← Chapters

အဓိကသယ်ဆောင်သူကို အစားထိုးခြင်း

Vol. 52 Ch. 543

အဓိကသယ်ဆောင်သူကို အစားထိုးခြင်း

Vol. 52 Ch. 543

မဟာကောင်းကင်အရှင် အသက်ပြန်ရှင်လာသည့် ကိစ္စနှင့် ပတ်သက်၍ ကြောင်ကလေးက အလွန်ပင် စိတ်ပျက်နေသည်။

၎င်းသည် ယခင်က မှတ်ဉာဏ်များအားလုံး အပြည့်အဝ ပြန်မရသေးသော်လည်း မဟာကောင်းကင်အရှင်၏ ကြောက်မက်ဖွယ်ကောင်းပုံကိုမူ အသည်းထဲအထိ သိနေသည်။

အကယ်၍ သူသာ အမှန်တကယ် အောင်အောင်မြင်မြင် ပြန်လာနိုင်ခဲ့လျှင် တစ်ကမ္ဘာလုံးက သူ၏ အရိပ်မည်းအောက်သို့ ကျရောက်သွားပေလိမ့်မည်။ ထိုလူ ( တားမြစ် ရုပ်တု လူ) မှလွဲ၍ မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

"လူအိုကြီးထန်... ငါတို့တော့ တကယ်ကို သွားပြီ (အသေပဲ)"

ကြောင်ကလေးက ထန်ထျန်း၏ ပခုံးပေါ်တွင် အလုံးလေးဖြစ်အောင် ကွေးနေပြီး အမြီးကိုပင် ခြေထောက်နှစ်ချောင်းကြားထဲ ညှပ်ထားမိသည်။

ထန်ထျန်းက အားမလိုအားမရဖြင့် "မင်းပြောပုံအရဆိုရင် ငါတို့ ဘာမှလုပ်စရာ မလိုတော့ဘဲ ကံကြမ္မာ ရောက်လာမယ့်အချိန်ကိုပဲ ထိုင်စောင့်နေရတော့မှာလား"

"ငါတို့မှာ နည်းနည်းလောက်တော့ ယုံကြည် မှု ရှိသင့်တယ် မဟုတ်ဘူးလား"

ကြောင်ကလေးက နှာခေါင်းရှုံ့လိုက်ကာ "ငါ့မှာ ယုံကြည်မှု မရှိလို့ မဟုတ်ဘူး၊ အဲဒီလူက တကယ်ကို ကြောက်ဖို့ကောင်းလွန်းလို့ပါ"

" မင်း ဒီသတင်းကို အပြင်ကို အောင်အောင်မြင်မြင် ဖြန့်နိုင်ခဲ့ရင်တောင် ဘာမှ ထူးလာမှာ မဟုတ်ဘူး"

"သူ မရှိဘဲနဲ့ ဘယ်သူကမှ မဟာကောင်းကင်အရှင်ကို မတားနိုင်ဘူး"

ထန်ထျန်းက သက်ပြင်းချကာ "အနည်းဆုံးတော့ ငါတို့ ကြိုးစားကြည့်လို့ ရတာပဲ။ မဟာကောင်းကင်အရှင် ခွန်အား အပြည့်နဲ့ ပြန်နိုးထလာမယ့် ခြေလှမ်းတွေကို နှောင့်နှေးအောင် လုပ်လို့ရတယ်"

" ဖြည်းဖြည်းချင်း အချိန်ဆွဲထားရင်းနဲ့ မင်းရဲ့သခင်က အချိန်မီ ပြန်ရောက်လာရင် ရောက်လာမှာပေါ့"

ကြောင်ကလေး ကြောင်သွားပြီး ပြန်ပြောသည်။ "လျှောက်မပြောနဲ့... သူက ငါ့သခင်ပါ၊ ငါ့လူ မဟုတ်ဘူး..."

ထို့နောက် ၎င်းက သက်ပြင်းအသာချကာ "ဒါပေမဲ့ မင်းပြောတာလည်း အကျိုးအကြောင်း ညီ ပါတယ်"

"မဟာကောင်းကင်အရှင်ရဲ့ စိတ်ဆန္ဒတွေကို ကမ္ဘာပေါင်း ထောင်ချီမှာ ခွဲပြီး ချိပ်ပိတ်ထားတာဆိုတော့ အားလုံးကို ပြန်စုစည်းဖို့က အဲဒီလောက် မမြန်နိုင်ဘူး"

"ငါတို့ သေခါနီးအချိန်မှာတော့ အစွမ်းကုန် ရုန်းကန်ကြည့်လို့ ရသေးတာပေါ့"

"ဒါပေမဲ့... ငါစိုးရိမ်တာက သူတို့တွေ အရာအားလုံးကို ကြိုတင်စီစဉ်ထားမှာကိုပဲ"

ထန်ထျန်းက မျက်ခုံးပင့်လိုက်ကာ "မဟာကောင်းကင်အရှင်ရဲ့ လက်ကျန်နောက်လိုက်တွေကို ပြောတာလား"

