← Chapters

အခန်း (၅၆၉-၅၇၀)

Vol. 38 Ch. 569-570

အခန်း (၅၆၉-၅၇၀)

Vol. 38 Ch. 569-570

အပိုင်း ၅၆၉ - တောင်နှင့်မြစ် ဒီဗိုင်းခန္ဓာ၊ အသက်ဓာက်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒ(၂)

ချန်းဝူဒေသရှိ သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝတွင် သိုင်းသမားများစွာတို့ လှည့်လည်နေကြ၏။ သူတို့သည် ရွှီယန်၏ ပြန်လာမှုအား စောင့်စားနေကြခြင်း ဖြစ်သည်။

အားလုံးတို့သည် သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်များ အတင်းဖိအားပေးခံရကာ ထွက်လာရမည့်အဖြစ်ကို တွေ့မြင်လိုနေ၏။

ဝူထန်းနန်မှာလည်း ချန်းဝူဒေသမှ ထွက်ခွာသွားရမည်လား။ သို့မဟုတ် ရွှီယန်၏ ပေါ်လာမှုအား စောင့်စားနေရမည်လားဟု စဉ်းစားနေ၏။

ဘာပဲဖြစ်ဖြစ် သူ၏ ကိုယ်တိုင် ကိုယ်ထင်ပြမှုသာ မရှိပါက သိုင်းတစ်ထောင်ခန်းမရှိ ကောက်ကျစ်သည့် လူများသည် ကိုယ်တိုင်ပါဝင်မှုပြုပြီး အားနည်းသူကို သူတို့၏ခွန်အားဖြင့် အနိုင်ကျင့်ကြမှာ ဖြစ်သည်။

သို့ပေမယ့် သူသည် ရွှီယန်၏ဆရာဖြစ်သူအား အမှန်တကယ်ကို တွေ့လိုနေ၏။ တစ်ဖက်လူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ကျော်လွန်နေသည့် တည်ရှိမှုတစ်ခုလေလား။ ဤသည်မှာ သူ့အနေနှင့် အိပ်မက်တောင်မမက်ရဲသည့် စွမ်းအားဖြစ်သည်။

'ရွှီယန်ပြောတာသာ မှန်ရင် ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုရဲ့ တပည့်တစ်ယောက်က သိုင်းတစ်ထောင်ခန်းမရဲ့ အန္တရာယ်ပြုမှုကို ခံရမှာလား... ငါသူ့ကိုစိုးရိမ်စရာ မလိုလောက်ပါဘူး..'

စဉ်းစားမှုများစွာ ပြုလုပ်ပြီးနောက် ဝူထန်းနန်သည် သူ၏ သိလိုစိတ်တို့ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ထွက်ခွာသွားသည်။ သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနချုပ်သို့ ဦးတည်ခဲ့၏။

ပြီးနောက် ယွီကျိုး မဟာမိတ်အဖွဲ့ခွဲ ခေါင်းဆောင်၏ တည်နေရာကို မေးစမ်းကာ ရွှီယန်၏ ဆရာဆီသို့ သွားရောက်လည်ပတ်ခွင့် ရှိနိုင်မည်လားဟု ကိုယ်တိုင်မေးမြန်းမည် ဖြစ်၏။

သိုင်းတစ်ထောင်ခန်းမ အတွင်းတွင် ပါရမီရှင်သိုင်းသမားဆယ်ယောက်ကျော်တို့သည် တင်ပျဉ်ခွေ ထိုင်နေကြ၏။ သူတို့အားလုံးသည် ချန်းဝူဒေသရှိ စိတ်ဝိဉာဉ်ဂိုဏ်းကြီးများမှ ပါရမီရှင်များ ဖြစ်ကြပြီး အားအနည်းဆုံးမှာ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ကြသည်။

အစွမ်းထက်ဆုံးဆိုလျှင် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်အထိ ရောက်၏။ သူတို့၏ ကျင့်ကြံမှုအဆင့်သည် ခိုင်မာပုံ မပေါ်ပေမယ့် စွမ်းအားမှာတော့ သိသာစွာ မြင့်တက်လာခဲ့၏။ ဤသည်ကို သိုင်းတစ်ထောင်ခန်းမက ရွှီယန်အား စိန်ခေါ်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

"ဒီကိုယ့်ကိုယ်ကိုယ် စတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒက မင်းတို့ရဲ့ဒီဗိုင်းဝိဉာဉ်၊ အသက်ဓာတ်နဲ့ ပိုင်ဆိုင်သမျှအရာအားလုံးကို ပေါင်းစပ်ထားတယ်။ အဲ့ဒါက စစ်မှန်တဲ့သတ်ဖြတ်ခြင်း နည်းလမ်းဖြစ်တယ်။ သိုင်းတစ်ထောင်ခန်းမရဲ့ လက်ရွေးစင်တွေအတွက် မရှိမဖြစ် သိုင်းပညာတစ်ခုလည်း ဖြစ်တယ်.."

"ဒါက နှစ်ဦးနှစ်ဖက် ပျက်စီးရတဲ့ အတတ်မျိုးပဲ။ အဲ့ဒါကြောင့်မို့လို့ အသုံးပြုပြီးတာနဲ့ မင်းတို့တွေ အချိန်အကြာကြီး နေရတော့မှာမဟုတ်ဘူး.."

