← Chapters

ရှားပါးအဇူရာတိမ်သတင်းစာ

Vol. 29 Ch. 303

ရှားပါးအဇူရာတိမ်သတင်းစာ

Vol. 29 Ch. 303

လန်ကျားအထွတ်အမြတ်မြေမှလူများ အနည်းငယ် စိတ်တိုနေကြသော်လည်း စာရင်းပေးလိုက်ကြ၏။

လူသုံးဆယ်ရှိသောကြောင့် သူတို့သည် အနည်းဆုံး အခန်း ၁၀လိုအပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူတို့သည် လန်ကျားအထွတ်အမြတ်မြေမှလူများ မဟုတ်ပါလော။ ဘယ်သူကမှ သူတို့ဆင်းရဲနေသည်ဟု အထင်ခံချင်မည် မဟုတ်ပေ။

သို့သော် တစ်ညကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ဆိုတာကြီးတော့ များလွန်းလှ၏။ သုံးခန်းအလကားရထားလျှင်တောင် သူတို့အတွက် တစ်ရက်ကို အခန်းခက ၁၀၀၀၀ကျော်နေခဲ့သည်။

ကုန်းရှို့ပင်း သူ့တာ၀န်အကြောင်းပြန်တွေးလိုက်ပြီး ဒေါသကိုဖိနှိပ်ထားလိုက်ရ၏။

အခန်းထဲရောက်သောအခါ သူအခန်းကိုတစ်ချက်ကြည့်ရှုလိုက်သည်။ ၂၀၀၀တန်အခန်းက ဆိုးတော့မဆိုးလှပေ။ တန်၏။

ထို့နောက် သူအနီးရှိ စာအုပ်စင်ပေါ်တွင်တင်ထားသော စာရွက်အချို့ကိုသတိထားမိသွားပြီး သွားယူကြည့်လိုက်သည်။

“အဇူရာတိမ်သတင်းစာ”

စာလုံးအသေးဖြင့် အပိုင်း(၁) ဟုလည်း ရေးသားထားသေး၏။

ကုန်းရှို့ပင်း စိတ်၀င်စားသွားခဲ့ကာ သတင်းစာကို ကောက်ဖတ်လိုက်လေသည်။

ထိုအခါ ပထမဆုံးစာရွက်တွင် စာလုံးမည်းကြီးများဖြင့် ရေးသားထားသော စာလုံးများကို တွေ့လိုက်ရ၏။

“သမိုင်းကို သတိရ အနာဂတ်ကို ထုဆစ်”

သူပိုပြီးပင် စိတ်၀င်စားသွားပြီး သေချာဆက်ဖတ်လိုက်သည်။

“သမိုင်းမှတ်တမ်းများအရ အဇူရာတိမ်ဂိုဏ်းကို တည်ထောင်ခဲ့သည်မှာ နှစ်၅၀၀၀ပင် ရှိနေခဲ့ချေပြီ။ လွန်ခဲ့သော နှစ်တစ်ထောင်ကာလက ကပ်ဘေးတစ်ခုနှင့်ရင်ဆိုင်ခဲ့ရပြီး ဂိုဏ်း၏ အုတ်မြစ်သည် ပျက်ဆီးသွားခဲ့ရသည်။ ထိုသမိုင်းကို မှတ်မိစေရန်အတွက် ဂိုဏ်းသည် အဇူရာတိမ်မြို့ထဲတွင် အဇူရာတိမ်ပြတိုက်ကို တည်ဆောက်ခဲ့၏။”

ကုန်းရှို့ပင်း အံ့အားသင့်သွားခဲ့သည်။

ပြတိုက်တဲ့လား ဘာအတွက်လဲ!

သူဆက်ဖတ်နေရင်း ပိုပြီး အံ့အားသင့်လာခဲ့၏။

ဘာ အဇူရာတိမ်ဂိုဏ်းက သူတို့ရဲ့ လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက အောင်မြင်မှုတွေကို ပြန်ပြီး ပြသတာတဲ့လား ပြီးတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ရှေးဟောင်းနယ်မြေတွေကိုတောင် ပြန်ပြီး ပြသဦးမှာလား!