ကြောင်ကလေးက ခေါင်းညိတ်လိုက်သည်။ "ကောင်းကင်တာအိုကို ပြောင်းလဲနိုင်တဲ့ ကောင်တွေက သာမန်တွေ မဟုတ်ဘူး"

" သူ သေချာပေါက် ကြိုတင်ပြင်ဆင်ထားမှာပဲ"

ထန်ထျန်း တိတ်ဆိတ်သွားသည်။ ဒါက အမှန်တရားပင်။

ထိုလူက ကောင်းကင်ကို တစ်ဖက်တည်းဖြင့် ဖုံးကွယ်ကာ မဟာကောင်းကင်အရှင်ကိုပင် မသိမသာ အသက်ပြန်ရှင်လာအောင် လုပ်နိုင်ခဲ့လျှင် အခြားကိစ္စများတွင်လည်း ကြိုတင်ပြင်ဆင်ထားမည်မှာ သေချာသည်။

သို့သော် သူ ဘာလုပ်နိုင်မည်နည်း

ရရှိထားသည့် နောက်ဆုံးအချိန်လေးအတွင်းမှာပင် အတတ်နိုင်ဆုံး ကြိုးစားရမည်သာ ဖြစ်သည်။

ရလဒ်ကတော့... ကံတရားအပေါ်မှာပဲ မူတည်တော့မည်။

"ကြောင်ကလေး"

"ဘယ်လို တည်ရှိမှုမျိုးကမှ ကောင်းကင်တာအိုကို ပြောင်းလဲနိုင်စွမ်း ရှိတာလဲ"

ထန်ထျန်းက မေးလိုက်သည်။

ကြောင်ကလေးက စဉ်းစားပြီးမှ "သိပ်မရှိပါဘူး"

"အနည်းဆုံးတော့ ငါ့သခင်တို့လို အဆင့်မျိုးပေါ့"

" ယုံဟန်ကျိကျွင်း အဆင့် ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ကြောက်စရာကောင်းတဲ့ လူအိုကြီးတွေပေါ့"

ထန်ထျန်းက မျက်မှောင်ကြုတ်ကာ "ဒါပေမဲ့ အရင်က မင်းပြောတော့ မဟာကောင်းကင်အရှင်ရဲ့ လက်အောက်က အစွမ်းထက်တဲ့သူတွေ အကုန်သေကုန်ပြီ ဆို"

ကြောင်ကလေးက လှောင်ပြုံးပြုံးလိုက်ကာ "အဲဒီလူအိုကြီးတွေက သေကို မသေနိုင် တဲ့ မြေခွေးအိုကြီးတွေကွ"

" ပြီးတော့ အဲဒီတုန်းက ဘယ်သူတွေ လွတ်သွားသလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"ဘာပဲဖြစ်ဖြစ် အခုတော့ သူက မဟာကောင်းကင်အရှင်ကို အောင်အောင်မြင်မြင် အသက်ပြန်ရှင်အောင် လုပ်ပေးလိုက်ပြီလေ"

ထန်ထျန်း တိတ်ဆိတ်သွားသည်။

အကယ်၍ မဟာကောင်းကင်အရှင်၏ လက်ကျန်နောက်လိုက်များမှာ ဤမျှ ကြောက်စရာကောင်းသည့် စွမ်းအားများ ရှိနေသေးလျှင် သူတို့အတွက် အချိန်မှာ တကယ်ပင် မရှိတော့ပေ။

"ဒါပေမဲ့... ငါ့ကို အထူးဆန်းဆုံးဖြစ်စေတာက မဟာကောင်းကင်အရှင် အသက်ပြန်ရှင်လာတဲ့ ကိစ္စ ပဲ"

ကြောင်ကလေးက ပြောရင်း ထန်ထျန်းကို မော့ကြည့်လာသည်။

"ဘာလို့ တခြားလူ မဟုတ်ဘဲ မင်းဖြစ်နေရတာလဲ မင်းက ဘာလို့ သူ့ကို အသက်ပြန်ရှင်စေမယ့် အရေးကြီးဆုံး အခွင့်အရေးကို ဖန်တီးပေးခဲ့ရတာလဲ"

"မင်းရဲ့ တကယ့် သရုပ်မှန် က တကယ်တော့ မဟာကောင်းကင်အရှင်ဘက်က လူများလား"

ထန်ထျန်းက မျက်တောင်ကို နှိမ့်ချလိုက်ကာ "မင်းကော အဲဒါ ဖြစ်နိုင်တယ်လို့ ထင်လား"

ကြောင်ကလေးက သေချာစဉ်းစားပြီးမှ ခေါင်းခါပြလိုက်သည်။ "မဖြစ်နိုင်ဘူး"

"မင်းသာ မဟာကောင်းကင်အရှင်ဘက်က လူဆိုရင် အဲဒီလူနဲ့ လုံးဝ စိတ်ချင်းဆက်သွယ်လို့ မရနိုင်သလို သူနဲ့ပတ်သက်တဲ့ ပုံရိပ်ယောင်တွေထဲကိုလည်း ဝင်လို့မရဘူး"

