အခန်း (၂၂၄၇-၂၂၄၈)
Vol. 161 Ch. 2247-2248
အပိုင်း(၂၂၄၇)
ဝေ့ဝူယင်က တာဝန်ခံလိုက်သော်လည်း ချင်းဝမ်မှာ ချက်ချင်း စိတ်မအေးနိုင်သေးပေ။ သူမအတွက် အချိန်လိုအပ်သည်။ အကယ်၍ သူမ ငြင်းပယ်ပါက အပေးအယူ မဟုတ်တော့ဘဲ အတင်းအဓမ္မ ထုတ်ယူခြင်းနှင့် ကြုံရမည်ကိုလည်း သူမ ကောင်းကောင်း သိထားသည်။
ဝေ့ဝူယင်က သူမကို အချိန်ပေးလိုက်သည်။ သူသည် မူလအရင်းအမြစ် အမတေ များကို ဆေးဖော်စပ်ရာတွင် အသုံးပြုခဲ့သည့် အတွေ့အကြုံများစွာ ရှိသူ ဖြစ်သည်။ ယန်ပြန်လည်ဆန်းသစ်ခြင်း အမတေကို အသုံးပြု၍ အာရုဏ်ဦး အထွတ်အထိပ် ပုံဖော်ဆေးလုံး ကို ဖော်စပ်ခဲ့ဖူးသည်။
သူသည် ချင်းဝမ်၏ ထူးခြားသော ယင် ဂုဏ်သတ္တိများကို နာ့ရှင်းရီ အတွက် အသုံးပြုရန် စဉ်းစားနေခြင်း ဖြစ်သည်။ ဤသည်မှာ အယူအဆတစ်ခုမျှသာ ဖြစ်သော်လည်း၊ အကယ်၍ သူ စမ်းသပ်ကြည့်ပါက နာ့ရှင်းရီ၏ သာမန် မူလယင် အရင်းအမြစ်များကို ကောင်းကင်လွှမ်းမိုးခြင်း ယင် အရင်းအမြစ် များအဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဟု သူ ယူဆထားသည်။
အမှန်တကယ်တွင် ထိုမျှသာ မကနိုင်ပေ။
ကောင်းကင်လွှမ်းမိုးခြင်း ယင်ခန္ဓာကိုယ်သည် ကောင်းကင်ဘုံ၏ အကောင်းဆုံး ယင်ခန္ဓာကိုယ် ဆယ်ခုအနက် တစ်ခုဖြစ်ပြီး ယင်ဆုံမှတ်ကိုးခု သွေးကြောနှင့်ပင် အဆင့်အတန်း တူညီသည်။ နှိုင်းယှဉ်ကြည့်ပါက ကောင်းကင်လွှမ်းမိုးခြင်း ယင် ခန္ဓာကိုယ် တစ်ခုသည် သာမန် မူလယင် ကိုးခုနှင့် ညီမျှသည်။
အကယ်၍ နာ့ရှင်းရီ ပိုင်ဆိုင်ထားသော မူလယင် ကိုးခုမှာ ကောင်းကင်လွှမ်းမိုးခြင်း ယင် များ ဖြစ်သွားခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။ ထို့ထက်မက နာ့ရှင်းရီက တစ်ဆင့်တက်၍ ယင်ဆုံမှတ် ၁၈ ခု ခန္ဓာကိုယ် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားလျှင်ကော။ ဤသည်မှာ သီအိုရီအရ ယုံကြည်ချက်တစ်ခုမျှသာ ဖြစ်သော်လည်း သူ စမ်းသပ်ကြည့်ချင်နေသည်။
ဤအတွေးမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာ နာ့ရှင်းရီနှင့် တွေ့ဆုံခဲ့စဉ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ သူမတွင် ဆုံးရှုံးသွားသော မူလယင်ကို ပြန်လည် ပေါက်ဖွားစေနိုင်သည့် အလားအလာ ရှိသော်လည်း သူမကိုယ်တိုင် မပြုပြင်နိုင်ခဲ့ပေ။ ဝေ့ဝူယင်သည် ယန်ပြန်လည်ဆန်းသစ်ခြင်း ခန္ဓာကိုယ် ၏ အခြေခံသဘောတရားများကို ထည့်သွင်းရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအကြံကို ဖျက်သိမ်းခဲ့သည်။
နာ့ရှင်းရီသည် သူ၏ အလိုတော်အတိုင်း ခစားရမည့် ယင်စွမ်းအားဖြင့် မီးဖို တစ်ခုမျှသာ မဖြစ်လိုပေ။ သူမသည် မိမိကိုယ်ပိုင် အမည်နာမဖြင့် စစ်မှန်သော ထင်ပေါ်ကျော်ကြားမှုကိုသာ ရှာဖွေလိုသူ ဖြစ်သည်။