ကောလာဟလများအရတော့ အဇူရာတိမ်မြို့ဟောင်းသည် အဇူရာမဟာတိမ်၀င်္ကပါထဲတွင် တည်ရှိခြင်း ဖြစ်သည်။ ထိုနေရာတွင် အမတရတနာများရှိသောကြောင့် ဂိုဏ်းကြီးများပင် ဟိုးအရင်ကတည်းက ၀င်ချင်နေခဲ့သော နေရာ ဖြစ်၏။

ပိုတုန်လှုပ်စရာကောင်းသည်မှာ အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကိုပါ အလည်လာသူများ ကြည့်ရှုနိုင်ဖို့ စီစဉ်‌နေခဲ့သည်။

သူတုန်လှုပ်သွားခဲ့ပြီး အဆုံးသတ်စာကြောင်းလေးကိုပင် မေ့လုနီးနီး ဖြစ်သွားခဲ့၏။

“သတ်မှတ်လိုအပ်ချက်များ ပြည့်မှီသူများသာ အဇူရာတိမ်ပြတိုက်သို့ ၀င်ခွင့်ရရှိမည်”

ကုန်းရှို့ပင်း သတင်းစာကိုပြန်ချလိုက်ပြီး သူ့အမူအရာက လေးနက်သွားခဲ့သည်။

အဇူရာတိမ်ဂိုဏ်းသည် ဘာလုပ်ဖို့ ကြိုးစားနေပါသနည်း။

သူအတန်ကြာတွေးတောကြည့်သော်လည်း အဖြေကို ရှာမတွေ့ခဲ့ပေ။

သူသတင်းစာကိုပြန်ကောက်ကိုင်လိုက်သောအခါ အခြားအကြောင်းအရာများကိုပါ တွေ့လိုက်ရပြီး ထိုထဲတွင် ၀မ်လောင်လျူဟူသောလူတစ်ယောက်၏ ဇာတ်လမ်းလည်း ပါလာခဲ့၏။

၀မ်လောင်လျူသည် အတိတ်တုန်းက အလွန်ဆင်းရဲခဲ့သော်လည်း မျှော်လင့်ချက်ကို လက်မလျှော့ခဲ့ပေ။ မဆုတ်မနစ်ကြိုးစားခဲ့ပြီးနောက်တွင် သူသည် အဇူရာတိမ်မြို့ထဲတွင် အောင်မြင်သော စားသောက်ဆိုင်တစ်ဆိုင် ဖွင့်နိုင်ခဲ့သည်။

ကုန်းရှို့ပင်း သတင်းစာကို မချနိုင်တော့ပေ။ သူဆက်ဖတ်နေရင်း ခန့်အပ်ခြင်းဟူသောအပိုင်းကိုရောက်ရှိသွားခဲ့၏။

အဇူရာတိမ်ခရီးသွားကုမ္မဏီတွင် လမ်းညွှန် ၁၀ယောက် လိုအပ်နေသည်။

လိုအပ်ချက်များမှာ နွေးထွေးရမည် ကူညီတတ်ရမည်

ကျားမမ‌ေရွး အသက်မရွယ်မရွေးပါ ကျင့်ကြံခြင်းအဆင့်သည်လည်း အရေးမကြီးပါ။

အဇူရာတိမ်ဧည့်ဂေဟာတွင် ၀န်ထမ်းသုံးယောက် လိုအပ်နေသည်….

ဧည့်လမ်းညွှန်ဟူသော စကားလုံးကိုမြင်လိုက်ရသောအခါ သူ့နှလုံးသားဒေါသကြောင့် တုန်ရီသွားခဲ့၏။

သူပိုက်ဆံကြောင့် ဒေါသထွက်နေခြင်းမဟုတ်ပေ။

လှည့်စားခံလိုက်ရသလို ခံစားလိုက်ရခြင်းကြောင့်သာ ဖြစ်သည်။

သူတော်စင်သခင်၏ သားဖြစ်သောသူသည် သာမန်သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်၏ လှည့်စားခြင်းကို ခံခဲ့ရ၏။

