အဇူရာတိမ်မြို့၏ သက်လတ်ပိုင်းအရွယ်အမျိုးသမီးအလုပ်သမား ငှားယမ်းခြင်း အစီအစဉ်
Vol. 29 Ch. 302
ကုန်းရှို့ပင်း လူ၂၀ ၃၀ပါသောအဖွဲ့နှင့်အတူ သင်္ဘောပျံတစ်စင်းဖြင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ဦးတည်ထွက်ခွာလာခဲ့သည်။
ကုန်းမြေတိုက်ကြီးနှစ်ခုသည် အလွန်နီးသောကြောင့် ၂ရက်အကြာတွင် သူတို့ရောက်ရှိလာခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းအပေါ် လေးစားမှုပေးရန် သူတို့သင်္ဘောပျံကို အဇူရာတိမ်မြို့အပြင်ဘက်တွင် ရပ်တန့်ပေးခဲ့ကြသည်။
အတိတ်တုန်းကတော့ ဘယ်သူမှ အဇူရာတိမ်မြို့ကိုဂရုမစိုက်ဘဲ ဂိုဏ်းဆီသို့သာ တန်းဦးတည်သွားကြသည်သာ။
သို့သော် အခုတော့ဘယ်သူမှထိုကဲ့သို့ မလုပ်ရဲကြတော့ပေ။
“မိတ်ဆွေတို့က ဘယ်ကလဲ ကျေးဇူးပြုပြီး မိတ်ဆွေတို့ရဲ့ သရုပ်မှန်နဲ့ မြို့ထဲ၀င်ရမယ့်ရည်ရွယ်ချက်ကို ဒီစာရင်းမှာ ဖြည့်ပေးသွားကြပါ” မြို့စောင့်တစ်ယောက် ကုန်းရှို့ပင်းတို့အဖွဲ့ကိုကြည့်ကာ မေးလိုက်၏။
“ပြီးတော့ မြို့၀င်ကြေးအဖြစ် တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၅တုံး ကျသင့်ပါတယ်”
လန်ကျားအထွတ်အမြတ်မြေမှလူများ ပေးဖို့ မငြင်းဆန်ခဲ့ကြပေ။
နောက်ဆုံးတော့ ဂိတ်အခွန်ဆိုတာ နေရာတိုင်းတွင်ရှိနေခြင်းဖြစ်ပြီး ထိုအရာက ငွေရှာသည့်နည်းလမ်းသက်သက်သာ မဟုတ်ပါလော။
လူတိုင်းငွေကိုပေးချင်ကြသော်လည်း စာရင်းသွင်းရာတွင်တော့ တုန့်ဆိုင်းနေခဲ့ကြသည်။
“ငါတို့အားလုံးက လန်ကျားအထွတ်အမြတ်မြေက လူတွေပါ အခုက အဇူရာတိမ်ဂိုဏ်းကို အလည်ရောက်လာကြတာ အဲ့တာတောင် စာရင်းသွင်းဖို့ လိုသေးတာလား” ကုန်းရှို့ပင်း မျက်မှောင်ကြုံ့၍ မေးလိုက်၏။
ဂိတ်စောင့်အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
“တကယ်လို့ မိတ်ဆွေတို့က အစစ်အမှန်အမတတွေဆိုရင်တော့ စာရင်းသွင်းစရာမလိုပါဘူး”
ကုန်းရှို့ပင်း အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့၏။ ဂိတ်စောင့်လေးတစ်ယောက်ကတော့ ဒီလောက် မောက်မာနေတာတဲ့လား!
