← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

စူပါ-ဖမ်း(SFS)

အခန်း ၉ ။ ဖရဲသီးကိုကို? အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ဖြစ်သွားခြင်း

စမ်းချောင်းလေးမှာ အိမ်ဝင်းဘေးတွင်ရှိပြီး တောင်ပေါ်မှ စီးဆင်းကာ တောင်ခြေသို့ ဦးတည်သွားလေသည်။ ချင်းရှန်းရွာ၏ တည်နေရာမှာ တောင်ခါးပန်းတွင် ဖြစ်၏။

စမ်းရေထဲတွင် ငါးများစွာ ရှိနေသဖြင့် လင်းယန်သည် ပုံမှန်ရက်များတွင် ငါးဖမ်းကာ ပါးစပ်အရသာ ပြောင်းလေ့ရှိသည်။ ရန်ကျင်းလီသည် ဤလှပသော ရှုခင်းကို မြင်သောအခါ မနေနိုင်ဘဲ Live ပြန်လွှင့်တော့သည်။ တစ်ချိန်တည်းမှာပင် လင်းယန်၏ ဖရဲသီးအတွက်ပါ ကြော်ငြာပေးနေ၏။

သူ့ဖရဲသီးက ဈေးကြီးသော်လည်း တကယ်တမ်းတွင် ထိုဈေးနှင့် ထိုက်တန်ပေသည်! သို့သော် ရန်ကျင်းလီသည် ထိုအရာများထက် တောင်တန်းနှင့် စမ်းရေကြားတွင် လမ်းလျှောက်ရသည်ကို ပို၍ နှစ်သက်သည်။ စိမ်းလန်းသော တောင်တန်းနှင့် ကြည်လင်သော စမ်းရေသည် စိတ်ဝိညာဉ်ကို ဆေးကြောပေးကာ လူကို အေးချမ်းသွားစေသည်။ ကြည်လင်နေသော စမ်းရေကို ကြည့်ရုံနှင့်ပင် အရာအားလုံးကို မေ့ပျောက်သွားစေနိုင်၏။

ရန်ကျင်းလီမှာ ငါးဖမ်းနေသည်ဟု ဆိုရသော်လည်း တကယ်တမ်းတွင် ရေကစားနေခြင်းသာဖြစ်သည်။ စမ်းရေကြောင့် အဝတ်အစားများ စိုရွှဲသွားကာ ဖြူဝင်းသော အသားအရေမှာ အနည်းငယ် ပေါ်လွင်နေသဖြင့် အလွန်ပင် လှပနေတော့သည်။ လင်းယန် ခဏမျှ ငေးကြည့်မိသွား၏။

သို့သော် လက်ထဲမှ ဝါးခြင်းတောင်းကို ရေထဲချရန်တော့ သူ မမေ့ချေ။ အိမ်တွင် ဆန်မပြတ်တော့သော်လည်း ငါးအချို့ ဖမ်းမိပါက ဟင်းကောင်းတစ်ခွက် ပိုရမည် မဟုတ်လား။ ဤကဲ့သို့ ငါးဖမ်းသည့် နည်းပညာများကို လင်းယန် အလွန်ကျွမ်းကျင်သည်။

ထိုစဉ် လင်းရှောင်ဝူက လင်းယန်၏အင်္ကျီစကို ဆွဲလိုက်သည်။

"ကိုကို... အဲ့ဒီအစ်မက တော်တော်အူအူအလည်လည်ပဲနော်၊ ငါးတောင် မဖမ်းတတ်ဘူး"

"မြို့ပေါ်ကလူတွေက ရွာကလူတွေနဲ့ မတူဘူးလေ" လင်းယန်က ရှောင်ဝူ၏နှာခေါင်းလေးကို ချစ်စနိုးဖြင့် ဆွဲလိုက်သည်။

"မြို့ကြီးက အရမ်းလှတယ်လို့ ကိုကိုပြောဖူးပေမဲ့၊ သမီးကတော့ သမီးတို့အိမ်ကိုပဲ ပိုသဘောကျတယ်"

"ဒါပေါ့"

"ရွာထဲက အဘိုးအဘွားတွေက အဲ့ဒီအစ်မကို ကိုကို့မိန်းမ လုပ်စေချင်နေကြတာ။ ကိုကို တကယ်ပဲ သဘောကျတယ်ဆိုရင် သမီး... သမီး မကန့်ကွက်ပါဘူး"

လင်းယန်က ရှောင်ဝူ၏နဖူးကို တောက်ကနဲ တစ်ချက် ခေါက်လိုက်သည်။

"ကလေးက ဘာတွေ လျှောက်တွေးနေတာလဲ"

