← Chapters

ခြင်္သေ့ဂူထဲသို့ ဝင်ရောက်ခြင်းပေလော...

Vol. 175 Ch. 2508

ခြင်္သေ့ဂူထဲသို့ ဝင်ရောက်ခြင်းပေလော...

Vol. 175 Ch. 2508

စီဝေ့အင်ပါယာနန်းတော်တွင် ရီဖူရှင်းသည် ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့ကို တွေ့ဖြစ်သည်။ တစ်ဦးသည် ကျုံးချန်၏ဆရာသခင်ဖြစ်ပြီး ကျန်တစ်ဦးမှာ သူ၏အစ်ကိုကြီးဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ကျုံးချန်နှင့် ရင်းနှီးကြသည်။

ယခုတွင် ရီဖူရှင်းသည် ကလဲ့စားချေရန် သွားတော့မည်ဖြစ်ရာ သူတို့လည်း ရှိနေရန် လိုအပ်သည်။

“ငါလည်း လိုက်ခဲ့မယ်”

အင်ပါယာရှီက ပြောသည်။

အင်ပါယာရှီ၊ မိုးကြိုးကပ်ဘေးအရှင်နှင့် အင်ပါယာရှီ၏တပည့် ယန်ဝူချီတို့သည် ထိုနေရာတွင် ရှိနေသည်။ ယခင်က ရီဖူရှင်းမှာ နင်ဟွာ၏ နောက်မှလိုက်ခြင်းကို ခံခဲ့ရစဉ်က ရီဖူရှင်းကို ကယ်ဆယ်ကာ နင်ဟွာကို တားဆီးခဲ့သူသည် ယန်ဝူချီဖြစ်သည်။

ထိုစဉ်က ပဋိပက္ခများအကြားတွင် အင်ပါယာရှီ၏အုပ်စုသည် ရီဖူရှင်းနှင့်ရင်းနှီးသွား၏။ သူတို့သည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ကိုလည်း အလွန်စိတ်ဝင်စားခဲ့သဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း ထိုနေရာတွင် ကျင့်ကြံနေခြင်းဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပတ်ခဲ့တုန်းကပင် သူတို့သည် ထိုနေရာ၌ပင် ဆက်နေသည်။

ရီဖူရှင်းကို ဗဟိုပြုသော စီဝေ့ကြယ်ကောင်းကင်သည် အခြားအင်အားစုများနှင့် အမှီအခိုကင်းသည်ဟု ဆိုနိုင်၏။ ထို့ကြောင့် အင်ပါယာရှီတို့အုပ်စုသည် စီဝေ့ကြယ်ကောင်းကင်ဟု တစ်စိတ်တစ်ပိုင်းဟု သတ်မှတ်နိုင်၏။

ဆက်ဆံရေးအရကြည့်မည်ဆိုလျှင် အင်ပါယာရှီနှင့် ရီဖူရှင်းသည် သိပ်၍မရင်းနှီးပေ။ သူသည် ယခင်က ရီဖူရှင်းကို ကူညီပေးခဲ့ရုံသာဖြစ်ပြီး သူ၏ပါရမီကို သဘောကျရုံသာ ဖြစ်၏။ အင်ပါယာရှီသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူဖြစ်ကာ ဩဇာအာဏာများကို မမက်မောပေ။ ထို့ကြောင့် ဤမတိုင်ခင်က သူသည် အမြဲတမ်းအားဖြင့် လိပ်နတ်ဘုရားကျွန်းစုပေါ်တွင် ကျင့်ကြံနေသည်။

နောင်ပိုင်းတွင် သူသည် ရီဖူရှင်းကို ကူညီပေးခဲ့သဖြင့် ပဋိပက္ခများအတွင်းပါလာပြီး တုန်းဟွာကုန်းမြေသခင် နင်ယွမ်ကို အပြစ်ပြုမိသည်။ ထို့ကြောင့် လိပ်နတ်ဘုရားကျွန်းစုတွင် ဆက်မနေနိုင်တော့ဘဲ စီဝေ့ကြယ်ကောင်းကင်၌ လာရောက်ကျင့်ကြံရင်း ရီဖူရှင်းတို့နှင့် ပိုမိုနီးစပ်သွားခြင်း ဖြစ်သည်။