ချင်းဝမ်သည် တုန့်ဆိုင်းစွာဖြင့် ရေရှည်အကျိုးကျေးဇူးများနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးမြန်းခဲ့သည်။ ဝေ့ဝူယင်က သူမအား စုစုပေါင်း အရေအတွက် တစ်ရာခန့်ရှိသော အဂ္ဂိရတ် ထုတ်ကုန်များကို ပြသလိုက်၏။ ထိုထုတ်များ အားလုံးမှာ လျှို့ဝှက်လောကအဆင့်များ ဖြစ်ကြသည်။ ထိုအခါ သူမ၏ တုံ့ဆိုင်းမှုများမှာ မေ့ပျောက်ဖွယ် အိပ်မက်တစ်ခုအလား ချက်ချင်းပင် လွင့်စင်သွားတော့သည်။
သူမ ချက်ချင်းပင် သဘောတူလိုက်၏။ ဤအဂ္ဂိရတ် ထုတ်ကုန်များနှင့်ဆိုလျှင် သူမအနေနှင့် နှစ်ပေါင်း ထောင်ချီ၍ တံခါးပိတ် ကျင့်ကြံနိုင်ပြီး၊ ပြန်လည် ထွက်ပေါ်လာချိန်တွင် မူလယင် အရင်းအမြစ် အပြည့်အဝ ပြန်လည်ရရှိထားသော လျှို့ဝှက်အရှင် တစ်ဦး ဖြစ်လာနိုင်ပေသည်။ သူမသည် မိုက်မဲသူ မဟုတ်ရာ၊ ထူးကဲလှသော အကျိုးအမြတ်အတွက် ရေတို ဆုံးရှုံးမှုကို လက်ခံနိုင်ခဲ့သည်။
ဝေ့ဝူယင်သည် မိမိ အလိုရှိသောအရာကို ရယူရာတွင် ဖြောင့်မတ်စွာ ဆက်ဆံလေ့ရှိပြီး၊ မိမိအား ရန်မပြုသူကို မည်သည့်အခါမျှ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိပါးလေ့မရှိပေ။ သူမက အဂ္ဂိရတ် ထုတ်ကုန် တစ်ခုချင်းစီကို စစ်ဆေးနေစဉ် သူက ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။ ထိုအဂ္ဂိရတ် ထုတ်ကုန် အားလုံးမှာ အဆင့်မြင့် အရည်အသွေး အောက် နိမ့်ကျသည်ဟူ၍ တစ်ခုမျှ မရှိပေ။
ချင်းဝမ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အကြိမ်ပေါင်းများစွာ တံတွေး မျိုချနေမိသည်။ ဝေ့ဝူယင်က သူမကို လှည့်စားနေသည်ဟုလည်း သူမ မထင်တော့ပေ။ အကြောင်းမှာ သူ လှည့်စားနေစရာ မလိုသောကြောင့်ပင်။
သူသာ အလိုရှိပါက သူမ၏ ယင်ရင်းမြစ်ကို အတင်းအဓမ္မ ထုတ်ယူနိုင်သည်။ သူမ အနေဖြင့် အသက်မရှိသော ငါးတစ်ကောင်လို ငြိမ်ခံနေရုံမှတစ်ပါး အခြားမရှိပေ။
“မင်းအတွက် နောက်ထပ် ကမ်းလှမ်းချက်တစ်ခုလည်း ရှိသေးတယ်၊ မင်း လက်ခံချင်တယ်ဆိုရင်ပေါ့...”
ဝေ့ဝူယင်က ဆွဲဆောင်မှုရှိသော မိစ္ဆာတစ်ဦးအလား ထပ်မံ ကမ်းလှမ်းလိုက်ပြန်ရာ၊ ချင်းဝမ်မှာ အစွမ်းကုန် စိတ်ဝင်စားသွားတော့သည်။
“ဘာကမ်းလှမ်းချက်လဲ”
သူမသည် ဝေ့ဝူယင်အပေါ် သတိအနည်းငယ် ရှိနေသေးသော်လည်း၊ အသက်အန္တရာယ်အတွက် ကြောက်ရွံ့မှုမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယွီစွန်းလီ တစ်ယောက် အဘယ်ကြောင့် ဤမျှ ကောင်းမွန်စွာ ဆက်ဆံခံရသည်ကို သူမ အခုမှ သဘောပေါက်တော့သည်။ ဤ အထွတ်အထိပ် လောကအဂ္ဂိရတ် ရှန့်ထို မှာ အမျိုးသမီးများကို မည်သို့ ဆက်ဆံရမည်ကို ကောင်းစွာ သိရှိနားလည်သူ ဖြစ်ပေသည်။ အင်အားကြီးသူက အရာရာကို ပိုင်စိုးသော ကမ္ဘာတွင် ဤကဲ့သို့ ကျင့်ဝတ်သိက္ခာရှိစွာ ပြုမူသူမှာ ရှားပါးလှသည်။
အကယ်၍ ဝေ့ဝူယင်သည် လွန်ခဲ့သော နာရီပိုင်းကတင် လူပေါင်း သန်းချီ၏ ကျင့်ကြံခြင်း လမ်းစဉ်ကို ဖျက်ဆီးပစ်ခဲ့သည်ကို သူမ သိရှိခဲ့ပါက ဤအယူအဆကို ပြန်လည် စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။
