အခန်း (၅၅၆)
Vol. 38 Ch. 556-558
李 望舒:
အပိုင်း ၅၅၆ - ယွီကျိုးရှိ အခြေအနေအသစ်၊ မိုးပျံသင်္ဘောအား တည်ဆောက်ရန်စိတ်ကူး
စုလင်းရှုံက အသွေးအမွေူ အလွန်တင့်တယ်သည့် ရွှေဦးချိုသမင်ကို ကြည့်သည်။ သို့ပေမယ့် ၎င်းသည် ကြောင်နီ၏ ချစ်ဖို့ကောင်းကာ နူးညံ့သည့် ခံစားချက်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
သူမသည် ကြောင်နီအား ရုတ်တရက် သတိရမိ၏။ ခဏတာအတွင်း လွမ်းဆွတ်မှုအချို့ကို ခံစားလိုက်ရပြီး လက်ထဲရှိ ဒန်ဆေးပုလင်းကို ပေးလိုက်သည်။
"ရော့ စားလိုက်.."
ရွှေဦးချိုသမင်မှာ အလွန် စိတ်အားထက်သန်နေ၏။ ဆေးပုလင်းကို ဖမ်းယူပြီးနောက် ကျေးဇူးတင်ကြောင်းကို စတင်ဖော်ပြသည်။
ဤသည်မှာ သခင်ကောင်းဖြစ်၏။ ကျုရှင်ကျန့်က သူ့ကို အရူးမလုပ်ခဲ့ပေ။ အမှန်တကယ်ကို သူ၏အကျိုးအတွက် စဉ်းစားပေးခဲ့ခြင်း ဖြစ်၏။
တစ်ချိန်တည်းတွင် ကျုရှင်ကျန့်မှာ မှင်သက်နေပါသည်။ သူမသည် ဆေးလုံး တစ်ပုလင်းလုံးကို ရွှေဦးချိုသမင်အား ပေးလိုက်သည်လား။
စုလင်းရှုံသည် သူမ၏ အခန်းဆီသို့ ပြန်သွား၏။ ကုသရန်၌ ကောက်ခံမည့် အခကြေးငွေတို့ကို စတင် စာရင်းလုပ်ကာ သိုင်းသမားများအား ကုသမှုတို့ ပြုလုပ်ရန်အတွက် ပြင်ဆင်မှုတို့ကို ဆောင်ရွက်သည်။ ယွဲ့အာလည်း ရောက်ရှိလာပြီး စုလင်းရှုံကို ကူညီပေး၏။
"ကျုရှင်ကျန့်.. ဒီမှာနေတာ မကောင်းတဲ့စိတ်ကူး တစ်ခုခုများ ရှိလို့လား.."
ယွဲ့အာက အသံနိမ့်စွာ မေးသည်။
"ကိစ္စမရှိဘူး... သူ့ဘာသာ ဘယ်လိုပဲ ကြံစည်ကြံစည် အောင်မြင်မှာ မဟုတ်ဘူး။ သူ မထွက်သွားဘူးဆိုရင် အလုပ်လုပ်ပေးရတာပဲ ရှိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါသူ့ကို ဒန်ဆေးလုံးတစ်ပုလင်း ပေးပြီးပြီ။ အဲ့ဒါက သူ့လုပ်အားခထက် အများကြီးသာတယ်.."
စုလင်းရှုံက ဂရုမစိုက်စွာ ပြောသည်။
ယွဲ့အာက ခေါင်းငြိမ့်၏။ စံအိမ်ထဲတွင် ဆရာကြီးရှိရာ ကျုရှင်ကျန့်မှာ မည်သို့ပင် ကြံစည်အားထုတ်စေကာမူ ကိုယ့်ကိုယ်ကိုယ်သာ ပြဿနာဖြစ်စေမှာ ဖြစ်သည်။
"ရှောင်ကျင်း... ငါ့ကို ဒန်ဆေးလုံးတွေပြဦး။ အာနိသင်က ဘယ်လိုရှိလဲ.."
ထိုအချိန်၌ ကျုရှင်ကျန့်က ရွှေဦးချိုသမင်ဆီသို့ အပြုံးတစ်ခုဖြင့် ချဥ်းကပ်သွားသည်။
"သောက်သုံးသူရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးမျိုးပဲ.."
ရွှေဦးချိုသမင်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူ၏မျက်လုံးများထဲ၌ ကျေးဇူးတင်မှုတို့ ပြည့်နက်နေပါသည်။ ကျုရှင်ကျန့်သာ သူ့ကို ရောင်းချခဲ့ခြင်း မရှိပါက ယခုကဲ့သို့သော အဖိုးတန်ဆေးလုံးတို့ကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။ ထို့ကြောင့် မည်သည့် သတိထားမှုမှ မရှိဘဲ ကျုရှင်ကျန့်ဆီသို့ ဆေးပုလင်းအား ပေးလိုက်သည်။
"ဒီပုလင်းထဲမှာ ဆေးလုံးတွေ အရမ်းများလွန်းတယ်... ဒီလို လုပ်ရအောင်.. ရှောင်ကျင်း မင်းဒီတစ်လုံးကို ယူထားလိုက်။ ကျန်တာတွေကို ငါသိမ်းထားလိုက်မယ်.."
ကျုရှင်ကျန့်က ဆေးလုံးတစ်လုံးကို သွန်ထုတ်ကာ ရွှေဦးချိုသမင်အား ပေးပြီးနောက် ကျန်သည်များကို အိတ်ကပ်အတွင်းသို့ ထည့်၏။
"မဖြစ်နိုင်ဘူး... ဒါတွေက ငါ့ဟာတွေပဲ.."
ရွှေဦးချိုသမင်မှာ အနည်းငယ် ဒေါသထွက်သွားသည်။
"ဖက်.."
ကျုရှင်ကျန့်က သူ၏ဦးခေါင်းကို ရိုက်ကာ ပြော၏။
"ငါ့ကို မင်းရဲ့ဆေးလုံးတွေ အမြတ်ထုတ်မယ်လို့ ထင်နေတာလား။ ငါကျုရှင်ကျန့်က ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ပဲ.."
"ငါစဉ်းစားတာက မင်းအဖေအတွက်ပဲ။ ဒီဆေးလုံးတွေကို သူ့အတွက် ပေးမလို့။ အခုအချိန်မှာ သူ့ဆီမှာ အခွင့်အလမ်းတစ်ခု ရှိနေတယ်။ တကယ်လို့ ဒီဆေးလုံးတွေကိုသာ စားလိုက်ရရင် စွမ်းအားကြီး အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်လာဖို့ အခွင့်အရေးရှိတယ်.."
"သူသာ စွမ်းအားကြီးလာရင် အခြားလူအတွက် အဖော်ဖြစ်ပေးစရာ လိုတော့မလား.."
ရွှေဦးချိုသမင်မှာ တစ်ခုခု ပြောချင်နေ၏။ သို့ပေမယ့် ကျုရှင်ကျန့်က သူ၏ဦးခေါင်းကို ရိုက်လိုက်ပြန်ကာ ဒေါသတကြီး ပြောသည်။
"မင်းက မိဘကို သိတတ်ဖို့တောင် မတတ်နိုင်ဘူးလား.."
"ရှောင်ကျင်း... မင်းဘယ်လိုလုပ်ပြီး ဒီလိုသမင်မျိုး ဖြစ်နိုင်ရတာလဲ.."
