ဧကရာဇ်တွေတောင် ကျင့်ကြံကြတယ်လား
Vol. 29 Ch. 298
ညီလာခံတွင် စစ်မှုရေးရာ၀န်ကြီးသည် တစ်ကွက်တည်းဖြင့် မင်းသား၃ကို ထီးနန်းပြိုင်ပွဲအတွင်း ဆွဲထည့်လိုက်၏။
ထိုအခိုက်တွင် အခြားမင်းသားများကို ထောက်ခံထားကြသူများ ကြောက်လန့်ကုန်ကြသည်။
တစ်ယောက်ချင်းယှဉ်ရလျှင် ကျင့်ကြံသူတစ်ယောက်ဖြစ်သော မင်းသား ၃ကို ဘယ်သူက ယှဉ်နိုင်ပါတော့မည်နည်း။
စစ်တပ်အင်အားချင်းယှဉ်လျင်လည်း ဘယ်သူက သူ့ပြိုင်ဘက်ဖြစ်လာနိုင်ပါမည်နည်း။
ရုံးတော်အရာရှိများ၏ ထောက်ခံမှုတွင်လည်း မင်းသား ၃လောက် ဘယ်သူမှ ထောက်ခံမှုမရကြပေ။
မင်းသား ၃ ထီးနန်းပြိုင်ပွဲထဲ၀င်လာသည်နှင့် ဘယ်သူမှ သူ့ကို ရပ်တန့်နိုင်တော့မည် မဟုတ်မှန်း မင်းဆရာရော ပြည်ထဲရေး၀န်ကြီးပါ ကောင်းကောင်းကြီး သိရှိနေကြသည်။
တကယ်တော့ လက်ရှိအချိန်တွင် မင်းသား၃သည် သူသာ ဆန္ဒရှိပါက လက်ရှိဧကရာဇ်ကိုပင် အတင်းအကြပ်နန်းစွန့်ခိုင်းနိုင်သော အနေအထားတွင် ရှိနေခဲ့၏။
မင်းဆရာတို့အဖို့ မင်းသား၃သည် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်ဟူသော မျှော်လင့်ချက်လေးသာ ကျန်ရှိတော့သည်။
ထိုစဉ် စစ်မှုရေးရာ၀န်ကြီးထောက်ခံလိုက်ပြီးနောက်တွင် ရုံးတော်ထဲရှိ အရာရှိများ တစ်ယောက်ပြီးတစ်ယောက် မင်းသား၃ကို စတင်ထောက်ခံကြလေတော့၏။
တခဏအတွင်း ညီလာခံတစ်ခုလုံး ပွက်လောရိုက်သွားခဲ့လေသည်။
ထိုမျှကြောက်စရာအဟုန်မျိုးက ဧကရာဇ်ကိုပင် ကြောက်ရွံ့သွားစေခဲ့၏။
သူ့မျက်လုံးထဲတွင်လည်း မရေရာရော ကြောက်ရွံ့မှုတစ်ချက်ဖြတ်ပြေးသွားခဲ့သည်။
သူ့အချစ်ဆုံးသားသည် အခုလို အဖြစ်မျိုးဖြစ်လာစေရန် ဟိုးအရင်ကတည်းက ကြိုတင်ကြံစည်ထားခဲ့ခြင်းပေလော။
သူစိတ်တည်ငြိမ်အောင်လုပ်လိုက်ကြီးနောက် ပြောလိုက်၏။
“ငါတို့ဒီကိစ္စကို နောက်မှဆွေးနွေးမယ် ညီလာခံ သိမ်းပြီ”
သူ့အတွင်းနန်းဆောင်ဆီ ပြန်ရောက်ပြီးနောက် သူချက်ချင်းဆိုသလို မင်းသား ၃ကို ဆင့်ခေါ်လိုက်သည်။
ထိုစဉ် ညီလာခံပြီးသည်နှင့် နဂါးပျံတပ်ဖွဲ့ခေါင်ဆောင်ဖြစ်သော ရှုပိုင်ကလည်း မင်းသား ၃ကို ညီလာခံအကြောင်း သတင်းပို့ခဲ့၏။
ဘယ်သတင်းပို့သမားက သူ့လို ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်လောက် မြန်နိုင်ပါမည်နည်း။
