လှည့်ကွက်
Vol. 29 Ch. 305
ကျန်းယန်၏စကားကြောင့် ကုန်းရှို့ပင်း နင်သွားခဲ့၏။ အကယ်၍ သူသာထိန်းမထားနိူင်လျှင် ထဆဲပြီးနေလောက်ချေပြီ။
ထိုကောင်သည် သူ့ကိုလာကစားနေခြင်းပေလော။
ကျန်းယန်သူ့ကိုတစ်ချက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ငါ့ဂျူနီယာညီမလေးက အဇူရာတိမ်ဂိုဏ်းရဲ့ စစ်ဆင်ရေးတစ်ခုကိုသွားနေရတာပါ အဲ့တာကြောင့် မင်းကိူမပြောပြနိုင်တာ
စကားမစပ် ညီကိုကုန်းမင်းရောက်လာတာ အချိန်ကိုက်ပဲ
နောက်နှစ်၀က်နေရင် အဇူရာတိမ်ဂိုဏ်းမှာ စစ်ရေးပြပွဲတစ်ခုလုပ်မှာ
ငါတို့ဂိုဏ်းတွေအားလုံးကိုလည်း ဖိတ်မှာ မင်းကိုယ်တိုင်ရောက်နေမှတော့ ငါတို့က လန်ကျားအထွတ်အမြတ်မြေကို အထူးဧည့်သည်အနေနဲ့ ဖိတ်ရတော့မှာပေါ့ မင်းက လန်ကျားအထွတ်အမြတ်မြေကို ကိုယ်စားပြုတာမဟုတ်လား”
ကုန်းရှို့ပင်းခေါင်းများ ချာချာလည်သွားခဲ့၏။
စစ်ရေးပြပွဲဟူသော စကားကို သူနားမလည်ပေ။
ထိုစဉ် အမျိုးသမီးကျိင့်ကြံသူတစ်ယောက် ရှေ့ထွက်လာခဲ့ပြီး ပြောလိုက်သည်။
“ကျွန်မတို့လည်းက်ြညျချင်တယ် တာအိုမိတ်ဆွေကျန်း ကျွန်မတို့ကိုလည်း ကြိုဆိုတယ်မဟုတ်လား”
“ဒါပေါ့” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
“ငါမင်းတို့အားလုံးအတွက် အထူးခုံတန်းတွေ စီစဉ်ပေးထားမယ်”
“ကျေးဇူးပါ တာအိုမိတ်ဆွေကျန်း ကျွန်မက ကုန်းချင်းဟန်ပါ ကျွန်မမှာ တာအိုမိတ်ဆွေကိုကျန်းကို သီးသန့်မေးချင်တဲ့ မေးခွန်းလေးတွေရှိပါတယ် ဘယ်တော့များ အချိန်ရလောက်မလဲ”
ကျန်းယန် သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။
“အခုတလောတော့ စစ်ရေးပြပွဲကိစ္စတွေနဲ့အလုပ်ရှုပ်နေတော့ အချိန်မရှိလောက်ဘူး မင်းအဇူရာတိမ်မြို့မှာ ခဏနေနိုင်သေးရင်တော့ နောက်မှအဲ့ကိစ္စအကြောင်း ဆွေးနွေးလို့ရမှာပါ
စကားမစပ် အဇူရာတိမ်မြို့မှာ နေမယ်ဆို လတ်တလောနေခွင့်လိုတယ်နော် ဒါပေမယ့် နေထိုင်ခွင့်က အလကားပါ ဘာမှပေးစရာမလိုဘူး”
နေခွင့်ကအလကားပေမယ့် နေစားရိတ်က ကြီးတယ်လေ!
