အခန်း (၃၃-၃၄)
Vol. 3 Ch. 33-34
စူပါ-ဖမ်း(SFS)
အခန်း ၃၃ ။ လွတ်လွတ်လပ်လပ် ဖရဲသီးစားခွင့်ကို အကောင်အထည်ဖော်ရမယ်!
ရှုချင်သည် မိမိကိုယ်ကိုယ် မြင့်မားသော စိတ်ဓာတ်ရေးရာ ရည်မှန်းချက်များရှိသူဟု မှတ်ယူထားပြီး၊ ရုပ်ဝတ္ထုပစ္စည်းဆိုသည်မှာ အခြေခံ လူနေမှုဘဝကို ထိန်းသိမ်းနိုင်ရုံဆိုလျှင် လုံလောက်ပြီဟု ယူဆထားသူဖြစ်သည်။
သို့သော်လည်း... ဖရဲသီးရည်များ လည်ချောင်းထဲသို့ စီးဝင်သွားသည့် ခဏမှာပင် သူမ၏ တန်ဖိုးထားမှု စံနှုန်းများမှာ တဖြည်းဖြည်း ပြိုလဲပျက်စီးသွားခဲ့ရသည်။ သူမသည် အရင်က စားခဲ့သမျှ အရာအားလုံးမှာ အတုအယောင်များလားဟုပင် သံသယဝင်မိသွား၏။
ဤလောကကြီးထဲတွင် ဤမျှအထိ အရသာရှိသော အရာမျိုး ရှိနေနိုင်ပါ့မလား။
လင်းယန်ကတော့ ဤအချက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။
"ကျွန်တော့်ရဲ့ အနက်ရောင်ဖရဲသီးက မျိုးစိတ်ထူးခြားတာအပြင် တခြား အချက်အလက်တွေလည်း ရှိသေးတယ်။ ပထမတစ်ခုက မြေဆီလွှာကောင်းတာပဲ။ လယ်ကွင်းပတ်ပတ်လည်က သဘာဝအတိုင်းဖြစ်ပြီး ညစ်ညမ်းမှု လုံးဝမရှိဘူး။ မြေကြီးက ဓာတ်မြေသြဇာတို့ ပိုးသတ်ဆေးတို့နဲ့ တစ်ခါမှ အဆိပ်မသင့်ဖူးဘူး။
ဒုတိယကတော့ စိုက်ပျိုးတဲ့နှုန်း ကျဲတာပဲ။ လူအများစုက ထွက်နှုန်းကောင်းဖို့အတွက် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေကို သုံးပြီး မြေဆီလွှာရဲ့ အားအင်ကို အတင်းအဓမ္မ ညှစ်ထုတ်ကြတယ်။ ဒါက မြေဆီလွှာကို လုံးဝ ပျက်စီးစေတာပဲ။ နိုင်ငံခြားက လယ်ကွင်းကြီးတွေဆို ပိုဆိုးသေးတယ်။ ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးတော့ လယ်ထဲမှာ သီးနှံကလွဲရင် မြက်တောင် မပေါက်တော့ဘူး။ အဲ့ဒီက ထွက်လာတဲ့ အစားအစာတွေကတော့ တကယ်ကို ကြောက်စရာကောင်းပါတယ်"
ရှုချင်နှင့် ချင်အဖေတို့မှာ နားထောင်ရင်း တညီတညွတ်တည်း ခေါင်းညိတ်မိကြသည်။ ဤအချက်ကို သူတို့ ကောင်းကောင်းသိသည်။
နိုင်ငံခြားတွင် စိုက်ပျိုးရေးကို စက်မှုကုန်ထုတ်လုပ်ငန်းသဖွယ် လုပ်ဆောင်နေကြပြီး၊ လယ်ပိုင်ရှင်ကြီးများသည် ဧကပေါင်း သောင်းချီသော မြေကွက်များကို ပိုင်ဆိုင်ကာ ဓာတုပစ္စည်းမျိုးစုံဖြင့် မြေဆီလွှာကို ပြုပြင်ပြီး၊ မျိုးရိုးဗီဇပြုပြင်ထားသော (GMO) သီးနှံများကို စိုက်ပျိုးကြသဖြင့် ထွက်နှုန်းမှာ ကြောက်ခမန်းလိမ္မော် များပြားလှသည်။ ထိုလယ်ပိုင်ရှင်တိုင်းမှာလည်း သူဌေးကြီးများပင် ဖြစ်ကြ၏။
