← Chapters

အခန်း (၅၅၉)

Vol. 38 Ch. 559-561

အခန်း (၅၅၉)

Vol. 38 Ch. 559-561

အပိုင်း ၅၅၉ - ကြောက်ဖို့ကောင်းလွန်းတယ်(၂)

ချိုင်လင်းအာက စုလင်းရှုံကို ကြည့်သည်။ တစ်ဖက်လူသည် သူမ၏ပါးများ တံတောင်ဆစ်မှ တောင်ပံများကိုပွတ်သပ်နေ၏။ မျက်လုံးများက တောက်ပနေပြီး မကောင်းသည့် စိတ်ကူးအချို့ ရှိနေဟန်ရသည်။

ယွဲ့အာမှာလည်း တူညီလုနီးပါး ကြည့်နေ၏။

ရောဂါစစ်ဆေးမှုပြုလုပ်ပြီးနောက် စုလင်းရှုံက အဖြေကိုကြည့်ကာ သူမ၏မျက်ခုံးများက အနည်းငယ်ကျုံ့သွားသည်။

"ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ် ဖြစ်လို့ ခြားနားချက်အချို့ ရှိနေတာများလား.."

စိတ်ဝိဉာဉ်ကိရိယာပေါ်ရှိ ရလဒ်မှာ သူမ၏ ကိုယ်ပိုင်စမ်းသပ်မှုနှင့် အနည်းငယ် ခြားနားနေပါသည်။ ဤသည်မှာ ချိုင်လင်းအာသည် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ခြားနားနေသည်လား။

ဆိုလိုသည်မှာ ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်များ၏ ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ဒီဗိုင်းဝိဉာဉ် တည်ဆောက်မှုတို့သည် လူသားမျိုးနွယ်နှင့် ခြားနားနေခြင်းကြောင့် စိတ်ဝိဉာဉ်ကိရိယာ၏ ရလဒ်၌ ခြားနာချက်တို့ ပေါ်လာခဲ့သည်လား။

ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ ခန္ဓာကိုယ် တည်ဆောက်ပုံအပေါ် စိတ်ဝင်စားသွားရာ စုလင်းရှုံသည် ကျောင်လီအား ခဏထားထားလိုက်သည်။

"ပင်လယ်စိတ်ဝိဉာဉ်ဂိုဏ်းက အကြီးအကဲ..."

သူမသည် စကားလုံးများကို စတင် ပြင်ဆင်ကာပြော၏။

"ငါ့ကို ချိုင်လင်းအာလို့ပဲ ခေါ်ပါ... အကြီးအကဲလို့ မခေါ်နဲ့။ အဲ့လိုဆိုရင် အသက်ကြီးသလို ခံစားသွားရတယ်.."

ချိုင်လင်းအာက ပြော၏။

"အစ်မချိုင်လင်းအာ... ကျွန်မတို့တွေ အပေးအယူတစ်ခုလုပ်ကြမလား... ဒီကုသမှုအတွက် ကျွန်မရှင့်ကို ဘာကုသစရိတ်မှ မယူဘူး။ ဒါပေမယ့် ရှင့်ကို နည်းနည်းလောက်တော့ သုတေသနလုပ်ချင်တယ်.."

စုလင်းရှုံက မေး၏။ သူမ၏ မျက်နှာသည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

"ကုသစရိတ် မယူဘူးလား... နင်ငါ့ကို ကုပေးနိုင်တာ သေချာလို့လား.."

ချိုင်လင်းအာမှာ အံ့ဩသွားသည်။ ဒီကောင်မလေးသည် နောက်နေသည်လား။

"ဒါပေါ့... အမချိုင်လင်းအာရဲ့ ဒဏ်ရာတွေက ကျွန်မအတွက် ကိစ္စသေးလေးပဲ.."

စုလင်းရှုံက ခိုင်မာစွာပြောသည်။

ချိုင်လင်းအာက သဘောတူတော့မည့် အချိန်၌ ရုတ်တရက် စုလင်းရှုံ၏ သုတေသနဟူသည့် ဆိုလိုရင်းကို သတိရမိလိုက်၏။

"သုတေသနလုပ်တယ် ဆိုတာ ဘာကိုပြောတာလဲ.."

စုလင်းရှုံ၏ မျက်နှာသည် မျှော်လင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နက်နေပါသည်။ သူမသည် ပါးလျကာ ထက်မြသည့် ဓားတစ်ချောင်းကို ထုတ်လိုက်၏။

"ဒီလိုပါ... အမချိုင်လင်းအာ... ရှင်က ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဝင် တစ်ယောက်ပဲ။ အဲ့ဒါ.. ကျွန်မ ပင်လင်စိတ်ဝိဉာဉ်မျိုးနွယ်နဲ့ လူသားတွေအကြား ခန္ဓာကိုယ်တည်ဆောက်မှု ကွဲပြားပုံကို လေ့လာချင်လို့ပါ။ အဲ့တာကြောင့်မလို့..."

ချိုင်လင်းအာသည် တစ်ဖက်လူ၏ လက်ထဲရှိ ဓားလေးကိုကြည့်ကာ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။ သို့ပေမယ့် ဆက်လက်မေး၏။

"အဲ့ဒါဆိုရင် နင်ကဘယ်လို သုတေသနပြုဖို့ စီစဉ်ထားတာလဲ.."

စုလင်းရှုံက သူမ၏လက်ထဲရှိ ဓားကို အကြိမ်အနည်းငယ် ဆော့ကစားရင်းက ပြော၏။

"ခွဲစိတ်လေ့လာရမှာပေါ့... အဲ့လိုဆိုရင် တည်ဆောက်ပုံဘယ်လိုခြားနားလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပြီ။ ကျင့်ကြံမှု ခြားနားပုံတွေ၊ ဒီဗိုင်းဝိဉာဉ် ခြားနားပုံတွေကိုတောင်မှ သိနိုင်တယ်... စိတ်မပူပါနဲ့ အမချိုင်လင်းအာ... ရှင်က စွမ်းအားကြီးပြီးတော့ ကျင့်ကြံမှုအဆင့်မြင့်မားတယ်... ကျွန်မ ပြင်ဆင်ထားတဲ့ ဒန်ဆေးလုံးတွေနဲ့ ပေါင်းလိုက်ရင် အသက်အန္တရာယ်တွေ နာကျင်မှုတွေ မရှိဘူး.."

"ပြီးတော့လည်း ကတိပေးတယ်... သုတေသန လုပ်ပြီးပြီဆိုရင် အကောင်ပကတိအတိုင်းပဲ ရှိနေလိမ့်မယ်။ ဘာဆုံးရှုံးမှုမှ မဖြစ်စေရဘူး.."

"ခွဲစိတ်မှာလား..."

ချိုင်လင်းအာ၏ ဆံပင်မွှေးများက ထောင်ထသွားပြီး အိပ်ရာပေါ်မှ ထခုန်သည်။

"နင်ငါ့ကို ထိခိုက်အောင် လုပ်ချင်တာလား... နင်က စိတ်ဝိဉာဉ်ဂိုဏ်းဘက်ကလား.."

ခွဲစိတ်ပြီးနောက် အကောင်းပကတိအတိုင်း ရှိနိုင်ဦးမည်လား။ ဤသည်မှာ တွေးကြည့်ရုံနှင့် ကြောက်ဖို့ကောင်းလှသည်။

အိပ်ရာပေါ်တွင် လဲလျောင်းနေသည့် ကျောင်လီလည်း အံ့ဩစွာဖြင့် ထထိုင်၏။ ကျုရှင်ကျန့်မှာ စုလင်းရှုံ၏ လက်ထဲတွင် ဓားကိုကိုင်ကာ တောက်ပသောမျက်လုံးများနှင့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ် ဖြစ်သည့် ချိုင်လင်းအာကို ခွဲစိတ်ရန် စိတ်အားထက်သန်နေပုံအား ကြည့်ကာ မှင်သက်နေသည်။

သူသည် နှလုံးသားထဲ၌ လေးလံစွာနှင့် တုန်လှုပ်စွာ ခံစားလိုက်ရ၏။ သူမသည် ကြောက်ဖို့ကောင်းလွန်းလှသည်။

လီရွှမ်မှာ ပြောစရာစကား မဲ့သွား၏။ စုလင်းရှုံအား အတွင်းဘက်နယ်မြေရှိ ယင်လုံ့စံအိမ်မှ လူသေများကို ခွဲစိတ်ကာ လေ့လာခိုင်းခဲ့ကတည်းက သူမသည် သုတေသန ရလဒ်အသစ်များစွာကို ရရှိလာခဲ့သည်။ခွဲစိတ်မှု၌ အလွန် ကျွမ်းကျင်လာခဲ့၏။

ယခုအချိန်၌ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှ ချိုင်လင်းအာကို တွေ့ရှိပြီးနောက် ချက်ချင်းပင် စိတ်ဝင်စားသွား၏။

သို့ပေမယ့် ချိုင်လင်းအာမှာ အလောင်းတစ်ခု မဟုတ်ပေ။ စုလင်းရှုံသည် သူမကို အရှင်လတ်လတ် ခွဲစိတ်ရန်အတွက် အမှန်တကယ် ထိုမျှအထိ ရဲတင်းနေပြီလား။

ချိုင်လင်းအာ၏ ဦးခေါင်းထဲတွင် ရေများ ရှိမှသာလျှင် သဘောတူပေလိမ့်မည်။

"အမချိုင်လင်းအာ... ဒေါသမထွက်ပါနဲ့... ကျွန်မက စိတ်ဝိဉာဉ်ဂိုဏ်းက မဟုတ်ဘူး။ ဘာထိခိုက်မှုမှလည်း သေချာပေါက် မလုပ်ပါဘူး... ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်အကြား ခြားနားချက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာချင်တာပဲရှိတာ.."