ညီလာခံအကြောင်းသိသွားသည်နှင့် မင်းသား ၃ သူစောင့်နေခဲ့ရသော အခွင့်အလမ်းရောက်ရှိလာပြီဖြစ်မှန်း ချက်ချင်း သိရှိသွားခဲ့သည်။
ထီးနန်းသည် သူ့အလာကိုမျှော်နေခဲ့ချေပြီ။
မကြာခင်တွင် နန်းတော်မှနန်းတွင်းသူတစ်ယောက်ရောက်ရှိလာပြီး ဧကရာဇ်မှ ဆင့်ခေါ်လိုက်ကြောင်း သတင်းပါးခဲ့၏။
သူ့နှလုံးသား တစ်ချက်ခုန်သွားခဲ့သည်။ သူ့ခမည်းတော်က ထိုကိစ္စအတွက် သူ့ကိုဆင့်ခေါ်ခဲ့ခြင်းပေလော။
သူသဘောတူလိုက်ရုံဖြင့် ဧကရာဇ်တစ်ပါး ဖြစ်လာပေတော့မည်လော။
မဟုတ်သေးပေ။ သူ့ဆရာစကားအတိုင်းပင် အခုလိုအရေးကြီးသည့်အချိန်မျိုး၌ သူပိုပြီး စိတ်တည်ငြိမ်နေဖို့ လိုအပ်၏။
မလောနဲ့ ဟုတ်တယ် လုံး၀လောလို့မဖြစ်ဘူး!
ထိုမူဝါဒကိုကိုင်ဆွဲပြီး မင်းသား ၃ လီရှီချင်းနှင့်သွားရောက်တွေ့ဆုံခဲ့လေသည်။
လီရှီချင်း သူ့ကို ထိုင်ဖို့အချက်ပြလိုက်ပြီးနောက် အေးအေးဆေးဆေးပြောလိုက်၏။
“ငါနန်းစွန့်ဖို့ စီစဉ်နေတယ်”
မင်းသား ၃ တုန်လှုပ်သွားကာ အမြန်ပြန်မေးလိုက်သည်။
“ခမည်းတော် ဘာလို့ရုတ်တရက်ကြီး နန်းစွန့်မှာလဲ တစ်ခုခုဖြစ်သွားလို့လား သားတော်ဘာကူညီပေးလို့ရနိုင်မလဲ”
လီရှီချင်း သက်ပြင်းချလိုက်သည်။
“မင်းအဲ့ဒီကိစ္စကို မေးစရာမလိုပါဘူး
ငါနန်းစွန့်ဖို့ ဆုံးဖြတ်ပြီးသွားပြီ
ငါအဲ့ဒီအကြောင်း ညီလာခံမှာလည်း ကြငြာပြီးပြီ နောက်ပြန်ဆုတ်လို့ မရတော့ဘူး
ဒါပေမယ့် အခုအားလုံးက နောက်တက်မယ့်ဧကရာဇ်ဘယ်သူဖြစ်သင့်လဲဆိုတာ ငြင်းခုန်နေကြတယ် အိမ်ရှေ့စံလား မင်းအစ်ကို ၂လား ညီ ၄လား ဘယ်သူက ပလ္လင်နဲ့သင့်တော်လဲ”
“ဟူးးး” မင်းသား ၃ သက်ပြင်းချလိုက်၏။
“ခမည်းတော်က နန်းစွန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ သားတော်အများကြီးပြောမနေတော့ပါဘူး
ဒါပေမယ့် အိမ်ရှေ့စံဖြစ်ဖြစ် အစ်ကို၂ဖြစ်ဖြစ် ညီ၄ဖြစ်ဖြစ်အားလုံးက ခမည်းတော်ရဲ့ သားတော်တွေဖြစ်ပြီးတော့ ကျွန်ဝောာ့်ရဲ့ ညီတော်အစ်ကိုတော်တွေပါပဲ ဘယ်သူပဲ ပလ္လင်ကို သိမ်းပိုက်သွားသွား ဒီသားတော်က ပျော်ရမှာပါ
ပလ္လင်ပေါ်ဘယ်သူပဲတက်တက် သားတော်က သူ့ကိုထောက်ခံပြီး ထီးမွေနန်းမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းသွားမှာပါ”
လီရှီချင်း မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။
“မင်းကပလ္လင်နဲ့ထိုက်တန်တယ်လို့ တစ်ယောက်ယောက်က အကြံပေးခဲ့တယ်”