" မင်းရဲ့ အငွေ့အသက်ကို ခံစားမိတာနဲ့ သူက ချက်ချင်း ဖျက်ဆီးပစ်မှာ။ သူ မရှိတော့ရင်တောင်မှပေါ့"

"ဒါကြောင့် မင်းက ငါတို့ဘက်က လူဆိုတာ သေချာတယ်။ ပြီးတော့ အဲဒီလူနဲ့ မင်းကြားမှာလည်း ပုံမှန်မဟုတ်တဲ့ ဆက်နွှယ်မှု ရှိရမယ်"

ထန်ထျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

ထိုအချက်အပြင် အခြား သက်သေတစ်ခုလည်း ရှိသေးသည်။

လနတ်သမီးက သူနှင့် အနီးကပ် ဆုံခဲ့ဖူးသည်။

အကယ်၍ သူသာ မဟာကောင်းကင်အရှင်ဘက်က လူဆိုလျှင် တားမြစ်ရုပ်တုက လက်မလှုပ်ခင် လနတ်သမီးက သူ့ကို အရင် သတ်ပစ်လိမ့်မည်။

သူ့ကို ကောင်းကင်ကို အံတုနိုင်မယ့် ပစ္စည်းတွေ အများကြီး ပေးနေမှာ မဟုတ်ဘူး။

ဒါကြောင့် သူ ခုတ်လိုက်တဲ့ ဓားချက်က တကယ်ကို တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။

"မင်းကလည်း ဘာလို့ အားနေတာနဲ့ လျှောက်ခုတ်မိတာလဲ"

"အခုတော့ ကြည့်ဦး၊ မိစ္ဆာအိုကြီးတစ်ကောင်ကို ခုတ်လိုက်သလို ဖြစ်သွားပြီ"

"တကယ်လို့ ဒီကမ္ဘာကြီးသာ ပျက်စီးသွားရင် မင်းရဲ့ ကျေးဇူးက အကြီးမားဆုံးပဲ"

ကြောင်ကလေးက ပွစိပွစိ ပြောနေသည်။

ထန်ထျန်းက စိတ်မရှည်စွာဖြင့် "ငါ့ခေါင်းပေါ် အပြစ်တွေ လာမပုံချနဲ့"

"အဲဒီ နောက်ကွယ်က ကြိုးကိုင်သူရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ငါ မရှိရင်တောင် သူ တခြားနည်းလမ်း ရှာမှာပဲ"

" ငါက ကံဆိုးပြီး တိုးမိသွားတာ"

ကြောင်ကလေးက ချက်ချင်း ရယ်မောလိုက်ကာ "စိတ်မဆိုးနဲ့၊ စိတ်မဆိုးနဲ့... ငါက နောက်လိုက်တာပါ"

ထန်ထျန်းက မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ဂရုမစိုက်တော့ပေ။

သို့သော် သူ၏ စိတ်ထဲတွင်တော့ မဟာကောင်းကင်အရှင်ကို အသက်ပြန်ရှင် စေသည့် ကိစ္စ တစ်ခု ဖြစ်သွားခဲ့ခြင်းအပေါ် တကယ်ပင် စိတ်မသက်မသာ ဖြစ်နေမိသည်။

တောက်... ငါ့ကိုပါ အကွက်ချစီစဉ်သွားတာပေါ့လေ....

မူလကတော့ သူသည် ဤကိစ္စများထဲသို့ ပေါ့ပေါ့ပါးပါး ဝင်မပါချင်ခဲ့ပေ။ သို့သော် ယခုမူ...

မင်းက ဘယ်လောက်အထိ အစွမ်းထက်တဲ့ မဟာကောင်းကင်အရှင်ပဲ ဖြစ်ဖြစ်၊ အရင်က ဘယ်လောက်ပဲ နာမည်ကြီးခဲ့ပါစေ။

ငါ့ကို အသုံးချပြီး အသက်ပြန်ရှင်လာတယ်ဆိုမှတော့... မင်းကို ပြန်သေအောင် ငါ နည်းလမ်းရှာရမှာပေါ့။

ဘယ်သူ့ကို ကြောက်နေရမှာလဲ...။

"နောက်ထပ် ငါ ကောင်းကင်ထိပ်ဆုံးကို အမြန်ဆုံး သွားဖို့ ပြင်ဆင်ရမယ်"

ထန်ထျန်းက ပြောလိုက်သည်။

ကြောင်ကလေးက ကြောင်သွားကာ "မင်း စိတ်လောနေတာ သိပါတယ်၊ ဒါပေမဲ့ သိပ်တော့ မလောလိုက်နဲ့ဦး"

"ငါတို့ကို အနည်းဆုံး ဝူကျိတာအိုအဆင့်ရှိတဲ့ ကောင်တစ်ကောင်က စောင့်နေတာကို မမေ့နဲ့ဦး"

ထန်ထျန်းက ဖြေးညှင်း စွာ ပြောသည်။ "ငါ မမေ့ပါဘူး"

"ဒါပေမဲ့ ရှေးဟောင်းစစ်မြေပြင် ခရီးစဉ်မှာ ငါ ပစ္စည်းကောင်းတစ်ခု ရခဲ့တယ်"

