိတ်အနည်းငယ်ရှိသော်လည်း တည်ငြိမ်သော အမူအရာရှိနေသည်။ သူက လက်အုပ်ချီကာ မျက်လုံးအား တင်းကျပ်စွာ မှိတ်လိုက်၏။ သူ့ခန္ဓာကိုယ်ထက်တွင် ဗုဒ္ဓ၏ ရွှေရောင်အလင်းတို့က ဖြာလင်းကာ သူ့နောက်တွင် ပေါ်ပေါက်လာသည့် ဗုဒ္ဓပုံရိပ်များက စစ်မှန်သောဖြစ်တည်မှုများအဖြစ် ဖွဲ့တည်လာသည်။
ထို့နောက် ထိုဗုဒ္ဓပုံရိပ်များက သူတို့၏ လက်များကို ဆန့်ထုတ်လျှက် ပိုမို များပြားသော ပုံရိပ်များက ကောင်းကင်အား ဖုံးလွှမ်းကာ နေမင်းကို အုပ်ကွယ်သွား၏။
သူတော်စင်ကျန်းချန်၏ မျက်ခုံးနှစ်ခုကြား၌ နတ်မျက်လုံးတစ်လုံး ပွင့်ဟလာသည်။ ၎င်းက ဗုဒ္ဓကျင့်ကြံခြင်း အမှတ်အသားတစ်ခု ဖြစ်ပြီး အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည့် မြင်ကွင်းပင် ဖြစ်သည်။ ထိုအမှတ်အသားက ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားပြီး ပြိုင်ဘက်ကင်း စစ်သည်တော်ကဲ့သို့ အလွန် ထက်ရှသည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။
ချက်ချင်းပင် သူတော်စင်ကျန်းချန်နောက်မှ လက်များအားလုံးက နတ်ဓားတစ်လက်စီ ကိုင်စွဲလာ၏။ ထိုနတ်ဓားများမှ လောကအတွင်း နတ်ဆိုးများအားလုံးကို သတ်ဖြတ်နိုင်သော ပြိုင်ဘက်ကင်း ထက်ရှမှုတို့ကို ပေးသည်။
ထိုဓားများက သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ကြောက်မက်ဖွယ် ဓားစွမ်းအားတို့ကို ထုတ်လွှတ်လျှင် ၎င်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို တိုက်စားဖျက်၏။ ရီဖူရှင်းသည်လည်း ၎င်းမှ ပြင်းထန်သော စွမ်းအားတို့ကို ခံစားမိ၏။ ၎င်းက သူတော်စင်ကျန်းချန်၏ ဗုဒ္ဓကျင့်ကြံခြင်း အထူးစွမ်းရည်တို့မှ ဆင်းသက်လာသည့် ပြင်းထန်သောတိုက်ခိုက်မှု ဖြစ်သည်။
ဤနတ်ဓားက မဟာလမ်းစဥ် စွမ်းအားများကို ဖြိုခွဲဖျက်ဆီးနိုင်စွမ်းရှိသည့် မဟာလမ်းစဥ် ဓားစွမ်းရည် နတ်ဘုရားကပ်ဘေးထက်ပင် ပို၍ ပြင်းထန်၏။
သူတော်စင်ကျန်းချန်က သူ့အသက်ကို ခြိမ်းခြောက်ခံရသည်ဟု ခံစားရသောကြောင့် ရီဖူရှင်းအား အရောင်မဲ့ပင်လယ်အတွင်း အဆုံးသတ်ပစ်ရန် သူ၏ အစွမ်းထက်ဆုံးစွမ်းအားတို့ကို ထုတ်လွှတ်လာခြင်းဖြစ်သည်။
သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က ဗုဒ္ဓကျင့်ကြံသူများ၏ ဒဏ္ဍာရီနယ်မြေအတွင်း မြှုပ်နှံခံရပေမည်။
