ရှားပါးအဇူရာတိမ်သတင်းစာ ( ၂)
Vol. 29 Ch. 304
ဤသည်မှာ ဂိုဏ်းနှစ်ဂိုဏ်းကြားက ကိစ္စကြီးဖြစ်သောကြောင့် ချွန်းရှောင် ထိုသတင်းကို ဂိုဏ်းထံသို့ ချက်ချင်းပြန်ပို့လိုက်လေသည်။
ထိုနေ့မွန်းတည့်အချိန်၌ပင် ကုန်းရှို့ပင်း လူအုပ်ကြီးနှင့်အတူ အဇူရာတိမ်ဂိုဏ်းသို့ ရောက်ရှိလာခဲ့၏။
အဇူရာတိမ်ဂိုဏ်း၏ တံခါးဝတွင် ကျန်းယန်ကိုယ်တိုင် ကြိုဆိုရန် သူ့ကိုထွက်စောင့်နေခဲ့သည်။
ကုန်းရှို့ပင်းကိုမြင်သောအခါ ကျန်းယန် ခြေလှမ်းမြန်မြန်ဖြင့် ရှေ့သို့တိုးလာကာ ကုန်းရှို့ပင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အားရပါးရ ရယ်မောလိုက်၏။
“ညီကိုကုန်း မတွေ့တာကြာပြီ ငါမင်းကိုသတိရနေတာကွ”
ကုန်းရှို့ပင်း ခပ်ပေါ့ပေါ့ပြုံးလိုက်သည်။ အတွင်းစိတ်၌ မကျေမနပ်ဖြစ်သော်လည်း အတင်းအဓမ္မပြုံးကာ ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။
“တာအိုမိတ်ဆွေကျန်းက ချီးကျူးလွန်းနေပါပြီ”
“အာ သူတော်စင်သခင်ရဲ့ သားဖြစ်တဲ့ ညီကိုကုန်းက ငါတို့အဇူရာတိမ်ဂိုဏ်းကို ရောက်လာတယ်ဆိုတာ ငါတို့အတွက် ဂုဏ်ယူစရာပဲလေ”
ကျန်းယန် ကုန်းရှို့ပင်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်ပြီး အနီးအနားရှိ အဇူရာတိမ်ဂိုဏ်းတပည့်တစ်ယောက်ကို လက်ညိုးထိုးပြလိုက်သည်။
ကျန်းယန်၏အမူအရာအတိုင်း ကုန်းရှို့ပင်းလှည့်ကြည့်လိုက်ရာ ထိုတပည့်ကလေးက ရှေ့သို့အလျင်အမြန်တိုးလာကာ ပစ္စည်းတစ်ခုကိုကိုင်ထားပြီး ေဖာက်ေဖာက်ဟု အကြိမ်အနည်းငယ် ပုတ်လိုက်၏။
ကုန်းရှို့ပင်း တခဏ ငေးငိုင်သွားခဲ့သည်။ ထိုအရာက ဘာလဲဆိုတာ သူနားမလည်ဘဲ အဇူရာတိမ်ဂိုဏ်း၏ ကြိုဆိုပွဲအစီအစဉ်တစ်ခုဟုသာ ထင်မှတ်လိုက်မိ၏။ ထို့နောက် သူသည် ကျန်းယန်နောက်သို့ လိုက်၍ တောင်ပေါ်သို့တက်ခဲ့သည်။
ကုန်းရှို့ပင်း၏အဖွဲ့ထဲမှ အမျိုးသမီးများအားလုံးသည် ကျန်းယန်ကိုသာ စူးစိုက်ကြည့်ရှုနေကြပြီး သူတို့၏မျက်နှာများတွင် သိချင်စိတ် လေးစားမှု နှင့် ကြောက်ရွံ့ခြင်းများပင် ရောထွေးနေခဲ့သည်။
ကျန်းယန်သတိထားမိသော်လည်း ဂရုမစိုက်ဘဲ ကုန်းရှို့ပင်းကိုသာ အာရုံစိုက်ထားခဲ့၏။
အဇူရာတိမ်ဂိုဏ်းသည် သံတမန်ရေးရာနယ်ပယ်ကို အောင်မြင်စွာဖွင့်နိုင်မနိုင်ဆိုတာ ကုန်းရှို့ပင်းပေါ်တွင် မူတည်နေပေသည်။
လမ်းတစ်လျှောက်လုံး ကျန်းယန် ပေါ့ပေါ့ပါးပါးသာ စကားစမြည်ပြောဆိုနေပြီး ညစ်ကျယ်ကျယ်ပြုံးနေခဲ့၏။
ကုန်းရှို့ပင်း၏ အတွင်းစိတ်ထဲ၌ ဒေါသထွက်နေသော်လည်း အဇူရာတိမ်ဂိုဏ်းနှင့် ကိစ္စရှိသည်ကို သိထားသောကြောင့် အတင်းအဓမ္မ ပြုံးပြရင်းသာ နေနေခဲ့ရ၏။
