← Chapters

အခန်း (၂၂၅၉-၂၂၆၀)

Vol. 162 Ch. 2259-2260

အခန်း (၂၂၅၉-၂၂၆၀)

Vol. 162 Ch. 2259-2260

အပိုင်း(၂၂၅၉)

"မင်းကလား..."

ရုတ်တရက် စကားသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုစကားသံသည် သံချပ်ကာကောင်းချီး ကြယ်ကွင်းပြင် အတွင်းရှိ လူအားလုံးနှင့် အဝေးမှ စောင့်ကြည့်နေသူအားလုံး၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ ထိုစကားသံ၌ သဘာဝထက်လွန်သော ဝိညာဉ်အင်အားများ ပြင်းထန်စွာ ပါဝင်နေ၏။

ချက်ချင်းဆိုသလိုပင် လူငယ်၏ မျက်လုံး သူငယ်အိမ်များမှာ သူ့ဘဝ တစ်သက်တာတွင် မကြုံစဖူး အခြေအနေ တစ်ခု အထိ ကျဉ်းမြောင်း သွားခဲ့တော့သည်။

ဖောက်...

ရုတ်တရက်... လက်မ ၁၂ လက်မခန့်သာရှိသော အလွန်သေးငယ်သည့် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်ထွက်လာသည်။ အလွန်သေးငယ်သော်လည်း ထိုထဲမှ ထွက်ပေါ်လာသော အရာမှာမူ အဆုံးစွန်ထိ ထိတ်လန့်ဖွယ် ကောင်းလှသည်။

၎င်းမှာ အမျိုးသားတစ်ဦး၏ လက်တစ်ဖက်ပင် ဖြစ်၏။ ၎င်းသည် မဟာတာအို၏ ကောင်းချီးကို ရရှိထားသကဲ့သို့ပင် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။

ထိုလက်သည် လက်ချောင်းလေးချောင်းနှင့် လက်မတို့ကို ဆန့်ထုတ်လျက် လူငယ်၏ ဦးခေါင်းနှင့် လက်မအနည်းငယ်အကွာသို့ ရောက်ရှိလာသည်။ ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော ကောင်းကင်ဘုံ၏ ဖီဆန်၍မရသော ဥပဒေသများကဲ့သို့ပင် လျှပ်စီးလက်သဖွယ် မြန်ဆန်လှသော အရှိန်ဖြင့် ထိုလူငယ်၏ ဦးခေါင်းမှာ လက်ဝါးအတွင်းသို့ ဆွဲယူခြင်း ခံလိုက်ရသည်။

"ဟင့်အင်း... မဟုတ်ဘူး... မဟုတ်ဘူး..."

မိမိ၏ အသက်နှင့် သေခြင်းတရားကို နတ်ဘုရားနှင့်တူသော လက်ဝါးကြီးက ဆုပ်ကိုင်ထားသည်ကို သိရှိသွားချိန်တွင် လူငယ်မှာ ရုန်းကန်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မိမိစိတ်အလိုအတိုင်း လှုပ်ရှား၍ မရတော့ပေ။

သူ၏ အသိစိတ်ပင်လယ်နှင့် စကားပြောရန် ဝိညာဉ်ဆန္ဒတို့မှလွဲ၍ သူ၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း စွမ်းအားအားလုံးမှာ ထိုနေရာ၌ပင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားသော လက်ချောင်းများက ဖြည်းည်းစွာ ညှစ်ထုတ်လာသည်ကို သူ ခံစားနေရသည်။

"နေပါဦး... ခဏစောင့်ပါဦး... ခဏလေး..."

သူသည် အစွန်းကုန် ထိတ်လန့်မှုများဖြင့် ရူးသွပ်စွာ အော်ဟစ်နေမိသည်။ သို့သော်လည်း တူဖြင့် ထုနှက်ခံရသော တို့ဟူးတုံးကဲ့သို့ပင် သူ၏ သန့်စင်ထားသော ခန္ဓာကိုယ်နှင့် ဦးခေါင်းခွံမှာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

"..."

"..."

"..."

စောင့်ကြည့်နေသူအားလုံးမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေကြစဉ်မှာပင် လူငယ်၏ ဦးခေါင်းမှာ ဦးနှောက်များ၊ အရိုးများ၊ သွားများ၊ မျက်လုံးများနှင့် သွေးများ ရောနှောလျက် ပုံပျက်ပန်းပျက် ကြေမွသွားသည်ကို မြင်တွေ့လိုက်ကြရသည်။

လူငယ်၏ ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်များမှာ ငြိမ်းသတ်ခြင်း ခံလိုက်ရပြီး၊ သူ၏ ဝိညာဉ်အကာအကွယ်မှာလည်း အဆင်အခြင်မဲ့သော အကြမ်းဖက်မှုကြောင့် ထိုးဖောက်ဖျက်ဆီးခံလိုက်ရသဖြင့် သူ၏ ဝိညာဉ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူတော်စင် တစ်ဦး၏ မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။

ဦးခေါင်းမရှိသော သူတော်စင် တစ်ဦး၏ အသက်မဲ့အလောင်းမှာ အမှောင် ဟင်းလင်းပြင် အတွင်း၌ လွင့်မျောနေတော့သည်။ လေးလံထိုင်းမှိုင်းသော အရှိန်အဝါတစ်ခုမှာလည်း လွှမ်းခြုံလာသည်။

"အဲ့ဒီ သုံးကွက်က ငါ့ဆီကပဲ..."