စုလင်းရှုံက အမြန်ရှင်းပြ၏။

ချိုင်လင်းအာမှာ ယုံကြည်ခြင်း မရှိပေ။ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု မြင့်တက်လာပြီး အချိန်မရွေး တစ်ဖက်လူကို ဖမ်းဆီးရန်အတွက် ပြင်ဆင်သည်။

"အဟွတ်.."

လီရွှမ်က လည်ချောင်းရှင်းစွာ ချောင်းဟန်သည်။

"ကောင်မလေး... မရူးမိုက်နဲ့.."

"ဟုတ်ကဲ့ပါ ဆရာ.."

စုလင်းရှုံက ဖြေကြားသည်။ သူမသည် သိသာစွာပင် စိတ်ပျက်သွားခဲ့၏။

ချိုင်လင်းအာ၏ ကြမ်းကြုတ်သည့် အရှိန်အဝါတို့မှာလည်း လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။ သူမ၏ မျက်လုံးများက ပြူးကျယ်စွာဖြင့် လီရွှမ်ကိုကြည့်၏။

တစ်ဖက်လူ၏ ချောင်းဟန့်သံသည် အခြားလူများအတွက် သာမန်ဆန်ပေမယ့် သူမ၏ ဒီဗိုင်းဝိဉာဉ်အတွင်း၌ စူးရှစွာ တုန်ခါလာခဲ့သည်။ အချိန်မရွေး ပျက်စီးသွားအောင် ပြုလုပ်နိုင်ပုံ ပေါ်၏။

"ဒီလောက် စွမ်းအားကြီးတဲ့လူ..."

ဒီအချိန်၌ ချိုင်လင်းအာသည် မည်သည့် တိုက်ခိုက်မည့်အသွင်မှ ပြသရဲခြင်း မရှိတော့ပေ။ တစ်ဖက်လူက သတိပေးခြင်း ဖြစ်သည်ကို နားလည်၏။

ချိုင်လင်းအာက လက်မခံရာ စုလင်းရှုံလည်း စိတ်ပျက်စွာဖြင့် ထိုကိစ္စကို အတင်း မတိုက်တွန်းတော့ပေ။ ကျောင်လီကို စတင်ကုသ၏။

"ရှင့်ရဲ့ ဒီဗိုင်းဝိဉာဉ်က ထိခိုက်ထားတယ်။ အခြေခံကလည်း ဒဏ်ရာရထားတယ်။ သွေးအဆီအနှစ်က ၉၀%လောက် ခမ်းခြောက်နေတယ်။ အသွေးအသားက တူးခြစ်ပြီး မိုးကြိုးစွမ်းအင်တွေက ကျန်နေသေးတုန်းပဲ..."

စုလင်းရှုံသည် ဒဏ်ရာများကို တစ်ခုပြီးတစ်ခု ရှင်းပြ၏။ ပြီးနောက် ကျုရှင်ကျန့်ကိုကြည့်ကာ မေးသည်။

"ကုသမှု စရိတ်ကရော ဘယ်နေရာမှာလဲ.."

"ဒီမှာပါ ဒီမှာပါ.."

ကျုရှင်ကျန့်က သိုလှောင်အိတ်တစ်ခုကို အမြန်ပေးသည်။

ယွဲ့အာက ယူကာ ဖွင့်ကြည့်စစ်ဆေးပြီးနောက် ခေါင်းငြိမ့်၏။

"ကုသမှုစရိတ်က အဆင်ပြေတယ်.."

"ငြိမ်ငြိမ်ထိုင်နေ... အခု ကုပေးတော့မယ်.."

စုလင်းရှုံက ခေါင်းငြိမ့်ကာ ကျောင်လီ၏ ပုခုံးများကို ဖိလိုက်၏။ သူ့ကို အိပ်ရာပေါ်၌ လှဲစေသည်။

ဒုက္ခိတတစ်ပိုင်းဖြစ်နေသည့် ကျောင်လီသည် ယခုအချိန်၌ ခုခံလိုပင်လျှင် ခုခံနိုင်စွမ်း မရှိပေ။ သူသည် အံ့သြနေ၏။ ဒီမိန်းကလေးသည် အလွန် သန်မာလွန်းလှသည်။

"စွတ်.."

မျက်စိတစ်မှိတ်အတွင်း ရွှေအပ်တစ်ချောင်းသည် ကျောင်လီ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်သွား၏။ တစ်ချိန်တည်းတွင် စုလင်းရှုံသည် ဒန်ဆေးတစ်လုံးကို ထုတ်ကာ ကျောင်လီ၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

"ဒီဆေးလုံးက ရှင့်ရဲ့ သွေးအဆီအနှစ်ကို ပြန်ပြီးအားဖြည့်ပေးလိမ့်မယ်.."

ချိုင်လင်းအာမှာ အခြေအနေကို အကြိမ်ကြိမ် စိုးရိမ်တကြီး ကြည့်ရှု့နေ၏။

လီရွှမ်က အေးအေးလူလူနှင့် စာအုပ်ကိုဖတ်ကာ မည်သည့် ပြဿနာလုပ်မည့် အရိပ်အယောင်ကိုမှ မပြရာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။

သူမ၏ အာရုံအားလုံးတို့ကို စုလင်းရှုံ၏ ဒဏ်ရာကုသမှုအပေါ်၌ စူးစိုက်ထား၏။ သူမသည် ယခုကဲ့သို့သော ကုသမှုနည်းလမ်းကို ဘယ်တုန်းကမှ ကြားဖူးခြင်း မရှိပါ။ အထူးသဖြင့် ဒန်ဆေးလုံးဟူသည့် အရာဖြစ်၏။

"ရှင့်ရဲ့ အသွေးအသားထဲမှာ မိုးကြိုးနဲ့မီးတောက်ရဲ့စွမ်းအင်တွေ ကျန်နေသေးတယ်။ ကျွန်မတို့တွေ ဒန်ဆေးလုံး တစ်မျိုးကို အသုံးပြုပြီး မိုးကြိုးစွမ်းအင်ရဲ့ အပူကို ဖယ်ထုတ်ရမယ်။ ပြီးတော့ ရွှေအပ်နဲ့လည်း စွမ်းအင်တွေကို ရွှေ့ပြောင်းရမယ်.."

စုလင်းရှုံက ပြောလိုက်ရင်းနှင့် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို ထုတ်သည်။ မီးတောက်များ ထွက်ပေါ်လာပြီး သူမသည် နေရာတွင်ပင် လိုအပ်သည့် ဒန်ဆေးလုံးကို သန့်စင်၏။

ထိုမြင်ကွင်းက ချိုင်လင်းအာနှင့် ကျုရှင်ကျန့်တို့ကို အလွန်အံ့ဩသွားစေသည်။ ဤသည်မှာ မည်ကဲ့သို့သော နည်းလမ်း ဖြစ်သနည်း။ ထိုဆေးပင်များ၏ ဂုဏ်သတ္တိများသည် တူညီခြင်းမရှိပေ။ သို့ပေမယ့် အတူတူပေါင်းစပ်နိုင်သည်လား။

"ငါ့ရဲ့ သွေးအဆီအနှစ်တွေက လျှင်လျှင်မြန်မြန် ပြန်ပြီးတော့ အားပြည့်လာနေတယ်.."