သူတို့သည် ရင်းနှီးသော်လည်း ရီဖူရှင်းတို့အုပ်စုနှင့် ပူးပေါင်းမည်ဟု တစ်ခါမှ မပြောခဲ့ပေ။ သူတို့သည် ကျင့်ကြံရန်နေရာတစ်ခုကို ငှားရမ်းနေရုံသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ရီဖူရှင်း မည်မျှ ခရီးရောက်မည်ကို စိတ်ဝင်စားလာကြသည်။

လိပ်နက်ကြီးသည်လည်း အင်ပါယာရှီအစား ကပ်ဘေးနောက်ဆုံးအချက်ကို ဝင်ခံပေးခဲ့စဉ်က သူ့ကို မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ဖို့ မကြိုးစားရန် အကြံပေးသည်။ ထိုသို့ရင်ဆိုင်ခဲ့လျှင် အင်ပါယာရှီ၏အဆုံးသတ်ဖြစ်သွားပေလိမ့်မည်။ သို့သော် အင်ပါယာရှီသည် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်အား ရင်မဆိုင်ဘဲ မနေနိုင်ကြောင်း သိသည်။  အကယ်၍ သူသာ ထိုခြေလှမ်းကို လှမ်းလိုလျှင် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်သည် သူ့အတွက် အခွင့်အရေးဖြစ်နိုင်၏။ ဤနေရာတွင် သူသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို အချိန်ပြည့် နားလည်အောင်လုပ်နိုင်သည်။

ရီဖူရှင်းက သူ့ပတ်ပတ်လည်ရှိ လူများကို တစ်ချက်ဝေ့ကြည့်သည်။ ဆေးအင်ပါယာသည် အေးစက်စက်ဖြင့် ထီမထင်သောမျက်နှာထားရှိလေသည်။ လီချန်ရှန်းသည်လည်း မျက်နှာထားတင်းမာနေ၏။ သူတို့မှာ ဤသို့သောနေ့အား စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

သူတို့သည် ကျုံးချန်၏သေဆုံးမှုကို မည်သည့်အခါမှ မေ့မည်မဟုတ်ပေ။

“သွားစို့...”

လူအုပ်စု စုဝေးပြီးသွားသောအခါ ခွန်ပန်ရွှေတောင်ပံငှက်သည် သူတို့၏စီးတော်ယာဉ်အဖြစ် တာဝန်ယူ၏။ သူက အ‌တောင်ပံများကို ဖြန့်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလျှင် စီဝေ့အင်ပါယာနန်းတော်အား တမဟုတ်ချင်း နောက်တွင်ချန်ထားရစ်၏။

“သောကျောက်... အခု နင်ဟွာဘယ်မှာလဲ”

သောကျောက်က ပြန်ပြောသည်။

“ကောင်းကင်ဒေသက ကုန်းမြေဆယ့်ရှစ်ခုလုံးဟာ မူလဘုံဆီကိုလာတဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိကြတယ်။ တုန်းဟွာကုန်းမြေလည်းအတူတူပဲ... လမ်းကြောင်းကို ကုန်းမြေသခင်အိမ်တော်က ထိန်းချုပ်တယ်။ သူတို့က မူလဘုံမှာ နယ်မြေတစ်ခု တည်ထောင်ပြီး တုန်းဟွာနယ်မြေလို့ ခေါ်ကြတယ်။ တုန်းဟွာနယ်မြေကို တည်ထောင်ထားတာ ဆယ်စုနှစ်တစ်စုကျော်ပြီဆိုတော့ တော်တော်လေးကြီးမားနေပြီ။ အဲဒီတုန်းဟွာနယ်မြေက ကောင်းကင်ဒေသရဲ့ တုန်းဟွာကုန်းမြေနဲ့ တိုက်ရိုက် ချိတ်ဆက်နေတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တုန်းဟွာနယ်မြေကို တုန်းဟွာကုန်းမြေက ကျင့်ကြံသူတွေ အများကြီးရောက်လာခဲ့တယ်။ ကုန်းမြေက ထိပ်သီးအင်အားစုတွေနဲ့ အဲ့ကျင့်ကြံသူတွေက တုန်းဟွာနယ်မြေမှာ ခံတပ်တွေအများကြီး တည်ဆောက်ထားတယ်”