ရှောင်ဝူသည် နဖူးကို လက်ဖြင့်အုပ်ကာ လင်းယန်ကို လျှာထုတ်ပြလိုက်သည်။

"ကိုကိုလူဆိုးကြီး၊ ကိုကို့ကို မခေါ်တော့ဘူး။ တာ့ဟွမ် (ခွေးဝါကြီး)... လာ ငါတို့ ငါးသွားဖမ်းရအောင်" ရှောင်ဝူသည် တာ့ဟွမ်၏ လည်ပင်းကိုဖက်ကာ စမ်းချောင်းထဲသို့ တိုးဝင်သွားတော့သည်။ စမ်းရေက မနက်သဖြင့် လင်းယန်လည်း ရှောင်ဝူ၏ ဘေးအန္တရာယ်အတွက် စိတ်ပူစရာ မလိုပေ။ သူသည် မြက်ခင်းပေါ်တွင် ထိုင်ကာ ဤလှပသော မြင်ကွင်းကို အပန်းဖြေရင်း ကြည့်နေလိုက်သည်။

ဤမြင်ကွင်းကို ကင်မရာမှ အကုန်လုံး ရိုက်ကူးထားလေသည်။ လင်းယန်၏ အေးဆေးတည်ငြိမ်သော ပုံစံမှာ ဆွဲဆောင်မှု ရှိလှ၏။ ကင်မရာဆရာလေးပင် ရန်ကျင်းလီကိုရိုက်ရန် မေ့သွားပြီး လင်းယန်ကိုသာ ပို၍ ရိုက်ကူးနေမိတော့သည်။

အဓိကမှာ လင်းယန်နှင့် ပတ်ဝန်းကျင်မှာ အလွန်ပင် ဟန်ချက်ညီနေခြင်းဖြစ်သည်။

"ဒီအတိုင်း ရိုက်လိုက်ရုံနဲ့တင် ရုပ်ရှင်ကားကြီး တစ်ကားလို ခံစားရတယ်"

"ခဏ ရပ်ကြည့်လိုက်ရင်တောင် အရမ်းလှပတဲ့ Wallpaper တစ်ခု ဖြစ်သွားမှာပဲ"

ကင်မရာဆရာလေးသည် မိမိ၏ ရိုက်ကူးမှု အရည်အချင်းပင် တိုးတက်လာသည်ဟု ခံစားနေရသည်။ ဒါရိုက်တာကို ပိုက်ဆံတိုးတောင်းရမလားဟုပင် သူ ဝေခွဲမရ ဖြစ်နေတော့၏။ လင်းယန်ကို ရိုက်ကူးထားသည့် ဤဗီဒီယိုများမှာ ပေါက်သွားလိမ့်မည်ဟု သူ ခံစားမိနေသည်။

Live လွှင့်ခန်းအတွင်းရှိ အမျိုးသမီး ပရိသတ်များမှာလည်း ရူးမတတ် ဖြစ်နေကြသည်။

"ဘယ်ဘက်ကကြည့်ကြည့် ပြစ်ချက်မရှိ ချောတာပဲ"

"အားးး! ကျွန်မတော့ 'ဖရဲသီးကိုကို' ရဲ့ Fan ဖြစ်သွားပြီထင်တယ်!"

"သူက တကယ်ပဲ လယ်သမားလား? ရိုက်ကူးရေးအဖွဲ့က ဖိတ်ထားတဲ့ ဧည့်သည်နဲ့ ပိုတူတယ်"

"မဖြစ်နိုင်ဘူး၊ ဘယ်ကြယ်ပွင့်မှ ဒီလိုအငွေ့အသက်မျိုး မပြနိုင်ဘူး။ သူ့အသားအရောင်ကလည်း နေပူထဲမှာ အမြဲရှိနေမှ ရနိုင်တဲ့ အသားမျိုးပဲ"

"ဖရဲသီးကိုကိုက လယ်မစိုက်သင့်ဘူး"

"ကျွန်မတော့ သူနဲ့အတူ ဖရဲသီးစိုက်ပြီး၊ လသာသာမှာ ဖရဲသီးထိုင်စားချင်လိုက်တာ"

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယန်ကို အမည်တစ်ခု ပေးလိုက်ကြသည်။

"ဖရဲသီးကိုကို"

ဈေးအလွန်ကြီးသော ဖရဲသီးကိစ္စကို အချို့က လက်မခံနိုင်ကြသေးသော်လည်း အမျိုးသမီး ပရိသတ်များအတွက်မူ ထိုအရာက အရေးမကြီးချေ။ လင်းယန်သည် သူ့ရုပ်ရည်ကြောင့် အင်တာနက်ပေါ်တွင် လုံးဝ ပေါက်သွားခဲ့သည်။ အင်တာနက် အသုံးပြုသူများသည် ချောမောသော ကောင်လေးများအပေါ် အမြဲတမ်း သဘောထားကြီးလေ့ ရှိကြသည် မဟုတ်လား။

....