"ဒါပေမယ့် ရန်သူရဲ့ တစ်ဖက်သက် အနိုင်ယူတာကို ခံရနေတဲ့အချိန်မှာ ရန်သူကို ကိုယ်နဲ့အတူ သေဆုံးရစေတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာကလည်း ယုံကြည်ချက်အရင်းအမြစ် တစ်ခုပဲ။ အနည်းဆုံးတော့ ကိုယ်တစ်ယောက်တည်းသေရမှာ မဟုတ်ဘူးဆိုတာကို သိနေတယ်လေ.."

အကြီးအကဲလေးယောက်တို့က ထောင့်လေးထောင့်တွင်ထိုင်ကာ သူတို့၏စွမ်းအင်များကို စုစည်းပြီး ၎င်းတို့ကို ငယ်ရွယ်သည့် ပါရမီရှင်များ၏ ခန္ဓာကိုယ်များအတွင်းသို့ ပေါင်းထည့်ပေးသည်။

သူတို့အတွက် ကိုယ့်ကိုယ်ကိုယ်စတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒကို စုစည်းနိုင်ရန် ကူညီပေး၏။ ထိုကြီးမားသည့် စွမ်းအားများ၏ အကူအညီမရှိပါက ထိုပါရမီရှင်များအနေနှင့် သတ်ဖြတ်ခြင်းဆန္ဒကို စုစည်းနိုင်မည် မဟုတ်ပေ။

"သိုင်းတစ်ထောင်ခန်းမအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ ပြန်လည်လုပ်ဆောင်ပေးနိုင်မယ့် အခွင့်အရေးက ရောက်လာခဲ့ပြီ။ အခုအချိန်မှာ မင်းတို့တွေက သိုင်းတစ်ထောင်ခန်းမရဲ့ တပည့်တွေပဲ။ သိုင်းတစ်ထောင်ခန်းမရဲ့ ဂုဏ်ယူစရာတွေပဲ.."

"အန္တရာယ်ရောက်လာတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်စတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုဖို့ တုံ့ဆိုင်းမနေကြနဲ့.."

"သိုင်းတစ်ထောင်ခန်းမရဲ့ သိုင်းသမားတွေမှာ အဲ့လိုမျိုးသတ္တိနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုမျိုး ရှိရမယ်။ နားလည်ကြလား.."

ပါရမီရှင်များ၏ မျက်နှာများက လေးနက်သွားကြသည်။ သို့ပေမယ့် သူတို့၏ မျက်လုံးများသည် ခိုင်မာလှ၏။ ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာမည့် အခွင့်အရေး ဖြစ်သည်။ သေဆုံးသွားလျှင်တောင် သူတို့၏မိသားစုများ၊ နောက်ခံရှိ အင်အားစုများအတွက် ကြီးစွာ အကျိုးရှိမှာဖြစ်၏။

"ကျွန်တော်တို့ နားလည်ပါတယ်.."

ပါရမီရှင်တစ်စုက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ခေါင်းငြိမ့်ကြသည်။

"ကောင်းတယ်.."

သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲက ပြုံး၏။

တစ်ချိန်တည်းတွင် သိုင်းတစ်ထောင်ခန်းမ၏ လျှို့ဝှက်ခန်းတစ်ခု အတွင်း၌ လူငယ်ငါးယောက်တို့သည် တင်ပျဉ်ခွေ ထိုင်နေကြ၏။ သူတို့အားလုံးသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည်။ ထိုငါးယောက်မှာ သိုင်းတစ်ထောင်ခန်းမက တရားဝင်ချပြထားသည့် ပါရမီရှင်ငါးယောက် ဖြစ်၏။

ဒီအချိန်၌ သူတို့သည်လည်း အကြီးအကဲများ၏ အကူအညီနှင့် ကိုယ့်ကိုယ်ကိုယ်စတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒကို စုစည်းနေကြသည်။

အပြင်ဘက်ရှိ နိုင်ငံ၃ခု၊ ဂိုဏ်း၇ခုနှင့် မိသားစုကြီး၈ခုတို့မှ ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက သိုင်းတစ်ထောင်ခန်းမက ပျိုးထောင်ထားသည့် ဒီပါရမီရှင်များသည် သံသယဝင်စရာမကောင်းလောက်အောင် ပိုမိုစွမ်းအားကြီးမား၏။

အထူးနည်းလမ်းများကို အသုံးပြုကာ အချိန်တိုအတွင်းတွင် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ကြပေမယ့် သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ခိုင်မာမှုမရှိလျှင်တောင် ပိုင်ဆိုင်ထားသည့် စွမ်းအားသည် ပုံမှန် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများထက် များစွာ သာလွန်သေး၏။

"မင်းတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်စတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒက ထူးကဲတယ်။ အချိန်ကျလာရင် အဲ့ဒါကို ပျက်ပျက်သားသား အသုံးပြုရမယ်။ သိုင်းတစ်ထောင်ခန်းမရဲ့ လက်ရွေးစင်အနေနဲ့ ကြောက်ရွံ့တာတွေ တုံ့ဆိုင်းတာတွေ လုံးဝမရှိရဘူး.."

အကြီးအကဲတစ်ယောက်က လေးလံသည့်အသံဖြင့်ပြော၏။

"အကြီးအကဲစိတ်ချပါ... ကျွန်တော်တို့တွေ ရွှီယန်ကိုအနိုင်မယူနိုင်ရင်တောင်... သေဆုံးရမယ် ဆိုရင်တောင် အဲ့ကောင်ကိုလည်း အကောင်းပကတိအတိုင်း မရှိစေရဘူး.."

