နတ်ဆိုးတစ်သောင်းခန်းမ၏အမည် စတင်ထွက်ပေါ်လာခြင်း ၂
Vol. 67 Ch. 669
"ငါပြောနေတယ်လေ... အဲဒါကို ငါ့ဆီ ပေးလိုက်လို့..."
"မင်းတို့ မျိုးဆက်သစ်တွေရဲ့ ကိစ္စတွေကိုတော့... ငါတို့နားထောင်ပေးဖို့ အချိန်မရှိဘူး... စိတ်လည်း မဝင်စားဘူး။"
ဂူသင်္ချိုင်းအစောင့်အရှောက် ကျားနတ်ဆိုး၏ မှေးစင်းနေသောမျက်လုံးများတွင် ဂရုမစိုက်မှုများ ပြည့်နှက်နေလေသည်။
၎င်း၏ အကြည့်အောက်တွင် အန်းထူရှောင်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး၊ သူ၏ မျိုးနွယ်စုမှ အခြား နတ်ဆိုးအိုကြီးများ ရှေ့တွင် ရမ်းဘန်းပြောဆိုရဲသောသတ္တိမျိုး မရှိတော့ပေ။
ထို လှုပ်ရှားမှုတစ်ခုတည်းကပင် ၎င်းတို့ကြားရှိ ကြီးမားလှသော စွမ်းအားကွာဟချက်ကို ပြသရန် လုံလောက်နေပြီ ဖြစ်သည်။
သူ အမှန်တကယ် လက်မခံနိုင်လျှင်ပင်၊ ယခုအချိန်တွင် သူ၏ရင်ထဲရှိ နာကြည်းမှုနှင့် ဒေါသများကို အတင်းအကျပ် ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။
"ခင်ဗျားတို့ ဒါကို နောင်တရလိမ့်မယ်... သူက နောက်ကျရင်သေချာပေါက် ကလဲ့စားချေလိမ့်မယ်..."
အန်းထူရှောင်၏ အသံမှာ ပိုမို တိမ်ဝင်သွားပြီး၊ ရင်ဘက်ထဲမှ ရေကြာပန်းတစ်ပွင့်ကို အတင်းဆွဲထုတ်လိုက်ကာ အံကြိတ်ရင်း စကားတစ်ခွန်းကို ညှစ်ထုတ်ပြောလိုက်လေသည်။
ထိုစကားများကို ကြားသောအခါ၊ ဂူသင်္ချိုင်းအစောင့်အရှောက် ကျားနတ်ဆိုးက မထီမဲ့မြင်ပြုံးလိုက်ပြီး၊ တစ်ဖက်လူ၏ လည်ပင်းကို လွှတ်ပေးကာရေကြာပန်းကို ယူရန် လက်လှမ်းလိုက်လေသည်။
အနောက်ပိုင်းဟုန်တွင် နှင်းကျားမျိုးနွယ်စုကို ကလဲ့စားချေရဲသော အင်အားစု အလွန်နည်းပါးလှသည်။
အကယ်၍ တကယ်ပင် ထိုကဲ့သို့လူနှင့် တွေ့ခဲ့လျှင်ပင် ဤမျိုးဆက်သစ်များက ၎င်းရှေ့တွင် ရပ်တည်နိုင်မယ့် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။
သို့သော် ထိုအချိန်မှာပင်၊ သွယ်လျပြီးဖြူဖွေးသောလက်တစ်ဖက်က ဆန့်ထွက်လာကာ၊ မည်သူမျှ မယူနိုင်မီထိုကြည်လင်နေသော ကြာပန်းကို ဆွဲယူသွားလေ၏။
"..."