သို့သော် သူ့ဒေါသကိုဖိနှိပ်ထားလိုက်ပြီး စာရင်းသွင်းခဲ့လိုက်သည်။
အချက်အလက်များကို ကြည့်ရှုပြီးနောက် ဂိတ်စောင့်လေး ပြောလိုက်၏။
“မိတ်ဆွေတို့က အဇူရာတိမ်ဧည့်ဂေဟာကို သွားသင့်ပါတယ် အဲ့ဒီမှာတစ်ယောက်ယောက်က အဇူရာတိမ်ဂိုဏ်းနဲ့ တွေ့ဖို့ စီစဉ်ပေးပါလိမ့်မယ် ဒါပေမယ့် ဂရုစိုက်ကြပါ မိတ်ဆွေတို့က ဧည့်သည်တွေဆိုတော့ ဒီမှာ လ၀က်ပဲ နေလို့ရမှာ
အဲ့ဒီနောက်ပိုင်းဆက်နေချင်ရင်က တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၅တုံး ထပ်ပေးရမယ်
လက်ရှိ အဇူရာတိမ်မြို့ကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေတာ မိတ်ဆွေတို့ရဲ့ အဆင့်အတန်းကိုသုံးပြီး ပြဿနာမရှာကြပါနဲ့ မြို့ထဲမှာတိုက်ခိုက်တာကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်”
ပြောနေရင်း ဂိတ်စောင့်လေး သူတို့ကို နေထိုင်ခွင့်တံဆိပ်ပြားများ ထုတ်ပေးလိုက်လေသည်။
ကုန်းရှို့ပင်းတို့ကတော့ အဘယ်ကြောင့် အဇူရာတိမ်မြို့ထဲတွင် ဘာလုပ်လုပ် ငွေလိုနေသလဲဆိုတာကိုသာ စဉ်းစားနေခဲ့ကြ၏။
နေထိုင်ခွင့်တံဆိပ်ပြားများ ရပြီးသည်နှင့် သူတို့မြို့ထဲ၀င်လာခဲ့ကြလေသည်။ မြို့ထဲခြေလှမ်းလိုကိသည်နှင့် တစ်ယောက်ယောက်က သူတို့ကို နွေးထွေးစွာ နှုတ်ဆက်ခဲ့၏။
“မိတ်ဆွေတို့က ဒီမြို့ကို အလည်လာကြတာလား ဈေးဝယ်လာကြတာလား အကူအညီတစ်ခုခုလိုသေးလား” သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။
ကုန်းရှို့ပင်းခဏရပ်လိုက်ပြီးနောက် ရိုးရိုးသားသား ပြန်ပြောလိုက်၏။
“ကျွန်တော်တို့က အဇူရာတိမ်ဂိုဏ်းဆီအလည်လာကြတာပါ အခုက အဇူရာတိမ်ဧည့်ဂေဟာဆီသွားနေတာ”
“ကျွန်မလမ်းညွှန်ပေးပါရစေ” အမျိုးသမီး ပိုပြီးပင် စိတ်အားထက်သန်လာခဲ့သည်။
သူမသည် မြို့ကစီစဉ်ပေးထားသော တရား၀င်လမ်းညွှန်တစ်ယောက်ဖြစ်နေသောကြောင့် ကုန်းရှို့ပင်း ခေါင်းငြိမ့်ပြလိုက်၏။
ထို့နောက် သူတို့ သူမနောက်မှ မြို့ထဲသို့လိုက်၀င်လာခဲ့ကြသည်။
အမျိုးသမီးသည် သာမန်လူတစ်ယောက်ဖြစ်သော်လည်း အလွန်စကားများကာ ဖော်ရွေလှ၏။ လမ်းတစ်လျှောက်လုံးတွင် သူမသည် မြို့အကြောင်းမိတ်ဆက်ပေးနေခဲ့သည်။