သိုင်းတစ်ထောင်ခန်းမ၏ တပည့်များက အေးစက်စွာ ဖြေကြားကြ၏။

"ကောင်းတယ်.."

အကြီးအကဲက ကျေနပ်စွာ ခေါင်းငြိမ့်သည်။

သိုင်းတစ်ထောင်ခန်းမ၏ နောက်ထပ် လျှို့ဝှက်နေရာတစ်ခုတွင် သိုင်းတစ်ထောင်အရှင်သခင်က လျှောက်ဝင်လာခဲ့၏။

"အခြေအနေ ဘယ်လိုရှိလဲ.."

သူသည် တင်ပျဉ်ခွေထိုင်နေသည့် လူငယ်ကို အရင်ဆုံး ကြည့်လိုက်သည်။ ပေါင်ပေါ်တွင် ရှေ့လျားသည့် ဆေဘာဓား တစ်ချောင်းကို တင်ဆောင်ထား၏။ ပြီးနောက် သူ၏အကြည့်က လူငယ်၏နံဘေးရှိ ဆေဘာသခင် အကြီးအကဲပေါ်သို့ ကျရောက်သွားပြီး မေး၏။

"အောင်မြင်ပါတယ်... အခုဆိုရင် အအေး(ရေခဲ)ဓားရဲ့စွမ်းအားကို အသုံးပြုလို့ရနိုင်ပြီ.."

ဆေဘာသခင်အကြီးအကဲက ဖြေကြား၏။ အံ့ဖွယ်အအေးဓား(အကြွင်းမဲ့ရေခဲဓား)သည် သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာများထဲမှ တစ်ခုဖြစ်သည်။

"ခန်းမအရှင်သခင်... ကျွန်တော်တို့တွေ တကယ်ပဲ ဒီဗိုင်းကိရိယာကို အသုံးပြုဖို့ လိုလို့လား။ ပြီးတော့ အအေးဓားရဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို သတ်ဖြတ်ခြင်းဆန္ဒနဲ့ ပေါင်းပြီးတော့ အသုံးပြုရမှာလား.."

ဆေဘာသခင် အကြီးအကဲက အံ့သြစွာမေး၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမကို ယခုမျှ အတိုင်းအတာအထိ ပြင်ဆင်ရလောက်အောင် အလွန် စွမ်းအားကြီးနေပြီးပြီလား။ ဒီဗိုင်းကိရိယာကိုပင် အသုံးပြုရလေသည်။

ထို့အပြင် ရွှီယန်၏ ဓားတာအိုကြောင့် လွှမ်းမိုးမှုအား ခံရမှု မရှိစေရန် ဒီဗိုင်းကိရိယာတစ်ခုဖြစ်သည့် ရေခဲဆေဘာဓားက်ု တမင်ရွေးချယ် အသုံးပြုခဲ့၏။ သို့ရာတွင် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်နှင့် ဒီဗိုင်းကိရိယာ၏ စွမ်းအားကို အသုံးပြုရန် လုံလောက်ခြင်းမရှိပါ။

ထို့ကြောင့် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို အံ့ဖွယ် အအေးဓားအတွင်းသို့ ပေါင်းစပ်ကာ တပည့်ဖြစ်သူ၏ ဒီဗိုင်းဝိဉာဉ်နှင့် တွဲစပ်လိုက်၏။ ပြီးနောက် သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုကာ အံ့ဖွယ်အအေးဓား၏ စွမ်းအားကို တစ်ခါတည်း ထုတ်လွှတ်မည်ဖြစ်သည်။

ထိုကဲ့သို့သော တိုက်ကွက်တစ်ခုသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီတစ်ခုကို စုစည်းထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် သတ်ဖြတ်ရန်လုံလောက်၏။

သူတို့ကတော့ ရွှီယန်ကို ဆန့်ကျင်ရန် အသုံးပြုခဲ့ရလေသည်။ ရွှီယန်မှာ မည်မျှပင် စွမ်းအားကြီးမားစေကာမူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား အောင်မြင်စွာ စုစည်းထားသည့် လူများအား ရင်ဆိုင်ရန် လုံလောက်မှု မရှိသေးပေ။

နောက်ဆုံးတွင် ဒီနည်းလမ်းများကို အမှန်တကယ် အသုံးပြုရပါက ဆိုလိုသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ ဒီပါရမီရှင်များသည် သံသယဝင်စရာ မကောင်းလောက်အောင် သေဆုံးရမှာဖြစ်၏။

သို့ပေမယ့် ထိုတပည့်များ၏ သေဆုံးမှုက သိုင်းတစ်ထောင်ခန်းမအား ကြီးမားသည့် ထိခိုက်မှုတို့ ဖြစ်စေမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ခန်းမ၏ တည်ရှိမှုသည် ပင်မတပည့်များကို ပျိုးထောင်ရန် ဖြစ်၏။ နောက်ဆုံးတွင် ဒီမျိုးဆက်ရှိ အကြီးအကဲများက သိုင်းတစ်ထောင်ခန်းမကို အချိန်ထပ်တိုးကာ ဆက်လက်ဦးဆောင်ပြီး သင့်တော်သည့် ဆက်ခံသူကို ထပ်မံပျိုးထောင်ရန်သာ လိုသည်။

"အဆိုးဆုံးအတွက် ပြင်ဆင်ထားရမှာပဲ.."