" အဲဒါရှိရင် ကမ္ဘာ့မူလနဲ့ နိယာမတွေကို ပိုမြန်မြန် ရနိုင်လိမ့်မယ်။ မင်းအရင်က ပြောခဲ့တဲ့ ရည်မှန်းချက်က မကြာခင် ပြည့်တော့မှာပါ"

"ဒါကြောင့် နောက်ပိုင်း ငါ အသေအချာ ကျင့်ကြံပြီး အဆင့်မြှင့်မယ်"

" မင်းလုပ်ရမှာက အဲဒီ မူလနဲ့ နိယာမတွေကို ဒီကမ္ဘာငယ်လေးထဲ ပေါင်းစပ်ထည့်သွင်းဖို့ပဲ။ အဲဒါမှ ဒါက တကယ့် ကမ္ဘာအစစ် ဖြစ်လာမှာ"

ကြောင်ကလေး ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဒါကတော့ ပြဿနာ မရှိဘူး"

"ဒါဆို အချိန်ကို အမိအရ သုံးကြတာပေါ့။ ကောင်းကင်ထိပ်ဆုံးကို စောစောရောက်လေ သတင်းကို စောစော ပေးနိုင်လေပဲ"

"မင်းပြောသလိုပဲ အချိန်ဆွဲနိုင်သမျှ ဆွဲရမှာပေါ့။ ဘယ်သူသိမှာလဲ... အဲဒီလူက အချိန်မီ ပြန်လာရင် လာမှာလေ"

နှစ်ယောက်သား သဘောတူညီမှု ရသွားကြသည်။

ထို့နောက် တခြားကိစ္စအချို့ ထပ်မံဆွေးနွေးပြီးနောက် ထန်ထျန်းက ထူးဆန်းသောဥ ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည်။

သူက အချိန်မဆွဲတော့ဘဲ ပင်မအဆောက်အအုံ၏ သတ္တမထပ်၊ ဆိုလိုသည်မှာ ပုံရိပ်ယောင်ကမ္ဘာ၏ ဗဟိုချက်သို့ တိုက်ရိုက် သွားလိုက်သည်။

ရှောင်ကျိ ကို ခေါ်ထုတ်ပြီးနောက် ထန်ထျန်းက အနန္တတာအိုနိယာမ နယ်မြေကို ဖြန့်ကျက်ကာ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။

ထို့နောက် နိယာမ ကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး အနက်ရောင် ကျောက်စာတိုင်တစ်ခုကို ရစ်ပတ်ကာ သူ၏ ရှေ့သို့ ဆွဲယူလိုက်သည်။

၎င်းမှာ ကျန်းရှီ ကျောက်စာတိုင် ပင် ဖြစ်သည်။

ကျန်းရှီကျောက်တိုင်၏ အော်ရာ ကို ခံစားမိသောအခါ ရှောင်ကျိသည်လည်း အနည်းငယ် တုန်ခါသွားကာ ၎င်းနှင့် စိတ်ချင်းဆက်သွယ်မိသကဲ့သို့ ဖြစ်သွားသည်။

သူတို့၏ မူလစိတ်ဆန္ဒများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ယခုအခါ ၎င်းတို့မှာ သန့်စင်သော နတ်ဘုရားပစ္စည်းများသာ ဖြစ်သည်။

ဤအချက်က ကောင်းမွန်သည်။ အကယ်၍ သူတို့၏ စိတ်ဆန္ဒများ ရှိနေဦးမည်ဆိုလျှင် ထန်ထျန်း၏ လက်ရှိ ခွန်အားဖြင့် ၎င်းတို့ကို ချောချောမွေ့မွေ့ ထိန်းချုပ်နိုင်ရန် မလွယ်ကူပေ။

ကျန်းရှီကျောက်စာတိုင်ကို ထုတ်ပြီးနောက် ထန်ထျန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

ထို့နောက် သူက ရှောင်ကျိကို အမိန့်ပေးလိုက်သည်။

"ဟင်းလင်းပြင် နယ်မြေ ရဲ့ အဓိက သယ်ဆောင်သူကို အစားထိုးခြင်း စ လိုက်တော့"

အခန်း (၅၄၄) မိန်းကလေး မိုက ငါ့အကြောင်း သိတယ်

ရှောင်ကျိ၏ ထိန်းချုပ် မှုအောက်တွင် ဟင်းလင်းပြင် နယ်မြေ၏ အဓိက သယ်ဆောင်သူကို တရားဝင် အစားထိုးခြင်း စတင်ခဲ့သည်။

ဤအစားထိုးသည့် ကိစ္စ မှာ ခက်ခဲခြင်း မရှိပေ။ မူလ သယ်ဆောင်သူပေါ်ရှိ နိယာမများကို ကျန်းရှီ ကျောက်စာတိုင်ပေါ်သို့ အကုန်ကူးယူရုံသာ ဖြစ်သည်။

မူလ သယ်ဆောင်သူကိုက ကျန်းရှီ ကျောက်စာတိုင်၏ ပုံစံတူအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် "ကိုက်ညီမှု ရှိ၊ မရှိ" ကိုပင် ထည့်စဉ်းစားနေစရာ မလိုပေ။