ရှောင်တိန့်ထျန်းက ထပ်ဖြည့်ပြောလိုက်၏။

“သူတို့က တုန်းဟွာနယ်မြေလို့ခေါ်ပေမယ့် အဲ့လောက်ကြီး အထင်ကြီးစရာမကောင်းပါဘူး။ အဲဒီနယ်မြေမှာရှိတဲ့ လူဦးရေကနည်းနေပါသေးတယ်။ အဲဒါက မြို့တစ်မြို့နဲ့ ပိုတူတယ်။ အဲဒီနယ်မြေက တုန်းဟွာကုန်းမြေသခင်အိမ်တော်က ရှာတွေ့ခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ... သူတိုက နယ်မြေကို သိမ်းပိုက်စိုးမိုးထားတာ။ နောက်တော့ သူတို့ အဲဒီနယ်မြေကို တိုးတက်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ တုန်းဟွာကုန်းမြေရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်ရှိတာပဲ... ပြီးတော့ အမွေအနှစ်က သိပ်အဖိုးမတန်ပါဘူး။ မဟုတ်ရင် သူတို့ဘယ်လိုလုပ် အဲဒီနယ်မြေကို အခုထိ ခြေကုပ်ယူထားနိုင်မှာလဲ”

တစ်စုံတစ်ယောက်က ထပ်ပြောသည်။

“အမှန်ပဲ... ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အပြင်လောကမှာ အမွေအနှစ်တွေကို အသည်းအသန် လုယက်နေခဲ့ကြတာပဲ။ ကောင်းကင်ဒေသ၊ မှော်နက်လောကနဲ့ ဗလာနတ္တိဘုံတွေကြားမှာ စစ်မဖြစ်သေးပေမယ့် ပဋိပက္ခက ဘယ်တုန်းကမှ အဆုံးမသတ်ခဲ့ဘူး... သူတို့က သတ်ဖြတ်၊ လုယက်တာတွေ နယ်မြေလုတာတွေကိုတော့ လုပ်နေကြတာပဲ”

ရီဖူရှင်းက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ စီဝေ့ကြယ်ကောင်းကင် ချိပ်ပိတ်ထားစဉ်တွင် အပြင်လောကသည် များစွာ ပြောင်းလဲခဲ့ပုံရ၏။ ထိပ်သီးအင်အားစုများအတွက် ကုန်းမြေရိုင်းတစ်ခုအား မြို့တစ်မြို့ဖြစ်လာအောင် ထူထောင်ရန်မှာ မခက်ခဲပေ။

သူတို့က မူလဘုံ၏အရင်းအမြစ်များကိုလည်း လုယက်နိုင်သေးသည်။

ဆေးအင်ပါယာက သုံးသပ်သည်။

“တုန်းဟွာနယ်မြေက တုန်းဟွာကုန်းမြေရဲ့ ကုန်းမြေသခင်နဲ့ ဆက်စပ်နေတာပဲ။ ငါတို့ နင်ဟွာကို တိုက်ခိုက်ရင် နင်ယွမ်က သူ့ကိုသေချာပေါက် လာကူညီမှာပဲ။ ငါ နင်ယွမ်ကို တားထားနိုင်ပါတယ်။ ဒါပေမဲ့ မူလဘုံထဲမှာ မင်းရဲ့ ရန်သူတွေအများကြီးရှိတယ်။ သူတို့တော်တော်များများက မင်းကို သတ်ချင်နေကြတာ။ မင်း နင်ဟွာနဲ့ မြန်နိုင်သမျှ မြန်မြန် စာရင်းရှင်းမှရမယ်။ ငါတို့ အဝိုင်းခံလိုက်ရရင် အခြေအနေက တော်တော် ကသောင်းကနင်းဖြစ်သွားမှာပဲ။ မင်းစိတ်ထဲ ဘာအကြံတွေများရှိလဲ ”