သိုင်းတစ်ထောင်ခန်းမ အရှင်သခင်က တည်ငြိမ်စွာပြော၏။

"ဝူထန်းနန်ကရော အဲ့လောက်အထိတောင် စွမ်းအားကြီးမား နေပြီးပြီလား။ သူသာ ဒီဗိုင်းတံတားကို တက်လှမ်းနိုင်ရင် ဆိုလိုတာက..."

ဆေဘာသခင်အကြီးအကဲက လေးနက်သည့် မျက်နှာဖြင့် ပြောသည်။ သိုင်းတစ်ထောင်ခန်းမသည် ဝူထန်းနန်နှင့် ရန်ငြိုးအကြီးမားဆုံး ဖြစ်၏။

"သူ့မှာ အခွင့်အရေး မရှိစေရဘူး.."

သိုင်းတစ်ထောင်အရှင်သခင်က ခံစားချက်မဲ့စွာဖြင့်ပြော၏။

"ငါ အကြီးအကဲတွေဆီကို သွားကြည့်ဦးမယ်.."

သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

"ခန်းမသခင်... စီနီယာမျိုးဆက်တွေကို တကယ်ပဲ သွားရှာဖို့ လိုလို့လား.."

ဆေဘာသခင်အကြီးအကဲက လေးနက်စွာမေးသည်။

"သူတို့က ရွှီယန်အတွက် မဟုတ်ဘူး။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ အတွက်ပဲ။ သူတို့တွေရဲ့ အသက်က အိုမင်းနေပြီး သက်တမ်းက အများကြီး မရှိတော့ဘူး။ ဒီဗိုင်းတံတားအပေါ်ကို တက်လှမ်းဖို့အတွက် အခွင့်အရေးလည်း မရှိတော့ဘူး။ အဲ့ဒါကြောင့်မလို့ သူတို့မျိုးဆက်တွေအတွက် လောင်းကြေးတစ်ခု လိုလိုလားလား ထပ်ကြလိမ့်မယ်.."

"ဒါက သိုင်းတစ်ထောင်ခန်းမရဲ့ အစဉ်အလာပဲ.."

ထိုစကားကိုပြောပြီးနောက် ခန်းမသခင်သည် ဆက်လက်ထွက်ခွာသွား၏။

ဆေဘာသခင် အကြီးအကဲမှာ တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ ထိုစီနီယာကြီးများထဲမှ တစ်ယောက်မှာ သူ့ကိုသိုင်းတစ်ထောင်ခန်းမဆီသို့ ခေါ်ဆောင်လာခဲ့သည့်လူ ဖြစ်၏။

"ဖြစ်နိုင်တာက... ဒါက အကောင်းဆုံးအဆုံးသတ်ပဲ.."

ဆေဘာသခင်အကြီးအကဲက သက်ပြင်းချသည်။ ဒီဗိုင်းတံတားပေါ်သို့ တက်လှမ်းရန် အရည်အချင်းမပြည့်မှီဘဲ သက်တမ်းတို့ပင် ကုန်ဆုံးတော့မည်ဖြစ်ရာ မသေခင်တွင် လောင်းကြေးထပ်မှု ပြုပြီး သူတို့၏ ဆက်ခံသူများအတွက် ပိုမိုကောင်းမွန်သည့် ခံစားခွင့်များကို ရယူမည်ဖြစ်သည်။

"စီနီယာတို့... ခင်ဗျားတို့တွေရော ပြင်ဆင်ထားပြီးကြပြီလား.."

သိုင်းတစ်ထောင်ခန်းမ အရှင်သခင်က ဆံပင်များဖြူဖွေးနေပြီး ခန့်ညားသည့်အသွင်ရှိသည့် အဘိုးအိုတို့ကို ကြည့်ကာ လေးနက်စွာမေးသည်။

"ခန်းမသခင် စိတ်ချပါ... ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေပါပြီ.."

အဘိုးအိုတစ်ယောက်က အရေပြားများတွန့်နေသည့်မျက်နှာဖြင့် ပြုံးကာပြော၏။

"ကောင်းတယ်... အမိန့်ကို စောင့်နေကြ.."

ခန်းမသခင်က ခေါင်းငြိမ့်သည်။ ထိုအဘိုးအိုများသည် သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲများ ဖြစ်ကြ၏။ သူတို့၏ သက်ဆိုင်ရာ ခေတ်အခါများတွင် ပါရမီရှင်များဟုလည်း ယူဆနိုင်ကြသည်။

သိုင်းတစ်ထောင်ခန်းမ၏ တပည့် ဖြစ်လာနိုင်သည့် လူများသည် သံသယဝင်စရာ မကောင်းလောက်အောင် ပါရမီရှင်များ ဖြစ်ကြ၏။ သူတို့သည် မတော်တဆဖြစ်ရပ်အချို့ကို ကြုံတွေ့ခဲ့ရခြင်းနှင့် ခွန်အားအဆင့်တက်နိုင်ခြင်း မရှိသူများ သို့မဟုတ် ပါရမီမှာ အကန့်အသတ်ရှိပြီး သိုင်းပညာလမ်းကြောင်းကို ဆက်လက်မလျှောက်လှမ်းနိုင်သူများ ဖြစ်ကြသည်။

သို့ပေမယ့် ထိုလူများသည် အချိန်အတော်ကြာအောင် ကျင့်ကြံခဲ့ပြီး လက်ရှိတာဝန်အတွက် ကျင့်ကြံထားသည့် လျှို့ဝှက်သိုင်းပညာတို့နှင့် ပေါင်းစပ်ကာ စွမ်းအားကြီးမားလှပါသည်။