အပြင်ပန်းမှကြည့်လျှင် သူတို့နှစ်ဦး၏ပုံစံသည် ခင်မင်ရင်းနှီးစွာ စကားစမြည်ပြောနေသည်ဟုသာ ထင်ရသည်။
သူတို့အနီးရှိ တဖောက်ဖောက်လုပ်နေသော တပည့်ကေလးမှလွဲပြီး မည်သူမျှ ထူးခြားမှုတစ်စုံတစ်ရာကို သတိမပြုမိကြပေ။
ခန်းမဆောင်သို့ရောက်သောအခါ အားလံုးေနရာယူလုိက်ကြပြီး ထိုတပည့်ကလေးက နောက်တစ်ကြိမ် ပစ္စည်းကို အကြိမ်အနည်းငယ် ထပ်ပုတ်လိုက်ပြန်သည်။
စကားစမြည်အနည်းငယ်ပြောပြီးနောက်တွင်တော့ ကုန်းရှို့ပင်း ပြိုင်ပွဲအကြောင်း မေးခွန်းထုတ်လာခဲ့၏။
သူ ကျန်းယန်ကို ခပ်စူးစူးကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာတုန်းက ညီကိုကျန်းရဲ့ လမ်းညွှန်မှုကြောင့် ငါအတော်လေး အကျိူအမြတ်ရခဲ့တယ်လေ အဲ့တာကြောင့် ဒီတစ်ခေါက်လာတာကလည်း ညီကိုကျန်းဆီက လမ်းညွှန်မှု ခံယူဖို့ပါပဲ”
“ပြိုင်ေနစရာမလိုေတာ့ပါဘူး” ကျန်းယန်လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
“ငါက အဲ့ဒီအတွက်ပဲလာခဲ့တာပါ ညီကိုကျန်း မငြင်းဖို့ မျှော်လင့်ပါတယ်”
သူလက်စားချေချင်ပေသည်။
သူ့ဂုဏ်သိက္ခာကိုလည်း ပြန်လည်တည်ဆောက်ချင်၏။
ကျန်းယန် ကုန်းရှို့ပင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“ညီကိုကုန်း သေချာလို့လား”
“သေချာတယ်” ကုန်းရှို့ပင်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ” ကျန်းယန်ခေါင်းခါလိုက်၏။ “တခြားလူဆိုရင်တော့ ယှဉ်ပြိုင်ဖို့မလိုတော့ပါဘူး ဒါပေမယ့် ညီကိုကုန်းကတော့ သူတော်စင်သခင်ရဲ့သားဆိုတော့ ငါပြိုင်ပေးလိုက်ပါ့မယ်”
ပြောနေရင်း သူ့ဘယ်ဘက်လက်ထဲ၌ ဝိညာဉ်
ငြိမ်းအေးအလံပေါ်လာခဲ့ပြီး ညာဘက်တွင်တော့ အမတသန့်စင်အမွှေးတိုင်အိုးပေါ်လာခဲ့ကာ ကိုယ်ပေါ်တွင် အလင်းလွှာချပ်၀တ်ကို ၀တ်ဆင်ထားလိုက်သည်။
ထို့နောက် သူလေ့ကျင့်ရေးကွင်းကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
“ညီကိုကုန်း ငါတို့ အခုပဲ လေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ကြမလား”
ကုန်းရှို့ပင်းမျက်နှာ ဖြူေလျာ်သွားခဲ့သည်။
ထိုအထွတ်အထိ်ပ်အဆင့် စိတ်ဝိညာဉ်ရတနာများ ၀တ်ဆင်ထားသူကို သူမည်သို့ သွားတိုက်ခိုက်ရပါမည်နည်း။
သူတော်စင်သခင်၏သားဖြစ်သည့် သူ့တွင် ကာကွယ်ရေးစိတ်ဝိညာဉ်ရတနာများရှိသော်လည်း ဒီထိပ်တန်းအဆင့်ရတနာများနှင့် နှိုင်းယှဉ်လို့ မရပေ။
သူဘယ်လိုယှဉ်ပြိုင်နိုင်မည်နည်း။
လန်ကျားအထွတ်အမြတ်မြေမှ တပည့်များလည်း ငေးကြောင်သွားခဲ့ကြ၏။
များလိုက်တဲ့ စိတ်ဝိညာဉ်ရတနာတွေ!
အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ရတနာနှစ်ခုတဲ့လား!