ထိုအသံမှာ အေးစက်တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

"မင်းက တစ်ကွက်တောင် မခံနိုင်ပါလား..."

ထိုသို့ ပြောပြီးနောက် ထိုလက်သည် အနောက်သို့ ဆုတ်ခွာသွားပြီး သူတော်စင် ၏ အလောင်းမှာလည်း သေးငယ်သော တံခါးပေါက်အတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။ အလောင်းမှာ ကျုံ့ဝင်သွားပြီး အရိုးကျိုးသံများမှာ နားထောင်သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေလောက်သည်။

ပါခက်သည် သူမ၏ ဓားကောက်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သူမကမူ ဘာကိုမျှ ဂရုမစိုက်သကဲ့သို့ မူလအာရုဏ်ဦး နန်းတော် ၏ တံခါးမကြီးများဆီသို့ ပြန်လည် လျှောက်လှမ်းသွားသည်။

စုရီ၏ နှုတ်ခမ်းများမှာ တုန်ရီနေ၏။ ဤအရာမှာ သူ မျှော်လင့်ထားသည့် အရာမဟုတ်ပေ။

မည်သူတစ်ဦးတစ်ယောက်ကမျှ မျှော်လင့်မထားသော အခြေအနေပင်။

ထိုအချိန်တွင် ဝေးကွာလှသော နေရာတစ်ခု၌ ဝိညာဉ်အာရုံခံစားမှု ရှိသူများသာ သိနိုင်သော ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ဝေ့ဝူယင် သည် နန်းတော်အတွင်းရှိ အလယ်တွင် ဖန်သားအမိုးခုံးပါသော ကျောက်စိမ်း စားပွဲဝိုင်းကြီး၌ တည်ငြိမ်စွာ ထိုင်နေသည်။ သူသည် ထိုဟိန်းဟောက်သံနှင့် ဒေါသများကို အာရုံခံမိသော်လည်း၊ သူ၏ အာရုံမှာမူ လျင်မြန်စွာ ပြောင်းလဲနေသော သူ၏ အပြစ်သား သွေးမျိုးဆက် တက်တူးများဆီ၌သာ ရှိနေသည်။

စုရီ၏ ကမ္မတန်ဖိုးများမှာ ယခုမူ သူ၏အပိုင် ဖြစ်သွားခဲ့လေပြီ။

[ညာဘက် လက်မောင်း - မာန]

ကမ္မကံ တန်ဖိုး : ၂၁၀,၂၃၀ → ၂၆၂,၄၇၁.၁

ပထမ ကပ်ဘေး ရှင်သန်ခြင်း... (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)

စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)

ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၉ နှစ်)

...

[ဘယ်ဘက် လက်မောင်း - ရမ္မက်]

ကမ္မကံ တန်ဖိုး : ၂၁၀,၂၃၀ → ၂၆၂,၄၇၁.၁

ပထမ ကပ်ဘေး အောင်မြင်ခြင်း... (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)

စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)

ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၉ နှစ်)

...

ထိုလူငယ်မှာ မကြာသေးခင်ကမှ အဆင့်တက်လာသည့် သူတော်စင် တစ်ဦး ဖြစ်သော်လည်း အပြစ်သား သူတော်စင် တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

စုရီကို ဆန့်ကျင်ရန် မည်သူက စေလွှတ်လိုက်သော နယ်ရုပ်ဖြစ်ပါစေ၊ ဝေ့ဝူယင် အနေဖြင့် ဂရုမစိုက်ပေ။ သူသည် မျှတမှုမရှိသော တိုက်ပွဲမျိုးကိုလည်း မလိုလားပေ။ ဤကစားပွဲ၏ တရားဝင်မှုကို မည်သူမျှ သံသယ မရှိစေရချေ။ သူကမူ မိမိ၏ တံခါးဝသို့ ရောက်ရှိလာသော ဤအရသာရှိလှသည့် အစားအစာအတွက်သာ ကျေးဇူးတင်နေတော့သည်။

…

ဝန်းကျင်တစ်ခုလုံးကို စိတ်မသက်မသာ ဖြစ်မှုများက လွှမ်းမိုးနေသည်။ အထွတ်အထိပ် သူတော်စင်တစ်ဦး၏ ရက်စက်လှသော ကွပ်မျက်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသူတို့၏ စိတ်၊ နှလုံးသားနှင့် ဝိညာဉ်များမှာ ထိတ်လန့်တုန်လှုပ်မှု၊ မယုံကြည်နိုင်မှု၊ ကျောစိမ့်ဖွယ်ရာ ကြောက်ရွံ့မှုနှင့် ရိုသေခန့်ညားမှုတို့ ဖြင့် ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရလေသည်။ ထိုသူတော်စင်၏ ကြောက်လန့်တကြား အသနားခံနေသည့် အသံနှင့် မကျေမနပ်ဖြစ်နေသော အသံများပါဝင်သည့် ဝိညာဉ်လှိုင်းရိုက်ခတ်သံများမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

အချိန်အတော်ကြာပြီးနောက်တွင်မှ ယွီပေါင်ယွဲ့မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိတော့သည်။ သူမ၏ နှလုံးသားထဲတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရှိခဲ့သော်လည်း ထိုယုံကြည်မှုမှာ ဝိညာဉ်အဂ္ဂိရတ်ပညာရပ်ကို မြင့်မားသော ကျင့်ကြံခြင်းအဆင့်ထိ လေ့ကျင့်ထားသည့် အဂ္ဂိရတ်ပညာရှင်များအပေါ် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ လူမှုရေးအရ အကာအကွယ်ပေးထားမှုများကြောင့်သာ ဖြစ်သည်။