ဤအစားထိုးသည့် တစ်လျှောက်လုံးတွင် ထန်ထျန်းက သတ္တမထပ်၌ပင် စောင့်နေခဲ့သည်။

နှစ်နာရီခန့် ကြာပြီးနောက် မူလ သယ်ဆောင်သူမှာ ပြိုကွဲပျက်စီးသွားပြီး ဟင်းလင်းပြင် နယ်မြေ၏ အဓိက အစိတ်အပိုင်းမှာ တရားဝင် အစားထိုးခြင်း ပြီးဆုံးသွားခဲ့သည်။

အပြင်ဘက်တွင် ရပ်နေရုံနှင့်ပင် ထန်ထျန်းက ခမ်းနားထည်ဝါလှသော နိယာမ အော်ရာများမှာ အဝေးတစ်နေရာဆီသို့ လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

မျှော်လင့်ချက်အပြည့်ဖြင့် ထန်ထျန်းက ဟင်းလင်းပြင် နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။

မြင်ကွင်းမှာ တစ်မျိုးပြောင်းလဲသွားပြီး သူက အလွန်ကျယ်ဝန်းသော အခန်းတစ်ခုအတွင်း ပေါ်လာခဲ့သည်။

ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ အောက်ဘက်တွင် ကြီးမားသော မြို့ကြီးတစ်မြို့ကို တွေ့ရပြီး လူအုပ်ကြီးမှာလည်း အလွန်အမင်း စည်ကားလှသည်။

ဤနေရာမှာ ဟင်းလင်းပြင် နယ်မြေကို ပထမဆုံး ဖန်တီးစဉ်က တည်ထောင်ခဲ့သည့် ကောင်းကင်မြို့ ပင် ဖြစ်သည်။

ကောင်းကင်မြို့က နောင်အနာဂတ် ဟင်းလင်းပြင် နယ်မြေ၏ အစည်ကားဆုံး "ပင်မမြို့" လည်း ဖြစ်လာပေလိမ့်မည်။

ထန်ထျန်း ယခုရောက်နေသည့် နေရာမှာ ကောင်းကင်မြို့၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သော ဖန်ဆင်း သူမျှော်စင် ၏ ထိပ်ဆုံး အပိုင်းဖြစ်သည်။

ဤနေရာက သူတစ်ဦးတည်းအတွက်သာ သီးသန့်ဖြစ်သော နေရာပင်။

ဤအခန်းတွင် ရပ်နေရုံဖြင့် မြို့ကြီးတစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင်သော်လည်း ယခုအချိန်တွင် ထန်ထျန်းက ရှုခင်းကြည့်ရန် စိတ်မပါသေးပေ။ သူက ရှောင်ကျိကို ချက်ချင်းခေါ်ကာ လက်ရှိ ဟင်းလင်းပြင် နယ်မြေ လွှမ်းမိုးနိုင်သည့် အတိုင်းအတာကို စစ်ဆေးလိုက်သည်။

ရလဒ်ကို မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အလိုအလျောက် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

ဟင်းလင်းပြင် နယ်မြေ 1.0 ဗားရှင်း၏ လွှမ်းမိုးမှုမှာ တစ်ခုလုံးသော ထျန်းဖူကမ္ဘာကို လွှမ်းခြုံရုံမျှသာ ရှိခဲ့သော်လည်း ယခု ဟင်းလင်းပြင် နယ်မြေ 2.0 ၏ လွှမ်းမိုးမှုမှာမူ အနန္တအဆုံးမရှိသကဲ့သို့ ဖြစ်နေကာ မည်မျှဝေးသော နေရာအထိ ဆန့်ထွက်နေမှန်း မသိရဘဲ ကမ္ဘာပေါင်း မည်မျှကို လွှမ်းခြုံထားသည်ကိုပင် မခန့်မှန်းနိုင်တော့ပေ။

ကျန်းရှီ ကျောက်စာတိုင်က ကျန်းရှီတံဆိပ်တုံးမှ ကွဲထွက်သွားသည့် အကြီးမားဆုံး အပိုင်းအစ ဖြစ်သည်။ ဤမူလ ရတနာကြီး၏ စွမ်းအား ထက်ဝက်ကျော်မှာ ကျန်းရှီ ကျောက်စာတိုင်ပေါ်တွင် ရှိနေသည်။

၎င်းမှာ အနန္တစကြဝဠာ တစ်ခုလုံးကို ဖန်တီးခဲ့သည့် မူလရတနာကြီးပင် မဟုတ်ပါလား

၎င်းကို သုံးပြီး တည်ဆောက်ထားသည့် ပုံရိပ်ယောင်ကမ္ဘာက ကမ္ဘာအားလုံးကို ချိတ်ဆက်ပေးနိုင်သည်ဆိုခြင်းမှာ အနည်းငယ်မျှ ပိုပြောခြင်း မဟုတ်ပေ။

ဤမျှ စိတ်ကျေနပ်စရာကောင်းသော ရလဒ်ကို မြင်ရသောအခါ ထန်ထျန်း၏ စိတ်မှာ လုံးဝ အေးချမ်းသွားတော့သည်။