ကျောင်လီက ရုတ်တရက် အံ့သြစွာ အသံပြုသည်။ သူ၏ ခမ်းခြောက်လုနီးပါး ဖြစ်နေပြီး အရင်းအမြစ်တိုင်အောင် ထိခိုက်ထားသည့် သွေးအဆီအနှစ်တို့သည် စိတ်ဝိဉာဉ်ဆေးပင်များ၏ အကူအညီနှင့်ပင် ပြန်လည်အားဖြည့်နိုင်ခြင်း မရှိပေ။ ဆက်လက်ခမ်းခြောက်ခြင်း မရှိအောင်သာ တားမြစ်နိုင်၏။

ထိုအပြင် ထိုတူးခြစ်နေသည့် အသွေးအသားထဲတွင် မိုးကြိုးစွမ်းအင်များ ကျန်ရစ်နေပြီး ဖယ်ထုတ်နိုင်ခြင်း မရှိပေ။ ဤသည်က သွေးအဆီအနှစ် ခြောက်ခန်းမှုအတွက် ပြန်လည်ဖြည့်တင်းရန် မဖြစ်နိုင်အောင် ဖြစ်စေ၏။

ရလဒ်အနေနှင့် ဒန်ဆေးလုံးတစ်လုံးကို သောက်သုံးပြီးနောက် ရုတ်တရက် သူ၏ သွေးအဆီအနှစ်တို့ ပြန်လည်တိုးပွားကာ စတင်ကောင်းမွန်လာကြောင်းကို တွေ့လိုက်ရသည်။ ဘယ်လိုလုပ်ပြီး မအံ့ဩဘဲ နေနိုင်မည်လဲ။

"ငြိမ်ငြိမ်နေ.."

ယွဲ့အာက သူ၏ပုခုံးကို လေးနက်စွာ ပွတ်ရင်းက ပြောသည်။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ.."

ကျောင်လီက အလျှင်အမြန် ခေါင်းငြိမ့်သည်။ သို့ပေမယ့် သူသည် အသက်ရှူမြန်ဆန်နေဆဲ ရှိ၏။ ကြည့်ရသည်မှာ ပြန်လည် ကောင်းမွန်ရန်အတွက် မျှော်လင့်ချက်တို့ အမှန်တကယ် ရှိနေပါသည်။

ချိုင်လင်းအာနှင့် ကျုရှင်ကျန့်တို့၏ မျက်နှာပေါ်ရှိ အံ့သြမှုမှာ ဖုံးဖိ၍မရနိုင်အောင် ရှိနေ၏။ တစ်ဖက်လူ၏ ဒဏ်ရာများသည် အမှန်တကယ် ကုသနိုင်သည်လား။

မကြာခင်တွင် မိုးကြိုးစွမ်းအင်အား ဖယ်ထုတ်ရန်အတွက် ဒန်ဆေးလုံးကို ရရှိလာပြီး စုလင်းရှုံက လေးနက်စွာပြောသည်။

"ရော့.. ဒီဆေးလုံးကို သောက်လိုက်.."

ကျောင်လီမှာ ညွှန်ကြားသည့်အတိုင်း ဆေးလုံးကို သောက်လိုက်သည်။ ခန္ဓာကိုယ်တစ်လျှောက် စိုစွတ်ကာအေးစက်သည့် ခံစားချက်တစ်ခု ပျံ့နှံ့သွားပြီး မိုးကြိုးစွမ်းအင်၏ လောင်ကျွမ်းသည့် နာကျင်မှုမှာ တဖြည်းဖြည်း လျော့နည်းသွားခဲ့၏။

ထိုအချိန်၌ စုလင်းရှုံက သက်ဆိုင်ရာ နေရာများဆီသို့ ရွှေအပ်တို့ကို ထိုးစိုက်သည်။ အပ်များကို လှုပ်ခါရင်းမှ စည်းချက်တစ်ခုကို ထိန်းထား၏။

ပြီးနောက် သူမ၏မျက်နှာက ပိုမိုလေးနက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ် လူနာတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်အကြွင်းအကျန်တို့ကို ဖယ်ထုတ်ခြင်း ဖြစ်၏။

ကျောင်လီမှာ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအင်သည် ညာဘက်လက်ဝါးဆီသို့ ရွေ့လျားသွားသည်ဟု ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ တဖြည်းဖြည်း ဖောရောင်လာပြီး နီရဲစွာဖြင့် အပူငွေ့တို့ ထွက်နေ၏။ နွေးထွေးသည့် ခံစားချက်က ကာကွယ်ထားမှုကြောင့်သာ မဟုတ်ပါက ညာဘက်လက်တစ်ခုလုံး တူးခြစ်ကာ သုံးစားမရ ဖြစ်သွားပြီဟု သံသယဝင်မိမှာ ဖြစ်သည်။

"လက်ကိုမြှောက်လိုက်.."

စုလင်းရှုံက စေခိုင်း၏။

ကျောင်လီက ညာဘက်လက်ကို မြှောက်လိုက်ပြီးနောက် စုလင်းရှုံက သူ၏လက်ချောင်းများကို ဝှေ့ရမ်းကာ ရွှေအပ်ဖြင့် လက်ချောင်းထိပ်များဆီသို့ စိုက်လိုက်သည်။

အသံတစ်ခုနှင့်အတူ လက်ချောင်းများမှ မိုးကြိုးစွမ်းအင်များ ထွက်လာ၏။ ခဏအကြာ၌ မိုးကြိုးစွမ်းအင်များ ပျောက်ကွယ်သွားပြီး လက်ဖဝါးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

"ဒီဆေးလုံးကို သောက်လိုက်... အသွေးအသားတွေကို ပြန်လည်ထွက်ပေါ်လာစေဖို့ ကူညီပေးလိမ့်မယ်.."

စုလင်းရှုံက ကျောင်လီကို နောက်ထပ် ဒန်ဆေးလုံးတစ်လုံးကို သောက်ခိုင်းလိုက်သည်။ ထို့နောက် ရွှေအပ်များအားလုံးသည် ကျောင်လီ၏ ဦးခေါင်းဆီသို့ စိုက်သွား၏။

"ရှင့်ရဲ့ ဒီဗိုင်းဝိဉာဉ်ဒဏ်ရာကို ကုသတော့မယ်... ဒီဖြစ်စဉ်က အရမ်းနာကျင်မှာ။ မခံနိုင်ဘူးဆိုရင် ဒီဆေးလုံးကိုသောက်ပြီး နက်နက်ရှိုင်းရှိုင်း အိပ်နေလိုက်။ နိုးထလာတဲ့အခါကျရင် ဒီဗိုင်းဝိဉာဉ် လုံးဝ ပြန်ကောင်းသွားလိမ့်မယ်.."

ကုသမှုမှာ လက်ရှိအချိန်အထိ ခရီးရောက်ခဲ့ပြီး ပျောက်ကင်းရန် မျှော်လင့်ချက်တို့ကို မြင်လာရရာ ကျောင်လီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဒန်ဆေးလုံးကို သောက်လိုက်သည်။ ထို့နောက် နက်ရှိုင်းစွာ အိပ်ပျော်သွား၏။

စုလင်းရှုံမှာ တိတ်တဆိတ် စိတ်လှုပ်ရှားနေ၏။ သို့ပေမယ့် သူမသည် ကျုရှင်ကျန့်နှင့် ချိုင်လင်းအာတို့ကို လေးနက်စွာကြည့်ကာ ပြောသည်။

"ဒီဗိုင်းဝိဉာဉ်ရဲ့ ဒဏ်ရာကို ကုသတာက လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ်ဘူး... အပြင်ပိုင်း အနှောင့်အယှက်တွေကို ရှောင်ရှားနိုင်ဖို့အတွက် သီးသန့်အခန်းတစ်ခုကို လိုအပ်တယ်... ရှင်တို့တွေ ဒီမှာပဲစောင့်နေကြ.."

"မိန်းကလေးစုကို ကျွန်တော် ယုံပါတယ်.."

ကျုရှင်ကျန့်က လေးနက်စွာဖြင့် ပြောသည်။

ချိုင်လင်းအာမှာ မည်သည်ကိုမှ မပြောပေ။ တစ်ဖက်လူတွင်သာ မကောင်းသည့် စိတ်ကူးတို့ ရှိပါက ခုနက ကြောက်စရာကောင်းသည့် ခွန်အားနှင့် သူမကိုအလွယ်တကူ ရှင်းလင်းနိုင်မှာ ဖြစ်သည်။

ယွဲ့အာက လူနာအိပ်ရာကို တွန်းသွားပြီးဖြစ်ကာ စုလင်းရှုံနှင့်အတူ အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။

李 望舒:

အပိုင် ၅၆၀ - ဒီဗိုင်းအစစ်အမှန်၊ ကျောင်လီ၏ပြိုလဲမှု

လီရွှမ်က လူနာကုတင်ကို အခန်းအတွင်းသို့ စိတ်လှုပ်ရှားစွာဖြင့် တွန်းသွားသည့် စုလင်းရှုံနှင့် ယွဲ့အာတို့ကိုကြည့်သည်။ သူမတို့သည် လူမမြင်သည့် ကိစ္စတစ်ခုတို့ကို ပြုလုပ်ရန် ပြင်ဆင်နေကြပုံ ပေါ်၏။

'ဒီကောင်မလေးတွေ... သူ့ရဲ့ ဒီဗိုင်းဝိဉာဉ်ကို ခွဲဖြာကြည့်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား..'