ထိုကဲ့သို့ အလုံးအရင်းနှင့် ထုတ်လုပ်နိုင်မှုကြောင့် ပြည်တွင်းမှ သီးနှံများမှာ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။ သေသေချာချာ စိုက်ပျိုးရသည်မှာ ကုန်ကျစရိတ် အလွန်မြင့်မားသောကြောင့် ဖြစ်သည်။
လင်းယန်၏ကုန်ကျစရိတ်မှာမူ ထိုထက်ပင် ပို၍ မြင့်မားနိုင်ပါသေးသည်။ လင်းယန်၏ ရှင်းပြချက်မှာလည်း မပြီးဆုံးသေးပေ။
"ဒီဖရဲသီးခင်းကို ရေသွင်းတဲ့ ရေကလည်း ရွာထဲက တောင်ကျစမ်းရေပဲ။ ဒီစမ်းရေက အရသာ အရမ်းချိုမြိန်ပြီး ရွာရဲ့ အဓိက သောက်သုံးရေ ရေမြစ်တစ်ခုလည်းဖြစ်တယ်။ တကယ်လို့ အပြင်မှာ ရေသန့်အဖြစ် ထုတ်ရောင်းမယ်ဆိုရင် တစ်ဗူးကို သုံး၊ငါးယွမ်နဲ့တောင် ချက်ချင်း ကုန်သွားမှာပဲ။
ဪ... ကြားဖူးတာတော့ နိုင်ငံခြားက တင်သွင်းတဲ့ ရေသန့်တစ်ဗူးကို ယွမ်တစ်ထောင်ကျော် ပေးရတယ်ဆိုတာပဲ။ ဒါပေမဲ့ ဒီစမ်းရေလောက် အရသာရှိမှာ မဟုတ်ဘူး။ ကျွန်တော့်ဖရဲသီးထက် ခင်ဗျားတို့ အဲ့ဒါကို ပိုပြီး စုံစမ်းသင့်တယ်လို့ ထင်တယ်။
နောက်ဆုံးအချက်ကတော့ ကျွန်တော့်ရဲ့ တစ်ဧက ထွက်နှုန်းက အရမ်းနည်းတာပဲ။ ပုံမှန်ထွက်နှုန်းရဲ့ သုံးပုံတစ်ပုံပဲ ရှိတယ်။ ဒီလိုဆိုရင် ကျွန်တော့်ဖရဲသီးကို တစ်လုံး ယွမ်ငါးထောင် ရောင်းတာကော ဈေးကြီးတယ်လို့ ဆိုနိုင်ဦးမလား"
လင်းယန်က ရှုချင်နှင့် ချင်အဖေကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"မကြီးပါဘူး၊ လုံးဝ မကြီးပါဘူး၊ တကယ်တော့ ရောင်းတာ အရမ်းတောင် သက်သာနေပါသေးတယ်။ တစ်လုံးကို သုံးငါးသောင်းနဲ့ ရောင်းရင်တောင် ဝယ်မယ့်သူက တိုးဝှေ့နေမှာပဲ။ ငါတောင် စိုးရိမ်မိတာက လူတွေက ဒီဖရဲသီးကို ပြန်ဝယ်ပြီး ဈေးတင်ရောင်းကာ ကြားထဲက အမြတ်ထုတ်ကြမှာကိုပဲ" ချင်အဖေက အလွန်တည်ကြည်စွာ ပြောလိုက်သည်။
ချင်စုစုကတော့ ဖခင်ဖြစ်သူကို မျက်စောင်းခဲလိုက်မိသည်။ ဒီအဖေက သူ ဘာလာလုပ်တာလဲဆိုတာကို မေ့နေတာလား။ ဒီစကားကြောင့် ရှုချင် စိတ်အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
ရှုချင်၏ မျက်နှာတွင်လည်း တုန်လှုပ်မှု အရိပ်အယောင်လေးများ ပေါ်လာသည်။ သူမ ကိုယ်တိုင် မြည်းစမ်းကြည့်ပြီးနောက်တွင် ဤဖရဲသီးမှာ ဤဈေးနှင့်မတန်ဟု သူမ မပြောနိုင်တော့ပေ။ တကယ်ကို တစ်ခါစားရုံနှင့် တစ်သက်လုံး မေ့မရနိုင်သည့် အရသာမျိုး မဟုတ်လား။
"မနက်ဖြန် ရှင့်ရဲ့လယ်ကွင်းထဲကို ကျွန်မ သွားကြည့်ချင်တယ်"
"ရတာပေါ့၊ ပြဿနာမရှိပါဘူး"
လင်းယန်က မငြင်းခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ပိုမို ခိုင်မာသွားသည်မှာ - စနစ်က ထွက်လာသမျှ အရာအားလုံးသည် သေချာပေါက် အကောင်းဆုံးတွေ ဖြစ်နေမှာပဲ!