သိုင်းတစ်ထောင်ခန်းမတွင် ထိုကဲ့သို့သော လူတစ်စုအမြဲတမ်းရှိနေ၏။ အရင်တုန်းကကဲ့သို့ပင် အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီအား ရင်ဆိုင်ချိန်၌ သွေးနတ်ဆိုးဂိုဏ်းအား ဖျက်ဆီးချိန်၌လည်း တူညီစွာလုပ်ဆောင်ခဲ့၏။

အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အခြေခံနှင့် လျှို့ဝှက်ခွန်အားသည် အပြင်ပန်းတွင် ပြသထားသည့်ထက် များစွာ ပိုမိုရှုပ်ထွေးလှသည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမသာ မဟုတ်ပေ။ ကျန်ရှိသည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများလည်း တူညီစွာဖြစ်၏။

'ဝူထန်းနန်... မျိုးဆက်စုံမဟာမိတ်အဖွဲ့... မင်းတို့တွေ ဘယ်လို တိုက်ခိုက်မှာလဲ..'

သိုင်းတစ်ထောင်အရှင်သခင်က နှလုံးသားထဲတွင် နှာခေါင်းရှုံ့သည်။

'ရွှီယန်... မင်းက ပါရမီအချို့နဲ့ လူငယ်လေးတစ်ယောက်ပါပဲ။ အဲ့ဒါကိုများ အရမ်းမောက်မာပြနေတယ်။ မင်းကိုယ်မင်း လင်းနယ်မြေရဲ့ စွမ်းအားအကြီးဆုံး ပါရမီရှင်လို့ ထင်နေတာလား။ လင်းနယ်မြေရဲ့ သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးလို ပါရမီရှင်တွေ ပေါ်ထွက်ခဲ့ကြတယ်။ မင်းတစ်ယောက်က စိတ်ဝိဉာဉ်ဂိုဏ်းတွေကို လှုပ်ခါနိုင်မှာလား..'

'ဘယ်လောက်များပြားတဲ့ ပါရမီရှင် မကောင်းဆိုးဝါးတွေ စိတ်ဝိဉာဉ်ဂိုဏ်းတွေကို တော်လှန်ပုန်ကန်ခဲ့ကြလဲ။ အဲ့ဒီ့အထဲမှာ သွေးနတ်ဆိုးလည်း တစ်ယောက်ပါတယ်။ မင်းရွှီယန်ကလည်း အဲ့ဒီ့ထဲက တစ်ယောက်ထက်မပိုဘူး..'

သိုင်းတစ်ထောင်ခန်းမ၏ မျက်လုံးများတဲ့၌ သတ်ဖြတ်လိုစိတ်တို့ မြင့်တက်လာခဲ့၏။

လဝက်အချိန်မှာ ကုန်ဆုံးပေတော့မည်။ သူသည် ရွှီယန်ကို ဆက်လက်မောက်မာနိုင်ဦးမလားဟု ကြည့်ချင်သေး၏။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးတွင် ပိုမိုပိုမိုကာ များပြားသည့် သိုင်းသမားများ စုစည်းလာကြသည်။

အခြားဒေသများမှ ရောက်ရှိလာကြသည့် စွမ်းအားကြီးပုဂ္ဂိုလ်များပင် ပါဝင်၏။ သူတို့အားလုံးသည် ပါရမီရှင်တစ်ယောက်၏ မြင့်တက်မှုကို မြင်တွေ့လိုကြသည်။

ထိုမကောင်းဆိုးဝါး ပါရမီရှင်၏ ကျရှုံးခန်းကိုလည်း မြင်တွေ့လိုကြသည်။

ရွှီယန်သည် လင်းနယ်မြေ၏ သမိုင်းတလျှောက်တွင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ ဂိတ်တံခါးရှေ့၌ လာရောက်စိန်ခေါ်ကာ စည်းမျဉ်းတစ်ခုကို တည်ဆောက်ခဲ့သည့် ပထမဆုံးလူဖြစ်၏။

လူအုပ်အတွင်းတွင် ကြီးမားသော သိန်းငှက်ကြီးတစ်ကောင်သည် သစ်ပင်ကြီးတစ်ခု၏အပေါ်၌ သက်ဆင်းလာခဲ့၏။ သိန်းငှက်၏အပေါ်တွင် သေးငယ်သည့် နန်းတော်တစ်ခု ရှိသည်။ ချွေအာယွီသည် အရောင်စုံသည့် ငှက်မွှေးဝတ်စုံတစ်ခုကို ဝတ်ဆင်ထားရင်းက နန်းတော်အတွင်းမှ ခေါင်းပြူထွက်လာ၏။

"ရွှီယန်... ဘယ်လောက်ရဲရင့်တဲ့ လူလဲ.."