"ဒီအကြောင်းကို မိန်းကလေးစုနဲ့ ယွဲ့တို့သာသိပြီး မင်းကို ကျေးဇူးမသိတတ်တဲ့ သမင်တစ်ကောင်ဆိုတာကို နားလည်သွားကြရင် သူမတို့တွေ ဘယ်လို မြင်သွားကြမလဲ.."
"အဲ့ဒီ့အခါ မင်းအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ထားတော့မလား။ မင်းကို ကောင်းကောင်း ဆက်ဆံပါဦးမလား.."
ရွှေဦးချိုသမင်၏ မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲလာခဲ့၏။
"မင်းပြောတာမှန်တယ်... အဲ့ဒီ့ ဆေးလုံးတွေကို ယူပြီး ငါ့အဖေကိုပေးလိုက်.."
ကျုရှင်ကျန့်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။
"ဒီလိုမှပေါ့... နောင်မှာလည်း ဒန်ဆေးလုံးတွေရလာရင် ၃၀%ကို မင်းယူထား။ ကျန်တာကို မင်းအဖေအတွက်ပေးရမယ်.."
"မရဘူး... အဲ့လိုလုပ်လို့တော့ မဖြစ်နိုင်ဘူး.."
ရွှေဦးချိုသမင်မှာ ကြောင်တောင်သွားသည်။ တစ်ခါတည်း ၇၀%ကို ဆုံးရှုံးရမှာ ဖြစ်၏။ ဤသည်မှာ နာကျင်လွန်းလှသည်။
ဤသည်မှာ ဖခင်ဖြစ်သူအား ကျေးဇူးသိတတ်မှုကို ပြသသည့် ပုံစံမဟုတ်တော့ပေ။
ကျုရှင်ကျန့်က သက်ပြင်းချကာ ပြော၏။
"ရှောင်ကျင်း... အဲ့ဒါက မင်းရဲ့အဖေပဲ... သူက စွမ်းအားကြီး သားရဲတစ်ကောင် ဖြစ်လာတော့မှာ။ ဒီဆေးလုံးတွေကို လိုအပ်နေတယ်။ နောက်ပြီး မင်းရဲ့အဖေသာ စွမ်းအားကြီးလာရင် မင်းမှာ ကြီးမားတဲ့ နောက်ခံတစ်ခု ရှိလာပြီလို့ ဆိုလိုတာပဲ.."
"၇၀%ကများလို့လား... နောက်ပြီး မိန်းကလေးစုနဲ့ ယွဲ့တို့က မင်းရဲ့ ကျေးဇူးသိတတ်ပုံကိုသိရင် ဒန်ဆေးလုံးတွေ ပိုပြီးတောင်ပေးကြမှာ။ အဲ့လိုဆိုရင် မင်းရနိုင်တဲ့ ဆေးလုံးအရေအတွက်က ပိုပြီးတော့ များလာလိမ့်မယ်.."
ရွှေဦးချိုသမင်က မျက်တောင်ခတ်သည်။ သူ၏ ဦးခေါင်းလေးနှင့် ခဏတာစဉ်းစားပြီးနောက် ကျုရှင်ကျန့်၏ စကားမှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရ၏။
"ကောင်းပြီ... အဲ့ဒါဆိုလည်း အဲ့လို လုပ်တာပေါ့.."
သူသည် သဘောတူစွာ ခေါင်းငြိမ့်၏။
"အဲ့လိုမှပေါ့... မိဘသိတတ်တဲ့ သမင်တစ်ကောင် လုပ်စမ်းပါ။ မိန်းကလေးစုကို ကြည့်လိုက်.. သူမရဲ့ ဆရာကို ဘယ်လောက်တောင် ကျေးဇူးသိတတ်လဲ။ သူမသာ မင်းရဲ့ အခုလို ကျေးဇူးသိတတ်ပုံကိုသိရင် အကောင်းတွေမြင်လာပြီး ဒန်ဆေးလုံးကို ပေးတဲ့ အရေအတွက်လည်း များပြားလာလိမ့်မယ်.."
ကျုရှင်ကျန့်က ရွှေဦးချိုသမင်၏ ဦးခေါင်းကိုပွတ်ကာ ကျေနပ်စွာ ခေါင်းငြိမ့်သည်။
လီရွှမ်မှာ ထိုအရာအားလုံးတို့ကို ကြည့်ကာ ပြောစရာစကား မဲ့နေ၏။ ကျုရှင်ကျန့်သည် စိတ်ဝိဉာဉ်သားရဲများကို လှည့်ဖြားရန်အတွက် အမှန်တကယ်ကို သိရှိပါသည်။
ရွှေဦးချိုသမင်ကို ဂျင်းထည့်ပြီးနောက် ချန်ချင်းစံအိမ်အတွက် ဆိုင်းဘုတ်တစ်ခုကို စတင်လုပ်ဆောင်၏။
သူသည် စုလင်းရှုံ၏ ခိုင်းစေချက်များကို အပြစ်အနာအဆာကင်းမဲ့စွာ ပြီးမြောက်အောင် ပြုလုပ်ပြီး ဒဏ်ရာရရှိထားသည့် အကြီးအကဲတို့ရှိပါက လာရောက်ကုသခွင့်ရှိမည်လားဟု မေး၏။
စုလင်းရှုံက ခေါင်းငြိမ့်ကာ သူ့ကို လူအား ခေါ်လာခိုင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူမသည် ကုသစရိတ်အတွက် လိုအပ်သည့် စိတ်ဝိဉာဉ်ဆေးပင်များကို ပြင်ဆင်၏။
စံအိမ်တစ်ခုသည် ချီမင်ဂိုဏ်း၏ ပျက်စီးသွားသည့်နေရာ၌ ပေါ်ပေါက်လာခဲ့သည်။ ချန်ချင်းစံအိမ်ဟု ဆိုင်းဘုတ်တပ်ထား၏။ ဤသည်က လော့ဒေသရှိ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အာရုံကို ဆွဲဆောင်သွားသည်။
အားလုံးတို့သည် တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
ချန်ချင်းစံအိမ်သည် မည်သည့်နေရာမှ လာရောက်သည်လဲ။ မျိုးဆက်စုံ မဟာမိတ်အဖွဲ့ကလား။ သိုင်းတစ်ထောင်ခန်းမ ကလား။ သို့မဟုတ် လိင်ယွင်တောင်စံအိမ် ကလား ဟူ၍ စဉ်းစားမိကြ၏။
အရင်တုန်းကလိုသာ ဆိုပါက စိတ်ဝိဉာဉ်ဂိုဏ်းအချို့သည် တခါတည်း တစ်ဖက်အဖွဲ့အစည်း နောက်ခံကို သွားရောက်မေးမြန်းမှာ ဖြစ်သည်။
သို့ပေမယ့် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် တိုက်ပွဲအပြီးတွင် ချန်သနျုံ၏ ကြီးမားသည့် စွမ်းအားကို တွေ့ရပြီးနောက် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသည် အရင်လို ရဲတင်းခြင်း မရှိတော့ပေ။
အထူးသဖြင့် မကြာသေးခင်က ယွီချန်ဖုန်းမှာ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ဓားဂိုဏ်း၏ ဂိုဏ်းချုပ်လည်း သေဆုံးခဲ့လေသည်။ မြေပေါ်တွင် ချနင်းခံထားရသည့် လေလွင့်သိုင်းသမားများသည် ရုတ်တရက် ဦးမော့လာခဲ့၏။ လိင်ယွင်တောင်စံအိမ်၏ အသန်မာဆုံးပုဂ္ဂိုလ် ဖန်ခိုင်ဆန်းပင်လျှင် ညှို့မှိုင်းသည့်မျက်နှာဖြင့် ရှိနေပါသည်။
စုလင်းရှုံသည် လက်ရှိအချိန်၌ ဆက်သွယ်ရေးအဆောင်မှ တစ်ဆင့် ဖန်းဟောင်နှင့် အဆက်အသွယ်ကို ထိန်းသိမ်းထား၏။ ထို့ကြောင့် စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကမှ သတင်းအသစ်များကို ရရှိနိုင်သည်။
ရွှီယန်နှင့် မုန့်ချုံမှာတော့ အလွန် ဝေးကွာလွန်းလှပြီး ဆက်သွယ်ရေးအဆောင်ဖြင့် ဆက်သွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပါသည်။ ထို့ကြောင့် သူမနှင့် အဆက်အသွယ် မရှိပေ။