သို့သော် နောင်ကျရင် ရောင်းမည့်ဈေးနှုန်းများမှာလည်း သေချာပေါက် သက်သာမည် မဟုတ်ချေ။ ရှုချင် တစ်ယောက် ထပ်ပြီး စုံစမ်းဦးမလားတော့ မသိပေ။ သို့သော် သူကတော့ အစစ်ဆေးခံရန် မကြောက်ပေ။ ထိုမျှလောက်သော ထွက်နှုန်းလေးနှင့်တော့ ဈေးကွက်ကို ကမောက်ကမဖြစ်အောင် လုပ်နိုင်စွမ်း မရှိသည်မှာ ထင်ရှားလှသည်။
ထို့ပြင်... အင်တာနက်ပေါ်တွင် ပြောနေကြသည်မှာ သူသည် ရောင်းမထွက်ဘဲ ပုံနေသော အခြားဖရဲသီးများအတွက်ပါ လမ်းကြောင်းများ ပွင့်သွားအောင် ကူညီပေးခဲ့သည်ဟူ၍ပင်။ ဤသည်မှာ တကယ်ကို ကောင်းမွန်သော ကိစ္စ မဟုတ်လား။
ထိုစဉ် ချင်အဖေသည် လင်းယန်၏ရှေ့သို့ လျှောက်လာကာ -
"ညီလေးလင်း... နောက်ကျရင် ငါ့ကို အလုံးနည်းနည်းလောက် ထပ်ရောင်းပါဦး၊ စားလို့ကို အားမရနိုင်သေးဘူး"
"အစ်ကိုချင် စိတ်ကြိုက်သာ စားပါ၊ ပိုက်ဆံမပြတ်ဖို့ပဲ လိုပါတယ်"
ချင်အဖေ နှုတ်ခမ်းလေး တွန့်သွားမိသည်။ ပိုက်ဆံအကြောင်း ပြောလိုက်လျှင် သံယောဇဉ် ပျက်သွားသလို ခံစားရသော်လည်း၊ ပိုက်ဆံဆိုသည်မှာ သူ့အတွက် တကယ်ပင် မရှားပေ။ အပြင်က စားသောက်ဆိုင် ကောင်းကောင်းတွေမှာ စားရသည့် ဈေးနှုန်းကပင် မနည်းလှပေ။ ထို့ပြင် အဲ့ဒီက စားစရာတွေက ဒီဖရဲသီးလောက်လည်း အားရစရာမကောင်းပေ။
"ဒီမှာ ယွမ်ခြောက်သောင်း ရှိတယ်၊ ဖရဲသီးတွေကို မင်းဆီမှာပဲ အရင် သိမ်းထားပေးဦး"
ချင်အဖေသည် သူ့အိတ်ထဲမှ ငွေစက္ကူအသစ်စက်စက် အထပ်လိုက်ကို ထုတ်ယူကာ လင်းယန်အား ပေးလိုက်သည်။ သိသာလှသည်မှာ တောင်ထဲမဝင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ လင်းယန်ကလည်း ပြုံးကာ လက်ခံလိုက်၏။
ရှုချင်ကတော့ မျက်စောင်းထိုးရင်း ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူမလည်း ဝယ်ချင်ပါသော်လည်း ဝင်ငွေက သိပ်မရှိသဖြင့် ထိုအတွေးကို လက်လျှော့လိုက်ရသည်။
"ပြန်ရောက်ရင်တော့ ရှယ်ယာတွေ ဘာတွေ ကစားပြီး 'လွတ်လွတ်လပ်လပ် ဖရဲသီးစားခွင့်' ရအောင် ကြိုးစားရမယ်" ဟု ရှုချင် စိတ်ထဲမှ တိတ်တဆိတ် တွေးမိသည်။
မနက်ဖြန် လယ်ထဲသွားမည့် ကိစ္စမှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ အမှန်စင်စစ် ဤစုံစမ်းစစ်ဆေးရေး ရလဒ်အပေါ် ဌာနကလည်း သိပ်ဂရုစိုက်တော့မည် မဟုတ်ပေ။ ပြည်သူများကို အဖြေတစ်ခု ပေးရန်အတွက်သာ ဖြစ်၏။ ထို့ပြင် စူးရို့ရို့ကဲ့သို့ နာမည်ကြီး သတင်းထောက်ကပင် ထောက်ခံပေးထားရာ၊ အွန်လိုင်းအသုံးပြုသူများမှာလည်း ဤဖရဲသီးဈေးနှုန်းကို လက်ခံနိုင်စွမ်း ရှိလာကြပြီ ဖြစ်သည်။
ကံကောင်းသည်မှာ ချင်အဖေက ဖရဲသီးဖြင့် ဧည့်ခံကျွေးမွေးသဖြင့် ရှုချင်သည်လည်း ငြင်းချင်သော်လည်း ဖရဲသီး၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့ချေ!
နေလို့ကောင်းလိုက်တာ!
