← Chapters

ရှုံးနိမ့်မှု

Vol. 29 Ch. 306

ရှုံးနိမ့်မှု

Vol. 29 Ch. 306

လန်ကျားအထွတ်အမြတ်မြေမှလူများ ချက်ချင်း နောက်ဆုံးစာရွက်ကို လှန်ကြည့်လိုက်ကြသည်။

ထိုနေရာတွင် စာမျက်နှာအပြည့် နေရာယူထားသော ပုံကြီးတစ်ပုံ ရှိနေခဲ့၏။

ကုန်းချင်းဟန်!

မျှော်လင့်ထားသလိုပင်။

ယောင်္ကျားအများစုကျေနပ်သွားကြပြီး ပုံကိုအနီးကပ်ကြည့်ရှုလိုက်ကြသည်။

“နေပါဦး ဒါက နင်မဟုတ်လား” သူတို့ ကုန်းချင်းဟန်ဘက် ကြည့်ကာ မေးလိုက်ကြ၏။

အခြားမိန်းကလေးများလည်း သူမှနိးသိသွားကြပြီး မကျေမနပ်ဖြစ်သွားခဲ့ကြသည်။

“ငါတို့လည်း ပုံရိုက်ခဲ့တာပဲကို ဘာလို့ သူ့ပုံကိုအရင်ထုတ်ဝေရတာလဲ”

ကုန်းရှန်းဟန် မောက်မာစွာ တစ်ချက်ပြုံးလိုက်၏။

ငါက စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ထုတ်ဝေသူကိုပေးပြီး ထုတ်ဝေခိုင်းခဲ့တာလေ နင်တို့ကို အဲ့အကြောင်းပြောပြစရာလား!

“တကယ် လှလိုက်တဲ့ရိုက်ချက်ပဲ” မိန်းကလေးများ အားကျနေခဲ့ကြသည်။

ထိုစဉ် ယောင်္ကျားလေးများကတော့ ကုန်းချင်းဟန်နှင့် သတင်းစာထဲမှပုံကိုတစ်ချည့်ဆီ ကြည့်နေခဲ့ကြ၏။

သူမသည် အလွန်လှမှန်းတော့ သူတို့၀န်ခံရပေမည်။

မဟုတ်လျှင် သူတော်စင်သခင်က သူမကို လွှတ်လိုက်မည်မဟုတ်ပေ။ သို့သော်သတင်းစာထဲက ပုံက သူမနှင့်အနည်းငယ်တော့ ကွဲလွဲနေသေးသည်။ ဘာပဲဖြစ်ဖြစ်ထိုပုံကလည်း သိမ်းထားဖို့ ထိုက်တန်သော ပုံသာ။

အနီးရှိ ကုန်းရှို့ပင်းကတော့ ဒေါသပိုထွက်လာခဲ့သည်။

“မင်းတို့ဘာတွေကြည့်နေကြတာလဲ ပထမဆုံးစာမျက်နှာကို ကြည့်ကြစမ်း” သူအော်လိုက်၏။

လူတိုင်းအလျင်အမြန်ပင် သူတို့အမှားကိုသိသွားကြပြီး လှန်ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့ ကြက်သေသေသွားခဲ့ကြ၏။

“နေပါဦး….ဒီသတင်းအရဆိုရင် လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်တာလား”

ဘယ်သူကမှ အရူးမဟုတ်ကြပေ။ သူတို့ထိုသတင်း၏ ဆိုလိုရင်းကို နားလည်ကြပေသည်။ သူတို့ ကုန်းရှို့ပင်းကိူကြည့်ကာ ပဟေဠိဆန်စွာ မေးလိုက်၏။

“အစ်ကိုကုန်း သူတော်စင်သခင်က အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ခိုင်းခဲ့လို့လား”

ကုန်းရှို့ပင်း ဒေါသကြောင့် သွေးအန်တော့မလိုပင်ဖြစ်သွားခဲ့ပြီးလ အော်ငေါက်လိုက်သည်။

“အားလုံးကို မင်းတို့မျက်လုံးနဲ့မမြင်ခဲ့ဘူးလား ငါကဘယ်တုန်းက အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ခဲ့လို့လဲဟ အဲ့ဒီ‌ေခွးကောင်ကျန်းယန် ဘာလုပ်ချင်နေလဲ မင်းတို့ မသိကြသေးဘူးလား

သူကတမင်သက်သက် တစ်ကမ္ဘာလုံး လန်ကျားအထွတ်အမ့တ်မြေကို အထင်လွဲအောင် လုပ်နေတာကွ

သူကတမင်သက်သက် ငါတို့ကြား ပဋိပက္ခတွေဖြစ်လာအောင် လုပ်နေတာ”

သူဒေါသကလွဲပြီး ဘာမှမသိတော့ပေ။

ထိုအရာက သတင်းမှားတင်ပြခြင်းလောက်မဟုတ်ပေ။ အမှန်တရားကို ပုံမှားရိုက်နေခြင်းသာ ဖြစ်၏။