အဇူရာတိမ်ဂိုဏ်းက သူတို့ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်တစ်ခုလုံးကိုဒီကောင့်ကို ပေးထားတာလားဟ!
မကြာခင်မှာပင် အမျိုးသမီးတပည့်များ၏မျက်လုံးများတွင် စိတ်ဝင်စားမှုများ တောက်ပလာခဲ့လေသည်။
ငယ်ရွယ်သော ထူးချွန်သော မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်သော ချမ်းသာသော ဤလူငယ်လေးသည် သူတို့၏ အိပ်မက်ထဲမှ တာအိုလက်တွဲဖော်သာ မဟုတ်ပါလော။
အမျိုးသမီးကျင့်ကြံသူများ ကျန်းယန်လက်မောင်းထဲသို့သာ ပစ်၀င်သွားချင်နေခဲ့ကြ၏။
ကုန်းရှို့ပင်းလက်များတုန်ရီနေကာ ဝီညာဉ်ငြိမ်းအေးအလံကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ဒါက နန်းကုန်းရဲ့ဝိညာဉ်ငြိမ်းအေးအလံမလား”
ကျန်းယန်ပြုံးလိုက်၏။
“ဟုတ်တယ်လေ အဲ့တာကအစကတည်းက အဇူရာတိမ်ဂိုဏ်းရဲ့ဟာပဲကို ငါအဲ့ဒီသစ္စာဖောက်ဆီက ပြန်ယူလာတာ
သစ္စာဖောက်ကိုတော့ လွှတ်ပေးလိုက်ပါတယ်လေ
တကယ်တော့ ဝိညာဉ်ငြိမ်းအေးအလံတင်မဟုတ်ပါဘူး တောင်တစ်ထောင်ချိတ်စည်းကိုလည်း ယူလာခဲ့ပြီးပြီ”
ပြောနေရင်း သူထိုရတနာကိုပါ ထုတ်ပြလိုက်လေသည်။
သို့သော် တောင်တစ်ထောင်စည်းသည် သူ့ကိုသခင်အဖြစ် အသိအမှတ်မပြုသေးသောကြောင့် သူပြန်သိမ်းလိုက်၏။
ကုန်းရှို့ပင်းလုံး၀ ငေးကြောင်နေခဲ့ရသည်။
အခုတော့ သူ့ရတနာများကိုသုံးပြီးဖိနှိပ်မည့် အကြံအစည်ကို လုံး၀ မေ့ထားလိုက်လို့ရချေပြီ။
လန်ကျားအထွတ်အမြတ်မြေက ကျင့်ကြံသူများအားလုံး အသိစိတ်လွတ်ကုန်ကြ၏။
ကုန်းရှို့ပင်း အမူအရာကင်းမဲ့စွာဖြင့် ၀န်ခံလိုက်လေသည်။
“ရတနာချင်းယှဉ်မယ်ဆိုရင်တော့ ငါကတကယ်ပဲ ညီကိုကျန်းကို မယှဉ်နိုင်ပါဘူး”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်သည်။
“ဆိုတော့ ညီကိုကုန်းက နတ်ဝိညာဉ်အဆင့်စွမ်းအားကြီးနဲ့ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို ရင်ဆိုင်မလို့လား ငါသာ ရတနာတွေထုတ်မထားရင် ငါ့အတွက် မမျှတတော့ဘူးလေ ဒီလိုဆိုရင်ရော စိတ်ဝိညာဉ်စွမ်းအားတွေ မသုံးဘူး ဒီတိုင်းလက်သီးချင်းပဲ ယှဉ္်မယ်လေ”
“ယှဉ်ဖို့မလိုတော့ပါဘူး” ကုန်းရှို့ပင်း ပြတ်ပြတ်သားသား ပြောလိုက်၏။
လက်သီးချင်းတဲ့လား သူ၀က်ခေါင်းဖြစ်တဲ့ထိ အရိုက်မခံလိုပေ။
“ကောင်ပြီးလေ ဒါဆိုလည်း နောက်မှပေါ့” ကျန်းယန်ရတနာများကို ပြန်သိမ်းပြီး ပြောလ်ုက်သည်။
“ညီကိုကုန်း ရောက်လာပြီဆိုမှတော့ ညီကိုကုန်းကို အဇူရာတိမ်ဂိုဏ်းတစ်ဝိုက် လိုက်ပြပေးပါမယ်”