သို့သော် ယခုအခါ၌မူ ဤသူစိမ်းမှာ သူစိမ်းတစ်ယောက်သာဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ထို့ထက် ပို၍အရေးကြီးသည်က သူသည် ဧကရာဇ်တစ်ပါး ဖြစ်သည်။ အထွတ်အထိပ် သူတော်စင်အဆင့် ကျင့်ကြံခြင်း အခြေခံရှိသော ဧကရာဇ်တစ်ပါး။ ကြောက်ရွံ့မှုကင်းမဲ့ပြီး ရန်လိုလွန်းကာ လျှို့ဝှက်ဆန်းကြယ်လွန်းသူ။ သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ခြင်းမျိုးစေ့တစ်ခု အမြစ်တွယ်သွားခဲ့လေပြီ။

သူမတစ်ဦးတည်း မဟုတ်ပေ။ သူတော်စင်အချင်းချင်း တိုက်ပွဲမှာ ပြင်းထန်လွန်းလှသည်။ တိုက်ကွက် သုံးကွက်သာ အပြန်အလှန် ရှိခဲ့သော်လည်း မိမိတို့သခင်၏ အသက်ကို ကာကွယ်ရန် တာဝန်ပေးထားသည့် တာအိုစောင့်ရှောက်သူ သူတော်စင်များပင် ပါခက် ၏ ထိုတိုက်ကွက် သုံးကွက်ကို ခံနိုင်ရည်ရှိမည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိကြပေ။ ထို့ပြင် ကောင်းကင်ရတနာ များမှာ ပန်းသီးပင်မှ ပန်းသီးများကဲ့သို့ အလွယ်တကူ ရနိုင်သောအရာများ မဟုတ်။ ၎င်းတို့သည် အထွတ်အထိပ် သူတော်စင်များသာ ထိတွေ့နိုင်သည့် စွမ်းအားများကို ထုတ်ဖော်နိုင်သော ထူးခြားမြင့်မြတ်သည့် ရတနာများဖြစ်သည်။

ကျင့်ကြံခြင်းလောက အစပျိုးကတည်းက ကျင့်ကြံခြင်းစံနှုန်းများသည် တိုးတက်ပြောင်းလဲလာခဲ့ပြီး ဥပဒေသမျိုးစေ့ များကဲ့သို့ အောင်မြင်မှုဆီသို့ လွယ်ကူသော လမ်းစများကို ဖန်တီးပေးခဲ့ကြသည်။ သို့သော် မြေကြီးရှန့်ထိုများ၊ အာဏာရှင် ရှန့်ထိုများ၊ လျှို့ဝှက်အရှင်များ သို့မဟုတ် သူတော်စင်များပင်လျှင် ကောင်းကင်ဘုံ၏ စွမ်းအားကို ဤမျှလွယ်ကူစွာ ကိုင်တွယ်နိုင်ရန် ဖန်တီးထားခြင်း မဟုတ်ပေ။

ဤရတနာများကို ဖန်တီးရန်အတွက် အလွန်အမင်း များပြားသော ကုန်ကြမ်းများနှင့် သန့်စင်ခြင်း လုပ်ငန်းစဉ်များ လိုအပ်သည်။ ပါခက်၏ ရွှေရောင် ခိုပက် ဓားကောက်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သူတို့ ထုတ်ဖော်နိုင်သည့် မည်သည့် လျှို့ဝှက်လောက လက်နက်ထက်မဆို သာလွန်နေသည်။ ထိုကဲ့သို့သော စွမ်းအားမျိုး ထုတ်ဖော်နိုင်ရန် သူတော်စင် ပန်းချီကြယ်တာရာ ကဲ့သို့ သူတို့၏ အခြေခံစွမ်းအားများကို အကုန်အစင် သုံးစွဲရမည်ဖြစ်ပြီး ထိုသို့သုံးစွဲလျှင်ပင် ယခုစွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ပေ။

အဆင့်တူ ကျင့်ကြံသူ ခုနစ်ဦးထံမှ အထောက်အပံ့များကို ရရှိထားသောကြောင့် ပြတ်သားသော ဆည်းဆာ ဂလက်ဆီမှ သူတော်စင်များသည် အရင်းအမြစ်နှင့် အကူအညီပိုင်းတွင် အပြတ်အသတ် သာလွန်နေကြသည်။ ဥပမာအားဖြင့် အီမန်တက် သည် သူတို့၏ ကောင်းကင်ရတနာ ရှစ်ခုအနက် သုံးခုကို ဖန်တီးရာတွင် အလင်းဥပဒေသများ ထည့်သွင်းပေးခြင်းဖြင့် များစွာ ကူညီပေးခဲ့သည်။

ပါခက်မှာမူ ပြင်းထန်သော နည်းလမ်းကို အသုံးပြုကာ သူမ၏ သတ္တု အဓိက အာဏာ စိမ့်ဝင်နေသော အရိုးများကို အသုံးပြု၍ ကောင်းကင်ရတနာကို ဖန်တီးခဲ့သည်။ ကျန်ရှိသူများမှာမူ အလွန်ရှားပါးသော လျှို့ဝှက်ကောင်းကင် အဆင့် ကုန်ကြမ်းများကို အခြေခံကာ အခြားသူတော်စင် ခုနစ်ဦး၏ အကူအညီဖြင့် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