“မင်းရဲ့ ကောင်းကင်လွှမ်းမိုးခြင်း ယင် ခန္ဓာကိုယ်က အရမ်း တန်ဖိုးရှိလွန်းတယ်... အဲဒါကြောင့် ငါ့ဘက်က ကမ်းလှမ်းချင်တာ... မင်း လက်မခံလည်း ရတယ်နော်... မင်းကို အစစ်အမှန် သူတော်စင် အဆင့်ကို အမြန်ဆုံး ရောက်အောင် ငါ ကူညီပေးမယ်... အထွတ်အထိပ် အရည်အသွေး ရှိတဲ့ သူတော်စင် နိုးထခြင်း ဆေးရည်နဲ့ တခြား အထောက်အကူပြု ထုတ်ကုန်တွေကို ပေးပြီး မင်းရဲ့ အခြေခံ ခိုင်မာအောင် ငါ တာဝန်ယူမယ်... အဲဒီအတွက် အပေးအယူကတော့… မင်း အဆင့်တက်ပြီးတဲ့နောက် ငါ ရွေးချယ်ပေးတဲ့သူ တစ်ယောက်နဲ့ သံဝါသကျင့်စဉ် ကို အတူ ကျင့်ကြံရမယ်”
ကောင်းကင်လွှမ်းမိုးခြင်း ယင် ခန္ဓာကိုယ် ပိုင်ရှင်သည် မည်သည့် ကျင့်ကြံသူအတွက်မဆို အကျိုးကျေးဇူး အလွန် ကြီးမားလှသည်။ သူမ၏ ကျင့်ကြံခြင်း အဆင့် မြင့်မားလာလေလေ၊ ထိုအကျိုးကျေးဇူးမှာ ပိုမို ပေါက်ကွဲထွက်လာလေလေ ဖြစ်မည်။ ဤခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသော အစစ်အမှန် သူတော်စင် တစ်ဦးအတွက်ဆိုလျှင် အထွတ်အထိပ် သူတော်စင်များပင် သတ်ဖြတ်လုယူရန် ကြိုးပမ်းကြမည်မှာ သေချာလှသည်။
သို့သော် အစစ်အမှန် သူတော်စင် တစ်ဦး ဖြစ်လာရန်မှာလည်း လွယ်ကူလှသည် မဟုတ်ပေ။
“...”
ချင်းဝမ်မှာ ချက်ချင်းပင် အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားရသည်။ ဤသည်မှာ ပထမဦးဆုံးပင်။ ဝေ့ဝူယင်က သူမအား သူတော်စင် တစ်ဦးအဖြစ် အဆင့်တက်စေပြီး အခြားသူတစ်ဦးနှင့် သံဝါသပြုရန် တောင်းဆိုနေသည် မဟုတ်ပါလော။
“ဟို… ဟို…”
သူမ၏ နှလုံးသားက ဤအချက်ကို လက်မခံနိုင်ဟု ပြောနေသော်လည်း၊ အစစ်အမှန် သူတော်စင် ဖြစ်လာရမည် ဆိုသော အတွေးမှာ အလွန် ဆွဲဆောင်မှု ရှိနေသဖြင့် သူမ၏ စိတ်နှင့် ဝိညာဉ်က အလွယ်တကူ မငြင်းဆန်နိုင် ဖြစ်နေသည်။
“မင်း ဆန္ဒရှိရင် အဲဒီလူနဲ့ အချိန်အနည်းငယ် အတူတူ နေကြည့်လို့ ရပါတယ်... ပြီးမှ သူနဲ့ အတူ ကျင့်ကြံမလားဆိုတာ ဆုံးဖြတ်ပေါ့... ငါ မင်းကို သူ့ရဲ့ အချိန်အရှိန်မြှင့် နယ်မြေထဲမှာ ထားပေးမယ်.... အဲဒါက ကျင့်ကြံခြင်းနဲ့ ပြန်လည် နာလန်ထူဖို့ အရမ်းကောင်းတဲ့ လျှို့ဝှက်နယ်မြေလေး တစ်ခုပေါ့... အဲဒီမှာ မင်းရဲ့ ယင်အမတေ ထုတ်ယူပြီးတဲ့နောက် နားနေရင်းနဲ့မှ ဆုံးဖြတ်ပါ... မင်း ကြိုက်တဲ့ အချိန်မှာ ထွက်သွားလို့ ရပါတယ်”
ဝေ့ဝူယင်က စိတ်ရှည်စွာ ကမ်းလှမ်းလိုက်သည်။
“...”
ချင်းဝမ်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမကဲ့သို့ လေလွင့်ကျင့်ကြံသူ တစ်ဦးအနေနှင့် ဤမျှ ထူးကဲလှသော အခြေအနေများကို မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။ ထို့အပြင် သူမတွင် ရွေးချယ်ပိုင်ခွင့်လည်း ရှိနေသေးသည် မဟုတ်ပါလား။ ထိုအမျိုးသားကို အရင်ဆုံး တွေ့ကြည့်တာကလည်း မည်သည့် အန္တရာယ်မှ မရှိနိုင်ပါချေ။
ဝေ့ဝူယင်၏ အပြုံးမှာ ပိုမို တောက်ပလာခဲ့လေ၏။ ကောင်းချီးခံ တစ်ဦး၏ ကြီးမားလှသော ကံကြမ္မာ အချိတ်အဆက်ကို အပြစ်သား အမွေခံ တစ်ဦးက တိတ်တဆိတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ပေတော့သည်။
...