ကုန်းရှို့ပင်း စိတ်လှုပ်ရှားသွားခဲ့၏။ ဤအခွင့်အရေးကိုသုံးပြီး သူစစ်ထူမင်ယွဲ့နှင့် တွေ့ရမည်။
သူခေါင်းညိတ်၍ သဘောတူလိုက်လေသည်။
လမ်းတစ်လျှောက်လုံးတွင် ကျန်းယန်သူ့ကို ကိုယ်ပိုင်ဧည့်လမ်းညွှန်တစ်ယောက်လိုပင် မြင်မြင်သမျှကို ရှင်းပြပေးနေခဲ့၏။
အဖော်ပြုပေးသော တပည့်များကလည်း ထိုမြင်ကွင်းကို တစ်ချိန်လုံး မှတ်တမ်းတင်နေခဲ့ကြသည်။
ထိုလမ်းခရီးတစ်လျှောက်လုံးတွင် ကုန်းရှို့ပင်း စစ်ထူမင်ယွဲ့ကို တစ်ခါမှ မမြင်ခဲ့ရပေ။
ထို့နောက် သူမေးလိုက်၏။
“ဒါနဲ့ ဘာလို့ တာအိုမိတ်ဆွေစစ်ထူကို မတွေ့ခဲ့မိတာလဲ”
“အို့ ငါ့ဂျူနီယာညီမလေးက အရေးကြီးကိစ္စတစ်ခုကြောင့် အပြင်ရောက်နေလို့လေ” ကျန်းယန် ဖြေလိုက်သည်။
ကုန်းရှို့ပင်း သူ့စကားကိုလျစ်လျူရှုလိုက်ဟန်ဖြငိ့ ဆက်ပြောလိုက်၏။
“ငါစီနီယာချင်းယွင်နဲ့လည်း တွေ့ချင်သေးတယ် သူနဲ့အရေးကြီးကိစ္စတစ်ခု ဆွေးေနွးစရာရှိလို့လေ အကြီးအကဲမှာ အချိန်ရှိရဲ့လား”
“မရှိဘူး” ကျန်းယန် တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။
“ငါ့ဆရာက မိစ္ဆာတွေကိုဖိနှိပ်ရင်း အလုပ်ရှုပ်နေတာလေ ဒီကကိစ္စတွေအားလုံးကို ငါ့ဆီပဲထားခဲ့တာအဲ့တာကြောင့် ဘာပဲလိုလို ငါ့ကိုပဲ ပြောလိုက်ပါ”
ကုန်းရှို့ပင်း ဆဲချင်သွားခဲ့၏။ မိစ္ဆာတွေက အပြင်မှာရောက်နေတာကို ဘယ်ကမိစ္ဆာတွေကို သွားဖိနှိပ်နေပါသနည်။
သူတွန့်ဆုတ်သွားပြီးနောက် ပြောလိုက်သည်။
“ငါတာအိုမိတ်ဆွေစစ်ထူကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ေတွ့ခဲ့ကတည်းက မြင်မြင်ချင်း စိတ်၀င်စားသွားခဲ့မိတာ ဒီကိုရောက်လာတဲ့ ကိစ္စကလည်း အဲ့ဒီမင်္ဂလာကိစ္စကို စီစဉ်ချင်လို့ပါ ဒီကိစ္စကိုတော့ မင်းတစ်ယောက်တည်းလုပ်လို့မရလောက်ဘူး မဟုတ်လား”
ကျန်းယန်၏အမူအရာအနည်းငယ်ပြောင်းလဲသွားကာ ပြုံး၍ ပြောလိုက်၏။
“အော် ငါကအရေးကြီးတဲ့ကိစ္စထင်နေတာ ဒါပေါ့ ငါဆုံးဖြတ်ပေးလို့ရတယ်”
“ဒါဆို မင်းဘယ်လိုထင်လဲ”
ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“ငါတို့အဇူရာတိမ်ဂိုဏ်းက မကောင်းတဲ့ရိုးရာတွေကို ဆန့်ကျင်တယ် လူတိုင်းကို လွတ်လပ်စွာ ချစ်ခွင့်ပေးထားပြီးတော့ စီစဉ်ပေးတဲ့မင်္ဂလာပွဲမျိုးကို လက်မခံဘူး အဲ့တော့ ငါ့ဂျူနီယာညီမလေးသာ လက်ခံရင် တစ်ဂိုဏ်းလုံးက ငြင်းစရာမရှိပါဘူး”
“ငါတာအိုမိတ်ဆွေစစ်ထူနဲ့အခုပဲတွေ့ပြီး သူ့ကိုမေးချင်တယ်” ကုန်းရှို့ပင်း အမြန်မေးလိုက်၏။
“သူဘယ်မှာလဲ သိပါရစေ”
ကျန်းယန်အသာအယာပြုံးလိုက်သည်။
“ဒါကတော့ လျှို့ဝှက်ချက်တစ်ခုပါ မင်းကိုပြောပြလို့မရဘူး”