ဖရဲသီးကို ဗိုက်ဝအောင် စားရသည့် ခံစားချက်မှာ တကယ်ကို ကောင်းမွန်လှပေသည်။ တောင်ပေါ်မှ တိုက်ခတ်လာသော လေနုအေးလေးကို ခံစားရင်း ဤနေရာသည် နတ်ဘုံနတ်နန်းနှင့်ပင် မခြားဟု သူမ ထင်မှတ်မိတော့သည်။
တစ်ခုပဲ... ဘေးပတ်ပတ်လည်က အိမ်တွေကတော့ နည်းနည်း ဟောင်းနွမ်း ပျက်စီးနေတာပေါ့။
မှန်ပါသည်၊ အကယ်၍ သူမသာ ဤပျက်စီးနေသော အိမ်အိုကြီး၏ တန်ဖိုးကို သိခဲ့လျှင်တော့ အံ့ဩလွန်း၍ မေးထွက်သွားပေလိမ့်မည်။ စီးပွားရေးပါရဂူတစ်ဦးဖြစ်သည့်တိုင် မယုံနိုင်စရာ ဖြစ်နေပေလိမ့်မည်။
….
ရွာထဲတွင် တည်းခိုစရာ နေရာမရှိသဖြင့် ရှုချင်နှင့် ချင်အဖေတို့အဖွဲ့မှာ ရွာထဲ၌ပင် အိပ်စက်ကြရသည်။ ပြတင်းပေါက် အပြင်ဘက်မှ ပုစဉ်းရင်ကွဲ အော်သံများကို နားထောင်ရင်း၊ အမြဲတမ်း အိပ်မပျော်တတ်သော ရှုချင်သည် ထူးထူးခြားခြား ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့ရ၏။ ဤကဲ့သို့သော သဘာဝပတ်ဝန်းကျင်မှာ ပြင်ပလောကမှ ရုန်းကန်မှုများကို မေ့ပျောက်စေကာ အေးချမ်းလှပသော ဘဝကိုသာ ခံစားချင်စိတ် ပေါက်စေသည်။
"မြို့ပေါ်က လူဘယ်လောက်များများက ဒါမျိုးတွေကို တမ်းတနေကြရမလဲ!"
ရှုချင်သည် ကြက်တွန်သံကို နားထောင်ရင်း၊ ဖြည်းဖြည်းချင်း တက်လာသော မီးခိုးငွေ့များနှင့် အိမ်ဝင်းကို သန့်ရှင်းရေး လုပ်နေသည့် လင်းယန်ကို ကြည့်ကာ ရင်ခုန်သံများ တရိပ်ရိပ် မြန်လာရသည်။
"နေ့တိုင်း ဒီလိုမျိုးဖြစ်နေရင် ဘယ်လောက်တောင် ကောင်းမလဲ"
သူမ၏အကြည့်မှာ လင်းယန်၏ကိုယ်ပေါ်သို့ ရောက်သွားမိသည်။ သူ၏ ကိုယ်လုံးကိုယ်ထည်မှာ မြင့်မားပြီး ထောင်ထောင်မောင်းမောင်း ရှိကာ၊ အနည်းငယ် ပိန်သော်လည်း ခွန်အားအပြည့် ရှိနေသည်ဟု ခံစားရစေသည်။ ဆံပင်အတိုလေးက ရိုးရှင်းသန့်ပြန့်ပြီး၊ သူ၏ ချောမောသော မျက်နှာပေါ်မှ ရိုင်းစိုင်းသည့် အရှိန်အဝါကို ပိုမို ပေါ်လွင်စေသည်။
"ရုတ်တရက် ချမ်းသာလာတဲ့ လူအများစုဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ဖြုန်းတီးပစ်ကြမှာပဲ။ ဒါပေမဲ့ သူကတော့ အဲ့ဒီလို မဟုတ်ဘူး။ အဲ့ဒီအစား စိတ်အေးအေးထားပြီး လယ်ကိုပဲ ဆက်စိုက်နေတုန်းပဲ။ ဒီကမ္ဘာပေါ်မှာ ဒီလိုလူမျိုးက တကယ် ရှားတယ်"
သူမသည် ခေါင်းလေးစောင်းကာ ငေးကြည့်ရင်း မိန်းမောနေမိတော့သည်။ လင်းယန်သည် အရသာရှိသော ဝိုင်တစ်ခွက်ကဲ့သို့ပင်၊ မြည်းစမ်းလေလေ အရသာရှိလေလေ၊ စွဲလန်းစရာ ကောင်းလေလေ ဖြစ်နေတော့သည်။
ထိုစဉ် စူးရို့ရို့သည် အညောင်းအညာဆန့်ကာ ထွက်လာရာ၊ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ရှုချင်ပင်လျှင် အကြည့်လွှဲ၍ မရနိုင်တော့ချေ။ သို့သော် စူးရို့ရို့၏ အကြည့်များမှာ သိသိသာသာ သတိပေးနေသကဲ့သို့ ရှိသည်။ လင်းယန်ကို လာပြီး မပတ်သက်နဲ့ဟု ပြောနေသည့်အလားပင်။
ထို့နောက်တွင် စူးရို့ရို့သည် လင်းယန်၏ဘေးသို့ သွားကာ ဝိုင်းကူလုပ်ကိုင်ပေးရင်း နှစ်ဦးသား ရယ်မော စကားပြောနေကြသည်ကို မြင်ရသောအခါ ရှုချင် အလွန်ပင် မနာလိုဖြစ်သွားရသည်။ တကယ့်ကို စင်ဂယ်သမားကို နှိပ်စက်နေကြတာပဲ!