အမျိုးသမီးတပည့်အနည်းငယ်၏ မျက်လုံးများ ပြူးကျယ်သွားကုန်ကြသည်။

ငယ်ရွယ်သော ထူးချွန်သော ချမ်းသာ‌ေသာ မျိုးဆက်တစ်ခုလုံးကိုဖိနှိပ်ထားနိုင်သော ထိုလူငယ်လေးက ဗျူဟာချမှတ်ရာတွင်လည်း အရမ်းကြမ်းနေခဲ့ခြင်းပေလော။

ထိုကဲ့သို့သော ယောက်ျားက ဘယ်မိန်းမကမကြိုက်ဘဲ နေနိုင်ပါတော့မည်နည်း။

သူတို့ဒီနေရာတွင် အချိန်အတော်ကြာအောင် နေသင့်သေးသည်ဟုပင် ခံစားလိုက်ကြရသည်။

ကုန်းရှို့ပင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။

“ငါကြားတာတော့ အဇူရာတိမ်သတင်းစာကိုအခြားကုန်းမြေတိုက်ကြီးတွေဆီလည်း ဖြန့်တယ်တဲ့ အခုအရေးအကြီးဆုံးကိစ္စက ဂိုဏ်းကိုအမြန်ပြန်ပြီး ဒီကိစ္စကို အကြီးအကဲတွေသိအောင် ရှင်းပြဖို့ပဲ

မဟူတ်ရင် လန်ကျားအထွတ်အမြတ်မြေလည်း သင်းကွဲဖြစ်သွားလိမ့်မယ်”

ပြောနေရင်း သူအကူအညီမဲ့သလို ခံစားနေခဲ့ရသည်။

သူ့ကိုယ်သူ ထက်မြက်သည်ဟု အမြဲခံစားနေရပါသော်လည်း အဘယ်ကြောင့် ထိုကောင်လှည့်စားတာကို ခဏခဏခံနေရပါသနည်း။

သူ့ကိုယ်သူပင် ပြန်ပြီး သံသယ၀င်လာခဲ့မိသည်။ သူသည် အမှန်တကယ် မထက်မြက်ခြင်းပေလော။

“ကျွန်တော်တို့လည်း အဲ့လိုပဲမြင်တယ်” အခြားတပည့်များလည်း ခေါင်းငြိမ့်ပြလိုက်ကြ၏။

“ငါတို့ဂိုဏ်းကိုချက်ချင်းပြန်သင့်တယ်”

သို့သော် အမျိုးသမီးတပည့်များကတော့ ပြန်ဖို့ ငြင်းဆန်နေခဲ့ကြသည်။

“ငါတို့ကအခုမှ နေထိုင်ခွင့်ရလာလို့ အိမ်ငှားခ‌ေတွတောင် ပေးပြီးခဲ့ပြီ အခုပြန်သွားရင် အလဟသဖြစ်ကုန်မှာပေါ့”

ကုန်းရှို့ပင်း မျက်မှောင်ကြုံ့လိုက်၏။

“ဒါပေမယ့် သူပြောတာ နေထိုင်ခွင့်ကအလကားဆို”

ကုန်းရှင်းဟန် ခေါင်းငြိမ့်ပြလိုက်သည်။

“နေထိုင်ခွင့်ကတော့ အလကားပါ ဒါပေမယ့် ၀န်ထမ်းတွေကငါတို့ကို ကူညီပြီး နေစရာရှာပေးတယ်လေ

အဇူရာတိမ်မြို့မှာ အကြာကြီးနေမယ်ဆိုရင် အိမ်ငှားသင့်တယ်ဆိုပြီး ကျွန်မတို့လည်း တစ်လကို စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀နဲ့ ငှားလိုက်တယ်

အခုကခြောက်လစာ စာချုပ်ချုပ်ပြီးသွားပြီ”

ကုန်းရှို့ပင်းဆွံ့အသွားခဲ့၏။

သေစမ်း ဒီအဇူရာတိမ်မြို့က တကယ့်ငွေစုပ်တွင်းကြီးပဲဟ!

သူ့အဖေက ဤကောင်မလေးများကို အဇူရာတိမ်ဂိုဏ်းနှင့် ဆက်ဆံရေးတည်ဆောက်ရာတွင် သုံးချင်ခြင်းဖြစ်သောကြောင့် ကုန်းရှို့ပင်း သူတို့ကို ထားခဲ့ဖို့သာ ဆုံးဖြတ်လ်ုက်လေသည်။

သူမိန်းကလေးများကိုထားခဲ့ပြီးနောက် အမျိုးသားတပည့်များနှင့်အတူ လန်ကျားအထွတ်အမြတ်မြေဆီ ပြန်သွားခဲ့လိုက်၏။

ချွန်းရှောင် ကုန်းရှို့ပင်းတို့ပြန်သွားသည်ကို မြင်ပြီးနောက် ချက်ချင်းစားသောက်ဆိုင်၀န်ထမ်းတစ်ယောက်ကို ဆက်သွယ်လိုက်သည်။