ယခင်က ဆေးအင်ပါယာသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏အကူအညီဖြင့် နင်ယွမ်ကို ယှဉ်တိုက်နိုင်ခဲ့ပြီး ဘေးကင်းစွာ ဆုတ်ခွာနိုင်၏။ ထိုဖြစ်စဉ်တွင် ဆေးအင်ပါယာသည် အပြင်းအထန်ဒဏ်ရာရခဲ့သော်လည်း သူသည် အသက်ရှင်လျှက် လွတ်မြောက်နိုင်၏။ ဆေးအင်ပါယာသည် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းကို အာရုံစိုက်ခဲ့ပြီးနောက် သူ၏ကျင့်ကြံခြင်းမှာ ပို၍နက်ရှိုင်းလာခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အုပ်စုသည် မူလဘုံတွင် ကြာရှည်နေရန် မသင့်တော်ပေ။

“အခုလောလောဆယ်တော့ ကျွန်တော် နင်ဟွာကိုပဲသတ်ပြီး နင်ယွမ်ကို ချမ်းသားပေးလိုက်ဦးမယ်”

ရီဖူရှင်းက ပြောသည်။ နင်ယွမ်သည် တုန်းဟွာကုန်းမြေသခင်ဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ သူ့ကိုသတ်ခဲ့ပါက ကောင်းကင်ဒေသရှိ တုန်းဟွာအင်ပါယာနန်း‌တော်သည် သူ့လုပ်ရပ်အား သူတို့၏ဩဇာကို ခြိမ်းခြောက်ခြင်းဟု ယူဆသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အခြေအနေက ရှုပ်ထွေးသွားနိုင်၏။

လက်ရှိတွင် ရီဖူရှင်း၏စီဝေ့ကြယ်ကောင်းကင်မှ အင်အားသည် လုံလောက်အောင်မသန်မာသေးပေ။ သူတို့က စိတ်ရှည်ရန် လိုအပ်၏။

ထို့ကြောင့် ရီဖူရှင်းသည် ဤအကြိမ်တွင် နင်ဟွာကိုသာ သတ်ရန် ကြံထား၏။ ဆေးအင်ပါယာသည် ကျုံးချန်ကို များစွာနှစ်သက်ကာ သူ၏သေဆုံးခြင်းက ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ သူတို့က သေချာပေါက် လက်စားချေရန် လို၏။

ရီဖူရှင်းက နင်ယွမ်ကို ချမ်းသာပေးမည်လော။

ဆေးအင်ပါယာက အံ့အားသင့်သွား၏။

သူ၏မေးခွန်းသည် ရီဖူရှင်းတစ်ယောက် နင်ယွမ်၏လက်မှ မည်သို့မထိမခိုက် လွတ်အောင်လုပ်ရန် စီစဉ်ထားသည်ကို သိရှိရန် ရည်ရွယ်ပေသည်။  သို့သော် ရီဖူရှင်းသည် လောလောဆယ်တွင် နင်ယွမ်ကို ချမ်းသာပေးမည်ဟု ပြောနေသည်။

ထို့ကြောင့် ဆေးအင်ပါယာသည် အနည်းငယ် စိတ်ပျက်လက်ပျက် ခံစားရ၏။ သူတို့အုပ်စုက တုန်းဟွာကုန်းမြေသခင်နင်ယွမ်ကို သတ်ရန် အင်အား ပိုင်ဆိုင်ထားပြီဟု ရီဖူရှင်း ထင်လေသလော။