အတွင်းပိုင်း၌ မည်သို့ပင် ပဋိပက္ခများ ရှိစေကာမူ သူတို့သည် အချင်းချင်း ကူညီရန် ဘယ်သောအခါမှ ငြင်းပယ်ခြင်း မရှိကြချေ။ ဤအချက်ကြောင့်ပင် ယခင်က အမည်မဲ့ဂလက်ဆီ သည် အလွန်ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော်လည်း ပြင်ပမှ မည်သည့်သူတော်စင်မျှ သူတို့ကို တိုက်ခိုက်ရန် သို့မဟုတ် အခြေအနေကို ထိန်းချုပ်ရန် မစွမ်းသာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် စည်းလုံးကြသည်။

စုရီ၏ မျက်ခုံးများမှာ အတန်ငယ် တွန့်ချိုးနေသည်။ အခြားသူများနှင့် ခြားနားစွာပင် သူသည် ယခုဖြစ်ပျက်သွားသောအရာအပေါ် ထိတ်လန့်ခြင်း မရှိပေ။ ပြန်စဉ်းစားကြည့်လျှင် ထိုလူမိုက်မှာ မိမိနားမလည်သော အင်အားစုများကြားထဲသို့ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ဤနေရာမှာ ထိုသူ ကစားရမည့် စင်မြင့်မဟုတ်ပေ။ ဤသူစိမ်းက ထိုအချက်ကို လူတိုင်းသိအောင် ပြသလိုက်ခြင်းပင်။ အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်၏ အကွက်ချ စီစဉ်ခြင်း ခံရမှုနှင့် ပတ်သက်၍ စုရီမှာ ကျင့်သားရနေပြီ ဖြစ်သည်။ သူသည် ထိုသူတို့၏ မအောင်မြင်မှုအပေါ် ကြိတ်၍ပင် ဝမ်းသာနေမိသေးသည်။

အမှန်စင်စစ် သူတော်စင်တစ်ဦး ဖြစ်လာအောင် ပျိုးထောင်ရသည်မှာ လွယ်ကူသော သို့မဟုတ် ကုန်ကျစရိတ် သက်သာသော ကိစ္စမဟုတ်ပေ။ ထိုလူယုတ်မာသည် ယခင်က ရရှိခဲ့သော ဒဏ်ရာများမှ မည်သို့ ပြန်လည်သက်သာလာပြီး သူတော်စင်တစ်ဦးအဖြစ် ထိပ်တန်းအခြေခံများ တည်ဆောက်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့်၊ အထွတ်အထိပ် သူတော်စင် သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော အဂ္ဂိရတ်ပညာရှင် တစ်ဦးဦးက ကြားဝင်ပတ်သက်ခဲ့သည်မှာ ထင်ရှားလှသည်။ သူတို့၏ ရည်ရွယ်ချက်မှာ သူ (စုရီ) ပင် မဟုတ်ပါလော။

သူတို့သည် သူ့ကို ကြောက်ရွံ့နေကြသည်။ ထိုလူယုတ်မာ ကြုံတွေ့ခဲ့ရသည်နှင့် ခြားနားစွာပင် အထွတ်အထိပ် သူတော်စင်တစ်ဦးက သူ့ကို လာရောက်တိုက်ခိုက်လျှင် တစ်စုံတစ်ယောက်က ကြားဝင်တားဆီးပေးမည်ဟု စုရီ ယုံကြည်နေသည်။ အာရုဏ်ဦး အင်ပါယာ ဆိုသူ ရှန့်ဝမ်ချင်း ကို ခေါ်ဆောင်၍ ရောက်ရှိလာစဉ်ကကဲ့သို့ပင် သူသည် အကာအကွယ် ရရှိထားပြီးဖြစ်သည်။

စုရီ မသိရှိလိုက်သည်က လူမိုက်၏ နောက်ကွယ်မှ ထောက်ခံသူမှာ ကြားဝင်နှောင့်ယှက်ရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော်လည်း... ဝေ့ဝူယင်သည် ထိုဖြစ်ရပ် ဖြစ်ပွားရာ မိုင်ပေါင်း ဆယ်သန်းပတ်လည်ရှိ အာကာသနယ်မြေတစ်ခုလုံးကို အာကာသ၊ အချိန်နှင့် အင်ပါယာ ဥပဒေသများဖြင့် ပိတ်ဆို့ထားခဲ့သည်။ ကြိုတင်သိရှိထားခြင်း မရှိဘဲ မည်သူမျှ လွယ်လွယ်ကူကူ ကြားဝင်စွက်ဖက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် စုရီ လူယုတ်မာဟု ခေါ်တွင်သူ၏ နောက်ကွယ်မှ ထောက်ခံသူမှာ အလွန်အမင်း ဒေါသထွက်နေရခြင်း ဖြစ်သည်။ သူတို့ မြှုပ်နှံထားသမျှ အရာအားလုံး ပျက်စီးသွားခဲ့ရပြီ မဟုတ်ပါလား။ ထို့ပြင် သူတို့ ပေးအပ်ဖို့ ပြင်ဆင်ထားသည့် လက်ဆောင် မှာ အလွန်အမင်း တန်ဖိုးကြီးလှပြီး ပဲ့တင်ထပ် ဝိညာဉ် အဆင့် ပညာရှင်တစ်ဦး၏ နှလုံးသားကိုပင် လှုပ်ခတ်နိုင်စွမ်း ရှိသော်လည်း ၎င်းကိုပါ သိမ်းဆည်းခြင်း ခံလိုက်ရသည်။ ကစားပွဲပေါ်မှ အပိုင်းအစတစ်ခုနှင့် ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းမှာ မည်သူ့ကိုမဆို ဒေါသအိုး ပေါက်ကွဲစေရန် လုံလောက်လှသည်။