ရန်ကျင်းလီသည် ပရိသတ်များနှင့် စကားပြောပြီးနောက် လင်းယန်၏ ရှေ့သို့ ပြုံးပြုံးလေး ပြေးလာသည်။ သူမသည် ဖုန်းထဲမှ လင်းယန်၏ ဗီဒီယိုတိုလေးများကို ပြလိုက်၏။

"ကြည့်ပါဦး၊ ရှင် အခုတော့ Net Idol ဖြစ်သွားပြီ။ ဒီဗီဒီယိုလေးတစ်ခုတည်းတင် Like ၂ သန်းတောင် ရနေပြီ!"

"ပရိသတ်တွေက ရှင့်ကို 'ဖရဲသီးကိုကို' လို့ ခေါ်နေကြတာ။"

"အခု ရှင့်ရဲ့ လူသိများမှုက ကျွန်မထက်တောင် ပိုများနေပြီ ထင်တယ်" ပြောရင်းနှင့် ရန်ကျင်းလီ၏ မျက်လုံးထဲတွင် အားကျမှုများ ပေါ်လာသည်။ သူမသည် အနုပညာလောကထဲ ရောက်ကတည်းက ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသော်လည်း၊ လင်းယန်ကမူ မျက်နှာလေး ပြလိုက်ရုံနှင့် သူမထက် ပို၍ လူသိများသွားခဲ့လေပြီ။

"မတူပါဘူး၊ ဒါက ယာယီပဲ၊ ဒီအတိုင်း ဆက်ရှိနေမှာ မဟုတ်ဘူး"

"ရှင်က လယ်ပဲ စိုက်တတ်တယ် ထင်တာ၊ ဒါတွေကိုလည်း နားလည်သားပဲ။ ဒါနဲ့ ဒီမှာ အကောင့်တစ်ခုလောက် မဖွင့်ချင်ဘူးလား"

"ကျွန်တော့်မှာ ဖုန်းမရှိဘူး"

ရွာထဲတွင် ဖုန်းလိုင်းမရှိသဖြင့် ဖုန်းရှိလည်း ဘာမှလုပ်၍မရပေ။ ရန်ကျင်းလီ Live လွှင့်နိုင်ခြင်းမှာ ရိုက်ကူးရေးအဖွဲ့မှ ယူလာသည့် အထူးစက်ပစ္စည်းများကြောင့်သာဖြစ်သည်။

"ကျွန်မ အကောင့်ဖွင့်ပေးလို့ ရတယ်လေ" ရန်ကျင်းလီက မျက်တောင်လေး ခတ်ကာ ပြောလိုက်သည်။

လင်းယန်က ထပ်မံ ခေါင်းယမ်းလိုက်၏။

"ဒါတွေထက်စာရင် ကျွန်တော်က အေးအေးဆေးဆေး လယ်စိုက်ရတာကို ပိုသဘောကျတယ်"

"လယ်လည်းစိုက်၊ Live လည်းလွှင့်ရင် ပိုက်ဆံပိုရတာပေါ့၊ ဘယ်လောက်ကောင်းလဲ"

"ကျွန်တော် အဲ့ဒီလိုမျိုး ပိုက်ဆံရှာရတာကို စိတ်မဝင်စားဘူး"

လင်းယန်၏ စိတ်ထဲတွင်မူ... Live လွှင့်မည့်အချိန်တွင် လယ်ထဲက မြက်နှုတ်နေလိုက်ခြင်းက ပို၍ ပိုက်ဆံရဦးမည်ဟု တွေးနေသည်။ ထို့ပြင် စနစ်ကပေးသည့် မျိုးစေ့များမှာ အလွန်ထူးခြားသဖြင့် Live ထဲတွင် ပြသရန် မသင့်တော်ပေ။

ရန်ကျင်းလီ စိတ်မကောင်း ဖြစ်သွားရသည်။

"ရှင်က တစ်သက်လုံး ဒီတောင်ထဲမှာပဲ လယ်စိုက်နေတော့မှာလား"

"အဲ့ဒါက ဘာမကောင်းလို့လဲ"

"အကယ်၍ ကျွန်မက ရှင့်ကို အပြင်ထွက်စေချင်တယ်ဆိုရင်ကော"

"ကျွန်တော်ကတော့ မင်းကို ဒီမှာပဲ နေစေချင်တယ်"

"ဒီမှာ ဘယ်လို အသက်မွေးမှာလဲ"

"ကျွန်တော် မင်းကို ကျွေးထားမှာပေါ့"

***

စူပါ-ဖမ်း(SFS)

အခန်း ၁၀ ။ တာဝန် စတင်ခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ကာကွယ်စမ်း!