“ဒီလမ်းတွေမှာ မုန့်ဆိုင်တွေနဲ့ပြည့်နေတာလေ ဒီကခေါက်ဆွဲက အရမ်းအရသာရှိတာ မိတ်ဆွေတို့ ၀ယ်စားကြည့်ချင်ကြလား”
“မစားတော့ပါဘူး ကျေးဇူးပါ” ကုန်းရှို့ပင်း ပြန်ပြောလိုက်၏။
ကျင့်ကြံသူတစ်ယောက်ဖြစ်သောသူသည် အစားအသောက်များအပေါ် စိတ်မ၀င်စားပေ။
အမျိုးသမီးအနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူတို့လမ်းနှစ်လမ်းဖြတ်လာခဲ့ပြီးနောက် အမျိုးသမီးသူတို့ရှေ့ရှိ အဆောက်အအုံတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ဒါက ကျွန်မတို့ရဲ့ မိုးပြာလကုန်သွယ်သမဂ္ဂလေ ဒီနေရာမှာ အရာအားလုံးက အရမ်းဈေးချိုတာ ၀ယ်ဖူးတဲ့လူတိုင်းက အရမ်းကောင်းတယ်လို့ ပြောကြတယ်
မိတ်ဆွေတို့ကိုကြည့်ရတာ အမတတွေမဟုတ်လား
မိတ်ဆွေတို့မှာ အဖွဲ့၀င်ကဒ်ရှိရင် ၁၀ရာခိုင်နှုန်း လျှော့ဈေးရမှာ ချီအားဖြည့်ဆေးေတွကိုမှ စိတ်ဝိညာဉ်ကျောက်တုံး ၁၈၀ပဲကျတယ်
ပြီးတော့ နေ့တိုင်းဈေး၀ယ်ရင် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀လည်း အလကားရဦးမှာ
ဒီနေရာမှာ မှော်ရတနာတွေ အမျိုးသမီးတွေအတွက် အထူးအ၀တ်အစားတွေလည်း ရှိတယ်လေ အရမ်းမိုက်တယ်”
ကုန်းရှို့ပင်း တုန်လှုပ်သွားခဲ့သည်။
“တကယ်ကြီးလား”
မိုးပြာလကုန်သွယ်သမဂ္ဂသည်တကယ်ကြီး ထိုမျှဈေးချိုနေခြင်းပေလော။
သူတို့သည် အမြတ်မယူခြင်းပေလော။
သူအဆောက်အအုံကိုတစ်ချက်ကြည့်လိုက်သောအခါ ၀င်ထွက်နေသော သာမန်လူများ ကျင့်ကြံသူများကို မြင်လိုက်ရ၏။ ထိုနေရာက အလွန်စည်ကားလှသည်။
သူစိတ်၀င်စားသွားခဲ့၏။
“ကောင်းပြီလေ အဖွဲ့၀င်ကဒ်တစ်ကဒ်လောက် ၀ယ်ပြီး တစ်ချက်ကြည့်ကြည့်ကြတာပေါ့” ကုန်းရှို့ပင်း သဘောတူလိုက်လေသည်။
နောက်ဆုံးတွင် လျှော့ဈေး ၁၀ရာခိုင်နှုန်းနှင့် တစ်နေ့စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ အလကား ဆိုသောအရာမှာ ဘယ်လိုကြည့်ကြည့် တန်နေသောအရာသာ ဖြစ်၏။
သူ့တွင်လည်း ငွေရှားမနေလေရာ ဘာလို့သွားမကြည့်ရပါမည်နည်း။
သက်လတ်ပိုင်းအရွယ်အမျိုးအမီး အမြန်ပြောလိုက်သည်။
“ဒီအဖွဲ့၀င်ကဒ်က တစ်ယောက်ပဲသုံးလို့ရတာပါ အခြားသူကို ငှားလို့မရပါဘူး
မိတ်ဆွေတို့ ကိုယ့်ဟာကိုယ်၀ယ်ရမှာပါ တစ်ယောက်ကိုတစ်ခု၀ယ်နိုင်ရင် အကောင်းဆုံးပါပဲ