တပည့်များမှာ လောကကြီးတွင် ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းကာ လီရွှမ်သည် အခြား နေရာတစ်ခုသို့ ရွှေ့ပြောင်းလာခဲ့ရပေမယ့် သက်တောင့်သက်သာဘဝဖြင့်သာ ဆက်လက်နေထိုင်သည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို လေ့လာရင်းက ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို ဆက်လက် ဖန်တီး၏။
အပိုင်း ၅၅၇ - ယွီကျိုးရှိ အခြေအနေအသစ်၊ မိုးပျံသင်္ဘောအား တည်ဆောက်ရန်စိတ်ကူး(၂)
ခဏအကြာတိုင်းတွင် ရွှေစာအုပ်သည် တန်ပြန်အကျိုးပြုမှု ပေးလာခဲ့၏။ ရွှီယန်က စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်း သို့မဟုတ် မုန့်ချုံက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်းဖြင့်ဖြစ်သည်။
ကြည့်ရသည်မှာ ပထမတပည့်နှင့် ဒုတိယတပည့် နှစ်ယောက်စလုံးသည် ဆက်တိုက် တိုက်ခိုက်သတ်ဖြတ်နေဟန် ရ၏။
ယွီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲ ခေါင်းဆောင် ဖန်းဟောင်သည် ယွီကျိုး၌ အသန်မာဆုံးဖြစ်သည့် ရှန်ထိုင်နှင့် သဘောတူညီမှုအချို့ကို ရရှိထား၏။
ထို့အပြင် ဖန်းဟောင်ကိုယ်တိုင်လည်း လူလုံးထွက်ပြကာ ကျန်ရှိသည့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို တစ်ခါတည်း ဖိအားပေးခဲ့သည်။
ယွီကျိုး မဟာမိတ်အဖွဲ့သည် တရားဝင်ပေါ်ပေါက်လာခဲ့၏။ ထို့အပြင် ချောမွေ့စွာဖြင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ပိုင်နက်များကို သိမ်းယူနိုင်ခဲ့သည်။ ယခုအချိန်၌ ထိုအရာ အားလုံးတို့ကို လူတိုင်း သိရှိနေပြီးဖြစ်၏။
သို့ပေမယ့် ပိုင်နက်များကို သိမ်းယူသည့်အချိန်တွင် ရှန်မိသားစုရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များကို အနိုင်ယူခဲ့သည့် အသွင်ဖြင့် သိမ်းယူရသည်။ ပူးပေါင်းမှုအကြောင်းကိုတော့ လျှို့ဝှက်ထားပြီး ဖော်ထုတ်ပြောကြားခြင်း မရှိပေ။
ရှန်မိသားစုမှာ တော်ဝင်မိသားစုကြီးတစ်ခု ဖြစ်၏။
ထိုအဆက်အသွယ်နှင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ သီးသန့် လျှို့ဝှက်ချက်အချို့ကို ရရှိနိုင်ပါသည်။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးကို ဖော်ထုတ်ပစ်စရာ မလိုပေ။ ပေါ်သွားသည့်နှင့် နှစ်ဖက်စလုံးအတွက် ကောင်းသည့်အရာ ဖြစ်မည်မဟုတ်ပါ။
ယွီကျိုး၏ အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ယွီကျိုးမဟာမိတ်အဖွဲ့က သူတို့၏နေရာကို တရားဝင် တည်ဆောက်၏။ ထို့အပြင် လေလွင့်သိုင်းသမားများအတွက် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ပြီး စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများနှင့် အတူယှဥ်ကာ ရပ်တည်ရန် သဘောတရားများ၊ တူညီသည့် အရင်းအမြစ် ခွဲဝေမှုများ အစရှိသဖြင့်တို့ကို ကြေငြာထုတ်ပြန်သည်။
ထို့အပြင် ဒုတိယအဆင့်နှင့် အောက်ရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ဆက်လက်သုတ်သင်ခဲ့ရာ ယွီကျိုး၌ ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ပထမတန်းစား မိသားစုကြီးများသာ ကျန်ရစ်တော့သည်။
အခြေအနေမှာ ညီမျှနေပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက တစ်ဖွဲ့ ယွီကျိုးမဟာမိတ်အဖွဲ့က တစ်ဖွဲ့ ကိုယ်စားပြုကြသည်။
ကျိန်နိုင်ငံကိုတော့ ယွီကျိုး မဟာမိတ်အဖွဲ့အနေနှင့် ပါဝင်စေခြင်း မရှိပေ။ ၎င်းကို ကြားနေအဖြစ် ခွင့်ပြုထားပြီး တာဝန်ရှိသည့် ကိစ္စအချို့ကိုသာ ဆက်လက်ဆောင်ရွက်စေသည်။
ယခုအချိန်၌ ယွီကျိုး၏ အခြေနေသည် ကြီးမားသည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်၏။ လေလွင့်သိုင်းသမားများအတွက် စစ်မှန်သည့် နေရာတစ်ခု ရရှိခဲ့သည်။
ထို့အပြင် သိုင်းပညာ ကျင့်စဉ်များလည်း စတင်ပြန့်ပွားလာခဲ့သည်။ ၎င်းတို့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှ ရရှိခဲ့ခြင်း ဖြစ်၏။
စိတ်ဝိဉာဉ်နယ်မြေရှိ ဒေသ၁၈ခုတို့တွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့ ဌာနချုပ်ရှိသည့် ချန်ကျိုးမှလွဲ၍ ယွီကျိုးသာလျှင် လေလွင့်သိုင်းသမားများအတွက် စစ်မှန်သည့် နေရာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများနှင့် စစ်မှန်စွာ ခြေလှမ်းတူ ရပ်တည်နိုင်၏။
ထို့ကြောင့် ယွီကျိုး မဟာမိတ်အဖွဲ့ခွဲ ခေါင်းဆောင် ဖန်းဟောင်၏ အမည်မှာလည်း လင်းနယ်မြေတလျှောက် စတင်ပျံ့နှံ့လာခဲ့သည်။
မျိုးဆက်စုံမဟာမိတ်အဖွဲ့ ဌာနချုပ်မှာ အလွန် အံ့သြသွား၏။ ယွီကျိုးရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခေါင်းဆောင်သည် တိတ်ဆိတ်စွာဖြင့် တခြားလူတစ်ယောက်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် ရုတ်တရက်အတွင်း မျိုးဆက်စုံမဟာမိတ်အဖွဲ့က စွမ်းဆောင်လိုသည့် ပန်းတိုင်များကိုလည်း ပြီးမြောက်နိုင်ခဲ့သည်။
ဖန်းဟောင်သည် ယွီကျိုးကို ဆက်လက် စီမံမှုပြုနေပြီး စည်းမျဉ်းများစွာကို ဆက်တိုက်ထုတ်လွှတ်သည်။
သတင်းအချက်အလက် စုဆောင်းခြင်းစနစ်၊ ဆက်သွယ်ရေးစနစ် တို့ကိုလည်း နည်းလမ်းဟောင်းဖြစ်သည့် စာပို့နည်းလမ်းမှ ပြောင်းလဲခဲ့၏။
သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်းများတွင် အခင်းအကျင်းများကို တည်ဆောက်ကာ ယွီကျိုးမဟာမိတ်အဖွဲ့၏ မြို့ကြီးတစ်ခုကိုလည်း ဆောက်လုပ်ခဲ့သည်။
ရှန်ထိုင်က ယွီကျိုးမဟာမိတ်အဖွဲ့အား ရင်ဆိုင်ရန် စွမ်းအားမဲ့နေသည်ဟု ကြေငြာပြီးနောက် အခြား ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာလည်း ရွေးချယ်စရာမရှိဘဲ ဖန်းဟောင်၏ ဖိအားအောက်တွင် သဘောတူစာချုပ်တစ်ခုကို ရေးထိုးခဲ့ရသည်။
ထို့အပြင် ရှန်မိသားစု၏ ဒီအခွင့်အရေးကို ဖမ်းဆုပ်ကာ ပိုင်နက်များအား ချဲ့ထွင်ခြင်း၊ မူလက ဒုတိယတန်းစားနှင့် ၎င်း၏အောက်ရှိ စိတ်ဝိဉာဉ်ဂိုဏ်းများ၊ မိသားစုကြီးများ ပိုင်ဆိုင်သည့် အရင်းအမြစ်များကို လက်လွှဲယူခြင်း အစရှိသည်တို့ကို တွေ့ရပြီးနောက် သူတို့သည် အလွန်မနာလို ဖြစ်မိကြ၏။
ပုံမှန်အားဖြင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ပိုင်နက်တို့ကို လက်လွှဲယူလိုပါက ကောင်းမွန်သည့် အကြောင်းပြချက်အချို့ကို လိုအပ်လေသည်။
ထို့အပြင် တစ်ဖက်ရန်သူကို သူတို့၏ ကိုယ်ပိုင်ခွန်အားဖြင့် အနိုင်ယူဖို့လိုအပ်၏။ နောက်ဆုံးတွင် အထက်ရှိဂိုဏ်းများမှ သဘောတူညီမှုနှင့် အသိအမှတ်ပြုမှုတို့ကို တင်ပြတောင်းခံရသည်။
ပြောရလျှင် သင့်တော်သည့် အကြောင်းပြချက်မရှိဘဲ အခြားစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုများကို အတင်းဝင်ရောက် တိုက်ခိုက်သတ်ဖြတ်နိုင်ခြင်း မရှိပေ။ မဟုတ်ပါက အထက်ဂိုဏ်းများ၏ အပြစ်ပေးမှုကို ခံရမည်ဖြစ်၏။
ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများ လင်းနယ်မြေကို ထိန်းချုပ်ထားသည့် စည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။ အရာအားလုံးတို့သည် အထက် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စည်းမျဉ်းများအောက်တွင် လုပ်ဆောင်ရ၏။
သို့ရာတွင် မျိုးဆက်စုံ မဟာမိတ်အဖွဲ့ကတော့ ထိုစည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်း မရှိပေ။ ထို့ကြောင့် ယွီကျိုးမဟာမိတ်အဖွဲ့အနေနှင့် ဒုတိယအဆင့်နှင့် အဆင့်နိမ့်သည့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို တိုက်ခိုက်သတ်ဖြတ်ခြင်းက အလွန် ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။
ရှန်မိသားစု၏ အခွင့်အရေး ဝင်ယူသည်မှာတော့ ဤသည်မှာ စည်းမျဉ်းများကို မချိုးဖျက်ရုံမက စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပိုင်နက်များ ဆုံးရှုံးရမည်ကို ကာကွယ်ခြင်းဟုပင် ယူဆနိုင်သည်။
ထိုအကြောင်းကြောင့်ပင် ဖန်းဟောင်က ဒုတိယတန်းစားနှင့်အောက်ရှိ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများ၏ ပိုင်နက်နှင့် အရင်းအမြစ်အချို့ကို ခွဲဝေပေးမည်ဟု တိတ်တဆိတ် ကတိပေးပြီးနောက် ကျန်ရှိသည့် ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက ချက်ချင်းပင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် အဆင့်နိမ့်သည့် မိသားစုကြီးများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အကူအညီတောင်းမှုကို လုံးဝ လျစ်လျူရှု့ထားကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် လျှင်မြန်စွာ သုတ်သင်ခြင်းခံခဲ့ရ၏။
သိုင်းတစ်ထောင်ခန်းမပဲ ဖြစ်ဖြစ်၊ လိင်ယွင်တောင်စံအိမ်ပဲ ဖြစ်ဖြစ် ယွီကျိုးရှိ အခြေအနေများကို ဂရုစိုက်ရန် အချိန်မရလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ယွီကျိုး၏ စုစုပေါင်းခွန်အားသည် တော်တော်လေး အားနည်းပြီး ကျိန်နိုင်ငံမှာသက်ရောက်ခံရခြင်း မရှိသေးပေ။ ကျိန်နိုင်ငံ၏ အထူးအခြေအနေကို ထိန်းသိမ်းနိုင်ပါက လုံလောက်၏။
ဖန်းဟောင်၏ နာမည်ကိုလည်း အဓိက ဂိုဏ်းကြီးများစွာက မှတ်မိသွားကြသည်။
ကြီးမားသော သိန်းငှက်ကြီးတစ်ကောင်သည် တိမ်များအကြားတွင် ပျံသန်းနေပြီး ၎င်း၏ကျောပေါ်၌ လူသုံးယောက်တို့ ရှိနေ၏။ ကျုရှင်ကျန့်က လေးစားသည့်အသွင်ဖြင့် ပြောသည်။
"ဆရာဦးလေး... မိန်းကလေးစုက ဆရာဦးလေးကို ကုပေးနိုင်တယ်လို့ ပြောတယ်။ အခု လော့ဒေသကို ရောက်လာမှတော့ စမ်းကြည့်တာ အရှုံးမရှိပါဘူး။ သေနေတဲ့မြင်းကိုတော့ ရမ်းကုရမှာပဲ။ တကယ်ပဲ အလုပ်ဖြစ်တယ်ဆိုရင် ကြီးမားတဲ့ ကံကောင်းမှု မဟုတ်ဘူးလား.."
ကျုရှင်ကျန့်၏ဘေးတွင် ထိုင်နေသူမှာ ဆံပင်မွှေးများ တူးခြစ်အောင် လောင်ကျွမ်းခြင်း ခံထားရပြီး မျက်နှာတစ်ဝက်မှာလည်း မီးကျွမ်းထားသည်။ အသက်ကို မနဲရှူနေရပြီး အားနည်းကာ မောဟိုက်နေ၏။ သူသည် ရံဖန်ရံခါ ခေါင်းကိုရမ်းပြီး ကြည်လင်သည့် စိတ်အခြေအနေကို မနည်းထိန်းသိမ်းထားသည်။
ဒီအချိန်၌ သူ၏မျက်နှာသည် ပိုမိုကာပင် မဲမှောင်လာခဲ့၏။ သေနေသည့်မြင်းကို ရမ်းကုရမည် ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။
"ဖတ်တီး... နင်ပြောသလိုမျိုး နတ်ဆေးဆရာမက တကယ်ပဲရှိလို့လား... သူမသာ ကုမပေးနိုင်ဘူးဆိုရင် နင်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ဒီတစ်ခေါက်မှာ ကူညီဖို့သဘောတူခဲ့တာက ကြီးမားတဲ့အရှုံးပေါ်မှုပဲ.."