လီရွှမ်၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်ရောက်လာပြီး မနေနိုင်ဘဲ အသက်ကို ရှူသွင်းမိသည်။ ဒီကောင်မလေး စုလင်းရှူံသည် ဒန်ဆေးသိုင်းပညာ လမ်းကြောင်းတွင် ပိုမိုပိုမိုကာ နက်ရှိုင်းလာခဲ့ပြီး ဒီဗိုင်းဝိဉာဉ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ပင် စတင်ပြင်ဆင်နေလေပြီ။

'သူမ ဒီဗိုင်းဝိဉာဉ်ကို ခွဲဖြာပြီး အတူတူပြန်ပေါင်းလို့ မရမှာတော့ မဟုတ်ပါဘူးနော်..'

လီရွှမ်သည် မနေနိုင်ဘဲ မေးခွန်းတစ်ခု ပေါ်လာခဲ့၏။ အတွေးတစ်ချက်နှင့်အတူ သူ၏ မျက်လုံးထဲတွင် အခန်းအတွင်းရှိ မြင်ကွင်းများ ရှင်းလင်းစွာ ပေါ်လာခဲ့သည်။

စုလင်းရှုံသည် ဒန်ဆေးသိုင်းပညာအတွက် အထူးသုတေသနပြုလုပ်ထားသည့် ချိတ်တံဆိပ်တစ်ခုကို တည်ဆောက်လိုက်သည်။ ဤသည်မှာ စိတ်ဝိဉာဥ်ဆေးပင်များကို ချိတ်ပိတ်သည့် ချိတ်တံဆိပ်နှင့် တူညီ၏။ သို့ပေမယ့် ဝိဉာဉ်ချိတ်ပိတ်ခြင်း ချိတ်တံဆိပ် ဖြစ်သည်။

ထို့နောက် သူမသည် ကျောင်လီ၏ ဦးခေါင်းပေါ်သို့ ဆေးရည်တစ်စက်ကို ချလိုက်၏။

"အဆင်သင့်ဖြစ်ပြီ.."

စုလင်းရှုံ၏ မျက်နှာက လေးနက်သွားသည်။ ယွဲ့အာလည်း အနည်းငယ် စိုးရိမ်လာ၏။ အနည်းငယ်လည်း စိတ်လှုပ်ရှားနေသည်။ သူမက မေး၏။

"ဘာပြဿနာမှမရှိတာ သေချာပါတယ်နော်.."

"စိတ်မပူပါနဲ့... ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒန်ဆေးသိုင်းသမားတစ်ယောက်အတွက် ဒီဗိုင်းဝိဉာဉ်ကို နားလည်ဖို့နဲ့ ကုသနိုင်ဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့အရာပဲ.."

စူလင်းရှုံက ယုံကြည်ချက်ရှိစွာ ပြောသည်။

"ငါတို့သာ ဒီဗိုင်းဝိဉာဉ်ရဲ့ အရင်းအမြစ် လျှို့ဝှက်ချက်ကို ပြည့်ပြည့်စုံစုံ နားလည်မှုရလာမယ်ဆိုရင် ဒီဗိုင်းဝိဉာဥ်ရဲ့ အနှစ်သာရကို သိရှိလာပြီး ဒီဗိုင်းဝိဉာဉ်နဲ့ ပက်သက်တဲ့ ကျင့်စဉ်တွေကိုလည်း အများကြီးပိုပြီး တိုးတက်လာစေမှာ။ ဒါ့ကြောင့်မလို့ ငါ့ရဲ့စွမ်းအားလည်း လျှင်လျှင်မြန်မြန် တိုးတက်လာနိုင်လိမ့်မယ်.."

ယွဲ့အာ၏ မျက်နှာသည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ စုလင်းရှူံသည် သူမ၏ အစစ်အမှန်ယွမ်နှင့် ရွှေအပ်များကို ထိန်းချုပ်ကာ ကျောင်လီ၏ ဦးခေါင်းအတွင်းသို့ ထိုးစိုက်လိုက်သည်။ သက်ဆိုင်ရာ ပတ်လမ်းကြောင်းတစ်ခုကို စတင်ဖန်တီး၏။

ဖြေညှင်းစွာဖြင့် ဝိညာဉ်အခြေ၏ အပေါ်၌ လှိုင်းထန်သွား၏။ ၎င်းသည် ဦးခေါင်းအထက်သို့ ပေါ်လာပြီးနောက် လှိုင်းထမှုမှာ စတင်သိပ်သည်းလာခဲ့ပြီး အနည်းငယ် ပုံရိပ်ယောင်ဆန်သည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကန်ထဲရှိ ရေလှိုင်းများဖြင့် ဖွဲ့စည်းထားသည့်ပုံ ရှိ၏။

ဤသည်မှာ ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ် ဖြစ်သည်။ သို့ရာတွင် ဒီဗိုင်းဝိဉာဉ်မှာ အနည်းငယ် ထိခိုက်ထားသည့်ပုံ ပေါ်ပြီး စုတ်ပြတ်နေ၏။

ဒီဗိုင်းဝိဉာဉ်၏ ဗဟိုတွင် စိတ်ဝိဉာဥ် အငွေ့အသက်နှစ်ခုတို့ ရှိပြီး ၎င်းတို့သည် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ဟန် ရသည်။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဥ်များဖြစ်ကြပြီး ကျောင်လီက သန့်စင်ထားခြင်း ဖြစ်၏။

"ဒါဆို... ဒါက စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဒီဗိုင်းဝိဉာဉ်ပေါ့... အများကြီးပိုပြီး သိပ်သည်းတာပဲ.."

ယွဲ့အာက အသံပြုသည်။ သူမ၏ဦးခေါင်းမှ လူသားသဏ္ဍာန် လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ သူမ၏ ဒီဗိုင်းဝိဉာဉ် ဖြစ်သည်။ ကျောင်လီနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ပိုမိုပုံရိပ်ယောင်ဆန်ကာ သိပ်သည်းမှုမရှိပေ။

"ဒါက သူသန့်စင်ထားတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီပဲ... အဲ့ဒါ ပျောက်ကွယ်သွားလို့ မဖြစ်ဘူး။ အရင်ဆုံး ချိတ်ပိတ်ရမယ်.."

စုလင်းရှုံက ဂရုတစိုက်ဖြင့် ပြောသည်။ သူမသည် အစစ်အမှန်ယွမ်ကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ထိုးသွင်းကာ ချိတ်တံဆိပ်ကို အသုံးပြုပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသည်။

သူမ၏ အစစ်အမှန်ယွမ် ဝင်ရောက်သွားပြီးနောက် ဒီဗိုင်းဝိဉာဉ်ကို မည်သည့် ထိခိုက်စေမှုမှ မရှိခဲ့ပါ။ အဲ့ဒီ့အစား ပေါင်းစပ်သွား၏။ ဤသည်က ဒန်ဆေးသိုင်းသမား တစ်ယောက်၏ ထူးခြားသည့် စွမ်းရည်ကို ပြသနေသည်။

ထို့နောက် စုလင်းရှုံသည် ဒီဗိုင်းဝိဉာဉ်ကို စတင်သုတေသန ပြုလုပ်၏။ လျှို့ဝှက်ချက်များကို စူးစမ်းသည်။

ယွဲ့အာမှာ စိုးရိမ်မိသလို စိတ်လှုပ်ရှား၍လည်း နေ၏။ သူမသည် အာရုံစူးစိုက်စွာ ကြည့်နေပြီး ဒီဗိုင်းဝိဉာဉ်၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်ပြီး အသိပညာအချို့ကို ရရှိရန် ကြိုးစားသည်။

ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်သည် သိသာစွာ ထိခိုက်ထား၏။ ယခုအချိန်၌ ဒီဗိုင်းဝိဉာဉ်ကို ကုသရန်အတွက် စုလင်းရှုံ အသုံးပြုနေသည့် နည်းလမ်းသည် ဒန်ဆေးလုံးဖြင့် ကုသခြင်းမဟုတ်ဘဲ အပြင်ဘက် နည်းလမ်းများကို အသုံးပြုကာ ပြင်ဆင်နေခြင်း ဖြစ်၏။