မင်းသား၃ တခဏ ကြက်သေသေသွားပြီးနောက် အားရပါးရ ရယ်မောလိုက်၏။
“ခမည်းတော် မနောက်ပါနဲ့ ကျွန်တော်က ကျင့်ကြံသူတစ်ယောက်ပါ ပလ္လင်ကိုလုံး၀ စိတ်မ၀င်စားပါဘူး”
တကယ်တော့ ထိုမေးခွန်းကိုကြားသောအခါ သူ့သွေးကြောများပင် ဖျင်းကနဲဖြစ်သွားခဲ့ရသည်။
နန်းတော်ထဲတွင် ဝိညာဉ်အခြေတည်အဆင့် မိန်းမစိုးများ ရှိနှေမှန်း သူသိသော်လည်း တစ်ယောက်နှစ်ယောက်တည်းလည်း ဟုတ်မနေပေ။
သူသည် နန်းတော်ထဲရှိ အင်အားအများစုကို စုစည်းထားနိုင်သော်လည်း တကယ်ကြောက်စရာကောင်းသည်က ထိုမိန်းမစိုး အိုကြီးများသာ ဖြစ်၏။
ထို့ကြောင့် သူဂရုတစိုက် ကိုင်တွယ်ရပေဦးမည်။
လီရှီချင်း မင်းသား၃ကို ထူးဆန်းစွာကြည့်လိုက်ပြီး မေးလိုက်၏။
“မင်းတကယ်ကြီး လုံး၀ စိတ်မ၀င်စားဘူးလား”
မင်းသား ၃ ခေါင်းမော့ကာ လီရှီချင်းကို တိုက်ရိုက်ပြန်ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ခမည်းတော် ကျွန်တော်ကအခု ရုံးတော်ကိစ္စတွေကို စိတ်ပူစရာမလိုဘူး သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားလို့ရတယ် အပူအပင်မရှိ နေနိုင်တယ် ကျွန်တော့်ကိုပြောပါဦး ဧကရာဇ်တစ်ပါးက အဲ့လိုနေနိုင်မှာလား”
“ဒါပေါ့ ဘယ်ရမလဲ” လီရှီချင်း ပြန်ပြောလိုက်သည်။
“တိမ်တောင်အင်ပါယာမှာ ဘီလီယံနဲ့ချီတဲ့အသက်တွေရှိတယ် ဧကရာဇ်တစ်ပါးက ဘယ်လိုလုပ် အဲ့လိုနေနိုင်မှာလဲ”
“အတိအကျပါပဲ” မင်းသား ၃ လက်များကို ဆန့်ကားလိုက်၏။
ဧကရာဇ်တစ်ပါးရှေ့တွင် ထိုအပြုအမူကိုလုပ်ပြသည်က ရိုင်းစိုင်းသော်လည်း သူပလ္လင်ကို အထင်သေးကြောင်းပြချင်၍ တမင်လုပ်ပြလိုက်ခြင်း ဖြစ်သည်။
လီရှီချင်းမျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“မင်းတကယ်ပဲ ပလ္လင်ကိုစိတ်မ၀င်စားတာလား”
“ခမည်းတော် သားတော်က အမတလမ်းစဉ်ကိုလျှောက်လှမ်းတာပါ” မင်းသား ၃ ရယ်မော၍ ပြန်ပြောလိုက်သည်။
လီရှီချင်းတခဏတိတ်ဆိတ်သွားပြီးနောက် လက်ဝေ့ယမ်း၍ ပြောလိုက်၏။
“မင်းသွားလို့ရပြီ”
သူအဖြေမရှာနိုင်သေးသော ကိစ္စများရှိနေသေးသောကြောင့် ဤကိစ္စကို အလောတကြီးဆုံးဖြတ်လိုက်၍ မဖြစ်သေးပေ။
မင်းသား၃ခေါင်းငြိမ့်ပြကာ နန်းေဆာင်ထဲမှ ထွက်သွားခဲ့သည်။ သူအပြင်ရောက်ရောက်ချင်းပင် သူ့မျက်နှာ မည်းမှောင်သွားခဲ့၏။
ဒါက စမ်းသပ်ချက်တစ်ခုခုလား ဘာများလဲ!