ကုန်းချင်းဟန် အကြိမ်ကြိမ်ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူးပါ တာအိုမိတ်ဆွေကျန်း ကျွန်မမကြာခင်ပဲနေထိုင်ခွင့်လုပ်ထားလိုက်ပါ့မယ်”
အခြားအမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများလည်းလတောက်ပသွားခဲ့သည်။ သူတို့လည်း နေထိုင်ခွင့်တစ်ခု လိုချင်ပေသည်။
ကုန်းရှို့ပင်းကတော့ စိတ်ပူသွားခဲ့၏။ သူရောနေထိုင်ခွင့် လိုပါမည်လော။
နောက်ဆုံးတွင်တော့ ကုန်းရှို့ပင်း သူ့ဘာရည်ရ္ွယ်ချက်မှ မအောင်မြင်လိုက်ဘဲ တောင်အောက်သို့ ပြန်ဆင်းသွားလိုက်ရ၏။
ကျန်းယန် သူ့ကိုယဉ်ယဉ်ကျေးကျေးလိုက်ပို့ခဲ့ပြီး သူပြန်သွားပြီးနောက်တွင် ကျန်းယန ်ချက်ချင်း ဓာတ်ပုံရိုက်ခဲ့သော တပည့်ကို ခေါ်လိုက်သည်။
“ယုစုန့် အမြန်အဲ့ဒီဓာတ်ပုံတွေကို ဂျူနီယာညီလေးကျန်းဆီ ပို့လိုက် သူ့ကို အဇူရာတိမ်သတင်းစာထဲမှာ ဒီအကြောင်းထည့်ပြီး ချကိချင်းထုတ်ဝေခိုင်း တတ်နိုင်သလောက် အစောင်ရေများများထုတ်ပြီး အခြားကုန်းမြေတိုက်ကြီးတွေ ဆီကိုပါ ဖြန့်”
“ဟုတ်ကဲ့ပါ ဆရာ” ယုစုန့် အမြန်ပင် ကျန်းကျစ်ချိုးဆီပို့ဖို့ ပြင်လ်ုက်လေသည်။
ထိုစဉ် ကုန်းရှို့ပင်း အဇူရာတိမ်ဧည့်ဂေဟာသို့ပြန်ရောက်လာခဲ့ပြီး ဒေါသကတော့ ထွက်နေဆဲပင်။
အမျိုးသမီးကျင့်ကြံသူများကတော့ ယာယီနေထိုင်ခွင့်များပင် သွားလျှောက်ကာ ယူထားခဲ့ကြသည်။
ထိုလုပ်ငန်းစဉ်အတွင်း သူတို့ထဲကပြိုင်ဘက်များပေါ်လာခဲ့ကြပြီး သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် သတိထားပြီး စောင့်ကြည့်နေခဲ့ကြ၏။
ထိုနေထိုငိခွင့်ရရှိပြီးနောက် သူတို့ဤမြို့ထဲတွင် တစ်နှစိတော့ နေထိုင်ခွင့်ရသွားခဲ့ကြချေပြီ။
ထပ်နေချင်သေးရင်တော့ တစ်နှစ်ကြာလျှင် သူတို့၏နေထိုင်ခွင့်များကို သက်တမ်းတိုးဖို့ လိုပေသည်။
ကုန်းရှို့ပင်း နေထိုင်ခွင့်လျှောက်သင့်မလျှောက်သင့် ဆုံးဖြတ်ရ ခက်နေခဲ့၏။
သူ့တာ၀န်က မပြီးဆုံးခဲ့ပေ။
မင်္ဂလာပွဲကိစ္စ မဖြစ်မြောက်ခဲ့သလို ကျန်းယန်နှင့်လည်း မယှဉ်ပြိုင်ခဲ့ရပေ။ ထို့အပြင် အဇူရာတိမ်ဂိုဏ်း၏ လက်နက်များကိုလည်း မတွေ့ရသေးပေ။ ထို့ကြောင့် သူပြန်လို့တော့ မရသေးပေ။
ထို့နောက် စစ်ထူမင်ယွဲ့ ဥက္ကဌအဖြစ်တာ၀န်ယူထားသော မိုးပြာလကုန်သွယ်သမဂ္ဂသို့ သွားလည်ဖို့သာ သူဆုံးဖြတ်လိုက်လေသည်။
ငွေအနည်းငယ်သုံးပြီးသည့်နောက် ကုန်းရှို့ပင်း ဧည့်ဂေဟာဆီသို့ ပစ္စည်းအပူံလိုက်ကြီး ၀ယ်ပြီး ပြန်ရောက်ချလာခဲ့၏။
ထိုစဉ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။
ကုန်းရှို့ပင်းတံခါးဖွင့်လိုက်ရာ အပြင်တွင်ရပ်နေသော ချွန်းရှောင်ကို တွေ့လ်ုက်ရ၏။
“တစ်ခုခုလိုတာရှိလို့လား” သူမေးလိုက်သည်။
ချွန်းရှောင်ပြုံးကာ ပြောလိုက်၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးရှင့် အဇူရာတိမ်သတင်းစာ အပိုင်း၂ ထွက်ပြီမလို့ ဧည့်သည်တော်ကြီး ဖတ်လို့ရအောင် လာပို့တာပါ”
ကုနး်ရှို့ပင်းမျက်လုံးများ အရောင်တောက်သွားခဲ့ပြီး သတင်းစာကို လှမ်းယူလိုက်လေသည်။
ချွန်းရှောင်ထွက်သွားပြီးနောက် သူအလျင်အမြနိအခန်းထဲပြန်၀င်လာပြီး ဖွင့်ဖတ်လိုက်၏။
စာရွက်အနည်းငယ်လှန်ပြီးသည်နှင့် သူကြက်သေသေသွားခဲ့သည်။
ပထမဆုံးစာမျက်နှာတွင် သူနှင့်ကျန်းယန်တို့ လက်ဆွဲနှုတ်ဆက်နေသည့်ပုံကြီးက စာမျက်နှာတစ်၀က်အပြည့် နေရာယူထားခဲ့၏။
သူ့ပြုံးနေသောမျက်နှာပုံကြီးကိုမြင်ပြီး ကုန်းရှို့ပင်း ကြက်သီးပင် ထသွားခဲ့သည်။
အဲ့တာက….တကယ်ကြီး ငါလား!