ရီဖူရှင်းသည် အနောက်ဘက်ကောင်းကင်ခရီးတွင် မည်မျှတိုးတက်ခဲ့သနည်း။

ယခုတွင် ရီဖူရှင်း၏ကျင့်ကြံခြင်းအဆင့်သည့် မည်သည့်အဆင့်နည်း။

ဘေးမှ လီချန်ရှန်း၊ အင်ပါယာရှီ၊ ယန်ဝူချီနှင့် အခြားသူများသည်လည်း ရီဖူရှင်းကို ကြည့်ကြ၏။ နင်ယွမ်ကို ချမ်းသာပေးမည်ဟူသော သူ၏ပြောကြားချက်သည် သူတို့ကို အတွေးများသွားစေ၏။

***

လက်ရှိမူလဘုံသည် ယခင်ကထက် နယ်မြေများစွာ ရှိလာပြီဖြစ်သည်။ အာကာသဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေသည့် အမွေအနှစ်များစွာကို ရှာတွေ့ခဲ့ပြီး မြို့များအဖြစ် တည်ထောင်ခဲ့ကြသည်။ တုန်းဟွာနယ်မြေသည် ထိုအထဲမှ တစ်ခုဖြစ်သည်။ ထိုနယ်မြေမှာ တုန်းဟွာကုန်းမြေက အုပ်စိုးထားသည့်နယ်မြေဖြစ်ပြီး သူတို့၏အင်အားစုများအတွက် မူလဘုံရှိ အခြေစိုက်စခန်းဖြစ်လာသည်။

ရှောင်တိန့်ထျန်းပြောသကဲ့သို့ပင် တုန်းဟွာနယ်မြေကို မြို့တစ်မြို့အဖြစ် သတ်မှတ်ခြင်းက ပိုသင့်တော်၏။ နယ်မြေ၏အစွန်အဖျားများသည် လွင်တီးခေါင်များဖြစ်နေသေးသည်။ တစ်ခုတည်းသောမြို့တော်မှာ နယ်မြေအလယ်တွင် တည်ရှိ၏။ မြို့တော်တစ်ဝိုက်တွင်သာ တိုးတက်မှုများရှိပြီး တဖြည်းဖြည်းပြန့်ကားနေကာ ‌နှစ်အနည်းငယ်အတွင်းတွင် နယ်မြေအစစ်အမှန်တစ်ခု ဖြစ်လာပေလိမ့်မည်။

နယ်မြေအလယ်ဗဟိုတွင်တည်ရှိသော မြို့တော်သည် စည်ကားသက်ဝင်နေပြီဖြစ်သည်။ ထိုနေရာတွင် တုန်းဟွာကုန်းမြေမှ ထိပ်သီးအင်အားစုကြီးများနှင့် အခြားနေရာများမှ အင်အားစုများသည် စွမ်းအားကြီး‌သော စစ်သည်များကို လာ‌ရောက်နေရာချထားပေသည်။ ထို့ပြင် လက်ရှိမူလဘုံတွင် ကံကောင်းခြင်းများက သူတို့ကိုစောင့်ကြိုနေရာ လောကအသီးသီးမှ  ထိပ်သီးကျင့်ကြံသူများလည်း ထိုနေရာတွင် ရှိနေ၏။

အမွေအနှစ်တစ်ခုရှိသည့် ထိုနယ်မြေတွင် ရှေးဟောင်းအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သို့သော် မြို့တော်မှာ အသစ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ အထက်ကောင်းကင်တွင် ခွန်ပန်ရွှေတောင်ပံငှက်သည် မြို့တော်အလယ်ဗဟိုသို့ ပျံသန်းသွားနေ၏။ ၎င်း၏အတောင်များသည် ပြန့်ကားနေပြီး နေရောင်ကို ကာရံထားလေသည်။

မြေပြင်မှ ကျင့်ကြံသူများသည် ခေါင်းမော့ကာ ငှက်ကိုကြည့်လိုက်ကြ၏။ သူတို့သည် အနည်းငယ် အံ့အားသင့်နေကြသည်။

“အတော်စွမ်းအားကြီးတဲ့ နတ်ငှက်ပဲ”

တစ်စုံတစ်ယောက်က ရေရွတ်သည်။

“အဲဒါက အဆင့်ကိုး သားရဲအင်ပါယာပဲ”