ချင်းဝမ်ကို ရရှိလိုက်ခြင်းမှာ မမျှော်လင့်ဘဲ ရရှိလိုက်သော ထူးကဲသည့် ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ သူမသည် ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ခံထားရသော လေလွင့်ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး၊ မည်သူမဆို လိုချင်တပ်မက်ဖွယ်ကောင်းသည့် အလွန်တရာ ရှားပါးလှသော ယင်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဆရာ ဖြစ်သူ သေဆုံးခဲ့ပြီးနောက် သူမ အတိဒုက္ခ ရောက်နေစဉ် ကောင်းကင်ဘုံက သူမကို ထူးခြားဆန်းပြားသည့် အတိတ်သမိုင်းရှိသော၊ မိမိမျိုးဆက်တွင် အနှိုင်းမဲ့သည့် ကောင်းချီးခံ နှင့် ဆုံတွေ့စေရန် လမ်းညွှန်ပေးခဲ့သည်။ သူမသည် အချင်းချင်း ချိတ်ဆက်နေသော ကောင်းချီးခံများ ၏ ကမ္မကံကြမ္မာကို ပိုမိုမြင့်မားစေရန် တွန်းပို့ပေးသည့် အကောင်းဆုံးသော ကိရိယာတစ်ခုပင် ဖြစ်၏။
အကယ်၍ သူမသာ စုရီနှင့် သံဝါသ ကျင့်ကြံခဲ့ပါက သူမ၏ ကောင်းကင် လွှမ်းမိုးခြင်း စွမ်းအင်များသည် စုရီ၏ ကျင့်ကြံခြင်းကို တစ်ဆင့်မြင့်တက်သွားစေပြီး ယခင်ကထက် ပိုမိုခိုင်မာသော အခြေခံများကို တည်ဆောက်ပေးနိုင်လိမ့်မည်မှာ သေချာသလောက် ရှိသည်။
ထိုစဉ်က စုရီသည် သူမအပေါ် လောဘမကြီးဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့ခြင်းမှာ ချီးကျူးဖွယ်ပင်။ သူမ အန္တရာယ်ကြုံတွေ့ပါက သူ့ကို အချက်ပေးရန် သို့မဟုတ် ရှာဖွေရန်အတွက် သူပေးအပ်ထားသော အဆောင်လက်ဖွဲ့ကိုလည်း သူမက သိမ်းဆည်းထားဆဲ ဖြစ်သည်။
“အရင်တုန်းက လုံချန်လည်း ဒီလိုပဲ မဟုတ်လား... သူက ချင်ချူးမူ၊ နာ့ရှင်းရီနဲ့ လျဲ့ယုတို့လို အနှိုင်းမဲ့ အလှတရားနဲ့ ထူးခြားတဲ့ ပါရမီရှင် မိန်းကလေးတွေနဲ့ ဆက်ဆံရေးကို ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့တယ်... သူတို့က အမြဲတမ်း စိတ်ရှည်ကြတယ်၊ ပြီးတော့ တိကျတဲ့ အချိန်ကို စောင့်ဆိုင်းတတ်ကြတယ်”
ဝေ့ဝူယင်သည် ဖြူရော် အားနည်းနေသည့် ချင်းဝမ်ကို နားနေရန်အတွက် နယ်မြေတစ်ခုသို့ ပို့ဆောင်ပေးလိုက်ရင်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချမိသည်။ သူမ၏ ယင်အမတေကို ထုတ်ယူခြင်းမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ။ လက်ရှိတွင် ဝေ့ဝူယင်၏ လက်ဖဝါးပေါ်၌ စင်ကြယ်တောက်ပသော မက်မွန်ရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ယင်အမတေ အပိုင်းအစလေး တစ်ခုမှာ ဝဲပျံနေသည်။ ထိုစက်လုံးပုံစံ အမတေအတွင်း၌ လျှို့ဝှက်လမ်းစဉ် များထက်ပင် သာလွန်နက်နဲသော အခြေခံသဘောတရားများ ကိန်းဝပ်နေသည့် လျှို့ဝှက်သင်္ကေတများစွာ ပါဝင်နေသည်ကို ဝေ့ဝူယင် တွေ့မြင်နေရသည်။
ဤအရာနှင့်သာဆိုလျှင် သူသည် နောင်တစ်ချိန်တွင် အမျိုးသမီးများကို ဤခန္ဓာကိုယ်မျိုး ရရှိစေရန် သို့မဟုတ် ရှိပြီးသား ခန္ဓာကိုယ်၌ ဤဂုဏ်သတ္တိများ ပေါင်းစပ်ပေးနိုင်ရန် ခန္ဓာကိုယ်ပုံဖော်ဆေးလုံး များကို ဖန်တီးနိုင်ပေလိမ့်မည်။ ၎င်းသည် အမျိုးသမီးတစ်ဦး၏ ကံကြမ္မာကို အခြေခံကျကျ ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။
သီအိုရီအရဆိုလျှင် ဝေ့ဝူယင်သည် ကောင်းကင်လွှမ်းမိုးခြင်း ယင်ခန္ဓာကိုယ် ပိုင်ရှင် ယန်စွမ်းအားဖြည့် မီးဖို အမြောက်အမြားကို ဖန်တီးနိုင်ပေသည်။ သူ၏ အာဏာရှင်များအဖွဲ့ကို အထောက်အကူပြုမည့် အင်အားစုတစ်ခုကိုပင် တည်ထောင်နိုင်၏။ သို့သော် ထိုအတွေးမျိုးမှာ အတန်ငယ် ယုတ်မာရက်စက်ရာ ရောက်ပေသည်။ လူသားများကို အခြားသူများအတွက် အရင်းအမြစ်တစ်ခုပမာ အသုံးချခြင်းမှာ နာ့ရှင်းရီ ဝင်ရောက်ခဲ့သည့် အမှောင်ယန် နန်းတော် ထက်ပင် ပိုမိုကြီးမားသော ယန်စွမ်းအား စိုက်ပျိုးရေးခြံ ကြီးများ တည်ထောင်ခြင်းနှင့် မခြားတော့ပေ။ ထိုသို့ဆိုလျှင် သူသည်လည်း ယခင်က တွေ့ကြုံခဲ့ရသော အင်ပါယာမှ မောက်မာသူများနှင့် ထူးခြားမည် မဟုတ်တော့ချေ။
“ကျင့်ကြံခြင်း လမ်းစဉ်က လွယ်ကူတဲ့ ခရီးတစ်ခု မဟုတ်တာ နှမြောစရာပဲ...”