"မဟာဝေရောစနဗုဒ္ဓ။"
ဗုဒ္ဓမန္တာန် ထွက်ပေါ်လာသည်နှင့် ရီဖူရှင်း ဖွဲ့စည်းထားသည့် ဗုဒ္ဓခန္ဓာမှ ပြိုင်ဘက်ကင်း ဗုဒ္ဓအလင်းတို့ကို ထုတ်လွှတ်၏။ တစ်ချိန်တည်းတွင် ဗုဒ္ဓများအားလုံးက မဟာဝေရောစနဗုဒ္ဓစွမ်းရည်ကို ထုတ်ဖော်ကာ လက်ဝါးများအား ထုတ်လွှတ်သည်။
"သတ်"
သူတော်စင်ကျန်းချန်က ပြောသည်။ ထိုအချိန်တွင် သူက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ သတ်ဖြတ်လိုစိတ်တို့က ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့လာနေသည်။ ထိုတိုက်ခိုက်ရေးနည်းစနစ်က သူ၏ ကိုယ်ပိုင်စရိုက်ကဲ့သို့ လွှမ်းမိုးနိုင်ကာ ထက်ရှလှသည်။ ဤနည်းစနစ်ကို သူဖန်တီးထားခြင်းဖြစ်ပြီး ကျန်းချန်ဓားဟု အမည်ရ၏။
ကျန်းချန်ဓားစွမ်းရည်ကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် ထိုလက်များစွာကလည်း တစ်ချိန်တည်း လှုပ်ရှားလျှက် သူတို့၏ လက်ထဲမှ နတ်ဓားများဖြင့် ခုတ်ပိုင်း၏။ ၎င်းတို့က ဗုဒ္ဓမန္တာန်စွမ်းအားနှင့် ထိပ်တိုက်တွေ့သော်လည်း အနည်းငယ်မျှပင် ယိမ်းယိုင်သွားစေနိုင်ခြင်း မရှိပါ။ ထိုလက်များက နတ်ဓားများကို ကိုင်ကာ ဆက်လက် ခုတ်ပိုင်းလာပြီး လေဟာနယ်အတွင်း နေရာအလွတ် မရှိဘဲ မြင်သမျှအရာအားလုံးကို ဖျက်ဆီးသုတ်သင်ပစ်တော့မလို ထင်ရ၏။
မဟာဝေရောစနဗုဒ္ဓလက်ဝါးများက ကျန်းချန်၏ ဓားများနှင့် ရိုက်ခတ်မိကာ အရောင်မဲ့ပင်လယ်အထက်၌ ကမ္ဘာပျက်အလင်းများ ပေါက်ကွဲထွက်လာသည်။ မဟာဝေရောစနဗုဒ္ဓ၏ လက်ဝါးက ဖျက်ဆီးခံလိုက်ရပြီး ကျန်းချန်ဓားများသည်လည်း တစ်ခုပြီးတစ်ခု ဆက်တိုက် ကျိုးပဲ့ပျက်စီးသွား၏။ သို့သော် ထိုလက်ဝါးများက အကန့်အသတ်မဲ့ကာ အဆုံးမရှိသလို ထင်မှတ်ရပြီး လက်ထဲတွင် ကျန်းချန်ဓားကို ကိုင်ဆောင်ထားသော ထိုဗုဒ္ဓများအား သတ်ဖြတ်ရန် ဆက်လက်တိုးဝင်လာသည်။
ထိုဗုဒ္ဓများက ပြန်လည်ရှင်သန်လာခြင်းဖြစ်လျှင်ပင် သူတို့က ရီဖူရှင်းကို ကူညီမည်ဆိုပါက သူတော်စင်ကျန်းချန်က သူတို့အား သတ်ဖြတ်ရန် ဝန်မလေးပါ။
သူတို့က ရှေးဟောင်းဗုဒ္ဓများဖြစ်လျှင်လည်း မည်သည့်အရေးနည်း။
သူတော်စင်ကျန်းချန်ဖြစ်သည့် သူက လက်ရှိခေတ်၏ ဗုဒ္ဓတစ်ပါးဖြစ်သောကြောင့် ရှေးခေတ်ကာလမှ ဗုဒ္ဓအချို့၏ စွမ်းအားတို့ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
ဘုန်း.. ဘုန်း.. ဘုန်း...
ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကျန်းချန်ဓားကို ကိုင်ဆောင်ထားသည့် လက်များက ဗုဒ္ဓလက်ဝါးပုံရိပ်များကို ထိုးဖောက်ကာ တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်၏။
သူတော်စင်ကျန်းချန်နှင့် အဆင့်တူသည်အထိ ကျင့်ကြံခဲ့ပြီးသော သူများတွင် လမ်းစဥ်များအပေါ် သူတို့၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုတို့ ရှိကြပြီး ကျန်းချန်ဓားက ထိုနားလည်သဘောပေါက်မှု၏ ဥပမာတစ်ခုဖြစ်သည်။
သူတော်စင်ကျန်းချန်ထံမှ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံစားမိသော်လည်း ရီဖူရှင်းက အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိချေ။
"ဥုံ မာနိ ပါဒ်မီ ဟန်မ်"
"ဥုံ မာနိ ပါဒ်မီ ဟန်မ်"
အရောင်မဲ့ပင်လယ်၏ ကောင်းကင်ထက်တွင် သစ္စာခြောက်ပါးတရားတော်၏ ဗုဒ္ဓအသံတို့သာ ပဲ့တင်ထပ်နေသည်။ ဗုဒ္ဓများ၏ ပုံရိပ်တို့က ထိုကမ်းရိုးတန်းဒေသကို လွှမ်းခြုံထားသည့် ချိပ်စည်းကဲ့သို့ ကောင်းကင်နှင့် တသားတည်း ဖြစ်နေ၏။
၎င်းက ဗုဒ္ဓတစ်ရာ့ရှစ်ပါးသာ မဟုတ်တော့ဘဲ ထောင်ချီသည့် ဗုဒ္ဓများဖြစ်လာပုံရ၏။
ဗုဒ္ဓ၏ သစ္စာခြောက်ပါးတရားတော်ကို ကြားရသည့်အခါ ဗုဒ္ဓများအားလုံးက တစ်စုတစ်စည်းတည်းဖြစ်သွားကြသည်။ သတ်ဖြတ်ရန် တိုးဝင်လာသည့် ထိုစွမ်းအားများကို မြင်သည့်အခါ မရေတွက်နိုင်သည့် ဗုဒ္ဓများအားလုံးက သူတို့၏ လက်များကို တစ်ချိန်တည်း ဆန့်ထုတ်ကြ၏။
"ဗုဒ္ဓအားလုံး မူလအခြေအနေကို ပြန်လည်ရောက်ရှိခြင်း။"
သူတော်စင်ကျန်းချန်က ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်သည်။ နေမင်း၏ အလင်းရောင်အောက်တွင် အားလုံးသော ဗုဒ္ဓများက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုအချိန်တွင် သူတော်စင်ကျန်းချန်က စိတ်ပျက်အားလျော့မှုကို အမှန်တကယ် ခံစားရ၏။ ရီဖူရှင်းက လိပ်ပြာတောင်ကုန်း၌ ဆယ်စုနှစ်တစ်ခုမျှသာ နေထိုင်ခဲ့သော်လည်း သူက မည်သို့ဖြစ်၍ ဤအဆင့်ထိ ကျင့်ကြံအောင်မြင်နိုင်ရသနည်း။
သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက်၌ပင် ဗုဒ္ဓအားလုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းကဲ့သို့ မြင်ကွင်းကို မြင်တွေ့ ခဲ့ဖူးခြင်းမရှိပေ။ သို့သော် ရီဖူရှင်းက အရောင်မဲ့ပင်လယ်အတွင်းမှ စွမ်းအားများနှင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်၏။
ထိုတိုက်ခိုက်မှုက ထွက်ပေါ်လာသည်နှင့် အရာအားလုံးမှာ အညှာအတာမဲ့စွာ ပျက်စီးသွားသည်။