အစစ်အမှန်ယွမ်က ချည်မျှဥ်များအဖြစ် ပြောင်းလဲသွားသည်။ သေးငယ်သည့် ဓားတစ်ခုအဖြစ်သို့လည်း ပြောင်းလဲလာခဲ့၏။

ဂရုတစိုက်ဖြင့် ထိခိုက်ထားသည့် ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်ကို ပြင်ဆင်သည်။ တစ်ချိန်တည်းတွင် ၎င်းသည် အစိတ်အပိုင်းအချို့ကို ညင်သာစွာ ပိုင်းခြားပြီး ဒီဗိုင်းဝိဉာဉ်၏ လျှို့ဝှက်ချက်တို့ကို စူးစမ်း၏။ ပြီးနောက် ပြန်လည် ပေါင်းစပ်သည်။

ယွဲ့အာမှာ အနီးကပ်ကြည့်ရှု့နေပြီး သူမ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားသည် ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်မှ ပြောင်းလဲမှုများကို တိတ်တဆိတ် ရှာဖွေကြည့်ရှု့နေသည်။

ပြီးခဲ့တုန်းက စုလင်းရှုံသည် သူမ၏ ဒီဗိုင်းဝိဉာဉ်ကိုလည်း လေ့လာခဲ့၏။ သို့ပေမယ့် သူမ၏ ဒီဗိုင်းဝိဉာဉ်မှာ ချိနဲ့လွန်းလှသောကြောင့် နက်နက်ရှိုင်းရှိုင်း ကြည့်ရှု့နိုင်ခြင်း မရှိပေ။ ယခုအချိန်၌ ကောင်းမွန်သည့် အခွင့်အရေးကောင်း ပေါ်လာပြီဖြစ်၏။

"ဒီဗိုင်းဝိဉာဉ်က အသိစိတ်နဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားတယ်... ဒီဗိုင်းဝိဉာဉ်ကို ဆုံးရှုံးတာက အသိစိတ်ကို ဆုံးရှုံးတာပဲ။ မှတ်ဉာဏ်တွေနဲ့ အခြားအရေးကြီးအရာတွေကိုရောပေါ့... ငါ့ရဲ့အစစ်အမှန်ယွမ်က ဒီဗိုင်းဝိဉာဉ်ကိုမထိခိုက်ဘူး။ အဲ့ဒီ့အစား ပြန်တောင် ကုသပေးနိုင်တယ်။ ဒါပေမယ့် ဒီဗိုင်းဝိဉာဉ်ကို အသုံးပြုရာမှာ ပျိုးထောင်နိုင်တဲ့ စိတ်ဝိဉာဥ်ကိရိယာတစ်ခုကို ဖန်တီးမယ်ဆိုရင် ဒီဗိုင်းဝိဉာဉ်ကို ထိခိုက်မှုကနေ ရှောင်ကြဉ်နိုင်မှာမလား.."

စုလင်းရှုံသည် ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်ကို ဂရုတစိုက်လေ့လာရင်းဖြင့် စဉ်းစား၏။

"အဲ့လိုမျိုး စိတ်ဝိဉာဥ်ကိရိယာ တစ်ခုကို ဖန်တီးတာကအရမ်းခက်ခဲမှာ... ကုန်ကြမ်းတွေကလည်း ရှာဖွေဖို့ခက်လိမ့်မယ်.."

ယွဲ့အာက ခဏတာစဉ်းစားပြီးနောက် ဖြေကြားသည်။

စုလင်းရှုံ၏ ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်အပေါ် စူးစမ်းရှာဖွေမှုသည် ပိုမိုကာ နက်ရှိုင်းလာခဲ့၏။ သူမသည် မှတ်ဉာဏ်များကိုပင် နှိုးဆွခဲ့သည်။ ဤသည်မှာ လိင်ယွင်တောင်စံအိမ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးဖြစ်၏။

ဒီအချိန်၌ စုလင်းရှုံသည် နားလည်မှုအချို့ ရလာခဲ့သည်။ သူမ၏စိတ်ထဲ၌ လျှို့ဝှက်အတတ်တစ်ခု ထွက်ပေါ်လာခဲ့၏။ လူတစ်ယောက်၏ မှတ်ဉာဏ်များအား စူးစမ်းရှာဖွေနိုင်သည့် အတတ်ဖြစ်သည်။

လီရွှမ်မှာ တိတ်တဆိတ် စူးစမ်းနေရင်းက စုလင်းရှုံ၏ သိလိုစိတ်နှင့် သုတေသနပြုရန် စိတ်အားထက်သန်မှုအပေါ် မနေနိုင်ဘဲ သက်ပြင်းချမိသည်။ အလောင်းများကို ခွဲစိတ်ခြင်းမှ စတင်ကာ ယခုအချိန်၌ ဒီဗိုင်းဝိဉာဉ်ကိုပင် ခွဲစိတ်ကာ သုတေသနပြုနေပြီ ဖြစ်၏။

'တကယ်ကို အရည်အသွေးပြည့်မှီတဲ့ ဒန်ဆေးသိုင်းသမားတစ်ယောက်ပဲ... သူမက ဒီလမ်းစဉ်မှာ နောက်ထပ်ခြေတစ်လှမ်းကို တက်လှမ်းနိုင်တော့မယ်..'

လီရွှမ်မှာ မျှော်လင့်စွာဖြင့် စဉ်းစားမိ၏။

"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဝိဉာဉ်၏ လျှို့ဝှက်ချက်တို့ကို စူးစမ်းရှာဖွေခဲ့ပြီး မှတ်ဉာဏ်ရှာဖွေခြင်းအတတ်နှင့် ပတ်သတ်ကာ အခြေခံနားလည်မှု ရလာခဲ့သည်။ သင်သည် ဝိဉာဉ်ရှာဖွေခြင်းအတတ်ကို ရရှိသည်.."

ဝိဉာဉ်အခြေ၏ အပေါ်တွင် တာအိုရွှေစာအုပ်က ပွင့်လာခဲ့ပြီး ရွှေရောင်အလင်းတို့ မြင့်တက်လာခဲ့၏။

"ဝိဉာဉ်ရှာဖွေခြင်းအတတ်.."

"အသေအချာပဲ... ငါ အကျိုးအမြတ်ရလာခဲ့ပြီ... အခုအချိန်မှာ ဝိဉာဉ်ရှာဖွေခြင်းအတတ်ကို တတ်မြောက်ခဲ့ပြီ။ ရန်သူရဲ့ဝိဉာဉ်ကို တစ်ခါတည်းရှာဖွေပြီး လျှို့ဝှက်ချက်တွေကို အလွယ်တကူ ထုတ်ယူနိုင်တယ်.. ရိုးရှင်းပြီးတော့ ကြမ်းတမ်းတယ်.."

လီရွှမ်မှာ ဝမ်းသာသွား၏။ သူသည် စုလင်ရှုံ၏ ဒီဗိုင်းဝိဉာဉ်အား လေ့လာမှုအပေါ် တိတ်ဆိတ်စွာ ဆက်လက်ကြည့်ရှု့၏။

သူမအနေနှင့် မှတ်ဉာဏ်တို့ကို မည်ကဲ့သို့ ရှာဖွေရန်အခြေခံနားလည်မှုအား ဖမ်းဆုပ်နိုင်ပြီး ဖြစ်လျှင်တောင် စုလင်းရှုံသည် ကျောင်လီ၏ မှတ်ဉာဏ်များနှင့် ပတ်သက်ပြီး ဆက်လက်ရှာဖွေမှု မပြုပါ။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက် ဖြစ်၏။ ကျောင်လီမှာ လူနာတစ်ယောက်သာ ဖြစ်သည်။ ရန်သူ မဟုတ်ပေ။

သူမသည် ဆရာဝန်များ၏ နိယာမကို လက်ကိုင်ထားပြီး ကျွမ်းကျင်သူတစ်ယောက်၏ ကျင့်ဝတ်တို့ကို အမြဲတမ်းထိန်းသိမ်းသည်။

"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဝိဉာဉ်၏ နက်နဲသည့် လျှို့ဝှက်ချက်တို့ကို လေ့လာကာ ဒီဗိုင်းဝိဉာဉ်၏ အရင်းအမြစ်ကို ရှာဖွေစူးစမ်းခဲ့သည်။ သင်သည် ဒီဗိုင်းဝိဉာဉ်အပေါ် နားလည်မှု ရလာခဲ့သည်"

တာအိုရွှေစာအုပ်က ပွင့်လာပြီး တန်ပြန်အကျိုးပြုမှုမှာ ထပ်မံရောက်ရှိလာ၏။ ဒီဗိုင်းဝိဉာဥ်အား စစ်မှန်စွာ နားလည်ခြင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းရှိ ဒီဗိုင်းနှင့်ပတ်သက်သည့် သက်ရှိအားလုံး၏ လျှို့ဝှက်ချက်နှင့် အရင်းအမြစ်တို့ကို နားလည်ခြင်းဖြစ်၏။

ဒီဗိုင်းဝိဉာဉ်၊ မူလစိတ်ဝိဉာဥ် အစရှိသဖြင့် ပါဝင်သည်။ ဒီဗိုင်းအပေါ် စစ်မှန်သည့် နားလည်သဘောပေါက်မှု ရရှိလာပြီးနောက် လီရွှမ်သည် ဒီဗိုင်းဝိဉာဉ်၏ အရင်းအမြစ်ကို ချက်ချင်းပင် နားလည်သဘောပေါက်လာခဲ့ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး အကြားရှိ သက်ရှိများ၏ အသိစိတ်ကိုလည်း ပြည့်စုံစွာ နားလည်မှုရလာခဲ့သည်။

အပိုင်း ၅၆၁ - ဒီဗိုင်းအစစ်အမှန်၊ ကျောင်လီ၏ ပြိုလဲမှု(၂)

"ငါအရာအားလုံးကို နားလည်မှုရသွားပြီ.."