***

အပိုင်း(၂၂၆၀)

စုရီ သက်ပြင်းကို ခပ်ဖွဖွ ချလိုက်သည်။ ကျင့်ကြံခြင်းလောကမှာ မကြာခဏ ရက်စက်တတ်ပြီး မိမိနားမလည်သော အင်အားစုများနှင့် ကစားခြင်းမှာ မိမိကိုယ်ကိုယ် အေးစက်နေသော အလောင်းတစ်ခုအဖြစ် ဖန်တီးနေခြင်းပင်။ တစ်ခါတစ်ရံတွင် ခေါင်းပင်မပါသော အလောင်း ဖြစ်သွားတတ်သည်။ မည်သို့ပင် ဆိုစေ... သူသည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ သူ၏ ကျင့်ကြံခြင်း နှလုံးသား နှင့် ယခုအထိ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများမှာ အခြားသူများ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။

အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း ယခုအခါတွင်မူ ယွီပေါင်ယွဲ့မှလွဲ၍ ဤကစားပွဲသို့ ရောက်ရှိနေသူများမှာ ပြန်လည် တည်ငြိမ်သွားကြသည်။ သူတို့၏ နှလုံးသားများကို မမြင်ရသော လက်များဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ပင်။ သူတို့၏ နောက်ကွယ်မှ အားကိုးရာများကြောင့် မိမိတို့၏ ဘေးကင်းမှုကို ယုံကြည်နေကြခြင်း ဖြစ်သည်။

ပင့်ကူပုံသဏ္ဌာန် သင်္ဘောပေါ်မှ အာရပ်နစ် မျိုးနွယ်များကို အသားညိုညိုနှင့် အမျိုးသမီးငယ်တစ်ဦးက ဦးဆောင်နေသည်။ သူမသည် အနက်ရောင်ဝတ်စုံပေါ်တွင် အနီရောင် ပင့်ကူအိမ် ဒီဇိုင်းများ ရက်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် အရပ်ရှည်ပြီး သွယ်လျကာ ကျော့ရှင်းလှသည်။ သူမ၏ မျက်နှာတစ်ဝက်ကို ကြွေမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော်လည်း ကျန်မျက်နှာတစ်ဝက်မှာ ဆွဲဆောင်မှုရှိသော အလှတရား၊ လျှို့ဝှက်ချက်နှင့် ညို့ငင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမသည် သူတော်စင်တစ်ဦးဖြစ်ပြီး သူမ၏ အော်ရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်ရှိုင်းကာ ထူးခြားနေသည်။

"လောကရှန့်ထို အာရုဏ်ဦး..."

သူမက သူတော်စင်တစ်ဦး၏ ရက်စက်သော သေဆုံးမှုကို ဘာမှမဟုတ်သကဲ့သို့ လျစ်လျူရှုကာ ပြောလိုက်သည်။ သူမ၏ အသံမှာ အနည်းငယ် တိမ်ဝင်နေသော်လည်း နားထောင်ရသည်မှာ စိတ်အေးချမ်းစေပြီး လူတစ်ဦးကို စိတ်လျှော့ထားစေနိုင်သည့် စွမ်းအား ရှိသည်။

"ကျွန်မ အနားကို လာခွင့်ပြုမလားရှင်..."

သူမက စကားမပြောမီ အမှောင်ဟင်းလင်းပြင်ထဲတွင် ကိုယ်ထင်ပြလိုက်ရုံသာမက သူမ၏ စကားလုံးတိုင်းမှာ အလွန်အမင်း ရိုသေမှုများ ပါဝင်နေသည်။ မူလအာရုဏ်ဦး နန်းတော် အတွင်းမှ ဝေ့ဝူယင်၏ အသံမှာ အမှောင်ဟင်းလင်းပြင်ထဲသို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ချီးကျူးမှုနှင့် စိတ်ဝင်စားမှုများ ပါဝင်နေ၏။

"မင်းကို လွှတ်လိုက်လိမ့်မယ်လို့ ငါမထင်ထားဘူး... မိန်းကလေး မစ်ဆူလီနာ... ငါ ဂုဏ်ယူမိပါတယ်"

သူမ၏ နာအမည်ကို ထုတ်ဖော် ခေါ်လိုက်သောအခါ ထိုအမျိုးသမီးငယ်၏ တစ်ခုတည်းသော မျက်လုံးမှာ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူမ၏ နှလုံးသားမှာ ခိုင်မာတည်ငြိမ်နေဆဲ ဖြစ်သည်။ သူမက အံ့အားသင့်မှုကို တည်ငြိမ်သော မျက်နှာထားဖြင့် အမြန်ဖုံးကွယ်လိုက်သည်။

"လောကရှန့်ထို အာရုဏ်ဦးရဲ့ ရှေ့မှောက်ကို ဒီနေ့ ရောက်ရှိရတာပဲ ကျွန်မအတွက် အမြင့်ဆုံး ဂုဏ်ယူမှုပါပဲရှင်"