ရန်ကျင်းလီသည် လင်းယန်၏ ရင်ဘတ်ကို လက်သီးလေးဖြင့် ခပ်ဖွဖွ ထုလိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ပိုမိုနီးကပ်သွားခဲ့သည်။ မှောင်စပြုလာချိန်အထိ ရန်ကျင်းလီမှာ တစ်ကိုယ်လုံး ရေများစိုရွှဲနေသော်လည်း ငါးတစ်ကောင်မျှ မဖမ်းမိခဲ့ချေ။ တစ်ဖက်တွင်မူ လင်းရှောင်ဝူက ငါးနှစ်ကောင် ဖမ်းမိခဲ့သော်လည်း ထိုငါးများပေါ်တွင် တာ့ဟွမ်၏သွားရာများ ပါနေသဖြင့် တာ့ဟွမ်က ဖမ်းပေးထားခြင်းဖြစ်ကြောင်း သိသာလှသည်။

"ဒီခွေးက တကယ်တော်တာပဲ" ဟု ရန်ကျင်းလီက မချီးကျူးဘဲ မနေနိုင်တော့ချေ။

လင်းယန်က ခွေးခေါင်းကို ပွတ်ပေးရင်း "ဒါက ဘာမှမဟုတ်သေးပါဘူး၊ တောထဲမှာဆိုရင် တာ့ဟွမ်က ယုန်တောင် ဖမ်းနိုင်တယ်" ဟု ဆိုသည်။ သူသည် ဝါးခြင်းတောင်းကို မလိုက်ရာ အတွင်း၌ ငါးကြီးငါးငယ် ၁၀ ကောင်ကျော်မျှ ပါလာသည်ကို တွေ့ရ၏။

"ဝါး! ရှင် ဘယ်တုန်းက ချထားတာလဲ၊ အများကြီးပါလား" ဟု ရန်ကျင်းလီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ငါးဖမ်းခြင်းမှာ ရန်ကျင်းလီကို တောတွင်းဘဝ အတွေ့အကြုံပေးရန်သာဖြစ်သဖြင့် ငါးမရခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း လင်းယန် ဖမ်းမိထားသည့် ငါးများကို မြင်သောအခါ ရိုက်ကူးရေးအဖွဲ့က အစီအစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ လင်းယန်၏ ရုပ်ရည်နှင့် ယခုမြင်ကွင်းမှာပင် ကြည့်ရှုသူများကို ဆွဲဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။

Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာလည်း မှတ်ချက်များ တရစပ် ပေးနေကြသည်-

"666 (မိုက်တယ်)၊ ဖရဲသီးကိုကိုရဲ့ ငါးဖမ်းနည်းကတော့ အပြတ်ပဲ"

"ညီမလေးကျင်းလီ သင်ယူထားဦးနော်"

"ဖရဲသီးကိုကိုက ဖရဲသီးပဲ စိုက်တတ်တာ မဟုတ်ဘူးပဲ"

"ဒီက ငါးတွေက တကယ်ကြီးတာပဲ၊ နှစ်ကောင်လောက်ဆို လူအများကြီး စားလို့ရပြီ"

သို့သော် လင်းယန်သည် ခြင်းတောင်းထဲမှ ငါးအငယ်လေးများကို ရေထဲသို့ ပြန်လွှတ်ပေးလိုက်သည်။

ရန်ကျင်းလီက "ဘာလို့ လွှတ်ပေးလိုက်တာလဲ" ဟု သိချင်စိတ်ဖြင့် မေးရာ၊

လင်းယန်က "ဒီလောက် သေးတဲ့ ငါးလေးတွေကိုပါ ဖမ်းစားမယ်ဆိုရင် ဒီစမ်းချောင်းထဲမှာ ငါးပြတ်သွားလိမ့်မယ်" ဟု ရှင်းပြသည်။

ဤအချက်မှာ တောနေလူထုအတွက် အခြေခံသိက္ခာတရားပင် ဖြစ်သည်။ ရန်ကျင်းလီသည် လင်းယန်၏စကားကြောင့် ခနမျှ ငိုင်သွားကာ မြို့ပေါ်ရှိလူများမှာ ဤအချက်ကို နားမလည်ဘဲ လောဘဇောဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြသည်ကို တွေးတောမိသွား၏။

ထိုစဉ် တာ့ဟွမ်သည် တောအုပ်အတွင်းသို့ ကြည့်ကာ အဆက်မပြတ် ဟောင်တော့သည်။

"ဝုတ်!"