ထိုအချိန်တွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော သူမ၏ အချစ်စိတ်လေးမှာ အနည်းငယ် လှုပ်ခတ်လာတော့သည်။ နောက်ဆုံးတွင် သူမသည် လင်းယန်၏ရှေ့သို့ လျှောက်သွားလိုက်၏။
"လယ်ထဲကို ဘယ်တော့ သွားမှာလဲ"
"အခုပဲ သွားလို့ ရပါတယ်"
"ဒါဆို သွားကြစို့"
လင်းယန် ခေါင်းယမ်းလိုက်မိသည်။ ဒီမိန်းကလေးက တကယ်လှတာပဲကို၊ ဘာလို့ အလုပ်အပေါ် ဒီလောက်အထိ အာရုံစိုက်နေရတာလဲ။
"သွားမယ်လေ"
လင်းယန်သည် လယ်ယာသုံး ကိရိယာများကို ထမ်းလိုက်သည်။ ထိုမြေကွက်မှာ အခုမှ စိုက်ပျိုးပြီးကာစ ဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသေးသည်။ နောက်ထပ် ဘာတွေ စိုက်ရမလဲဆိုသည်ကိုလည်း လင်းယန် အနည်းငယ် ဝေခွဲမရဖြစ်နေဆဲပင်။ အကြောင်းမှာ သူ့တွင် စနစ်က ပေးထားသော မျိုးစေ့များစွာ ရှိနေသောကြောင့်ဖြစ်၏။
ထိုစဉ် စူးရို့ရို့သည် လင်းယန်၏လက်မောင်းကို ရုတ်တရက် လာဖက်လိုက်သည်။
"ကျွန်မလည်း လိုက်ခဲ့မယ်"
ရှုချင်၏မျက်ခုံးများ သိသိသာသာ မြင့်တက်သွားကာ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရလေတော့သည်။
***
စူပါ-ဖမ်း(SFS)
အခန်း ၃၄ ။ ပင်ပန်းသွားတဲ့ နွားပဲရှိတယ်၊ ပျက်စီးသွားတဲ့ လယ်ကွင်းတော့မရှိဘူး
ဖရဲသီးခင်းကို ပြန်လည်ပြုပြင်ထားသော်လည်း စိုက်ပျိုးခဲ့သည့် အမှတ်အသားများကိုတော့ မြင်နေရဆဲပင်။
ရှုချင်သည် သက်သေအဖြစ် မှတ်တမ်းတင်ရန် ဓာတ်ပုံများ ရိုက်နေတော့သည်။
"ရို့ရို့ရဲ့ဗီဒီယိုထဲမှာလည်း ဖရဲသီးတွေ မှည့်နေတဲ့ ပုံရိပ်တွေ အများကြီးပါတယ်၊ အဲ့ဒါတွေကိုလည်း ကူးယူထားလို့ ရတယ်လေ"
လင်းယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး မြေညှိသည့် အလုပ်ကို စတင်လိုက်သည်။ စူးရို့ရို့နှင့် ရှုချင်တို့မှာမူ လင်းယန် အလုပ်လုပ်နေသည်ကို ကြည့်ရင်း အနည်းငယ် အနေရခက်နေကြ၏။ ဤနေရာမှာ သူတို့ ဘာမှအသုံးမကျသလို ခံစားနေရသောကြောင့်ဖြစ်သည်။
"ကျွန်မ ကူညီပေးမယ်လေ" နောက်ဆုံးတွင် စူးရို့ရို့က စပ်စုချင်စိတ်ဖြင့် စတင်ပြောလိုက်သည်။
သူမသည် ငယ်စဉ်ကတည်းက မြို့ပေါ်မှာပဲ နေထိုင်ခဲ့သူဖြစ်သဖြင့် ကျေးလက်ဘဝကို တစ်ခါမှ မကြုံဖူးပေ။ အရာအားလုံးက သူမအတွက် အသစ်အဆန်း ဖြစ်နေတော့သည်။ ရှုချင်က စကားမပြောသော်လည်း အင်္ကျီလက်များကို မတင်ကာ ဖရဲသီးပင်ဟောင်းများကို ဝိုင်းဝန်းသိမ်းဆည်းပေးနေ၏။ သူမ၏အမြင်တွင် ဤသည်မှာ လင်းယန်၏ကျေးဇူးကို အနည်းငယ် ပြန်ဆပ်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့နှစ်ဦးစလုံး၏အကြည့်များမှာ လင်းယန်၏ကိုယ်ပေါ်မှာသာ စုပြုံနေတော့သည်။