သူမသည် သူမ၏ အံ့အားသင့်မှုကို ထိန်းချုပ်ရင်း ယခင်ကထက် ပိုမိုလေးနက်သော အရိုအသေပေးမှုဖြင့် နှုတ်ဆက်လိုက်လေတော့သည်။

စုရီက သူမအား ကြည့်လိုက်ရာ သူ၏မျက်လုံးအစုံမှာ အံ့အားသင့်မှုများဖြင့် တောက်ပသွားခဲ့သည်။ ဤအမျိုးသမီးမှာ သာမန်သူတော်စင်တစ်ဦး မဟုတ်ချေ။ သူ၏အတွေ့အကြုံအရ ခန့်မှန်းရလျှင် သူမသည် အနည်းဆုံး အဆင့် (၇) သို့မဟုတ် အဆင့် (၈) ရှိသော အစစ်အမှန် သူတော်စင် တစ်ဦး ဖြစ်ပေလိမ့်မည်။ သူတော်စင်တို့၏ အစစ်အမှန် အသက်ရှူခြင်း ကို ဤမျှအတိုင်းအတာအထိ ကျစ်လျစ်အောင် စုစည်းနိုင်သူမှာ ရှားပါးလှသော်လည်း သူမထံ၌မူ တစ်ခုမက ရှိနေသယောင် ထင်ရသည်။

"အနားကို လာခဲ့နိုင်တယ်..."

လော့နင်က ကြေညာလိုက်သည်။ ဝေ့ဝူယင်အနေဖြင့် သူမနှင့် ထပ်မံစကားပြောရန် ရည်ရွယ်ချက်မရှိတော့ဘဲ သူမ၏ တည်ရှိမှုကို အသိအမှတ်ပြုပေးရုံမျှဖြင့် လုံလောက်ပြီဟု သဘောထားကြောင်း ပြသလိုက်ခြင်းပင်။ မစ်ဆူလီနာသည် ပျံသန်း၍ ရောက်ရှိလာခဲ့သည်။ သူမ၏နောက်တွင် ငွေရောင်ပင့်ကူအိမ် ဒီဇိုင်းများ ထွင်းထုထားသည့် ရွှေရောင်သေတ္တာကြီးတစ်လုံး လွင့်မျောပါလာပြီး ထိုသေတ္တာမှ လောကရောင်စဉ်များနှင့် လျှို့ဝှက်အဆင့် အာကာသစွမ်းအင်များ ထွက်ပေါ်နေသည်။ ၎င်းမှာ အလွယ်တကူ သယ်ဆောင်၍မရသော အဖိုးတန်ကုန်ကြမ်းများကို သယ်ဆောင်ရန် ဖန်တီးထားသည့် အထွတ်အထိပ် လျှို့ဝှက်လောက အဆင့် သိုလှောင်ရတနာတစ်ခု ဖြစ်သည်မှာ သေချာလှသည်။

သူမက လော့နင်၏ အနီးသို့ ရောက်ရှိသောအခါ ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"ဒါကတော့ လက်ဆောင်ပါ၊ ပြီးတော့ အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် ရှင်နဲ့ အာရုဏ်ဦး အင်ပါယာကို ကျွန်မတို့ရဲ့ အနက်ရှိုင်းဆုံး တောင်းပန်မှုကို တင်ပြလိုပါတယ်... ကျွန်မတို့ရဲ့ မိုက်မဲပြီး မရိုမသေလုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူပါတယ်... လောကရှန့်ထို အာရုဏ်ဦး အနေနဲ့ ကျွန်မတို့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်"

"..."

"..."

"..."

မည်သူမဆို ဤစကားကြောင့် ဆွံ့အသွားကြရသည်။ အာရပ်နစ်များက တောင်းပန်နေကြလား။ ထိုမျှတင်မက လက်ဆောင်ပါ ပေးနေကြသည်လား။ မည်သို့သော အံ့ဖွယ်ပါနည်း။

ထိုအဖွဲ့အစည်းသည် မိမိကိုယ်ကိုယ် ဤမျှအောက်ကျို့ခဲ့ဖူးခြင်း မရှိပေ။ ထို့ပြင် အချို့သောသူများသည် သတင်းများမှတစ်ဆင့် လေဒီ မစ်ဆူလီနာ၏ ဒဏ္ဍာရီဆန်သော ပါရမီအကြောင်းကို ကြားဖူးနားဝ ရှိကြသည်။ သူမသည် ချီပျစ်ခဲခြင်း အဆင့် ကတည်းက ပါရမီရှင်စာရင်းများစွာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်သည်။ သူမ၏ မွေးရာပါ ပါရမီမှာ ချင်ချူးမူ နှင့်ပင် ယှဉ်နိုင်ကာ ထူးခြားသော ထျန်းတျန်၊ စွမ်းအင်ကြောများနှင့် အသိစိတ်ပင်လယ်တို့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သို့သော် သူမ၏ ရုပ်သွင်ကိုမူ မည်သူမျှ မမြင်ဖူးကြချေ။ ဝေ့ဝူယင်က သူမ၏ အမည်ကို အလွယ်တကူ ဖော်ထုတ်လိုက်ခြင်းမှာ သူသည် လူစိမ်းတစ်ယောက် ဖြစ်သော်လည်း အာရပ်နစ်များအကြောင်းကို မည်မျှ နက်နက်ရှိုင်းရှိုင်း သိရှိထားကြောင်း သက်သေပြလိုက်ခြင်းပင်။ လော့နင်က ထိုသေတ္တာကို ကြည့်လိုက်ပြီးနောက် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ဖွင့်လိုက်ပါ..."