အဇူရာတိမ်သတင်းစာက ဘာတွေလုပ်နေတာလဲဟ!
သူသေချာကြည့်လိုက်သောအခါ စာလုံးမဲကြီးများဖြင့်ရေးထားသော ခေါင်းစဉ်ကို တွေ့လိုက်ရ၏။
“စတင်မှု အသစ် လမ်းကြောင်း အသစ်”
သတင်းစာတွင်ရေးထားသည်မှာ
“ယနေ့တွင် သူတော်စင်သခင်၏ သားဖြစ်သူ ကုန်းရှို့ပင်းသည် လန်ကျားအထွတ်အမြတ်ေြမကိုယ်စား အဇူရာတိမ်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီး အဇူရာတိမ်ဂိုဏ်းကိုယ်စားလှယ် ကျန်းယန်နှင့် ေတွ့ဆုံခဲ့ကာ ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် အကြောင်းကိစ္စများစွာ ဆွေးနွေးခဲ့ပြီးနောက် အဇူရာတိမ်ဂိုဏ်းကိုယ်စားလှယ်ကျန်းယန်က ကုန်းရှို့ပင်းကို အဇူရာတိမ်ဂိုဏ်းအနှံ့ လိုက်လံ ပြသပေးခဲ့ပါသည်။ အသေးစိတ်ကို နောက်တွင် ဖတ်ရှုရန်”
ကုန်းရှို့ပင်း တုန်လှုပ်သွားခဲ့သည်။ ဘာတွေပြောနေပါသနည်း။
သူအဇူရာတိမ်ဂိုဏ်းထဲရောက်သွားတာမှန်ပါသော်လည်း ကျန်းယန်နှင့် ဘာမှမဆွေးနွေးခဲ့ပေ။
သတင်းစာထဲတွင်တော့ လန်ကျားအထွတ်အမြတ်မြေနှင့်အဇူရာတိမ်ဂိုဏ်းက မဟာမိတ်ဖွဲ့လိုက်သလိုပင် ရေးသားထားခဲ့၏။
သူရေးထားသည့် အကြောင်းအရာထဲတွင် မဟာမိတ်ဖွဲ့လိုက်သည်ဟူသောအကြောင်းအရာမပါဝင်သော်လည်း သူ့ရေးသားပုံက ထိုဂိုဏ်းနှစ်ဂိုဏ်းမဟာမိတ်ဖွဲ့လိုက်ပြီဟု ကြေငြာနေသယောင်ပင်။
အထူးသဖြင့် ထိုစာကြောင်းဖြစ်သည်။
“ထိုတွေ့ဆုံပွဲတွင် လန်ကျားအထွတ်အမြတ်မြေနှင့်အဇူရာတိမ်ဂိုဏ်း၏ ဆက်ဆံရေးတို့သည် ရှေ့တစ်လှမ်းတိုးသွားခဲ့ပြီး နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။ ထိုဂိုဏ်းနှစ်ဂိုဏ်း အနာဂတ်တွင်လည်း အခုလို ကောင်းမွန်သောဆက်ဆံရေးမျိုးအား ဆက်လက်ထိန်းသိမ်းသွားစေနိုင်ဖို့ ဆန္ဒပြုမိပါသည်။”
ကျန်းယန်!