ကျွန်မကအထဲကကဒ်ထုတ်ပေးတဲ့ သူတွေနဲ့ ရင်းနှီးပါတယ် အဲ့တာကြောင့် မိတ်ဆွေတို့ကို အမြန်ဆုံး ကဒ်ရနိုင်အောင် စီစဉ်ပေးနိုင်ပါတယ်”
လန်ကျားအထွတ်အမြတ်မြေမှလူများလည်း သဘောတူလိုက်ကြ၏။
ထို့နောက် အမျိုးသမီးက သူတို့ကို အဖွဲ့၀င်ကဒ်ထုတ်ဖို့ ခေါ်သွားပေးခဲ့လေသည်။
အဖွဲ့၀င်ကဒ်ကြေးက ၁၀၀၀၀ သာရှိပြီး မိုးပြာလကုန်သွယ်သမဂ္ဂတွင် အဆင့်မြင့်ေမှာ်ရတနာများပါ ရောင်းနေသည်ကို တွေ့သောအခါ သူတို့တွန့်ဆုတ်မနေကြတော့ပေ။
သူတို့အားလုံး ကဒ်များ၀ယ်လိုက်ကြ၏။
သက်လတ်ပိုင်းအမျိုးသမီးလည်း အလွန်ပျော်ရွှင်သွားခဲ့ပြီး အားလုံးကို နွေးထွေးကာ ကူညီပေးနေခဲ့သည်။
ထို့နောက် သူတို့အားလုံး စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀နှင့်ညီသောပစ္စည်းများ ၀ယ်ယူခွင့်ရသွားခဲ့ကြ၏။ ထိုအခါမှ အားလုံး စိတ်အေးသွားခဲ့ကြသည်။
သူတို့ဈေး၀ယ်ဖို့ တန်းမသွားခဲ့ပေ။ ထိုအစား အမျိုးသမီး၏လမ်းပြမှုဖြင့် အဇူရာတိမ်ဧည့်ဂေဟာသို့သာ ရောက်ရှိလာခဲ့ကြ၏။
“ကျွန်မရဲ့ ၀န်ဆောင်မှုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်ကြရဲ့လား ဧည့်သည်တော်တို့”
“အရမ်းစိတ်ကျေနပ်ပါတယ်”
အားလုံးခေါင်းငြိမ့်လိုက်ကြပြီး အဇူရာတိမ်ဂိုဏ်းက အတော်လေးဖော်ရွေသည်ဟု ခံစားလိုက်ကြရသည်။
“အခုလိုကြားရတာ၀မ်းသာပါတယ် ၀န်ဆောင်မှုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၃၁တုံး ကျသင့်ပါတယ်ရှင့်”
လူတိုင်းကြောင်သွားကြပြီး ဖြန့်ထားသော သူမလက်ကို ကြည့်လိုက်မိကြ၏။
ဘာတွေဖြစ်နေပါသနည်း။
“စိတ်ဝိညာဉ်ကျောက်တုံး ၃၁တုံးတည်းပါ ကျွန်မက ဧည့်သည်တော်တို့ကို တစ်နေ့လုံး၀န်ဆောင်မှုပေးခဲ့တာပါ အဲ့အတွက်မှ စိတ်ဝိညာဉ်ကျောက်တုံး ၃၁တုံးတည်းရယ်ပါ” အမျိုးသမီး ထပ်ပြောလိုက်သည်။
ထိုအခိုက်တွင် အမျိုးသမီးဘာလို့ဒီလောက်စိတ်အားထက်သန်နေလဲဆိုတာ အားလုံး နားလည်သွားခဲ့ကြ၏။
ကုန်းရှို့ပင်း အံကိုကြိတ်လိုက်မိသည်။ အဇူရာတိမ်ဂိုဏ်းနှင့်ပတ်သက်သောအရာမှန်သမျှသည် ထောင်ချောက်တစ်ခုမရှိဘဲ မလာတတ်ပေ။
သူစိတ်ဝိညာဉ်ကျောက်တုံး ၃၁တုံးထုတ်ပေးလိုက်၏။
အမျိုးသမီးကျင့်ကြံသူများထဲမှ တစ်ယောက် မပေးချင်ဟန်ဖြင့် မေးလိုက်သည်။