"ဝုတ်!"

"တောကောင်ရှိတယ်!" လင်းယန်သည် ရှောင်ဝူကို ဆွဲဖက်ကာ ရန်ကျင်းလီကိုပါ သူ့နောက်သို့ ပို့လိုက်သည်။ "အားလုံး အနားမှာပဲ နေကြ၊ လျှောက်မသွားနဲ့" တောအုပ်အတွင်းမှ ချုံနွယ်များ လှုပ်ရှားသံ ထွက်ပေါ်လာပြီး ရန်ကျင်းလီမှာ ကြောက်ကြောက်လန့်လန့်ဖြင့် လင်းယန်၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားသည်။ မကြာမီမှာပင် အစွယ်တဖြူးဖြူးနှင့် ကိုယ်လုံးမည်းနက်နေသော တောဝက်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။

"ဒါကြီးက အကြီးကြီးပဲ" ဟု ရန်ကျင်းလီက ပါးစပ်ကို ပိတ်ကာ ရေရွတ်လိုက်သည်။ တောဝက်ကြီးမှာ လူတစ်ဝက်စာခန့် မြင့်ပြီး အလွန်ပင် ထွားကျိုင်းလှသည်။ လင်းယန်က တာ့ဟွမ်၏ ပါးစပ်ကို ပိတ်ထားကာ "သူ့ကို ဒေါသမဆွနဲ့၊ ရေလာသောက်တာပဲ ဖြစ်မှာ။ ငါတို့ ဖြည်းဖြည်းချင်း နောက်ဆုတ်မယ်" ဟု ဆိုသည်။ သူတို့အဖွဲ့မှာ ဤတောဝက်ကြီးကို ယှဉ်နိုင်စွမ်း မရှိချေ။

သူတို့ အန္တရာယ်ကင်းသော နေရာသို့ ရောက်သွားသောအခါ အားလုံးက သက်ပြင်းချနိုင်ကြသည်။ သို့သော် တောဝက်ကြီးမှာ ရေသောက်ပြီးနောက် ထွက်မသွားဘဲ ဟင်းသီးဟင်းရွက် စိုက်ခင်းများဆီသို့ လှည့်သွားသည်ကို မြင်လိုက်ရသောအခါ လင်းယန်၏မျက်နှာ ပျက်သွားတော့သည်။ ဖရဲခင်းထဲတွင် တွေ့ခဲ့သော ခြေရာများမှာ ဤတောဝက်ကြီး၏ လက်ချက်ဖြစ်နိုင်ပြီး ယခုလည်း ရွာရှိ စိုက်ခင်းများကို ဖျက်ဆီးရန် ကြံစည်နေခြင်းဖြစ်သည်။

ထိုစဉ် စနစ်မှ အသိပေးချက်တစ်ခု ပေါ်လာသည်-

[ဒင်! အထူး တာဝန် စတင်ပါပြီ။ တောဝက်ကို နှင်ထုတ်ကာ စိုက်ခင်းကို ကာကွယ်ပါ။ အောင်မြင်မှုအဆင့်ပေါ် မူတည်၍ အထူးဆုကြေးများ ရရှိမည်!]

လင်းယန်၏မျက်လုံးများ တောက်ပသွားသည်။ သူသည် အိမ်သို့ အမြန်ပြေးဝင်ကာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ဒူးလေးကို ထုတ်ယူလိုက်သည်။ ထို့နောက် မြားတောင့် ၁၂ ခုကို ခါးတွင်ချိတ်ကာ၊ ဓားမြှောင်နှင့် လှံတိုကို ကိုင်ဆောင်လျက် ကိုယ်ပေါ်တွင် သားရေစွပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်လိုက်သည်။ ဤသားရေသည် တောကောင်နှင့် တိုက်ခိုက်ရာတွင် ကာကွယ်ရေးအတွက် အလွန်အသုံးဝင်လှပေသည်။

ရန်ကျင်းလီသည် လင်းယန်၏ အမဲလိုက်ဝတ်စုံကို မြင်ကာ အံ့သြသွားရသည်။

"ရှင် ဘာလုပ်မလို့လဲ"

"အဲ့ဒီ တောဝက်ကို သွားသတ်မလို့"

ပြောပြီးသည်နှင့် လင်းယန်သည် လှံတိုကို ဆုပ်ကိုင်ကာ စိုက်ခင်းများရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

***

All Chapters