သိန်းငှက်ပေါ်ရှိ နောက်ထပ် လူတစ်ယောက်က သက်ပြင်းချစွာ ပြော၏။ ဤသည်မှာ လှပသည့်အမျိုးသမီးတစ်ဦး ဖြစ်သည်။
သို့ပေမယ့် သူမ၏ နူးညံ့သည့် ပါးပြင်တွင် တင့်တယ်သည့် ကြွေပုလင်းတစ်ခု စွန်းထင်းခြင်း ခံရသကဲ့သို့ အမဲရောင် အဝိုင်းတစ်ခု ရှိနေ၏။
သူမသည် ပါးလွှာသောဝတ်စုံကို ဝတ်ဆင်ထားပြီး နေရောင်အောက်၌ အလွန်တောက်ပနေပါသည်။ သူမ၏ တံေတာင်များပေါ်တွင် ငါးဆူးတောင်သဖွယ် ပုဇဥ်းတောင်ပံတို့ ရှိသည်။ ရံဖန်ရံခါ ဖြန့်လိုက်ချိန်၌ တောက်ပသည့်အလင်းတို့ စီးဆင်းသွား၏။
သွယ်လျသည့် ခြေထောက်များပေါ်တွင်လည်း ခြေချင်းဝတ်၌ တူညီသည့် ရေယက်ရှိသည်။ သူမ၏ နံဘေးတွင် ထိုင်နေပါက စိုစွတ်မှုကို ခံစားနိုင်ပြီး ပတ်ဝန်းကျင်တွင် မြူတို့ စုစည်းလာဟန်ရသည်။
"ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်..."
ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်သည် မိုးပြာရောင်ပင်လယ်၏ အထူးမျိုးနွယ်တစ်ခု ဖြစ်ပြီး ထိုနေရာကိုအုပ်စိုး၏။
"စိတ်မပူပါနဲ့စီနီယာ... ဒဏ်ရာတွေ ကုသနိုင်မှာပါ.."
ကျုရှင်ကျန့်က အပြုံးကိုရပ်ကာ မရေရာစွာ ပြောသည်။
"ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က ဒီတစ်ခေါက် ကျေးဇူးကို မမေ့ပါဘူး။ နင့်ရဲ့ဒဏ်ရာကို ကုသပေးနိုင်မယ့် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ရတနာတွေကို အစွမ်းကုန်သုံးပြီး ရှာဖွေပို့ပေးမှာပါ.."
မျက်နှာတစ်ဝက် လောင်ကျွမ်းထားသည့်လူက လေးနက်စွာပြောသည်။
"နင့်ကိုယ်နင်ပဲ ဂရုစိုက်စမ်းပါ... ကိုယ်တစ်ဝက်က လောင်ပြီးနေပြီ.."
အမျိုးသမီးက မျက်ဆံလှည့်သည်။ အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲ၏ မြန်ဆန်မှုသည် သိုင်းသမားများ၏ အာရုံကို အမှန်တကယ် ဆွဲဆောင်နိုင်၏။ အထူးသဖြင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်သည်။
"သူတို့က ယွီလင့်စံအိမ်ကလူတွေ မဟုတ်ဘူး... မျိုးဆက်စုံမဟာမိတ်အဖွဲ့က သားရဲမျိုးနွယ်နဲ့ ဘယ်လိုလုပ်ပြီးတော့ ပူးပေါင်းနိုင်တာလဲ.."
ချန်းယွင်နိုင်ငံရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က မျက်မှောင်ကျုံ့စွာရေရွတ်သည်။
"သူတို့တွေ ချန်ချင်းစံအိမ်ဆီကို ဦးတည်နေတာလား... ကြည့်ရတာ ချန်ချင်းစံအိမ်က မျိုးဆက်စုံမဟာမိတ်အဖွဲ့ လက်အောက်က ဖြစ်မယ်.."
သိန်းငှက်၏ ဦးတည်သွားသည့် လားရာကို ကြည့်ကာ စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်နှာများမှာ မဲမှောင်သွားသည်။
"ကျုရှင်ကျန့် ပြန်လာတာလား.."
စုလင်းရှုံနှင့် ယွဲ့အာတို့က ကောင်းကင်ပေါ်ရှိ သိန်းငှက်ကိုခေါင်းမော့ကြည့်သည်။ ဤသည်မှာ အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်၏။
လီရွှမ်မှာ အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။ ရွှေဦးချိုသမင်ကို ကြည့်၏။ ၎င်း၏အသွင်မှာ တင့်တယ်ပေမယ့် စိတ်ဝိဉာဉ်နယ်မြေတွင် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို စီးနှင်းခြင်းက အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ဦး၏ အသွင်အပြင်ကို ပြနိုင်ခြင်း မရှိပေ။
စိတ်ဝိဉာဉ်နယ်မြေတွင် စွမ်းအားကြီးမားသူ အားလုံးတို့သည် စိတ်ဝိဉာဉ်သားရဲဖြင့် ခရီးသွားကြ၏။ ဥပမာအားဖြင့် ယွီလင့်စံအိမ်မှ လူများဖြစ်သည်။
'စိတ်ဝိဉာဉ်သားရဲနဲ့ သွားလာတာက အရမ်းကို သာမန်ဆန်လွန်းတယ်။ ငါက ထူးကဲတဲ့ လူတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီးတော့ သာမန်ဖြစ်လို့ရမှာလဲ..'
လီရွှမ်၏ ခေါင်းထဲ၌ စိတ်ကူးတစ်ခု ဖြတ်သန်းသွား၏။
'သင်္ဘောပျံ... ငါအဲ့ဒါကို ဘယ်လိုလုပ်ပြီး မေ့နေရတာလဲ... လက်နက်ကိရိယာ ထုလုပ်ခြင်းအတတ်၊ အခင်းအကျင်းနဲ့ ချိတ်တံဆိပ်အတတ်တွေတောင် ရှိပြီးနေပြီ။ ဘယ်လိုလုပ်ပြီးတော့ ပျံသန်းနိုင်တဲ့ ဒီဗိုင်းကိရိယာတစ်ခု မရှိရမှာလဲ..'
'စိတ်ဝိဉာဉ်နယ်မြေမှာပဲ ဖြစ်ဖြစ်၊ ထိုက်ချန်းလောက တစ်ခုလုံးမှာပဲ ဖြစ်ဖြစ် ပျံသန်းနိုင်တဲ့ ဒီဗိုင်းကိရိယာ သို့မဟုတ် မိုးပျံသင်္ဘောတွေ မရှိကြဘူး။ ထူးကဲတဲ့ လူတစ်ယောက်အနေနဲ့ မိုးပျံသင်္ဘောနဲ့ ခရီးသွားတာကပဲ ငါ့ရဲ့ပြိုင်ဖက်ကင်းမှုကို ပြသနိုင်လိမ့်မယ်..'