နောင်တွင် အကွာအဝေးနှင့် ကမ္ဘာများကြားက အတားအဆီးများမှာ သူ၏အတွက် ရှိတော့မည် မဟုတ်ပေ။ ဟင်းလင်းပြင် နယ်မြေ၏ အဝင်လမ်းကို ဖွင့်ပေးလိုက်ရုံဖြင့် မိုင်ပေါင်း ဘီလီယံ ဝေးကွာနေသော လူများကို ဘာမှ အားစိုက်စရာ မလိုဘဲ စုစည်းပေးနိုင်တော့မည် ဖြစ်သည်။

ဒါက အဆုံးမရှိသော ချမ်းသာကြွယ်ဝမှုနှင့် မကုန်ခမ်းနိုင်သော သုံးစွဲမှုအမှတ် များကို ကိုယ်စားပြုသည်။

အမှန်တော့ သုံးစွဲမှုအမှတ်များ စုဆောင်းရာတွင် အခက်ခဲဆုံးမှာ နယ်ပယ် မချဲ့ထွင်နိုင်ခြင်း ဖြစ်သည်။ မင်းက သူတို့ကို ငွေနဲ့ ပစ်ပေါက်ချင်ရင်တောင် သူတို့ဆီ ရောက်အောင် ပစ်ဖို့ လိုအပ်သည် မဟုတ်ပါလား

ယခုမူ ကျန်းရှီ ကျောက်စာတိုင်ကို အဓိက သယ်ဆောင်သူအဖြစ် အသုံးပြုပြီးနောက် ထိုအခက်အခဲမှာ လုံးဝ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

ထန်ထျန်း သက်ပြင်း တစ်ချက်ချလိုက် မိသည်။

သူ ပုံရိပ်ယောင်ကမ္ဘာ ကို ပထမဆုံး ဝင်ရောက်စဉ်ကတည်းက အဆုံးမရှိသော ဖြစ်နိုင်ခြေများ ရှိသည့် ဤပုံရိပ်ယောင်ကမ္ဘာကို မျက်စိကျခဲ့ခြင်း ဖြစ်သည်။

အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတော့ သူ ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ပြီပင်။

နောက်ထပ် အစီအစဉ်ကတော့ အသေအချာ ကျင့်ကြံပြီး အင်မော်တယ်ဧကရာဇ် အဆင့်သို့ စောစောစီးစီး ချိုးဖျက်ရန်၊ ထို့နောက် နတ်ဘုရားသားတော် နေရာကို ရယူကာ ကောင်းကင်ထိပ်ဆုံးသို့ ဝင်ရောက်ခွင့် ရရှိရန် ဖြစ်သည်။

ဟင်းလင်းပြင် နယ်မြေကိုမူ ဝမ်ကန်း ကိုသာ ဦးစီးခိုင်းထားလိုက်မည်။

ထျန်းဖူကမ္ဘာတွင်လည်း ဘာအတားအဆီးမှ မရှိတော့ပေ၊ တစ်ကမ္ဘာလုံးက သူ့ကို ကူညီနေကြပြီ ဖြစ်ရာ မကြာမီ ထိုကမ္ဘာကြီးကို သူ၏ လက်ဝါးကြီးအုပ်မှုအောက် ရောက်လာ နိုင် မည်မှာ သေချာသည်။

သို့သော် ထိုမျှနှင့်ပင် ဘီလီယံ ငါးထောင်ဟူသော ရည်မှန်းချက်ကို ပြည့်မီရန် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် သုံးရက်မြောက်သော နေ့တွင် သူ ပို့ပေးခဲ့သည့် အစီအရင်ပြား ရှစ်ခုဆီမှ တုံ့ပြန်မှု ရှိ၊ မရှိကိုသာ မျှော်လင့်ရပေမည်။

အကယ်၍ သူ၏ ကတိကို တည်ပြီး ဟင်းလင်းပြင် နယ်မြေထဲကို ဝင်လာမည့်သူ သုံးယောက်ထက် ပိုရှိမည်ဆိုလျှင် ဘီလီယံ ငါးထောင်ဆိုသည့် ကိန်းဂဏန်းမှာ ဘာမှ ပြဿနာ ရှိတော့မည် မဟုတ်ပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ဟင်းလင်းပြင် နယ်မြေမှ ထွက်လာခဲ့သည်။

သတ်မှတ်ထားသည့် သုံးရက်ပြည့်ရန် နှစ်ရက်နှင့် တစ်ဝက် ကျန်သေးသည်။ ဤကိစ္စကို ဖြေရှင်းပြီးမှသာ အင်မော်တယ်ဧကရာဇ် အဆင့်သို့ တက်လှမ်းရန် တံခါးပိတ် ကျင့်ကြံတော့မည်။

......