ထိုခံစားချက်ကို ဖိနှိပ်ထားရင်း ကုန်းရှို့ပင်း သတင်းစာကို အဆုံးထိ ဆက်ဖတ်နေခဲ့သည်။

တစ်နေရာ၌ စစ်ထူမင်ယွဲ့၏ပုံကြီးသည် စာမျက်နှာတစ်ခုလုံးအပြည့် နေရာယူထားခဲ့၏။

ပုံထဲတွင် စစ်ထူမင်ယွဲ့၏တောက်ပနေသောမျက်လုံးလေးများ သွားဖြူဖြူလေးများ ကျက်သရေရှိလှသော ဟန်ပန်နှင့် နှင်းလွှာများကို ကိုင်ဆောင်ထားပုံက အလွန်တင့်တယ်လွန်းနေခဲ့သည်။

သူမပုံ၏ဘေးတွင် စာလည်း ပါနေခဲ့၏။

စစ်ထူမင်ယွဲ့၊ တာအိုဘွဲ့ မင်ယွဲ့ကျိ၊ ဝိညာဉ်အခြေတည်အဆင့်၊ အဇူရာတိမ်ဂိုဏ်း၏စီနီယာအစ်မ၊ မိုးပြာလကုန်သွယ်သမဂ္ဂ၏ ဥက္ကဌ၊ ယွင်ထန့်အင်ပါယာ၏ မင်းသမီး

ကုန်းရှို့ပင်း ရင်တစ်ချက် ခုန်သွားခဲ့သည်။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာတုန်းက သူသည်တိုက်ပွဲကိုသာ ဂရုစိုက်နေခဲ့သောကြောင့် စစ်ထူမင်ယွဲ့ကို သတိမထားခဲ့မိပေ။

အခု သေချာကြည့်မိတော့မှ သူ့အဖေစီစဉ်ပေးမှုကလည်း မ‌ဆိုးလှပါဘူးဟု ခံစားလိုက်ရ၏။

သူသတင်းစာကိုချလိုက်သော်လည်း တခဏအကြာတွင် သူမပုံကို ကြည့်ရှုရန် ပြန်ကောက်ကိုင်လိုက်ပြန်သည်။

အတန်ကြာတွေးတောပြီးနောက်တွင်တော့ ထိုသတင်းစာကို သူ့သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်၏။

သူ့အဇူရာတိမ်ဧည့်ဂေဟာအပေါ် နားလည်မှုအရ ထိုအရာအတွက်လည်း ငွေတောင်းမှာ သေချာပေသည်။

သို့သော် ကိစ္စမရှိပေ။ ထိုပုံအတွက် သူဘယ်လောက်ကုန်ကုန် အကုန်ခံနိုင်၏။

မျှော်လင့်မထားဘဲ အခြားအခန်းမှလူများလည်း သူ့လိုပင် ထိုသတင်းစာကို တိတ်တိတ်လေးကြိတ်၍ သိမ်းထားခဲ့ကြသည်။

ဈေးကဘယ်လောက်ပဲဖြစ်ဖြစ် ကိစ္စမရှိပေ။

အမျိုးသမီးကျင့်ကြံသူများသာ သတင်းစာကို မနာလိုဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။

သူမတို့သည်လည်း လှပကြသူများဖြစ်ပြီး အဘယ်ကြောင့် ဘယ်သူမှ သူတို့ကို သတိမထားမိကြပါသနည်း။

မဖြစ်သေးပေ။ သူတို့လည်း သူတို့ပုံများကို အဇူရာတိမ်သတင်းစာတွင်ပါအောင် ထည့်ရပေမည်။ သူတို့လည်း သူတို့ပုံကြီး သတင်းစာအပြည့်ပါမည့်အဖြစ်မျိုးကို လိုချင်နေခဲ့ကြ၏။ ထိုအတွက် ဘယ်လောက်ပေးရပေးရ ကိစ္စမရှိပေ။

“အဇူရာတိမ်သတင်းစာကို ဘယ်သူထုတ်ဝေတာလဲ သူ့ကိုဘယ်မှာသွားရှာလို့ ရမလဲ”