ကျားနတ်ဆိုးများ တစ်ခဏမျှ အေးခဲသွားကြသည်။ သူတို့အားလုံး ပြိုင်တူ ခေါင်းလှည့်ကြည့်လိုက်ကြ၏။
နှလုံးသားမီးတောက်များ ရစ်ပတ်လွှမ်းခြုံထားသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် သူမလက်ထဲရှိ ကြာပန်းကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက်၊ မလှမ်းမကမ်းရှိ တစ်စုံတစ်ဦးထံသို့ ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
အသံတိတ်ချဉ်းကပ်လာပြီး ရေကြာပန်းကို လုယူသွားသော်လည်း၊ ဂူသင်္ချိုင်းအစောင့်အရှောက် ကျားနတ်ဆိုးနှစ်ကောင်သည် အလျင်စလို မလှုပ်ရှားဘဲ အမျိုးသမီး ခေါင်းညိတ်ပြရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြ၏။
ထိုအမျိုးသမီးက အမိန့်နာခံရုံသာဖြစ်ကြောင်း ရှင်းလင်းနေပြီး၊ အစစ်အမှန် သခင်မှာ အခြားတစ်နေရာတွင် ရှိနေလေသည်။
ရှေ့ဘက်တွင် လျှိုဝှက့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် မည်သည့်အချိန်ကရောက်နေမှန်းမသိဘဲ လေထဲတွင် ဝဲပျံနေကာ၊ သူ၏ ရှည်လျားသောလက်ချောင်းများတွင် မှင်ရည်ကဲ့သို့မည်းနက်ပြီး မျက်စိကျလောက်စရာရွှေရောင်သင်္ကေတများဖြင့် အလှဆင်ထားသော ဓားတစ်လက်၏ လက်ကိုင်ကို ဆုပ်ကိုင်ထားလေသည်။
သူသည် ၎င်းတို့ရှေ့တွင် တစ်ကိုယ်တည်း ရပ်ကာ တိတ်ဆိတ်စွာ ကြည့်နေလေ၏။
သူ၏ ရုပ်သွင်ကို ပြောင်းလဲပြီးနောက်၊ ထိုလူငယ်၏စိတ်နေသဘောထားမှာ ခန်းမကြီးထဲတွင် ရှိနေစဉ်ကနှင့် လုံးဝ ကွဲပြားသွားပြီး၊ မောက်မာဝင့်ကြွားမှုများ မရှိတော့ပေ။
သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ငြိမ်မှုများသာ ရှိနေပြီး၊ လူသေအလောင်းပုံကို ကြည့်နေသကဲ့သို့ ဖြစ်နေလေ၏။
အခြား ကျားနတ်ဆိုး သုံးကောင်၏ မျက်လုံးများမှာမသေချာမှုများဖြင့် တလက်လက် တောက်ပသွားပြီးနောက်၊ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ လျင်မြန်စွာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
နတ်ဆိုးအုပ်စု၏ အနောက်ဘက်တွင်၊ အနက်ရောင် ဝတ်ရုံနှင့်နောက်ထပ် ပုံရိပ်တစ်ခုသည် လေထဲတွင် လမ်းလျှောက်လာပြီး၊ မှိုင်းညို့နေသော အကြေးခွံများအနည်းငယ်ဖုံးလွှမ်းနေသည့် မျက်နှာတစ်ခုကို ဖော်ပြရန် သူ၏ခေါင်းစွပ်ကို ဖြည်းညင်းစွာ ခွာချလိုက်လေသည်။
စကားတစ်ခွန်းမျှ မဆိုဘဲ၊ ထိုလူသုံးဦးသည် ကျားနတ်ဆိုးများ၏ဆုတ်ခွာရာ လမ်းကြောင်းအားလုံးကို ပြတ်သားစွာ ပိတ်ဆို့လိုက်ကြသည်။
ကျောချမ်းဖွယ်ကောင်းသော တိတ်ဆိတ်မှုလေထုတစ်ခုကို ဖန်တီးလိုက်လေသည်။
"မင်းက တကယ်ပဲ ကိုယ့်သဘောနဲ့ကိုယ် လာခဲ့တာလား။"
အန်းထူရှောင်သည် အချိန်အတော်ကြာ ကြောင်ငေးကြည့်နေမိပြီး သူ၏ မျက်နှာမှာ ရှုပ်ထွေးနေလေ၏။ ကလဲ့စားချေရန်မျှော်လင့်ချက် မရှိတော့ဟု သူထင်နေချိန်မှာပင်၊ ထိုလူက မျှော်လင့်မထားဘဲ သူ၏ ရှေ့တွင် ဘယ်ကမှန်းမသိ ရောက်လာခဲ့သည်။