လီရွှမ်သည် ပိုမိုစဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေဖြစ်လာခဲ့၏။ မိုးပျံသင်္ဘောသည် ကြီးနိုင်သေးနိုင်ပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ထားနိုင်သလို ပေပေါင်းထောင်ချီအောင်လည်း ကြီးထွားသွားနိုင်၏။
'ဘယ်လောက်ကောင်းတဲ့ စိတ်ကူးလဲ... ငါဘာလို့ဒါကို အရင်က မတွေးမိခဲ့တာလဲ။ ဒီအချိန်က ဖန်းဟောင်ကို အလုပ်ပေးရမယ့် အချိန်ပဲ။ သူ့ကို ငါ့အတွက် မိုးပျံသင်္ဘောတစ်ခု ဆောက်လုပ်ခိုင်းရမယ်..'
လီရွှမ်သည် ကောင်းကင်ပေါ်မှ သက်ဆင်းလာသည့် သိန်းငှက်ကို ကြည့်၏။
"ဟန်.."
ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှ အမျိုးသမီးကို တွေ့ရပြီးနောက် သူ၏မျက်လုံးများက အနည်းငယ် အံ့ဩသွားသည်။
'အဲ့ဒါက ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်လား... ကြည့်ရတာ တော်တော်ရေငွေ့များတာပဲ။ ပင်လယ်မှာ နေကြလို့များလား..'
သူသည် စိတ်ထဲ၌ ရေသူမများကို အလိုလို တွေးမိလိုက်၏။ သို့ပေမယ့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နှင့် ရေသူမများအကြားတွင် ကြီးမားသည့် ခြားနားချက်တစ်ခု ရှိပါသည်။
ကောင်းကင်လူသားအဆင့်၏ အောက်ရှိ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များသည် မြေပြင်ပေါ်တွင် အကြာကြီး မနေနိုင်ကြပေ။ ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ပြီးမှသာလျှင် မြေပြင်ပေါ်၌ လမ်းလျှောက်နိုင်၏။
သို့ရာတွင် မည်သည့်ထိခိုက်မှုမှ မရှိဘဲ အချိန်တော်ကြာအောင် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာလိုလျှင်တော့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ရန် လိုအပ်ပါသည်။
သို့ပေမယ့် ဒဏ်ရာအပြင်းအထန် ရပြီးပါက လျှင်မြန်စွာ ကုသနိုင်ရန်အတွက် ရေထဲသို့ ပြန်ရမည်ဖြစ်၏။ ရှေ့ရှိပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ် အမျိုးသမီးသည် ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ သို့ပေမယ့် သူမ၏ ကြီးမားသည့် စွမ်းအားကြောင့် ရေထဲသို့ပြန်ကာ ကုသစရာမလိုဘဲ မြေပြင်ပေါ်တွင် သွားလာနိုင်သေး၏။
ထို့အပြင် သူမ၏ဒဏ်ရာများသည် အနည်းငယ်ထူးခြား၏။ ရေထဲသို့ ပြန်လျှင်တောင် ပြန်ကောင်းနိုင်မည် မဟုတ်ပေ။
"မိန်းကလေးစု... ဒီမှာလူနာရှိတယ်.."
ကျုရှင်ကျန့်က သိန်းငှက်ပေါ်မှလူကို ကူညီတွဲပေး၏။
"မြန်မြန်.. မြန်မြန်လေး လှဲပေးလိုက်.."
စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်ထားသည့် လူနာကုတင်ကို တွန်းပေးသည်။ သူမသည် လူနာကို လှဲခိုင်းလိုက်၏။
စိတ်လှုပ်ရှားကာ စိတ်အားထက်သန်နေသည့် စုလင်းရှုံကိုကြည့်ကာ ကျောင်လီမှာ မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားသည်။ ဒီမိန်းမငယ်လေးသည် ဘယ်လိုလုပ်ပြီး သူ၏ဒဏ်ရာများကို ကုသနိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ ကျုရှင်ကျန့်သည် အလိမ်ခံခဲ့ရသည်လား။
သို့ရာတွင် ဒီနေရာသို့ ရောက်ရှိလာပြီး ဖြစ်ရာ စမ်းကြည့်လည်း အရှုံးမရှိပေ။ ကျုရှင်ကျန့်ပြောသည့် အတိုင်း သေတော့မည့်မြင်းကို ရမ်းကုခြင်းက အရှုံးမရှိပါ။ ထို့ကြောင့် လူနာကုတင်ပေါ်၌ လှဲလိုက်၏။
အပိုင်း ၅၅၈ - ကြောက်ဖို့ကောင်းလွန်းတယ်
လီရွှမ်က ကျောင်လီကို ကြည့်သည်။ တစ်ဖက်လူ၏ ဒဏ်ရာအတိုင်းအတာကို လျှင်မြန်စွာ နားလည်သွား၏။
ဒီဗိုင်းဝိဉာဉ်မှာ ထိခိုက်ထားပြီး သွေးအဆီအနှစ်တို့လည်း ကုန်ခမ်းလုမတတ် ရှိနေသည်။ အရေပြားတစ်ဝက်ကျော်သည် မိုးကြိုးဖြင့် တူးခြစ်သွားပြီး ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်ထားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီပင်လျှင် ပြိုလဲလုမတတ် ဖြစ်နေပါသည်။
သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီ အပိုင်းအစ နှစ်ခုကို ကျင့်ကြံထားသည့် သိုင်းသမားတစ်ယောက်ဖြစ်ပြီး ဟွမ်းလျန်ထက်ပင် ပိုမိုစွမ်းအားကြီး၏။
သို့ပေမယ့် ဒီအချိန်၌ ဒဏ်ရာအပြင်းအထန် ရရှိထားမှုကြောင့် ခန္ဓာကိုယ်မှာ ကုသလို့ မရနိုင်လုနီးပါး ရှိနေပါသည်။ အထူးသဖြင့် ဒီဗိုင်းဝိဉာဉ်၏ ထိခိုက်မှုက အာရုံစူးစိုက်မရအောင် ဖြစ်စေပြီး ရံဖန်ရံခါ စိတ်ကို အနှောင့်အယှက် ဖြစ်စေသည်။
ထို့အပြင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီတို့ ပျောက်ကွယ်သွားမှုကို ကာကွယ်ရန် အာရုံ၉၀%ကို စိတ်ဝိဉာဉ်စွမ်းအင်အပေါ်၌ စူးစိုက်နေရ၏။ ဤသည်က အာရုံထွေပြားမှုကို ပိုမိုဆိုးရွားစေပြီး စိတ်ကို ကြည်လင်စွာ ထားနိုင်ရန် ခေါင်းကို မကြာခဏ ခါရမ်းနေရသည်။
ဤနည်းအားဖြင့် သူ၏ ဒဏ်ရာများသည် ယွဲ့ချန်မင်တုန်းကထပ်ပင် ပိုမိုဆိုးရွားနေ၏။ ထိခိုက်မှုများမှာ အဓိကအားဖြင့် ဒီဗိုင်းဝိဉာဉ်အပေါ်တွင် စုစည်းနေသည်။
"လိင်ယွင်တောင်စံအိမ်ရဲ့ ဒီဗိုင်းကိရိယာကြောင့် ထိခိုက်ခဲ့တာလား.."
လီရွှမ်က သုံးသပ်မှု ပြုသည်။ မျိုးဆက်စုံ မဟာမိတ်အဖွဲ့နှင့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများအကြား တိုက်ပွဲသတင်းမှာ ပျံ့နှံ့ပြီးဖြစ်၏။ လိင်ယွင်တောင်စံအိမ်နှင့် အခြားအင်အားစုများက ဒီဗိုင်းကိရိယာများကို အသုံးပြုကာ မျိုးဆက်စုံ မဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များကို တွန်းလှန်ခဲ့ပုံအား လူတိုင်းသိကြသည်။
"ဒီ.. ဒီဗိုင်းကိရိယာရဲ့ စွမ်းအားက သိပ်ပြီးတော့ စွမ်းအားမကြီးဘူး... သာမန်ပဲ.."