ဤတွင် ကြောက်မက်ဖွယ် တုန်ခါသံတို့ ထွက်ပေါ်လာ၏။ ထိုတိုက်ခိုက်မှု ကျရောက်လာသည့်အခါ လက်များက ကွဲကြေသွားပြီး ကျန်းချန်ဓားသည်ပင် လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်လာသည့် ထိုစွမ်းအားကို ခုခံကာကွယ်နိုင်ခြင်းမရှိနိုင်တော့ပါ။
ထိုတိုက်ခိုက်မှုက ရီဖူရှင်းထံမှ မဟုတ်ဘဲ ဗုဒ္ဓအားလုံး၏ စွမ်းအားများ ဖြစ်ပြီး ရီဖူရှင်းက ၎င်းတို့ လှုပ်ရှားလာစေရန် လှုံ့ဆော်လာသူသာ ဖြစ်သည်။ သူက သစ္စာခြောက်ပါးတရားတော်နှင့် ဗုဒ္ဓအားလုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းကို ဖြစ်ပေါ်စေပြီး ထိုဗုဒ္ဓများအားလုံး စုပေါင်းတိုက်ခိုက်ခြင်းက သူတော်စင်ကျန်းချန် ခုခံနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။
ဘုန်း…
အရောင်မဲ့ပင်လယ်ထက်သို့ ကျရောက်လာသည့် တိုက်ခိုက်မှုက အရာအားလုံးကို သုတ်သင်ဖျက်ဆီး၏။ အရောင်မဲ့ပင်လယ်ပြင်မှာ ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ လူးလွန့်လှုပ်ရှားလာသည်။
တုန်ခါနေသည့် အရောင်မဲ့ပင်လယ်က အော်မြည်နေခဲ့ပြီး တခဏကြာမှသာ တဖြေးဖြေး ငြိမ်သက်သွား၏။ အရောင်မဲ့ပင်လယ်ထက်တွင် ပုတီးစေ့များက အလင်းတန်းတချို့နှင့် ပျံသန်းလာပြီး ထွက်ပြေးရန် ကြိုးစားလာသည်။ ရီဖူရှင်း၏ မျက်လုံးများက အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။ သူ၏ လက်ချောင်းက ထိုအမြုတေကဲ့သို့ ပုတီးစေ့များကို လက်ညှိုးထိုးလိုက်လျှင် ၎င်းတို့က ရုတ်တရက် တစ်ခုပြီးတစ်ခု ကွဲကြေသွား၏။ သူတော်စင်ကျန်းချန်၏ ပုံရိပ် ပေါ်ထွက်လာသောအခါ သူ့မျက်နှာက ရှုံ့တွကာ ဒေါသထွက်နေဟန်ရှိသည်။
ဗုဒ္ဓကျင့်ကြံခြင်းလောကအတွင်းမှ ဗုဒ္ဓတစ်ပါးဖြစ်သည့် ကျန်းချန်က ကောင်းကင်ဒေသမှ လူငယ်တစ်ယောက်၏ လက်များထဲ၌ ကျဆုံးရတော့မည်လား။
"သွား။"
ရီဖူရှင်းက ပြောလိုက်သည်နှင့် သူတော်စင်ကျန်းချန်၏ ပုံရိပ်က ပျောက်ကွယ်သွားကာ စိတ်ဝိညာဥ်သည်လည်း ပြိုကွဲပျက်စီးလာ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်မှ အရှိန်အဝါအငွေ့အသက်တို့က တဖြေးဖြေး လျော့နည်းသွား၏။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် အသက်မဲ့ငြိမ်သက်သွားသည်။
ရီဖူရှင်းက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ အစွမ်းထက်ရန်သူတစ်ဦးအား သူက တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့ပြီ ဖြစ်သည်။