လီရွှမ်က သက်ပြင်းချသည်။

ဒီဗိုင်းအစစ်အမှန် ဖြေရှင်းချက်နှင့် သူသည် မူလစိတ်ဝိဉာဉ်အတွက် လျှို့ဝှက်အတတ်များနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားများကို အလွယ်တကူ ဖန်တီးနိုင်ပြီ ဖြစ်၏။

ထို့အပြင် အသိဉာဏ်နိမ့်ပါးသည့် သားရဲများ၏ စိတ်ဝိဉာဉ် အသိဉာဏ်ကိုလည်း အထူးနည်းလမ်းတစ်ခုဖြင့် မြှင့်တင်နိုင်သည်။ သူတို့၏ ဒီဗိုင်းဝိဉာဉ်ကို ပြည့်စုံစေပြီး စိတ်ဝိဉာဉ်အသိဉာဏ်အား ပိုင်ဆိုင်လာစေမှာ ဖြစ်၏။ ဤသည်ကလီရွှမ်ကို အလွန်နက်ရှိုင်းသည့် နယ်ပယ်တစ်ခုသို့ ထိတွေ့စေခဲ့သည်။

'အခုဆိုရင် ငါ့မှာ ဒီဗိုင်းဝိဉာဉ်ကို ဘယ်လိုအားဖြည့်ရမယ်၊ ဘယ်လို အားနည်းအောင် လုပ်ရမယ်နဲ့ ဘယ်လိုပိုပြီး ကြံ့ခိုင်အောင် ပြောင်းလဲရမယ်ဆိုတာ ဉာဏ်အလင်းရလာခဲ့ပြီ..'

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်သည်။ သူမသည် ဒီဗိုင်းဝိဉာဉ်၏ လျှို့ဝှက်ချက်တို့ကို ထိတွေ့နိုင်ရန် အလှမ်းကွာသေးပေမယ့် အကျိုးအမြတ်များ မရှိသည် မဟုတ်ပါ။

"ငါလည်း နားလည်သဘောပေါက်မှုအချို့ ရခဲ့တယ်.."

ယွဲ့အာကလည်း စိတ်လှုပ်ရှားစွာ ပြော၏။ သူမသည်နောက်ဆုံးတွင် အသန်မာဆုံးပုဂ္ဂိုလ်များ၏ ဒီဗိုင်းဝိဉာဉ်မှာ မည်ကဲ့သို့ဖြစ်သည်ကို နားလည်လာခဲ့၏။

"ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီက ဘာလို့ပြန့်ကျဲနေတာလဲ.."

စုလင်းရှုံသည် ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်အား ပြင်ဆင်ပြီးနောက် ဒီဗိုင်းဝိဉာဉ်၏ အနက်ပိုင်းရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီနှစ်မျှင်တို့ကို ကြည့်ကာ အနည်းငယ် ပဟေဠိဖြစ်သွားသည်။

"ယွဲ့အာလည်း နားမလည်ဘူး.."

ယွဲ့အာက ခေါင်းကိုရမ်း၏။ သူမအဘိုး၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီမှာ ဆရာကြီးက ပေးထားခြင်း ဖြစ်သည်။ ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်ပြီးနောက် ၎င်းသည် ကျောင်လီ၏ လင်းကျီနှစ်မျိုးထက် များစွာ ပိုမိုစွမ်းအားကြီး၏။

ကျောင်လီတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအပိုင်းအစ နှစ်ခု ရှိလင့်ကစား.. ယွဲ့ချန်မင်ထက် ပိုမိုများပြားနေလင့်ကစား ခွန်အားနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား အသုံးပြုမှုအရာတွင် ယွဲ့ချန်မင်ထက် များစွာ နောက်ကျကျန်ခဲ့သည်။

"ဘာလို့လဲဆိုတော့... သူက ဒဏ်ရာရထားလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီက နှစ်ခုကွဲသွားတာ ဖြစ်မယ်.."

စုလင်းရှုံသည် လင်းနယ်မြေ၏ သိုင်းသမားများကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်သည့် သက်ဆိုင်ရာ အခြေအနေတို့အား နားလည်ခြင်း မရှိပါ။ သူမ၏ သိုင်းပညာအပေါ် အသိအမြင်တို့အရ လင်းကျီကို ဆက်လက်သန့်စင်နေပါက ဆက်တိုက်ကြီးထွားနိုင်၏။ နှစ်ပိုင်းကွဲသွားမည် မဟုတ်ပေ။

ထို့ကြောင့် ကျောင်လီ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအပိုင်းအစ နှစ်ခုတို့မှာ ဒဏ်ရာကြောင့် ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်သည်ဟု အလိုလို တွေးမိသွားသည်။

"သူ့ရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကိုလည်း ပေါင်းပေးလိုက်မယ်... ဒီဗိုင်းဝိဉာဉ်ကို လေ့လာခွင့်ပြုတဲ့အတွက် ပြန်ပေးတယ်လို့ သတ်မှတ်တာပေါ့.."

စုလင်းရှုံသည် ထိုကဲ့သို့ တွေးမိပြီးနောက် သူမ၏ အစစ်အမှန်ယွမ်က ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ဝင်ရောက်သွားသည်။ ချိတ်တံဆိတ်ပညာကို အသုံးပြုကာ ဒန်ဆေးလုံးများ၏ အကူအညီနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီနှစ်မျှင်တို့ကို ဖြေညှင်းစွာပေါင်းစပ်၏။

ထိုနှစ်ခု ပေါင်းစပ်သွားသည်နှင့်အမျှ ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်မှာ အနည်းငယ် တုန်ခါလာခဲ့သည်။ လျှပ်တပြက်အတွင်း လင်းကျီ၏ စိတ်ဝိဉာဉ်အငွေ့အသက်တို့ ကြီးစွာ တိုးမြင့်လာခဲ့၏။

ထိုပုံကိုတွေ့ရပြီးနောက် လီရွှမ်က သက်ပြင်းချသည်။ ကျောင်လီသည် သူ၏ ဒီဗိုင်းဝိဉာဉ်အား စုလင်းရှုံအတွက် သုတေသနပြုလုပ်ခွင့် ပေးခဲ့သည့်အတွက် ကြီးမားသည့် အကျိုးအမြတ်တစ်ခုကို ပြန်လည်ရရှိခဲ့၏။

သူသည် စိတ်ဝိဉာဉ်နယ်မြေမှ သိုင်းသမားများ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ရာတွင် အဘယ်ကြောင့် အစိတ်အပိုင်းများ ကွဲပြားနေပြီး တစ်ခုတည်း စုစည်းနေခြင်း မရှိကြောင်းကို နားလည်လိုက်သည်။

ဤသည်မှာ သူတို့၏ သန့်စင်ခြင်းအတတ်ကြောင့် ကန့်သတ်မှု ခံထားရခြင်းဖြစ်ပြီး ဒီဗိုင်းဝိဉာဉ်အတွင်း၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ပေါင်းစပ်ရန် နည်းပညာတို့ လစ်ဟင်းနေပါသည်။

ထို့အပြင် သူတို့၏ ဒီဗိုင်းဝိဉာဉ်အပေါ် ထိန်းချုပ်နိုင်မှုမှာလည်း အနည်းငယ် အကြမ်းထည်နိုင်၏။ သူတို့အနေနှင့် သန့်စင်ပြီးနောက် တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခြင်းမရှိရာ ဆက်လက်ဘသန်မာလာရန်အတွက် အရေအတွက်နှင့်သာ ဖြည့်တင်းရပေသည်။

သို့ရာတွင် သန့်စင်နိုင်သည့် အရေအတွက်မှာ အကန့်အသတ်မရှိသည် မဟုတ်ပေ။ ဤသည်မှာ ဒီဗိုင်းဝိဉာဉ်၏ ခွန်အားနှင့် သက်ဆိုင်နေ၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအပိုင်းအစ ၉ခုတို့ကို သန့်စင်ခြင်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီးဖြစ်သည်။

ထိုပြန့်ကြဲနေသည့် လင်းကျီများသည် ပေါင်းစည်းနေသည့် လင်းကျီလောက် စွမ်းအားကြီးမားခြင်း မရှိပါ။ ထို့ကြောင့် ကျောင်လီ၏ ဒီတစ်ကြိမ် ပေါင်းစည်းမှုသည် ကြီးမားသည့် အကျိုးကျေးဇူးတို့ ရရှိခဲ့သည်ဟု ဆိုနိုင်၏။

'ဒီကောင်မလေးက တော်တော်လေး အတွေ့အကြုံ နည်းသေးတာပဲ... ပြဿနာ ပေါ်လာတာကိုတောင်မှ သတိမထားမိဘူး..'