သူစစ်သည်များကို စုစည်းလိုက်သင့်ပါပြီလော။
မင်းသား ၃ထွက်သွားပြီးနောက် လီရှီချင်း အတန်ကြာတွေးတောနေခဲ့ပြီး အော်ခေါ်လိုက်သည်။
“အဖိုးကြီး….အဖိုးကြီးဟုန်”
“အရှင့် ကျေးတော်မျိုးခစားလျက်ပါ” မိန်းမစိုးဟုန် ပေါ်လာခဲ့သည်။
လီရှီချငိးသူ့ကိုရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
“ငါ့ကိုပြောစမ်းပါ ကျင့်ကြံသူတစ်ယောက်က ဧကရာဇ်လုပ်လို့ရသလား”
“အရှင်မင်းကြီး အဲ့တာက တကယ်ပဲမဖြစ်နိုင်ပါဘူး” မိန်းမစိုးဟုန် ဦးညွတ်ကာ ပြန်ဖြေလိုက်သည်။
“အရင်က ကျင့်ကြံရင်း ဧကရာဇ်လုပ်ခဲ့တဲ့သူတွေ မရှိခဲ့တာတော့ မဟုတ်ပါဘူး ဒါပေမယ့် သူတို့ ရွှေအမြုတေအဆင့်ရောက်တဲ့အခါ ကောင်းကင်မိုးကြိုးရုတ်တရက်ကျဆင်းလာပြီး အဲ့ဒီမိုးကြိုးအောက်မှာပဲ နတ်ရွာစံသွားကြရပါတယ်”
သူ့တာ၀န်က တိမ်တောင်အင်ပါယာကို စောင့်ကြည့်ရန်သာဖြစ်သော်လည်း မိန်းမစိုးဟုန် လီရှီချင်းကို လေးလေးစားစားသာ ပြန်ဖြေခဲ့၏။
“ဆိုတော့ ငါတို့ကတကယ်ပဲ ကျင့်ကြံလို့မရဘူးပေါ့” လီရှီချင်း သက်ပြင်းချလိုက်သည်။
ထို့နောက် သူ့ခေါင်းထဲရုတ်တရက်အတွေးတစ်ချက်ပေါ်လာခဲ့ပြီး မေးလိုက်၏။
“မင်းပြောပုံအရဆိုရင် ရွှေအမြုတေအဆင့်မရောက်သေးရင် ကောင်းကင်မိုးကြိုးက ပေါ်မလာသေးဘူးပေါ့”
“မှန်ပါတယ်
ဒါပေမယ့် အမတလမ်းစဉ်ကို လျှောက်လှမ်းတဲ့သူတွေက လမ်းေကြာင်းေပါ်ေရာက်သွားတာနဲ့ မရပ်တန့်ချင်ကြတော့ပါဘူး ပလ္လင်ပေါ်ရောက်ပြီးတာနဲ့ ပလ္လင်ကိုမစွန့်လွှတ်ချင်ကြတော့တဲ့ ဧကရာဇ်တွေလိုမျိုးပဲပေါ့ အဲ့တာတော့ အဆုံးသတ်မှာတော့ ကောင်းကင်မိုးကြိုးနဲ့ ရင်ဆိုင်ကြရတာပါပဲ
အဲ့တာကြောင့်ပဲ ပလ္လင်ကိုရည်မှန်းထားတဲ့ မင်းသားတွေက မကျင့်ကြံရဲကြတာပါ”
ထိုအကြောင်းကြားသောအခါ လီရှီချင်းမျက်လုံးများအရောင်တောက်လာပြီး မေးလိုက်၏။