ချွန်းရှောင်မအံ့ဩခဲ့ပေ။ မြေပုံတစ်ချပ်ထုတ်လိုက်ပြီး မြေပုံပေါ်မှ နေရာတစ်ခုကို ထောက်ပြလိုက်သည်။

“ဒီနေရာက အဇူရာတိမ်မြို့အစိုးရရုံးပါ အဇူရာတိမ်သတင်းစာကို အစိုးရရုံးမှာ ထုတ်တာပါ အဲ့ဒီနေရာမှာပဲ တိုက်ရိုက်သွား၀ယ်လို့ ရနိုင်ပါတယ်”

“ကျေးဇူးပါ” အမျိုးသမီးကျင့်ကြံသူတစ်အုပ်ပြောလိုက်ကြပြီး အလျင်အမြန်ပင် အစိုးရရုံးဆီ ပြေးလွှားသွားခဲ့ကြ၏။

ချွန်းရှောင်ကတော့ ထိုမြင်ကွင်းကို ကြိမ်ဖန်များစွာ မြင်ဖူးနေသလို ခေါင်းကိုသာ ခါယမ်းလိုက်လေသည်။

သူ့ဆရာဦးလေးသတင်းစာကို ထုတ်ဝေလိုက်ပြီးကတည်းက ထိုအမူအရာများကို မကြာခဏမြင်တွေ့လာခဲ့ရ၏။

သူမမှန်းတာသာ မမှားလျှင် သတင်းစာကိုသိမ်းထားလိုသူများလည်း မကြာခင်တွင် ရောက်ရှိလာကြပေလိမ့်မည်။

ထင်သည့်အတိုင်းပင် မကြာခင်တွင် ကုန်းရှို့ပင်းရောက်ရှိလာပြီး ခပ်တည်တည်ပြောလိုက်သည်။

“ငါမတော်တဆ အဇူရာတိမ်သတင်းစာကိုဖျက်ဆီးလိုက်မိတယ်”

ချွန်းရှောင် အံ့အားသင့်သွားခဲ့၏။

“ကျွန်မတို့က ဧည့်သည်တွေ ဖတ်နိုင်ဖို့ တစ်ခန်းမှာ တစ်စောင်ပဲထားပေး‌ထားတာပါ”

“ဘယ်လောက်အကြွေးတင်သွားလဲ ငါပေးမယ်” ကုန်းရှို့ပင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အာ…အဲ့တာက ကုန်သွားပြီ ထပ်မထုတ်တော့ဘူး” ချွန်းရှောင် ပြန်ပြောလိုက်၏။

ကုန်းရှို့ပင်း စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ စားပွဲပေါ်သို့ ပစ်ချပေးခဲ့ကာ လှည့်ထွက်သွားခဲ့လေသည်။

မကြာခင်တွင် နောက်ထပ်ပျက်ဆီးသွား‌ေသာ အမျိုးသားများလည်း ရောက်ရှိလာခဲ့ပြန်သည်။

အားလုံးပြန်သွာ‌းသောအခါမှ ချွန်းရှောင် စားပွဲအောက်က သတင်းစာအထပ်လိုက်ကြီးကို တစ်ချက်ကြည့်လိုက်၏။ ထိုလူများ ပြန်သွားလျှင် သူအခန်းထဲ နောက်ထပ်သတင်းစာများ ထပ်ထည့်ထားရပေဦးမည်။

အလုပ်ပြီးချိန်တွင် ချွန်းရှောင် ကုန်းရှို့ပင်းတို့ ရောက်ရှိလာကြောင်း ကျန်းယန်ဆီသတင်းပို့လိုက်၏။

အကြပ်ရိုက်နေသော ကျန်းယန်လည်း ထိုသတင်းကြောင့် မျက်လုံးများအရောင်တောက်သွားခဲ့ပြီး ချွန်းရှောင်ကို ဘာလုပ်ရမလဲ လမ်းညွှန်လိုက်လေသည်။