လီရွှမ်က ခေါင်းကိုရမ်းသည်။ သို့ပေမယ့် စုလင်းရှုံကို သတိပေးခြင်း မရှိပါ။ ဤသည်မှာ ပြဿနာသေးလေးသာ ဖြစ်၏။ ကျောင်လီအနေနှင့် နိုးထသည်နှင့် သိရှိနိုင်မှာ ဖြစ်သည်။

ထိုအချိန်၌ စုလင်းရှုံကိုယ်တိုင် ပြန်လည်ပြင်ဆင်ပြီး သူမ၏ ဒီဗိုင်းဝိဉာဉ်အပေါ် နားလည်သဘောပေါက်မှုနှင့် ဗဟုသုတတို့အား တိုးမြှင့်နိုင်မည် ဖြစ်သည်။

စုလင်းရှုံသည် ကျောင်လီ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ပေါင်းစပ်ပေးပြီးနောက် ဒန်ဆေးလုံးတစ်လုံးကို ထုတ်ကာ ဒီဗိုင်းဝိဉာဉ်အား အားဖြည့်သည်။ ထိုဆေးလုံးကို ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်အတွင်းသို့ တစ်ခါတည်း ပေါင်းစပ်ပေးလိုက်ခြင်း ဖြစ်၏။

ကုသမှုမှာ ဒီနေရာတွင် အဆုံးသတ်သွားခဲ့သည်။

အလွန် ပြည့်စုံလှ၏။ ထို့နောက် စုလင်းရှုံသည် ကျောင်လီ၏ ဒီဗိုင်းဝိဉာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်စေပြီး ချိတ်တံဆိပ်ကို ဖယ်ရှားလိုက်၏။

ခြံဝန်းအတွင်းတွင် ကျုရှင်ကျန့်မှာ ကုသမှုရလဒ်အတွက် စိုးရိမ်တကြီး စောင့်စားနေပါသည်။ ချိုင်လင်းအာမှာ အနည်းငယ် အလောတလျင် နိုင်နေ၏။

ရံဖန်ရံခါ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လီရွှမ်ကို လှည့်လှည့် ကြည့်သည်။ သူမသည် ထွက်ခွာလိုနေ၏။ သို့ပေမယ့် ပါးစပ်ဟရဲခြင်းပင် မရှိပေ။ ထို့ကြောင့် ကျောင်လီ၏ ကုသမှုရလဒ်ကိုသာ စောင့်စားပြီး အခြေနေကိုသာ ကြည့်နိုင်တော့သည်။

နောက်ဆုံးတွင် ယွဲ့အာက အခန်းအတွင်းမှ လူနာကုတင်ကို ပြန်လည်တွန်းလာခဲ့၏။ စုလင်းရှုံက တောက်ပသည့်အပြုံးတစ်ခုဖြင့် ပြောသည်။

"ပြီးပြီ... ကုသတာ အောင်မြင်ပြီ။ အခု သူ့ကိုနှိုးလိုက်တော့မယ်.."

"ပြီးသွားပြီလား.."

ကျုရှင်ကျန့်မှာ အနည်းငယ် အံ့ဩသွားသည်။ ပြီးနောက် မေး၏။

"မိန်းကလေးစု... သူ့ရဲ့ ဒီဗိုင်းဝိဉာဉ်ဒဏ်ရာ ကုသပြီးပြီလို့ ပြောတာလား မသိဘူး.."

"ဟုတ်တယ်.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။

ကျုရှင်ကျန့်နှင့် ချိုင်လင်းအာတို့မှာ အလွန်အံ့ဩသွားကြ၏။ ဒီဗိုင်းဝိဉာဉ်ဒဏ်ရာကို ယခုမျှတိုတောင်းသည့် အချိန်တိုအတွင်းတွင် ကုသနိုင်သည်လား။

စုလင်းရှုံက သူမ၏ လက်ချောင်းများအကြားတွင် ရွှေအပ်တစ်ချောင်းကိုကိုင်ကာ ကျောင်လီ၏ဦးခေါင်းကို စိုက်လိုက်သည်။ ရွှေအပ်မှာ အကြိမ်အနည်းငယ် လှုပ်ခါနေပြီးနောက် ကျောင်လီသည် သတိလစ်ရာမှ နိုးထလာခဲ့၏။

"ထပြီးတော့ကြည့်ကြည့်... ရှင့်ရဲ့ဒဏ်ရာတွေ အားလုံးနီးပါး ပျောက်ကင်းနေပြီ။ ရက်အနည်းငယ် အနားယူပြီးရင် အထွတ်အထိပ်အခြေအနေကို ပြန်ရောက်နိုင်လိမ့်မယ်.."

စုလင်းရှုံက ခေါင်းငြိမ့်ရင်းက ပြော၏။

ကျောင်လီက မျက်လုံးများကို ဖွင့်သည်။ အစပိုင်းတွင် သူသည် ကြောင်တောင်နေ၏။ ပြီးနောက် ချက်ချင်းပင် အံ့ဩသွားသည်။

"ငါ့ရဲ့ ဒီဗိုင်းဝိဉာဉ်က ပြန်ကောင်းသွားပြီလား.."

မူလက ထိခိုက်ထားသည့် ဒီဗိုင်းဝိဉာဉ်သည် ပြီးပြည့်စုံစွာ ပြန်ကောင်းနေပြီး ဖြစ်၏။ အနည်းငယ် အားနည်းပုံပေါ်ပေမယ့် ရက်အနည်းငယ် အနားယူလိုက်ပါက အထွတ်ထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်သည်။

သူ့ကို ပိုမိုအံ့သြစေသည်မှာ သူ၏ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီသည် မူလက နှစ်မျှင်ရှိနေရာမှ တစ်မျှင်တည်းအဖြစ် ပေါင်းစည်းသွားခဲ့၏။ သို့ရာတွင် ၎င်းသည် အားနည်းသွားခြင်းမရှိဘဲ ပိုမိုကာပင် သန်မာလာခဲ့လေသည်။

"ကောင်း... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ နှစ်မျှင်က ပေါင်းစပ်သွားတာလား.."

ကျောင်လီမှာ အလွန် အံ့ဩသွားသည်။

"ရှင့်ရဲ့ ဒီဗိုင်းဝိဉာဉ်က ပြန်ကောင်းသွားတာလား.."

ချိုင်လင်းအာမှာ မှင်သက်နေ၏။ ကျုရှင်ကျန့်လည်း မှင်သက်သွားသည်။ သို့ပေမယ့် မကြာခင် သူသည် စိတ်လှုပ်ရှားလာခဲ့၏။ ကိုယ့်ကိုယ်ကိုယ် ကြီးစွာသော အောင်မြင်မှုတစ်ခုအား စွမ်းဆောင်ခဲ့သည်ဟု ခံစားရသည်။

ထို့အပြင် ဒီနတ်ဆေးဆရာမလေး၏ အကူအညီသာ ရှိပါက သေဆုံးခြင်းမရှိလျှင် ဒဏ်ရာအပြင်းအထန် ရရှိမှာကို စိုးရိမ်စရာ မလိုတော့ပေ။ အားလုံးတို့ကို ပြန်လည်ကုသနိုင်၏။

"ဟုတ်တယ်... ပြန်ကောင်းသွားပြီ.."