အစောပိုင်းက ဝေ့ဝူယင်သည် ချင်းဝမ်အား အစစ်အမှန် သူတော်စင် အဆင့်သို့ ရောက်ရှိအောင် ကူညီပေးမည်ဟု ပြောကြားခဲ့သော်လည်း၊ သူ အများဆုံး လုပ်ပေးနိုင်သည်မှာ ခိုင်မာသော အခြေခံပေးရန်၊ ကျရှုံးပါက ကာကွယ်ပေးရန်နှင့် အဆင့်တက်ရန် လိုအပ်ချက်များကို ကူညီပေးရန်သာ ဖြစ်သည်။ ၎င်းတို့မှာ အာမခံချက်တော့ မဟုတ်ပေ။
မီးခိုးရောင် နှင်းဆီပင်လျှင် ပင်လျှင် လျှို့ဝှက်အရှင် အဆင့်မှာပင် ရှိနေသေးသည် မဟုတ်ပါလား။ ဝေ့ဝူယင်တွင် မည်သည့် ရည်ရွယ်ချက်အတွက်မဆို အသုံးပြုနိုင်သော ထူးခြားသည့် အဂ္ဂိရတ် ထုတ်ကုန်များစွာ ရှိနေသော်လည်း၊ ဆေးစွမ်းကောင်းများ မည်မျှပင် ရှိစေကာမူ ကျင့်ကြံခြင်းဆိုသည်မှာ ကာယကံရှင်ကိုယ်တိုင် ကျော်ဖြတ်ရမည့် အရာပင် ဖြစ်သည်။ လောကရှိ အကူအညီအားလုံးသည် ကျင့်ကြံသူကို ချောက်ကမ်းပါး၏ အနားသတ်အထိသာ ပို့ဆောင်ပေးနိုင်သည်။ ထိုချောက်ကို ကျော်ဖြတ်နိုင်ခြင်း ရှိ၊ မရှိမှာမူ သူတို့၏ စိတ်ဓာတ်၊ သတ္တိ၊ ဝိညာဉ်နှင့် ကံတရားအပေါ်၌သာ မူတည်ပေသည်။
***
အပိုင်း(၂၂၄၈)
ဝေ့ဝူယင်သည် ကုတင်ထက်တွင် ထိုင်ရင်း သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။ သူ၏ အကြည့်မှာ အိပ်မောကျနေသော ဝေ့ရှောင်ထျန်းထံသို့ ရောက်သွားသည်။ သူမ၏ သေမျိုးခန္ဓာကိုယ်မှာ အစောပိုင်းက ပြင်းထန်သော ထိတွေ့မှုများကို အပြည့်အဝ မခံနိုင်သဖြင့် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်နေခြင်း ဖြစ်၏။ ကောင်းချီးခံများမှာ အချိန်အခါကောင်းများကို ရှာဖွေရန် ကျိန်စာသင့်နေသူများ ဖြစ်ရာ သူသည်လည်း ထိုကျိန်စာမှ မလွတ်ကင်းပေ။
ဝေ့ဝူယင်သည် ဝေ့ရှောင်ထျန်း၏ အနားတွင်ပင် လဲလျောင်းရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိသည်။ ကောင်းကင်ဘုံက ဖန်တီးထားသလား မှတ်ရအောင်ပင် အပြစ်ပြောစရာ မရှိသော သူမ၏ အလှတရားမှာ သူ၏ ကိုယ်ပိုင် အရှိန်အဝါများနှင့် ပေါင်းစပ်ကာ ဆွဲဆောင်မှုအပြည့် ရှိနေသည်။
အချိန် အတန်ကြာပြီးနောက် သူမက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ မျက်တောင်လေးများ လှုပ်ခတ်သွားပြီးနောက် မိန်းကလေး၏ မျက်နှာတွင် တောက်ပသော အပြုံးလေးတစ်ခု ပေါ်ပေါက်လာသည်။ သူမသည် ဝေ့ဝူယင်၏ လက်ကို တိတ်ဆိတ်စွာပင် ဆုပ်ကိုင်လိုက်ရာ သူတို့၏ လက်ချောင်းများမှာ ယန်နှင့်ယင် ဟန်ချက်ညီစွာ ယှဉ်တွဲသွားတော့သည်။ စကားလုံးများ မလိုအပ်ဘဲ သူတို့၏ အတွေးနှင့် ခံစားချက်များကို ဖလှယ်နေကြသည်။
ဝေ့ရှောင်ထျန်း၏ မြှူဆွယ်မှုနှင့် ရဲတင်းသော အပြုအမူများအပြီးတွင် ဝေ့ဝူယင်က သူမအား မောင်းမလွှတ်ဘဲ အနားတွင် ဆက်ရှိနေခြင်းမှာ သူ၏ ခံစားချက်နှင့် သူမအပေါ် ထားရှိသော ဂရုစိုက်မှုကို ဖော်ပြနေခြင်းပင်။ ဤသည်မှာ အမျိုးသမီးတိုင်း မိမိတို့၏ အမျိုးသားထံမှ မျှော်လင့်ရသော နှလုံးသား အသိ ပင် ဖြစ်ပေသည်။
တစ်နာရီခန့် ကြာပြီးနောက် ဝေ့ရှောင်ထျန်းသည် ဝတ်စုံကို သေချာစွာ ဝတ်ဆင်ကာ ဆံပင်ကိုလည်း အလှပြင်လိုက်သည်။
“ဒါမျိုး နောက်တစ်ခါ မလုပ်တော့ဘူးလို့ ကျွန်မ ကတိပေးပါတယ်”