နောက်တစ်နေ့မနက်ခင်းတွင် ကုန်းရှို့ပင်း ကောင်တာဆီရောက်ရှ်ိလာခဲ့ပြန်၏။

“ငါတို့ဒီနေ့ အဇူရာတိမ်ဂိုဏ်းဆီ သွားလို့ရပြီလား”

ချွန်းရှောင်မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“ကျွန်မ မနေ့က ဆရာဦးလေးဆီ သတင်းပို့ထားပါတယ် ဆရာဦးလေးက ဧည့်သည့်တော်က ဂိုဏ်းကို တစ်ကိုယ်တော်အနေနဲ့ လာလည်ချင်တာလား ဂိုဏ်းကိုယ်စားလာလည်ချင်တာလားလို့ မေးလိုက်ပါတယ်”

“အဲ့တာက ဘာကွာလို့လဲ” ကုန်းရှို့ပင်း အံ့အားသင့်သွားဟန် ဖြင့်မေးလိုက်၏။

“ဒါပေါ့ ကွာတာပေါ့” ချွန်းရှောင် လေးလေးနက်နက်ပြန်ပြောလိုက်သည်။

“ဆရာဉီးလေးက လက်ရှိ တိမ်တောင်အင်ပါယာရော ယွင်ထန့်အင်ပါယာရောနဲ့ ရင်ဆိုင်နေရတော့ သူ့အခြေအနေက အတော်လေးကြပ်တည်းနေပါတယ်

အဲ့တာကြောင့် ဧည့်သည်တော်က တစ်ကိုယ်တော်အနေနဲ့ အလည်လာတာဆိုရင် ဆရာဦးလေးက ဧည့်သည်တော်ရဲ့ရည်ရွယ်ချက်ကို အကြမ်းဖျင်းသိမှာပါ ဒါကြောင့် လာရင်းကိုစာတစ်စောင်ရေးပြီးပဲ ပို့ထားခိုင်းလိုက်ပါတယ် ပြီးမှ ဆရာဦးလေးဆင့်ခေါ်တဲ့အချိန်ထိ ဧည့်ဂေဟာမှာ စောင့်ပါတဲ့

ဒါပေမယ့် ဧည့်သည်တော်က လန်ကျားအထွတ်အမြတ်မြေကိုယ်စား ရောက်လာတာဆိုရင်တော့ ဒါက ဂိုဏ်းနှစ်ဂိုဏ်းကြားက ကိစ္စကြီးဖြစ်လို့ ဆရာဦးလေးက ချက်ချင်းလက်ခံ‌တွေ့ဆုံဖို့ စီစဉ်ပါလိမ့်မယ်”

ကုန်းရှို့ပင်း ဒေါသများဆူဝေတက်လာခဲ့သည်။

စာရေးပြီး သူ့ကိုစောင့်ခိုင်းမယ်တဲ့လား!

ဒီခွေးကောင်က ငါဒီနေရာကို စာရေးဖို့ လာတယ်ထင်နေလား!

ငါသူ့ကိုတွေ့တာနဲ့ ဒေါသနည်းစနစ်ကိုသုံးပြီး သူ့ကိုဒူးထောက်တောင်းပန်လာအောင် လုပ်ပစ်မယ်ကွ!

သူအံကိုကြိတ်ကာ ပြောလိုက်၏။

“ငါတို့က လန်ကျားအထွတ်အမြတ်မြေကိုယ်စား အဇူရာတိမ်ဂိုဏ်းကို အလည်လာတာပါ”

သူ့စိတ်ထဲတွင် အဇူရာတိမ်ဂိုဏ်းဆီ အမြန်ရောက်လိုစိတ်သာ ရှိတော့သည်။

မဟုတ်လျှင် သူသည် ဒီနေရာတွင်ကျန်းယန်ဆင့်ခေါ်တာကို စောင့်နေရပါမည်လော။

ကျန်းယန်သည် ဂိုဏ်းထဲတွင် လက်ခံတွေ့ဆုံပွဲကြီးတစ်ခုစီစဉ်နေပြီး သူရောက်အလာကိုသာ စောင့်နေခြင်းကိုတော့ သူမသိခဲ့ပေ။

All Chapters