"သူ အလုပ်လုပ်တာက တကယ်ကို ချောမွေ့ပြီး ဟန်ချက်ညီနေတာပဲ၊ ကြည့်ရတာ အနုပညာတစ်ခုလိုပဲနော်" ရှုချင်သည် မျက်မှန်ကို ပင့်တင်ရင်း စိတ်ထဲမှ အံ့ဩနေမိသည်။
"လုပ်ငန်းတိုင်းမှာ ထူးချွန်သူ ရှိစမြဲ" ဆိုသည့်အတိုင်း လင်းယန်၏ဟန်ပန်မှာ ဝါရင့်တောင်သူကြီးများထက်ပင် မနိမ့်ပေ။
သူတို့ မသိလိုက်သည်မှာ ဤကဲ့သို့သော အလုပ်မျိုးက လင်းယန်အတွက် အလွန်ပင် ပေါ့ပါးလှသည် ဆိုခြင်းပင်။ ထို့ပြင် သူ့အတွက် လှပသော မိန်းကလေးနှစ်ဦးကို ကြည့်ရှုခွင့်ရသည့် ဇိမ်လည်း ရှိနေသေးသည်။ သူတို့ ကုန်းလိုက်တိုင်း တစ်ခါတစ်ရံ ပေါ်ထွက်လာသော အလှတရားများက လင်းယန်ကို ကြည်နူးစေသည်။ အလုပ်လုပ်ရင်း အဝတ်အစားများ ကိုယ်နှင့်ကပ်သွားသည့်အခါ သူတို့၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပိုမို ပေါ်လွင်နေတော့သည်။
"ရို့ရို့လောက် မထွားပေမဲ့၊ သိပ်လည်း မကွာပါဘူး" လင်းယန် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးနေမိ၏။
သူတို့နှစ်ဦး အလုပ်လုပ်တတ်၊ မလုပ်တတ်ဆိုသည်မှာ အရေးမကြီးပါ။ ကြည့်လို့လှနေလျှင်ပင် လုံလောက်လှပါပြီ။
နှမြောစရာကောင်းသည်မှာ လယ်ထဲက အလုပ်က နည်းနည်းလေးမို့လို့ မြန်မြန်ပြီးသွားခြင်းပင်။ သူတို့နှစ်ဦးစလုံး ချွေးများ ထွက်လာသဖြင့် အဖြူရောင်အဝတ်အစားများမှာ ကိုယ်တွင် ကပ်နေကာ အတွင်းမှ အသားအရေများကို အထင်အသား မြင်တွေ့နေရသည်။ အထူးသဖြင့် စူးရို့ရို့မှာ ပူလွန်းသဖြင့် ရင်ဘတ်မှ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားရာ ဖြူဝင်းသောအသားစိုင်များမှာ သိသိသာသာ ပေါ်လွင်နေတော့သည်။
ထိုစဉ် စနစ်၏အသံက လင်းယန်၏ အာရုံကို နှောင့်ယှက်လိုက်၏။
[ဒင်! ဂုဏ်ယူပါတယ် Host၊ ဖရဲသီးခင်း တစ်ခင်းလုံးကို ရှင်းလင်းပြီးပါပြီ။ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ရရှိပါသည်။]
အမေရိကန်ဒေါ်လာ သုံးသိန်း! ယွမ်ငွေ သိန်း ၂၀ ခန့် ဆိုတော့ မနည်းလှသော ဝင်ငွေပင်။
လင်းယန် အနည်းငယ် စိတ်မရှည်ဖြစ်သွားရသည်။ ဒီ စနစ်ကို အသံပိတ်ထားလို့ မရဘူးလား။ မိန်းကလေးတွေကို ကြည့်နေတာကို လာနှောင့်ယှက်နေတယ်!
သို့သော် သူ သတိပြုမိသည်မှာ ထိုမိန်းကလေးနှစ်ဦး အနည်းငယ်သာ ကူညီခဲ့သော်လည်း ဆုကြေးကိုမူ သူ့အပေါ်တွင်သာ တွက်ချက်ပေးခြင်းဖြစ်သည်။ ဤသည်မှာ အတော်လေး ကောင်းမွန်လှပေသည်။
"သွားကြစို့၊ အိမ်ပြန်ရင် ဖရဲသီး ကျွေးမယ်"
စူးရို့ရို့ရော ရှုချင်ပါ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ "မြန်မြန် ပြန်ကြရအောင်!"