သူမက နတ်ဘုရားများပင် မငြင်းဆန်နိုင်သော စမ်းသပ်မှုမျိုးဖြင့် ဝေ့ဝူယင်၏ စိတ်ထိန်းချုပ်မှုကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် သူ၏ အနာဂတ်အတွက် သူမ၏ အနာဂတ်ကို စတေးရန် အသင့်ရှိနေခဲ့သူ ဖြစ်၏။
အမှန်စင်စစ် သူမသည် စိုးရိမ်နေမိသည်။ ဝေ့ဝူယင်သာ သူမ၏ သိမြင်နားလည်မှုနှင့် စွမ်းအားများကို ရရှိခဲ့ပါက သူ၏ အနာဂတ်မှာ ပိုမို လုံခြုံသွားပေလိမ့်မည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ နိမ့်ပါးနေသေးသဖြင့် သူမ၏ မွေးရာပါ စွမ်းရည် သုံးခုလုံးကို အပြည့်အဝ အသုံးမချနိုင်သေးပေ။ ဝေ့ဝူယင်အတွက် အသုံးဝင်မည့် အရာများကိုလည်း သူမ သေချာစွာ မဖော်ပြနိုင်သေးသဖြင့် မိမိကိုယ်ကိုယ် အသုံးမကျသူဟု ခံစားနေရသည်။ သူမသည် ဝေ့ဝူယင်၏ ယခင် အောင်မြင်မှုများကို အတုယူကာ အပြစ်ပြောစရာ မရှိသော ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းရန် ကြိုးပမ်းနေသော်လည်း ၎င်းမှာ အချိန်နှင့် အားစိုက်ထုတ်မှု များစွာ လိုအပ်နေသည်။
သူမတွင် ဝေ့ဝူယင်ကဲ့သို့ အသိစိတ်ရှိသော ကျင့်ကြံခြင်း ဝိညာဉ် များ သို့မဟုတ် ဝိညာဉ်ကို ထုဆစ်ပေးမည့် ငရဲကပ်ဘေး အတွေ့အကြုံမျိုး မရှိပေ။ သူမသည် အရာရာကို ကိုယ်တိုင် ကြိုးစားနေရခြင်း ဖြစ်သည်။ သူမအတွက် တစ်ခုတည်းသော အားကိုးရာမှာ ဝေ့ဝူယင်၏ အကန့်အသတ်မဲ့သော ကူညီထောက်ပံ့မှုများပင် ဖြစ်သည်။
ဝေ့ဝူယင်က မိုးကုပ်စက်ဝိုင်း မျှော်စင်ခုနစ်ခု ကို စိန်ခေါ်ခဲ့သည့် ဖြစ်ရပ်မှာ သူမအတွက် ထိတ်လန့်စရာပင်။ ဝေ့ဝူယင်မှာ သူစိမ်းနယ်မြေရှိ မခန့်မှန်းနိုင်သော အန္တရာယ်များအကြား ကခုန်နေခြင်း ဖြစ်ပြီး မသိရှိရသေးသော အင်အားကြီး အဖွဲ့အစည်းများကို စိန်ခေါ်နေခြင်း ဖြစ်သည်။ အခြားသူများ ထင်သလို သူသည် အထွတ်အထိပ် သူတော်စင် တစ်ဦး မဟုတ်ပေ။ ဝေ့ရှောင်ထျန်း၏ အမြင်တွင် ဝေ့ဝူယင်သည် သူ၏ သာမန် ဇနီးသည်များ ယုံကြည်ထားသကဲ့သို့ အနှိုင်းမဲ့သူ တစ်ဦး မဟုတ်သေးချေ။
ဝေ့ဝူယင်မှာ အသက် (၁၀၀) ကျော်ရုံသာ ရှိသေးပြီး တစ်ကမ္ဘာလုံးကို ရင်ဆိုင်ကာ အတတ်နိုင်ဆုံး ကြိုးစားနေရသော လူငယ်တစ်ဦးမျှသာ ဖြစ်သည်။ သူသည် အသတ်ခံရနိုင်သလို၊ ရှုံးနိမ့်သွားနိုင်ခြေလည်း ရှိသည်။ သူမသည် သူ မရှုံးနိမ့်စေရန်သာ သေချာစေချင်သည်။ ထို့ကြောင့်ပင် သူမသည် သူ၏ လုံခြုံရေးအတွက် သူမ၏ အနာဂတ်ကို စတေးရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။ သူ သေဆုံးသွားမှာကို သူမ မလိုလားပေ။ သူမ၏ မွေးရာပါ လက်ဆောင် သုံးခုသာ သူ ရရှိခဲ့ပါက…။
မည်သို့ပင်ဆိုစေ ဝေ့ဝူယင်သည် သူမအား ဤကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံးသော ကောင်းချီးဖြစ်သည့် ဘဝနှင့် အနာဂတ် ကို ပေးသနားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမအနေနှင့် အပေးအယူလုပ်ထားသည့် အချိန်ထက် အတန်ငယ် စောနေစေကာမူ တစ်ခုခု ပြန်လည်ပေးဆပ်လိုခြင်းမှာ မမှားနိုင်ပေ။
ဝေ့ဝူယင်သည် သူမကို မြင်လိုက်ရသည့် ပထမဦးဆုံး စက္ကန့်မှာပင် သူမ၏ ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့သည်။ သူသည် သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူမ၏ တည်ရှိမှု တစ်ခုလုံးကို ဆုပ်ကိုင်ထားလိုသည့်အလား သူ၏ ဖက်ထားမှုမှာ တင်းကျပ်လှသည်။
“ငါ့ကို ယုံကြည်ပါ...”