“ဒါဆို မင်းသား၃ ရွှေအမြုတေအဆင့်ကိုရောက်ဖို့ ဘယ်လောက်ကြာဦးမယ်လို့ ထင်လဲ”
မိန်းမစိုးဟုန် ခေါင်းခါလိုက်သည်။
“မင်းသား၃က ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်ပေမယ့် ကံဆိုးစွာနဲ့ သူ့ပါရမီက အတော်လေးနိမ့်နေပါတယ်
အဲ့တာကြောင့် နောက်နှစ် ၅၀ ၆၀အတွင်းတော့ သူရွှေအမြုတေအဆင့်ကို ရောက်မှာမဟုတ်ဘူး သူသာ သူ့သက်တမ်းကိုဆွဲမဆန့်နိုင်ရင် သူ့ဘ၀တစ်ခုလုံးမှာတောင် ရောက်ဖို့လွယ်မှာမဟုတ်ပါဘူး”
“ကောင်းတယ် ကောင်းတယ်” လီရှီချင်းစိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်၏။ သူခဏရပ်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်ပြန်သည်။
“ငါ့မှာကျင့်ကြံဖို့ အခွင့်အလမ်းရှိမယ်လို့ မင်းထင်လား”
မိန်းမစိုးဟုန် ဆွံ့အသွားခဲ့၏။
ဒါတွေအကုန်လုံးကို ကြားပြီးတာတောင် ခဗျားက ကျင့်ကြံချင်သေးတာလား!
ခင်ဗျားက ကျင့်ကြံပြီး ဧကရာဇ်ဆက်လုပ်ချင်သေးတာလား ခင်ဗျားအသက်နဲ့ဆိုရင် ဘာအုတ်မြစ်မှတောင် ရှိတော့မှာမဟုတ်ဘူး!
ဒါပေါ့ မိန်းမစိုးဟုန် ထိုစကားများကို ထုတ်ပြောမှာတော့ မဟုတ်ပေ။
“အရှင်မင်းကြီး ကျင့်ကြံချင်တဲ့ဆန္ဒနဲ့ ပြတ်သားတဲ့ တာအိုနှလုံးသားရှိနေသရွေ့ ဘယ်သူမဆို ကျင့်ကြံလို့ရပါတယ်”
လီရှီချင်း စိတ်လှုပ်ရှားသွားခဲ့၏။
“ဒါ ဒါဆို မင်းငါ့ကိုကျင့်ကြံခြင်း သင်ပေးမလား”
“ပြဿနာမရှိပါဘူး” လီရှီချင်း သဘောတူလိုက်သည်။
သို့သော် ထိုသူသည် သူ့သခင်မဟုတ်တော့ပေ။ ထို့ကြောင့် သူထိုသူ့ကို တကယ့်ကျင့်ကြံခြင်း သင်ပေးမပေးက သူ့သခင်၏ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေလိမ့်မည်။
အကယ်၍ သူ့သခင်ကသာ ခွင့်မပြုလျှင် ထိုသူသည် ဘယ်တော့မှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နိုင်တော့မည် မဟုတ်ဘဲ နှစ်အနည်းငယ်အတွင်းပင် အသက်ကြီးပြီး သေသွားနိုင်၏။