"နေဦး... မုန်ညင်းနည်းနည်းလောက် တစ်ခါတည်း ခူးသွားရအောင်၊ ကျွန်တော်စိုက်ထားတဲ့ မုန်ညင်းအရသာကို မြည်းကြည့်ကြတာပေါ့" လင်းယန်က အကြံပြုလိုက်သည်။ သူကိုယ်တိုင်လည်း မုန်ညင်းစားချင်နေပြီ ဖြစ်၏။
လမ်းကို အနည်းငယ် ပတ်သွားလိုက်သောအခါ မုန်ညင်းခင်းသို့ ရောက်ရှိလာသည်။ စူးရို့ရို့နှင့် ရှုချင်တို့သည် ဝါဝင်းနေသော ပန်းခင်းကြီးကို အဝေးမှ မြင်လိုက်ရသည်နှင့် အလွန်ပင် စိတ်လှုပ်ရှားသွားကြတော့သည်။ ဖရဲသီးစားမည့် ကိစ္စကိုပင် မေ့သွားကာ ထိုနေရာသို့ အပြေးအလွှား သွားကြတော့သည်။
"လှလိုက်တာ!"
"တကယ်ကို လှတာပဲ!"
"ဒါတွေ အကုန်လုံး ရှင်စိုက်ထားတာလား"
မိန်းကလေးနှစ်ဦးသည် မုန်ညင်းပန်းခင်းထဲတွင် ပျော်ရွှင်စွာ ပြေးလွှားနေကြရာ သူတို့၏ အပြုံးများက ပန်းခင်းကြီးကိုပင် အရောင်မှိန်သွားစေသကဲ့သို့ ရှိသည်။ ပန်းခင်းထဲတွင် ရယ်မောနေကြရင်း ပန်းရနံ့များကို ရှူရှိုက်နေသည့် ပုံရိပ်မှာ အလွန်ပင် ကြည်နူးစရာကောင်းလှပေသည်။
အလှလေးများ၊ ပန်းခင်း၊ လေနုအေးနှင့် နေဝင်ဆည်းဆာ...
လောကကြီး၏ လှပသော အခိုက်အတန့်မှာ ဤနေရာတွင် ရပ်တန့်နေသကဲ့သို့ပင်။ လင်းယန်၏ စိတ်ထဲတွင် ဖော်ပြ၍မရသော လှုံ့ဆော်မှုအချို့ ဖြစ်ပေါ်လာရသည်။
အကယ်၍ ရို့ရို့တစ်ယောက်တည်းသာ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။
ဤကဲ့သို့သော မြင်ကွင်းမျိုးက သံယောဇဉ်ကို ပိုမို တိုးပွားစေနိုင်သည်။ ဘယ်သူမှမရှိသော ဤပတ်ဝန်းကျင်တွင် အခွင့်အရေးများစွာ ရှိနေသည် မဟုတ်လား။ သူငယ်ချင်းအဆင့်ထက် ကျော်လွန်သည့် ကိစ္စများ ဖြစ်လာနိုင်မလား... ဘယ်သူသိနိုင်ပါ့မလဲ။
စူးရို့ရို့သည် လင်းယန်၏ ဘေးသို့ အမြန်ပြေးလာကာ -
"ရှင်စိုက်တဲ့ မုန်ညင်းပန်းတွေက ကျွန်မ မြင်ဖူးသမျှထဲမှာ အမွှေးဆုံးပဲ!"
"ဟို မုန်ညင်းပန်း ရှုခင်းသာတွေဆိုတာ ဒါကို လုံးဝ မယှဉ်နိုင်ဘူး"
ရှုချင်လည်း စိတ်ထဲမှ တိတ်တဆိတ် ထောက်ခံနေမိသည်။
အဓိကမှာ ပန်းရနံ့က အလွန်စစ်မှန်ပြီး မပြင်းလွန်း၊ မလျော့လွန်းဘဲ အနေတော် ဖြစ်နေခြင်းပင်။ ဤသည်မှာလည်း စနစ်မှ ပေးသော မျိုးစေ့နှင့် ဆက်စပ်နေပေလိမ့်မည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် သူတို့နှစ်ဦးမှာ အလွန်ပင် ပျော်ရွှင်နေကြပြီး၊ ပန်းခင်းထဲ၌ အဝတ်အစားများပင် အနည်းငယ် ဖရိုဖရဲ ဖြစ်သည်အထိ ကစားနေကြတော့သည်။ ကောင်းကင် မှောင်လာမှသာ သူတို့ ပန်းခင်းထဲမှ နှမြောတသစွာဖြင့် ထွက်လာကြ၏။
"ပြန်ကြတော့မလား"
"အား... ကျွန်မ ခြေထောက် ကြွက်တက်သွားပြီ" စူးရို့ရို့သည် နာကျင်ဟန်ဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
သူမသည် ဤမျှအထိ ကိုယ်လက်လှုပ်ရှားမှုမျိုး တစ်ခါမှ မလုပ်ဖူးပေ။ ယခုအခါ ခြေထောက်များမှာ ပျော့ခွေနေပြီး မတ်တတ်မရပ်နိုင်တော့ဘဲ မြေပေါ်သို့ ပုံကျသွားခြင်း ဖြစ်သည်။ "နာလိုက်တာ..."