ထို့နောက် သူသည် သူ့ဘေးရှိ ဂူသင်္ချိုင်းအစောင့်အရှောက်ကျားနတ်ဆိုး နှစ်ကောင်ဘက်သို့ ခေါင်းလှည့်ကာရက်စက်ပြီး ထူးဆန်းသော မျက်နှာအမူအရာကို ထုတ်ဖော်လိုက်သည်။ "တွေ့လား၊ သူ ကလဲ့စားချေလိမ့်မယ်လို့ ကျွန်တော် ပြောသားပဲ။ အခုရော ယုံပြီလား။"
"ဒါက ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ ထင်နေတုန်းပဲလား။"
ထိုစကားများကြားသောအခါ။ ဂူသင်္ချိုင်းအစောင့်အရှောက် ကျားနတ်ဆိုးနှစ်ကောင်သည် နောက်ဆုံးတွင် ၎င်းတို့၏မျက်လုံးများကို အပြည့်အဝ ဖွင့်လိုက်ကြပြီး၊ နောက်ကျိနေသော အကြည့်များထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များတဖြည်းဖြည်း ပေါ်ထွက်လာလေ၏။
အခြားကိစ္စများကို ၎င်းတို့ ဂရုမစိုက်သော်လည်း၊ ၎င်းတို့လက်မခံနိုင်သည့်အရာမှာ ထိုမျိုးဆက်သစ်များ၏ ကိစ္စရပ်များကို မဟာဂူသင်္ချိုင်း၏ ကိစ္စများနှင့် ပတ်သက်လာစေပြီး နောက်ဆုတ်ရန်လမ်းစမရှိအောင်လုပ်လိုက်ခြင်းပင် ဖြစ်သည်။
အသက်ဆက်ပေးနိုင်တဲ့ ပစ္စည်းဆိုတာ ဘယ်သူမဆိုထိတွေ့လို့ရတဲ့ အရာလား။
ပါရမီရှင်တွေလို့ ခေါ်တဲ့သူတွေက ဘယ်လောက်ပဲ ထင်ရှားနေပါစေ၊ မျိုးဆက်သစ်တွေရဲ့ နယ်ပယ်ထဲမှာပဲ ရှိနေတုန်းပဲ။
ကျင့်ကြံခြင်း လမ်းစဉ်က အရမ်းချောမွေ့နေခဲ့လို့ ဒီကောင်လေးတွေက လူကြီးတွေအပေါ် ထားရမယ့် လေးစားမှုကိုမေ့သွားတာ ဖြစ်နိုင်တယ်။
ဝမ်းနည်းစရာကောင်းတာက ဘဝမှာ ဘယ်အရာကမှ ဒုတိယအခွင့်အရေး မပေးတာပဲ။
ထိုအတွေးနှင့်အတူ၊ ဂူသင်္ချိုင်းအစောင့်အရှောက်ကျားနတ်ဆိုး နှစ်ကောင်သည် ယွီလန်ထံသို့ ၎င်းတို့၏အကြည့်ကို နောက်တစ်ကြိမ် လွှဲပြောင်းလိုက်ပြီး၊ ၎င်းတို့၏ အငွေ့အသက်များသည် ရုတ်တရက် နတ်ဆိုးစွမ်းအားလှိုင်းတံပိုးတစ်ခုအဖြစ် စုစည်းသွားကာ အမျိုးသမီး၏ကို ချက်ချင်း ပစ်မှတ်ထားလိုက်လေသည်။
ဂူသင်္ချိုင်းအစောင့်အရှောက်ကျားနတ်ဆိုး နှစ်ကောင်၏ အပြောင်းအလဲကို ခံစားလိုက်ရသော အန်းထူရှောင်သည် သူ၏မျက်နှာပေါ်ရှိ လက်ထန်သောအမူအရာမှတဖြည်းဖြည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သူသည် နောက်ဆုံးတွင် အစောပိုင်းက စုပုံနေသော နာကြည်းမှုများအားလုံးကို ဖွင့်ထုတ်လိုက်သကဲ့သို့ အနည်းငယ်တုန်ယင်စွာဖြင့် ဟိန်းဟောက်လိုက်၏။
"သူတို့ကို သတ်လိုက်"
ဤတစ်ကြိမ်တွင် သူသည် ဤဟန်ဆောင်ကောင်းသည့် လျှို့ဝှက်ဆန်းကြယ်သူကို ဦးခေါင်းခွံ ဖြည်းဖြည်းချင်း ကြွေမွသွားမည် ခံစာမှုမျိုးခံစားစေချင်နေပြီဖြစ်သည်။
သို့သော် သူ စကားမဆုံးမီမှာပင်။
ယွီလန်သည် ရေကြာပန်းကို သိမ်းဆည်းလိုက်ပြီး ဖြစ်သည်။ သူမအပေါ် ကျရောက်လာသော အငွေ့အသက်ကို မခံစားရသကဲ့သို့၊သူမသည် ခေါင်းကို အနည်းငယ် မော့လိုက်လေ၏။
နောက်တစ်စက္ကန့်တွင်၊ ကြောက်မက်ဖွယ်ကောင်းသောနှလုံးသားမီးတောက်များ ပေါက်ကွဲထွက်လာလေသည်။ ဤတောင်ပိုင်း ခန်းမသခင်
သည် ပထမဆုံးအကြိမ်အဖြစ် သူမ၏ အစွမ်းကုန် အင်အားဖြင့် တိုက်ခိုက်လိုက်ရာ၊ စိတ်ကူးမယဉ်နိုင်လောက်သော စွမ်းအားကို ထုတ်ဖော်ပြသလိုက်၏။