ကုန်းရှို့ပင်း ဒေါသတကြီး အော်ပြောလိုက်၏။
သူသည်အရူးမဟုတ်ပေ။ ချက်ချင်းဆိုသလို ကျန်းယန် သူ့ကိုအစီအစဉ်တကျ အကောက်ကြံလိုက်မှန်း နားလည်သွားခဲ့လေသည်။
ထိုအကျိုးဆက်ကြောင့် အားလုံးက အဇူရာတိမ်ဂိုဏ်းနှငိ့ လန်ကျားအထွတ်အမြတ်မြေမဟာမိတ်ဖွဲ့သွားပြီဟု ထင်ကုန်ကြပေတော့မည်။
“ကျေးဇူးမသိတတ်တဲ့ကောင် ခွေးမသား တိရစ္ဆာန်ကောင်”
ကုန်းရှို့ပင်း ထိုထက်ပိုပြင်းအောင် ဘယ်လိုဆဲရမလဲဆိုတာတောင် မစဉ်းစားတတ်တော့ပေ။
ထိုတပည့်က သူတို့အနားတွင် တချိန်ကုနိကပ်နေပြီး ဘာမှန်းမသိသော ပစ္စည်းဖြင့် တဖောက်ဖောက်လုပ်နေတာ အံ့ဩစရာမရှိတော့ပေ။
သူသတင်းစာကိုဆုပ်ကိုင်ကာ နီရဲနေသောမျက်လုံးများဖြင့် ချွန်းရှောင်ကို သွားရှာခဲ့၏။
“ဒီသတင်းစာကို ဘယ်သူထုတ်ဝေတာလဲ ဘယ်လောက်ဖြန့်ပြီးပြီလဲ သူဘယ်နှစ်ယောက်ဒီအကြောင်းသိပြီးပြီလဲ” သူမေးလိုက်သည်။
ချွန်းရှောင်သူ့ကိုထူးဆန်းစွာ ကြည့်လိုက်၏။
“သတင်းစာကိုက အဇူရာတိမ်အစိုးရအဖွဲ့က ထုတ်တာပါ တစ်ခါထုတ်ရင် အစောင်ရေ သောင်းချီတော့ ထုတ်တတ်ပါတယ် ထုတ်ပြီးပြီးချင်း အရပ်မျက်နှာအနှံ့ကို ဖြန့်တာပါ အခြားကုန်းမြေတိုက်ကြီးတွေ ဆီကိုရောပါပဲ”
ကုန်းရှို့ပင်းဒေါသအိုးပေါက်ကွဲသွားကာ အော်ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက ဘယ်လိုလုပ်ပြီး အခုလို နှစ်ကြိမ်မြောက်လှည့်စားနိူင်ရတာလဲ မင်းတို့တွေ ဘာလုပ်ဖို့ ကြံနေကြတာလဲ”
ချွန်းရှောင် ခပ်တည်တည်ပြန်ပြောလိုက်၏။
“ဆရာကုန်းရှင့် ဆရာကုန်းကို အထူးဧည့်သည့်အဖြစ် ဆက်ဆံပေးတာ အလကားမဟုတ်ပါဘူး
ဆရာကုန်းမကျေနပ်တာတစ်ခုခုရှိရင် ထုတ်ပြောလို့ရပါတယ်
ဒါပေမယ့် ဂိုဏ်းကိုစော်ကားနေမယ်ဆိုရင်တော့ ကျွန်မတို့ ရိုင်းပျမှုအတွက် အပြစ်မတင်ပါနဲ့
ပြီးတော့ အဇူရာတိမ်မြို့ထဲမှာ တိူက်ခိုက်တာကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ် တိုက်ခိုက်တဲ့သူမှန်သမျှ သွေးနဲ့ပြန်ပေးဆပ်ရပါလိမ့်မယ်”
“မင်း….ကောင်းတယ် ကောင်းတယ်”
ကုန်းရှို့ပင်း ချွန်းရှောင်ကိုတစိချက်ကြည့်လိုက်သော်လည်း ဘာမှတော့ အလောတကြီး မလုပ်ခဲ့ပေ။
သူချက်ချင်းအခြားဂိုဏ်းသားများကိုခေါ်လိုက်ပြီး အားလုံးဆုံသောအခါ မဲမှောင်နေသော အမူအရာဖြင့် ပြောလိုက်၏။
“ငါတို့ပြန်မယ်”
“အစ်ကိုကုန်း ဘာဖြစ်လို့လဲ” အခြားသူများ ပြန်မေးလိူက်ကြသည်။
“မင်းတို့ဖာသာ ကြည့်လိုက်ကြ” ကုန်းရှို့ပင်း အဇူရာတိမ်သတင်းစာကို သူတို့လက်ထဲ ထည့်ပေးလိုက်၏။