“အခန်းတိုင်းကိုချက်ချင်းရှင်းပြီး အခန်းတိုင်းမှာ အဇူရာတိမ်သတင်းစာ အပိုင်း ၁ နဲ့ ၂ နှစ်စောင်ထားပေးလိုက် သေချာလုပ်နော်”

“ဟုတ်ကဲ့” ၀န်ထမ်းလေး စတင်အလုပ်လုပ်လေတော့၏။

ချွန်းရှောင်တွက်ကြည့်လိုက်သောအခါ ထိုလန်ကျားအထွတ်အမြတ်မြေမှ လူများဆီက စိတ်ဝိညာဉ်ကျောက်တုံးစုစုပေါင်း ၄၀၀၀၀၀လောက် နှိုက်ထုတ်နိုင်ခဲ့သည်ကို တွေ့လိုက်ရသည်။

အဇူရာတိမ်ဂိုဏ်းထဲတွင် ကျန်းယန် ပြန်သွားသော လန်ကျားအထွတ်အမြတ်မြေက သင်္ဘောပျံကို ကြည့်ရင်း စိတ်ကျေနပ်နေခဲ့၏။

ထို့နောက် သူဟွာလင်းကျိကိုရှာဖွေရန် စုတ်ချက်တောင်ထွတ်ဆီ ရောက်ရှိလာခဲ့သည်။

“ဆရာဦးလေး ကျွန်တော်ပြောထားတဲ့ ပစ္စည်းကို သုတေသနလုပ်ပြီးပြီလား”

ဟွာလင်းကျိ မျက်မှောင်ကြုံ့လိုက်၏။

သူသည်ယခုအခါ မတူညီသော နိယာမနှစ်ခုပေါင်းစပ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် တုန့်ပြန်မှုအကြောင်း လေ့လာနေခြင်း ဖြစ်သည်။

ထိုအရာက တစ်ရက်နှစ်ရက်တည်းဖြင့် ပြီးနိုင်သောအရာမဟုတ်ပေ။

လူအများစုအတွက်ဆိုလျှင် ဆယ်စုနှစ် ရာစုနှစ်ချီပြီးပင် ကြာသွားနိုင်သော အရာဖြစ်၏။

ထိုအရာက ဉာဏ်အလင်းပွင့်ခြင်းတစ်မျိုးလည်း ဖြစ်သည်။

သို့သော် ကျန်းယန်ကတော့ သူ့ကိုရက်ပိုင်းအတွင်း အပြီးသတ်ခိုင်းနေခဲ့သည်။

ရက်အနည်းငယ်ကြာတိုင်း ကျနး်ယန်သူ့ဆီရောက်ရောက်လာပြီး ပြီးပြီလား ပြီးပြီလားဟု လာရောက်တွန်းအားပေးလေ့ရှိ၏။

“ပြီးတော့မှာပါ ပြီးတော့မှာပါ” ဟွာလင်းကျိ အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။

“သုံးလအတွင်း အပြီးလုပ်ရမယ်နော်” ကျန်းယန် ခပ်တည်တည်ပြောလိုက်၏။

“ဆရာဦးလေးပြီးမှ ဆရာဦးလေး၆နဲ့ချင်းရှုတို့ရဲ့ပေါင်းပြီး လက်နက်တစ်ခု ထုလုပ်လို့ရမှာ”

ဟွာလင်းကျိ အမူအရာက ပိုပြီးပြင်အရုပ်ဆိုးသွားခဲ့သည်။

သုံးလ….

ဘယ်သူက ၃လအတွင်း ဉာဏ်အလင်းပွင့်နိုင်ပါမည်နည်း။

အကယ်၍ သူသာထိုသို့လုပ်နိုင်နေခဲ့လျှင် သူသည် ကမ္ဘာ့နံပါတ် ၁ ပါရမီရှင် ဖြစ်နေပေလိမ့်မည်။

ကျန်းယန် ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။

“ဆရာဦ‌ေးလး၀မ်လင်းဂိုဏ်းက လူကိုတိုက်ခိုက်တုန်းက သုံးခဲ့တဲ့အကွက်ကို မှတ်မိလား သူ့ဝိညာဉ်ကို ပန်းချီကားထဲ ပိတ်ထားနိုင်‌လိုက်တော့မလို

တောင် ဖြစ်သွားတာလေ

ကျွန်တော် အဲ့တာကနေ လက်နက်တစ်ခုအကြောင်းစဉ်းစားမိတယ် ရှုထောင့်နှစ်ခုအလွှာ ဆိုတဲ့လက်နက်ပေါ့ ဆရာဦးလေး အဲ့တာကိုလည်း သုတေသနလုပ်ပေးဦး အဲ့ဒီလက်နက်ကို ကျွန်တော်ပစ်လိုက်တဲ့အခါ သူက အရာအားလုံးကို ပန်းချီကားထဲမှာ သိမ်းထားပစ်နိုင်ရမယ်ဗျာ”

ဟွာလင်းကျိ စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။

သွားလေပြီ။

သူ့ဘ၀တော့ ပြီးဆုံးသွားချေပြီ။

All Chapters