ရှင့်ပေါင်ကျွန်းမှ ထွက်လာပြီးနောက် ထန်ထျန်းက အနောက်တောင်သို့ သွားကာ ပြင်းထန်စွာ ဒဏ်ရာရထားသော မဟာအကြီးအကဲနှင့် သတိမေ့နေဆဲ ဖြစ်သော ယန်ရှို့ အင်မော်တယ်အရှင် ကို သွားကြည့်ခဲ့သည်။

ယန်ရှို့ အင်မော်တယ်ဝမ်၏ ဒဏ်ရာမှာလည်း အလွန်ပင် ပြင်းထန်လှပြီး သေခြင်းနှင့် ရှင်ခြင်းကြား သို့ ရောက်နေပြီ ဖြစ်သည်။ လုချန်းကျီ၏ ပထမဆုံး အပြင်းထန်ဆုံး တိုက်ခိုက်မှုတွင် သူတို့မှာ အလယ်ဗဟို၌ ရှိနေခဲ့ကြောင်း မဟာအကြီးအကဲက ပြောပြသည်။

ထိုယပ်တောင်မှာ ကြောက်စရာကောင်းလွန်းလှသည်။ အဆင့်မြင့် အကြီးအကဲ အများအပြားမှာ ထိုနေရာမှာတင် အသက်ဆုံးရှုံးခဲ့ရပြီး ယန်ရှို့မှာမူ ရှေ့ကလူများက သူတို့၏ အသက်ဖြင့် စွမ်းအားအချို့ကို ကာကွယ်ပေးခဲ့သောကြောင့်သာ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်ထိ အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်သည်။

ထန်ထျန်းက ယန်ရှို့ကို ကြည့်ကာ ထူးဆန်းသောဥ ကမ္ဘာထဲမှ အသက်စွမ်းအား အနှစ်သာရများစွာကို ထုတ်ယူပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးလိုက်သည်။

ဤသို့ဆိုလျှင် သူက အမြန်ဆုံး ပြန်မကောင်းနိုင်ရင်တောင် အနည်းဆုံးတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေ။

ယန်ရှို့ အင်မော်တယ်ဝမ်မှာ သူ့ကို တော်တော်လေး စောင့်ရှောက်ခဲ့သူ ဖြစ်ရာ သူ လျစ်လျူရှုထား၍ မရပေ။

ဤအရာများ ပြီးဆုံးပြီးနောက် ထန်ထျန်းက ချင်းရွှီခြံဝင်းအတွင်းသို့ ပြန်လာကာ သုံးရက်ပြည့်မည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

အုတ်နီခြံဝင်းကြီး မရှိတော့သဖြင့် ဤနေရာမှာပင် နေရတော့သည်။

တိမ်တိုက်ထျန်းဖူနန်းတော်၏ အတွင်းပိုင်းတွင် တင်းမာသော အခြေအနေ ရှိနေဆဲ ဖြစ်သည်။ နေရာအနှံ့တွင် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ယခုတစ်ကြိမ် ပုန်ကန်မှုနှင့် ပတ်သက်သမျှ လူအားလုံးကို အမြစ်ပြတ် ရှင်းလင်းနေကြသည်။

ပျက်စီးမှုများကို ပြန်လည် တည်ဆောက်ပြီးနောက် ထျန်းဖူနန်းတော် ၏ အာဏာတည်ဆောက်ပုံမှာ အပြောင်းအလဲသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ဤအရာများမှာ ထန်ထျန်းနှင့် သိပ်မသက်ဆိုင်တော့ပေ။

သူ၏ လက်ရှိ အဆင့်အတန်းမှာ အဆင့်မြင့် အကြီးအကဲ များနှင့် တန်းတူ ဖြစ်နေပြီ ဖြစ်သော်လည်း သူက ရှုပ်ထွေးလှသော အသေးအဖွဲ ကိစ္စများကို စိတ်ပူနေစရာ မလိုဘဲ မြင့်မြတ်သားတော် တစ်ယောက်အနေဖြင့် အသေအချာ ကျင့်ကြံနေရန်သာ လိုအပ်သည်။

သို့သော် သူ စောင့်ဆိုင်းနေသည့် ဒုတိယမြောက်နေ့တွင် မိတ်ဆွေဟောင်း တစ်ယောက် အလည်လာ ခဲ့သည်။

၎င်းမှာ မိုရှောင်းရှောင်း ပင် ဖြစ်သည်။

မိုမိသားစုက ယခုတစ်ကြိမ် ပုန်ကန်မှုတွင် ဘာဆုံးရှုံးမှုမှ မရှိခဲ့ဘဲ လက်ရှိတွင် ထျန်းဖူနန်းတော် ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကူညီပေးနေသည်။

သို့သော် သူမ ရောက်လာသည်နှင့် မေးမြန်းသည့် ကိစ္စမှာ လုချန်းကျီ၏ အခြေအနေပင် ဖြစ်သည်။

"သူ... သူ ပြန်မလာတော့ဘူးလား"

မိုရှောင်းရှောင်းက မေးသည်။

ထန်ထျန်း စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်"

" သူ ဘယ်တော့မှ ပြန်မလာတော့ဘူး"

မိုရှောင်းရှောင်း၏ မျက်ဝန်းများ ငေးငိုင်သွားသည်။ သူမက ထန်ထျန်း၏ ဆိုလိုရင်းကို နားလည်သွားပုံရသည်။