တစ်စုံတစ်ယောက် ပြောသည်။ ရန်ဟောင်ကျင့်ကြံသူအများအပြားသည် ချက်ချင်း ကောင်းကင်သို့ ကြည့်ကြ၏။ အဆင့်ကိုး သားရဲအင်ပါယာပေါ်တွင် ကျင့်ကြံသူအနည်းငယ် စီးနင်းနေကြသည်။

ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်တော့မည့် လက္ခဏာဟု လူအများက ချက်ချင်း ရိပ်မိလိုက်ကြ၏။

“သွားကြည့်ကြစို့”

နယ်ခံကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ပျံသန်းကာ ခွန်ပန်ရွှေတောင်ပံငှက်နောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်သွားကြသည်။ သူတို့သည် မည်သည့်ကိစ္စဖြစ်လာမည်ကို သိလိုနေကြ၏။

အဆင့်ကိုး နတ်ဆိုးအင်ပါယာကို စီးတော်ယာဉ်အဖြစ် သုံးနိုင်သည့် ကျင့်ကြံသူများသည် မည်သည့်အဆင့်တွင် ရှိမည်နည်း။

သူတို့ တုန်းဟွာနယ်မြေသို့ ရောက်လာခြင်းမှာ မကောင်းသောအကြံအစည်များကြောင့် ဖြစ်နိုင်၏။

တုန်းဟွာနန်းတော်သည် တုန်းဟွာကုန်းမြေသခင်အိမ်တော်က မူလဘုံတွင် တည်ထောင်ထားသော အခွဲတစ်ခုဖြစ်သည်။

နန်းတော်ထဲတွင် လက်ထောက်သခင် နင်ဟွာ ကျင့်ကြံနေ၏။ သူသည် စွန့်စားခရီးမှ ပြန်လာသည်မှာ မကြာသေးပေ။ စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည် အပြင်လောကကို ထပ်မံထွက်လာတော့မည့် သတင်းကို ကြားပြီးနောက်တွင် သူသည် ထိုကျင့်ကြံသူများအား သင်ခန်းစာတချို့ ပေးလိုက်သည်။ အကယ်၍ ထိုကျင့်ကြံသူများဘက်မှ အတွေ့အကြုံများသော ကျင့်ကြံသူအချို့သာ မပါလျှင် အမှန်တကယ် အမြစ်ဖြုတ်သတ်ဖြတ်နိုင်လိုက်ပေမည်။

ရီဖူရှင်းသည် လက်ရှိတွင် ကောင်းကင်ဒေသမှ အင်အားစုအားလုံး၏ ဘုံရန်သူဖြစ်၏။  မကြာသေးခင်က သူသည် မဟာအလင်းကုန်းမြေနှင့် ဗုဒ္ဓလောကသို့ ခရီးသွားခဲ့သည်ဆိုသော သတင်းများကို ကြားခဲ့ရသည်။ နင်ဟွာ၏ဖခင် နင်ယွမ်သည် ရီဖူရှင်းမှာ ဗုဒ္ဓလောကတွင် ရှိစဉ်ကလည်း အခြားကျင့်ကြံသူများ၏လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း အင်ပါယာနန်းတော်မှနေ၍ ကောလာဟလအချို့ကို ကြားခဲ့ရ၏။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ပျက်စီးသွားပေပြီ။

ထို့နောက်တွင် ရီဖူရှင်းသည် အ‌နောက်ဘက်ကောင်းကင်သို့ သွားရောက်လေ့လာခဲ့ကြောင်း ထင်ရှားပေသည်။ ထိုနေရာသို့ခရီးစဉ်အတွက် အသေးစိတ်သတင်းအချက်အလက်များကို ထပ်မရခဲ့ပေ။ အနောက်ဘက်ကောင်းကင်သည် ကောင်းကင်ဒေသမှင့် အဆက်အသွယ်မရှိသည် မဟုတ်ပေလော။ သူတို့က ရီဖူရှင်းအကြောင်းနှင့် ပတ်သတ်၍ အင်ပါယာနန်းတော်မှတဆင့် သတင်းအချက်အလက်အနည်းငယ်သာ သိရှိခဲ့ရ၏။