သူသည် မနေနိုင်ဘဲ သက်ပြင်းချခဲ့သည်။ ယွီလင့်စံအိမ်၏ တိုက်ရိုက်တစ်ပည့်များထဲမှ တစ်ယောက်ဖြစ်သည့် သူသည်လည်း နာမည်ကျော်ကြားသည့် ပါရမီရှင်တစ်ယောက်ဖြစ်၏။

သို့ပေမယ့် ရွှီယန်နှင့် လုရှင်ထင်းတို့၏ တိုက်ပွဲကို ကြည့်ရှု့ကာ နက်ရှိုင်းစွာ အံ့သြသွားခဲ့သည်။ မကြာခင်တွင် ရွှီယန်သည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများကို စိန်ခေါ်ခဲ့သည့် ပထမဆုံးလူ ဖြစ်လာခဲ့၏။

သူသည် ဂိုဏ်း၏ရှေ့တွင်ပင် စင်မြင့်တစ်ခုကို ကိုယ်တိုင်တည်ဆောက်ခဲ့သည်။ ဤသည်က လေးစားစရာစရာကောင်း၏။

အပိုင်း ၅၇၀ - အထင်လွဲခြင်း၊ ဓားစီးကာရောက်ရှိလာခြင်း

သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် မကြုံစဖူး အလွန်စည်ကားနေ၏။ သိုင်းတစ်ထောင်ဒေသရှိ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး နီးပါးတို့ ထိုနေရာတွင် စုစည်းလာကြသည်။

နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ခုနှင့် မိသားစုကြီး၈ခုတို့မှ ပုဂ္ဂိုလ်များအားလုံးလည်း ဂိတ်တံခါး၏ အနီးအနားတွင် လေးနက်စွာ ရပ်နေကြသည်။

သူတို့၏ တည်ရှိမှုနှင့် အသွင်အပြင်က အခြားသိုင်းသမားများအား ကြောက်ရွံ့စေကာ ရုတ်ရုတ်သဲသဲဖြစ်ခြင်းမှ ထိန်းသိမ်းထားသည်။

ချွေဟွားယွီက နှလုံးသားထဲမှ ရေရွတ်၏။

"ဒီပွဲမှာ ရွှီယန်သေရင်သေ.. ဒါမှမဟုတ်ရင် သိုင်းတစ်ထောင်ခန်းမကို အရှက်ကွဲစေမှာပဲ။ ဒါပေမယ့် သူသေလောက်မဲ့ ဖြစ်နိုင်ခြေက အရမ်းမြင့်မားတယ်.."

"သိုင်းတစ်ထောင်ခန်းမရဲ့ လူတွေက သူတို့ရဲ့စော်ကားခံရမှုကို အလွယ်တကူ ကျေအေးပေးမှာ မဟုတ်ဘူး။ အခုအချိန်မှာ ရွှီယန်အနိုင်ရရင်တောင် အကြာကြီး အသက်ရှင်ရမှာမဟုတ်ဘူး.."

"ပြောကြတာ သိုင်းတစ်ထောင်ခန်းမက အရှက်အမဲ့ဆုံးပဲတဲ့။ နောက်ကွယ်မှာ ချောင်းမြောင်းလှုပ်ရှားတာတွေ တအားလုပ်တယ်။ လေလွင့်သိုင်းသမားတွေကို မပြောနဲ့။ အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေတောင်မှ ညစ်ပတ်တဲ့ လှည့်ကွက်အချို့ကို ကြုံခဲ့ရတယ်.."

ချွေဟွားယွီသည် ရွှီယန်၏ ကျော်ကြားမှုမှာ အချိန်တိုအတွင်းသာခံပြီး မကြာခင်မှာ သေဆုံးသွားရမည်ဟု တွေးမိ၏။

"မျိုးဆက်စုံမဟာမိတ်အဖွဲ့က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်များ လွှတ်လာမလား မသိဘူး.."

သူသည် ခေါင်းထွက်လာပြန်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှု့၏။ ယခုအချိန်အထိ ရွှီယန်နှင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့တို့ ပတ်သက်ဆက်နွယ်ကြောင်းအား မကြားရသေးပေ။

သို့ပေမယ့် သူသည် လေလွင့်သိုင်းသမားတစ်ယောက်ဖြစ်ရာ မျိုးဆက်စုံမဟာမိတ်အဖွဲ့က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို စေလွှတ်မှာလည်း ဖြစ်နိုင်၏။ ဘာပဲဖြစ်ဖြစ် သိုင်းတစ်ထောင်ခန်းမ၏ စည်းမျဉ်းများကို ချိုးဖျက်မည့် ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်။

"နောက်ဆုံးအကြိမ်တုန်းက သိုင်းတစ်ထောင်ခန်းမက ဘယ်လိုလုပ်ပြီးတော့ ဒီအထိသည်းခံခဲ့တာလဲ.."

ချွေဟွားယွီမှာ အနည်းငယ် ပဟေဠိ ဖြစ်နေသည်။ သိုင်းတစ်ထောင်ခန်းမ၏ လုပ်ပုံကိုင်ပုံကို ကြည့်ပါက နောက်ဆုံးအကြိမ် သူတို့၏ တံခါးဝဆီသို့ ရွှီယန်လာရောက်စိန်ခေါ်ခဲ့ကတည်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို စေလွှတ်သင့်ပေသည်။

သို့ပေမယ့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ဖြစ်နိုင်သည်မှာ မျက်နှာပန်းရှုံးမည်ကို ကြောက်ရွံ့လို့လား။ သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သတင်းတို့ ညှိုးနွမ်းသွားမည်ကို စိုးရိမ်လို့လေလား။

"မဖြစ်နိုင်ဘူး။ ကြည့်ရတာ အတွင်းကိစ္စ တစ်ခုခု ရှိလိမ့်မယ်.."

ချွေဟွားယွီက ပြုံးသည်။ သူက ခေါင်းပြန်ဝင်တော့မည်အချိန်၌ ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်မိ၏။ မျက်နှာက အံ့ဩသွားသည်။

"သူမက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ.."