ကျောင်လီသည် အလွန်စိတ်လှုပ်ရှား ဝမ်းသာနေ၏။ သူကအိပ်ရာပေါ်မှထကာ စုလင်းရှုံကို ကျေးဇူးတင်မှု ပြုတော့မှာဖြစ်သည်။ သို့ရာတွင် လေထဲသို့ သူ၏ လက်နှစ်ချောင်းမှာ မြောက်တက်သွားခဲ့၏။

"ဘာဖြစ်တာလဲ... ငါ့ရဲ့လက်တွေက ဘာလို့မြောက်သွားတာလဲ.."

ကျောင်လီတစ်ယောက် မှင်သက်သွားသည်။ သူသည် ဖင်ထိုင်ရန် ကြိုးစားလိုက်၏။ သို့ပေမယ့် သူ၏ ခြေထောက်နှစ်ဖက်မှာ ဦးခေါင်းပေါ်သို့ ဝဲတက်သွားသည်။

ကျောင်လီ "..."

တစ်ခုခု မှားယွင်းနေပါပြီ။

ကျောင်လီ၏ ထူးဆန်းသည့် အပြုအမူတို့ကိုကြည့်ကာ စုလင်းရှုံနှင့် ယွဲ့အာတို့မှာ အနည်းငယ် ကြောင်တောင်သွားကြ၏။

ကျုရှင်ကျန့်နှင့် ချိုင်လင်းအာတို့အတွက်လည်း တူညီစွာဖြစ်သည်။ သူသည် အဘယ်ကြောင့် ခြေထောက်များကို ဦးခေါင်းပေါ်သို့ လွှဲရမ်းနေရသနည်း။

ကျောင်လီမှာ ရုတ်တရက် ထိတ်ပြာသွား၏။ သူသည် ခြေထောက်များကို အောက်သို့ချရန် ကြိုးစားသည်။ သို့ပေမယ့် အပေါ်ပိုင်းခန္ဓာသာ ဆန့်သွားပြီး ဦးခေါင်းမှာ ခြေထောက်နှစ်ချောင်းအကြားမှ ထွက်လာခဲ့၏။

ကျောင်လီ "..."

စုလင်းရှုံ၊ ယွဲ့အာ "..."

ကျု့ရှင်ကျန့်၊ ချိုင်လင်းအာ "..."

"ဆရာဦးလေး... ဘာလုပ်တာလဲ... ဒဏ်ရာ‌တွေ ဘယ်လောက်အထိ ပြန်ကောင်းသွားပြီလဲ ဆိုတာကို စမ်းသပ်ကြည့်တာလား.."

ကျုရှင်ကျန့်က တုံ့ဆိုင်းနေရင်းက မေး၏။ သူသည်သူ၏ဆရာဦးလေးနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသည်။

"ငါ..."

ကျောင်လီမှာ နားမလည်နိုင်အောင် ဖြစ်နေ၏။ သူသည်ခေါင်းကိုလှည့်ကာ ချိုင်လင်းအာအား ကြည့်လိုက်သည်။

သို့ပေမယ့် သူ၏ခေါင်းသည် ဆန့်ကျင်ဘက် လားရာဆီသို့ လှည့်သွားခဲ့၏။ ထိုအချိန်၌ ကြီးမားသည့် ပြဿနာတစ်ခုအား နားလည်လိုက်သည်။ သူ၏ အသိစိတ်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ပြောင်းပြန် ဖြစ်နေ၏။

ဥပမာအားဖြင့် ခြေထောက်ကိုမြှောက်ရန် ရည်ရွယ်လိုက်ပေမယ့် လက်များသာ မြောက်တက်လာလေသည်။

နက်ရှိုင်းစွာ ချင့်ချိန်သုံးသပ်မှုတို့ ပြုလုပ်ပြီးမှသာလျှင် ကျောင်လီသည် နောက်ဆုံး၌ အိပ်ရာပေါ်၌ မူလလဲလျောင်းနေသည့် အသွင်အပြင်သို့ ပြန်လည်ပြုလုပ်နိုင်၏။

သူသည် ဘယ်ဘက်ခြေထောက်ကို မြှောက်ရန် ကြိုးစားကြည့်သည်။ သို့ပေမယ့် ဘယ်ဘက်လက်မှာ မြောက်တတ်လာခဲ့၏။ ပြီးနောက် ဘယ်ဘက်လက်ကိုမြှောက်ရန် ကြိုးစားကြည့်လိုက်သည်။ ဘယ်ဘက်ခြေထောက်မှာ မြောက်တက်လာခဲ့၏။

သူ၏မျက်နှာမှာ မျှော်လင့်ချက်မဲ့စွာဖြင့် အားပျက်သွားခဲ့သည်။ ဒီဗိုင်းဝိဉာဉ်မှာ ပြန်လည် ကောင်းမွန်လာခဲ့ပေမယ့် ပိုမိုကြီးမားသည့် ပြဿနာတစ်ခု ပေါ်လာခဲ့ပုံ ပေါ်၏။

"ဆရာဦးလေး... တစ်ခုခု ပြဿနာရှိလို့လား.."

ကျုရှင်ကျန့်က ကျောင်လီ၏ ဘယ်လက်နှင့် ခြေထောက်တို့ကို တစ်လှည့်စီ မြောက်နေမှုအား ကြည့်ကာ ချွေးစေးများကို သုတ်သည်။ သတိနှင့်မေး၏။

"ပြဿနာအကြီးကြီး ရှိတယ်.."

ကျောင်လီက စိတ်ဓာတ်ကျစွာဖြင့် ပြောသည်။

"ငါ့ရဲ့လက်ကို မြှောက်ဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ ခြေထောက်က မြောက်တက်လာတယ်။ ပြီးတော့ ခြေထောက်ကိုမြှောက်ဖို့ ကြိုးစားတဲ့အချိန်မှာ လက်က မြောက်တက်လာတယ်..."

ကျုရှင်ကျန့်၊ ချိုင်လင်းအာ "..."

ခဏတာအတွင်း သူတို့နှစ်ယောက်သည် ကျောင်လီ၏ ဆိုလိုရင်းကို နားမလည်ဘဲ ဖြစ်သွားကြ၏။ လက်ကိုမြောက်ပါက ခြေထောက်မြောက်တတ်လာသည် ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဖြစ်နိုင်သည်မှာ ခြေထောက်နှင့် လက်တို့သည် တူညီသည်လား။

စုလင်းရှုံမှာ ပြဿနာကို ရုတ်တရက် နားလည်သွားပြီး ဒန်ဆေးလုံးတစ်လုံးကို ထုတ်သည်။ နေရခက်သည့်အသွင်ဖြင့် ကျောင်လီ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။

"ပြဿနာသေးလေးပါ... ထပ်ပြီးတော့ ပြန်ကုပေးမယ်.."

ယွဲ့အာက မြန်ဆန်စွာဖြင့် လူနာအိပ်ရာကို အခန်းအတွင်းသို့ တွန်းသွားသည်။ ကျုရှင်ကျန့်နှင့် ချိုင်လင်းအာတို့မှာ ချွေးစေးများ စီးကျလာရင်းက ကျန်ရစ်ခဲ့၏။ ခုနက ဆေးပညာမှားယွင်းမှုတစ်ခု ဖြစ်ပွားခဲ့သည်လား။

၁၅မိနစ်လောက်ကြာပြီးနောက် ယွဲ့အာက လူနာအိပ်ရာကို ပြန်လည်တွန်းထုတ်လာခဲ့သည်။

"အခု ပြဿနာမရှိတော့ဘူး.."

စုလင်းရှုံက ယုံကြည်ချက်ရှိစွာဖြင့် ပြောသည်။ သူမသည် ကျောင်လီကို နှိုးလိုက်၏။

"ထိုင်ကြည့်... ဒီတစ်ကြိမ် လုံးဝကုသပြီးပြီ.."

"တကယ်လား.."

ကျောင်လီမှာ အလွန်စိတ်လှုပ်ရှားသွားပြီး အိပ်ရာပေါ်၌ ထထိုင်၏။ လက်နှင့်ခြေထောက်များကို လှုပ်ရှားကြည့်သည်။ ခါးတို့ကို ဆန့်ကြည့်သည်။

ပြီးနောက် စိတ်သက်သာရာ ရသွား၏။ ယခုအချိန်၌ သူသည် လုံးဝပြန်လည်ကောင်းမွန်သွားပြီ ဖြစ်၏။ လက်ကိုမြှောက်လိုပါက ခြေထောက်တို့ မြောက်တက်လာသည့် ပြဿနာမျိုး မရှိတော့ပေ။

"ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးစု... ကျွန်တော်ကျောင်လီ မင်းဆီမှာ အကြွေးကြီးကြီးမားမား တင်သွားပြီ။ လိုအပ်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်.."

ကျောင်လီက စိတ်အားထက်သန်စွာပြောကာ လေးစားစွာ ဦးညွှတ်သည်။

All Chapters