မစ်ဆူလီနာသည် ထိုကဲ့သို့ အမိန့်ပေးခံရမည်ဟု မမျှော်လင့်ထားသော်လည်း အခြေအနေကို အမြန်လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်လိုက်သည်။ သူမက သူမ၏ အပြစ်ကင်းစင်သော လက်အစုံဖြင့် သေတ္တာကို ဖွင့်လိုက်၏။ ထိုအခါ ကြွယ်ဝလှသော ကောင်းကင်ဘုံနှင့် အဂ္ဂိရတ် အော်ရာများ ပေါက်ကွဲထွက်ပေါ်လာပြီး မိုင်ပေါင်း သန်းသုံးဆယ်အတွင်းရှိသူများ၏ ဝိညာဉ်အာရုံများကို လန်းဆန်းတက်ကြွသွားစေသည်။

သေတ္တာအတွင်း၌ ပစ္စည်းတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ လိပ်ထားသော စာလိပ်တစ်ခု ဖြစ်သည်။ ၎င်းတွင် ခုနစ်ရောင်ခြယ် အဂ္ဂိရတ်သင်္ကေတများ ထွင်းထုထားသည့် ရွှေရောင်ဒလိမ့်တုံး နှစ်ခုပါရှိပြီး စာလိပ်သားမှာမူ လျှို့ဝှက်ကောင်းကင် အဆင့် မြက်ပင်တစ်မျိုးနှင့် အခြားကုန်ကြမ်းများကို အသုံးပြု၍ ပြုလုပ်ထားသော လျှို့ဝှက်ကောင်းကင် အဆင့် ပုရပိုက် စာရွက် ဖြစ်သည်။ သင်္ဘောများပေါ်မှ လူများနှင့် ဟင်းလင်းပြင်အတွင်း ပုန်းကွယ်နေသူများထံမှ အံ့သြသံများ တဆက်တည်း ထွက်ပေါ်လာသည်။ စုရီပင်လျှင် စိတ်လှုပ်ရှားသွားရသည်။

လော့နင်သည် စာလိပ်ကို ကြည့်လိုက်ရာ စာလိပ်အထက်တွင် လွင့်မျောနေသော တောက်ပသည့် ဝိညာဉ်ရေးရာ ကမ္ပည်းစာများကို သတိပြုမိလိုက်သည်။ ထိုစာများက ဤအမွေအနှစ်၏ အမည်ကို ဖော်ပြနေ၏။

“လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ... အဆင့်နိမ့် လျှို့ဝှက်ကောင်းကင်"

ထိုကမ္ပည်းစာများသည် မည်သူမဆို မြင်နိုင်လောက်အောင် ဝိညာဉ်အာရုံထဲတွင် နေမင်းတစ်စင်းကဲ့သို့ တောက်ပနေပေသည်။ အနီး အဝေး နေရာအနှံ့ရှိ လူအများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာကြသည်။

လက်ဆောင်...။

သူတို့က လျှို့ဝှက်ကောင်းကင် အဆင့် ဆေးဖော်စပ်နည်း တစ်ခုကို လက်ဆောင်ပေးလိုက်ခြင်းလော။ အာရပ်နစ်များမှာ အဘယ်အရာအတွက် တောင်းပန်နေကြခြင်း ဖြစ်သနည်း။ လော့နင်သည်ပင် သူမ၏ တည်ငြိမ်သော မျက်နှာထားကို မထိန်းနိုင်တော့ဘဲ အဂ္ဂိရတ်တာအိုနှင့် ပဲ့တင်ထပ်နေသော ထိုစကားလုံးများကို အာရုံခံမိပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ ၎င်းသည် အစစ်အမှန် လျှို့ဝှက်ကောင်းကင် အဆင့် ဆေးနည်း တစ်ခု ဖြစ်သည်။ သူမအနေဖြင့် ၎င်း၏ အာနိသင်ကို မသိရှိနိုင်သလို အဆင့်မြင့်သော နိမိတ်ဖတ်ပညာ သို့မဟုတ် အဆင့်မြင့် အဂ္ဂိရတ်ကြယ်ပွင့်များ မရှိဘဲနှင့်လည်း သိနိုင်မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ဤနေရာတွင် ရှင်းလင်းချက် ကမ္ပည်းပြား မရှိချေ။ ရောက်ရှိနေသူများအနက် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်များပင် မသိရှိနိုင်သော်လည်း စုရီတစ်ဦးတည်းသာလျှင် ထိုအရာကို ရင်းနှီးသည့် အမူအရာဖြင့် ကြည့်နေသည်။ ၎င်းမှာ ရှေးဟောင်း ဆေးဖော်စပ်နည်း တစ်ခုဖြစ်ပြီး ယနေ့ခေတ်တွင် ပျောက်ကွယ်သွားပြီဟု ယူဆထားကြသောအရာ ဖြစ်သည်။ ထို့ပြင် မည်သည့် ကောင်းကင်နိမိတ်ဖတ်သူမျှ လျှို့ဝှက်ကောင်းကင် အဆင့် ဆေးနည်းများကို စူးစမ်းရန် မိုက်မဲမည် မဟုတ်ပေ။