ယခင်က ခန်းမထဲတွင် ရှိခဲ့ဖူးသော ကျားနတ်ဆိုး အနည်းငယ်မှာလည်း နှလုံးသားမီးတောက်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရလေသည်။
အန်းထူရှောင်၏ ဟိန်းဟောက်သံသည် စူးရှသော အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားလေ၏။ တိုက်ခိုက်ရန်ခုန်ထွက်လာသော သူ၏ ကိုယ်ခန္ဓာသည် နာကျင်မှုကြောင့် ပြင်းထန်စွာ တွန့်လိမ်သွားပြီး၊ နာကျင်မှုကို သက်သာစေရန် မျှော်လင့်ချက်ဖြင့် နတ်ဆိုးစွမ်းအင်များကို အစွမ်းကုန်ဖွင့်ထုတ်လိုက်သည်။
အစိမ်းရောင်ဖီးနစ်ငှက်က အစွမ်းထက်မှန်း သူ သိထားသော်လည်း၊ သူမ ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
နှလုံးသားမီးတောက် နတ်စွမ်းရည်၏ ပြင်းထန်မှုသည် သူ ယခင်ကကြုံတွေ့ခဲ့ဖူးသော မည်သည့်ဖီးနစ်ငှက်မျိုးနွယ်ဝင် ထက်မဆိုများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေလေသည်။
ဂူသင်္ချိုင်းအစောင့်အရှောက်ကျားနတ်ဆိုး နှစ်ကောင်သည် ၎င်းတို့ ထုတ်လွှတ်လိုက်သော အငွေ့အသက်များကို နှလုံးသားမီးတောက်က တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်ကို ခံစားလိုက်ကြရာ ၎င်းတို့၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေ၏။
ဤအမျိုးသမီး၏ စွမ်းရည်များသည် ၎င်းတို့မျှော်လင့်ထားသည်ထက် အတော်လေး ကျော်လွန်နေလေသည်။
ဂူထဲတွင်အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်းကြောင့် အစိမ်းရောင်ဖီးနစ်ငှက် မျိုးနွယ်စုတွင် ဤကဲ့သို့ အစွမ်းထက်သောသူ၊ ဤနတ်ဆိုးအိုကြီးများထက်သိပ်မနိမ့်ကျလှသောပုဂ္ဂိုလ်မျိုး မည်သည့်အချိန်က ပေါ်ထွက်လာခဲ့သည်ကို ၎င်းတို့ မသိလိုက်သည်လော။
သို့သော်လည်း၊ ဤစွမ်းရည် တစ်ခုတည်းအပေါ် အခြေခံ၍ အသက်ဆက်ပေးနိုင်သောပစ္စည်းအတွက်ယှဉ်ပြိုင်ရန် ဆိုသည်မှာ အတော်လေး စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။
ကျင့်ကြံသူတစ်ဦးနှင့် မဟာနတ်ဆိုး နှစ်ကောင် ပေါင်းစပ်ထားခြင်းမှာ အမှန်တကယ် ရှားပါးသော်လည်း၊အလေးအနက် စိုးရိမ်စရာ အကြောင်းရင်းတော့ မဟုတ်ပေ။
ဂူသင်္ချိုင်းအစောင့်အရှောက်ကျားနတ်ဆိုး နှစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီးနောက်၊ တွန့်ဆုတ်ခြင်းမရှိဘဲ ၎င်းတို့တစ်သားတည်းဖြစ်နေသကဲ့သို့ တပြိုင်နက်တည်းအချိုးကျညီစွာ ၎င်းတို့၏ လက်သည်းများကို ဆန့်ထုတ်လိုက်ကြလေသည်။
ထိုလက်သည်းများကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်တွင်၊ ပြင်းထန်သော သေဆုံးခြင်းအငွေ့အသက်တစ်ခုက ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားပြီး၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မီးခိုးရောင်မြူခိုးများကို မွှေနှောက်လိုက်ရာ၊ လရောင်ကို နတ်ဆိုးများက ညစ်ညမ်းစေခဲ့သကဲ့သို့ အရိုးထဲထိ စိမ့်ဝင်အေးခဲသွားစေလေသည်။