လင်းယန်က သူမ၏ ခြေထောက်ကို အသာအယာ နှိပ်ပေးလိုက်သည်။ အင်း... နူးညံ့နေတဲ့ ခံစားချက်ကတော့... တကယ်ကို ရှယ်ပဲ!
အကယ်၍ ရှုချင်သာ ဘေးမှာ ရှိမနေရင် ပိုကောင်းမှာပဲ။
"ကျွန်မလည်း ကြွက်တက်သွားပြီ" ရှုချင်သည်လည်း နာကျင်ဟန်ဖြင့် မြေပေါ်ထိုင်ချကာ သူမ၏ ခြေထောက်ကို နှိပ်နေတော့သည်။ သူမသည်လည်း အမြဲတမ်း အလုပ်ထဲမှာပဲ နေသူဖြစ်သဖြင့် ခြေထောက် ကြွက်တက်ခြင်းနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။
လင်းယန် အနည်းငယ် အနေရခက်သွားရသည်။ ရှုချင်နှင့် သူက သိပ်ပြီး ရင်းနှီးတာလည်း မဟုတ်ဘူးလေ။ သူမကို ပိုးလာတုန်းကတော့ တင်ပါးတွေကိုတောင် ထိမိခဲ့သော်လည်း ထိုစဉ်က အရေးပေါ် အခြေအနေ မဟုတ်လား။
အခုတော့ ဘယ်လိုလုပ်ရပါ့မလဲ။ တစ်ယောက်ကို တစ်မျိုးစီ ဆက်ဆံလို့တော့ မရဘူးလေ။
"ခဏလောက် နားပြီးရင် ပြန်လို့ ရမလား"
"မရလောက်ဘူး ထင်တယ်"
လင်းယန် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ "မှောင်သွားရင် အန္တရာယ်ရှိတယ်၊ တောထဲက ဘာတွေ ထွက်လာမလဲ မသိဘူး"
မိန်းကလေးနှစ်ဦးစလုံး မျက်နှာ ပျက်သွားကြသည်။ "ဒါဆို... ရှင် ကျွန်မတို့ကို တွဲပြီး ဖြည်းဖြည်းချင်း ပြန်ကြမလား"
လင်းယန် မငြင်းဘဲ တွဲကြည့်လိုက်သော်လည်း အရှိန်က အလွန်နှေးနေသည်။ နောက်ဆုံးတွင် သူ မနေနိုင်တော့ဘဲ တစ်ဖက်တစ်ယောက်စီကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး၊ လက်နှစ်ဖက်ဖြင့် သူတို့၏ ခြေထောက်များကို ဖိကာ အိမ်သို့ လျှောက်သွားတော့သည်။
စူးရို့ရို့မှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို လင်းယန်၏ရင်ခွင်ထဲသို့ ဝှက်ထားမိသည်။ သူမက ဂါဝန် ဝတ်ထားသည် မဟုတ်လား။
ရှုချင်လည်း အလွန်ပင် အနေရခက်နေရှာသည်။ အကယ်၍ တစ်ယောက်တည်းသာ ဆိုလျှင်တော့ ဤလယ်ကွင်းထဲတွင် လမ်းလျှောက်ရင်း ထူးခြားသော ခံစားချက်မျိုး ရှိနိုင်သော်လည်း၊ အခုတော့ ပခုံးပေါ်မှာ နှစ်ယောက်ဆိုတော့ ကြည်နူးစရာ အခြေအနေမျိုး မဟုတ်တော့ပေ။
လင်းယန်လည်း ဘာမှ မတတ်နိုင်ပါ။ ဘယ်သူ့ကို ဘယ်လို ရင်ဖွင့်ရမှန်းလည်း မသိတော့ချေ။
ကံကောင်းသည်မှာ မကြာမီမှာပင် အိမ်ဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ ရှောင်ဝူသည် ဝမ်းသာအားရဖြင့် အပြင်သို့ ပြေးထွက်လာ၏။
"ကိုကို... ရွာထဲမှာ လယ်မြေ ၈၆ ဧက ရှိတယ်၊ အဲ့ဒါတွေကို ကိုကို အရင်စိုက်ဖို့ ရွာသားတွေက သဘောတူလိုက်ပြီ!"
***