“တစ်ဆိတ်လောက်ရှင့်….ရှင်က တကယ်ပဲဘာလဲဟင်”
“ကျွန်မက ဧည့်လမ်းညွှန်ပါ”
အမျိုးသမီးပြုံးပြကာ ကျက်သရေရှိစွာ ထွက်ခွာသွားခဲ့၏။
မိုးပြာလကုန်သွယ်သမဂ္ဂတွင် စာရင်းသွင်းခြင်းအတွက် တစ်ယောက်ကို ကော်မရှင်ခ ၂၀ ရလိုက်သလို ၀န်ဆောင်ခအတွက်လည်း ၃၁တုံး ရလိုက်သေးသည်။ သူမအတွက်တော့ ထိုပမာဏက သူမတစ်ဘ၀လုံး ရှာဖူးသမျှထက်ပင် များနေသေး၏။
အခွန်ဆောင်ပြီးသည့်နောက်တွင်တော့ ၀င်ငွေက ကောင်းလွန်းနေသေးသည်။
ထိုအခိုက်တွင် လန်ကျားအထွတ်အမြတ်မြေမှလူများ သူမ၏ပျော်ရွှင်နေသော အမူအရာကို ငေးကြောင်၍ ကြည့်နေခဲ့၏။
ကုန်းရှို့ပင်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ဧည့်ဂေဟာထဲသို့ အရင်၀င်သွားခဲ့လိုက်သည်။
ချွန်းရှောင်သူတို့ကို ကြိုဆိုလိုက်ပြီး မေးလိုက်၏။
“ဧည့်သည်တော်တို့ တည်းခိုဖို့လားရှင့်”
“ငါတို့က ကျန်းယန်ဆီအလည်လာတာပါ” ကုန်းရှို့ပင်း ပြောလိုက်သည်။
“အို့ ဧည့်သည်တော်တို့က မဟာအကြီးအကဲကိုတွေ့ချင်တာလား ကျေးဇူးပြုပြီး ဧည့်ဂေဟာမှာအရင်ဆုံး စာရင်းပေးထားကြပါ ကျွန်မဂိုဏ်းကို အကြောင်းကြားပေးပါ့မယ်”
“ငါတို့က လန်ကျားအထွတ်အမြတ်မြေက” ကုန်းရှို့ပင်း အံကိုကြိတ်၍ ပြောလိုက်၏။
စာရင်းသွင်းလိုက် စာရင်းပေးလိုက် ဒါတွေကဘယ်တော့မှ ပြီးတော့မှာလဲ!
ချွန်းရှောင်အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။
“ဆိုတော့ ဧည့်သည်တော်တို့က လန်ကျားအထွတ်အမြတ်မြေက ဧည့်သည်တော်တွေကိုး ကျေးဇူးပြုပြီး စာရင်းပေးထားကြပါ ဒါပေမယ့် ကျွန်မတို့ဘက်က ခြံ၀န်းသုံးခုပဲ အလကားပေးနိုင်ပါမယ်ရှင့် ခြံ၀န်းတစ်ခုကို လူသုံးယောက်နေလို့ရပါမယ်
ကျန်တဲ့သူတွေအတွက်ကတော့ အခကြေးငွေပေးဖို့ လိုပါမယ် ဧည့်သည်တော်တို့ အထူးအခန်းလိုချင်လား အဆင့်မြင့်အခန်းလိုချင်လားရှင့်”
ကုန်းရှို့ပင်း အတော်ကြီးဒေါသထွက်လာခဲ့သည်။
သေစမ်းကွာ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ဘာလို့နေရာတိုင်း ပိုက်ဆံလိုနေတာလဲ!
အဇူရာတိမ်ဂိုဏ်းသည် ၆၀ဘီလီယံကျော် လျော်ကြေးရရှိထားခြင်း မဟုတ်ပါလော။
ဘာကြောင့် အခုလောက်ထိ ကပ်စေးနည်းနေရပါသနည်း။