"တကယ်ကို နှမြောဖို့ ကောင်းလိုက်တာ"

"သူ့ရဲ့ ပါရမီနဲ့ ဗျူဟာ မျိုးနဲ့သာ ထျန်းဖူနန်းတော် ကို ပူးပေါင်းခဲ့မယ်ဆိုရင် သမိုင်းမှာ နာမည်ကျန်ရစ်မယ့် ဖြစ်တည်မှုတစ်ခု သေချာပေါက် ဖြစ်လာမှာပါ"

သူမက သက်ပြင်းအသာချရင်း ပြောသည်။

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာပေါ့"

လုချန်းကျီမှာ လုမင် ဖြစ်နေသည့် အချက်ကို သူနှင့် ရှင်းဟယ် အင်မော်တယ်ဧကရာဇ် နှစ်ဦးတည်းသာ သိကြပြီး အမှန်တရားကို ထုတ်ပြောရန်လည်း အစီအစဉ် မရှိကြပေ။

ထို့ကြောင့် မိုရှောင်းရှောင်းက ဤပတ်သက်မှုကို မသိပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိုရှောင်းရှောင်းက ရုတ်တရက် ပြုံးလိုက်ကာ ပြော၏။ "ဒါနဲ့...ကျွန်မ ရှင့်ကို ကျေးဇူးတင်ရဦးမယ်"

ထန်ထျန်း ကြောင်သွားပြီး ပြုံး ကာ မေးလိုက်သည်။ "ငါ့ကို ဘာအတွက် ကျေးဇူးတင်တာလဲ"

မိုရှောင်းရှောင်းက အဝေးသို့ လှမ်းကြည့်ရင်း "ဒီပုန်ကန်မှုက ခဏလေးပဲ ဆိုပေမဲ့ ဆုံးရှုံးမှုက အရမ်းကြီးတယ်။ ထျန်းဖူနန်းတော် ရဲ့ အခြေခံအုတ်မြစ်ကိုတောင် ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့တာ"

"လောကပြင်ပမှာ နေထိုင်တဲ့ ရှောင်းယောင် မိသားစုတောင် ထိခိုက် ခဲ့ကြတယ်။"

"ဒါပေမဲ့ မိုမိသားစု တစ်စုတည်းပဲ ဘာမှ မဖြစ်ဘဲ ဘေးကင်းခဲ့တာ"

"ကျွန်မမှာ လုချန်းကျီက မိုမိသားစုကို ချန်လှပ်ပေးခဲ့ရလောက်အောင် မျက်နှာသာ ရှိနေတယ်လို့ ကျွန်မ မထင်ဘူး"

ထန်ထျန်း တိတ်ဆိတ်သွားသည်။ ထိုကဲ့သို့သော ကိစ္စမျိုး ရှိခဲ့သည်ကို သူပင် မသိခဲ့ပေ။

လုချန်းကျီက ထန်ထျန်းက ယင်းအတွက်ကြောင့် လက်စားချေမည်ကို စိုးရိမ်ခဲ့ခြင်းလား

ဖြစ်နိုင်ပါသည်၊ သို့သော် ယခုအချိန်တွင်မူ ထိုအရာများမှာ အရေးမကြီးတော့ပေ။

"ကျွန်မ ရှင့်အတွက် လက်ဆောင် တစ်ခုခု ယူလာချင်ပေမဲ့ ရှင်မျက်စိကျလောက်မယ့် ပစ္စည်းမျိုး ကျွန်မမှာ မရှိဘူးလို့ တွေးမိလို့ ဘာယူလာရမှန်း မသိဖြစ်နေတာ"

" အဲဒါကြောင့်..."

မိုရှောင်းရှောင်းက ရုတ်တရက် ခုနစ်ရောင်ခြယ် ငါးတစ်ကောင်ကို ထုတ်ယူကာ ထန်ထျန်း ရှေ့တွင် ချလိုက်သည်။

"ဒါက ဝိညာဉ်ငါး တစ်မျိုးပဲ။ ကျင့်ကြံမှုအတွက်တော့ ဘာအကျိုးကျေးဇူးမှ မရှိဘူး၊ ဒါပေမဲ့ လူ့လောကရဲ့ အကောင်းဆုံး အရသာပဲ"

" ကျွန်မ မိသားစုရဲ့ အနောက် မှာ အများကြီး မွေးထားတာ။ တခြား အရသာရှိတဲ့ ငါးအမျိုးအစားတွေလည်း အများကြီး ရှိသေးတယ်။"

"ရှင် ကြိုက်တယ်ဆိုရင် နောက်ခါ ငါးစားချင်တဲ့အခါ ကျွန်မကို ပြော လိုက်၊ ကျွန်မ ရှင့်ဆီ ပို့ပေးမယ်"

ထန်ထျန်း ကြောင်သွားပြီးမှ ပြုံး လိုက်ကာ "မိန်းကလေး မို... မင်းပဲ ငါ့အကြောင်း သိတယ်"

"ကျေးဇူးပဲနော်"

All Chapters