ရီဖူရှင်းသည် အမှန်ပင် လွန်စွာဝေးကွာသောနေရာသို့ သွားခဲ့ခြင်းပင်။ ယခုတွင် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ရာ သူပြန်ရောက်‌လောက်ပြီ မဟုတ်လော။

မဟုတ်လျှင် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများ အပြင်လောကသို့ ထပ်မံထွက်ကာ လှုပ်ရှားခြင်းသည် ဉာဏ်နည်းခြင်းဟုသာ ဆိုရပေမည်။

သို့သော် ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို ဆုံးရှုံးခဲ့ရပြီး ကောင်းကင်ဒေသ၏ဘုံရန်သူလည်းဖြစ်နေရာ ရီဖူရှင်းတစ်ယောက် စီဝေ့ကြယ်ကောင်းကင်မှ ကိုယ်တိုင်ထွက်လာနိုင်သည်အထိ သတ္တိရှိလာအောင် အချိန်မည်မျှ ယူရမည်ကို နင်ဟွာစိတ်ဝင်စားနေသည်။

နင်ဟွာအတွက်မူ ယခင်က မူလဘုံ၏ပရမ်းပတာအခြေအနေများအကြားတွင် ကျင့်ကြံသူအများအပြားသည် သူတို့၏အရည်အချင်းများကို ထုတ်ပြခဲ့ရာ လက်ရှိတွင် သူသည် မူလဘုံမှ လူများ အထင်ကြီးလောက်သည့် တန်ခိုးရှင်မဟုတ်တော့ပေ။ ရီဖူရှင်းကို ဥပမာအနေဖြင့် ကြည့်၍ရ၏။ သူသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်ရာ နင်ဟွာ၏ဂုဏ်ရှိန်သည် မှေးမှိန်နေသည်။  ထို့ကြောင့် နင်ဟွာသည် လွန်စွာစိတ်ဖိစီးနေ၏။ သို့ဖြစ်၍ သူသည် သူ့ကိုယ်သူတိုးတက်အောင်လုပ်ရန် ကြိုးစားပမ်းစားကျင့်ကြံနေခြင်းပင်။

လက်ရှိတွင် နင်ဟွာ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်ဖြစ်သည်။ နောက်နှစ်အနည်းငယ်အတွင်း၌ သူသည် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည်ဟု ယုံကြည်ထား၏။

ထိုအခိုက်တွင် စွမ်းအားကြီးသောဖိအားတစ်ခုသည် တုန်းဟွာနန်းတော်အပြင်သို့ ကျဆင်းလာသည်။ နင်ဟွာက မျက်မှောင်ကြုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် တုန်းဟွာနန်းတော်အတွင်းတွင် ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်သို့ မော့ကြည့်ကြ၏။ သူတို့သည် လေထဲတွင် ဝဲနေသော ခွန်ပန်ရွှေတောင်ပံနတ်ငှက်ကို မြင်လိုက်ကြရသည်။ ၎င်း၏အကြည့်များသည် ဓားမြှောင်များအလား စူးရှနေသည်။

ခွန်ပန်ရွှေတောင်ပံနတ်ငှက်၏ကျောပေါ်တွင် လွန်စွာရင်းနှီးသော လူတစ်စုရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုလူစု၏ခေါင်းဆောင်မှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ငွေဖြူရောင်ဆံပင်နှင့်လူငယ်ဖြစ်သည်။ တုန်းဟွာနန်းတော်မှ လူအားလုံးသည် ထိုသူ မည်သူဖြစ်ကြောင်း သိကြ၏။

တုန်းဟွာစားပွဲသောက်ပွဲတွင် ရီဖူရှင်းသည် တုန်းဟွာကုန်းမြေမှ လူအားလုံးကို အံ့အားသင့်သွားစေလေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်မှ အမှန်ပင် ထွက်လာဝံ့၏။

ရီဖူရှင်းသည် ခွန်ပန်ရွှေတောင်ပံနတ်ငှက်၏ကျောပေါ်မှနေ၍ အောက်သို့ စိုက်ကြည့်ကာ အော်ပြောသည်။

“နင်ဟွာ...”