လီရွှမ်က သုံးသပ်၏။ လိင်ယွင်တောင်စံအိမ်၏ ဒီဗိုင်းကိရိယာမှာ သာမန်သာဖြစ်သည်။
လုံလောက်သည့် ကုန်ကြမ်းများသာ ရှိပါက ဖန်းဟောင်ကို ၎င်းထက် ပိုမိုစွမ်းအားကြီးသည့် လက်နက်တစ်ခုကို ဖန်တီးခိုင်းလို့ ရ၏။
"လှဲနေ.. မလှုပ်ရှားနဲ့... ကျွန်မ အရင်စစ်ဆေးကြည့်မယ်.."
စုလင်းရှုံမှာ စိတ်လှုပ်ရှားနေ၏။ စိတ်ဝိဉာဉ်နယ်မြေတွင် ပထမဆုံး ချန်ချင်းစံအိမ်ကို ဖွင့်လှစ်ပြီးနောက် ယခုမျှဒဏ်ရာအပြင်းအထန် ရရှိထားသည့် လူနာတစ်ယောက် ရောက်ရှိလာခဲ့လေသည်။
ဤသည်က သူမ၏ ဒဏ်ရာကုသရာတွင် အသုံးပြုသည့် စိတ်ဝိဉာဉ်ကိရိယာကို စမ်းသပ်ကြည့်ရန် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ရရှိလာစေသည်။
ယွဲ့အာမှာလည်း အလွန် စိတ်လှုပ်ရှားနေပါသည်။ သူမသည် တွန်းလှည်းလေးတစ်ခုကို တွန်းကာ လူနာကုတင်၏ နဘေးသို့ ရောက်ရှိလာ၏။ ထိုတွန်းလှည်းငယ်သည် တော်တော်လေး ထူးခြားပြီး ၎င်းအပေါ်တွင် လေးထောင့်ပုံ ကိရိယာတစ်ခုရှိ၏။ အသုံးဝင်မှုမှာတော့ မသိရပေ။
ထိုတွန်းလှည်းငယ်ကို တွေ့ရပြီးနောက် လီရွှမ်က မနေနိုင်ဘဲ ပြုံးသည်။ ဤသည်မှာ စုလင်းရှုံကို သူတစ်ကြိမ်ပြောပြခဲ့ဖူးသည့် ရောဂါစစ်ဆေးခြင်း ကိရိယာ ဖြစ်သည်။
ထိုပစ္စည်းနှင့်ဆိုပါက စုလင်းရှုံ၏ ဒန်ဆေးပညာပင် လိုအပ်ခြင်းမရှိဘဲ ရောဂါစစ်ဆေးမှုကို ပြုလုပ်နိုင်သည်။
ထိုအကြောင်းကြောင့် စုလင်းရှုံသည် ဖန်းဟောင်၏ ကိရိယာထုလုပ်ခြင်း ပညာကို အချိန်ယူကာ လေ့လာခဲ့ပြီး သူမ၏ အတွေးအမြင်၊ စိတ်ကူးများနှင့်ပေါင်းကာ ယခုကဲ့သို့ ရောဂါစစ်ဆေးခြင်း ကိရိယာတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုဖန်တီးမှုအတွက် ဖန်းဟောင်၏ အကူအညီ မပါဝင်သည်တော့ မဟုတ်ပါ။ ယခုအချိန်၌ ရောဂါစစ်ဆေးခြင်း စိတ်ဝိဉာဉ်ကိရိယာမှာ အသုံးပြုနိုင်နေပြီ ဖြစ်၏။
ကျုရှင်ကျန့်မှာ ထိုတွန်းလှည်းငယ်ကို ကြည့်ကာ အနည်းငယ် မှင်သက်သွားသည်။ ဤသည်မှာ ကစားနေသည်လား။
ချိုင်လင်းအာမှာလည်း သိရှိလိုမှုတို့ဖြင့် ပြည့်နက်နေပါသည်။ သူမသည် လူနာအိပ်ယာ၏ ဘေးတွင်ရပ်ကာ စုလင်းရှုံ၏ ကျောင်လီအား ကုသမှုကို ကြည့်ရှု့နေ၏။
စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ရောဂါစစ်ဆေးခြင်း စိတ်ဝိဉာဉ်ကိရိယာမှ ပိုက်ချောင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်း၏ထိပ်တွင် အမဲရောင် အပြားတစ်ခု တပ်ဆင်ထားသည်ကို တွေ့ရ၏။
စုလင်းရှုံက ၎င်းကို ကျောင်လီ၏ နဖူး၌ ကပ်လိုက်သည်။
စုလင်းရှုံက ပိုက်ချောင်းကို တပ်ဆင်နေသည့် အချိန်၌ ယွဲ့အာ၏အကြည့်က စတုရမ်းပုံ ကိရိယာဆီ၌ ဆိုက်ရောက်နေပါသည်။
သူမ၏ လက်ချောင်းများနှင့် ထိုကိရိယာကို ထိလိုက်သည်နှင့် အစောပိုင်းက ဘာမှမရှိဘဲ ဗလာဖြစ်နေသည့် မျက်နှာပြင်သည် ရုတ်တရက် လင်းထိန်လာခဲ့၏။ လှိုင်းကဲ့သို့ မျဉ်းကြောင်းများနှင့်အတူ ရေးတေးတေး ပုံရိပ်တစ်ခု ပြသလာ၏။
ကျောင်လီမှာ သူ၏နဖူးပေါ်၌ နွေးထွေးသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။ ဤသည်က သူ၏ ဒီဗိုင်းဝိဉာဉ်အား စူးစမ်းနေသကဲ့သို့ ရှိ၏။ တစ်ချိန်တည်းတွင် ရင်ဘတ်ပေါ်ရှိ ပြွန်ပိုက်ကလည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စူးစမ်းနေဟန်ရသည်။
ခဏတာအတွင်း အနည်းငယ် ကြောင်တောင်သွား၏။ ဖြစ်နိုင်သည်မှာ သူ့ကို ထိခိုက်စေရန်အတွက် ကြံစည်မှုတစ်ခုလေလား။
သို့ရာတွင် ရုန်းကန်ခြင်း မပြုပေ။ အဲ့ဒီ့အစား တိတ်ဆိတ်စွာသာ စောင့်စားနေ၏။ ပြီးလျှင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်အား ကြည့်ရှု့လိုနေသည်။
"ရလဒ်ထွက်လာပြီ.."