ထိုစကား သုံးလုံးကြောင့် ဝေ့ဝူယင်၏ ရင်ခွင်ထဲရှိ ဝေ့ရှောင်ထျန်း၏ မျက်ဝန်းများမှာ အတိုင်းအထက်အလွန် ပြူးကျယ် သွားတော့သည်။ လျှပ်စီးလက်သွားသကဲ့သို့ပင် သူမ၏ အတွေးထဲတွင် ကြီးမားသော သိမြင်နားလည်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ဝေ့ဝူယင်သည် သူ၏ ဝတ်ရုံများပေါ်တွင် နွေးထွေးသော မျက်ရည်စများ စိုရွှဲသွားသည်ကို ခံစားလိုက်ရသည်။ ရှိုက်ကြီးတငင် ငိုကြွေးရင်း ‘ဟုတ်ကဲ့...’ ထပ်ခါတလဲလဲ ပြောနေသော သူမ၏ အသံလေးများက သူ၏ နှလုံးသားအတွင်း၌ ယခင်က မခံစားဖူးသော ထူးခြားသည့် ဝေဒနာတစ်ရပ်ကို မွေးဖွားပေးလိုက်သည်။
သူတို့နှစ်ဦးသည် ဤသို့ပင် အချိန်အတော်ကြာအောင် ပွေ့ဖက်ထားခဲ့ကြသည်။ နောက်ဆုံးတွင် တစ်ဦးကိုတစ်ဦး လွှတ်လိုက်ကြသော်လည်း သူတို့၏ နှုတ်ခမ်းများမှာ ထပ်မံ၍ ထိတွေ့သွားကြပြန်ရာ၊ စကားလုံးဖြင့် ဖော်ပြ၍မရသော ခံစားချက်များကို စနစ်တကျ ဖလှယ်လိုက်ကြတော့သည်။
ဝေ့ဝူယင်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူ အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လိုက်ရင်း ကြယ်တာရာမျက်ဝန်းများဖြင့် ပြင်ပလောကကို အကဲခတ်နေမိသည်။ ထိတ်လန့်ဖွယ်ကောင်းသော ဇာစ်မြစ်များရှိသည့် အရှိန်အဝါများမှာ အမတေဓား ကြယ်တာရာ နယ်မြေထံသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ ဝေ့ဝူယင်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်ရှိသည့် ကောင်းချီးခံ - ပဲ့တင်ထပ် ဝိညာဉ် အဆင့် မှ ပြန်လည်ဝင်စားသူ ဖြစ်နိုင်ချေရှိသော စုရီတို့၏ ကစားပွဲကို ကြည့်ရှုရန် လာကြခြင်းပင်။
ထိုသူများသည် သူ့အတွက် လာကြသည် ဖြစ်စေ၊ စုရီအတွက် လာကြသည် ဖြစ်စေ၊ သို့မဟုတ် ပွဲကြည့်ရုံသက်သက် လာကြသည် ဖြစ်စေ၊ ဝေ့ဝူယင်ကမူ မည်သည့်အရာကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်သည် စိတ်ကို ကြည်လင်အောင် ထားပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် သူရဲကောင်းတာအို နန်းတော် ၏ နန်းတော်သဖွယ် အဆောက်အအုံအတွင်း၌ မိမိ၏ ဒုတိယအိမ်အလား ကျွမ်းကျင်စွာ လျှောက်လှမ်းနေမိသည်။ ယခုအခါ ဤနေရာမှာ ချောင်စွေ့ဖုန်း၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီ ဖြစ်ရာ သူ၏ အိမ်ဟု ဆိုလျှင်လည်း မမှားပေ။ ခန်းမဆောင်များအတွင်း၌ ဝေဝါးသော တင်းမာမှုများ ဖုံးလွှမ်းနေပြီး လူသူကင်းမဲ့နေသည်။
သူရဲကောင်းတာအို နန်းတော် မှ ပညာသင်ကြားပေးထားသော သူတော်စင် သုံးဦးကို လုပ်ကြံရန် ကြိုးပမ်းမှုမှာ မထင်မှတ်ထားသော ဖြစ်ရပ်များ ဖြစ်သဖြင့် သုံးပွင့်ဆိုင် အခမ်းအနားမှာလည်း အချိန်ရွှေ့ဆိုင်းလိုက်ရတော့သည်။ စုရီနှင့် ဝေ့ဝူယင်တို့၏ ကစားပွဲကလည်း ဤတင်းမာမှုကို ပိုမို ဆိုးရွားစေသည်။ ရှန့်ဝမ်ချင်း၏ ကံကြမ္မာမှာ ဤကစားပွဲအပေါ်တွင် လုံးလုံးလျားလျား မတည်သော်လည်း၊ ယခုကိစ္စတွင် မည်သူမျှ ခန့်မှန်း၍ မရနိုင်သော ပိုမိုရှုပ်ထွေးသည့် အလွှာများ ရှိနေသည်ကို လူတိုင်း ရိပ်မိကြသည်။