သူ၏အသံသည် အာကာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး တုန်းဟွာနန်းတော်ကို တုန်ခါသွားစေသည်။ ထို့ကြောင့် မြေပြင်မှလူများ ရင်တုန်သွားကြသည်။ နင်ဟွာသည်လည်း နန်းတော်ထဲမှထွက်လာ၏။

တစ်ချိန်တည်းမှာပင် တုန်းဟွာနန်းတော်ထဲတွင် အာကာသအလင်းတန်းများစွာ တောက်ပလာလေသည်။ တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်များ နိုးထလာသကဲ့သို့ပင်။

ရီဖူရှင်းတို့လူစုသည် ထိုမြင်ကွင်းကို မြင်သော်လည်း တားဆီးခြင်းမပြုပါ။ သူတို့က ဂရုမစိုက်ဟုပင် ပြောနိုင်၏။ သူတို့၏အကြည့်များသည် တုန်းဟွာနန်းတော်အတွင်းမှ ထွက်လာသော လူအပေါ်တွင်သာ ရောက်နေသည်။

ထိုသူသည် ယခင်က ထင်ရှားကျော်ကြားခဲ့သူ ထပ်သီးတစ်ဦးဖြစ်ပြီး တုန်းဟွာကုန်းမြေ၏လက်ထောက်သခင် နင်ဟွာပင်။

“ရီဖူရှင်း...”

နင်ဟွာက ကောင်းကင်ပေါ်ရှိ လူစုကို မော့ကြည့်ကာ အော်ခေါ်သည်။ ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းမှ ထွက်ခါ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု  သူတစ်ခါမှ မတွေးမိခဲ့ပေ။

တုန်းဟွာနန်းတော်မှလူများနှင့် ပတ်ဝန်းကျင်ရှိ လူများကား တဒင်္ဂမျှ ခေါင်းမော့ကာ ကောင်းကင်ပေါ်ရှိ ဧရာမနတ်ငှက်ကြီးကို ကြည့်ကြ၏။ ရီဖူရှင်းက လက်စားချေရန် ရောက်လာခြင်းများလား။

အာကာသအလင်းများ တောက်ပလာသည်။ တုန်းဟွာနန်းတော်ထဲတွင် ကျင့်ကြံသူများ အဆက်မပြတ်ပေါ်လာနေသည်။ သူတို့အားလုံးမှာ တုန်းဟွာကုန်းမြေမှ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများဖြစ်သည်။

မြူခိုးဝေနတ်နန်းတော်၊ ထိုက်ဟွာတောင်၊ နင်ဟွာကလန်၊ ပျက်စီးခြင်းနန်းတော်နှင့် အခြားအဓိကအင်အားစုကြီးများမှ ကျင့်ကြံသူများလည်း ရောက်ရှိလာ၏။ သူတို့အားလုံးသည် ရီဖူရှင်းကို တအံ့တဩ ကြည့်ကြ၏။ မဟာအင်ပါယာ ထွက်ပေါ်မလာသည်မှာ ကြာပြီဖြစ်ပြီး ရီဖူရှင်းသည်လည်း သူ့ကိုယ်သူ စီဝေ့ကြယ်ကောင်းကင်တွင် ချိပ်ပိတ်ထားသည်။ သို့သော် ရီဖူရှင်းအတွက် ထိုမျှအချိန်ပမာဏသည် မလုံလောက်သေးပေ။

ယခု ရီဖူရှင်း စီဝေ့ကြယ်ကောင်းကင်မှ ထွက်လာခဲ့ခြင်းသည် ခြင်္သေ့ဂူအတွင်းသို့ ဝင်မိခြင်းဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ လူအများအပြားသည် သူ့အား မည်သို့မျှ အလွတ်ပေးမည် မဟုတ်ပေ။

All Chapters