၎င်းမှာ အလွန်ခက်ခဲလှပြီး မဟာပုရောဟိတ်များပင် မလုပ်ဝံ့ကြချေ။ အကယ်၍ သိရှိခဲ့လျှင်ပင် ၎င်းကို အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုဆေးနည်းကို ရောင်းချရန်မှာလည်း ဝယ်ယူမည့်သူကို ရှာရန်မှာ အလွန်ခက်ခဲလှပေလိမ့်မည်။

သို့သော် ဤအရာသည် မည်မျှအရေးကြီးကြောင်း လူတိုင်း သိရှိကြသည်။ ထိုသူစိမ်းသည် ၎င်းကို ကိုယ်တိုင် မဖော်စပ်နိုင်လျှင်ပင် လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန် တစ်ခု၏ ဖော်စပ်မှု လုပ်ငန်းစဉ်ကို လေ့လာခြင်းဖြင့် များစွာသော အသိဉာဏ်နှင့် စိတ်ကူးစိတ်သန်းများကို ရရှိစေမည် ဖြစ်သည်။ ၎င်းသည် သာမန်လက်ဆောင် မဟုတ်ဘဲ တစ်လောကလုံးကို တုန်လှုပ်စေမည့် လက်ဆောင်မျိုး ဖြစ်သည်။

လော့နင်၏ မျက်နှာထားမှာ ပြန်လည်တည်ငြိမ်သွားကာ ချီးကျူးထောက်ခံသော လေသံဖြင့် ပြောလိုက်သည်။

"သမိုင်းမှာ လူမေ့လုနီးပါး ဖြစ်နေတဲ့ အစစ်အမှန် ဝိညာဉ်ကို ကျင့်ကြံပေးတဲ့ လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ပဲ... အရှင်မင်းကြီးက မင်းတို့ရဲ့ လက်ဆောင်ကို လက်ခံလိုက်ပြီ... မင်း ဆန္ဒရှိရင် တရားသူကြီး တွေထဲက တစ်ယောက်အဖြစ် ပါဝင်နိုင်တယ်... အထဲကို ဝင်နိုင်ပါပြီ"

"..."

မစ်ဆူလီနာမှာ ယခုအခါ၌မူ သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။ ဤအမျိုးသမီးက ၎င်းမှာ မည်သည့်ဆေးအမျိုးအစား ဖြစ်ကြောင်း မည်သို့သိရှိသွားသနည်း။ စုရီ၏ မျက်ဝန်းများမှာလည်း တုန်လှုပ်သွား၏။ ၎င်းမှာ အလွန်ရှေးကျသော ဆေးနည်းဖြစ်ပြီး သမိုင်းတွင် ပျောက်ကွယ်နေသည်မှာ ကြာပြီ ဖြစ်သည်။ ရှေးဟောင်း နိမိတ်ဖတ်သူအချို့၏ ဖုံးကွယ်ထားမှုကြောင့် ၎င်း၏ မြစ်ဖျားခံရာနှင့် အာနိသင်ကို သိရှိရန် ပိုမိုခက်ခဲခဲ့သောအရာ မဟုတ်ပါလော။

လော့နင်မှာမူ သူမ၏ အံ့အားသင့်မှုကို ဂရုမစိုက်ဘဲ သေတ္တာနှင့် စာလိပ်ကို သိမ်းဆည်းလိုက်ပြီး မစ်ဆူလီနာကို အတွင်းသို့ ဝင်ရန် လက်ဟန်ပြလိုက်လေတော့သည်။

မူလအာရုဏ်ဦး နန်းတော် အတွင်း၌ ဝေ့ဝူယင်၏ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ်ကြယ်ပွင့် များမှာ ဖြည်းညင်းစွာပင် ပျောက်ကွယ်သွားကာ သာလွန်သန့်စင် အဂ္ဂိရတ်ကြယ်ပွင့် များအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ သူ၏ ဘယ်ဘက်မျက်လုံးမှ မီးခိုးရောင် သွေးတစ်စက် စီးကျလာ၏။ သူက ၎င်းကို သာမန်ကာလျှံကာပင် သုတ်လိုက်သည်။

"ဒါကို အကာအကွယ်တွေ အထပ်ထပ် လုပ်ထားတာ မဆန်းပါဘူး... ဒါက ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူတွေတောင် စစ်မက်ဖြစ်ပွားပြီး လုယူကြမယ့် အဆင့်နိမ့် လျှို့ဝှက်ကောင်းကင် အဆင့် အထွတ်အထိပ် ထုတ်ကုန်ပဲ... အစစ်အမှန် ဝိညာဉ်ကို ကျင့်ကြံပေးနိုင်တဲ့ ဆေးလုံးတစ်လုံးပေါ့"

သူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။ အထွတ်အထိပ် သူတော်စင်တိုင်းမှာ အပြစ်သား တက်တူး အမွေခံများကဲ့သို့ စတင်ကတည်းက စစ်မှန်သော ဝိညာဉ်ကို ကျင့်ကြံနိုင်သည့် ကျမ်းစာမျိုး သို့မဟုတ် အာဏာရှင်အဆင့် တက်လှမ်းပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးမျိုး မရှိကြပေ။ စစ်မှန်သော ဝိညာဉ်ကို ကျင့်ကြံနိုင်သည့် နည်းလမ်းမှာ အလွန်တရာ ရှားပါးလှပြီး အလွန်ရှေးကျသော အထွတ်အထိပ် သူတော်စင်အချို့ပင်လျှင် ထိုသို့ မလုပ်ဆောင်နိုင်ကြချေ။

All Chapters