စုလင်းရှုံမှာ စိတ်လှုပ်ရှားစွာဖြင့် ကိရိယာ၏ မျက်နှာပြင်ကို ကြည့်နေ၏။ ဤသည်မှာ ပထမဆုံးအကြိမ် ရောဂါစစ်ဆေးခြင်း စိတ်ဝိဉာဉ်ကိရိယာအား အသုံးပြုခြင်းဖြစ်သည်။ စစ်ဆေးမှု၏ အသုံးဝင်မှုနှင့် တိကျမှုတို့မှာ အတည်ပြုမှုများ ပြုလုပ်ရန် လိုအပ်သေး၏။
ကျုရှင်ကျန့်နှင့် ချိုင်လင်းအာတို့လည်း သိလိုစွာဖြင့် ကြည့်ရှု့နေကြသည်။ ဒီပစ္စည်းသည် ဒဏ်ရာများကို စစ်ဆေးနိုင်သည်လား။ သိုင်းသမားများ အနေနှင့် အထူးသဖြင့် ဒီဗိုင်းဝိဉာဉ်အား ကျင့်ကြံထားသူများ အနေနှင့် သူတို့အတွက် ဒဏ်ရာများကို ဆုံးဖြတ်ရန်အတွက် လွယ်ကူပါသည်။
ဒဏ်ရာစစ်ဆေးရန်အတွက် အဘယ်ကြောင့် ထူးဆန်းသည့် စိတ်ဝိဉာဉ်ကိရိယာအချို့ကို အသုံးပြုကာ အလုပ်ရှုပ်ခံနေမည်နည်း။
ကိရိယာအပေါ်၌ စစ်ဆေးမှုရလဒ်တို့ ပေါ်လာခဲ့သည်။ ချောမွေ့သည့် မျက်နှာပြင်ပေါ်တွင် စာသားများ အတန်းလိုက် ထွက်ပေါ်လာ၏။
"ဒီဗိုင်းဝိဉာဉ် ထိခိုက်ထားပြီး အရင်းအမြစ် အထိရောက်တယ်... ရောဂါလက္ခဏာတွေအရ အာရုံစူးစိုက်နိုင်စွမ်း မရှိဘူး၊ မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်တယ်..."
"သွေးအဆီအနှစ်က ၉၀%အထိ ခမ်းခြောက်သွားတယ်... မြင့်မားတဲ့ အပူချိန်ကြောင့် အငွေ့ပျံသွားတာ.. အရေပြားတွေ တူးခြစ်နေတယ်... မိုးကြိုးကြောင့် လောင်ကျွမ်းသွားတာ..."
ကိရိယာပေါ်ရှိ စမ်းသပ်ခြင်းအဖြေကို တွေ့ရပြီးနောက် ကျုရှင်ကျန့်နှင့် ချိုင်လင်းအာတို့မှာ အနည်းငယ် မှင်သက်သွားကြ၏။
ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်မှာ ထိခိုက်ထားကြောင်းကို သူတို့ သိပါသည်။ သွေးအဆီအနှစ်မှာ ခမ်းခြောက်နေပြီး ထိုအရာများသည် ဆုံးဖြတ်ရလွယ်ကူကာ လူတိုင်းသိနိုင်၏။
သို့ရာတွင် ယခုမျှ အသေးစိတ်ကျသည့် စမ်းသပ်မှုကတော့ ဒီဗိုင်းဝိဉာဉ်၏ ထိခိုက်မှု တည်နေရာကိုပင် ဆုံးဖြတ်နိုင်ပြီး သွေးအဆီအနှစ်၏ ဆုံးရှုံးမှု ပမာဏပင် စိတ်ဝိဉာဉ်ကိရိယာပေါ်၌ ပြသနိုင်သည်။ သူတို့၏ ကိုယ်ပိုင်စမ်းသပ်မှုထက် ပိုမို အသေးစိတ်ကျ၏။
တစ်ချက်ကြည့်ရှု့ပြီးနောက် စုလင်းရှုံက ကျေနပ်စွာခေါင်းငြိမ့်သည်။ ဒီစစ်ဆေးမှု ရလဒ်သည် သူမလောက် တိကျခြင်း မရှိပေမယ့် အသိအမှတ်ပြုဖွယ် ကောင်းလှ၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ စိတ်ဝိဉာဉ်ကိရိယာတစ်ခုဖြစ်ပြီး ဒန်ဆေးသိုင်းပညာကို ကျင့်ကြံသည့် သူမကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
ယခုမျှ အသေးစိတ်ကျသည့် စမ်းသပ်မှုတို့ကို ပြုလုပ်နိုင်ခြင်းမှာ တော်တော်လေး ကောင်းမွန်နေပြီး ဖြစ်၏။ ယွဲ့အာက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
"ဒီဟာသာ ကုသဖို့အတွက် အစီအစဉ်တစ်ခုပါ ထုတ်လွှတ်နိုင်ရင် ပိုပြီးတော့ ပြီးပြည့်စုံသွားမှာ... စမ်းသပ်မှုနဲ့ ကုသမှု ပေါင်းစပ်လို့ရတယ်.."
စုလင်းရှုံက ကောင်းမွန်သည့် စိတ်ကူးတစ်ခု ရရှိလာပြီး လက်နှစ်ဖက်ကို ဆုပ်သည်။
"စိတ်ကူးကောင်းပဲ... ငါတို့တွေ အဲ့ဒါကို စမ်းကြည့်လို့ရတယ်.."
သူမသည် ကျောင်လီပေါ်၌ ကပ်ထားသည့် ပိုက်ပြွန်တို့ကိုဖြုတ်ကာ စိတ်ဝိဉာဉ်ကိရိယာ အတွင်းသို့ ပြန်ထည့်သည်။ ပြီးနောက် ချိုင်လင်းအာကို ကြည့်ကာ ရတနာအချို့ကို တွေ့ရသကဲ့သို့ သူမ၏ မျက်လုံးများက လင်းလက်သွား၏။
ထိုအကြည့်များက ချိုင်လင်းအာကို အနည်းငယ်ကြောင်တောင်စွာ ခံစားရစေသည်။ ဒီကောင်မလေးသည် မည်ကဲ့သို့သော အကြည့်ဖြင့် ကြည့်နေသနည်း။
"ရှင်လည်း ဒဏ်ရာရထားတာလား... ပြီးတော့ မသေးဘူး... လာခဲ့ လာခဲ့... ကျွန်မ စစ်ဆေးကြည့်မယ်.."
ချိုင်လင်းအာ "..."
ဤသည်မှာ စုလင်းရှုံ၏ ပထမဆုံးအကြိမ် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ကို တွေ့မြင်ဖူးခြင်း ဖြစ်၏။ ထို့အပြင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။
စုလင်းရှုံသည် တစ်ဖက်လူကို ခွဲစိတ်မှုလုပ်ကာ လူသားများနှင့် မည်သည့် ခြားနားမှုများ ရှိနေလဲဟုပင် သိမြင်လို၏။
"ရှီအာ... နောက်ထပ် လူနာအိပ်ယာတစ်ခုကို မြန်မြန်လေးသွားတွန်းလာခဲ့.."
သူမက အော်လိုက်သည်။
"လာပြီ.."
ရှီအာမှာ ဆေဘာပညာကို ကျင့်ကြံနေ၏။ နောက်ထပ် လူနာကုတင်တစ်ခုကို အလျှင်အမြန် တွန်းလာခဲ့သည်။
"ပင်လယ်စိတ်ဝိဉာဉ်ဂိုဏ်းက အကြီးအကဲ... ကျေးဇူးပြုပြီး လှဲပေးပါ။ ကျွန်မ စစ်ဆေးကြည့်ပေးမယ်.."
စုလင်းရှုံနှင့် ယွဲ့အာတို့က ဘေးတစ်ဖက်တစ်ချက်မှ စိတ်လှုပ်ရှားစွာဖြင့် ကြောင်တောင်နေသည့် ချိုင်အာကို ကုတင်ပေါ်သို့ ကူတင်ပေးသည်။
ထို့နောက် ရောဂါစစ်ဆေးခြင်း ကိရိယာမှ ပိုက်ပြွန်များစွာကိုယူကာ ချိုင်အာ၏ ခန္ဓာကိုယ်ပေါ်၌ ကပ်၏။