ဝေ့ဝူယင်သည် အထွတ်အထိပ် မျှော်စင်ခုနစ်ခု မှ တာအို အစောင့်အရှောက် ကိုပင် အနည်းငယ်မျှ ရိုသေမှု မပြခဲ့သော်လည်း၊ စုရီနှင့်မူ ကစားပွဲတစ်ခု ကစားရန် စိန်ခေါ်ခဲ့သည်။ ဤအချက်ကပင် များစွာသော အဓိပ္ပာယ်များကို ဖော်ဆောင်နေပေသည်။
ဒဏ်ရာမှ ပြန်လည်သက်သာလာသော သူတော်စင်များမှာမူ ဤစိန်ခေါ်မှု၏ နောက်ကွယ်တွင် ဝှက်ဖုံးနေသော လျှို့ဝှက်ချက်များကို အနည်းငယ်မျှ ရိပ်စားမိကြသည်။
နောက်ဆုံးတွင် ဝေ့ဝူယင်သည် ရှန့်လျို၏ အခန်းကို ရှာတွေ့သွားသည်။ သူက တံခါးကို ခေါက်လိုက်ရာ ဝိညာဉ်လှိုင်းတစ်ခုက သူ၏ တည်ရှိမှုကို အသိပေးလိုက်သည်။ ခဏအကြာတွင် အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဝင်ခဲ့ပါ...”
အခန်းထဲသို့ ဝင်လိုက်သောအခါ ဝေ့ဝူယင်သည် ရှန့်မိသားစုဝင် သုံးဦး ဖြစ်သော ရှန့်လျို၊ ရှန့်ဝမ်ချင်းနှင့် သခင်လေးရှန့်တို့ကို အတူထိုင်နေသည်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည်များ၊ ဝိုင်များနှင့် ခွက်အချို့မှာ အကြိမ်ကြိမ် သောက်သုံးထားပုံ ရသည်။
ရှန့်ဝမ်ချင်း၏ ခမ်းနားလှသော ရုပ်ရည်၊ အထူးသဖြင့် သူမ၏ လှပသော မျက်ဝန်းများမှာ ဝေ့ဝူယင်ကို မြင်လိုက်ရသောအခါ ဝိုင်းစက်သွားတော့သည်။ သူမသည် သူ့ကို ခေတ္တမျှ မြင်ဖူးသော်လည်း၊ ၎င်းမှာ သူမ၏ အသက်ကို လုနေရသော တိုက်ပွဲမစမီ စက္ကန့်ပိုင်းမျှသာ ဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲမှ တောက်ပနေသော အရိပ်အယောင်များကို ကြည့်ခြင်းဖြင့် ဝေ့ဝူယင်အပေါ် စိတ်ဝင်စားမှုနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်ကို မည်သူမဆို မြင်နိုင်ပေသည်။
သူမသည် အနက်ရောင်နှင့် စိမ်းပြာရောင် ရောယှက်ထားသော ချောင်ဆမ် ဝတ်စုံကို ဝတ်ဆင်ထားရာ၊ ၎င်းက သူမ၏ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေပြီး၊ အမျိုးသားများ၏ အကြည့်ကို ဆွဲဆောင်နိုင်လောက်သော ရင်သားအလှမှာလည်း ဝတ်စုံအောက်တွင် ထင်ရှားနေသည်။
ရှန့်လျိုမှာ ရှန့်ဝမ်ချင်း၏ ဘေးတွင် ထိုင်နေပြီး သခင်လေးရှန့်မှာမူ ၎င်းတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
“မိန်းကလေးရှန့်နဲ့ အခုလို တွေ့ရတာ ဝမ်းသာပါတယ်...”
ဝေ့ဝူယင်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သခင်လေးရှန့်၏ မျက်နှာမှာမူ အနည်းငယ် အနေရခက်နေပုံရပြီး တစ်ခုခု ပြောချင်နေပုံ ရသည်။
ရှန့်ဝမ်ချင်းသည် နေရာမှ ထရပ်ကာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်ဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
“လောကရှန့်ထိုဝေ့နဲ့ အခုလို တွေ့ခွင့်ရတာ ကျွန်မအတွက် အကြီးမားဆုံး ဂုဏ်ယူမှုပါပဲ... ရှင့်ရဲ့ နာမည်ကို စကြားကတည်းက ကျွန်မ တွေ့ချင်နေခဲ့တာပါ”
သူမ ပြန်အထတွင် ဝေ့ဝူယင်နှင့် မျက်လုံးချင်း ဆုံသွားရာ၊ ရှန့်ဝမ်ချင်း၏ နှလုံးခုန်သံမှာ ဆင်အုပ်ကြီး ချီတက်လာသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားတော့သည်။