မျက်နှာကို ပုဝါပါးဖြင့်အုပ်ထားသည့် မိန်းကလေးတစ်ယောက်သည် လူအုပ်ဆီသို့ တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့၏။ ပြီးနောက် မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် နေရာယူသည်။

"ထိုက်မြှောင်ဂိုဏ်းက လူလည်း ပွဲလာကြည့်တာလား... ဒါပေမယ့် အဲလိုဆိုရင်တောင် သူတို့တွေ တပည့်တစ်ယောက်ကို စေလွှတ်သင့်တယ်။ သူမတော့ မဟုတ်ဘူး.."

ချွေဟွားယွီက အံ့သြသွားသည်။ ရောက်ရှိလာသူသည် ထိုက်မြှောင်ဂိုဏ်းမှ ရှင်းမုန့်ရုံ၏ တပည့်ဖြစ်သူ ယရုံဖြစ်၏။

'သူမက အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်ပြီး ရှင်းမုန့်ရုံရဲ့ တပည့်လည်း ဖြစ်တယ်။ သေချာပေါက် အထင်သေးလို့မရတဲ့ လူတစ်ယောက်ပဲ..'

ကိုယ့်ကိုယ်ကိုယ် ရေရွတ်ရင်းမှ ချွေဟွားယွီသည် နန်းတော်အတွင်းသို့ ခေါင်းပြန်ဝင်သွား၏။ ရွှီယန်၏ ပေါ်ပေါက်လာမှုကို စောင့်စားနေသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေပြီး လဝက်အချိန်မှာ ပြည့်ပေတော့မည်။ လူတိုင်းသည် ရွှီယန်၏ ပေါ်ပေါက်လာမှုကို စိတ်အားထက်သန်စွာ စောင့်စားနေကြ၏။

သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးတွင် ပါရမီရှင်မျိုးစုံတို့ စုစည်းနေကြသည်။ သူတို့၏ မျက်နှာများမှာ အေးစက်နေကြ၏။

သိုင်းတစ်ထောင်အရှင်သခင်က ထူးမခြားနားစွာ ရှိနေပြီး သူလည်းပဲ ရွှီယန်၏ ပေါက်ပေါက်လာမှုကို စောင့်စားနေသည်။

"ဘာလဲ... ရွှီယန်က မလာတော့ဘူးလား.."

"ဖြစ်နိုင်တယ်... ပြီးခဲ့တုန်းက တိုက်ပွဲကြီးမှာ ဒဏ်ရာရသွားတာ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်မလို့ လဝက်ဆိုင်းငံ့ပေးဖို့ ပြောခဲ့တာ။ သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ပေါ့.."

"အဲ့ဒါ ဖြစ်နိုင်တယ်.."

ရွှီယန်၏ ပေါ်ပေါက်လာမှု မရှိပုံကို တွေ့ရပြီးနောက် လူအုပ်က အချင်းချင်း စတင်သုံးသပ်ကြ၏။

"ဖြစ်နိုင်တာက ရွှီယန်သိုင်းတစ်ထောင်ခန်းမကို လှည့်စားဖို့ လဝက်ကြာမှ ပြန်လာခဲ့မယ်လို့ ပြောခဲ့တာများလား။ ပြီးတော့ ဒီအခွင့်အရေးကိုယူပြီး ထွက်ပြေးသွားတာများလား.."

"မင်းပြောမှတွေးမိတယ်... အဲ့ဒါလည်း ဖြစ်နိုင်တာပဲ.."

ရွှီယန်၏ ပေါ်ပေါက်လာခြင်း မရှိသေးမှုက လူပေါင်းများစွာတို့ကို အမြင်မျိုးစုံအား ပြောကြားလာစေသည်။

အချို့က သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းကြောင့် လဝက်အကြာ၌ ပြန်ချိန်းခဲ့သည်ဟု ပြောကြ၏။ အချို့မှာတော့ သိုင်းတစ်ထောင်ခန်းမကို တမင်လှည့်စားကာ ထွက်ပြေးသွားပြီဟု ပြောကြ၏။

ထိုကဲ့သို့သော များပြားလှသည့် စကားသံများကြောင့် သိုင်းတစ်ထောင်ခန်းမမှာလည်း သံသယဝင်လာခဲ့သည်။ သူတို့၏ မျက်နှာများမှာ ပိုမိုကာပင် ညှို့မှိုင်းလာခဲ့၏။

များပြားလှသည့် အရင်းအမြစ်များနှင့် လျှို့ဝှက်အတတ်များကို ရင်းနှီးမြှုပ်နှံကာ သူတို့တပည့်များ၏ စွမ်းရည်တို့ကို မြှင့်တင်ခဲ့၏။ ရွှီယန်နှင့် အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

သို့ပေမယ့် တစ်ဖက်လူသည် ထွက်ပြေးသွားလေပြီလား။ သူတို့သိုင်းတစ်ထောင်ခန်းမသည် အရူးလုပ် ခံရလေပြီလား။

စောင့်စားရသည်မှာ ပိုမိုကြာရှည်လာလေလေ သူတို့သည် ပိုမိုဒေါသထွက်လေ ဖြစ်လာခဲ့သည်။ မျက်နှာများက မဲမှောင်နေပြီး လူသတ်ငွေ့တို့ လွှမ်းခြုံလာ၏။ ရွှီယန်ကို အရှင်လတ်လတ် ဝါးမြိုပြစ်ရန်ပင် မျှော်လင့်မိကြသည်။

သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲများ၏ မျက်နှာများသည် အလွန်ခက်ထန်လာခဲ့၏။

တစ်ချိန်တည်းတွင် အသက်ကို စတေးကာ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ပါရမီရှင်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။

သူတို့သည် လဝက်ကြာအောင် အပြင်းအထန် ကျင့်ကြံခဲ့ပြီး သေခြင်းရှင်ခြင်း တိုက်ပွဲအား ဆင်နွှဲရန် ပြင်ဆင်ထားခဲ့၏။ သို့ပေမယ့် တစ်ဖက်ရန်သူမှာ ထွက်ပြေးသွားခဲ့လေပြီလား။

သို့ပေမယ့် စိတ်သက်သာရာလည်း ရသွားခဲ့သည်။ ထိုသို့ဆိုပါက အသက်ကို စတေးစရာမလိုတော့ပေ။

ထို့အပြင် သူတို့သည် သိုင်းတစ်ထောင်ခန်းမ၏ တပည့်များဖြစ်လာပြီး ဖြစ်၏။ အကျိုးအမြတ်များက ကြီးမားလှသည်။

တကယ်တော့ သူတို့သည် ရွှီယန်ကို ကျေးဇူးတင်၏။ တစ်ဖက်လူသာ မရှိပါက ဘယ်လိုလုပ်ပြီး သိုင်းတစ်ထောင်ခန်းမ၏ တပည့်များ အလွယ်တကူ ဖြစ်လာနိုင်မည်နည်း။

ရွှီယန်မှာ ပေါ်ထွက်လာခြင်း မရှိပေမယ့် သူတို့၏ ခွန်အားတိုးတက်မှုနှင့် ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်မှုသည် အစစ်အမှန် ဖြစ်၏။ ဤသည်မှာ ကြီးမားသည့် အခွင့်အရေးဖြစ်သည်။

ထိုအချိန်၌ ကောင်းကင်၌ ပုံရိပ်တစ်ခုသည် အလွန်မြန်သည့် အမြန်နှုန်းဖြင့် ချဥ်းကပ်လာခဲ့၏။ ဆူညံသံအားလုံး ရပ်စဲသွားပြီး ထိုလားရာဆီသို့ လှည့်ကြည့်ကြသည်။ သို့ပေမယ့် စိတ်ပျက်သွားကြ၏။

"ရွှီယန်မဟုတ်ဘူး.."

"မျိုးဆက်စုံ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ်တစ်ယောက်ယောက်များလား.."

"သူက တော်တော် စွမ်းအားကြီးတာပဲ... ကြည့်ရတာ ရာထူးမသေးလောက်ဘူး.."

ကြည့်ရှု့နေကြသည့် လူအုပ်သည် အသစ်ရောက်ရှိလာသူအား မှတ်မိကြသည့် လူအချို့၏ စကားသံများကို ကြားရ၏။ ဤသည်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အသန်မာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

"ကြည့်ရတာ... မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ မဟာစောင့်ရှောက်သူ ထန်းကျီပဲ.."

"ဟုတ်တယ်... တကယ့်ကိုသူပဲ... မျိုးဆက်စုံမဟာမိတ်အဖွဲ့က သူ့ကို စေလွှတ်လိုက်မယ်လို့ မထင်ထားဘူး... ကံဆိုးစွာပဲ ရွှီယန်က ထွက်ပြေးသွားပြီထင်တယ်.."

ထန်းကျီသည် အလျှင်အမြန် ရောက်ရှိလာပြီးနောက် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ သက်ဆင်း၏။ သိုင်းတစ်ထောင်ခန်းမဆီသို့ အရမ်းနီးကပ်အောင် မသွားပေ။ သူ၏အကြည့်က စင်မြင့်ပေါ်သို့ ကျရောက်သွားပြီးနောက် ရပ်တန့်သွား၏။

"လူတွေရော..."

သူသည် သတင်းရရှိပြီးသည့်နှင့် အမြန်ပြေးလာခဲ့ခြင်းဖြစ်၏။ သိုင်းတစ်ထောင်ခန်းမရှိ အရှက်မဲ့သူများက အားနည်းသည့်လူကို အနိုင်ကျင့်မည်အား စိုးရိမ်နေပါသည်။

သို့ပေမယ့် လူများသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ သူသည် ခြေတစ်လှမ်း နောက်ကျသွားလေပြီလား။ ရွှီယန်မှာ သတ်ဖြတ်ခံရ ပြီးပြီလား။

"ရွှီယန်ဘယ်မှာလဲ... မင်းတို့ သိုင်းတစ်ထောင်ခန်းမရဲ့ အရှက်မဲ့တဲ့ ခွေးတွေ... ပါရမီရှင်တွေအကြား တိုက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ရဲတယ်ပေါ့.."

ထန်းကျီမှာ ဒေါသတကြီး ဖြစ်သွား၏။ သူသည် လက်ကိုဆန့်ကာ ပုတ်လိုက်ချိန်၌ ကျောပေါ်ရှိ ကြီးမားသည့် စစ်ပုဆိန်ကြီးက လေထဲသို့ မြင့်တက်လာခဲ့၏။ လက်ဖြင့်ဖမ်းပြီးနောက် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပါပြီ။

ဤသည်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဒီဗိုင်းကိရိယာများထဲမှ တစ်ခုဖြစ်၏။ တောင်တစ်သောင်း စစ်ပုဆိန်ဖြစ်၏။

All Chapters